Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
828 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
ရုရှားဆိုဗီယက်ယူနီယံ၏ Город герой (သူရဲကောင်းတို့၏ မြို့တော်)များထဲတွင် တစ်မြို့အပါအဝင်ဖြစ်တယ့် Смоленск (စမားလန်းစ်ခ်)လို့ခေါ်တဲ့ ရုရှားရဲ့ ရှေးကျတဲ့မြို့တော် မော်စကိုမြို့ကို ကာကွယ်ပေးထားတဲ့ မြို့တစ်မြို့လဲ ပါဝင်ပါတယ်။

Смоленск မြို့သည် ၈၆၃ ခုနှစ်မှ စတင်တည်ခဲ့သော Днепр/Дняпро (ဒညင်ဖ်/ဒညာပရာ) မြစ်ကမ်းနားဘေးရှိ ရှေးဟောင်းရုရှားမြို့တစ်မြို့ ဖြစ်သည်။ ၎င်းသည် ရာစုနှစ်ပေါင်းများစွာ အနောက်ဘက်မှ မော်စကိုသို့ သွားရာလမ်းကို ပိတ်ဆို့ထားသော ယုံကြည်စိတ်ချရသည့် ခံတပ်မြို့တစ်ခုအဖြစ် တည်ရှိလုပ်ဆောင်ခဲ့သည်။ ထိုမြို့အား သုံးသပ်ပြောပြမည်ဆိုလျှင် Смоленск ၏ မြင်ကွင်းများသည် သမိုင်းကြောင်းအရ သူရဲကောင်းဆန်သော စာမျက်နှာများကို ထင်ဟပ်စေသည်။

Смоленск မြို့သည် အမျိုးသားရွေးချယ်ရေး အဆင့်သတ်မှတ်ချက်အနေဖြင့် ရုရှားပြည်သူများမှ မဲပေးရွေးချယ်သော “Город России” ရုရှား၏ မြို့တော် ရွေးချယ်ပွဲတိုင်းတွင် ၁ မှ ၁၀ အတွင်းဝင်သော မြို့တစ်မြို့ဖြစ်သည်။ စမားလန်းစ်ခ် မြို့သည် ရုရှားဆိုဗီယက်၏ သူရဲကောင်းမြို့တော်ဟုခေါ်သော “Город-герой” ဆုတံဆိပ်အား ၁၉၈၅ ခုနှစ် မေလ ၆ ရက်နေ့တွင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိခဲ့ပြီး လီနင်၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ပထမအဆင့် မျိုးချစ်စစ်ပွဲ၏ ဆုတံဖြစ်သည့် ရွှေကြယ်တံဆိပ် ချီးမြှင့်ခြင်းခံရသည်။

ရုရှားသမိုင်းတွင် စမားလန်းစ်ခ်မြို့အား “город-щит” (ဒိုင်းမြို့)၊ “щит России” (ရုရှား၏ဒိုင်း) နှင့် “город-ключ” (အဓိကမြို့) အဖြစ် လူသိများပြီး ရာစုနှစ်များစွာကြာအောင် မော်စကိုမြို့အား ယုံကြည်စိတ်ချရမှု ရှိစေရန် ကာကွယ်ပေးခဲ့ပြီး ဥရောပအိမ်နီးချင်းများစွာ၏ ကျူးကျော်ဝင်ရောက်မှုမှ ကာကွယ်ပေးခဲ့သည်။ စမားလန်းစ်ခ် လူမျိုးများ၏ ရဲစွမ်းသတ္တိနှင့် ကိုယ်ကျိုးမဖက်မှုတို့ကြောင့် ဓနသဟာယဘုရင်(ဆွီဒင်ဘုရင်)ဖြစ်သော Сигизмунд III (စီဂီစ်မူန်) ၏ ကြီးမားသောစစ်တပ်ကြီးကို တိုက်ထုတ်နိုင်ခဲ့သည်။ စမားလန်းစ်ခ် ခံတပ်သည် လပေါင်း ၂၀ ကြာ ဝိုင်းရံခြင်းကို ခံနိုင်ရည်ရှိခဲ့သော စမားလန်းစ်လ် လူမျိုးများ၏ ခံနိုင်ရည်ရှိမှုနှင့် မျိုးချစ်စိတ်ဓာတ်သည် သူရဲကောင်း Кузьма Минин (ကူဇီမာ မီနင်) နှင့် Дмитрий Михайлович Пожарский (ဒမီသရီ မီခါလာဗိခ်ျ ပါဇျာရ်စကီး) တို့သည် ဆွီဒင်ဘုရင်၏ ကျူးကျော်သိမ်းပိုက်ခြင်းမှ မြို့အားကာကွယ်ပေးခဲ့သည့်အပြင် မော်စကိုမြို့တော်သို့မရောက်အောင် ကာကွယ်ပေးခဲ့သည့် ပြည်သူ့စစ်အရေးတော်ပုံအတွက် စံနမူနာပြအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

