Spring Development Bank
21.1K subscribers
2.02K photos
111 videos
986 links
Discover the First Neo Bank for Myanmar.
Download Telegram
၈ ဂဏန်းသုံးပြီး ငွေဖြည့်ဖို့ SDB Counter ကို သတိရပါ 🏦

ဆူးခင်းလမ်းမှာ သင်းပျံ့စွာပွင့်လန်းနေတဲ့ သံမဏိနှင်းဆီ နှင့်အတူ ဝတ်မှုန်ကူးနိုင်ဖို့ အတွက် SDB Counter မှတဆင့် (၈) ဂဏန်း အသုံးပြု၍ မိမိရဲ့ SDB အကောင့်ထဲသို့ ငွေသွင်းပြီး အမေ့ရဲ့ (၈၀) နှစ်ပြည့် ကမ်ပိန်းမှာ ပါဝင်အားဖြည့်ကြဖို့ တိုက်တွန်းပါတယ်။ 🌹

ဤကမ်ပိန်းကို ဇွန်လ ၉ ရက်နေ့မှ ၁၉ ရက်နေ့အထိသာ ပြုလုပ်တာကြောင့် 8 USD (သို့) 8000 Pollen ကျပန်း ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးကို အရယူပြီး အမေ့ကိုချစ်တဲ့ ပြည်သူ့အင်အားစုကို ဂုဏ်ယူစွာနဲ့ ပါဝင်ပြသကြရအောင်။ 🙌

8 USD or 8000 Pollen ကျပန်း ပိုင်ဆိုင်နိုင်မယ့် ကမ်ပိန်းအကြောင်း
https://www.facebook.com/springdevbank/posts/641011352311362

#SDBxSuu80 #FreedomfromFear
#Suu80Campaign #ForHerWeCan
#SDBcounter
#SpringDevelopmentBank
#RealBankRealFreedom #ChooseSDB
197👍12🥰2👏1
အစစ်အတု သတိပြုရန် ကြေညာချက် ‼️

SDB Counter Facebook Page အတု ရှိနေပါသဖြင့် နွေဦးဘဏ် အသုံးပြုသူများ အနေဖြင့် page အတုကို မှားယွင်းငွေသွင်းခြင်း မပြုမိဖို့ အထူးသတိပြုပါ ⚠️

မိမိလုံခြုံရေးကို အမြဲသတိပြု၍ SDB အကောင့်ထဲသို့ ငွေသွင်းရန် ငွေမလွှဲမီ SDB Counter page ၏ Like and Follower အရေအတွက်များအား သတိထား စစ်ဆေး၍ page link အစစ် မှသာလျှင် ဆက်သွယ်ငွေသွင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ‼️

တရားဝင် SDB Counter page
https://www.facebook.com/SDBcounter

SDB ဖြင့် လုံခြုံစိတ်ချစွာ ငွေလွှဲပါ
☑️ https://www.facebook.com/SpringDevBank/posts/689395370806293

#SDBcounter
#SpringDevelopmentBank #RealBankRealFreedom #ChooseSDB
174👍34🥰2👏2🔥1👌1🏆1
သင့်ရဲ့@SpringDevBank အကောင့်ထဲသို့ ငွေဖြည့်သွင်းတဲ့ အခါမှာ မသမာသူ တွေ လက်ထဲကို ငွေမှားမလွှဲမိရန် နှင့် ငွေလွှဲပြောင်းတိုင်းမှာ အလိမ်အညာ မခံရဖို့အတွက် အမြဲသတိပြုရန် လိုအပ်ပါတယ်။

RM များနဲ့ ငွေဖြည့်သွင်းရာမှာ SDB RM အစစ် ဟုတ်မဟုတ် နှင့် ငွေလွှဲပြောင်းတဲ့အခါ ပေးပို့မည့် UID (သို့) Username ရိုက်ထည့်ပြီး RM အစစ်အမှန် ဖြစ်ကြောင်း #Verified ပေါ်မပေါ်ကို ငွေမလွှဲမီ သတိထား စစ်ဆေးပြီးမှသာ ငွေလွှဲပြောင်းပါ။

စိတ်ချလုံခြုံစွာ ငွေသွင်းရန် SDB App ထဲတွင်ဖော်ပြထားသော တရားဝင် RM များကိုသာ နိုင်ငံအလိုက် (သို့) ငွေကြေးအလိုက် ရွေးချယ်ပြီး ဆက်သွယ်နိုင်သလို SDB ရဲ့ တရားဝင် ငွေသွင်း၊ ငွေထုတ် ကောင်တာဖြစ်တဲ့ SDB Counter မှတဆင့် တိုက်ရိုက်ဆက်သွယ်ပြီး ငွေဖြည့်သွင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

