SoulAnimedom 3
19K subscribers
743 photos
1 video
630 links
Download Telegram
ဒဏ္ဍာရီလာလိပ်အခွံအတတ် 🐢🎲
The Great Deity (神印王座外传大龟甲师)

“နေလကိုကိုင်ဆောင် ကြယ်တာရာကိုခူးဆွတ် လောကကြီးထဲ ငါ့လိုလူမရှိပေ” လို့ပြောခဲ့ဖူးတဲ့ ယီးလိုင်ခဲ့စစ်ကိုမှတ်မိကြသေးလား 😍😍

ဒီကားထဲမှာ ယီးလိုင်ခဲ့စစ် မျိုးစုံပေးဆပ်ပြီးရှာဖွေခဲ့ရတဲ့ လိပ်အခွံအတတ်ကို အကျယ်တဝင့်ဖော်ပြပေးထားတယ်တဲ့နော်။ ဒီလိပ်အခွံအတတ်က ဘယ်လောက်စွမ်းအားကြီးသလဲဆိုရင် နတ်ဘုရားတောင်မှ စွမ်းအားသက်ရောက်မှုကနေ ပြေးမလွတ်ဘူးလို့ဆိုပါတယ်။

ဇာတ်လမ်းအကျဉ်း

တစ်နေ့မှာ တမူထူးကဲတဲ့စွမ်းရည်တွေပိုင်ဆိုင်ထားပြီး ကျင့်ကြံသူခရီးစဉ်ကိုလျှောက်လှမ်းဖို့ ရွေးချယ်မခံခဲ့ရတဲ့လူငယ်လေးက စိတ်အခြေအနေကိုချိန်ညှိပြီး အမှန်တရားကိုလက်သင့်ခံဖို့ကြိုးစားနေတုန်းမှာပဲ လျှို့ဝှက်ဆန်းကြယ်တဲ့အန်စာတုံးတွေ ပေါ်ထွက်လာခဲ့ပါတော့တယ်။ အဲဲဒီမှာသိလိုက်ရတာက လိပ်အခွံအတတ်ဆိုတာ တကယ်တော့ ဂိမ်းတစ်ခုဖြစ်နေပါလေရော။ 🤨

စိတ်နှလုံးထဲ နက်နက်ရှိုင်းရှိုင်းကိန်းအောင်းနေတဲ့ လျှို့ဝှက်ချက်၊ လိပ်အခွံအတတ်လို့ခေါ်တဲ့ဂိမ်းတစ်ခု၊ လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းတဲ့အန်စာတုံး၉တုံး၊ နတ်ဘုရားသွေးမျိုးဆက် ဆက်ခံသူ အစရှိတဲ့အရာတွေ တန်းစီရင်ဆိုင်လိုက်ရရုံတင်မက နတ်ဘုရားမျိုးနွယ်စုကို ပြန်လည်ထူထောင်နိုင်ဖို့ပါ တာဝန်ချမှတ်ခံလိုက်ရတဲ့အခါမှာ လူငယ်လေးဘာဆက်လုပ်လေမလဲ

ကဲကဲ  “ပြိုင်စံရှားထန်ဂိုဏ်း” ထဲမှာ ယီးလိုင်ခဲ့စစ်မသေခင် တမ်းတမ်းစွဲမေ့မရတဲ့ နတ်ဘုရားစွမ်းအားကို အားလုံးရှေ့ချပြပေးတော့မှာဖြစ်လို့ အခုပဲ SoulAnimedom မှာ လက်မလွတ်တမ်း စောင့်မျှော်အားပေးဖို့မမေ့ပါနဲ့နော် 🤭🐸

#Review
#SoulAnimedom
#TheGreatDeity
31🥰4
နတ်ဆိုးတပည့်မလေးတွေရဲ့ဆရာအရှင် 😈
My Disciple are Devils (徒弟都是女魔头)


ကဲကဲ ဟီးရိုးတွေ လူကောင်းတွေကြည့်ရတာရိုးနေသူတွေအတွက် နတ်ဆိုးဧကရာဇ်နဲ့တပည့်မလေးတွေကို ကြည့်လိုက်ကြရအောင် 🖤

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လောကကြီးမှာဖိန့်ဖိန့်တုန်အောင်ကြောက်ရလောက်တဲ့ နတ်ဆိုးဧကရာဇ်မှာ လျှို့ဝှက်ချက်ရှိနေပါတယ်။ အဲဒါကတော့ သူက ခေတ်သစ်ကနေ ကျင့်ကြံခြင်းလောကကိုဝိညာဉ်ကူးပြောင်းလိုက်ရရှာတဲ့ စနစ်တကားကားနဲ့ လူငယ်လေးပါ။

စနစ်အကူအညီနဲ့ လောကမှာထွန်းပေါက်နိုင်မဲ့နည်းကိုရှာတွေ့လိုက်ပြီး အဲဒါကတော့ တပည့်ပေါင်း၁၀၈ယောက်ကို သူတော်စင်ဖြစ်ပြီးမဟာလမ်းစဉ်အောင်မြင်မှုရစေဖို့ပါပဲ။ ဒါပေမဲ့ ဆရာများသားမသေဘဲ တပည့်များဆရာသေသွားရတဲ့အဖြစ်ကိုရောက်သွားခဲ့ရရှာတယ်။

နှစ်ပေါင်း၃၀၀အကြာ ပြန်ရှင်လာတဲ့အခါမှာတော့ သူဖြစ်ချင်သလို ကောင်းကင်ဖီဆန်ကံကြမ္မာပြောင်းလဲနိုင်ဖို့ တပည့်ရှာပုံတော်ခရီးစဉ်ကိုထွက်ပါတော့တယ်။ ဒီလိုနဲ့ လောကကြီးမှာ နတ်ဆိုးဧကရာဇ်ဆိုတဲ့အမည်ဟာ ပြန်လည်ထွန်းပေါက်တော့တာပေါ့။

ကဲကဲ တပည့်ထိဓားကြည့်မဲ့ဆရာနဲ့ ဆရာကိုရင်ထဲထည့်ထားတဲ့ တပည့်မလေးတွေ သိုင်းလောကကို ဘယ်လိုဗြောင်းဆန်စေမလဲဆိုတာကတော့ အခုပဲ SoulAnimedom မှာ စောင့်ကြည့်လိုက်ရအောင်နော် 😍😍

#Anime
#Review
#徒弟都是女魔头
#SoulAnimedom
36
သခင်ကြီးရဲ့မဟာကြမ်းကြုတ်အကျဥ်းထောင်👹💀
The evil god comes to the world, I have a big evil prison    
邪神降世,我有一座大凶狱


ကဲကဲ ဒီတစ်ခါတော့ စနစ်မဟုတ်တဲ့ ကိုယ်ထူကိုယ်ထစွမ်းအားကြီးဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ် 🤗


၂၁ရာစုအချိန်အခါ ရုတ်တရက် လောကပျက်ကပ်ဆိုက်ပြီး လူတွေ ဖုတ်ကောင်ဇွန်ဘီအဖြစ်ပြောင်းလိုပြောင်း၊ လောကသားတွေ အပြန်အလှန် လုယက်သတ်ဖြတ်လိုဖြတ်နဲ့ ငြိမ်းချမ်းနေတဲ့ကမ္ဘာကြီး ဗြောင်းဆန်ကုန်ပါတော့တယ်။

