Spring Development Bank
19.5K subscribers
2.57K photos
147 videos
1.17K links
Discover the First Neo Bank for Myanmar.
Download Telegram
နှစ်သစ်မှာ FinTech ကမ္ဘာကို သွားဖို့ လက်မှတ် ယူကြမယ်။ 💪🏼💦

ဧပြီလမှာ ကျရောက်မယ့် မြန်မာနှစ်သစ် အချိန်သမယမှာ နွေဦးပြည်သူတို့ရဲ့ အနာဂတ်အတွက် အရေးပါတဲ့ ဒစ်ဂျစ်တယ် ဘဏ္ဍာရေး အသိပညာတွေကို အသစ်ထပ်တိုး လေ့လာဖို့ အခွင့်အရေးတစ်ခုကို @SIFInstitute ရဲ့Hotaru ကနေ ယူဆောင်လာပါပြီ။ 🤗

❇️ အဲ့ဒါကတော့ SIF ကနေ မကြာမီ မိတ်ဆက်ချပြသွားမယ့် LMS ပညာရေးပလက်ဖောင်းမှာ FinTech နဲ့ ဘဏ္ဍာရေး ဆိုင်ရာ သင်ရိုးအသစ်တွေကို အစောဆုံး လေ့လာနိုင်ဖို့ ကြိုတင်စာရင်းသွင်းနိုင်မယ့် “FinTech ကမ္ဘာဆီ သွားဖို့ လက်မှတ်” ပဲ ဖြစ်ပါတယ်။

ဒီလက်မှတ်ဟာ နွေဦးဂလက်စီ အသိုက်အဝန်းက @SpringDevBank အသုံးပြုသူတွေ၊ Galaxy HODLer တို့အတွက် SIF ရဲ့ FinTech နည်းပညာနဲ့ ဒစ်ဂျစ်တယ်ဘဏ္ဍာရေး သင်ရိုးတွေကို အစောဆုံး တက်ရောက်လေ့လာနိုင်မယ့် အခွင့်အရေးပါပဲ။

•••

❇️ ဒီလက်မှတ်အတွက် ပါဝင်စာရင်းပေးသူတွေက ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲ?

▫️ SIF ရဲ့ LMS ပညာရေးပလက်ဖောင်းကို အစောဆုံး ဝင်ရောက်လေ့လာနိုင်မယ်။

▫️ Hotaru နဲ့အတူ ဒစ်ဂျစ်တယ် ဘဏ္ဍာရေး သင်ကြားရေး ခရီးစဉ်မှာ လေ့လာနိုင်မယ်။

▫️ ပါဝင်စာရင်းသွင်းသူတွေထဲက ကျပန်း အယောက် (၃၀၀) အတွက် တစ်ဦးကို 1,000 SDB Token စီနဲ့ Lucky Draw ကံစမ်းခွင့် ရနိုင်မှာ ဖြစ်ပါတယ်။

•••

❇️ ကြိုတင်စာရင်းသွင်းနိုင်မယ့် ကာလကတော့ ဧပြီ (၂) ရက်နေ့ကနေ ဧပြီ (၂၁) ရက်နေ့အတွင်း ဖြစ်ပြီး သတ်မှတ်ဦးရေလည်း ရှိတဲ့အတွက် အမြန်ဆုံး ဖောင်ဖြည့်ထားဖို့ လိုပါတယ်။

📌 ဒါဆို အခုပဲ အောက်က Link မှာ ကြိုတင်စာရင်းသွင်းပြီး SIF ရဲ့ Hotaru နဲ့အတူ FinTech ကမ္ဘာကို ဝင်ရောက်နိုင်မယ့် အစောဆုံး လက်မှတ်တွေကို အရယူရင်း SDB Token လက်ဆောင်တွေကို ကံစမ်းလိုက်တော့နော်။ 💪🏼🐝

https://bit.ly/EarlyAccessFormSIF

#SIF #SpringInstituteOfFinTech #CryptoEducation #FinTechKnowledge #SDB #SpringDevelopmentBank
56👍15
အာကာသရဲ့ အလင်းလက်ဆုံး ဖက်ဒရယ် ကြယ်တာရာများဆီသို့ ချီတက်နေကြတဲ့ အာကာသခရီးစဉ်မှာ တဦးချင်းစီရဲ့ အားစိုက်ထုတ်မှုများကို စုပေါင်းဂလက်စီအင်အားအဖြစ် ပြောင်းလဲကာ အနာဂတ်ကို ကိုယ်တိုင်ဖန်တီးမည့် ဂုဏ်ထူးဆောင် HODLer များနှင့် တော်လှန်ပြည်သူ အားလုံးအတွက် မနက်ဖြန်တွင် ပေါ်ထွက်လာမည့် ဂလက်စီအဆင့် စိန်ခေါ်မှုသစ်ကို အင်တိုက်အားတိုက်ဖြင့် အရှိန်ပြည့်မောင်းနှင်ရန် အသင့်ပြင်ထားကြပါစို့။ 🚀