စမားလန်းစ်ခ်မြို့တော်သည် မော်စကိုမြို့၏ အနောက်ဘက် ၃၇၈ ကီလိုမီတာအကွာတွင် တည်ရှိပြီး ကားလမ်းဖြင့် ၄၁၀ ကီလိုမီတာ ကွာဝေးပါသည်။ စမားလန်းစ်ခ်မြို့သည် မော်စကိုမှ ဘီလာရုစ်၊ ဘောလ်တစ်ပြည်နယ်၊ အလယ်ပိုင်းနှင့် အနောက်ဥရောပနိုင်ငံများသို့ဆက်သွယ်သွားလာနိုင်သော လမ်းကြောင်းများပေါ်တွင် တည်ရှိသည့် ပထဝီအနေအထားအရ အားသာချက်ရှိသော မဟာဗျူဟာမြောက် မြို့တစ်မြို့ဖြစ်သည်။ မြို့သည် အနောက်မှ အရှေ့သို့ ၂၅ ကီလိုမီတာနှင့် မြောက်မှတောင်သို့ ၁၅ ကီလိုမီတာ ရှည်လျားသည်။ ၎င်း၏နယ်မြေသည် ၁၆၆.၃၅ စတုရန်း:ကီလိုမီတာ ကျယ်ဝန်းသည်။

၁၇ ရာစု နှောင်းပိုင်းကတည်းက စမားလန်းစ်ခ် သည် စစ်ပွဲများနှင့် ဝိုင်းရံပိတ်ဆို့မှုများကြောင့် ပျက်စီးသွားသော စမားလန်းမြို့တော်ကို ကို ပြန်လည်တည်ဆောက်ခဲ့သည်။ ၁၇၀၈ ခုနှစ်မှစ၍ ၎င်းသည် စမားလန်းစ်ခ် ပြည်နယ်၏ ဗဟိုဖြစ်လာခဲ့သည်။

၁၉၁၈ ခုနှစ် ဧပြီလတွင် ပထမကမ္ဘာစစ်အတွင်း ဂျာမန်တပ်များက Brest စာချုပ်ဖြင့် လွတ်လပ်သော ဘီလာရုမြေများကို သိမ်းပိုက်ခြင်းနှင့်ပတ်သက်၍ မော်စကိုဒေသ၏ စမားလန်းစ်ခ် ပြည်နယ်သည် အနောက်တိုင်းဒေသများ နှင့် အနောက်တိုင်း၏ အုပ်ချုပ်ရေး ဗဟိုချက်ဖြစ်လာခဲ့သည်။ ထို့နောက် အုပ်ချုပ်ရေးအဖွဲ့အား မင့်စ်ခ် မှ စမားလန်းစ်ခ် ဒေသသို့ ပြောင်းရွှေ့ခဲ့သည်။

