Spring Development Bank
20.5K subscribers
1.65K photos
82 videos
850 links
Discover the First Neo Bank for Myanmar.
Download Telegram
ဘုံအနာဂတ်သစ်၏ ဘဏ္ဍာရေးတိုက်စစ်မှူး အလိုရှိသည် 👩‍🚀

အနည်းဆုံး $10 ပမာဏဖြင့် မှတ်တမ်းတင်ပါ
www.facebook.com/SpringDevBank/posts/488488744230291

SDB ဘဏ္ဍာရေးတိုက်စစ်မှူးများ စုဝေးရာ
https://t.me/SpringDevBankCommunity

#ICOround2 #NewWaveNewHome #SDBTokenOffering #ChooseSDB
179👍19👏7🔥3
ချစ်ပျားတုပ်ချက် 🐝🐝🐝

အုံနဲ့ကျင်းနဲ့ တုပ်မယ့် နွေဦးပျားတို့အတွက် SDB မှ အမြဲ အသစ်သစ်တွေ ယူဆောင်လာပေးဖို့ စီစဥ်လျက်ရှိပါတယ်။

ဒီနေ့မှာ ဝက်ဝံဆိုးတွေကို အံတုနေတဲ့ SpringBees ကမ္ဘာက ပျားအိမ်တည်ဆောက်သူ ရာထူး အဆင့်ဆင့် အလိုက် သက်ဆိုင်ရာ ပျားပုံလေးတွေ version update ပေးထားပါတယ်။

mission အသစ် အနေနဲ့ မိမိ ရောက်ရှိနေတဲ့ level ပျားပုံကို screenshot နဲ့ hashtag #StinglikeSDBees ကို မိမိ social media တွေရဲ့ My Day မှာ တင်ပြီး နွေဦးပျားသစ်တွေကို စည်းရုံးရမှာ ဖြစ်ပါတယ်။

လှိုင်းမြင့်မုန်တိုင်းကို ဆန်ပြီး ပျားရည်ဘဏ်တိုက် ဆောက်ကြစို့။

🎮 SpringBees ကမ္ဘာသို့ ဝင်ရောက်ရန်
bit.ly/SpringBeesBot

🐝 တုပ်မယ့်ပျားများ စည်းလုံးရာ
@SpringDevBankCommunity

🎯 ရှယ်ယာရှင်လည်း လုပ်မယ်၊ အာဏာရှင်လည်း တုပ်မယ်
www.facebook.com/SpringDevBank/posts/488488744230291

#SpringBeesbySDB #ICOround2 #NewWaveNewHome
224👍36🎉2
"ဦးမင်းကိုနိုင်တက်ရောက်မယ့် ICO Round 2 ရဲ့ Special Community Call"

ကမ္ဘာမြေပြင် အမေ့ရင်ခွင်ဆီ သားလေးတွေပြန်လာနိုင်မယ့် အဆုံးသတ်အောင်ပွဲကြီးကို မြန်မြန်ရောက်နိုင်ဖို့ ဘက်ပေါင်းစုံကနေအတူတကွကြိုးစားနေကြရာမှာ ဘဏ္ဍာရေးအောင်မြင်မှုကလည်း အလွန်အရေးကြီးပါတယ်။

ဒါကြောင့် မနက်ဖြန် ဗုဒ္ဓဟူးနေ့ ည၈နာရီအချိန်မှာ ပြုလုပ်သွားမယ့် အိမ်ပြန်လှိုင်းသစ် ICO Round 2 ရဲ့ Special Community Call Live မှာ အထူးဧည့်သည်တော်အဖြစ် ဦးမင်းကိုနိုင် ကိုယ်တိုင် နွေဦးဘဏ်ချစ်သူများနဲ့တွေ့ဆုံသွားမှာဖြစ်တဲ့အတွက် အားလုံးတက်ရောက်နိုင်ဖို့ နွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်။

Community Call ကိုတက်ရောက်နိုင်ရန်အတွက် အောက်မှာပေးထားတဲ့ link လေးကို Join ရမှာပါ။