#GalaxyHODLer2 #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
68👍6
Media is too big
VIEW IN TELEGRAM
SDB Canteen Chitchat - Episode 2 🍿

အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်လေ့ရှိတဲ့ Canteen Chitchat Mini-Podcast Series ကို နွေဦးပြည်သူရှေ့မှောက် ပြန်လည်ယူဆောင်လာပါပြီ။ 🎙️

ဒီတပတ်မှာတော့ Canteen ကို အလောတကြီး ရောက်လာခဲ့တဲ့ ကိုအဲရစ်မှ မနက်ဖြန်ရဲ့ ရင်ခုန်စရာ သတင်းထူးနဲ့ အခွင့်အရေးသစ်များ အကြောင်းကို July နဲ့အတူ မည်သို့ ဆွေးနွေးဖြစ်ခဲ့ကြလဲဆိုတာ အခုပဲ နားဆင်ကြည့်လိုက် ကြရအောင်နော်။ 🎧

#SDBCanteenChitchat #SDBPodcastSeries #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
73👏8👍5
ဖက်ဒရယ်ကြယ်တာရာများဆီသို့ ခေါ်ယူနေသော ဂလက်စီခရီးစဉ်အတွင်း၊ ယခင်မစ်ရှင်တွင် သမာဓိကို သက်သေပြ၍ “Galaxy HODLer Tag” ကို ရရှိထားသော HODLer များနှင့် အနာဂတ် HODLer များအား “Galaxy HODLer Tag” အသစ်ဖြင့် ဂလက်စီအဆင့်သို့ ဝင်ရောက်နိုင်ရန်အတွက် 6% APR $SDB Token ဆုလာဘ်များနှင့်အတူ Galaxy HODLer 2 မစ်ရှင်ကို ယနေ့တွင် အရှိန်ပြည့် လွှတ်တင်ထားပြီးဖြစ်ပါသည်။

လိုက်နာရမည့် စည်းကမ်းချက်များ

🌌Galaxy HODLer အဖြစ် ပါဝင်မည့် SDB အကောင့်သည် New Account (သို့) ယခင်အသုံးပြုခဲ့သော Galaxy HODLer Tag ရပြီးအကောင့် ဖြစ်ပြီး Locked / Restricted Token လုံးဝမပါရှိသည့် အကောင့် ဖြစ်ရပါမည်။

🌌 အနည်းဆုံး 25,000 $SDB Token နှင့်အထက်ကို ၂၀၂၆ မေလ (၁) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ (၆) လတိတိ ခိုင်မာစွာ HODL ထားရန် ကတိပြုရပါမည်။

🌌 Agreement Form ကို ၂၀၂၆ ခုနှစ် ဧပြီလ (၂၂) ရက်နေ့ (၂၃:၅၉:၅၉) MMT နောက်ဆုံးထား၍ ဖြည့်စွက်ပြီး မိမိ၏ မှန်ကန်သော UID နှင့် ထိန်းသိမ်းမည့် Token ပမာဏ အစစ်အမှန်ကိုသာ တိကျစွာ တင်ပြရပါမည်။

🌌 သတ်မှတ်ကာလ (၆) လတာ အတွင်း Token များကို Earn / Loan အဖြစ် အပ်နှံခြင်းမပြုပဲ Available Token အဖြစ်သာ တည်ငြိမ်စွာ ထိန်းသိမ်းထားရပါမည်။

⚠️ Form ပိတ်ချိန်မတိုင်မီသာ ကတိပြု Token ပမာဏကို ပြင်ဆင်နိုင်ပြီး နောက်ပိုင်း ထပ်တိုးသော Token များကို Reward တွက်ချက်ရာတွင် ထည့်သွင်းမည်မဟုတ်ပါ။

⚠️ (၆) လအတွင်း ကတိပြုထားသော ပမာဏထက် လျော့နည်းခြင်း သို့မဟုတ် Earn / Loan အဖြစ် ပြောင်းလဲခြင်း ဖြစ်ပါက မစ်ရှင်ပါဝင်မှု ပယ်ဖျက်ခံရခြင်း ဖြစ်နိုင်သည်ကို သတိပြုပါ။