အနောက်တိုင်းဒေသကို အခြေခံ၍ ၁၉၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဆိုရှယ်လစ်ဆိုဗီယက်သမ္မတနိုင်ငံ ဘီလာရုစ် ကို ဖွဲ့စည်းခဲ့သည်။ ဇန်နဝါရီလ ၇ ရက်နေ့တွင် SSRB(ССРБ) ၏ အစိုးရသည် စမားလန်းစ်ခ် မှ မင့်စ်ခ် သို့ ပြန်ပြောင်းခဲ့ပြီး ၁၉၁၉ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ЦК РКП(б) ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် စမားလန်းစ်ခ် ဒေသကို RSFSR(РСФСР) သို့ လွှဲပြောင်းခဲ့သည်။

ဒုတိယကမ္ဘာစစ် မဟာမျိုးချစ်စစ်ပွဲအတွင်း ၁၉၄၁ ခုနှစ် ဇူလိုင်လ ၁၀ ရက်မှ စက်တင်ဘာလ ၁၀ ရက်အထိ စမားလန်းစ်ခ်ဒေသ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မော်စကိုသို့ သိမ်းပိုက်ရန် ချီတက်လာသော ဂျာမန်တပ်များ အင်အားလျော့နည်းအောင် ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်မှ ဇူလိုင်လ ၂၈ ရက်အထိ မြို့တော်ကာကွယ်ရေးကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဂျာမန်တပ်များက မြို့ကို သိမ်းပိုက်ခဲ့သည်။ မဟာမျိုးချစ်စစ်ပွဲ အတွင်း စမားလန်းစ်ခ် ဒေသပိုင်နက်တွင် နာဇီကျူးကျော်သူများသည် ရွာပေါင်း ငါးထောင်ကျော်ကို မြေပြင်တွင် မီးရှို့ခဲ့ပြီး ရွာသားများနှင့်အတူ ရွာပေါင်း ၃၀၀ ကျော်ကို မီးရှို့ခဲ့သည်။ သာမန်အရပ်သား အသေအပျောက် အရေအတွက်မှာ စုစုပေါင်း လူ ၅၄၆ဝဝဝ ဖြစ်သည်ဟု ထူးထူးခြားခြား နိုင်ငံတော်
ကော်မရှင်က ဆုံးဖြတ်ခဲ့သော်လည်း အဆိုပါ ကိန်းဂဏန်းများမှာ လျှော့နည်းစွာ တွက်ချက်ထားခြင်း ဖြစ်သည်။ စမားလန်းစ်ခ်ဒေသသည် (Смоленско-Рославльской операции) စစ်ဆင်ရေးအတွင်း ဂျာမန်တို့၏ သိမ်းပိုက်မှုမှ ၁၉၄၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့တွင် လွတ်မြောက်ခဲ့သည်။

စမားလန်းစ်ခ်မြို့အား ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ရန် ဆုံးဖြတ်ချက်ကို ၁၉၈၅ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။ စမားလန်းစ်ခ် အနီး တိုက်ပွဲကြောင့် မော်စကိုမြို့တော်ကို နာဇီဂျာမန်များမှ ဗုံးကျဲတိုက်ခိုက်မည့် အစီအစဉ်မှာ ပျက်ပြားသွားခဲ့ရသည်။ စမားလန်းစ်ခ်မြို့ကို ဇွန်လ ၂၄ ရက်တွင် နာဇီဂျာမန်များမှ ဗုံးကြဲခဲ့ပြီး၊ ၁၉၄၁ ခုနှစ် ဇူလိုင် ၁၀ ရက်မှ စက်တင်ဘာ ၁၀ ရက်အထိ ကြာမြင့်သည့် ကျော်ကြားသော စမားလန်းစ်ခ် တိုက်ပွဲ စတင်ခဲ့သည်။ ဂျာမန်စစ်တပ်၏ အရွယ်အစားသည် မြို့၏ ကာကွယ်ရေးအင်အား အရေအတွက်ထက် ၂ ဆ ကျော်လွန်သွားကြောင်း သိရသည်။ အတိအကျအရေအတွက် ဆိုရလျှင် လေးဆ ရှိသည်ဟုလည်း သိရသာ်။ စမားလန်းစ်ခ် အနီးတွင် ဆိုဗီယက် တပ်နီတော်သည် ကြီးမားသော ဆုံးရှုံးမှုအဖြစ် လူဦးရေ ၇ သိန်းခန့် သေဆုံးခဲ့ရသော်လည်း နာဇီဂျာမန်များ၏ အစီအစဉ်ကို အကောင်အထည်မဖော်နိုင်စေရန် ကာကွယ်နိုင်ခဲ့ပြီး ဆောင်းရာသီ၏ အေးခဲသော ရာသီဥတုမစတင်မီ ရန်သူထိုးစစ်ကို ရပ်တန့်နိုင်စေခဲ့သည်။