၂၀ရက် နိုဝင်ဘာလ၊ မြန်မာစံတော်ချိန် ည၈နာရီ
👉 http://t.me/SpringDevBank?livestream

#springbeesbysdb
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
359👍57🥰7🎉2👏1
ကျွတ်မနေဘဲ ကြုံးမယ့်် နွေဦးပျားများ 🔥

ဝက်ဝံဆိုးတွေရဲ့ အဓမ္မဖိနှိပ်မှုတွေကို ရင်ဆိုင် အံတုနေတဲ့ ခြေသံလုံလုံ တုပ်ချက်ပြင်းတဲ့ နွေဦးပျားတွေရှိပါတယ်။

Level 4 ရောက်ရှိတဲ့ Scavenger အဆင့် မှာတော့ ရရာ ဝတ္ထုပစ္စည်းများနဲ့ လျှို့ဝှက် ရုန်းကန် အားထုတ်မှုတွေနဲ့ အတူ ပျားအိမ်တွေကို မရပ်မနား တည်ဆောက် ကာကွယ်ကြပါတယ်။

အန္တရာယ်ပေါင်းစုံဝန်းရံနေတဲ့ မြို့ပြတခွင်မှာ တိတ်တဆိတ် လှုပ်ရှားနေကြတဲ့ သတ္တိခဲ အညတရ ပြောက်ကျား သူရဲကောင်းတွေရဲ့အခန်းကဏ္ဍကို ကိုယ်စားပြုပါတယ်။ 🥷

နွေဦးပျား Level 4 ရောက်ရှိသူတိုင်းကို လေးစားဂုဏ်ပြုပါတယ်။ 🐝

ပြည်သူနဲ့ တသားတည်း သိုသိပ်စွာ ဆက်တုပ်ကြစို့။

🕹️ SpringBees ဆော့ရန်:
bit.ly/SpringBeesBot

#SpringBeesbySDB
#ProtectYourColony
#SpringDevelopmentBank
310👍31🎉9
ပြည်သူ့ဘဏ္ဍာရေးမှူး RM များ 👩‍🚀

နွေဦးဘဏ်ရဲ့ တရားဝင်ခန့်အပ်ထားသော Relationship Managers (RM) များသည် နွေဦးဘဏ်အတွက် ရှေ့တန်းမှ ဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်းများ ဖြစ်ကြပါတယ်။ ဒါ့အပြင် -

🔹 ငွေသွင်း၊ ငွေထုတ် ဆောင်ရွက်မှုများအတွက် RM များထံမှ လုပ်ဆောင်ရာတွင် မည်သည့် ဝန်ဆောင်ခမှ ပေးဆောင်ရန် မလိုအပ်ပါ။

🔹 ICO 2 ရှယ်ယာဝယ်ယူမှု အတွက် နွေဦးဘဏ်မှ တရားဝင် RM များထံမှ သို့မဟုတ် မိမိကိုယ်တိုင်ပါဝယ်ယူနိုင်ပြီး ယုံကြည်စိတ်ချစွာ ဆောင်ရွက်နိုင်ပါတယ်။

ICO 2 တွင် ဒီဇင်ဘာ ၅ ရက် နေ့မတိုင်မီ ဘဏ္ဍာရေးမှူး RM များမှတဆင့် အနည်းဆုံး $10 ဖြင့် လုံခြုစွာရင်းနှီးမြှုပ်နှံပြီး အိမ်ပြန်လှိုင်းမှာ အတူ လိုက်ပါစီးနင်းရအောင်လား။

📲 ICO 2 အတွက် SDB ဖွင့်ရန်
bit.ly/m/SDB4all

ယုံကြည်စိတ်ချ RM များနှင့်သာ ငွေဖြည့်ပါ
www.facebook.com/SpringDevBank/posts/488126620933170

💵ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

#SpringBeesbySDB
#ProtectYourColony
#SpringDevelopmentBank
1.91K👍374🔥38🎉19🥰18👏8👌6
၅ ရက်မြောက်နေ့ ဒေါ်လာ ၃.၅ သန်း ကျော် 🔥

