Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
828 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
ရုရှားလွှတ်တော်ဖွဲ့စည်းပုံအကြောင်း
တစ်စေ့တစောင်း
===================

Spotify မှာဖြစ်စေ၊ Podcasts မှာဖြစ်စေ
Russian with Max ဆိုတဲ့ account ကနေ
comprehensible Russian Podcast ဆိုတဲ့
channel ထောင်ထားပြီး podcast တွေကို
အခမဲ့နားထောင်လို့ရပါတယ်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့တုန်းက
အဲ channelမှာ တင်ထားတဲ့
russian podcast တစ်ခုကို
နားထောင်နေတာ အတော်ကြာပါပြီ။
Podcast နာမည်က How the elections
to the State Duma are arranged ပါ။
ရုရှားလိုကတော့ Как построены выборы
в госдуму ဖြစ်ပါတယ်။
Podcast ထဲမှာတော့ госдума လို့ခေါ်တဲ့
the State of Duma ထဲမှာ
တာဝန်ထမ်းဆောင်ရမယ့်အမတ်တွေအတွက်
ရွေးချယ်တဲ့ပုံစံကို ပြောပြာပေးထားပါတယ်။

ရုရှားပါလီမန်ကို
Федеральное собрание Российской Федерации လို့ခေါ်ပါတယ်။
မြန်မာလိုဆိုရင်တော့
ရုရှားဖက်ဒရေးရှင်း၏ဖက်ဒရယ်လွှတ်တော်(သို့)
ဖက်ဒရယ်အဖွဲ့အစည်းလို့ ခေါ်ဆိုနိုင်ပါတယ်။
ဖက်ဒရယ်လွှတ်တော်ကို
အပိုင်း ၂ ပိုင်းနဲ့ ဖွဲ့စည်းထားပါတယ်။
Upper house of parliament(верхняя палата) နဲ့
Lower house of parliament(нижняя палата) ဖြစ်ပါတယ်။
ဥပမာအားဖြင့် UK မှာဆိုရင်လည်း
two house system ရှိပါတယ်။
The House of Lords နဲ့
The House of Commons ဖြစ်ပါတယ်။
Upper house(верхняя палата) ကိုတော့
Federation Council(Совет Федерации) လို့ခေါ်ပြီး နာမည်အပြည့်အစုံကတော့
Совет Федерации Федерального Собрания Российской Федерации(СФФС РФ)
ဖြစ်ပါတယ်။ UK လိုဆိုရင်တော့
The House of Lords နဲ့ပုံစံတူပါတယ်။
Lower house of parliament(нижняя палата) ကိုတော့
The State Duma(Государственная Дума)
လို့ခေါ်ပြီး နာမည်အပြည့်အစုံကတော့
Государственная дума Федерального собрания Российской Федерации (ГДФС РФ)ဖြစ်ပါတယ်။ Госдума လို့လည်း
အတိုကောက်ခေါ်ပါသေးတယ်။
UK မှာဆိုရင်တော့
The House of Commons ဖြစ်ပါတယ်။
Federation Council(Совет Федерации)
လို့ခေါ်တဲ့ upper house မှာ
နေရာ ၁၇၀ ရှိပြီးတော့ The State Duma(Государственная Дума)
လို့ခေါ်တဲ့lower house မှာတော့
နေရာပေါင်း ၄၅၀ ရှိပါတယ်။