၁၉၄၁ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် နာဇီများသည် မြို့တွင်းသို့ ဝင်ရောက်ခဲ့သည်။ ၁၉၄၃ ခုနှစ် စက်တင်ဘာလအထိ ဒေသခံများသည် သိမ်းပိုက်မှုအောက်တွင် မြေအောက်အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရသည်။ စမားလန်းစ်ခ် တိုက်ပွဲအတွင်း ဆိုဗီယက်တပ်များသည် Yelnya ကို လွတ်မြောက်စေပြီး မော်စကိုဘက်သို့ ချီတက်မည့် နာဇီများကို တားဆီးခဲ့သည်။ ရလဒ်အားဖြင့် လူပေါင်း ၂၆၀ ကို ဆိုဗီယက်ယူနီယံ၏ သူရဲကောင်းဘွဲ့ ချီးမြှင့်ခဲ့ပြီး လူ တစ်သောင်း သည် အမျိုးမျိုးသော စစ်ဘက်ဆိုင်ရာဆုများ ရရှိခဲ့သည်။

ဂျာမန်တို့ သိမ်းပိုက်စဉ်အတွင်း စမားလမ်းစ်ခ်ဒေသ၏ ဆေးရုံ ၂၃ ရုံ၊ စာသင်ကျောင်း ၃၃ ကျောင်း၊ ဓာတ်အားပေးစက်ရုံ၊ ရေပေးဝေရေး၊ ဓာတ်ရထားဌာန၊ စက်မှုလုပ်ငန်းအားလုံးနှင့် မီးရထားလမ်းဆုံတို့ကို ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စမားလန်းမြို့ နှင့် ၎င်း၏ဆင်ခြေဖုံးများတွင် နာဇီဂျာမန်များသည် စစ်သုံ့ပန်းများနှင့် အရပ်သား ၁၃၅၀၀၀ ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ပြီး လူပေါင်း ၂၀၀၀၀ ကျော်ကို ဂျာမနီတွင် အဓမ္မလုပ်အားပေးခိုင်းစေရန်အတွက် စေလွှတ်ခံခဲ့ရသည်။ စစ်ကြိုခေတ် စမားလန်းစ်ခ် တွင် နေထိုင်သူ ၁၇၀၀၀၀ နီးပါးအနက် ၂၀၀၀၀ ခန့်သည် လွတ်မြောက်ပြီးနောက် မြို့ထဲတွင် ကျန်နေခဲ့သည်။ မြို့ထဲတွင် စစ်သုံ့ပန်းများထားရှိရာ စခန်းအမှတ် ၁၂၆ စခန်းတစ်ခုရှိ၍ အကျဉ်းသားများအား အကြောင်းပြချက်မရှိဘဲ နေ့စဉ်နှင့်အမျှ သတ်ဖြတ်မှုများ ပြုလုပ်ခြင်း၊ ငတ်မွတ်မှုနှင့် ကပ်ရောဂါများကြောင့် သေဆုံးမှုနှုန်းများမှာ များပြားခဲ့သည်။ လွတ်မြောက်ပြီးနောက် ဤစခန်းရှိ အကျဉ်းသားများ၏ သင်္ချိုင်းနေရာများတွင် အလောင်း ၆၀၀၀၀ ကျော် တွေ့ရှိခဲ့သည်။