ICO Round 2 စတင်ချိန် နိုဝင်ဘာ ၁၅ ရက် မနက် ၉ နာရီ မှ နိုဝင်ဘာ ၁၉ ရက် ည ၉ နာရီအထိ ကိုယ်တိုင် နှင့် RM များမှ တဆင့် နွေဦးဘဏ် အစု ရှယ်ယာ ဝယ်ယူမှုအသီးသီးရဲ့ စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၃.၅ သန်း ကျော် ရရှိထားပြီးဖြစ်ပါတယ်။

ယခု နောက်ဆုံး ICO 2 မှာ ပါဝင်ရန် ဒီဇင်ဘာ ၅ ရက် အထိ (၁၆) ရက် သာ ကျန်ရှိတဲ့အတွက် နီးစပ်ရာ မိတ်ဆွေတွေကို လက်မနှေးကြဖို့ အသိပေးကြရအောင်။

ICO Round 2 Token ဝယ်နည်း
💵 www.facebook.com/SpringDevBank/posts/488488744230291

အားလုံးအတွက် နွေဦးဘဏ်
🫶 bit.ly/m/SDB4all

#ICOround2 #NewWaveNewHome
#SDBTokenOffering #chooseSDB
1.2K👍214👏49👌21🎉20🔥10🥰10
အားလုံး Ready ည၈နာရီ 🚨

ဒီည ၈နာရီမှာပြုလုပ်မယ့် Community Call Live မှာ ဦးမင်းကိုနိုင်ကိုယ်တိုင် နွေဦးဘဏ်ချစ်သူများနဲ့တွေ့ဆုံသွားမှာဖြစ်ပြီး လက်ရှိ ICO Round 2 ရဲ့အရှိန်၊ ပြည်သူများရဲ့ပါဝင်မှု၊ အတူတကွဆက်သွားရမယ့်ခြေလှမ်းတွေကိုလည်း နွေဦးဘဏ်မှရှင်းလင်းပြောပြပေးသွားမှာဖြစ်ပါတယ်။

လက်ဆောင်တွေလည်းပေးမှာမို့ မေးခွန်းလေးတွေပြင်ဆင်ထားဖို့လည်း တိုက်တွန်းချင်ပါတယ်။

ည၈နာရီ မှာအားလုံးအတူဆုံနိုင်ဖို့ ဒီ ပို့စ်လေး share ပြီး ကိုယ့်သူငယ်ချင်းတွေကိုလည်း ဖိတ်ခေါ်လိုက်ကြစို့။

၂၀ရက် နိုဝင်ဘာလ၊ မြန်မာစံတော်ချိန် ည၈နာရီ
👉 http://t.me/SpringDevBank?livestream

#springbeesbysdb
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
393👍72🥰17
ICO Round 2, Day 6 - $3.7M+ (12pm MMT)

ICO2 နှင့် အိမ်ပြန်လှိုင်းသစ် ခရီးစဉ်အတွက် ၆ ရက်မြောက်နေ့ မြန်မာချိန် နေ့လည် ၁၂ နာရီခန့်မှာ ရှယ်ယာ ဝယ်ယူမှု စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၃.၇ သန်း ကျော် အထိ ရောက်ရှိလာခဲ့ပါပြီ။

ကိုယ်ပိုင် SDB အကောင့်ဖြင့် ပါဝင်လိုက်ပါသူတို့၏ ဖြည့်တင်းမှုမှာ ဒေါ်လာ ၂ သန်း ခန့်ရှိပြီ ဖြစ်ပါတယ်။

ဘုံအနာဂတ်သစ် ဖြောင့်ဖြူးဖို့ Round 2 တားဂတ် အချိန်မှီပြည့်အောင် ဆက်တွန်းကြပါစို့။ 🚀

💵ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

🧑‍🚀 SDB ရှယ်ယာရှင်များ စုဝေးရာ
https://t.me/SpringDevBankCommunity

#ICOround2 #NewWaveNewHome #SDBTokenOffering #ChooseSDB
408👍64👏5🎉5🔥2🥰2
ICO ရဲ့ အဓိက အကျိုးအမြတ်က ဘာလဲ?

