Spring Development Bank
20.5K subscribers
1.75K photos
87 videos
881 links
Discover the First Neo Bank for Myanmar.
Download Telegram
❤️‍🩹ငါတို့အတူတူ ဖေးမကူ

"မြေငလျင် သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး" ကမ်ပိန်းမှ ရရှိထောက်ပံ့ငွေများကို @SpringCrowdFund (SCF) မှ MOHADM - NUG သို့ အမြန်ဆုံးလွှဲပြောင်းပေးအပ်ပြီး မြေပြင်အဖွဲ့အစည်းများနှင့် စနစ်တကျချိတ်ဆက်ကာ ပဲခူးတိုင်း စစ်‌တောင်းမြစ်ဝှမ်းဒေသ စိုးမိုးနယ်‌မြေရှိ ကျေးရွာများအတွင်း ငလျင်ဒဏ်ကြောင့် ပြိုပျက်သွားသည့် လမ်းတံတားများ၊ နေအိမ်အဆောက်အအုံများ ရှင်းလင်းခြင်း လုပ်ငန်းများအတွက် မြန်ဆန်စွာ ကူညီထောက်ပံ့လျက်ရှိပါတယ်။

ပြည်သူများ၏ အတူတကွပူးပေါင်းပါဝင်မှုများကြောင့် လက်ရှိအချိန်ထိ ကျပ်သိန်းပေါင်း ၆၀၀၀ ကျော်အထိရရှိထားပြီး ထိုအထဲမှ သိန်း ၄,၅၀၀ ကျပ် တိတိကို အောင်မြင်စွာ လွှဲပြောင်းပေးထားခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်၍လည်း ဧပြီလ ၁၁ ရက်နေ့အထိ Spring CrowdFund (SCF) တွင် စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

Photos credit - MOHADM Facebook Page
https://www.facebook.com/share/p/169qX4HE5b

#EarthquakeDisasterRelief #SupportAndAid #SpringDevelopmentBank #SpringCrowdFund #NwayOoHti #TogetherWithSCF
126👍20🥰4
အခက်အခဲတွေကျော်ဖြတ်ဖို့ စုပေါင်းခွန်အားပေးကြစို့
၇၂ နာရီမပြည့်ခင် သိန်း ၇၂၀၀ ကျော်


အခက်အခဲထုထည်တွေဟာ ကိုယ်တိုင်ပြန်ရုန်းထနိုင်တဲ့ အကန့်အသတ်ကို ကျော်လွန်သွားတဲ့အခါ ကူညီကမ်းလက်တွေက တန်ဖိုးရှိလှပါတယ်။ အာဏာရှင်စနစ်ဆိုး မပြတ်သေးတာကြောင့် လာသမျှဘေးဒုက္ခ ခါးစည်းခံနေရတဲ့ နိုင်ငံလေးဖြစ်ပေမဲ့ ဒီလိုစည်းလုံးညီညွတ်တဲ့ ပြည်သူတွေရှိလို့ ဂုဏ်ယူပီတိဖြစ်မိတာ အမှန်ပါ။

@SpringCrowdFund တွင်ပြုလုပ်နေသော ကမ်ပိန်းမှ ရရှိထောက်ပံ့ငွေများကို အချိန်နှင့်တပြေးညီ အမြန်ဆုံးကူညီနိုင်အောင် ပထမအကြိမ်အဖြစ် သိန်း ၂၀၀၀ ကျပ်တိတိ၊ ဒုတိယအကြီမ်အဖြစ် သိန်း ၂၅၀၀ ကျပ် တိတိ၊ ယခုတတိယအကြိမ်အဖြစ် သိန်း ၂၇၀၀ ကျပ်တိတိကို MOHADM - NUG သို့ နှောင့်နှေးခြင်းမရှိ အောင်မြင်စွာလွှဲပြောင်းပေးလိုက်နိုင်ပြီးဖြစ်ပါတယ်။

