Spring Development Bank
21.1K subscribers
2.02K photos
111 videos
986 links
Discover the First Neo Bank for Myanmar.
Download Telegram
မျိုးဆက်သစ်ပျားတို့နဲ့ နွေဦးခရစ်ပတို ရပ်ဝန်း 🌱

•••
ကမ္ဘာကြီးက ခေတ်နဲ့အလိုက် ပြောင်းလဲနေသလို
သမားရိုးကျ ဘဏ္ဍာရေးကနေလည်း ဘဏ္ဍာငွေကြေး ယဉ်ကျေးမှု အသစ်ဆီကို ကူးပြောင်းလာနေပါပြီ။

ဒီပြောင်းလဲမှုမှာ Gen Z မျိုးဆက်သစ်တွေက ရှေ့ဆောင်ပြီး ဘဏ္ဍာရေး လွတ်မြောက်မှုဆီ ဦးတည်နေကြတာပါ။

နွေဦးပျားတို့အတွက်လည်း ခိုင်မာတဲ့ ခရစ်ပတိုရပ်ဝန်း ဘယ်လိုတည်ဆောက်ကြမလဲ ဆိုတာနဲ့ ပတ်သက်ပြီး SIF ကနေ Public Webinar တစ်ခု လာပါတော့မယ်။ 💡

•••

🔋 ဒီ Public Webinar မှာဆိုရင် ~

▪️ မျိုးဆက်သစ်တွေရဲ့ New Money Culture ဘယ်လိုကျယ်ပြန့်လာသလဲ?
▪️ ခရစ်ပတိုရပ်ဝန်းတစ်ခု ဖြစ်လာဖို့ လိုအပ်ချက်တွေက ဘာတွေလဲ?
▪️ ရပ်ဝန်းထဲက Crypto KOL တွေက ဘယ်သူတွေကို ကိုယ်စားပြုသလဲ? ဘာတွေ လုပ်ဆောင်ကြသလဲ?
▪️ မြန်မာနိုင်ငံအတွက် ခရစ်ပတိုရပ်ဝန်းက ဘာကြောင့် အရေးပါတာလဲ?

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

•••

🔋 Webinar မှာ ပါဝင်ဆွေးနွေးပေးမယ့်သူတွေက ဘယ်သူတွေ ဖြစ်မလဲ?

ပြည်တွင်း ခရစ်ပတိုရပ်ဝန်းမှာ ဦးဆောင်နေကြတဲ့ KOL အချို့ကို သူတို့ရဲ့ အတွေ့အကြုံ၊ အတွေးအမြင်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဝေမျှပေးဖို့ SIF ကနေ အထူးဖိတ်ခေါ်ထားပါတယ်။

▪️ @MyanCryptoChannel မှ Ko Kool
▪️ @AlphaCryptoHub_Group မှ Ko Jace နဲ့ Ko Hugo

•••

🔋 ဘယ်သူတွေ တက်ရောက်သင့်သလဲ?

▪️ တော်လှန်ပညာရေးနဲ့ ဘဏ္ဍာရေးလွတ်လပ်ခွင့်ကို ရှာဖွေနေကြတဲ့ Gen Z လူငယ်များ
▪️ @SpringDevBank တိုကင်ပိုင်ရှင်များ၊ နွေဦးပျားတို့နဲ့ SIF အဖွဲ့ဝင်များ
▪️ ခရစ်ပတိုပညာရေးနဲ့ FinTech နည်းပညာကို စိတ်ဝင်စားသူများ
▪️ New Money Culture ကို ထဲထဲဝင်ဝင် နားလည်လိုသူများ

•••

🔰 ခရစ်ပတိုရပ်ဝန်းကနေ အနာဂတ်ဘဏ္ဍာရေး လွတ်မြောက်မှုဆီ အတူချီတက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

1st Public Webinar by SIF: Building Resilient Crypto Community

▪️ FB & YouTube LIVE | t.me/springdevbank?livestream
▪️ နိုဝင်ဘာ ၁၁
▪️ မြန်မာစံတော်ချိန် ည ၈ နာရီ။

#SIF #SpringInstituteOfFintech #SIFWebinar #CryptoEducation #FinTechKnowledge #ComingSoon
111🥰10👍7👏4🔥1🏆1