Spring Development Bank
21.2K subscribers
2.17K photos
121 videos
1.04K links
Discover the First Neo Bank for Myanmar.
Download Telegram
အားလုံး Ready ည ၈ နာရီ 🚨

$SDB Token ရဲ့ ရေရှည်ခရီးစဉ်ကို ပုံဖော်မယ့် Galaxy HODLer Challenge ရဲ့ ရည်ရွယ်ချက် နှင့် စိတ်လှုပ်ရှားစရာ အနာဂတ် အစီအစဉ်တို့ကို Ko Merlin ကိုယ်တိုင် ရှင်းလင်းဆွေးနွေးသွားမှာဖြစ်လို့ ဒီနေ့ည မြန်မာစံတော်ချိန် ၈:၀၀ နာရီ မှာ ပြုလုပ်မယ့် Community Call Live ကို မပျက်မကွက် တက်ရောက် နားဆင်ကြဖို့ ထပ်မံဖိတ်ခေါ်လိုက်ပါတယ်နော် 🎧

December 16, 2025 | 8:00 PM (MMT)
🔗 t.me/springdevbank?livestream

#SDB2theMoon
#SDBCommunityCall
#SpringDevelopmentBank
#ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
115🥰14👍13🆒1
Galaxy HODLer Challenge အမေးအဖြေများ

တော်လှန်ပြည်သူတို့ရဲ့ ဂလက်စီ အနာဂတ် ခိုင်မာဖို့အတွက် ခရာကျတဲ့ $SDB Token များကို ပိုင်ဆိုင်ထားသူများ အနေနဲ့ @SpringDevBank Account သစ်ထဲမှာ 5,000 Token မှစပြီး (၃) လတိတိအတွက် ကတိပြု ကိုင်ဆောင်ထားခြင်းဖြင့် Galaxy HODLer တဦးအဖြစ် အထူး အခွင့်အရေးများ ရယူလိုက်ပါ။

1. 6% APR ကိုဘယ်လိုတွက်ချက်သလဲ?
6% APY ကို ကိုင်ဆောင်ရန် ကတိပြုထားတဲ့ $SDB Token ပမာဏအတိုင်း ၁၂ လကို အခြေခံပြီး အားလုံးညီမျှစွာ ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် များများကတိပြု ကိုင်ဆောင်ထားလေ၊ Token များများပိုရရှိလေ ဖြစ်ပါတယ်။

2. ကတိပြုပမာဏထက် ပိုထည့်ထားသော Token များအတွက် Reward ရနိုင်မလား?
Form မှာ ကတိပြုထားတဲ့ ပမာဏထက် ပိုထည့်ထားခြင်းဖြစ်စေ၊ Form ပိတ်ချိန်နောက်ပိုင်း ကတိပြု ၃ လ အတွင်း ဖြစ်စေ၊ ထပ်တိုးလာတဲ့ Token များအတွက် reward မရနိုင်ပါ။

3. Challenge ကာလအတွင်း ကတိပြုပမာဏကို Token ဆိုင်ရာ ဝန်ဆောင်မှုများမှာ အသုံးပြုခွင့်ရှိလား?
ကတိပြုပမာဏကို Available Token အောက်တွင်သာ challenge ကာလတလျှောက်လုံး ထိန်းသိမ်းထားရမှာဖြစ်ပြီး Token ဝန်ဆောင်မှုများဖြစ်သည့် Earn ၊ Collateral Loan တွင်လည်း အသုံးပြုခွင့်မရှိပါ။

4. Challenge မှာ ပါဝင်ဖို့ အနည်းဆုံး Token ပမာဏ ဘယ်လောက်ရှိရမလဲ?
Challenge တွင် ပါဝင်ခွင့်ရရှိရန် အနည်းဆုံး ၅,၀၀၀ $SDB Token ကိုင်ဆောင်ထားရန် လိုအပ်ပါတယ်။ Form တွင် မိမိကိုင်ဆောင်မည့် ပမာဏကို ကတိပြု၍ သေချာစွာ ဖြည့်သွင်းထားမှသာ Challenge တွင် ပါဝင်သူအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး အကယ်၍ Snapshot မှတ်တမ်းတင်ချိန် တွင် သင်၏အကောင့်၌ ၅,၀၀၀ SDB အောက် လျော့နည်းနေပါက ပါဝင်ခွင့်မရှိသူ အဖြစ် သတ်မှတ်ခြင်း ခံရမည် ဖြစ်
ပါသည်။

5. Challenge ကာလအတွင်း ကတိပြု Token ပမာဏအောက် လျော့သွားရင် ဘာဖြစ်မလဲ?
(၃) လ Challenge ကာလအတွင်း Form တွင် ကတိပြုထားသည့် Token ပမာဏအောက် လျော့နည်းနေပါက Challenge အောင်မြင်ခြင်းမရှိပဲ ပယ်ဖျက်ခံရမည်ဖြစ်ပြီး မည်သည့် Reward မှ ရရှိတော့မည် မဟုတ်ပါ။