၁၉၅၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် ရှေးဟောင်းသုတေသနပညာရှင် Даниил Антонович Авдусин ဦးဆောင်သော မော်စကိုတက္ကသိုလ် လေ့လာရေးအဖွဲ့သည် Соболев လမ်းတွင် တူးဖော်မှုများအတွင်း စမားလန်း တွင် ပထမဆုံးသော “берестяная грамота”ကို တွေ့ရှိခဲ့သည်။

လက်ရှိကာလတွင် စမားလန်းစ်ခ်ဒေသအား အောက်ပါ ခရိုင်(၃)ရိုင်ဖြင့် ဖွဲ့စည်းအုပ်ချုပ်သည်-
၁။ Заднепровский ခရိုင်
၂။ Промышленный ခရိုင်
၃။ Ленинский ခရိုင်

စမားလန်းစ်ခ်တွင် ပညာရေးဆိုင်ရာ ကျောင်းပေါင်း(၅၀)ခန့်ရှိသည်။ ၎င်းတို့မှာ -
🔹Смоленский колледж телекоммуникаций
🔹Смоленский политехнический колледж
🔹Смоленский строительный колледж
🔹Смоленский педагогический колледж
🔹Смоленский базовый медицинский колледж
🔹Смоленская академия профессионального образования
🔹Смоленский автотранспортный колледж им. Е.Г. Трубицина
🔹Колледж Смоленского Государственного института искусств
🔹Колледж Смоленского гуманитарного университета
🔹Международный колледж современных технологий
🔹Смоленский колледж лёгкой промышленности и индустрии моды
🔹Смоленский кооперативный техникум
🔹Смоленский торгово-экономический техникум
🔹Смоленский индустриальный техникум
🔹Смоленский технологический техникум
🔹Смоленский вечерний текстильный техникум
🔹Смоленский юридический техникум Международного Юридического Института
🔹Смоленское областное музыкальное училище им. М. И. Глинки
🔹Юридического колледжа Российской секции Международной полицейской ассоциации
🔹Московского колледжа железнодорожного транспорта
👍1
🔹Московского финансового колледжа
🔹Смоленский государственный университет
🔹Смоленский государственный медицинский университет
🔹Смоленская государственная сельскохозяйственная академия
🔹Смоленская государственная академия физической культуры, спорта и туризма
🔹Военная академия войсковой противовоздушной обороны Вооружённых сил РФ им. маршала Советского Союза А. М. Василевского
🔹Смоленский государственный институт искусств
🔹Смоленский гуманитарный университет
🔹Смоленский институт бизнеса и предпринимательства
🔹Смоленская Православная Духовная Семинария
🔹Смоленский филиал Московского энергетического института
🔹Финансовый университет при Правительстве Российской Федерации
🔹Российская академия народного хозяйства и государственной службы при Президенте Российской Федерации
🔹Российский государственный открытый технический университет путей сообщения
🔹Российского университета кооперации
🔹Российский государственный университет туризма и сервиса
🔹Российский государственный аграрный заочный университет
🔹Российский государственный торгово-экономический университет
🔹Московского государственного университета путей сообщения (МИИТ)
🔹Московский государственный открытый университет
🔹Московского государственного университета технологий и управления
🔹Московского автомобильно-дорожного института
🔹Московская государственная академия коммунального хозяйства и строительства
🔹Московского государственного университета экономики, статистики и информатики
🔹Орловская региональная академия государственной службы
🔹Саратовской государственной академии права
🔹Смоленский институт экономики
🔹Санкт-Петербургской академии управления и экономики
🔹Современная гуманитарная академия
🔹Московский новый юридический институт
🔹Московской академии экономики и права
🔹Московский институт индустрии моды
🔹Академия права и управления
🔹Санкт-Петербургский институт внешнеэкономических связей, экономики и права
🔹Международный юридический институт при Министерстве юстиции Российской Федерации
🔹Международный институт экономики и права
🔹Институт управления и права г. Москвы
🔹Смоленский научно-исследовательский институт сельского хозяйства