ရှယန်တစ်ယောက် ချစ်သူကောင်မလေးနဲ့ အကောင်းဆုံးသူငယ်ချင်းရဲ့သစ္စာဖောက်ခံရပြီး ကိုယ်တိုင်တင်မက ညီမလေးပါသေကျေခဲ့ရတဲ့အခါ ဒေါသနဲ့အမုန်းတရားစိတ်ကြောင့် မရဏမီးတောက်မျိုးစေ့ကိုအသက်သွင်းလိုက်နိုင်သွားပါတယ်။

ဒီမီးတောက်အကူအညီနဲ့ အချိန်
နောက်ပြန်ဆုတ်ကာ ပြန်ရှင်သန်နိုင်လိုက်ပြီးနောက် ဘိုးဘေးစဉ်ဆက်အမွေဆက်ခံလာတဲ့ သံချေးတက်ပျက်စီးနေပုံရတဲ့တံဆိပ်ပြားထဲမှာ သားရဲဆိုးတွေကို အကျဉ်းချထားတဲ့ မျှော်စင်တစ်ခုရှိနေတာသိလိုက်ရပါတော့တယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကောင်းကင်ဧကရာဇ်နဲ့ ကောင်းကင်အရှင်တို့ ပူးပေါင်းသန့်စင်ခဲ့တဲ့ နတ်ဆိုးဖိနှိပ်မျှော်စင်ဟာ ယခုအခါ သူ့လက်ထဲကျရောက်လာပြီး မသမာသူရန်သူတွေကိုနှိမ်နင်းဖို့ရာ စွမ်းအားကြီးလက်နက်ဖြစ်လာခဲ့ပါတော့တယ်။

စနစ်မရှိပေမဲ့ အကျဉ်းမျှော်စင်ပိုင်ထားတဲ့  ရှယန်တစ်ယောက် အတိတ်ဘဝက လူယုတ်မာတွေကို ဘယ်လိုသင်ခန်းစာပေးမလဲ ???
လောကပျက်ကပ်ဆိုက်ချိန်မှာ သားရဲဆိုးတစ်သိုက်နဲ့ လာသမျှရန်သူကို ဘယ်လိုမျိုးချေမှုန်းလေမလဲ  ???

ကဲကဲ သားရဲကြီးစီးပြီး မိမိုက်ပြမဲ့ ဒီအမိုက်စားကားလေးကိုကြည့်ချင်တယ်ဆိုရင်တော့ SoulAnimedom မှာ ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ် 🤩

#Review
#SoulAnimedom
#邪神降世,我有一座大凶狱
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
26
လောကဗြောင်းဆန်စေမဲ့ ဆိုးယုတ်ဧကရာဇ် 👹👑
I am an Evil Emperor(我为邪帝)


၂၁ရာစုကောင်ချောလေး Xie Yan ဖုန်းတစ်လုံးနဲ့လမ်းသွားနေရင်း မစ္စတာကုန်တင်ကားတိုက်တာခံလိုက်ရပြီး ကျင့်ကြံရေးလောကတစ်ခုကို ဝိညာဉ်ကူးပြောင်းသွားပါတော့တယ်။

ဖြစ်ချင်တော့ သူဝင်သွားတဲ့ခန္ဓာကိုယ်က မိစ္ဆာမဆီမှာ အသက်စွမ်းအင်ယန်ဓာတ်တွေစုပ်ယူခံနေရရှာသတဲ့။

Xie Yan တစ်ယောက် ကိုယ့်ကိုယ်
ကိုယ်ကယ်တင်ဖို့အတွက် စနစ်ရဲ့ညွှန်ပြမှုအောက်မှာ ကောင်းကင်ဘုံအသင်္ချေလောကတစ်သောင်းကိုခရီးနှင်ပြီး ဘုံလောကသားတော်တွေကိုသတ်လိုက် မဟာမိတ်နယ်ခြားတွေကိုရှင်းပစ်လိုက်လုပ်ရင်း တစ်နေ့လည်းကျရော ဆိုးယုတ်ဧကရာဇ် ဖြစ်သွားလေသတဲ့။

Xie Yan တစ်ယောက် စနစ်ရဲ့စွမ်းအားကိုမှီဝဲပြီး လောကကြီးတစ်ခုလုံးရဲ့ ကျင့်ကြံရေးစနစ်နောက်ကွယ်က အမှန်တရားကိုသိလိုက်ရတဲ့အခါ….

ရှေးဟောင်းကျင့်ကြံရေးဂိုဏ်းတွေ ကျဆုံးသွားရတဲ့လျှို့ဝှက်ချက်က ဘာများလဲ သူ့ကိုယ်ပိုင် ကျင့်ကြံရေးလမ်းကိုဖောက်ပြီး လောကကြီးကို ဘယ်လိုလှုပ်ခတ်စေမလဲဆိုတာကိုတော့ 🙊

#SoulAnimedom
#Review
#我为邪帝
43👍2
နွေးထွေးမှုရောင်စဥ်တန်း 💫🌤
The Masterful Princess  王府发家治夫之道

မြို့တော်ရဲ့ပထမထိပ်တန်းချမ်းသာသူအမျိူးသမီးလေး ဝမ်းကျိူက အသက်၁၈နှစ်အရွယ်မှာ လူတစ်ယောက်စီကနေဖြူစင်မှုကိုယူဆောင်ခံလိုက်ရပြီး ဘဝတစ်လျှောက်လုံးအမည်းစက်ကိုသယ်ပိုးပြီးရှင်သန်ခဲ့ရတယ်။ ဘေးနားမှာအဖော်ပြုပေးလာတဲ့ ငယ်ချစ်ဦးကလည်းသူ့ကိုအသုံးချရုံသာလုပ်ပြီး သစ္စာဖောက်ခဲ့တယ်။ နောင်တတွေများစွာနဲ့ သေဆုံးသွားခဲ့တဲ့ သူမက ၁၈နှစ်အရွယ်ကအဲဒီညမှာပြန်မွေးဖွားလာခဲ့တယ်။

တဖန်ပြန်လည်မွေးဖွားလာတဲ့ဝမ်းကျိူက ဒီတစ်ခေါက်မှာတော့သူ့ဖြူစင်မှုကိုယူဆောင်သွားသူရဲ့ ကျောက်စိမ်းဆွဲပြားကိုကောက်ယူရရှိခဲ့တယ်။ အဲဒီကျောက်စိမ်းဆွဲပြားကလည်း တစ်မြို့လုံးမှာရှဲ့အိမ်တော်မှာပဲရှိတာ။ ကံကြမ္မာကိုပြန်လည်ပြင်ဆင်ပြီး လက်စားချေမဲ့လမ်းလေးမှာ သူဟာအမျိုးသားလေးသုံးယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။

ထက်မြက်ပြီးတော့ အေးစက်ပြတ်သားပေမဲ့ကြင်နာတဲ့နှလုံးသားရှိပြီး ဝမ်းကျိုကိုအမြဲတမ်းကာကွယ်ပေးခဲ့ပြီး အနာဂတ်မှာစစ်နတ်ဘုရားဖြစ်လာမဲ့   ရှဲ့အိမ်တော်ကအကြီးဆုံးသခင်လေးရှဲ့ဟန် 