The State Duma(Государственная Дума)
ရဲ့နေရာတွေကို ဘယ်လိုရွေးချယ်ကြသလဲ။
==============================
နေရာပေါင်း ၄၅၀ ရှိပြီး
ထိုနေရာမှာ ထိုင်ခွင့်ရတဲ့သူတွေကို
Deputy(Депутат) လို့ခေါ်ဆိုပါတယ်။
မြန်မာမှာဆိုရင်တော့ အမတ်ပေါ့။
ထို депутат တွေကို
ရုရှားဖက်ဒရေးရှင်းနိုင်ငံသားတွေက
၅ နှစ်ကို တစ်ကြိမ် ပြန်လည်ရွေးကောက်ပါတယ်။
Госдума က ဘာအလုပ်တွေလုပ်ရသလဲဆိုရင်
ဥပဒေတွေကို အကြမ်းဖျင်းရေးဆွဲရတာမျိုး၊
website တွေကို ပိတ်သင့်၊
မပိတ်သင့် ဆုံးဖြတ်ရတာမျိုး၊
apple store တို့ google playstore တို့မှာရှိတဲ့
application တွေထဲက ဘယ်ဟာတွေကတော့
နိုင်ငံရဲ့ ပြဌာန်းထားတဲ့ဥပဒေတွေနဲ့
မကိုက်ညီတဲ့အတွက်ပိတ်သင့်တယ်ဆိုတာမျိုး
စသည်ဖြင့် ဆုံးဖြတ်ရပါတယ်။
госдума ရဲ့နေရာပေါင်း ၄၅၀ ကိုရွေးချယ်တဲ့အခါ
အပိုင်း ၂ ပိုင်းရှိပြီးတော့
အပိုင်း ၂ ပိုင်းနဲ့ ရွေးချယ်တဲ့ စနစ်ကို
mixed system(смешанная система)
လို့ခေါ်ဆိုပါတယ်။
ပထမတစ်ပိုင်းကတော့
လူကို ရွေးကောက်တင်မြှောက်တာဖြစ်ပြီး
နေရာပေါင်း ၄၅၀ ရဲ့ တစ်ဝက်ဖြစ်တဲ့
၂၂၅ နေရာအတွက် ဖြစ်ပါတယ်။
ဒုတိယတစ်ပိုင်းကတော့ ရွေးကောက်ပွဲမှာ
ဝင်ပြိုင်ကြတဲ့ ပါတီတွေအကုန်လုံးကမှ
ရွေးကောက်ခံရတဲ့ ပါတီတွေအတွက်က
၂၂၅ နေရာဖြစ်ပါတယ်။

ပထမ ၂၂၅ နေရာအတွက် နယ်မြေသတ်မှတ်ပုံ
========================
ရွေးကောက်ခံနယ်မြေသတ်မှတ်ပုံကတော့
single - member electoral district လို့ခေါ်တဲ့
одномандатный избирательный округ
ပုံစံဖြစ်ပါတယ်။
округ ဆိုတာကတော့
နယ်မြေအပိုင်းအခြားတစ်ခုဖြစ်ပြီး
ထိုနယ်မြေထဲမှာ
район တစ်ခု၊ နှစ်ခု သို့မဟုတ် သုံးခုအထိအောင်
ပါဝင်နေနိုင်ပါတယ်။ ဥပမာအားဖြင့်
Moscow province ဆိုတဲ့နာမည်အောက်မှာ
округ ပေါင်း ၁၁ ခုရှိတဲ့အတွက်
အမတ်ပေါင်း ၁၁ ယောက် ရှိပါမယ်။
Moscow province (Московская область) တစ်ခုဖြစ်တဲ့ балашийский округ မှာဆိုရင်
Балашиха, Мытищи, Реутов ဆိုတဲ့
နယ်မြေ ၃ ခုကိုပေါင်းပြီး
округ တစ်ခုပြုလုပ်ထားပါတယ်။
မော်စကိုမြို့ဆိုတဲ့ နာမည်အောက်မှာ
округ ပေါင်း ၁၅ ခုရှိတဲ့အတွက်
အမတ်ပေါင်း ၁၅ ယောက်ဖြစ်ရပါတယ်။
ရွေးကောက်ပွဲစည်းမျဉ်းအရ
ရုရှားနိုင်ငံမှာ district(округ) ပေါင်း
၂၂၅ ခုရှိပြီး district(округ) တစ်ခုချင်းစီကနေ
ရွေးချယ်ခံရတဲ့ အမတ်(депутат) ဟာ
The State Duma(Государственная Дума)
ကို ရောက်ရှိလာတာဖြစ်တဲ့အတွက်
အမတ်ပေါင်း ၂၂၅ ယောက်ဖြစ်သွားပါတယ်။
single - member electoral district
ပုံစံဖြစ်တဲ့အတွက် ထို district မှာ
ရွေးကောက်ခံအမတ်လောင်း(кандидат)
မည်မျှပင် ရှိစေကာမူ နောက်ဆုံးမှာ
တစ်ယောက်ပဲ အရွေးချယ်ခံရပြီး
госдума လို့ခေါ်တဲ့ lower house ကို
ရောက်ရှိလာမှာပါ။
ထို ရွေးကောက်ခံအမတ်လောင်းတွေဟာ
ပါတီတစ်ခုခုကနေ ဖြစ်နိုင်သလို
တစ်သီးပုဂ္ဂလလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ တချို့နေရာတွေမှာတော့
ပါတီတစ်ခုခုကလူက
တစ်သီးပုဂ္ဂလအဖြစ်ဟန်ဆောင်ကာ
ဝင်ပြိုင်ပြီး ရွေးကောက်ခံရတော့မှ
ပါတီရဲ့လူပြန်ဖြစ်သွားတတ်တာ
မျိုးတွေလည်း ရှိပါတယ်။ တစ်သီးပုဂ္ဂလကို
самовыдвиженец လို့ခေါ်ဆိုပါတယ်။