စမားလန်းစ်ခ် ဒေသအနေဖြင့် ရရှိခဲ့တဲ့ ဆုတံတွေကတော့
🎖️ Город-герой ( သူရဲကောင်းတို့ရဲ့မြို့) (၁၉၈၅ ခုနှစ် မေလ ၆ ရက်)
🎖️ Орден Ленина (လီနင်၏ဆုတံဆိပ်) (၁၉၈၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်)
🎖️ Орден Отечественной войны (မျိုးချစ်အောင်ပွဲဆုတံဆိပ်) (၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၃ ရက်)

မှတ်ချက်

Днепр/Дняпро (ဒညင်ဖ်/ဒညာပရာ) မြစ်သည် ဥရောပတွင် စတုတ္ထအရှည်ဆုံး မြစ်ဖြစ်ပြီး စုစုပေါင်းအရှည်မှာ ခန့်မှန်းခြေအားဖြင့် ၂၂၀၀ ကီလိုမီတာ (၁၄၀၀ မိုင်)ရှည်ပြီး ယူကရိန်း၏ စီးပွားရေးအတွက် အရေးကြီးသော/ သွားလာနိုင်သော ရေလမ်းတစ်ခုဖြစ်ပြီး Dnieper–Bug Canal မှတဆင့် ဥရောပရှိ အခြားရေလမ်းများနှင့် ချိတ်ဆက်ထားသည်။

ССРБ ရဲ့ အရှည်ကောက်ကတော့ Савецкая Сацыялістычная Рэспубліка Беларусь (Belarusian) သို့မဟုတ် Социалистическая Советская Республика Белоруссия (Russian) လို့လဲ ခေါ်ကြပါတယ်။

ЦК РКП(б) ရဲ့ အရှည်ကောက်ကတော့ Центральный Комитет Коммунистической Партии Советского Союза ဖြစ်ပါတယ်။

РСФСР ရဲ့ အရှည်ကောက်ကတော့ Российская Социалистическая Федеративная Советская Республика ဖြစ်ပါတယ်။

берестяная грамота (ဘီရီစ်ကျာနာရာ ဂရာမာသာ) ဆို‌တာကတော့ ဘုစ်အခေါက်များ ပေါ်တွင် စာအက္ခရာများ ထွင်းထားသည့် (မြန်မာနိုင်ငံရှိ ပေစာ)သဘောမျိုးဖြစ်သည်။ ဘုစ်အခေါက်ပေါ်ရှိ စာများနှင့် မှတ်တမ်းများနှင့် Birch အခေါက်စာတမ်းများသည် လူ့အဖွဲ့အစည်း၏ သမိုင်းနှင့် အလယ်ခေတ်လူများ၏ နေ့စဉ်ဘဝနှင့် အရှေ့စလာဗစ် ဘာသာစကားများ၏ သမိုင်းဆိုင်ရာ အရင်းအမြစ်များအဖြစ် အဓိကစိတ်ဝင်စားဖွယ်ဖြစ်သည်။ ၂၀၂၀ ခုနှစ်အထိ Великий Новгород(ဗျယ်လီကီးရ် နော့ဖ်ဂါရာ့ထ်)၊ ရုရှား၊ ယူကရိန်းနှင့် ဘီလာရုစ်နိုင်ငံရှိ အခြားမြို့များတွင် ဘုစ်စာ အခေါက်ပေါင်း ၁၁၀၀ ကျော် တွေ့ရှိခဲ့သည်။
👍2
အောက်ဖော်ပြပါ မူကြမ်းပုံဟာ ၁၉၆၀ ခုနှစ်များတွင် ဆိုဗီယက်ရဲတပ်ဖွဲ့မှ လူမျိုးစုများရဲ့ ရုပ်ရည်အသွင်အပြင်ကို အခြေခံ၍ သံသယရှိသူများကို ဖော်ထုတ်ရန်အတွက် အသုံးပြုသည့် ပုံကြမ်းများပဲ ဖြစ်ပါတယ်။