ဆက်လက်၍လည်း ဧပြီလ ၁၁ ရက်နေ့အထိ SCF မှာ စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund #NwayOoHti
#TogetherWithSCF
🥰7452👍20🔥2👏1
Forwarded from Spring Crowdfund
❤️‍🩹 အမြဲအတူတကွ ရှိကြမယ်

SCF တွင်ပြုလုပ်နေသော "မြေငလျင်သဘာဝဘေး ၊ ထောက်ပံ့စာနာ ကူညီပေး " ကမ်ပိန်းမှ ရရှိထောက်ပံ့ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန သို့ အမြန်ဆုံးလွှဲပြောင်းပေးပြီး မြေပြင်အဖွဲ့အစည်းများနှင့် စနစ်တကျချိတ်ဆက်ကာ ငလျင်ဘေးသင့်ဒေသများတွင် ကူညီထောက်ပံ့မှုများ လျင်မြန်စွာ ပြုလုပ်ပေးလျက်ရှိပါတယ်။ နယ်မြေအနေအထားအရ မှတ်တမ်းများရဲ့ တချို့တဝက်ကိုသာ ဖော်ပြနိုင်တာကိုလည်း နားလည်ပေးစေလိုပါတယ်။
ဧပြီလ ၁၁ ရက်နေ့အထိ ဆက်လက်ကောက်ခံသွားမှာဖြစ်တာကြောင့် SCF တွင် စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

SCF တွင် ထောက်ပံ့လှူဒါန်းနည်းလမ်းညွှန်

https://www.facebook.com/share/p/19xmheA6Y4/

SCF အကောင့်ဖွင့်နည်းလမ်းညွှန်

https://www.facebook.com/share/p/18n5EJGcmT/

SDB ဘဏ်အကောင့်ဖွင့်နည်းလမ်းညွှန်

https://www.facebook.com/share/p/1FF98WLUdt/

Photos Credit to

MOHADM-NUG Facebook Page
https://www.facebook.com/share/p/1AMGTM6cNM

MOD-NUG Facebook Page
https://www.facebook.com/share/p/15Y3Hqaxqs

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund #NwayOoHti
#TogetherWithSCF
85👍12🥰3
Forwarded from Spring Crowdfund
၃ ရက်အတွင်း သိန်းပေါင်း ၈၀၀၀ ကျော်
အချိန်နှင့်တပြေးညီ ကူညီနိုင်စေရန် SCF မှ အမြန်ဆုံးလွှဲပြောင်းပေးလျက်ရှိ


နိုင်ငံအရပ်ရပ်မှ @SpringDevBank@NwayOoHti ၊ Spring CrowdFund အသုံးပြုသူ ပြည်တွင်းပြည်ပ ပြည်သူများ၏ စုပေါင်းပါဝင်မှုများကြောင့် "မြေငလျင် သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး" ကမ်ပိန်းမှာ ၃ ရက်အတွင်း မြန်မာငွေကျပ် သိန်းပေါင်း ၈၀၀၀ ကျော်အထိ ရရှိပြီး နောက်ထပ်လည်း ဆက်တိုက်ပါဝင်လှူဒါန်းပေးနေကြတဲ့အတွက် ပြည်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ရရှိထောက်ပံ့ငွေများကို ငလျင်ဘေးသင့်ဒေသများအတွက် အမြန်ဆုံးကူညီနိုင်စေရန် ပထမအကြိမ်အဖြစ် သိန်း ၂၀၀၀ ကျပ်တိတိ၊ ဒုတိယအကြီမ်အဖြစ် သိန်း ၂၅၀၀ ကျပ် တိတိ၊ တတိယအကြိမ်အဖြစ် သိန်း ၂၇၀၀ ကျပ်တိတိ တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန သို့ အောင်မြင်စွာလွှဲပြောင်းပေးလိုက်နိုင်ပြီးဖြစ်ပါတယ်။

ဆက်လက်၍လည်း ဧပြီလ ၁၁ ရက်နေ့အထိ SCF တွင် စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