ဒုတိယ ၂၂၅ နေရာအတွက် နယ်မြေသတ်မှတ်ပုံ
=========================
ဒုတိယ ၂၂၅ နေရာအတွက်ကလည်း
နယ်မြေသတ်မှတ်ပုံက အပေါ်ကအတိုင်းပါပဲ။
မတူတာတစ်ခုကတော့ ထိုနယ်မြေမှာ
ဝင်ပြိုင်တဲ့ပါတီတွေအတွက်ကိုပဲ
ဆန္ဒမဲပေးရတာဖြစ်ပါတယ်။
district ပေါင်း ၂၂၅ ခုကနေ ပါတီတွေအတွက်
ပေးတဲ့မဲအရေအတွက်ရာခိုင်နှုန်းအပေါ်မူတည်ပြီး
အမတ်နေရာရှိတာဖြစ်တဲ့အတွက်
ရာခိုင်နှုန်းများများရလေလေ
lower house လို့ခေါ်တဲ့ госдума ထဲမှာ
ပါတီဝင်အမတ်အရေအတွက်များလေ ဖြစ်ပါတယ်။
ဥပမာအားဖြင့် (က)ပါတီက
၅၀ ရာခိုင်နှုန်းရတယ်ဆိုရင်
lower house ထဲမှာ အမတ်နေရာပေါင်း
၁၁၂ နေရာ ရရှိနိုင်မှာဖြစ်ပါတယ်။
ဒါပေမဲ့ percentage barrier သို့မဟုတ်
electoral barrier လို့ခေါ်တဲ့
процентный барьер ဆိုတာ ရှိပါတယ်။
ဘာကိုဆိုလိုချင်တဲ့လဲဆိုရင်တော့
တကယ်လို့ပါတီတစ်ခုခုရဲ့မဲရရှိမှုဟာ
၅ ရာခိုင်နှုန်းနဲ့ ထိုအောက်ကို ရောက်ခဲ့မယ်ဆိုရင်
ထိုပါတီဟာ lower house(госудума) ထဲမှာ
နေရာတစ်ခုမှ ရမှာမဟုတ်ပါဘူး။

မဲပေးပုံ
====
ဆန္ဒမဲပေးမည့်သူဟာ бюллетень လို့ခေါ်တဲ့
မဲလက်မှတ်နှစ်ခုကို ရပါတယ်။
တစ်ခုကတော့ ရွေးကောက်ခံအမတ်တွေအတွက်
မဲပေးဖို့ရာဖြစ်ပြီး နောက်တစ်ခုကတော့
ရွေးကောက်ခံပါတီတွေအတွက် ဖြစ်ပါတယ်။