နွေဦးအရေးတော်ပုံကြောင့် နည်းပညာတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာခဲ့တဲ့ နွေဦးဘဏ် ဟာ ပြည်သူ့ဘဏ်ဖြစ်တဲ့ အလျောက် ဘဏ်၏အကျိုးအမြတ်အားလုံးကို (၂) ကြိမ်တိုင် ရာနှုန်းပြည့် ခွဲဝေပေးနိုင်ခဲ့တဲ့ အပြင် ယခုဆိုရင် SDB Token မူလတန်ဖိုး ပိုင်ဆိုင်မှုမှာ ၂၅၀% မြင့်တက်လာခဲ့သည်ကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်ခဲ့ပြီ။

Seed Round ICO မှာ ရှယ်ယာတိုကင်ပိုင်ဆိုင်သူပေါင်း ၂၄၀၀၀ ကျော် စုစည်းပါဝင်ခဲ့ကြတဲ့ နှမ်းစေ့ပေါင်းများစွာဟာ သမိုင်းတွင်စေမယ့် အောင်ပွဲအလီလီကို ကြိုဆိုဆွတ်ခူးပေးနိုင်ခဲ့တယ်။

ကိန်းဂဏန်း ရုပ်ဝတ္ထုဆိုင်ရာ အကျိုးအမြတ်ဆိုတာ ထက်ပိုပါတယ်။

ဗိုလ်ကျ စနစ်ဆိုး အပြီးတိုင် ချုပ်ငြိမ်းသွားဖို့ ၊ မြန်မာ့ သမိုင်းသစ် ဖက်ဒရယ် အခွင့်အလမ်းများစွာကို လမ်းဖွင့်ပေးဖို့ ၊ မဟာမိတ် သွေးချင်းပြည်သူပြည်သားတို့၏ အနာဂတ် အာမခံချက်တွေ ကို ဖော်ဆောင်ပေးနိုင်ဖို့ သာ အဓိက ကျပါတယ်။

ခိုင်မာတည်တံ့တဲ့ ဘုံအနာဂတ်သစ်ကို နွေဦးဘဏ်နဲ့ အတူ ယုံကြည်သက်ဝင်သူတို့ဟာ နောက်ဆုံး အိမ်ပြန်လှိုင်းသစ် ICO Round 2 ၏ မျှော်မှန်းချက်ပြည့်မှီအောင် ချီတက်မောင်းနှင်ကြပြီဖြစ်လို့ ခွင့်သာခိုက်မှာ လိုက်ပါဦးစို့။

📲 ICO 2 အတွက် SDB ဖွင့်ရန်
bit.ly/m/SDB4all

🧑‍🚀 SDB ရှယ်ယာရှင်များ စုဝေးရာ
@SpringDevBankCommunity

💵ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

#ICOround2 #NewWaveNewHome #SDBTokenOffering #ChooseSDB
245👍31
အိမ်ပြန်လှိုင်းသစ် ပီတိရှယ်ယာ မျှဝေပါ 💖

ICO2 မှာ နွေဦးဘဏ် အစုရှယ်ယာများကို ကိုယ်တိုင် ဝယ်ယူကြသူများ အနေနဲ့ ကိုယ် ငွေဖြည့်နေကြ၊ ချစ်ခင်လေးစားရတဲ့ RM (သို့မဟုတ်) ကိုယ် အားကျမြတ်နိုးရတဲ့ လူပုဂ္ဂိုလ် ၊ အဖွဲ့အစည်းတွေကို Referrer ရည်ညွှန်းသူအဖြစ် ရွေးချယ်ပြီး သမိုင်းသစ် ရေးထိုးဖို့အတွက် ပီတိလက်ဗွေ နှိပ် နိုင်ပြီဆိုတာ သိပြီးကြပြီလား။

ဘဏ္ဍာရေးမျက်နှာစာမှ လူထုအောင်ပွဲ အတွက် ကိုမင်းကိုနိုင်နဲ့ အတူ ICO အ​ကြောင်း တစေ့တစောင်း community LIVE ယခု ည ၈ နာရီမှာ အားဖြည့်နားထောင်ကြဖို့လည်း မမေ့နဲ့နော်။