SCF တွင် ထောက်ပံ့လှူဒါန်းနည်းလမ်းညွှန်
https://www.facebook.com/share/p/19xmheA6Y4/

SCF အကောင့်ဖွင့်နည်းလမ်းညွှန်
https://www.facebook.com/share/p/18n5EJGcmT/

SDB ဘဏ်အကောင့်ဖွင့်နည်းလမ်းညွှန်
https://www.facebook.com/share/p/1FF98WLUdt/

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund #NwayOoHti
#TogetherWithSCF
🥰7771👍18
၄ရက် မပြည့်ခင် သိန်းပေါင်း ၉၀၀၀ ကျော်

"မြေငလျင် သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး " ကမ်ပိန်း ပြုလုပ်ချိန် ၄ရက် မပြည့်သေးခင်မှာ မြန်မာငွေကျပ် သိန်းပေါင်း ၉၀၀၀ ကျော်ရရှိတဲ့အထိ ပြည်သူများအတူတကွ ယုံကြည်စွာကူညီပါဝင်ပေးကြလို့ ကျေးဇူးအထူးတင်ရှိပါတယ်။

ပြင်းထန်လွန်းလှတဲ့ ငလျင်ဘေးသင့်သတင်းတွေ ၊ "အောက်မှာငလျင် အပေါ်မှာလေယာဉ်" ဆိုသလို လူမဆန်လွန်းလှတဲ့ အာဏာရှင်ရဲ့ဝေဟင်တိုက်ခိုက်မှု သတင်းတွေကြားမှာ စိတ်ပင်ပန်း ဝမ်းနည်းနေကြရတာမို့ ဒီစုပေါင်းညီညွတ်မှုက ပြည်သူများကို စိတ်ခွန်အားပေးနိုင်ဖို့ မျှော်လင့်ယုံကြည်ပါတယ်။

ရရှိသမျှထောက်ပံ့ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန သို့ အမြန်ဆုံးလွှဲပြောင်း၍ ငလျင်ဘေးသင့်ဒေသမှ ပြည်သူများကို ကူညီပေးလျက်ရှိပါတယ်။ ဆက်လက်၍လည်း ဧပြီလ ၁၁ ရက်နေ့အထိ @SpringCrowdFund တွင် စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund #NwayOoHti
#TogetherWithSCF
137👍27🥰11
Forwarded from Spring Crowdfund
အံ့မခန်း ပြည်သူ့ညီညွတ်မှုအား
သိန်းပေါင်း ၁၀၀၀၀ ပြည့်ရန် သိန်း ၅၀၀ သာလိုတော့သည်


ပြည်တွင်းပြည်ပ နိုင်ငံအရပ်ရပ်မှ ပြည်သူများ၏ စာနာရက်ရောစွာ စုပေါင်းပါဝင် ကူညီလှူဒါန်းမှုများကြောင့် @SpringDevBank မှ ဦးဆောင်ပြုလုပ်ပေးနေတဲ့ “မြေငလျင် သဘာဝဘေး ၊ ထောက်ပံ့စာနာ ကူညီပေး “ ကမ်ပိန်းဟာ သိန်း ၁၀၀၀၀ ပြည့်ရန် သိန်း ၅၀၀ သာ လိုပါတော့တယ်။

ဒါဟာ ငလျင်ဘေးကြောင့် စိတ်ပူပန်သောကရောက်နေရပြီး အာဏာရှင်ကောင်စီရဲ့ လူမဆန်စွာ ပစ်ပယ်နှောင့်ယှက်နေမှုများကြောင့် ခံပြင်းနာကျည်းနေရတဲ့ ပြည်သူများအတွက် ခွန်အားများစွာပေးနိုင်တဲ့ စုပေါင်းညီညွတ်မှုတစ်ခုဖြစ်ပါတယ်။