6. ကတိပြုပမာဏထက် ပိုထည့်ထားမိသော Token များကို လွှဲပြောင်းခွင့် ရှိပါသလား?
Challenge ကာလ (၃) လအတွင်း မူလ ကတိပြုထားသည့် ပမာဏထက် ပိုလျှံနေသော Token များကို ဆန္ဒရှိပါက SDB အကောင့်အချင်းချင်း (သို့မဟုတ်) ပြင်ပ Wallet သို့ လွှဲပြောင်းနိုင်ပါသည်။ သို့သော် အဆိုပါ ပိုလျှံ Token များကို Earn သို့မဟုတ် Collateral Loan တွင် အသုံးပြုခွင့် မရှိပါ။

7. အကောင့်သစ်က History မရှိရဘူးဆိုတဲ့ စည်းကမ်းချက်နှင့် အခု Token လွှဲပြောင်းခွင့်က ဘယ်လို ကွာခြားပါသလဲ?
ယခင် "အကောင့်သစ်" သတ်မှတ်ချက်သည် Challenge မစတင်မီ ICO1/2 (သို့မဟုတ်) Airdrop Activity များ မရှိစေရန်ဖြစ်ပြီး Data စိစစ်ရာတွင် အငြင်းပွားဖွယ်မရှိစေရန် ရည်ရွယ်ပါသည်။ Challenge စတင်ပြီးနောက်ပိုင်းမှသာ ကတိပြုပမာဏထက် ပိုလျှံသော Token များကို လွှဲပြောင်းခွင့်ပြုခြင်းဖြစ်သဖြင့် အကောင့်သစ် သတ်မှတ်ချက်နှင့် သက်ဆိုင်မှု မရှိပါ။

8. အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ရင် ဘယ်လို ဆုံးဖြတ်ပေးမှာလဲ၊ စည်းကမ်းတွေ ပြောင်းလဲနိုင်ပါသလား?
အငြင်းပွားဖွယ် တစုံတရာ ရှိပါက SDB ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပြီး ဖော်ပြထားတဲ့ သတိပြုလိုက်နာရမည့် စံနှုန်းနှင့် သတ်မှတ်စည်းကမ်းချက်များကို အခြေအနေ လိုအပ်ချက်အလိုက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပြောင်းလဲနိုင်ကြောင်းကိုလည်း အသိပေးအပ်ပါတယ်နော်။

9. Challenge အောင်မြင်ပြီးလျှင် ဘယ်လိုအခွင့်အရေး ရနိုင်မလဲ?
စည်းကမ်းချက်များနှင့် အညီ Challenge အောင်မြင်သူတိုင်း ခိုင်မာတဲ့ ၆% APR နှုန်းဖြင့် Token ပိုင်ဆိုင်မှုတွေ တိုးပွါးနိုင်မည့်အပြင် SDB App အတွင်းမှာလည်း ဂုဏ်ယူဖွယ် “Galaxy HODLer” Verified Tag ကို ရရှိပိုင်ဆိုင်နိုင်ပြီး သစ္စာသမာဓိ ပြည့်ဝမှုကို ဝံ့ကြွားနိုင်မယ့် Official Certificate ဂုဏ်ပြုလွှာ ကိုလည်း email မှ တဆင့် မှတ်တမ်းတင် ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။

Agreement Form ဖြည့်ဖို့ မမေ့မလျော့ဘဲ အခုပဲ HODLer Challenge မှာ ပါဝင်လိုက်ရအောင်
လား။ 💪

#SDB2theMoon
#GalaxyHODLerChallenge
#SpringDevelopmentBank
Please open Telegram to view this post
VIEW IN TELEGRAM
95👍19🥰6
$SDB Token ကို တော်လှန်ရေး ရင်းနှီးငွေအဖြစ် မြင်တဲ့ Token Holder များရဲ့ စိတ်ဓာတ်ကြောင့် ဘဏ္ဍာရေးခံတပ် SDB Counter မှာ ပြည်သူ့အင်အားဟာ အလင်းလက်ဆုံး ဆက်လက် တောက်ပနေဆဲပါ။ 💪

ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်း ပြည်သူများက ဒေါ်လာ ၁သိန်း ၈သောင်းကျော် တန်ဖိုးရှိ $SDB Token စုစုပေါင်း ၃၂ သန်းကျော်ကို အားတက်သရော ဝယ်ယူအားဖြည့်ခဲ့ကြကာ $SDB Token ရဲ့ ဦးတည်ချက်နဲ့ ရေရှည်အလားအလာအပေါ် ပြည်သူလူထုရဲ့ ခိုင်မာသော ယုံကြည်မှုကို ပိုမိုခိုင်လုံစေခဲ့ပါတယ်။

Vesting ကာလတလျှောက် ထပ်မံရရှိလာမယ့် Token များကိုလည်း @SpringDevBank Earn / Loan ဝန်ဆောင်မှုတို့အပြင် Galaxy HODLer Challenge မှာပါဝင်ခြင်းဖြင့်လည်း စစ်မှန်သော လုံခြုံရေးနှင့် တည်တံ့သော တန်ဖိုးကို ပေးစွမ်းမည့် ဖက်ဒရယ် ဒီမိုကရေစီပန်းတိုင်ဆီသို့ $SDB Token ဖြင့် အတူတကွ ဆက်လက် ခရီးနှင်ကြပါစို့။ 💫