ပါတီများ
====
၂၀၂၁ ခုနှစ်၊ ဂျူလိုင် ၂၆ ရက်နေ့အထိအရဆိုရင်
ပါတီပေါင်း ၃၀ ကျော်ရှိပါတယ်။
၂၀၂၁ ခုနှစ်госдума ရွေးကောက်ပွဲမှာတော့
ပါတီပေါင်း ၁၄ ခုပဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ထိုပါတီတွေထဲမှာမှပါတီ ၆ ခုကပဲ
госдума ထဲမှာ နေရာရခဲ့ပါတယ်။
Единая Россия (ညီညွတ်သောရုရှားပါတီ)
ပါတီရဲ့ခေါင်းဆောင်တွေက
de facto အရ
လက်ရှိရုရှားသမ္မတဗလာဒီမာပူတင်ဖြစ်ပြီး
de jure အရကတော့
ဒီမထရီ မက်ဗီဒေ့ဗ်ဖြစ်ပါတယ်။
ထိုပါတီက госдума ထဲမှာ ၃၂၆ နေရာရရှိထားပြီး
သူ့နောက်မှာတော့ Коммунистическая партия
Российской Федерации (КПРФ) လို့ခေါ်တဲ့
ရုရှားဖက်ဒရေးရှင်းကွန်မြူနစ်ပါတီက ၅၇ နေရာ
ရရှိပါတယ်။
အမှန်တရားအတွက်တရားမျှတသောပါတီလို့
အဓိပ္ပါယ်ရတဲ့Справедливая Россия — За правду (СРЗП) က ၂၈ နေရာရရှိထားပါတယ်။
သူ့နောက်မှာလိုက်တာက
လစ်ဘရယ်-ဒီမိုကရက်တစ်ပါတီလို့ အဓိပ္ပါယ်ရတဲ့
Либерально-демократическая партия России (ЛДПР) က၂၃ နေရာရရှိပါတယ်။
လူသစ်များပါတီလို့ အဓိပ္ပါယ်ရတဲ့
Новые люди(партия) ကတော့ ၁၅ နေရာရှိထားပြီးParty of Growth လို့ခေါ်တဲ့ Партия Роста ကတော့ တစ်နေရာ ရရှိထားပါတယ်။
ညီညွတ်သောပါတီက ၃၂၆ နေရာကို
ရထားတာဖြစ်တဲ့အတွက် госдума မှာ
အကြောင်းကိစ္စတစ်ခုကို မဲခွဲဆုံးဖြတ်မယ်ဆိုရင်
အလိုလိုထောက်ခံ/ကန့်ကွက်တာကို
ပြုလုပ်နိုင်တဲ့ပုံစံဖြစ်နေပါတယ်။

C Thu Htet
👍1
၁၉၁၄ ခုနှစ်တွင် ဂျာမန်တို့ သိမ်းပိုက်ရရှိခဲ့တဲ့ ဆိုဗီယက်ရုရှားတို့ရဲ့ ရွှေ့ပြောင်း၍ အကာအကွယ်ယူ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့ ဒိုင်းကာတစ်ခုရဲ့ ပုံပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့အားနည်းချက်ကတော့ သံမဏိပြားတွေရဲ့ လေးလံတဲ့အလေးချိန်ကြောင့် လူနဲ့နေရာရွှေ့ပြောင်းရန်အတွက် အလွန်ခက်ခဲမှုရှိပါတယ်။ အဲ့ဒီအတွက် ၎င်းဒိုင်းကာများကို အများအားဖြင့် မြင်းများနဲ့ ချိတ်ဆွဲနေရာရွှေ့ပြောင်း ခဲ့ကြတယ်လို့ သိရှိရပါတယ်။