ဆေးကိုရေလိုသောက်နေရပြီး မာမကျန်းဖြစ်နေပေမဲ့ ဝမ်းကျိုရဲ့‌ ဘဝထဲကိုနွေးထွေးမှုလေးနဲ့ထွေးပွေ့ပေးခဲ့တဲ့ ရှဲ့အိမ်တော်က ပဥ္စမသခင်လေးရှဲ့ချီ

ငယ်စဥ်တည်းက အိမ်တော်အတွင်းမှာအနိုင်ကျင့်ခံရ သိမ်ငယ်မှုတွေခံခဲ့ရပေမဲ့ ညီလေးနဲ့အစ်ကိုဖြစ်သူအပေါ်မှာသံယောဇဥ်ကြီးမားပြီး ထက်မြက်လှတဲ့ဉာဏ်ပညာကြောင့်အနာဂတ်မှာအမတ်ချုပ်ဖြစ်လာမဲ့ တတိယသခင်လေးရှဲ့ရွှမ်

သူတို့တွေနဲ့တွေ့ဆုံမှုလေးကဝမ်းကျိုရဲ့ မှောင်မိုက်နေတဲ့ဘဝလေးကိုရှေ့ဆက်သွားနိုင်မဲ့ မျှော်လင့်ချက်အလင်းတန်းတွေပေးခဲ့ပါတယ်။ ဝမ်းကျိူကသူရှာဖွေချင်တဲ့ကျောက်စိမ်းပြားပိုင်ရှင်ကိုရှာတွေ့နိုင်မလား?  စစ်မက်ကာလအတွင်းမှာ ပြည်သူတွေကိုဘယ်လိုမျိုးကာကွယ်မလဲ? ဝမ်းကျိူတစ်ယောက် ကံကြမ္မာကိုပြန်ပြင်ရေးနိုင်ပါ့မလား?

ကဲဒါလေးကတော့လေ မကြည့်မိရင်အသေအကြေနောင်တရမဲ့ကားမျိုးပဲ။ ဇာတ်ကောင်တစ်ခုချင်းစီတိုင်းကိုကအဓိပ္ပါယ်ရှိနေတာ။ ဇာတ်ရှိန်ကအဆုံးထိဆွဲခေါ်သွားနိုင်တာလုံးဝကိုပေါ့ပေါ့ပျက်ပျက်မဟုတ်ဘူး တစ်ပိုင်းပြီးတစ်ပိုင်းဆက်ကြည့်ချင်မဲ့ကားမျိုး ။ ဆွေးလိုက် ငိုလိုက် ရယ်လိုက်နဲ့တကယ့်မတူညီတဲ့ရသတစ်မျိုးကိုပေးနိုင်မဲ့ကားလေး... ကြည့်ပြီးရင် ရင်ထဲတစ်ခုခုတော့ကျန်သွားစေရမယ်🍃

#Review
#SoulAnimedom
#王府发家治夫之道
42🥰3💋2
စွမ်းစွမ်းတမံ ချန်ပေရွှမ်🧝‍♂️⚜️
(最强仙尊陈北玄) The Best Maestro


➡️https://t.me/SK2DAnimation/15459

ဇာတ်လမ်းအကျဉ်း

၂၁ရာစုကချန်ဖန် (ချန်ပေရွှမ်) ကမ္ဘာမြေကနေ စကြဝဠာကိုနယ်လှည့်နေတဲ့ အမတချန်းချင်းရဲ့ခေါ်ထုတ်သွားခံရပြီးနောက် ကျင့်ကြံခြင်းခရီးစဉ်ကို အစပြုဖြစ်သွားတော့တယ်။

ပါရမီထူးကဲတာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ကပ်ဘေးကျော်လွှားအဆင့်ကိုရောက်ခဲ့ပေမဲ့ ကျင့်ကြံမှုအခြေမခိုင် နောင်တတရားတွေပြည့်နေတော့ စိတ်နတ်ဆိုးကပ်ဘေးမှာ အသက်ပျောက်ခဲ့ရရှာတယ်။

ဒါပေမဲ့ မမျှော်လင့်ဘဲ အချိန်နောက်ပြန်ဆုတ်ပြီး တက္ကသိုလ်အရွယ်ကိုပြန်ရောက်နိုင်လိုက်တဲ့အခါမှာ  အတိတ်ဘဝကမှတ်ဉာဏ်၊ အတွေ့အကြုံတွေနဲ့ တစ်ဖန်ပြန်လည်ကျင့်ကြံရင်း မိသားစုဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်း၊ ချစ်ရသူ ဘယ်အရာမှလက်လွတ်မခံဘဲ နောင်တမချန်ခဲ့ဖို့ ကြိုးစားပါတော့တယ်။

တာအိုကျင့်ကြံမှုတွေပျောက်ဆုံးကုန်ပြီး ကိုယ်ခံပညာသိုင်းကျင့်ကြံမှုတွေလောက်သာ အဓိကကျန်ရှိတဲ့ခေတ်မှာ ကျင့်ကြံနိုင်သူဆိုတာ ဇာတ်မြှုပ်နေတဲ့ခေါင်းဆောင်ကြီးလိုဖြစ်တည်မှုမျိုးပါ။

ဒီလိုနဲ့ တစ်ဖန်ပြန်ကျင့်ကြံတဲ့ချင်ဖန်ဟာ ကမ္ဘာပေါ်က ဆရာ့ဆရာကြီးတွေဆီက ဘယ်လိုမျိုးလေးစားမှုရယူသွားမလဲ သူ့ကိုအထင်သေးမိသူတွေ ဘယ်လိုမျိုးမုန်းတီးနောင်တရနေကြမလဲ ???

ကဲကဲ တာအိုကျင့်ကြံအစွမ်းပြရုံတင်မက လူငယ်ဘဝ မြောက်ကြွမြောက်ကြွလေးတွေလည်းပါဝင်၊ ချစ်ရသူတွေကိုကာကွယ်ပေးတဲ့ နွေးထွေးမှုလေးကလည်း နောက်ကောက်ကျမကျန်ရှာတဲ့ ရသစုံစုံလေးကိုကြည့်ချင်တယ်ဆိုရင်တော့ SoulAnimedom မှာ ကြည့်ရှုလို့ရနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်နော် 🦥

#SoulAnimedom
#Review
#最强仙尊陈北玄
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
99🐳1
နတ်ကမ္ဘာကို စိန်ခေါ်တဲ့ စစ်သည်
Start with one penny
我在异界的弑神之路

🛡 https://t.me/SK2DAnimation/15786

စာအတော်ဆုံးကျောင်းသား ချိန်ကျစ်းလျောင်က သူကြိုက်တဲ့မိန်းကလေးနဲ့ နီးနီးကပ်ကပ်နေနိုင်ဖို့အတွက် ဂိမ်းကစားရန် ဖိတ်ကြားခြင်းခံခဲ့ရပေမဲ့ မိုးကြိုးသွားကြောင့် ဂိမ်းကမ္ဘာထဲရောက်ရှိသွားခဲ့ရတယ်။
ဂိမ်းထဲမှာရှင်သန်နိုင်ဖို့အတွက် အဆင့်မြှင့်တင်စဉ်မှာ အစဦးမှာတင် ဆရာကြီးနဲ့ကြုံတွေ့ပြီး သေဆုံးသွားခဲ့ရတယ်။