👉 http://t.me/SpringDevBank?livestream

#springbeesbysdb
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
215👍25👌2
Live stream started
တော်လှန်ရေးကဏ္ဍ တိုးတက်မှုများနဲ့ SDB ICO 2 အကြောင်း အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော် ကိုမင်းကိုနိုင်နဲ့ တကွ ICO2 Community Call စတင်နေပြီ ဖြစ်တာကြောင့် အခုပဲ မလွတ်တမ်း နားဆင်ဖို့ ဖိတ်ခေါ်ပါတယ်။

👉 http://t.me/SpringDevBank?livestream

#springbeesbysdb
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
354👍56
Live stream finished (1 hour)
၇ ရက် မြောက်နေ့ မနက် ဒေါ်လာ ၄ သန်း ကျော် 🚀

ICO Round 2 စတင်ချိန် နိုဝင်ဘာ ၁၅ ရက် မနက် ၉ နာရီ မှ နိုဝင်ဘာ ၂၁ ရက် မနက် ၉ နာရီအထိ နွေဦးဘဏ် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု အသီးသီး၏ စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၄ သန်း ကျော် ရရှိထားပြီးဖြစ်ပါတယ်။

ဖော်ပြပါ ငွေကြေး (၁၀) မျိုး ဝယ်ယူမှုအားမှာ သက်ဆိုင်ရာ ငွေကြေးပမာဏများပင်ဖြစ်သည့်အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ အိမ်ပြန်လှိုင်းစီးမည့် အင်အားကို ပြသဖိို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။

နှမ်းစေ့ပေါင်းများစွာ၏ နောက်ဆုံး လှိုင်းအရွေ့မှာ ပါဝင်ရန် ဒီဇင်ဘာ ၅ ရက် အထိ (၁၄) ရက် သာ ကျန်ရှိတဲ့အတွက် နီးစပ်ရာ နိုင်ငံအသီးသီးရှိ မိတ်ဆွေတွေကို လိုက်ပါကြဖို့ လက်တို့ကြရအောင်။

ICO Round 2 Token ဝယ်နည်း
💵 www.facebook.com/SpringDevBank/posts/488488744230291

အားလုံးအတွက် နွေဦးဘဏ်
🫶 bit.ly/m/SDB4all

#ICOround2 #NewWaveNewHome
#SDBTokenOffering #chooseSDB
224👍29👏24🎉7🔥3
ရွှေထက်ရှားတဲ့ ပုန်ကန်နွယ် ပျားများ ⚔️

SpringBees ကမ္ဘာမှာ လွတ်လပ်မှုကို ရူးသွပ်တဲ့ သူရဲကောင်း ကိုရွှေပျားတို့ဟာ ပျားအိမ်တွေကို စောင့်ရှောက်ကြရင်း အကောင်သေးပေမယ့် အဆိပ်ပြင်းကြောင်း ဝက်ဝံဆိုးတွေ ထုအင်အားနဲ့ တုပ်လွှတ်လျက် ရှိပါတယ်။

နွေဦးပျား Warrior ဆိုတာ တနည်းအားဖြင့် နိုင်ငံနှင့် ပြည်သူ လွတ်မြောက်ရေးအတွက် အသက်ကို ပဓာန မထားပဲ ရွှေထက်ရှားတဲ့ ရဲစွမ်းသတ္တိကို ကိုင်စွဲပြီး လုပ်အား ဉာဏအား ထောက်ပို့အား စသဖြင့် ရှေ့တန်း နောက်တန်း တာဝန်ထမ်းဆောင်နေကြတဲ့ တောင်တန်းမြေပြန့် ကာကွယ်ရေး ရဲဘော် ရဲမေ တွေ အားလုံးကို တန်ဖိုးထား ကိုယ်စားပြုပါတယ်။ ❤️‍🔥

Level 5 အဆင့် ရောက်ရှိသူတိုင်းဟာ ကာကွယ်ရင်း တည်ဆောက် ၊ တည်ဆောက်ရင်း ကာကွယ်ကြသူများ ဖြစ်လို့ အလေးနီပြုပါတယ်။