ထို့အပြင် မဟာစစ်ပွဲရဲ့ စစ်မြေပြင်တွေမှာ အဓိကလူသတ်သမားဟာ အမြောက်များ၊ ရိုင်ဖယ်များနှင့် စက်သေနတ်များ မဟုတ်ပဲ ရိုင်ဖယ်နှင့် စက်သေနတ်ပစ်ခတ်မှုမှ ကာကွယ်ရန် ပြုလုပ်ထားတဲ့ ထိုဒိုင်းများကြောင့် သေကျေရမှုတွေ ရှိတယ်လို့ သိရပါတယ်။ လက်နက်ကြီး ထိမှန်မှုကြောင့် ဒိုင်းကာမှ သံမဏိပြားတွေဟာ လွင့်စင်ပြီး အသုံးပြုသူ စစ်သည်တွေရဲ့ ဦးခေါင်းတွေကို ထိမှန်သေဆုံးစေခဲ့တာကြောင့်ဟု သိရှိရပါတယ်။
ရုရှား အက္ခရာစကားလုံး(၅)လုံး အစဉ်လိုက်ဖြင့် မေးနိုင်သော အမေးဝါကျသည် တစ်ခုတည်းသာ ရှိပါတယ်။

အဲ့ဒါကတော့ “ ဖြူကောင် ဘယ်မှာလဲ?” ဆိုတဲ့
“ Где ёж? ” ပဲဖြစ်ပါတယ်။
👍1
ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့သည် လွန်ခဲ့သော ၁၉၄၃ ခုနှစ် ဖေဆဖာ်ဝါရီလ ၂ ရက်နေ့တွင် ဆိုဗီယက်တပ်များ စတာလင်ဂရက် တိုက်ပွဲတွင် နာဇီတပ်များအား အနိုင်ရခဲ့သည့်နေ့ဖြစ်ပါတယ်။ အဲ့အတွက် ယနေ့ဟာ ရုရှားနိုင်ငံ၏ ဂုဏ်ကျက်သရေနေ့(အောင်ပွဲနေ့)အဖြစ် ရုရှားနိုင်ငံ၌ ကျင်းပကြပါတယ်။ ယနေ့အား အားလပ်ရက်/ရုံးပိတ်ရက် အဖြစ် ၁၉၉၅ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ဖက်ဒရယ်ဥပဒေအမှတ် № 32-ФЗ အရ "ရုရှား စစ်တပ်၏ ဂုဏ်ကျက်သရေ (အောင်ပွဲနေ့များ)” မှာ ထည့်သွင်းခဲ့ပါတယ်။

စတာလင်ဂရက် တိုက်ပွဲသည် ဆိုဗီယက် ယူနီယံ၏ မဟာမျိုးချစ်စစ်ပွဲအတွင်း အကြီးဆုံးတိုက်ပွဲများထဲမှ တစ်ခုဖြစ်ပြီးတော့ ဒုတိယကမ္ဘာစစ်ရဲ့ အချိုးအကွေ့တစ်ခုဖြစ်ပါတယ်။ ဧရိယာစတုရန်းကီလိုမီတာ တစ်သိန်းခန့်၊ ရှေ့ဘက် ကီလိုမီတာ ၄၀၀ မှ ၈၅၀ အတွင်း တိုက်ပွဲတွင် ပါဝင်သူ စစ်သည် ၂.၁ သန်းကျော် ပါဝင်ပါတယ်။ တိုက်ပွဲရဲ့ ပထမအဆင့်ဖြစ်တယ့် Stalingrad မဟာဗျူဟာခံစစ် စစ်ဆင်ရေးဟာ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၁၇ ရက်မှ နိုဝင်ဘာလ ၁၈ ရက်အထိ ကြာမြင့်ခဲ့ပါတယ်။

၁၉၄၂ ခုနှစ် နွေရာသီအတွက် ချမှတ်ထားသည့် ဖက်ဆစ်ဂျာမန်များရဲ့ ကွပ်ကဲမှု အစီအစဉ်များတွင် ဆိုဗီယက်နိုင်ငံ တောင်ဘက်ရှိ ဆိုဗီယက်တပ်များကို ချေမှုန်းခြင်း၊ ကော့ကေးဆပ်၏ ရေနံဒေသများ၊ ဒွန်နှင့် ကူဘန်တို့၏ ကြွယ်ဝသော စိုက်ပျိုးရေးဒေသများကို သိမ်းပိုက်ခြင်း၊ ဗဟိုနှင့် ချိတ်ဆက်ထားသော ဆက်သွယ်ရေး လမ်းကြောင်းများကို တိုက်ခိုက်ပြီး အဆက်အသွယ် ဖြတ်တောက်ရေးတို့ ဖြစ်ပါတယ်။ ကော့ကေးဆပ် နှင့် တိုင်းပြည်၏ အခြေအနေများ ဖန်တီး၍ မိမိတို့နိုင်ငံ၌ စစ်ပွဲများ ချုပ်ငြိမ်းရေး အတွက် အကျိုးရှိသည်။

