Spring Development Bank
20.4K subscribers
1.75K photos
88 videos
883 links
Discover the First Neo Bank for Myanmar.
Download Telegram
မြေငလျင်သဘာဝဘေး ထောက်ပံ့စာနာကူညီပေး
ကမ်ပိန်းပြီးဆုံးရန် ၁ ရက်အလို

ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ဒေသများကို အရေးပေါ်လိုအပ်နေတဲ့ အထောက်အပံ့များ အမြန်ဆုံးကူညီပေးနိုင်ရန်အတွက် ပြုလုပ်လျက်ရှိသော " မြေငလျင်သဘာဝဘေး ထောက်ပံ့စာနာကူညီပေး " ကမ်ပိန်းပြီးဆုံးရန် ၁ ရက်သာလိုပါတော့တယ်။

အဓိပ္ပါယ်ပြည့်ဝပြီး နွေးထွေးကြင်နာတဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် အတူတကွပါဝင်နိုင်ရန် မနက်ဖြန် ဧပြီလ ၁၁ ရက်နေ့အထိ SCF မှာ စိတ်ချယုံကြည်စွာ ဆက်လက်လှူဒါန်းထောက်ပို့နိုင်ကြောင်း ဖိတ်ခေါ်လိုက်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#မြေငလျင်သဘာဝဘေး
#ထောက်ပံ့စာနာကူညီပေး
#SpringDevelopmentBank
#SpringCrowdFund
#NwayOoHti
#SCF #ကူညီတွဲလက်SCF
1146👍23🥰14
ဘဝအနာဂတ်တွေအတွက်
အတူတကွ ပြန်ရုန်းထကြရအောင် ❤️


မတ်လ ၂၈ ရက် ရုတ်တရက် ပြင်းထန်စွာရင်ဆိုင်လိုက်ရတဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူများကို စာနာကူညီပေးနိုင်ဖို့အတွက် “ မြေငလျင်သဘာဝဘေး ၊ ထောက်ပံ့စာနာကူညီပေး “ ကမ်ပိန်းကို အရေးပေါ်စီစဉ်ခဲ့ပြီး ၂ ပတ်တာအတွင်း တခြားသောကမ်ပိန်းများ၏ အကြောင်းအရာများ၊ ကမ်ပိန်းအသစ်များ စိစစ်လက်ခံခြင်းတို့ကို ခေတ္တရပ်နားထားခဲ့ပါတယ်။ အခြေအနေအရပ်ရပ်ကို နားလည်ကူညီပေးခဲ့ကြတဲ့အတွက် အကြည်ဓာတ် ပြည်သူများအားလုံးနဲ့ ကမ်ပိန်းဦးဆောင်ပြုလုပ်သူများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

သဘာဝဘေးအန္တရာယ်ကြုံတွေ့ ရချိန်တိုင်းမှာ ပြည်သူများရဲ့ အသက်ကို ကယ်ဆယ်ပေးခြင်းလုံးဝမရှိတဲ့ စစ်အာဏာရှင်စနစ်ကြောင့် နောက်ဆက်တွဲ ထိခိုက်သေဆုံးနှုန်း အဆမတန် မြင့်တက်ခဲ့ရတာကိုလည်း အားလုံးသဘောပေါက်နားလည်ကြလောက်ပါပြီ။

ဒါကြောင့် ပြည်သူတို့ရဲ့ အနာဂတ်ဘဝတွေ၊ အသက်အိုးအိမ်စည်းစိမ်တွေအတွက် လွတ်လပ်ပြီး လုံခြုံကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တခုကို အောင်မြင်စွာတည်ဆောက်ခွင့်ရနိုင်ဖို့ အားလုံးအတူတကွ အရှိန်မြှင့်ဆက်လက်ချီတက်ကြရပါမယ်။ ဒါမှသာ မျိုးဆက်သစ်တွေနဲ့ နိုင်ငံအတွက် သမိုင်းပေးတာဝန်ကျေပွန်ရာရောက်ပြီး လိပ်ပြာလုံနိုင်မှာပါ။

Make a strong comeback together ❤️‍🩹
https://springcrowdfund.org

#SpringCrowdFund #SCF
#SpringDevelopmentBank
#TogetherwithSCF
1143👍17🥰13🎉2
ရဲဘော်များရဲ့ လိုအပ်ချက် စာနာဖေးမခြင်း မှအစ ပြည်သူလူထုအတွက် အရေးပေါ် ထောက်ပံ့ခြင်းများ အထိ ကမ်ပိန်းများ အရောင်စုံလင်စွာ စုစည်းပေးထားတဲ့ @SpringCrowdFund မှာ အနည်းဆုံး မြန်မာငွေ ၅၀၀၀ ကျပ် ကစပြီး စိတ်တိုင်းကျ ပါဝင်ထောက်ကူ နိုင်ပါတယ်။ 🌈

ဒီလို ထောက်ကူနိုင်ဖို့ အတွက် စိတ်ချယုံကြည်ရတဲ့ တရားဝင် RM များ မှတဆင့် @SpringDevBank မှာ ငွေဖြည့်သွင်းပြီး ရောင်စုံကမ်ပိန်းများမှာ ပါဝင် အားဖြည့်လိုက်ကြစို့လား။ 💪

SCF မှာ ပါဝင်ထောက်ကူရန်
https://springcrowdfund.org

SDB မှာ အကောင့်ဖွင့်ရန်
bit.ly/m/SDB4all

RM များနဲ့ ငွေသွင်းနည်း
bit.ly/SDBmanual

#springcrowdfund #SCF #SDB #springdevelopmentbank #chooseSDB
🥰8270👍21