၎င်းကတ်ကို မျက်နှာပုံစံများဖြင့် ခွဲခြားသတ်မှတ်ရန်အတွက် ဆိုဗီယက်ယူနီယံရှိ ရဲများက အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။ မူလက ၎င်းကို အမျိုးမျိုးသော mugshot(ရဲတပ်ဖွဲ့ရဲ့ မှုခင်းဓာတ်ပုံ)များအပေါ် အခြေခံ၍ ဆိုဗီယက် ရာဇ၀တ်မှုခင်း ပညာရှင်အဖွဲ့မှ တီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။

စတင်တီထွင် အသုံးပြုသည့် ရက်အတိအကျကို မသိရသော်လည်း ဆိုဗီယက်သတင်းရင်းမြစ် အနည်းငယ်ပေါ်တွင် အခြေခံ၍ ၎င်းမျက်နှာပုံကြမ်းများကို ၁၉၆၀-၁၉၆၅ ခုနှစ်တွင် ပြုလုပ်ခဲ့ကြောင်း မှတ်ယူထားကြပါတယ်။

USSR ၏ နိုင်ငံသား မှတ်ပုံတင်ခြင်းဆိုင်ရာ စာရွက်စာတမ်း ဖြည့်သွင်းမှုများတွင် ဖြည့်စွက်မှု နှစ်ခုပါဝင်ပါတယ်။ အဲ့ဒါကတော့
гражданство (နိုင်ငံသား)(ဆိုဗီယက်) နှင့် национальность (နိုင်ငံသား/လူမျိုးစု/လူမျိုး) (အာမေးနီးယန်း၊ ရုရှား၊ ဂျူး၊ ကာဇက်) စသည်ဖြင့် သတ်မှတ်ထားခဲ့ကြပါတယ်။ ၎င်း национальность (နိုင်ငံသား/လူမျိုးစု/လူမျိုး) သည် SSR ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေများအနက်မှ နိုင်ငံသားဖြစ်ခွင့် သို့မဟုတ် နေထိုင်မှုနှင့် တန်းတူ မဟုတ်သော်လည်း သီးခြားလွတ်လပ်ကြောင်း သိရှိရပါတယ်။ ဥပမာ သင်သည် ယူကရိန်း SSR တွင် မွေးဖွားကြီးပြင်းလာသော "နိုင်ငံသား- ကာဇက်" ဟူ၍ ဆိုဗီယက် နိုင်ငံသားဖြစ်နိုင်ပါတယ်။

ဆိုဗီယက်ယူနီယံသည် လူမျိုးပေါင်းစုံ ကွဲပြားမှုများရှိသော နိုင်ငံဖြစ်ပြီး ကွဲပြားသောလူမျိုးစုပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရပါတယ်။ ၁၉၉၀ ခုနှစ် ခန့်မှန်းချက်အရ အများစုမှာ ရုရှားလူမျိုးများ (50.78%)၊ ယူကရိန်းလူမျိုးများ (15.45%) နှင့် ဥဇဘက္ကစ္စတန်လူမျိုးများ (5.84%) တို့ဖြစ်ကြောင်း သိရပါတယ်။

ဆိုဗီယက် ယူနီယံတွင် ရုရှား၊ ဘီလာရုစ်နှင့် ယူကရိန်းနိုင်ငံသားများသည် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများ တူညီကြပြီး အခြားလူမျိုးစုများကမူ နီးကပ်စွာဆက်ဆံရေး ရှိခဲ့ကြပါတယ်။
👍1