Spring Development Bank
20.4K subscribers
1.91K photos
98 videos
940 links
Discover the First Neo Bank for Myanmar.
Download Telegram
Crypto Exchange ရွေးတယ်ဆိုတာ ကိုယ့်ရဲ့ Crypto, ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတွေ သိမ်းထားဖို့၊ Trading အလဲအလှယ်လုပ်ဖို့ နေရာတစ်ခုမှာ တင်ပေးရတာ ဖြစ်ပါတယ်။ ပြောရရင် ကိုယ်နဲ့ အသားကျပြီး လိုချင်တဲ့ Facility တွေရှိတဲ့ အိမ်မှာနေဖို့ ရှာရသလိုပါပဲ။

💡 နွေဦးပျားတို့ရဲ့ Crypto ခရီးစဉ်မှာလည်း အကောင်းဆုံး “အိမ်”၊ အကောင်းဆုံး “Exchange” ကို ရွေးချယ်နိုင်ဖို့ လမ်းပြပေးနိုင်တဲ့ Green Flag (၅) ခု ရှိပါတယ်။
•••••

❇️ အမြင့်ဆုံး လုံခြုံမှု (Top-Notch Security)
❇️ ရွေးချယ်စရာ များခြင်း (High Variety of Assets)
❇️ အနည်းဆုံး ဝန်ဆောင်ခ (Lowest Fees)
❇️ အသုံးပြုရ လွယ်ကူမှု (Better Ease of Use)
❇️ စည်းမျဉ်း ဖြေလျော့ခြင်း (Regulation Friendly)

ဒီလို အလံစိမ်းလေးတွေ ရွေးချယ်နိုင်ပေမယ့် လုံးဝဥဿုံတော့ ပြီးပြည့်စုံမှု ရှိမနေနိုင်တာကိုတော့ သတိပြုဖို့ လိုပါတယ်။

🔰 သုံးရလွယ်နေရင် လုံခြုံရေး အားနည်းနေနိုင်တယ်။
🔰 လုံခြုံရေး စိတ်ချရရင် ရွေးချယ်နိုင်မယ့် အမျိုးအစားတွေ နည်းလိမ့်မယ်။
🔰 တကမ္ဘာလုံးမှာ ရှိတဲ့ Coin တွေ ရနိုင်မယ်ဆိုရင်လည်း လုံခြုံရေးအတွက် ပူပန်နေရနိုင်တယ်။

ဒါကို Crypto Exchange နယ်ပယ်မှာ “Impossible Trinity” လို့ ခေါ်ပြီး Balance မျှခြေကိုက်အောင် ကိုယ့်လိုအပ်ချက်နဲ့ အလိုက်ဖက်ဆုံး ဖြစ်မယ့် Exchange “အိမ်” ကို ရွေးချယ်သင့်ပါတယ်။
•••••

📍 ဒီလို Crypto Exchange တွေအကြောင်းကို ပိုလေ့လာချင်သူတွေ အတွက် ဒီနေ့ည မြန်မာချိန် (၈) နာရီမှာလည်း @sifinstitute Workshop ဒုတိယရက်လေး ရှိတဲ့အတွက် စာရင်းသွင်းထားသူတွေကို မပျက်မကွက် တက်ရောက်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 💪🏼

#SIF #SpringInstituteOfFinTech #SIFWorkshop #CryptoEducation #FinTechKnowledge #SpringDevelopmentBank
95👍16🥰6🔥2👏2
@SpringDevBank သုံးစွဲသူများ၊ SDB တိုကင်ပိုင်ရှင်များနဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု လက်ဝယ်ကိုင်ဆောင်ထားတဲ့ ပျားရဲဘော်တို့အတွက် လုံခြုံရေးဟာ နံပါတ် (၁) ဦးစားပေး ဖြစ်ပါတယ်။ ခရစ်ပတိုလောကမှာ သတိဝီရိယနဲ့ လုံခြုံရေးအသိ ရှိတဲ့ ပျားတို့သာလျှင် ကိုယ့်ရဲ့ ပျားရည်ကို လုံခြုံအောင် ထိန်းသိမ်းထားနိုင်မှာပါ။

🐝 နွေဦးပျားတို့ ပိုင်ဆိုင်မှု ပျားရည်တွေကို မသမာသူတွေလက်ထဲကနေ ကာကွယ်နိုင်ဖို့ ရွှေရောင်စည်းမျဉ်း (၃) ခုကို သိထားဖို့ လိုပါတယ်။

❇️ ကိုယ့်ရဲ့ လုံခြုံရေး ကုဒ်နံပါတ် (Security Keys) နဲ့ လျှို့ဝှက်ကုဒ် (Passwords) တွေကို ဘယ်သူနဲ့မှ မမျှဝေပါနဲ့။
❇️ လင့်တစ်ခုခု မနှိပ်ခင် အစစ်အမှန် ဟုတ်မဟုတ် အမြဲ နှစ်ခါပြန်စစ်ပါ။
❇️ သီးသန့် စာလာပို့သူတွေရဲ့ မက်ဆေ့အပေါ် အယုံမလွယ်ပါနဲ့။

ဒါ့အပြင် လုံခြုံရေးဆိုတာ နှစ်ဖက်တီးဖို့ လိုတဲ့ လက်ခုပ်သံလိုပါပဲ။ နှစ်ဦးနှစ်ဖက် ပူးပေါင်း လုပ်ဆောင်ရတဲ့ အားထုတ်မှုတစ်ခုဆိုတာ အမြဲသတိရဖို့ လိုပါတယ်။ 💪🏼

ပလက်ဖောင်းက System အတွက် အခြေခံ ဖွဲ့စည်းမှုတွေကို လုံခြုံအောင် ကာကွယ်ပေးသလို အသုံးပြုတဲ့ User တွေအနေနဲ့လည်း ကိုယ့်အကောင့်ကို ကာကွယ်ရမှာ ဖြစ်ပါတယ်။

🔰 စိတ်ချလုံခြုံတဲ့ ပျားတို့ရပ်ဝန်းကနေ တောက်ပတဲ့ အနာဂတ်နဲ့ နွေဦးဂလက်စီကို လျှောက်လှမ်းကြစို့လား။

📍 ကိုယ့်ရဲ့တိုကင်တွေ၊ ငွေတွေကို ဘယ်လို လုံခြုံအောင် ထိန်းသိမ်းနိုင်မလဲနဲ့ ပတ်သက်ပြီး အွန်လိုင်း လုံခြုံရေးအကြောင်းကို ပိုလေ့လာချင်သူတွေအတွက် ဒီနေ့ည မြန်မာချိန် (၈) နာရီမှာလည်း @sifinstitute Workshop တတိယရက်လေး ရှိတဲ့အတွက် စာရင်းသွင်းထားသူတွေကို မပျက်မကွက် တက်ရောက်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 💪🏼

#SIF #SpringInstituteOfFinTech #SIFWorkshop #CryptoEducation #FinTechKnowledge
#SpringDevelopmentBank
🎉51