🔗SDB Counter တရားဝင် Page:
facebook.com/sdbcounter

#SDBToken
#SDBCounter
#SpringDevelopmentBank
#ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
123👍12🥰10🔥1
သင့်လက်ထဲက SDB ငွေလဲကောင်တာ
🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵

ယနေ့ နေ့လည် မြန်မာချိန် ၁ နာရီမှာ ခလုတ်တချက်ဖြင့် နွေဦးဘဏ်၌ လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများနဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။

ငွေလဲနှုန်းထားများ အချိန်နဲ့တပြေးညီ အပြောင်းလဲ ရှိနိုင်တာကို သတိပြုပါနော်။

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
79👍5🥰4🔥2
Media is too big
VIEW IN TELEGRAM
🌌 Galaxy HODLer ဖြစ်ဖို့ သမာဓိအားကောင်းပြီလား?

Galaxy HODLer Challenge ဟာ Challenge တစ်ခုထက်ပိုကြောင်း၊ @SpringDevBank Ecosystem တစ်ခုလုံးရဲ့ ရေရှည်ခိုင်မာမှုနဲ့ Token Value ကို တည်ဆောက်မယ့် စီမံကိန်း တစ်ခု ဖြစ်ပြီး တော်လှန်ရေးခရီးစဉ်မှာ သမာဓိအားကောင်းသူတို့ရဲ့ အောင်ပွဲ ကို ဘယ်လိုသက်သေထူ ပုံဖော်မလဲဆိုတာ HODL Beyond the Galaxy Call မှာ Ko Merlin မှ အားတက်ဖွယ်ပြောကြားထားတာကို ဗီဒီယိုထဲမှာ အတူတူ ပြန်လည်နားဆင်ကြည့်လိုက်ရအောင်နော်💪

🔗Community Call အပြည့်အစုံ နားဆင်ရန်:

https://www.youtube.com/live/MAUcU0ou5ww?si=2tuxfNZt0ACpAeDh

#SpringDevelopmentBank
#ChooseSDB
#SDBToken
#GalaxyHODLerChallenge
Please open Telegram to view this post
VIEW IN TELEGRAM
85👍9🥰8🔥1
$SDB Token ရဲ့ အနာဂတ်ကို ပုံဖော်မယ့် ဂလက်စီ ခရီးစဉ်မှာ ကတိပြု ကိုင်ဆောင်လိုက်တဲ့ Token ပမာဏ အလိုက် ထူးခြားတဲ့ ကံကြမ္မာတွေကို ကိုယ်စီ ဖော်ဆောင်နေကြတဲ့ HODLer တွေကတော့ -

🛰️Tier 4 (5,000 - 50,000 SDB) The Star Scout: စကြဝဠာသစ်ကို စူးစမ်းဖို့ အခုမှ စတင်ပျံသန်းလာတဲ့ အာကာသယာဉ်မှူးလေးတွေ။ သင့်ရဲ့ ခြေလှမ်းလေးတွေက အနာဂတ်အတွက် အခြေခံကောင်းတွေပါပဲ။

🛡️Tier 3 (50,000 - 500,000 SDB) The Galaxy Guardian: SDB Ecosystem ကို ပိုမိုခိုင်မာစေမယ့် ယုံကြည်မှုတို့ဖြင့် ကြယ်စုတန်းတွေဆီ ဦးဆောင်ပြီး လမ်းကြောင်းသစ်တွေ ဖော်ဆောင်ပေးမယ့် စစ်သည်တွေ။

☀️Tier 2 (500,000 - 5,000,000 SDB) The Galaxy Titan: ဂလက်ဆီတစ်ခုလုံးကို အုပ်စိုးပြီး တည်ငြိမ်မှုနဲ့ အင်အားကို ပေးစွမ်းမယ့် စွမ်းအားရှင်တွေ။ သင့်ရဲ့ HODL သမာဓိက တကယ်ကို လေးစားစရာပါပဲ။

👑Tier 1 (5,000,000 and above) The Universal Creator: စကြဝဠာရဲ့ နိယာမတွေကို ပြောင်းလဲပစ်နိုင်တဲ့ ခေါင်းဆောင်တွေ။ သင်ဟာ SDB Galaxy ရဲ့ တကယ့် Whales ကြီးတွေပါပဲ။

သမာဓိခိုင်မာတဲ့ ဒီ HODLer များအနက် သင်ကရော ဘယ်လို HODLer တဦးအဖြစ် ဂုဏ်ယူစွာနဲ့ ပါဝင်ထားလဲဆိုတာ ရှာဖွေရွေးချယ်ပြီး တခြားသော HODLer များလည်း သိအောင် Comment မှာ မျှဝေပြောပြခဲ့ပါဦးနော်။👇