ဒါပေမဲ့ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားနဲ့ ပြန်လည်ရှင်သန်လာခဲ့တဲ့ ချိန်ကျစ်းလျောင်က ဒီလောကက ဂိမ်းကမ္ဘာမဟုတ်ပဲ အမှန်တကယ်စင်စစ်တည်ရှိပြီး သတ်ဖြတ်မှု‌တွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးဆိုတာကို   တဖြည်းဖြည်းသဘောပေါက်လာခဲ့တယ်။
လက်တွေ့ကမ္ဘာကိုပြန်လာနိုင်ဖို့အတွက်  ချိန်ကျစ်းလျောင်က လတ်ဗီးယားမှာ နတ်ဘုရားများကိုသတ်ရန် လမ်းစဉ်ကိုစတင်ခဲ့တယ်။
ဒီလိုဆိုးရွားတဲ့ တိုက်ပွဲတစ်လျှောက်မှာ နတ်ဘုရားတွေက ချိန်ကျစ်းလျောင်ရဲ့ ဓားချက်မှာ တစ်ယောက်ချင်း   ပြိုလဲကြကုန်ပြီး နောက်ဆုံးမှာ သူဒီဂိမ်းကမ္ဘာကို ရောက်ရှိလာရတဲ့ အဖြစ်မှန်ကို သိလိုက်ရချိန်မှာ‌တော့......

#SoulAnimedom
#我在异界的弑神之路
#Startwithonepenny
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
35🔥3
အန္တိမတက်လှမ်း ချင်ရှူးအစွမ်း 🐢
Cultivating the Supreme Dantian (开局签到至尊丹田)


🐢 https://t.me/SK2DAnimation/15848

လောကတစ်သောင်းကုန်းမြေကြီးမှာ ဂိုဏ်းပေါင်းစုံ၊ မျိုးနွယ်စုပေါင်းစုံ၊ နတ်ဘုရားမိသားစုတွေ စသဖြင့်ရှိကြပြီး စွမ်းအားသည်သာအရာရာ၊ ကျင့်ကြံရေးပါရမီဆိုတာ အဆင့်အတန်းကိုအဆုံးအဖြတ်ပေးနိုင်တဲ့အရာတစ်ခုပါ။

ဒီလိုလောကကြီးထဲမှာ နတ်ဘုရားသားတော်၁၈ ဟာ မိုးသိမြေသိ ကျင့်ကြံရေးပါရမီမပါတဲ့ အားနည်းသူလေးပါတဲ့။ အကြောင်းကတော့ သူ့ရဲ့ချီပင်လယ်ပြိုကွဲနေခဲ့တာကြောင့်ပင်။

ဒီလိုနဲ့ တစ်နေ့မှာ ချင်ရှူးတစ်ယောက် နတ်ဘုရားသားတော်၁၈ရဲ့ခန္ဓာထဲကို ဝိညာဉ်ကူးပြောင်းလာပြီး လောကအနှံ့လျှောက်သွားပြီး Sign in လုပ်ရုံနဲ့ အမိုက်စားဆုတွေပေးမဲ့စနစ်လေးပါ ရလိုက်ပါသေးတယ်။ အဲဒီနောက် ထာဝရလှုပ်ရှားမှုချီပင်လယ်ရသွားပြီး တစ်ဖက်မှာစတင်ကျင့်ကြံရင်း တစ်ဖက်မှာလည်း နေရာအနှံ့မှာ Sign in လုပ်ပြီး ပိုပိုစွမ်းအားကြီးလာပါတော့တယ်။

ဒါ့အပြင် မူလခန္ဓာပိုင်ရှင်ရဲ့ပွေလီမှုတွေကြောင့် နတ်ဘုရားသားတော်၁၈ထံ ဖမ်းပြီးပို့ခံလိုက်ရရှာတဲ့ နတ်သမီးတမျှချောမောပေမဲ့ လက်သံပြောင် ရတနာတိုက်အလုံးပေါင်းဒါဇင်ချီစားနိုင်သောသူ၊ ကျောက်စိမ်းရေကန်မှ ချစ်စဖွယ်သူတော်စင်မယ်လေး စတဲ့အလှပဂေးတွေနဲ့ပတ်သက်မိရင်း ချင်ရှူးတစ်ယောက် မဖြစ်မနေ အစွမ်းထုတ်ပြဖို့လိုလာပါတော့တယ်။

ဒီလိုနဲ့ ကျန်တဲ့နတ်ဘုရားသားတော်တွေကိုအနိုင်ပိုင်းကာ နောက်ဆုံးအောင်နိုင်သူဖြစ်လာပြီးသကာလ တဖြည်းဖြည်း လောကကြီးရဲ့လျှို့ဝှက်ချက်အမှန်တရားတွေကို သိလာရတဲ့အခါ….

လျှို့ဝှက်ချက်တွေ မြှုပ်ကွက်တွေအလယ်မှာ ချင်ရှူးတစ်ယောက် စနစ်ကိုဂုတ်ကဆွဲပြီး လောကတစ်သောင်းကိုအုပ်စိုးမဲ့ စွမ်းအားရှင်အရှင်သခင်ကြီးအဖြစ်ကို ဘယ်လိုတက်လှမ်းသွားမလဲဆိုတာကတော့…. 🦊

#Review
#SoulAnimedom
#开局签到至尊丹田
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
76😁1
ပြိုင်ဘက်ကင်းသိုင်းနတ်ဘုရား 🐍🌑 God of Martial Arts (绝世武神)

ကဲကဲ နှစ်ပေါင်းများစွာ ပြိုင်ဘက်ကင်းသိုင်းနတ်ဘုရား (လင်းဖန်စာစဉ်) ဖတ်လာသူတွေအတွက် ယခုအခါ Soul မှာ 2d လေးအဖြစ်ကြည့်ရှုနိုင်တော့မှာနော် 😍😍

https://t.me/SK2DAnimation/16099

ငါသေဖို့အတွက် အစီအစဉ်ချနေသူတွေ သူတို့ရဲ့သေခြင်းတရားကိုရှာပေးလိုက်မယ်။ ဟုတ်တယ် ငါက သေမင်း။ ငါ့နာမည်က Lin Feng…
ဇာတ်လမ်းအကျဉ်း

ကမ္ဘာမြေပေါ်က တက္ကသိုလ်စတုတ္ထနှစ်ကျောင်းသားလေးက ကားတိုက်ခံရပြီး ကျင့်ကြံရေးလောကက အမည်တူတဲ့ခန္ဓာကိုယ်ထဲ ဝိညာဉ်ကူးပြောင်းလာခဲ့သတဲ့။

ဒါပေမဲ့ မူလခန္ဓာပိုင်ရှင်ရဲ့ဝိညာဉ်ဟာ ပျောက်ကွယ်မသွားခဲ့ဘဲ ကမ္ဘာမြေကလာတဲ့ Lin Feng နဲ့ ဝိညာဉ်ချင်းပေါင်းစပ်သွားတဲ့အခါမှာ အမြွှာသိုင်းဝိညာဉ်ခရီးစဉ်လေးဟာ အစပြုခဲ့တော့တာပေါ့။

အမှိုက်သိုင်းဝိညာဉ်လို့ဝိုင်းခေါ်ကြတဲ့ မြွေသိုင်းဝိညာဉ်လေးရယ် အမျိုးအမည်မသိရတဲ့ မည်းမည်းသည်းသည်း အမှောင်သိုင်းဝိညာဉ်လေးရယ် လောကကြီးကိုဘယ်လိုကျွမ်းထိုးမှောက်ခုံဖြစ်စေမှာလဲ….