ဘုံ အနာဂတ်အတွက် နောက်မဆုတ်စတမ်း တည်ကြည် ပြတ်သားမှု နဲ့ ဆက်ပြီး ချစ်ပျားတို့ တုပ်ချက်ပြင်းကြရအောင်။ 💥

ပြည်တင်းရင် မင်းခံနိုင်ရိုးလား။

🕹️ SpringBees ဆော့ရန်:
bit.ly/SpringBeesBot

#SpringBeesbySDB
#ProtectYourColony
#StinglikeSDBees
#SpringDevelopmentBank
244👍31🥰7🎉6🔥2
"ကိုကိုလည်း ICO ပျိုပျိုမေလည်း ICO"

ICO Round 2 ကာလအတွင်းဖြစ်တာကြောင့် ဒီတပတ်ရဲ့ Sunday Community Call မှာ @myancrypto ကနေ cryptocurrency အချို့ရဲ့ ICO တွေအကြောင်းနဲ့အတူ ICO တွေ ဘယ်လိုအလုပ်လုပ်တယ်၊ ဘာတွေသိထားဖို့လိုအပ်တယ်ဆိုတာတွေကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ လက်ဆောင်တွေလည်းပေးဦးမှာမို့ ပျော်ပျော်ရွှင်ရွှင်အရယူနိုင်အောင် လက်လွှတ်မခံပဲ လာရောက်နားထောင်ဖို့ နွေဦးဘဏ်ချစ်သူအားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။

24 NOV (မြန်မာစံတော်ချိန် ည၈နာရီ)
👉 http://t.me/SpringDevBank?livestream

#springbeesbysdb
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
183👍35
Media is too big
VIEW IN TELEGRAM
ဘဏ္ဍာရေး စစ်သည်တော်ကောင်းတွေ ဖြစ်ကြဖို့ 🧑‍🚀

ပြည်သူလူထု လက်လှမ်းမှီတဲ့ နွေဦးဘဏ်ရဲ့ ICO Round 2 မှာ အစုရှယ်ယာရှင်အဖြစ် ပါဝင်ကြဖို့ Ministry of Women, Youth, and Children Affairs မှ ဒုဝန်ကြီး မ Ei Thinzar Maung မှ တိုက်တွန်းပြောကြားထားပါတယ်။

အားလုံးအတွက် နွေဦးဘဏ်
🫶 bit.ly/m/SDB4all

#ICOround2 #NewWaveNewHome
#SDBTokenOffering #chooseSDB
202👍21👏3🥰2🔥1
💡ICO 2 ဒုတိယအပတ် ရှယ်ယာဝယ်ရန် ငွေလဲနှုန်းထားများ

ICO Round 2 တိုကင်များကို SDB app အတွင်း ငွေကြေး (၁၀) မျိုး ဖြင့် နိုဝင်ဘာ ၂၂ မှ ၂၈ ရက်နေ့အထိ အောက်ပါ ပုံသေ ငွေလဲနှုန်းထားများအတိုင်း ဝယ်ယူနိုင်ပါပြီနော်။ 💰

ငွေ (၁၀) မျိုးတွင် မပါဝင်သော TWD, NZD, CAD အစရှိတဲ့ ငွေကြေးတွေအတွက် ဘဏ်ခွဲအဖြစ် ပါဝင်လိုတဲ့ RM များ ရှိနေတာကြောင့် ထိုနိုင်ငံများမှ ဘဏ်ရှယ်ယာ ဝင်လိုသူများအနေနှင့် သက်ဆိုင်ရာ RM များအား ဆက်သွယ်ပြီး ဝယ်ယူနိုင်ကြောင်း ထပ်မံသတင်းကောင်းပါးအပ်လိုက်ပါတယ်။

ဤငွေလဲနှုန်းများမှာ ၂၈ ရက်နေ့ ည ၁၂ နာရီ အထိသာ တရားဝင်ဖြစ်တာကြောင့် မလွတ်စတမ်း ရင်းနှီးမြှုပ်နှံလိုက်ကြစို့လား။

