ရွှေစကား
632 subscribers
27.2K photos
3.63K videos
44 files
4.79K links
Dissemination of correct information and counter-information
Download Telegram
၃-၆-၂၀၂၆

ယနေ့နံနက်ပိုင်းမှာ ဖာပွန်မြိုနယ်ဒေသကို အင်အားအလုံးအရင်း လာတိုက်တဲ့ တပ်မဟာ ၅ က KNU အဖွဲတွေ..

အခုတော့ အင်အားအလုံးအရင်းနဲ့ပဲ သေဆုံးသွားတဲ့ကြောင်း

လိုင်းပေါ်မှာ ပလူပျံနေတဲ့ KNU အဖွဲရဲ့ RIP ဓာတ်ပုံတွေပဲဖြစ်ပါတယ်။
Truth Waves
👍3
Forwarded from BaNyunt
မေမေ ဖေဖေကရော

ဖေဖေက တိုင်းပြည်အတွက်သူရဲကောင်းလုပ်လိုက်တာ

ဖေဖေက သူရဲကောင်း လုပ်လိုက်လို့ သေသွားတာလား

သားတစ်ယောက်ကို ဖခင်ဟာ ဂုဏ်ယူထိုက်သူ တစ်ယောက်ဖြစ်ကြောင်း

ရင်ထဲက မျက်ရည်တွေနဲ့
အပြုံးမျက်နှာထားပြီး
သားငယ်ကို ပြောနေတာ
ကြည့်နေရင်း ဝမ်းနည်းမိပါတယ်

တိုင်းပြည်ရဲ့ တာဝန်များကို
ထမ်းဆောင်ရင်း
တိုင်းပြည်အတွက် အသက်စွန့်ကာ
သူရဲကောင်း တစ်ဦးအဖြစ်
ပြုမူသွားတဲ့
DSA53 မှ ဗိုလ်မှူး အောင်ကိုလွင်


လက်တင်အလေးပြုပါရင်း
လေးစားပါတယ်😢

#BN
Forwarded from Truth Waves
Media is too big
VIEW IN TELEGRAM
၄-၆-၂၀၂၆

ယနေ့ ဇွန် ၄ရက်နေ့မှာ
အမျိုးသားလွှတ်တော်သို့ တက်ရောက်လာကြတဲ့
တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ မြင်ကွင်း။

Truth Waves
👇🏼👇🏼👇🏼
Tiktok
https://www.tiktok.com/@smt1142/video/7647358765460655380?is_from_webapp=1&sender_device=pc&web_id=7359391421412066832

Youtube Channel
https://youtube.com/shorts/CxHVr_FMRd8?si=PpodgPeeiW9wa-Bu

Telegram
https://t.me/truthwaves4arm/23557
👍1
Forwarded from Truth Waves
Media is too big
VIEW IN TELEGRAM
မြန်မာ-အိန္ဒိယ ခရီးစဉ်မှာ ဘာတွေ အကျိုးအမြတ်ရခဲ့သလဲ•••?

သမ္မတရုံးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ခိုင်ခိုင်စိုး၏ ပြောကြားချက်