ကြည့်လိုက်ရင် သာမညောင်ညပုံနဲ့ Lin Feng ရဲ့မိဘတွေကရော တကယ်တမ်း ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ ???

Lin Feng တစ်ယောက် လောကကြီးကိုခြေဆန့်တဲ့အခါမှာ ဘယ်လိုအတားအဆီး၊ အခက်အခဲတွေနဲ့ ကြုံတွေ့ရလေမလဲ? သူရဲ့အချစ်ရေးလမ်းကြောင်းကရော ဖြောင့်ဖြူးနေပါ့မလား ?

ဒီလို စိတ်ဝင်စားစရာတွေအပြည့်နဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းမှတော့ အခုပဲ SoulAnimedomမှာ သိုင်းနတ်ဘုရားခရီးစဉ်ကို အတူလျှောက်လှမ်းလိုက်ရအောင်နော် 🤩🤩🐮

#Review
#SoulAnimedom
#绝世武神
81❤‍🔥8🤔6🥰2
နန်းတော်ပေါ်ကသွေးစွန်းပန်း
Breaking Off Engagement for the Prince   
当街退婚遇王爷


ချိန်တိုင်းပြည်မှ စစ်သူကြီး၏တစ်ဦးတည်းသော သမီးဖြစ်သူ မုကျိုစစ်တစ်ယောက် ပြန်လည်မွေးဖွားလာပြီး လက်စားချေရန် အခွင့်အ​ရေးရခဲ့တယ်။

သူမက ပြန်လည်မွေးဖွားလာတဲ့အချိန်မှာ မိသားစုကို ဖျက်ဆီးခဲ့တဲ့ ရန်သူတွေကို ပြန်လည် တိုက်ခိုက်ဖို့ ကြိုးစားပါတော့တယ်။

သူမနှင့် ရှောင်းယောင်းဝမ် ရွှီဟွိုက်ပေတို့သည် အတူတကွ ဘဝမုန်တိုင်းများစွာကို ဖြတ်သန်းပြီး အန္တရာယ်များစွာနှင့် ကြုံတွေ့ခဲ့ကြရသည်။

ချိန်ဝူတိုင်းပြည်နှစ်ခု စစ်ဖြစ်စဉ်တွင် မုအိမ်မှ စစ်တပ်တစ်တပ်လုံး ရှုံးနိမ့်သွားခဲ့ရာ....

နောက်ဆုံးမှာ သူမရဲ့ လက်စားချေမှုကရော ဘယ်လိုအဆုံးသတ်မလဲ....


#SoulAnimedom
#当街退婚遇王爷
41
စွယ်စုံရဆရာကြီး အလုပ်လက်မဲ့လေးမိမိ 🥷🦅
I'M A Loser and I KIlled the Gods    全民转职:无职的我终结了神明


ကျင့်ကြံပြီးနတ်ပြည်တက်ရတာ ငြီးငွေ့နေသူတွေအတွက် မကောင်းဆိုးဝါးတိုက်ထုတ်ပြီး ရှယ်ကြမ်းမဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ 🤗

ဇာတ်လမ်းအကျဉ်း

ဇာတ်လိုက်မင်းသားယွင်ချန်က စိမ်းကားတဲ့လောကကြီးတစ်ခုဆီ ဝိညာဉ်ကူးပြောင်းလာခဲ့ပါတယ်။ အဲဒီလောကကြီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း၇၀က မူမမှန်တဲ့အပြောင်းအလဲတွေဖြစ်ပြီးနောက် ဂိမ်းနဲ့လက်တွေ့လောကပေါင်းစပ်နေခဲ့တာပါ။

လူတွေက ဂိမ်းထဲကစွမ်းရည်တွေပိုင်ဆိုင်လာသလို အစဉ်အမြဲစွမ်းအားမြှင့်တင်ဖို့လုံးပမ်းနေရပါတယ်။ အကြောင်းကတော့ ဂိမ်းထဲက ကြောက်မက်ဖွယ်သားရဲမိစ္ဆာမျိုးစုံက လက်တွေ့လောကမှာ လာရောက်တိုက်ခိုက်ပြီးဖျက်ဆီးကြလို့ပါပဲ။

အဲဒီအခါမှာ လူသားတွေအတွက် စွမ်းအားကြီးအလုပ်အကိုင်တွေရွေးချယ်ပြီး စွမ်းရည်အမှတ်တွေမြှင့်တင်၊ မကောင်းဆိုးဝါးတွေကိုတိုက်ထုတ်ဖို့က အခရာဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ဇာတ်လိုက်ကျော်ကတော့ အလုပ်အကိုင်တစ်ခုကို သတ်သတ်မှတ်မှတ်မရွေးခဲ့ပါဘူး။ အကြောင်းကတော့ သူ့မှာ စနစ်ရှိထားတဲ့အတွက် နေ့စဉ်မစ်ရှင်လုပ်ရုံနဲ့ skill အမှတ်တွေကိုဖြည့်ပြီး ဘက်စုံကျွမ်းကျင်ဆရာကြီးဖြစ်နိုင်တာမို့ပင်။

ကဲ ဒီဘက်စုံကျွမ်းကျင်တဲ့ စွယ်စုံရဆရာကြီး မကောင်းဆိုးဝါးတွေ နတ်ဒေဝါတွေကို ဘယ်လိုနားရင်းအုပ်မလဲဆိုတာသိချင်ရင်တော့ အခုပဲ SoulAnimedom မှာ အပြေးလေးကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေနော် ⚔️😍

#SoulAnimedom
#Review
#无职的我终结了神明
66🥰1🤔1
ဆရာအရှင်၏ ကောင်းကင်ဖီဆန်ခရီးစဉ်🦁🐾
The Ten Great Emperors Are All My Disciples (开局十个大帝都是我徒弟)

သိုင်းလမ်းစဉ်အစီအရင်ပိုင်းမှာဆို မသိတာမရှိတဲ့ ကူရွှမ်ချန် နှစ်ပေါင်းသောင်းချီအောင် ချင်းယွင်ကုန်းမြေမှာ မရေမတွက်နိုင်တဲ့ လူရည်ချွန်တွေမွေးထုတ်ပေးခဲ့တယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ချိပ်စည်းနဲ့ပိတ်ထားခံရပြီး နှစ်တစ်သောင်းတိုင်အောင် ချီသန့်စင်ခြင်းအဆင့်မှာပဲ ပိတ်မိနေခဲ့တယ်။