Galaxy HODLer 2 မစ်ရှင်သစ်မှာ စာရင်းပေးသွင်းပါ

🔗 bit.ly/GalaxyHODLerAgreement2

အနာဂတ်၏ ဘဏ္ဍာရေးလွတ်လပ်ခွင့်နှင့် ဖက်ဒရယ်ဂလက်စီအောင်ပွဲသည် ခိုင်မာတည်ငြိမ်သော HODL ယုံကြည်ချက်မှ စတင်ပေါ်ပေါက်လာသည်ဖြစ်၍ ဤ ကြယ်တာရာခရီးစဉ်တွင် အင်အားအပြည့်ဖြင့် ပါဝင်ကာ မိမိတို့၏ အနာဂတ်နှင့် သမိုင်းသစ်ကို ယခုပင် အတူတကွ ပုံဖော်လိုက်ကြပါစို့ 🚀

#GalaxyHODLer2 #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
104👍8
မတ်လ ၂၄ ရက်မှ ဧပြီလ ၆ ရက်အတွင်းမှာ SDB In-App Exchange မှတဆင့် နှစ်ပတ်တာကာလ တိုကင်ရောင်းအား စုစုပေါင်း ၂၈.၆ သန်းကျော်နှင့် တိုကင်ဝယ်အား ၂၈.၁ သန်းကျော်အထိ စုပေါင်းဘဏ္ဍာကို ဖယ်ဒရယ် ဘုံရည်မှန်းချက် အောင်နိုင်ရန်အတွက် ဝန်းရံအားဖြည့်နိုင်ခဲ့ပါသည်။ 🚀

ဤသို့ တော်လှန်လူထုရဲ့ ခိုင်မာညီညွတ်သော ဘုံယုံကြည်ချက်ဖြင့် $SDB Token များကို ဆက်လက်အားဖြည့်ရင်း ဖက်ဒရယ် ကြယ်တာရာများဆီသို့ ခရီးနှင်နေတဲ့ Galaxy HODLer 2 တွင်လည်း နိုင်ရာဝန်အတူ ရွက်ထမ်းပါဝင်ဖို့ ထပ်မံဖိတ်ခေါ်အပ်ပါသည်။ 🌌

#SDBToken #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
72👍3
Galaxy HODLer 2 Mission မှာ သမာဓိအားကောင်းတဲ့ HODLer တိုင်း ပါဝင်ခွင့်ရှိတဲ့ ၆ လတာ ဖယ်ဒရယ်ကြယ်တာရာ ခရီးစဉ်အတွက် အောက်ပါ အချက် (၃) ချက်ကို လိုက်နာလုပ်ဆောင်ခြင်းဖြင့် အထူးဂုဏ်ပြုတံဆိပ်ဖြစ်တဲ့ Galaxy HODLer Tag နှင့်အတူ 6% APY $SDB Token များကို ဆွတ်ခူးရယူ နိုင်ပါတယ်။ 🌟

1. Locked (သို့) Restricted အောက်တွင် Token လုံးဝ ရှိမနေသော မည်သည့် SDB အကောင့်ကို မဆို အသုံးပြုပြီး အနည်းဆုံး 25,000 Token ဖြည့်တင်းပါ

2. တိုကင်ဖြည့်တင်းထားသော SDB အကောင့်၏ မှန်ကန်သော UID နှင့် ထိန်းသိမ်းမည့် SDB Token ကတိပြုပမာဏ ကို အောက်ပါဖောင်တွင် စာရင်းပေးသွင်းပါ

🌌 bit.ly/GalaxyHODLerAgreement2

3. စာရင်းပေးသွင်းလိုက်သည့် တိုကင်ပမာဏထက် မလျော့နည်းအောင် Available Token အောက်တွင်သာ HODLer ကာလ ၆ လအတွင်း ပြောင်းရွှေ့ခြင်းမရှိ ထိန်းသိမ်းထားပါ

ဤအချက် (၃) ချက်အတိုင်း လိုက်နာပါဝင်သည့် သမာဓိခိုင်မာသော အနာဂတ် HODLer များနဲ့အတူ ကြယ်တာရာ ခရီးစဉ်မှာ ဆုံတွေ့ကြမယ်နော်။

Mission ကာလ နှင့် ပါဝင်ပုံအသေးစိတ်ကို လေ့လာရန်
📖 https://t.me/SpringDevBank/3090

#GalaxyHODLer2 #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
68👍10
New Year, New Feature!
ပွဲတွေဆက်နေပေမဲ့ လက်မလွှတ်သင့်တဲ့ Community Call

တော်လှန်ပြည်သူများနဲ့အတူ အနာဂတ်မြန်မာနိုင်ငံသစ်ဆီ ကြိုးစားလျှောက်လှမ်းရင်း Call လေးတွေ ဆက်တိုက်ဖြစ်နေပေမဲ့ ဒီ Community Call ကိုတော့ လက်မလွှတ်ဖို့ တိုက်တွန်းချင်ပါတယ်..