ကမ်ပိန်းမှ ရရှိသမျှထောက်ပံ့ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန သို့ အမြန်ဆုံးလွှဲပြောင်း၍ ငလျင်ဘေးသင့်ဒေသမှ ပြည်သူများကို ကူညီပေးလျက်ရှိပြီး ဆက်လက်၍လည်း ဧပြီလ ၁၁ ရက်နေ့အထိ SCF တွင် စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund #NwayOoHti
#TogetherWithSCF
167👍32🥰11👏4🆒1
စုပေါင်းအားနဲ့ တွဲလက်ညီ၊ ၁ ဘီလီယံ ပြည့်ခဲ့ပြီ

“ မြေငလျင်သဘာဝဘေး ၊ ထောက်ပံ့စာနာ ကူညီပေး “ ကမ်ပိန်းဟာ မျှော်မှန်းထားခဲ့တဲ့ တားဂတ်ပမာဏ သိန်း ၁၅၀၀ ကို ၅ရက်မပြည့်ခင်မှာပဲ ၆၆၆% ဖြင့် ကျော်လွန်ပြီး သိန်းပေါင်း ၁၀၀၀၀ ကျော်အထိ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ တကယ့်ကို ကြားရသူတိုင်း ကြက်သီးမွေးညင်းများထပြီး ပီတိမျက်ရည်ဝဲမိလောက်စေတဲ့အထိပါ။

ဒီ ၁ ဘီလီယံဟာ မတရားသိမ်းယူထားတဲ့ ငွေကြေးများလုံးဝမပါပဲ ပြည်သူများရဲ့ ရာနှုန်းပြည့် စေတနာအစစ်အမှန်ပါဝင်မှုနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

စာနာရက်ရောစွာဖြင့် တက်တက်ကြွကြွ စုပေါင်းပါဝင်ကူညီပေးကြတဲ့ ပြည်တွင်းပြည်ပ နိုင်ငံအရပ်ရပ်မှ @SpringDevBank@NwayOoHti@SpringCrowdFund အသုံးပြုသူ ပြည်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ကမ်ပိန်းမှ ရရှိသမျှထောက်ပံ့ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနသို့ အချိန်နှင့်တပြေးညီ လွှဲပြောင်းပေးပြီး မြေပြင်အဖွဲ့အစည်းများနှင့် စနစ်တကျချိတ်ဆက်ကာ ငလျင်ဘေးသင့်ဒေသများမှ ပြည်သူများကို ကြိုးစားကူညီပေးလျက်ရှိပါတယ်။

ဆက်လက်၍လည်း ဧပြီလ ၁၁ ရက်နေ့အထိ SCF တွင် စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund #NwayOoHti
#TogetherWithSCF
196👍22🥰19🎉6👏4🏆3
Forwarded from Spring Crowdfund
၅ရက်အတွင်း သိန်းပေါင်း ၁၀၀၀၀ ကျော်
အချိန်နှင့်တပြေးညီ ကူညီနိုင်စေရန် SCF မှ အမြန်ဆုံးလွှဲပြောင်းပေးလျက်ရှိ