ဒါပေမဲ့ ဆရာ့ဆရာကြီးဆိုတာ အလွယ်တကူလက်လျှော့ဖို့မဖြစ်နိုင်လေတော့ မိုးကြိုးပစ်ခံပြီး ချိပ်စည်းကိုဖျက်ဆီးဖို့တွေးပါတော့တယ်။ အတွေးကတော့လှပေမဲ့ လက်တွေ့မှာ အရိုးတခြားအသားတခြားဖြစ်ကာ သေဆုံးသွားရပြီး နှစ်ပေါင်း၇၀၀ကြာပြီးနောက် ကူမိသားစုရဲ့စွန့်ပစ်ခံ လော့မိသားစုရဲ့အသုံးမကျတဲ့သမက်ခန္ဓာထဲမှာ ပြန်လည်ဝင်စားလိုက်ရပါတော့တယ်။

ကောင်းတဲ့တစ်ချက်ကတော့ အဆင့်တက်မရအောင်ပိတ်ထားတဲ့ ချိပ်စည်းကိုချိုးဖျက်လိုက်နိုင်ခဲ့ပြီဆိုတာပါပဲ။ အဲဒီနောက် ဘဝအသစ်မှာ ကျင့်ကြံရေးခရီးလမ်းကို တစ်ဖန်လျှောက်လမ်းပြီး အနိုင်ကျင့်စော်ကားသူတွေကို ဘယ်လိုပြန်နှိမ်နင်းမလဲ ???

လောကတစ်ခွင်ပြဲပြဲစင်အောင် အသီးသီးရှိနေကြတဲ့ မိမိတပည့်တွေရဲ့မျိုးဆက်တွေနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ ???

အတိတ်ဘဝကချိပ်စည်းရဲ့နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်နက်နဲမှုတွေ ရှိနေတာလဲ ???

ကဲကဲ ဒီလိုစိတ်ဝင်စားစရာတွေပြည့်နေတဲ့ ဆရာအရှင်လေးကိုမြင်ချင်တယ်ဆိုရင်တော့ Soulanimedom မှာ စောင့်မျှော်ကြည့်ရှုလို့ရနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်နော် 🐣

#开局十个大帝都是我徒弟
#SoulAnimedom
#Review
71
မီးညောင်လေးရဲ့ ကံကြမ္မာ
为猫人生 Reborn as a Cat

11လပိုင်း 11 ရက်နေ့

https://t.me/SK2DAnimation/16336

ဇာတ်လမ်းအကျဉ်း

ချစ်စရာမိန်းကလေး ကျိမြောင်မြောင်ဟာ ခုမှလုပ်ငန်းခွင်ထဲကိုစရောက်လာတဲ့ လူသစ်လေးတစ်ယောက်ပါ

သူဟာတစ်ခါမှာတော့ ငွေပမာဏအမြောက်အများသုံးစွဲမှုနဲ့ပတ်သတ်ပြီး သူငယ်ချင်းဖြစ်သူရဲ့ချောက်ချမှုကို ခံခဲ့ရပါတယ်

ကံဆိုးချင်တော့ အခဲမကျေတဲ့ ကျိမြောင်မြောင်တစ်ယောက် လူဆိုးကိုလိုက်ဖမ်းနေစဉ်မှာပဲ  တိုက်ပေါ်ကပြုတ်ကျသွားခဲ့ပါတယ်

ကံကောင်းချင်ပြန်တော့ သူဟာသေကံမရောက်သက်မပျောက်ခဲ့ပါဘူး

ဒါပေမဲ့ ကံဆိုးချင်ပြန်တော့ သူဟာ ကြောင်မလေးတစ်ကောင်အဖြစ်ကို ထူးဆန်းစွာ အသွင်ပြောင်းသွားခဲ့ပါတယ်

အဲ ... ... ကံကောင်းချင်ပြန်တော့ သူဒီလိုကြောင်အသွင်ကိုပြောင်းသွားတာဟာ ယာယီရက်တစ်ရာစာပါပဲ

ဒါပေမဲ့လည်း အကြီးအကျယ်ကံဆိုးချင်ပြန်တော့ ကြောင်အသွင်ပြောင်းနေတဲ့သူ့ကို သူ့ရဲ့သူဌေးလုချန်ကျယ်က ကောက်ယူမွေးမြူခဲ့ပြီး ... ...

ကဲ ကြောင်မလေးရဲ့ဖြစ်ကြောင်းကုန်စင်ကိုသိချင်ရင်တော့ SoulAnimedom ကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်နော် 🍕

#SoulAnimedom
#Review
#为猫人生
38😁2
ယင်ကောင်ရိုက်တံစွဲကိုင်ထား အဲဒါဆရာသမား ♣️🫟
My Disciples are All Over the World (我的弟子遍布诸天万界)

မနာခံဘူးလား မနာခံရင် နာခံတဲ့အထိရိုက် 💥


ဇာတ်လမ်းအကျဉ်း

ကြောက်လန့်ခြောက်ခြားဖွယ်ရာ မည်းနက်မှောင်မိုက်နေတဲ့ညချမ်းအခါမှာ လူတစ်ယောက် မြေကြီးထဲကနေ တွားသွားထွက်လာခဲ့တယ်။ သူကတော့ နတ်ဘုရားနတ်ဆိုးသင်္ချိုင်းဝင်းထဲရောက်နေတဲ့ ဟွမ့်သွမ့်ပိုင်နက်အကြွင်းမဲ့ပိတ်လှောင်ခြင်းနယ်မြေထဲမှာရှိနေရမဲ့ လုချန်ပဲဖြစ်ပါတယ်။

သူမှတ်မိတဲ့ ဟွမ်းကူကုန်းမြေဟာ လွန်ခဲ့တဲ့နှစ်တစ်သိန်းကတည်းက ပြိုကျပျက်စီးနေခဲ့ပြီး လက်ရှိရောက်နေတာက ရှန်ဟိုင်ကုန်းမြေဖြစ်ကြောင်းသိလိုက်ရပြီးတဲ့နောက် ကျင့်ကြံရေးခရီးလမ်းကို တစ်ဖန်ပြန်စတင်ဖို့အတွက် အနီးစပ်ဆုံးလင်ရှီးဂိုဏ်းဆီချီတက်သွားပါတော့တယ်။

အဲဒီနောက် အတိတ်တုန်းကမိတ်ဆွေနောက်လိုက်ပေါင်းစုံနဲ့ပတ်သက်တဲ့မှတ်ဉာဏ်၊ မိမိရဲ့အသိပညာဗဟုသုတသောင်းခြောက်ထောင်တို့ကို အသုံးချပြီး ရက်ပိုင်းအတွင်း အထွတ်အထိပ်အကြီးအကဲမှသည် ဂိုဏ်းချုပ်ဖြစ်သွားလေသတည်း။

ဒီလိုနဲ့ လုချန်တစ်ယောက် ယင်ကောင်ရိုက်တံတစ်ချောင်းနဲ့ လောကတစ်ခွင်ပတ်ပြီး သင်ခန်းစာပေးနေတုန်းမှာပဲ အတိတ်က နောက်လိုက်ညီအစ်ကိုတပည့်ပေါင်းစုံတို့ရဲ့မျိုးဆက်တို့နဲ့ပါ တွေ့ဆုံဖြစ်ပြီး တစ်စတစ်စ အတိတ်ကအဖြစ်အပျက်တို့ကို ဇာတ်ရည်လည်လာခဲ့ပါတော့တယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ညီအစ်ကိုမိတ်ဆွေတို့ဇီဝိန်ကြွေခဲ့ကြတဲ့ နတ်ဘုရားသုတ်သင်တိုက်ပွဲဟာ တကယ်တော့ အကြံအစည်ကြီးတစ်ခုဖြစ်နေလေတဲ့အခါ…… လုချန်တစ်ယောက် အခက်အခဲပေါင်းသောင်းခြောက်ထောင်ကိုကျော်ဖြတ်ပြီး အတိတ်ကညီအစ်ကိုမိတ်ဆွေတွေကိုကယ်တင်ပေးနိုင်ပါ့မလား ????