Truth Waves
TikTok- https://vt.tiktok.com/ZSQJNJSRD/

Telegram- https://t.me/truthwaves4arm/23563
👍1
Forwarded from Truth Waves
နိုင်ငံတော်အစိုးရကျောင်းကိုအပ်နှံရန် တိုက်တွန်းသူ အစိုးရဝန်ထမ်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါဝင် ၁၅ ဦးကို အကြမ်းဖက် PDFအဖွဲ့က ဖမ်းဆီးကာ ၇ ဦးအား ခေါင်းဖြတ်သတ်ပြီး နိုင်ငံတော် အစိုးရအားစိန်ခေါ် ထား
TW ဇွန် ၅ ၊ ၂၀၂၆
နိုင်ငံတော် အစိုးရကျောင်းတွင် ပညာသင်ကြားခွင့် ကျောင်းအပ်နှံမှု များပြားခြင်းကြောင့် ကျောင်းတက် ရန် တိုက်တွန်းသူ အစိုးရဝန်ထမ်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါဝင် ၁၅ ဦးကို အကြမ်းဖက် PDFအဖွဲ့က ဖမ်းဆီး ကာ လူ ၇ ဦးအား ရက်စက်စွာ ခေါင်းဖြတ် သတ်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ၂၀၂၆ မေ ၂၆ ရက်နှင့် ၂၇ ရက်နေ့များက ချောင်းဦးမြို့နယ် အကြမ်းဖက်PDF အဖွဲ့များ ဖြစ်သည့် ဗိုလ်မုတ်ဆိတ် အဖွဲ့ ၊ ပြောင်ကြီး(ခေါ်)အေးလွင်အဖွဲ့ ၊ ဇာနီသိန်းအဖွဲ့တို့က ချောင်းဦးမြို့နယ် အနောက် ချောင်းဦးရပ်ကွက်မှ ဆရာမဒေါ်ပပဦး ၊ ဆရာမ ဒေါ်ခင်စန်းဌေး ၊ ငါးလုံးတင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးတင့် ၊ ထွေအုပ်စာရေး ဦးကျော်ကျော်နိူင် နှင့် ဒေါ်သီတာမြင့်တို့ ဇနီးမောင်နှံ ၊ ဆရာမဒေါ်မျိုး သန္တာထွန်း၊ ဆရာမဒေါ်တင်နွဲ့ ၊ ရှမ်းထူးကျေးရွာ ကျောင်းထိုင်ဆရာတော် ဉူးပညာအပါဝင် ဆရာတော် ၂ပါး၊ ထူးနီကျေးရွာမှ ဆရာမ ဒေါ်လှလှ ဝင်း နှင့် ဆရာမဒေါ်စန္ဒာ၊ ထူးနီရွာမှ ရွာသား ၃ ဦး စုစုပေါင်း ၁၅ ဦးအား မတရား ဖမ်းဆီးသွားခဲ့ကြောင်း သိရ ပါသည်။

မေ ၂၈ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် အဆိုပါဖမ်းဆီးသွားသူများထဲမှ ၇ ဦး၏ ခေါင်းပြတ် ၇ လုံးအား ပခုက္ကူ - ချောင်းဦးလမ်း မြို့အဝင် ထွန်းညိုလူ တန်ပိုဂိတ်အနီး လမ်းပေါ်၌ ချထားခဲ့ကြောင်း သိရသည်။ ခေါင်းပြတ်များအနီးတွင်လည်း ဒေါ်ပပဦး ၊ဒေါ်ခင်စန်းဌေး၊ ဦးစိုးတင့် ၊ဦးကျော်ကျော်နိုင်၊ ဒေါ်သီတာမြင့်နှင့် ဆရာတော်ဦးပညာအပါဝင် ဆရာတော် ၂ ပါးတို့၏ ရုပ်အလောင်းများ ထပ်လျက်အနေထားဖြင့် တွေ့ရှိရကြောင်း သိရပါသည်။

အစိုးရကျောင်းများကို ပညာသင်ကြားခွင့် ကျောင်းအပ်နှံထားသူများစာရင်းအား ချောင်းဦး အကြမ်းဖက် PDF မှ ကောက်ယူလျှက်ရှိပြီး အကြမ်းဖက်PDFအဖွဲ့မှ ၎င်းတို့၏ပညာရေးကျောင်းများကိုသာ ပြောင်းရွှေ့ အပ်နှံရ မည်ဖြစ်ကြောင်း မအပ်နှံပါက ထပ်မံ သတ်ဖြတ် ရှင်းလင်းသွားမည်ဖြစ်ကြောင်း အုပ်ထိန်သူမိဘများကို အသိပေး ခံထားရကြောင်း မိဘများထံမှ သိရှိရပါသည်။
၎င်း အသိပေးချက်အပေါ် ဒေသခံကျောင်းသူ ကျောင်းသား အုပ်ထိန်းသူများက အကြမ်းဖက်PDFအဖွဲ့ အပေါ် ထိပ်လန့် ကြောက်ရွံ့မုန်းတီးမှု ဖြစ်ပေါ်နေကြောင်းသိရသည်။