၁၉၄၂ ခုနှစ် နွေရာသီနှင့် ဆောင်းဦးရာသီအတွက် စစ်ဆင်ရေးများ စီစဉ်သည့် ဂျာမန် အဆင့်မြင့် ကွပ်ကဲမှုအဖွဲ့အား ဟစ်တလာမှ ၁၉၄၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော ညွှန်ကြားချက် အမှတ် ၄၁ ဖြင့် လမ်းညွှန်ခဲ့ခြင်း ဖြစ်ပါတယ်။

၁၉၄၂ ခုနှစ် ဇွန်လကုန်တွင် ရန်သူသည် အရာရှိ/စစ်သည် ၉ သိန်းခန့်၊ တင့်ကား ၁၂၆၀ စီး၊ အမြောက် ၁၇၀၀၀ နှင့် တိုက်ခိုက်ရေး လေယာဉ် ၁၆၄၀ စီးတို့ကို Kursk မှ Taganrog အထိ ကီလိုမီတာ 600-650 အကွာတွင် စုစည်းထားခဲ့ကြောင်း သိရပါတယ်။

သို့သော် ဆိုဗီယက်တပ်များသည် ရန်သူအား ပြတ်ပြတ်သားသား တိုက်ထုတ်ခဲ့ပြီး လေးလအကြာတွင် စတာလင်ဂရက် အနီးတွင် တန်ပြန်ထိုးစစ်ကို စတင်ခဲ့ပါတယ်။ တိုက်ပွဲ၏ ဒုတိယအဆင့်အနေဖြင့် စတာလင်ဂရက် ထိုးစစ်စစ်ဆင်ရေးအဖြစ် ၁၉၄၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စတင်ခဲ့ပါတယ်။

စတာလင်ဂရက်ကို ခုခံကာကွယ်မှုအဖြစ် သူရဲကောင်းဆန်သော ရက်ပေါင်း ၂၀၀ သည် ဆိုဗီယက် သမိုင်းတစ်လျှောက်တွင် သွေးထွက်သံယိုနှင့် အရက်စက်ဆုံး သမိုင်းနေ့ရက်များပဲ ဖြစ်ပါတယ်။ ထိုအချိန်က မြို့ကို လက်နက်ချခြင်းသည် စစ်တပ်နှင့်သာမက အယူဝါဒဆိုင်ရာ ရှုံးနိမ့်မှုနှင့်လည်း ညီမျှပါတယ်။ အဲ့အတွက် ရပ်ကွက်တိုင်း၊ အိမ်တိုင်းအတွက် တိုက်ပွဲများ ဖြစ်ပွားနေပြီး စတာလင်ဂရက်၏ ဗဟိုဘူတာရုံသည် အပြန်အလှန် တိုက်ခိုက်သိမ်းယူခြင်း ၁၃ ကြိမ်တိုင်အောင် ဖြစ်ပွားခဲ့ပါတယ်။ စတာလင်ဂရက်မြို့ကို ကာကွယ်နေစဉ်အတွင်း ဆိုဗီယက် အရာရှိ/စစ်သည် ခုနစ်သိန်းကျော် သေဆုံး/ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဒီစစ်ဆင်ရေးအတွင်းမှာ ဆိုဗီယက်တပ်တွေဟာ ဂျာမန်တပ်တွေရဲ့ အဓိကတပ်တွေကို ဝန်းရံဖျက်ဆီးနိုင်ခဲ့ပါတယ်။ စတာလင်ဂရက် တိုက်ပွဲအတွင်း ရန်သူသည် ဆိုဗီယက်-ဂျာမနီ ရှေ့တန်းတွင် လှုပ်ရှားနေသော သူ၏တပ်ဖွဲ့များ၏ စုစုပေါင်း လေးပုံတစ်ပုံခန့်ဖြစ်တယ့် လူတစ်သန်းခွဲခန့် ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။ ၁၉၄၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စတာလင်ဂရက် တိုက်ပွဲတွင် ပါဝင်တယ့် ဂျာမန်တပ်များ၏ တပ်မှူး F. Paulus ဟာ လက်နက်ချခဲ့ပါတယ်။