နွေဦးဘဏ္ဍာရေး စုပေါင်းထောက်ပို့မှု ခရီးတစ်လျှောက်မှာ ပြည်သူများနဲ့ မြေပြင်အဖွဲ့အစည်းများအတွက် ကြီးမားတဲ့ တိုးတက်မှု အရွေ့အသစ်တစ်ခုဖြစ်တဲ့ @SpringCrowdFund ရဲ့ Feature အသစ်ကို စတင်မိတ်ဆက် ပြောပြပေးမှာပါ..

ဘယ်လို Feature ဖြစ်မလဲဆိုတာကို သိရှိနိုင်ဖို့ အားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်.. 💙

10 April 2026 (Friday)
7 PM (MMT)

#SCF #SpringCrowdFund
#CollectivePower
#TogetherWeCan #NewYearNewFeature #SpringDevelopmentBank
74👍9🔥1
SDBVerse - Chapter 1 (Part 1)
July visits the office

နှစ်ပတ်တကြိမ် သောကြာနေ့ညတိုင်းမှာ ပေါ့ပေါ့ပါးပါးနဲ့ အပန်းပြေ ဖတ်ရှုနိုင်မယ့် SDBVerse Comic ကဏ္ဍသစ်လေး ပြန်လည်ရောက်ရှိ လာပါပြီနော်။ 🥰

ဒီတပတ်ကောမစ်မှာတော့ ရုံးတွင်းထဲ အသစ်ရောက်လာတဲ့ July ကို လုပ်ဖော်ကိုင်ဖက်များက မည်သို့ တရင်းတနှီး မိတ်ဆက်ကြိုဆိုကြလဲကို အခုပဲ အတူတူ ဖတ်ကြည့်လိုက်ကြရအောင်နော်။ 💭

#SDBComics #SDBVerse #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
56👍10
SDBVerse - Chapter 1 (Part 2)
July visits the office

နှစ်ပတ်တကြိမ် သောကြာနေ့ညတိုင်းမှာ ပေါ့ပေါ့ပါးပါးနဲ့ အပန်းပြေ ဖတ်ရှုနိုင်မယ့် SDBVerse Comic ကဏ္ဍသစ်လေး ပြန်လည်ရောက်ရှိ လာပါပြီနော်။ 🥰

ဒီတပတ်ကောမစ်မှာတော့ ရုံးတွင်းထဲ အသစ်ရောက်လာတဲ့ July ကို လုပ်ဖော်ကိုင်ဖက်များက မည်သို့ တရင်းတနှီး မိတ်ဆက်ကြိုဆိုကြလဲကို အခုပဲ အတူတူ ဖတ်ကြည့်လိုက်ကြရအောင်နော်။ 💭

#SDBComics #SDBVerse #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
67👍12
လတ်တလော ငွေကြေးဝန်ဆောင်မှုများအပေါ် phishing / scam အန္တရာယ်များ တိုးပွါးလာနေတဲ့အလျောက် မိမိရဲ့ ဓနဥစ္စာကို လုံခြုံစွာ ထိန်းသိမ်းစုဆောင်းထားနိုင်ရန် ပို၍အရေးကြီးလာပါတယ်။ ⚠️

နွေဦးဘဏ် (SDB) ဟာ အဆင့်မြင့် blockchain စနစ်အပေါ် အခြေခံတည်ဆောက်ထားတဲ့အတွက် ငွေလွှဲပြောင်းမှုတိုင်း၏ လုံခြုံမှု နှင့် အသုံးပြုသူကိုယ်တိုင် စီမံထိန်းချုပ်မှု တို့ကို ဦးစားပေးထားခြင်းကြောင့် ကိုယ်ပိုင် PIN, Password, 2FA စနစ်များဖြင့် အဆင့်ဆင့်ကာကွယ်ထားနိုင်ပြီး မိမိပိုင်ဆိုင်မှုကို ပိုမိုစိတ်ချစွာ စီမံနိုင်ပါတယ်။

ယုံကြည်ရတဲ့ RM များမှတဆင့် ငွေဖြည့်သွင်းနိုင်ပြီး ၂၄/၇ ဝန်ဆောင်မှု ရယူနိုင်တဲ့ SDB နဲ့အတူ လုံခြုံတဲ့ လူထုဘဏ္ဍာအနာဂတ်ကို အတူတတကွ တည်ဆောက်လိုက်ပါ။ 💪

#SpringDevelopmentBank #RealBankRealFreedom #ChooseSDB
71👍8