🔗https://www.facebook.com/share/p/1BvLwE9SJS/?mibextid=wwXIfr

#GalaxyHODLerChallenge
#SDBToken
#SpringDevelopmentBank
#ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
113🥰13👍9👏1
ယနေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့လေးမှာ ကရင်အမျိုးသား သွေးချင်းညီအစ်ကိုမောင်နှမများ နှင့်တကွ ပြည်သူအားလုံး ဘေးကင်းကျန်းမာဖို့ ဆုတောင်းပြုရင်း ပြည်သူလုထူအားလုံး မျှော်မှန်းထားတဲ့ ဖက်ဒရယ် အနာဂတ်ဆီသို့ တော်လှန်လူထု စုပေါင်းအားများ လက်တွဲညီကာ အောင်လံစိုက်ထူနိုင်သည့်တိုင် အတူလျှောက်လှမ်း ကြရအောင်။

#SpringDevelopmentBank
#ChooseSDB
#RealBankRealFreedom
197🥰14🎉2👍1
Galaxy HODLer Challenge ပါရမီဖြည့်ခွင့် သတင်းကောင်း💫

ပြည်သူ့အင်အားနဲ့ တည်ဆောက်ထားတဲ့ $SDB Token တန်ဖိုးကို မြှင့်တင်မည့် Galaxy HODLer တစ်ဦးအဖြစ် သမိုင်းကမ္ပည်းတင်နိုင်ဖို့ အချိန်မမီတော့ဘူးလို့ တွေးပူနေတဲ့ အာကာသယာဉ်မှူးတွေအတွက် လျှောက်လွှာတင်ရမည့်ရက်ကို ဒီဇင်ဘာ (၃၀) ရက်နေ့အထိ တိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ဒါ့အပြင် Challenge Period ကိုလည်း ၂၀၂၆ ခုနှစ် ရဲ့ ပထမသုံးလပတ် (Q1) ဖြစ်သော ဇန်နဝါရီ (၁) ရက်မှ မတ် (၃၁) ရက်အထိ တိတိကျကျ ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်လို့ သင့်ရဲ့ HODLer သံမဏိသမာဓိ ဆိုတဲ့ စွမ်းအင်နဲ့ ကြယ်စင်တွေကို သိမ်းပိုက်ဖို့ နောက်မကျသေးတာကြောင့် အခုပဲ အသင့်ပြင်ပြီး Galaxy စွမ်းအားရှင် တစ်ဦးအဖြစ် ပါဝင်ရပ်တည်လိုက်ရအောင်💪

အောက်ပါ Link မှတဆင့် ပါဝင်စာရင်းသွင်းပါ👇
🔗 bit.ly/GalaxyHODLerAgreement

#GalaxyHODLerChallenge
#SDBToken
#SpringDevelopmentBank
#ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
105👍12🥰10
အာဏာရှင် ဝက်ဝံဆိုးတွေ ဘယ်လောက်ပဲ ရန်ဆောင်တိုက်ခိုက်နေပါစေ၊ စည်းလုံးတဲ့နွေဦးပျားတွေကြောင့် ထွန်းကားဖြစ်တည်လာတဲ့ ပျားကိုလိုနီကို ဘယ်နည်းနဲ့မှ ဖြိုခွင်းမရပါဘူး။ 🍯

ဒီထက်ပိုခိုင်မာတဲ့ ပျားအင်ပါယာအတွက် SpringBees ကမ္ဘာထဲသို့ ပျားရဲဘော်အသစ်တွေ မိတ်ဆက်ဖိတ်ခေါ်ပြီး တနေ့နှစ်ခါ တုပ်တဲ့ စုပေါင်းအားနဲ့ ပျားအုံများကို ဖြည့်တင်းကာကွယ် ကြရအောင်။ 🐝

SpringBees ကမ္ဘာဝင်ရောက်ပါ
🕹️ t.me/springbees_bot

Official SpringBees Website
🌐 springbees.io

#StinglikeSDBees #SpringBeesbySDB #SpringDevelopmentBank #ChooseSDB
115🥰15👍6👏1
🎄SDB x Bybit Santa Drop
❄️နှင်းပွင့်တွေကြားက SDB x Bybit ရဲ့ ဘဏ္ဍာရေးလက်ဆောင်

ကမ္ဘာ့အဆင့်မီ Exchange တခုဖြစ်တဲ့ Bybit မှ ကမ်ပိန်းများနဲ့ ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် ကမ်းလှမ်းထောက်ပံ့ခဲ့သလို ယခုအခါ၌လည်း @SpringDevBank နှင့်လက်တွဲကာ ဘဏ္ဍာရေးလွတ်မြောက်မှု အတွက် ရဲရဲဝံ့ဝံ့ ခြေလှမ်းပြင်နေတဲ့ မြန်မာ KYC အသုံးပြုသူများအတွက် ခရစ္စမတ်ကာလ အထူးလက်ဆောင် သီးသန့်အခွင့်အရေးကို အရောက်ပို့ဆောင်ပေးမယ့် SDB x Bybit Santa Drop Camapaign ရောက်ရှိလာပါပြီ။ 🎅

Campaign သည် ဒီဇင်ဘာ ၂၁ ရက်၊ မြန်မာစံတော်ချိန် ညနေ ၄:၃၀ နာရီ (10 AM UTC) မှစတင်၍ အကျုံးဝင်မည်ဖြစ်ပါသည်။ Campaign ကာလမှာ ၂၀၂၅ ဒီဇင်ဘာ ၂၁ ရက် မှ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက် အထိ ဖြစ်ပြီး ရရှိနိုင်မည့် ဆုလာဘ်များနှင့် ပါဝင်ပုံအဆင့်ဆင့်တို့မှာ -