" ပညာရေးကို သူတို့လက်နက်ကိုင်ပြီး ခြိမ်းခြောက်လာတော့ ကျနော်တို့ မိသားစု ဘဝ ရှေ့ရေး ရင်လေးရပြီဗျာ။ ကျောင်းသားကျောင်းသူတွေ ပညာရေးနဲ့ကင်းကွာနေတာ ။
၅ နှစ်မကတော့ဘူးလေး။ ဒီလို နိုင်ငံတော်က အခွင့်အရေး ပေးတာကို လက်လွတ်ခံလို့မဖြစ်ဖူးလေ ။ လက်လွတ်ခံရင် မိသားစု ရှေ့ရေးက တိုးတက်ဖို့ မမြင်တော့ဘူး မိသားစုတွေပဲ နစ်နာမှာ လူညွှန့်တုန်းမှာ ရိုးရာ တောင်သူဖြစ်လို့ ရွာကိုပြစ်ပြီး မြို့တက်ဖို့ဆိုတာ မလွယ်ဘူးဗျာ။ ကလေးပဲပို့ပြီး မြို့မှာ စာသင်ခိုင်းရင် ရွာရှိတဲ့ မိသားစုက အသတ်ခံရမှာ "ဟု ဒေသခံတစ်ဦးက မျက်ရည်များဖြင့် ပြောပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့်ဆုံံးရှုံး ခဲ့ရသော ကျောင်းသား ကျောင်းသူများကို အခြေခံပညာမူလတန်းအဆင့် Grade 2မှ Grade 5နှင့် အခြေခံပညာ အလယ် တန်းအဆင့် Grade 6 မှ Grade 9 အထိ ကျောင်းသား ကျောင်းသူများကို မိမိတို့၏အသက်အရွယ်နှင့် ကိုက်ညီ သော အတန်းပညာကို အပ်နှံနိုင်ကြောင်း (ဥပမာ Grade 5 အတန်းကို ထားချင်လျှင် Grade 4 ကိုဖြေဆို ရမည်ဖြစ်ပြီး Grade 4 အောင်မြင်လျှင် Grade 5ကိုတက်ခွင့်ရမည်ဖြစ်ပြီး မအောင်မြင်ပါက Grade 4 သာ တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်းနှင့် မည်သည့်အခြေခံပညာကျောင်းမဆို ပညာသင်ကြားခွင့်ပြုကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာထားကြောင်းလည်း သိရသည်။

ချောင်းဦးမြို့နယ် PDF အကြမ်းဖက်အဖွဲ့များက ယခုလို အစိုးရဝန်ထမ်းနှင့်သံဃာတော်များကို မတရား ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်အပြင် နိုင်တော်အစိုးရကိုပါ မထီမဲ့ပြင်ဖြင့် စိန်ခေါ်ထားမှုများ အတွက် နိုင်ငံအတွင်းရှိ ပြည်သူများက အဆိုပါအကြမ်းဖက်များကို ရွံ့ရှာမုန်းတီးမှုများ ဖြစ်ပေါ်နေလျက်ရှိ ကြောင်း သိရသည်။
Truth Waves
Forwarded from Truth Waves
ရခိုင်ဒေသက ပြည်သူတွေကို ဗိုလ်ကျအနိုင်ကျင့် ပေါ်တာဆွဲကာ ရွှေ ၊ငွေတွေကို ပေါ်တင်ခိုးယူခဲ့တဲ့ AA သူပုန်အဖွဲ့ရဲ့ လုပ်ရပ်

TW ဇွန် ၅၊ ၂၀၂၆

AA သူပုန်ထွန်းမြတ်နိုင် ယာယီထိန်းချုပ်နေတဲ့ ရခိုင်ဒေသဟာ စားနပ်ရိက္ခာ ၊ဆေးဝါး ၊လူသုံးကုန် စတာတွေ အခက်အခဲဖြစ်ပေါ်နေလျက်ရှိနေသလို ရခိုင်ပြည်သူတွေအပေါ် AA အဖွဲ့ရဲ့ဗိုလ်ကျ အနိုင်ကျင့်နေမှုဟာလည်း တစ်နေ့ထက် တစ်နေ့ ပိုမို ဆိုးရွားလာနေတယ်လို့ ရခိုင်ဒေသခံ သတင်းအရင်းမြစ်ထံမှ သိရပါတယ်။

