Spring Development Bank
✔
17.1K subscribers
3.11K photos
210 videos
1 file
1.31K links
Discover the First Neo Bank for Myanmar.
Download Telegram
Digital Assets ဆိုတာ Digital ပုံစံနဲ့ တည်ရှိပြီး ပိုင်ဆိုင်ခြင်း၊ သိမ်းဆည်းခြင်း၊ လွှဲပြောင်းခြင်းနဲ့ ရောင်းဝယ်ဖလှယ်ခြင်းတွေ ပြုလုပ်နိုင်တဲ့ တန်ဖိုးရှိပစ္စည်းတွေကို ဆိုလိုပါတယ်။ Cryptocurrency၊ Stablecoin နဲ့ Non-Fungible Tokens (NFTs) တွေ ပါဝင်ပါတယ်။ 🧩

Cryptocurrency တွေကို ငွေပေးချေမှုနဲ့ ငွေကြေးလွှဲပြောင်းမှုတွေအတွက် အသုံးပြုနိုင်ပြီး NFT တွေကတော့ Blockchain ပေါ်မှာ ပိုင်ဆိုင်မှုမှတ်တမ်းတင်ထားတဲ့ အနုပညာလက်ရာ၊ စုဆောင်းပစ္စည်း၊ ဂီတနဲ့ Virtual Assets လိုမျိုး ထူးခြားတဲ့ Digital ပစ္စည်းတွေကို ကိုယ်စားပြုပါတယ်။ 🎵

SDB Token၊ USDT နဲ့ SDB Digital Gold လို Digital Assets တွေကို ပိုင်ဆိုင်ထားခြင်းအားဖြင့် ပိုင်ဆိုင်မှု၊ ဖလှယ်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းသစ်များကို ပါဝင်လာနိုင်ပြီး အနာဂတ်ဘဏ္ဍာရေးလောကရဲ့ အခွင့်အလမ်းသစ်တွေကိုလည်း စတင်ထိတွေ့နိုင်မှာ ဖြစ်ပါတယ်။ ✨

သင်ရောဘယ်လို Digital Assets တွေကို လက်ရှိပိုင်ဆိုင်ထားပြီလဲ?

NFT အကြောင်း ပိုမိုလေ့လာရန် 
https://www.facebook.com/share/v/1EqxeUY31y/

Digital Assets တွေကို SDB ဖြင့် စီမံပါ
bit.ly/m/SDB4all

#DigitalAssets #CryptoCurrency #Stablecoins #NFT #SDBToken #DigitalGold #SpringDevelopmentBank
❤50🥰2👍1
လုံခြုံရေးကို ဦးစားပေးရတဲ့ ဒီနေ့ခေတ် ဒစ်ဂျစ်တယ်လောကမှာ ကိုယ်ပိုင်ဆိုင်ထားတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေကို ဘယ်လိုသိမ်းဆည်းပြီး စီမံခန့်ခွဲသလဲဆိုတာက အရေးကြီးတဲ့ အချက်တခု ဖြစ်ပါတယ်။ 🤔

Blockchain နည်းပညာကို အခြေခံတည်ဆောက်ထားတဲ့ SDB App ထဲမှာ Digital Asset တွေကို လွယ်ကူအဆင်ပြေစွာ ကိုယ်တိုင်စီမံနိုင်တဲ့အပြင် မိမိရဲ့ SDB Token တွေကို SDB Earn မှာ ထည့်သွင်းထားခြင်းဖြင့်လည်း လက်ရှိ APY နှုန်းထားအလိုက် အချိန်နှင့်တပြေးညီ တွက်ချက်ပေးသည့် နေ့စဉ် USD Reward များ ရရှိနိုင်ပါတယ်။ 💸

ဒါကြောင့် မိမိပိုင်ဆိုင်တဲ့ Digital Asset တွေကို အဆင်ပြေလွယ်ကူစွာ စီမံခန့်ခွဲနိုင်မယ့် SDB ကို အခုပဲ ရွေးချယ်အသုံးပြုလိုက်ပါ။ 💪

#DigitalAsset #Blockchain #SDBToken #Earn #USD #SpringDevelopmentBank
1❤53🥰4👍2🏆2
Digital Asset တွေကို စုဆောင်းရင်းနှီးမြှုပ်နှံကြတဲ့ အခါမှာ စုဆောင်းဝယ်ယူ ရင်းနှီးမြှုပ်နှံကြတဲ့ ပုံစံတွေက တယောက်နဲ့တယောက် မတူညီတတ်ကြပါဘူး။ 💜