ဟွမ့်သွမ့်ပိုင်နက်အကြွင်းမဲ့ပိတ်လှောင်ခြင်းနယ်မြေ၊ ကောင်းကင်သော့ကြိုး အစရှိတဲ့ လုချန်ကိုချုပ်နှောင်ပိတ်လှောင်ထားတဲ့အရာတွေက ဘာလျှို့ဝှက်ချက်တွေရှိနေခဲ့တာလဲ ???

ကဲ လျှို့ဝှက်ချက်ပေါင်းသောင်းခြောက်ထောင်သယ်ပိုးထားတဲ့ အမောင်လုချန်ကြီးရဲ့ ယင်ကောင်ရိုက်ချက်ကိုကြည့်ချင်ရင်တော့ အခုပဲ SoulAnimedom မှာကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်နော် 😍🎉

#SoulAnimedom
#Review
#我的弟子遍布诸天万界
80👍1🔥1
လောကဖီဆန်ဆေးလုံးနတ်ဘုရား
World Defying Dan God (傲世丹神)
2D I Got God Pulse in Beginning,Invincible

အခုတင်ဆက်ပေးမှာကတော့ (လောကဖီဆန်ဆေးလုံးနတ်ဘုရား World Defying Dan God )ရဲ့ 2D version လေးပဲ ဖြစ်ပါတယ်နော်


ဇာတ်လမ်းအကျဉ်း

လူငယ်လေး Shen Xiang က ဝိဇ္ဇာနတ်ဆိုးချောက်ကမ်းပါးမှာ ငရဲလင်ဇီးခူးဆွတ်နေချိန် ချောက်နက်ထဲ မတော်တဆပြုတ်ကျသွားပြီး နတ်မိမယ်လေးနဲ့ နတ်ဆိုးမလေးကို တွေ့ဆုံခဲ့ပါတယ်

အဲဒီမှာ ယင်းယန်နတ်သွေးကြောပါ ဆက်ခံရလိုက်ပြီး သိုင်းလမ်းစဉ်တင်မက ဆေးလုံးလမ်းစဉ်ပါကျင့်ကြံတဲ့ လမ်းစဉ်နှစ်မျိုးဆရာသမားကြီးဖြစ်လာသောအခါ

ကဲ အမွေအနှစ်ဆက်ခံရလိုက်တဲ့ လူငယ်လေး လောကမှာ ဘယ်လိုအစွမ်းပြပြီး သိုင်းလမ်းစဉ်နဲ့ ဆေးလုံးလမ်းစဉ်ရဲ့အထွတ်အထိပ်ကိုလျှောက်လှမ်းသွားမှာလဲ ???

နတ်မိမယ်လေးနဲ့ နတ်ဆိုးမလေးတို့ကြား ဒီလူငယ်လေးရဲ့ရပ်တည်မှုက ဘာဖြစ်မလဲ ???

လူငယ်လေးရဲ့ခရီးစဉ်တစ်လျှောက် အခုပဲ SoulAnimedom ကနေ အတူလိုက်ပါကြရအောင်နော် 🦉

#SoulAnimedom
#傲世丹神
#Review
#2D
46
ခန္ဓာသန့်စင်အဆင့်တစ်သိန်းရဲ့တစ်ကိုယ်တော်ဇာတ် 💥🐬
one hundred thousand layers of body refining (炼体十万层)


ဇာတ်လမ်းအကျဉ်း

ကျင့်ကြံရေးကိုအဓိကထားတဲ့ခေတ်မှာ မွေးဖွားလာတဲ့ရွှမ်းယွမ်မင်ဟာ သူမတူအောင်ပါရမီထူးချွန်ခဲ့ပေမဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ကျင့်ကြံဖို့မသင့်တော်တာကြောင့် ခန္ဓာသန့်စင်ခြင်းအဆင့်မှာပဲတစ်နေခဲ့ပါတယ်။

မိမိရဲ့ဆရာ၊ မိတ်ဆွေ၊ လက်အောက်ငယ်သား အသီးသီး အထက်ဘုံတက်သူကတက်၊ သေသူကသေနဲ့ ရွှမ်းယွမ်မင်ကတော့ နှစ်ပေါင်းများစွာကြာအောင် တစ်ယောက်တည်း ကျင့်ကြံရင်းရုန်းကန်ခဲ့ရလေတယ်။ ဒီလိုနဲ့ ခေတ်ကာလတွေပြောင်းလဲပြီး နှစ်ပေါင်း၅၀၀၀အကြာမှာတော့ ဝိညာဉ်စွမ်းအင်တွေနည်းပါးလာတဲ့ ၂၁ရာစုခေတ်ကိုရောက်ရှိလာခဲ့ပါတယ်။

တက္ကသိုလ်မှာ ဆရာလုပ်ရင်း တစ်ဖက်မှာလည်း ကြိုးစားကျင့်ကြံနေပေမဲ့ အဆင့်တက်နိုင်ဖို့ ကြာလေပိုခက်ခဲလာတာကြောင့် ဝိညာဉ်ဆေးပင်ရှာဖွေဖို့အတွက် နည်းလမ်းပေါင်းစုံကြံရပါတော့တယ်။

လေလံပွဲတွေသွားလိုက်၊ လျှို့ဝှက်နယ်မြေစူးစမ်းလိုက်နဲ့ ကျင့်ကြံဖို့ကိုသာ အာရုံပြုပေမဲ့ သိတဲ့အတိုင်း ကိုယ်ကပြဿနာကိုမရှာရင်တောင် ပြဿနာက ခြေထောက်ပေါက်ပြီးလာရှာနေလေတဲ့အခါ……

ကျင့်ကြံရေးကိုသာ အာရုံစိုက်ထားချင်တဲ့ ရွှမ်းယွမ်မင်တစ်ယောက် နှစ်ပေါင်းများစွာမျှော်လင့်ခဲ့ရတဲ့ အဆင့်တက်နိုင်ဖို့ဆန္ဒကို အောင်မြင်စွာဖြည့်ဆည်းလိုက်နိုင်မှာလား ???

ခုန်ဆွခုန်ဆွနဲ့ရောက်လာတဲ့ပြဿနာတွေကိုရော ဘယ်လိုမျိုးကန်ထုတ်ဖြေရှင်း၊ သင်ခန်းစာပေးသွားမှာလဲ ???