📲 SDB ဖွင့်ဖို့ Zoom တွင် မေးမြန်းရန်
bit.ly/openSDBforICO

ယုံကြည်စိတ်ချ RM များနှင့်သာ ငွေဖြည့်ပါ
www.facebook.com/SpringDevBank/posts/488126620933170

💵ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

#ICOround2 #NewWaveNewHome
#SDBTokenOffering #ChooseSDB
174👍35👏2🔥1
Day 8 ICO 2 - $4.2M+ (9 am MMT)

အိမ်ပြန်လှိုင်းသစ် ခရီးစဉ် မှာ အဆင့်မြင့်အနာဂတ်ဆီသို့ မောင်းနှင်နေသည့် ICO 2 မှာ ၈ ရက်မြောက်နေ့ မနက် ၉ နာရီ အချိန်တွင် SDB ရှယ်ယာဝယ်ယူမှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၄.၂ သန်းကျော် အထိ တက်လှမ်း ရောက်ရှိခဲ့ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

ပြည်သူများရဲ့ ပံ့ပိုးမှုနဲ့ စိတ်အားထက်သန်မှူတွေကြောင့်သာ ဘုံအနာဂတ်ဆီသို့ ဆက်လက်ရွေ့နေတဲ့လောင်စာ ဖြစ်ပါတယ်။

ဒီလို မလျော့သော အရှိန်နဲ့အတူ ဒီဇင်ဘာ ၅ ရက်နေ့ နောက်ဆုံးထားပြီး ရှယ်ယာတိုကင်များကို ဝယ်ယူမြှုပ်နှံဖို့ အသိမိတ်ဆွေများကို တိုက်တွန်းရင်း ICO Round 2 တားဂတ်ပြည့်မှီအောင် အတူဝိုင်းတွန်းကြပါစို့။ 🚀

💵ICO Round 2 Token ဝယ်နည်း
www.facebook.com/SpringDevBank/posts/488488744230291

🧑‍🚀 SDB ရှယ်ယာရှင်များ စုဝေးရာ
https://t.me/SpringDevBankCommunity

#ICOround2 #NewWaveNewHome #SDBTokenOffering #ChooseSDB
178👍29👏3🔥2🥰2
ပျားသကာလို ချိုမြစေမယ့် လက်ဆောင်ကဒ် 💌

တာဝန်ကျေပွန်လွန်းလှတဲ့ ကိုရွှေပျားတို့တွေဟာ ဝက်ဝံဆိုးတွေဒဏ်ကနေ ကာကွယ် စောင့်ရှောက်ရာမှာလည်း တုပ်ချက်ပြင်းရုံတင်မကဘဲ ပျားရည်ဘဏ်တိုက် တည်ဆောက်ပြီး နောင်ရေးအတွက် လုံခြုံနားခိုရာ စုဆောင်းတတ်ကြပါတယ်။🍯🐝

ဒီလို ပြည်သူ့ကာကွယ်ရေးရဲဘော် ရဲမေတွေကို စံပြအဖြစ် ကိုယ်စားပြုထားတဲ့ SDBee Warrior ပါရှိတဲ့ @nwayoohti မှ NOH Gift Card ကို ကိုယ်လေးစားအားကျရတဲ့ မိတ်ဆွေတွေကို ဂရုတစိုက် အားပေးချင်လို့ပဲ ဖြစ်ဖြစ်၊ တိတ်တခိုးနဲ့ အချစ်ရေတံခွန် စီးဆင်းနေလို့ ဖြစ်စေ Note လေးတွေမှာ မိမိပြောချင်တဲ့ စကားများကို ရေးပြီး အချိုမြိန်ဆုံးသော လက်ဆောင်ပေးလို့ရနေပါပြီနော်။📝🎁

SpringBees ကစားရန်
bit.ly/SpringBeesBot

NOH Gift Card ဝယ်ရန်
m.me/nwayoohtigiftcard

#SpringBeesbySDB
#ProtectYourColony
#StinglikeSDBees
#NOHGiftCard
174👍20👏4🔥1