1️⃣ အကောင့်သစ် ဖွင့်လှစ်သူများအတွက် (New Users)
♦️@Kooe_Crypto Link ဖြင့် အကောင့်သစ်ဖွင့်ကာ ၁ ပတ်အတွင်း KYC အောင်မြင်ပြီး 100 USDT စတင်အပ်နှံ ရပါမည်။
👉 https://partner.bybit.com/b/koecrypto
♦️ဆုအနေနဲ့ကတော့ 600 SDB Tokens ၊ $10 USDT Airdrop (Bybit) နှင့် SpringBees အတွက် 2,000 Pollen တို့ကို ရရှိပါမည်။
♦️အသုံးပြုသူ ၂,၀၀၀ ဦးရေ ပြည့်ပါက iPhone 17 Pro ကံစမ်းမဲတွင် အလိုအလျောက် ပါဝင်ခွင့်ရပါမည်။

2️⃣ အကောင့်ရှိပြီးသားသူများအတွက် (Existing Users)
♦️100 USDT အပ်နှံကာ USDe ဝယ်ယူပြီး Bybit Earn တွင် ထည့်သွင်းရပါမည်။
♦️ဆုအနေနဲ့ 4% APY Daily Reward နှင့် 1,000 Pollen (SpringBees) တို့ကို ရရှိမည်။

⚠️ အရေးကြီး သတိထားရမည့်အချက်မှာ ဆုလာဘ်များ မှန်ကန်စွာ ရရှိနိုင်ရန်အတွက် ကမ်ပိန်းအချက်များလိုက်နာပြီးနောက် အောက်ပါလင့်အတွင်းရှိ “Fill Now” ခလုတ်မှ တဆင့် Form ကို ဒီဇင်ဘာ 21 ရက်နေ့ ညနေ 4:30 PM မြန်မာချိန်၊ ကမ်ပိန်း စတင်ချိန် မှစ၍ မဖြစ်မနေ ဖြည့်သွင်းပေးရပါမည်။ SDB UID (သို့) အခြားအချက်အလက်များကို မှားယွင်းထည့်သွင်းခဲ့ပါက ဆုလာဘ်များ ရရှိနိုင်တော့မည် မဟုတ်ပါသဖြင့် အထူးဂရုပြု စစ်ဆေးပေးပါရန် အသိပေးအပ်ပါတယ်။

ဒါဟာ တော်လှန်ရေးဘဏ္ဍာရေးလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာလျှောက်လှမ်းနေတဲ့ တော်လှန်ပြည်သူတို့ကို ကမ္ဘာက အသိအမှတ်ပြုလိုက်တဲ့ အောင်ပွဲအထိမ်းအမှတ် တခုဖြစ်ပြီး Bybit လို ကမ္ဘာ့အဆင့်မီ စင်မြင့်ထက်မှာ သင့်ရဲ့ စိတ်ဓာတ်စွမ်းအားကို ပြသရင်း၊ ခရစ္စမတ်ရဲ့ အတောက်ပဆုံး Santa Drop လက်ဆောင်တွေကို အခြားသူတွေထက် ဦးအောင် သင့်ရဲ့ SDB UID ဖြင့်အခုပဲ ပါဝင်ဆင်နွှဲလိုက်ပါ။ 🚀

ကမ်ပိန်း စည်းကမ်းချက်နဲ့ ပါဝင်ပုံအသေးစိတ် ဖတ်ရှုရန်
🎁 https://bit.ly/SDBxBybitSantaDrops

#SDBxBybit
#SDBToken
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
121👍12🥰10🔥2
SDB x Bybit Santa Drops ကမ်ပိန်း စတင်ပါပြီ 🎄

နွေဦးဘဏ်ကို အစဉ်တစိုက်အားပေးခဲ့ကြတဲ့ မြန်မာပြည်သူများအတွက် သီးသန့်ပေးတဲ့ ခရစ္စမတ်ရဲ့ အတောက်ပဆုံး ဘဏ္ဍာရေးလက်ဆောင်တွေပေးမယ့် SDB x Bybit Santa Drops ကမ်ပိန်းဟာ ဒီနေ့ ညနေ မြန်မာစံတော်ချိန် ၄:၃၀ နာရီမှာ စတင်လိုက်ပြီဖြစ်ပါတယ်။🎅🎁

ကမ္ဘာ့အဆင့်မီ Bybit စင်မြင့်ထက်မှာ မြန်မာတို့ရဲ့ စည်းလုံးမှုကို ပြသရင်း $SDB Token, USDT, Pollen တွေနဲ့အတူ iPhone 17 Pro အထိ ကံထူးနိုင်မယ့် အခွင့်အရေးဟာလည်း လက်တစ်ကမ်းအကွာကို ရောက်ရှိလို့လာပြီဖြစ်တာကြောင့် @Koee_Crypto Link နဲ့အတူ အကောင့်သစ်ဖွင့်မည့်သူတွေရော၊ အကောင့်ရှိပြီးသားသူတွေပါ အခြားသူတွေထက် ဦးအောင် ပါဝင်ဆင်နွှဲပြီး သင့်ရဲ့ @SpringDevBank UID နဲ့အတူ Santa Drop ဆုလာဘ်တွေကို အမိအရ ဆုပ်ကိုင်ရယူလိုက်ပါ💪