ယခုလည်း AA အဖွဲ့အနေနဲ့ စစ်သားအင်အားနည်းပါးနေလို့ ဆိုပြီး မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ ၊ သင်္ဘောလှ(အပြင်)ရွာဘက်မှာ ရွာအတွင်း လူငယ်တွေကို ထပ်မံပေါ်တာဆွဲ လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။ AA အဖွဲ့အနေနဲ့ ပေါ်တာဆွဲတာ မလုံလောက်တဲ့အပြင် ပြည်သူတွေရဲ့ ရွှေ၊ ငွေ တွေပါ ပေါ်တင်ခိုးတဲ့ လုပ်ရပ် လုပ်ဆောင်လာခဲ့ကြပါတယ်။

AA အဖွဲ့ရဲ့ ယခုလို လုပ်ရပ်တွေ မီဒီယာပေါ်မှာ ပေါက်ကြားလာမှုကြောင့် ခိုးယူထားတဲ့ ရွှေငွေအနည်းငယ်တွေကိုသာ AA လက်အောက်ငယ်တွေက ပိုင်ရှင်ထံပြန်ပေးခဲ့တယ်လို့ သိရပါတယ်။
AA အဖွဲ့ရဲ့ ပေါ်တင်ခိုးယူခဲ့တဲ့ ရွာအတွင်းက အိမ်ဟာ ရခိုင်ဒေသခံ ဒိုင်းနက်လူမျိုးဖြစ်ကြောင်းလည်း သိရပါတယ်။
Truth Waves
ရန်သူ့စခန်း ၂ ခု သိမ်းပိုက်ရရှိ (မင်းတပ်)

မေလ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ချင်းပြည်နယ်၊ မင်းတပ်မြို့သို့ နယ်မြေရှင်းချီတက်လျက်ရှိသည့်စစ်‌‌ကြောင်းသည် CDF အကြမ်းဖက်သမား ၄၅ ဦးခန့်နှင့်
နေရာ ၂ နေရာတွင် ထိတွေ့တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၃ဦး ဒဏ်ရာရရှိကာ အကြမ်းဖက်သမားများထံမှ အောက်ပါ အလောင်း/လက်နက်ခဲယမ်းများနှင့် ရန်သူ့ စခန်း ၂ ခု အားသိမ်းဆည်းရရှိခဲ့-
(၁) ရန်သူ့အလောင်း ၄လောင်း
(၂) MA-1 သေနတ် ၁လက်၊ M-22 သေနတ် ၁ လက်
(၃) AK- ကျည် ၂၀၀တောင့်
(၄) AKကျည်အိမ် ၁ခု
(၅) ၅.၅၆ကျည်အိမ် ၄ခု။
(၆) ၅.၅၆ မမကျည် ၇၅တောင့်
(၇) အမ်-၂၂ကျည် ၆၈တောင့်
(၈) အမ်ဂျီ-၁လက်ပစ်ဗုံး ၁လုံး
(၉) အီနာဂါ ၁လုံး
(၁၀) တရုတ်လက်ပစ်ဗုံး ၁လုံး
(၁၁)RPG ဒုံးသီး ၄လုံး
(၁၂) ကြိုးဆွဲလက်ပစ်ဗုံး ၁လုံး
(၁၃)ရှေ့ထွက်မိုင်း ၁လုံး
(၁၄) ဝါယာကြိုး ၁၃၀ပေ
(၁၅) ကျည်ကာအင်္ကျီ ၂ထည်
(၁၆) ကျည်ကာဦးထုပ် ၄လုံး
(၁၇) PDF(မင်းတပ်)ဘက်တံဆိပ်ပါယူနီဖောင်း ၃စုံ
(၁၈)AAယူနီဖောင်း ၁စုံ
(၁၉) ၁ ယောက်ပစ်ကျင်း ၆၀ကျင်း

တို့အားသိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရန်သူပြန်လည်အသုံးမပြုနိုင်အောင် မီးရှို့ဖျက်ဆီးခဲ့ပြီး နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ (ကျန်ရှိပုံများ ထပ်မံဖော်ပြပါမည်)

✍️ KT June 5