1. စုံစမ်းထောက်လှမ်းသူ

သမိုင်းကြောင်းနဲ့ Project ရဲ့ အလားအလာတွေကို သေချာလေ့လာစူးစမ်းပြီးမှ Digital Asset တွေကို ဝယ်ယူစုဆောင်းတတ်သူ။

2. Trend အလိုက် စီးမျောသူ
ဝယ်လိုအားများပြီး ရေပန်းစားနေတဲ့ Digital Asset တွေကို ကြိုတင်ဝယ်ယူစုဆောင်းကာ Market အတက်အကျလှိုင်းတွေအလိုက် စီမံတတ်သူ။

3. ပဟေဠိတွေ ချိတ်ဆက်ပြီး အဖြေရှာသူ

ဝှက်ထားတဲ့ Code တွေနဲ့ Pattern တွေကို အကဲခတ်လေ့လာပြီး တန်ဖိုးရှိတဲ့ Digital Asset ရတနာတွေကို ရှာဖွေစုဆောင်းဖို့ တစိုက်မတ်မတ် ကြိုးစားတတ်သူ။

ကိုယ့်ရဲ့ စုဆောင်းစီမံပုံနဲ့ အကိုက်ညီဆုံး အမျိုးအစားတခုကို Comment မှာ မျှဝေပြောပြခဲ့ပါဦးနော်။ 💬

#DigitalAssets #Researcher #TrendSetter #TreasureHunter #Invest #SpringDevelopmentBank
❤32👍8🥰4
ယနေ့ ကျရောက်သော ပြည်သူ့သမ္မတကြီး ဦးဝင်းမြင့်၏ ၇၅ နှစ်ပြည့် မွေးနေ့မှစ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကာ လွတ်လပ်သော နေ့ရက်များကို အမြန်ဆုံး ပြန်လည်ပိုင်ဆိုင်နိုင်ပါစေ။

ပြည်သူတို့၏ မျှော်လင့်ချက်များနှင့် ဒီမိုကရေစီအိပ်မက်များ အမြန်ဆုံး အကောင်အထည်ပေါ်လာမည့် နေ့ရက်များတွင် မိသားစုနှင့် ချစ်ခင်ရသော ပြည်သူများကြား လွတ်လပ်ပျော်ရွှင်စွာ ပြန်လည်ဆုံစည်းနိုင်ပါစေကြောင်း @SpringDevBank မှ မွေးနေ့ဆုတောင်း ပို့သလိုက်ပါတယ်။

#SpringDevelopmentBank #SDB
❤62🥰8👍2
SDBVerse Comics ✨
ပြောင်းပြန် ပံ့သကူ 🎉 (Part - 1)

နှစ်ပတ်တကြိမ် ပေါ့ပေါ့ပါးပါးနဲ့ အပန်းပြေဖတ်ရှုနိုင်မယ့် SDBVerse Comic ကဏ္ဍလေး ပြန်လည်ရောက်ရှိလို့ လာပါပြီ။ ✨

ဒီတပတ်မှာတော့ July နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ SDB ရုံးခန်းထဲမှာ ထူးဆန်းလျှို့ဝှက်တဲ့ လက်ဆောင်ပုံးလေးတခုကို လက်ခံရရှိတဲ့အခါမှာ ဘယ်လိုစိတ်ဝင်စားဖွယ်အရာကို ရှာဖွေတွေ့ရှိမလဲ ဆိုတာ သိရဖို့ အခုပဲအတူတူ ဖတ်ရှုကြည့်လိုက်ကြပါစို့။ 🎁

#SDBVerse #SDBComics #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤31👍3🥰1
SDBVerse Comics ✨
ပြောင်းပြန် ပံ့သကူ 🎉 (Part - 2)

နှစ်ပတ်တကြိမ် ပေါ့ပေါ့ပါးပါးနဲ့ အပန်းပြေဖတ်ရှုနိုင်မယ့် SDBVerse Comic ကဏ္ဍလေး ပြန်လည်ရောက်ရှိလို့ လာပါပြီ။ ✨

ဒီတပတ်မှာတော့ July နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ SDB ရုံးခန်းထဲမှာ ထူးဆန်းလျှို့ဝှက်တဲ့ လက်ဆောင်ပုံးလေးတခုကို လက်ခံရရှိတဲ့အခါမှာ ဘယ်လိုစိတ်ဝင်စားဖွယ်အရာကို ရှာဖွေတွေ့ရှိမလဲ ဆိုတာ သိရဖို့ အခုပဲအတူတူ ဖတ်ရှုကြည့်လိုက်ကြပါစို့။ 🎁