⚠️ကမ်ပိန်းသတ်မှတ်ချက် အဆင့်ဆင့်ကို အောင်မြင်စွာ လုပ်ဆောင်ပြီးမြောက်မှသာ Form ကို ဖြည့်သွင်းပေးရန် လိုအပ်ပြီး၊ ဆုလာဘ်များ မှန်ကန်စွာ ရရှိနိုင်ဖို့အတွက် SDB UID ကိုလည်း အမှားအယွင်းမရှိ တိကျစွာ ဖြည့်သွင်းရန် အထူးအရေးကြီးတာကြောင့် သေချာစစ်ဆေးပြီးမှ ဖြည့်သွင်းကြဖို့ မမေ့နဲ့နော်။

Step 1 - 🎁ကမ်ပိန်းပါဝင်ပုံ အသေးစိတ်လေ့လာရန်
🔗 facebook.com/share/p/1JTzmvyFty

Step 2 - ✍️ကမ်ပိန်းပါဝင်ထားကြောင်း စာရင်းပေးသွင်းရန်
🔗 bit.ly/SantaDropsCampaignForm

🎄SDB x Bybit Santa Drops Campaign Announcement

🔗bit.ly/SDBxBybitSantaDrops


#SDBxBybit
#SDBToken
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
91🥰9👍5🔥2
မြန်မာနိုင်ငံတော်သစ်သို့ လှမ်းချီနေတဲ့ Galaxy ခရီးစဉ်မှာ HODLer တစ်ဦးအဖြစ် ပါဝင်ခြင်းဟာ မိမိပိုင်ဆိုင်မှုများကို တိုးပွါးစေရုံတင် မကဘဲ ချစ်မြတ်နိုးရတဲ့ မိသားစု နဲ့ သားသမီးတွေရဲ့ အနာဂတ်အိပ်မက်များကို လုံခြုံအောင် အကောင်အထည်ဖော်ပေးဖို့ အတွက် ခိုင်မာတဲ့ အုတ်မြစ်တခုကို ဂုဏ်ယူစွာဖြင့် ကိုယ်တိုင် လက်မှတ်ရေးထိုး တည်ဆောက်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ 🚀

ဒါကြောင့် တော်လှန်ရေးအပေါ် ထားရှိတဲ့ ခိုင်မာတဲ့ သမာဓိ နှင့် သစ္စာတရားတို့ကို ကိုယ်စားပြုနေတဲ့ $SDB Token တွေကို ချစ်ရသူများရဲ့ အနာဂတ်အတွက် ရည်စူးပြီး အခုပဲ အကောင့်သစ်လေးတစ်ခုနဲ့ Galaxy HODLer တယောက်အဖြစ် ပါဝင်ပျံသန်းကာ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် အမွေအနှစ်တခုကို လက်ဆင့်ကမ်းလိုက်ပါ။💫

ဒီဇင်ဘာ (၃၀) ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရန်
✍️ bit.ly/GalaxyHODLerAgreement

💫Galaxy HODLer Challenge အကြောင်းအသေးစိတ် ဖတ်ရန်

🔗facebook.com/share/p/1Bjb5xUCgo


#GalaxyHODLerChallenge
#SDBToken
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
🥰6543👍14
Jingle bells, Jingle bells, Jingle all the way..🎅🎄🎁

🎄 မိဘပြည်သူများအားလုံးအတွက် ခရစ်စမတ်ကာလကို @SpringCrowdFund ရဲ့ အထူး Certificate အလှလေးများနဲ့ အဓိပ္ပါယ်ရှိရှိဖြတ်သန်းနိုင်ဖို့ SCF မှာ စတင်ပေးလိုက်ပါပြီ။

🎄 ဒီဇင်ဘာ ၂၆ ရက်နေ့ ည ၉ နာရီအထိပဲမို့ ခရစ်စမတ်မှာ မြေပြင်က စစ်ဘေးရှောင်ပြည်သူတွေနဲ့ ရဲဘော်တွေအတွက် ဆန်တာဖိုးဖိုးကြီးလို ချစ်ခြင်းမေတ္တာ မျှဝေကြမယ်နော်။

🎄 springcrowdfund.org

#springcrowdfund
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
105👍13🥰8🔥1👏1
SDBee Comics - A Christmas Special Episode 🎄(Part 1)

ဒီတစ်ပတ်ရဲ့ SDBee Comics မှာတော့ ပျော်ရွှင်စရာ ခရစ္စမတ်ကာလလေးမှာ @NwayOoHti ကိုပစ် နဲ့ Weekly Super 4 မောင်ဖိုးတို့ဆီ အမှတ်မထင်ရောက်ရှိလာတဲ့ ဖိတ်စာက မည်သို့သော လို့ အံ့အားသင့်စရာတွေ သယ်ဆောင်လာမလဲဆိုတာကို စိတ်ဝင်တစား ဖတ်ရှုလိုက်ရအောင်နော်။ 🎁