“ မြေငလျင်သဘာဝဘေး ၊ ထောက်ပံ့စာနာ ကူညီပေး “ ကမ်ပိန်းမှာ မျှော်မှန်းတားဂတ်ပမာဏ သိန်း ၁၅၀၀ ကို ၅ရက်အတွင်း ၆၆၆% ဖြင့် ကျော်လွန်ပြီး သိန်းပေါင်း ၁၀၀၀၀ ကျော်အထိ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ စာနာရက်ရောစွာဖြင့် တက်တက်ကြွကြွ စုပေါင်းပါဝင်ကူညီပေးကြတဲ့ ပြည်တွင်းပြည်ပ နိုင်ငံအရပ်ရပ်မှ @SpringDevBank@NwayOoHti@SpringCrowdFund အသုံးပြုသူ ပြည်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ရရှိထောက်ပံ့ငွေများကို ငလျင်ဘေးသင့်ဒေသများအတွက် အမြန်ဆုံးကူညီနိုင်စေရန်
◾️ ပထမအကြိမ်အဖြစ် သိန်း ၂၀၀၀ ကျပ်တိတိ
◾️ ဒုတိယအကြီမ်အဖြစ် သိန်း ၂၅၀၀ ကျပ် တိတိ
◾️ တတိယအကြိမ်အဖြစ် သိန်း ၂၇၀၀ ကျပ်တိတိ
◾️ ယခု စတုတ္ထအကြိမ်အဖြစ် သိန်း ၂၈၀၀ ကျပ် တိတိ
စုစုပေါင်း သိန်း ၁၀၀၀၀ ကျပ် တိတိကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန သို့ အောင်မြင်စွာလွှဲပြောင်းပေးထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ဆက်လက်၍လည်း ဧပြီလ ၁၁ ရက်နေ့အထိ ကမ်ပိန်းရှိသွားမှာဖြစ်လို့ SCF မှာ စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund #NwayOoHti
#TogetherWithSCF
1138👍16🥰16🔥2
❤️‍🩹 နွေဦးထီရပ်ဝန်းမှ ငလျင်ဘေး ကူညီခွင့်

သန့်စင်သောနှလုံးသားများ၏ မေတ္တာဓာတ်စိုက်ပျိုးမှုကြောင့် အောင်လံလွှင့်ချီ နွေဦးထီ @NwayOoHti ရဲ့ မတ်လရောင်းအားမှ ကျပ် ၁၆၂ သိန်းခန့် (16,203,000 MMK ) ကို ငလျင်ဘေး ကူညီ မတည်ငွေ အဖြစ် @SpringCrowdFund သို့ လှူဒါန်းခဲ့ပါတယ်။

တစောင်ချင်းစီအလိုက် ပါဝင်ကံစမ်းပေးတဲ့ ပြည်သူများအားလုံးကို ကျေးဇူးတင်ရင်း ချစ်ခင် ဂုဏ်ယူရပါတယ်။ အမွန်မြတ်ဆုံး စိတ်ထားနဲ့အတူ ရင်ဖွင့်လှူဒါန်းမှုတွေက ငလျင်ဘေးသင့်ဒေသတွေအတွက် အလင်းရောင်သစ်ဖြစ်လာစေဖို့ ဘဝများစွာ ပြန်လည်ထူထောင်ပေးနိုင်အောင် စာနာပံ့ပိုးလိုက်ကြဖို့ ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်။

SCF ကမ်ပိန်း တွင် ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

နွေဦးထီ ကံစမ်းရင်း ကူညီရန်
bit.ly/m/NwayOoHtiv2

#EarthquakeDisasterRelief #SupportAndAid
#SpringDevelopmentBank #SpringCrowdFund #NwayOoHti
#TogetherWithSCF
190👍22🥰10
Media is too big
VIEW IN TELEGRAM
မြေငလျင်သဘာဝဘေး ၊ ထောက်ပံ့စာနာကူညီပေး ကမ်ပိန်းကို ဘာကြောင့်လုပ်ခဲ့ရလဲ?

အို…မြန်မာနိုင်ငံ… အာဏာရှင်ပေးတဲ့ အခက်အခဲတွေကြားမှာ မနည်းရုန်းကန်နေကြရတဲ့ ပြည်သူတွေ….

စစ်ကိုင်းငလျင်ကြောကြီးလည်း သူ့ကျောရိုးပေါ် တည့်တည့်လာချနေတဲ့ ပေါင် ၅၀၀ တွေကို စိတ်ဆိုးသွားရော့ထင်ပါရဲ့ ။ မတ်လ ၂၈ ရက် ပြင်းထန်လွန်းလှတဲ့ ငလျင်ကြီးအဖြစ် ရုတ်တရက် ဒေါသတကြီး လှုပ်ခတ်ခဲ့တဲ့နောက်မှာတော့………..

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund
#NwayOoHti
#TogetherWithSCF
152👍33🥰5👌2