နှစ်ပေါင်းထောင်ချီ မအိုမမင်းအသက်ရှင်လာပြီး ခန္ဓာသန့်စင်ခြင်းအဆင့်တစ်သိန်းရှိနေရတဲ့နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာများလဲ ???

ကဲ သိချင်တယ်ဆိုရင်တော့ အခုပဲ SoulAnimedom မှာ စောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြရအောင်နော် 🐣🍒

#SoulAnimedom
#Review
#炼体十万层
63❤‍🔥1
လယ်စိုက်ကြစို့သူငယ်ချင်း အောက်အီးအီးအွတ် 🌾🐓
The Strongest Warrior Just Wants a Peaceful Farming Life (絕世強者只想回家種田)


ကမ္ဘာမြေကလူငယ်လေး ကျင့်ကြံရေးလောကကိုဝိညာဉ်ကူးပြောင်းလာပြီးနောက် စနစ်ခိုင်းသမျှ မစ်ရှင်အကုန်ကြိုးစားလုပ်ခဲ့လေတယ်။ အနုပညာ၊ အတတ်ပညာ အမျိုးပေါင်း၃၆၀လောက် ကြိုးစားလုပ်ကိုင်ပြီးနောက် စနစ်ရဲ့စွန့်ပစ်ခြင်းခံလိုက်ရရှာသတဲ့။

သိုင်းဝိညာဉ်မရှိ သိုင်းသမားမဖြစ်နိုင်ဘူးဆိုပေမဲ့ ဘဝကိုအလျှော့မပေးဘဲ လယ်စိုက် စက်ရုံထောင် ပစ္စည်းတွေရောင်းပြီး အေးချမ်းတဲ့နေ့စဉ်ဘဝလေးကိုဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်ရှာတယ်။

ဒါပေမဲ့ သူမသိတာက သူစိုက်ထားတဲ့ သစ်ပင်မြက်ပင်တွေက ဝိညာဉ်စွမ်းအင်ကြွယ်ဝပြီး နတ်ဆေးအလားအစွမ်းထက်၊ မွေးထားတဲ့ သားရဲတိရစ္ဆာန်တွေက ဒဏ္ဍာရီလာနတ်သားရဲတွေဖြစ်၊ အလကားရလာတဲ့မြင်းက နဂါးမျိုးနွယ်စုရဲ့မင်းသားဖြစ်၊ ဒါတင်မကသေးပါဘူး။

တတ်ထားတဲ့အသိပညာဗဟုသုတတွေနဲ့ ပစ္စည်းကောင်းလေးဖန်တီးလိုက်တာ လောကကြီးကိုတုန်လှုပ်စေတဲ့ မှော်ရတနာလက်နက်တွေဖန်တီးမိနေလေရဲ့။ အမှတ်မထင်ပြောလိုက်တဲ့စကား၊ အာရုံလာလို့သီဆိုမိတဲ့သီချင်း၊ ဘာရယ်မဟုတ်ရေးလိုက်တဲ့လက်ရေးလှကဗျာတို့ဟာ လောကကြီးကိုဗြောင်းဆန်သွားစေလေသတဲ့။

ဒီလိုနဲ့ သူမသိလိုက်ခင်မှာပဲ ဒီကျင့်ကြံရေးလောကသားတွေရဲ့အမြင်မှာ ကမ္ဘာမြေဆိုတာ အဆင့်မြင့်တားမြစ်နယ်မြေကြီးဖြစ်နေပြီး သူကတော့ ထိပ်ခေါင်ဇာတ်မြှုပ်ဆရာကြီးဖြစ်သွားတော့တာပေါ့။

ကဲ လူငယ်လေးတွေအကြိုက် စွမ်းအားတွေတဖြူးဖြူးချပြရင်း တစ်ဖက်မှာလည်း အူတက်အောင်ရယ်ရမဲ့ ဒီအမိုက်စားကားလေးကို အခုပဲ SoulAnimedom မှာကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေနော် 🐸

#ReviewByCarrot
#SoulAnimedom
#Anime
#絕世強者只想回家種田
109🔥2
ထည်ဝါခံ့ညား ဆရာသမား ♦️🌟
No.1 Grandmaster in History (史上第一祖师爷)

အကယ်၍များ ရှောင်းယန်၊ ရှီဟောက် (ခေါ်) ဟွမ်းနဲ့ ဝမ်လင်တို့ တစ်နေရာတည်းမှာဆုံဖြစ်ခဲ့သည်ရှိသော်……


အဟမ်းအဟမ်း ကျွန်တော်ကတော့ ကမ္ဘာမြေကနေ ကျင့်ကြံရေးလောကဆီ ဝိညာဉ်ကူးပြောင်းခံလိုက်ရသူပဲဖြစ်ပါတယ်။ သိတဲ့အတိုင်း စနစ်သခင်ကြီးကလည်း နောက်ကလိုက်လာပြီး တပည့်လက်ခံ၊ ဂိုဏ်းထောင်၊ ဘိုးဘေးဆရာလုပ်ဖို့ အသက်အန္တရာယ်နဲ့ လာခြိမ်းခြောက်ပါတယ်။

ဒီအခါမှာတော့ အသက်လေးကိုကာကွယ်ဖို့အတွက် ရှိုးစမိုးအပြည့်နဲ့ဝတ်စားဆင်ယင်ပြီးနောက် တပည့်ရှာပုံတော်ခရီးထွက်လိုက်ပါတော့တယ်။ အဲဒီမှာတွေ့လိုက်ရတာကတော့…..

အသက်၆လတောင်မပြည့်သေးဘဲ အထွတ်အထိပ်တာအိုအုတ်မြစ်လုယူခံလိုက်ရရှာတဲ့ ရှီထျန်းဟောက်…… ငယ်စဉ်ကတည်းကပါရမီရှင်ဖြစ်ခဲ့ပေမဲ့ လက်စွပ်တစ်စုံကြောင့် ကျင့်ကြံဆင့်နောက်ပြန်ဆုတ်ပြီး လူတကာစော်ကားခံရကာ စေ့စပ်ပွဲဖျက်သိမ်းခံရတော့မဲ့ရှောင်းယန်…..

မြို့စားမင်းအိမ်တော်က ကိုယ်လုပ်တော်ရဲ့သားဖြစ်ပြီး မိခင်အတွက်ဂုဏ်ဆောင်ပေးချင်ပေမဲ့ အမြဲတစေ အနိုင်ကျင့်ခံနေရရှာတဲ့ကျူးယိ……

ကျင့်ကြံရေးဂိုဏ်းထဲဝင်ရောက်ဖို့ရာ ပါရမီမပါတာကြောင့်ဖြုတ်ချခံလိုက်ရပြီး အသက်နဲ့ရင်းကာ အသေအကျေကြိုးစားဝင်ရောက်ခဲ့ပေမဲ့ အထင်သေးစော်ကားမှုတွေသာခံရတဲ့ဝမ်လင်……

ကဲ အစရှိတဲ့ဒီကလေးတွေကို ရင်ခွင်ပိုက်ပြီး လောကကြီးကိုစိုးမိုးနိုင်အောင် အားတက်သရော ပျိုးထောင်ပေးလိုက်ကြရအောင် 😉🙈

#SoulAnimedom
#Review
#史上第一祖师爷
39