အပတ်စဉ်ထွက်ရှိတဲ့ ကောမစ်ကဏ္ဍလေးကို တခြားသူတွေလည်း ခရစ်စမတ် အငွေ့အသက်လေးတွေ ရရှိသွားအောင် Share ဖို့ မမေ့နဲ့ဦးနော်။ 🫶

#SDBWeeklyComics
#SpringBeesbySDB
#stinglikeSDBees
#SDBToken
#SpringDevelopmentBank
#ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
74🥰7👍2
SDBee Comics - A Christmas Special Episode 🎄(Part 2)

ဒီတစ်ပတ်ရဲ့ SDBee Comics မှာတော့ ပျော်ရွှင်စရာ ခရစ္စမတ်ကာလလေးမှာ @NwayOoHti ကိုပစ် နဲ့ Weekly Super 4 မောင်ဖိုးတို့ဆီ အမှတ်မထင်ရောက်ရှိလာတဲ့ ဖိတ်စာက မည်သို့သော လို့ အံ့အားသင့်စရာတွေ သယ်ဆောင်လာမလဲဆိုတာကို စိတ်ဝင်တစား ဖတ်ရှုလိုက်ရအောင်နော်။ 🎁

အပတ်စဉ်ထွက်ရှိတဲ့ ကောမစ်ကဏ္ဍလေးကို တခြားသူတွေလည်း ခရစ်စမတ် အငွေ့အသက်လေးတွေ ရရှိသွားအောင် Share ဖို့ မမေ့နဲ့ဦးနော်။ 🫶

#SDBWeeklyComics
#SpringBeesbySDB
#stinglikeSDBees
#SDBToken
#SpringDevelopmentBank
#ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
86👍12🥰8
သင့်လက်ထဲက SDB ငွေလဲကောင်တာ
🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵

ယနေ့ နေ့လည် မြန်မာချိန် ၁၂ နာရီခွဲမှာ နွေဦးဘဏ်၌ ခလုတ်တချက်ဖြင့် လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများနဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။

ငွေလဲနှုန်းထားများ အချိန်နဲ့တပြေးညီ အပြောင်းလဲ ရှိနိုင်တာကို သတိပြုပါနော်။

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
72👍12🥰5
တော်လှန်ရေးအသိဖြင့် ရန်သူ့ဘဏ္ဍာဖြတ်တောက်ကာ $SDB Token များ အင်တိုက်အားတိုက် ဝယ်ယူစုဆောင်းနေကြတဲ့ အချိန်မှာ
မသမာသူ လူလိမ်များနှင့် ကျားဖြန့်ဂိုဏ်းတို့ဟာ ပြည်သူတို့၏ အားတက်သရော ပါဝင်မှုကို အခွင့်ကောင်းယူရန် အမြဲကျားချောင်း ချောင်းနေတတ်တာကြောင့် အောက်ပါ လုံခြုံရေးသတိပေးချက် များကို အထူးဂရုပြု လိုက်နာကြပါရန် တိုက်တွန်းလိုက်ပါတယ်။

🛡️ နွေဦးဘဏ္ဍာရေး လုံခြုံမှုအတွက် တော်
လှန်သတိ (၃) ချက်

👤အယောင်ဆောင်များကို သတိထားပါ: Comment မှတဆင့် (သို့မဟုတ်) Chat Box မှတဆင့် "SDB ဝန်ထမ်းပါ" "Token အရောင်းအေးဂျင့်ပါ" ဟုဆိုကာ ဦးစွာ လာရောက်ဆက်သွယ်သူများကို လုံးဝ မယုံကြည်မိဖို့နှင့် အရေးကြီးကိစ္စများအတွက် @SpringDevBank Official Page သို့မဟုတ် SDB Counter Page မှတစ်ဆင့်သာ ကိုယ်တိုင် ဆက်သွယ်ဆောင်ရွက်ပါ။

💳Wallet Address နှင့် UID ကို အထပ်ထပ်စစ်ဆေးပါ: ငွေမလွှဲမီ မိမိပေးပို့မည့် Wallet Address မှန်မမှန်နှင့် လက်ခံမည့်သူ၏ Username/UID ကို ရိုက်ထည့်သည့်အခါ "#Verified" အမှတ်အသား ပေါ်မပေါ် သေချာစွာ စစ်ဆေးပြီးမှသာ ငွေလွှဲပြောင်းပါ။

🏦ဖြစ်နိုင်လျှင် တရားဝင် အရောင်းကောင်တာကိုသာ အသုံးပြုပါ: $SDB Token ဝယ်ယူမှုများအတွက် အလိမ်အညာ အန္တရာယ်မှ ကင်းဝေးစေရန် SDB Counter မှတစ်ဆင့်သာ တိုက်ရိုက်ဆက်သွယ်ပြီး ငွေဖြည့်သွင်းခြင်း၊ ဝယ်ယူခြင်းများကို ပြုလုပ်ပါ။