SDB Counter မှ ငွေဖြည့်သွင်းရန်
🏦 m.me/SDBCounter

RM မှတဆင့် ငွေဖြည့်နည်း လမ်းညွှန်
📖 bit.ly/SDBmanual

#SDBCounter
#SpringDevelopmentBank #RealBankRealFreedom #ChooseSDB
11.52K👍468🥰59👏25🔥17🏆8🎉6💯4👌3🆒3
Media is too big
VIEW IN TELEGRAM
🎙️SDB Podcast Friday - Token ကိုင်ဆောင်သူများအတွက် အလွယ်ဆုံး နဲ့ အလုံခြုံဆုံး SDB Counter

အပတ်စဉ် သောကြာနေ့ရဲ့ SDB Podcast Friday ကို ပြည်သိမ်းမောင်၊ မသန့်ဝေကျော်တို့နှင့်အတူ ပြန်လည်တင်ဆက်ဖို့ ရောက်ရှိလာပါပြီ။

ဒီတစ်ပတ် Episode မှာတော့ Exchange Account ဖွင့်ဖို့ ခက်ခဲနေသူများ အတွက် @SpringDevBank app အတွင်း USDT တမျိုးတည်းနဲ့ မကန့်သတ်ထားဘဲ နိုင်ငံခြားငွေ ၁၀ မျိုးဖြင့် စိတ်ချလက်ချ ဝယ်/ရောင်း နိုင်တဲ့ SDB Counter အကြောင်း၊ Listing နဲ့ ပတ်သက်တဲ့ သတိပြုရန် အချက်များ အပြင် Token များလွယ်ကူစိတ်ချစွာ စီမံနိုင်မယ့် နည်းလမ်းကောင်းများ သိရှိရဖို့ အခုပဲ နားဆင်လိုက်ရအောင်နော်။

#SDBPodcastFriday
#SDBCounter
#RealBankRealFreedom
#SpringDevelopmentBank
#ChooseSDB
263👏17👍9🥰4🔥1💯1🏆1
နွေဦးဘဏ်ချစ်သူများအနေနဲ့ Digital Assets တွေကို စိတ်ကြိုက် စီမံခန့်ခွဲရာမှာ Exchange တွေလို ရှုပ်ထွေးမှုမရှိဘဲ @SpringDevBank ရဲ့ ဘဏ္ဍာခံတပ်အောက်မှာ Token တွေကို လုံခြုံစွာ ဝယ်/ရောင်းနိုင်တဲ့ SDB Counter ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးချနိုင်ဖို့အတွက် သတိပြုရန်အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်နော်။

📕နွေဦးပြည်သူတို့အနေနဲ့ သတိပြုရန်လိုအပ်သည်များမှာ

📌SDB မှ တရားဝင် ဖွင့်လှစ်ထားသော Counter Page သည် တစ်ခုတည်းသာ ရှိပြီး Follower/Like အနည်းအများကိုကြည့်၍ အစစ်ဟုတ်/မဟုတ်ကို အသေအချာစစ်ဆေးပါ။
📌 မိမိတို့ရဲ့ Token ပိုင်ဆိုင်ထားသော SDB အကောင့်နှင့် ဆက်စပ် email များကို လိမ်လည်သူများထံမှ ကြိုတင်ကာကွယ်နိုင်ရန် ခိုင်မာတဲ့ Password/Pincode နှင့် နှစ်ထပ်ခံတပ်ဖြစ်တဲ့ 2FA တို့ဖြင့် အကောင့်လုံခြုံရေးကို မြှင့်တင်ကာကွယ်ထားပါ။
📌Token တွေ လွှဲပြောင်းရာမှာ Polygon Network ၏ Wallet Address ဖြင့်သာ အဓိက အလုပ်လုပ်သောကြောင့် address မှန်/မမှန်အချိန်ယူ စိစစ်ပြီးမှ ဆက်လက် ဆောင်ရွက်ပါ။
📌 မသမာသူတို့ထံ အလိမ်ခံရခြင်းမှ ကာကွယ်ရန်အတွက် အလောတကြီး ဆုံးဖြတ်ချက်မချမီ မိမိကိုယ်တိုင် (သို့မဟုတ်) မိမိနှင့် တိုက်ရိုက် သိရှိပြီး ယုံကြည်ရသူများနှင့်သာ အကြိမ်ကြိမ် အတည်ပြုပြီး SDB Token ကို လက်ခံပေးပို့ခြင်း ဆောင်ရွက်ပါ။

Token Assets များ လုံခြုံစေရန်အတွက် နွေဦးဘဏ်ရဲ့ တရားဝင် SDB Counter page link မှတဆင့်သာ ဝင်ရောက် ဆက်သွယ်ပေးပါရန် တိုက်တွန်းအပ်ပါသည်👇

SDB Counter တရားဝင် Page Link:
🔗 m.me/SDBCounter

#SDBToken
#SpringDevelopmentBank #ChooseSDB #RealBankRealFreedom
#SDBCounter
103👍45🥰7👏2🔥1🎉1🆒1