#SDBVerse #SDBComics #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤41👍6🥰2🏆1
Media is too big
VIEW IN TELEGRAM
သင့်လက်ထဲက SDB ငွေလဲကောင်တာ
🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵

ယနေ့ မြန်မာချိန် ညနေ ၅:၃၀ နာရီမှာ နွေဦးဘဏ်တွင် ခလုတ်တချက်ဖြင့် လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများ၊ SDB Token နဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။

ငွေလဲနှုန်းထားများ အချိန်နဲ့တပြေးညီ အပြောင်းလဲ ရှိနိုင်တာကို သတိပြုပါနော်။

#SDBExchangeFunction #SDBToken #SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
❤27🥰6👌1
@SpringCrowdFund ရဲ့ ကမ်ပိန်းတွေမှာ တကြိမ်တည်း ပါဝင်ထောက်ပံ့လိုတာဖြစ်စေ၊ လစဉ်ကမ်ပိန်းတွေအတွက် အလိုအလျောက် ချိတ်ဆက်လှူဒါန်းလိုတာဖြစ်စေ @SpringDevBank နဲ့ တိုက်ရိုက်ချိတ်ဆက်ကာ ပါဝင်ကူညီနိုင်ပါပြီ။ 🙌

SDB ငွေကြေးအမျိုးအစား ၁၀ မျိုးနဲ့ စိတ်ကြိုက်လှူဒါန်းနိုင်တဲ့ SCF မှာ ပြည်သူများရဲ့ မြေပြင်လိုအပ်ချက် အသီးသီးတွေအတွက် ကိုယ်တတ်နိုင်တဲ့ ပမာဏအလိုက် အားဖြည့်ပါဝင် ထောက်ပံ့နိုင်တာကြောင့် အခုပဲ SCF Account ဖွင့်လှစ်ပြီး လုံခြုံစိတ်ချရတဲ့ SDB Payment နဲ့ ချိတ်ဆက်လိုက်ပါ။ 💕

#SDB #SCF #SpringCrowdFund #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤42🥰7🎉1
သမာဓိခိုင်မာတဲ့ Galaxy HODLer များ အတူတကွ ၆ လတာ ခရီးစဉ်ကို အောင်မြင်စွာလိုက်ပါစီးနင်းနိုင်ခဲ့တဲ့ Galaxy HODLer ၁,၁၀၀ ကျော်အတွက် အထူးပင် ဝမ်းမြာက်စွာ လေးစားဂုဏ်ပြုအပ်ပါတယ်။ 💜

ကြိုးစားပါဝင်ရယူခဲ့ကြတဲ့ Galaxy HODLer ဆုလာဘ်များဖြစ်တဲ့ 6% APY Reward နဲ့ Galaxy HODLer Tag တွေကိုလည်း ဖြန့်ဝေမှု ပြီးစီးကြောင်း အသိပေးအပ်ရင်း ဂုဏ်ယူဖွယ် HODLer အမှတ်တံဆိပ်ကို မိမိရဲ့ SDB App မှာ ဝင်ရောက်စစ်ဆေးကြည့်ဖို့ မမေ့နဲ့နော်။ 🚀

#GalaxyHODLer #SDB #Token #SDBToken #Rewards #SpringDevelopmentBank
❤52🥰5👏5
SDB Earn ဆိုတာ ကိုယ်ပိုင် SDB Token တွေကို အပ်နှံထားခြင်းဖြင့် သက်ဆိုင်ရာ APY အပေါ်မူတည်ပြီး အချိန်နှင့်တပြေးညီ တွက်ချက်ပေးကာ နေ့စဉ် USDT Reward တွေ ရရှိနိုင်တဲ့ ဝန်ဆောင်မှုတခု ဖြစ်ပါတယ်။ 💛

SDB နဲ့အတူ ကိုယ့်ရဲ့ Digital Assets တွေကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲရင်း Passive Income တိုးပွားလာစေဖို့ ပိုင်ဆိုင်ထားတဲ့ SDB Token တွေကို SDB Earn မှာ အခုပဲ အပ်နှံလိုက်ပါ။ 💵

SDB Token ဝယ်ယူရန် 
bit.ly/m/SDB4all

SDB Earn အသုံးပြုနည်းလမ်းညွှန် 
bit.ly/SDBmanual


#SpringDevelopmentBank #SDB #SDBEarn #RealBankRealFreedom #ChooseSDB #PassiveIncome
👍27❤13🥰4👏1