တော်လှန်ဘဏ္ဍာရေးခရီးစဉ်မှာ အမှားအယွင်းကင်းကင်းနှင့် စိတ်ချလုံခြုံစွာ ရှေ့ဆက်နိုင်ဖို့ SDB Counter ကိုသာ အသုံးပြုကြပါစို့👇

🏦 SDB Counter မှတစ်ဆင့် ငွေသွင်း/Token ဝယ်ယူရန်: facebook.com/sdbcounter

#SDBCounter
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
98👍12🥰5👌1
SDB Counter တွင် ဒီဇင်ဘာ ၁၅ ရက်မှ ၂၂ ရက်အထိ တစ်ပတ်တည်းမှာတင် ပြည်သူများက အမေရိကန်ဒေါ်လာ ၁ သိန်း ၄ သောင်းကျော် တန်ဖိုးရှိသည့် $SDB Token စုစုပေါင်း 29.45 သန်းကျော်ကို အားတက်သရော ဝယ်ယူအားဖြည့်ခဲ့ကြပြီး ရောင်းချမှုပမာဏထက် အပြတ်အသတ် သာလွန်နေဆဲဖြစ်ကာ $SDB Token ၏ ခိုင်မာသော အနာဂတ်အပေါ် ပြည်သူတို့က မမှိတ်မသုန် ယုံကြည်နေကြကြောင်း သက်သေထူနိုင်ခဲ့သည်။

ယခုကဲ့သို့ သမာဓိရှိသော Token Holder များအနေဖြင့် ဝယ်ယူထားသည့် Token များကို Galaxy HODLer Challenge တွင် ပါဝင်ခြင်းဖြင့်လည်းကောင်း၊ SDB ၏ Earn / Loan ဝန်ဆောင်မှုများတွင် အသုံးချခြင်းဖြင့် လည်းကောင်း ပြည်သူတို့က မိမိတို့၏ ဘဏ္ဍာရေးအချုပ်အခြာအာဏာကို စနစ်တကျ တည်ဆောက်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ဆီသို့ အောင်နိုင်သူတို့၏ ခြေလှမ်းများဖြင့် ဆက်လက်ချီတက်ကြပါစို့။ 💪

🔗 SDB Counter တရားဝင် Page facebook.com/sdbcounter

#SDBToken
#SDBCounter
#SpringDevelopmentBank
#ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
64🥰7👍3🎉1👌1
Win & HODL - ခရစ္စမတ်ရဲ့ အတောက်ပဆုံး လက်ဆောင်

ဒီနေ့ဟာ နွေဦးပြည်သူတို့အတွက် အထူးအစီအစဉ်အဖြစ် @SpringDevBank x @NwayOoHti ပူးပေါင်းတင်ဆက်သည့် ခရစ္စမတ်လက်ဆောင်မွန်အဖြစ် $SDB Token များပြန်လည်ရရှိမည့် NOH Gift Card Campaign အစီအစဉ် နောက်ဆုံးရက် ဖြစ်တာကြောင့် အခုပဲ ပါဝင်ပြီး အောက်ပါ အထူးအခွင့်အရေးတွေကို ရယူလိုက်ပါ👇

🍀Gift Card ဝယ်ယူသူများထဲမှ $SDB Token 2,025 ကို ဆုလာဘ်အဖြစ် (၂၅) ကြိမ်တိတိ ကျပန်းရွေးချယ် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

🍀More Transactions = More HODL Power: Gift Card ဝယ်ယူသည့် Transaction ID တစ်ခုစီတိုင်းဟာ ကံထူးခွင့် တစ်ကြိမ်စီ ဖြစ်တာကြောင့် များများဝယ်လေ၊ အနာဂတ်အတွက် $SDB Token တွေ စုဆောင်းနိုင်ဖို့ အခွင့်အရေး ပိုရလေပါပဲ။

🍀လှပတဲ့ Gift Card Design (၄) မျိုး ထဲက မိမိနှစ်သက်ရာကို ရွေးချယ်ပြီး ချစ်ခြင်းမေတ္တာတွေကို ဝေမျှလိုက်ပါ။

ဒီဇင်ဘာလရဲ့ အေးမြတဲ့ညတွေမှာ ချစ်ခင်ရသူတွေကို NOH Gift Card လက်ဆောင်ပေးရင်း မိမိတို့ရဲ့ ဘဏ္ဍာရေးအနာဂတ်ကို $SDB Token တွေနဲ့ အတူတူ တည်ဆောက်ကြပါစို့။

ဒီနေ့ ညသန်းခေါင်ယံ မတိုင်ခင် မနှေးအမြန် ပါဝင်ပြီး ခရစ္စမတ်ရဲ့ ကံကောင်းခြင်းနဲ့ $SDB ရဲ့ တန်ဖိုးတွေကို အမိအရ ဆုပ်ကိုင်ထားလိုက်ပါ။

🔗Gift Card ဝယ်ယူရန်နှင့် အသေးစိတ်ကြည့်ရှုရန်
https://www.facebook.com/share/p/1H7ngoCqGK/

#SDBToken
#SpringDevelopmentBank
#ChooseSDB
#RealBankRealFreedom
#NwayOoHti #ChristmasGiftCard
Please open Telegram to view this post
VIEW IN TELEGRAM
41👍6🥰4🔥1🎉1