၁၉၄၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့ဟာ စတာလင်ဂရက် တိုက်ပွဲရဲ့ အဆုံးသတ်နေ့ပဲ ဖြစ်ပါတယ်။

၁၉၄၅ ခုနှစ် မေလ ၁ ရက်နေ့တွင် စစ်ဦးစီးချုပ်၏ အမိန့်ဖြင့် စတာလင်ဂရက်အား သူရဲကောင်းမြို့တော် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။ ၁၉၆၅ ခုနှစ် မေလ ၈ ရက်နေ့မှာ စတာလင်ဂရက်ဟာ орден Ленина (Order of Lenin) နဲ့ Золотая Звезда (Gold Star) တံဆိပ်ကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

စတာလင်ဂရက်တွင် နှစ်စဉ် ဖေဖော်ဝါရီလ ၂ ရက်နေ့ရောက်တိုင်း ကျင်းပြပြုလုပ်တယ့် အောင်ပွဲနေ့အထိမ်းအမှတ်ထဲမှ Мамаев курган ပေါ်ရှိ “Родина-мать зовет” ရုပ်တုမှာ ကျင်းပပြုလုပ်တယ့် ပွဲတော်ကတော့ အစည်ကားဆုံး ဖြစ်ပါတယ်။

“Родина-мать зовет” လို့ နာမည်ပေးထားတယ့် ရုပ်တုကို ၁၉၆၇ ခုနှစ် စတင်ထုဆစ်ချိန်၌ ကမ္ဘာ့အကြီးဆုံး အလွတ်တန်း ပန်းပုရုပ်တုဖြစ်ခဲ့ပြီးတော့ ယနေ့ခေတ်မှာတော့ အဲ့ဒီရုပ်တုဟာ ကမ္ဘာပေါ်တွင် အမြင့်ဆုံးသော အမျိုးသမီးတစ်ဦး၏ ရုပ်တုဖြစ်ပါတယ်။
👍1
МГУ ၊ နိုင်ငံခြားဘာသာစကားဌာနရဲ့ ဒုဌာနမှူးရေးထားတဲ့
ရုရှားဘာသာစကားမှာရှိတဲ့ ဝိရောဓိလေးတွေ၊
အဓိပ္ပါယ်နှစ်ခွလေးတွေ၊ ထူးဆန်းတာလေးတွေအကြောင်းပါ။

🪆🐻
выражение(expression) ဖြစ်တဲ့
,, ты мне очень нужен" နဲ့
,,очень ты мне нужен" တို့မှာ
ты мне очень нужен က ပုံမှန်အဓိပ္ပါယ်နဲ့
ပြောတာဖြစ်ပြီး очень ты мне нужен ကတော့
ထေ့လုံး။ ငေါ့လုံး(sarcasm) ဖြစ်ပါတယ်တဲ့။
ты очень нужен мне ကတော့
ပုံမှန်အသုံးတစ်ခုပါ။

🪆🐻
пародокс ဖြစ်တဲ့နောက်တစ်ခုကတော့
часы могут идти, когда лежат и стоят,
когда висят ပါတဲ့။
ဒီနေရာမှာသုံးတဲ့ идти က လမ်းလျှောက်တာကို
ပြောတာမဟုတ်ဘဲ နာရီစက်လည်ပတ်နေတာကို
ပြောတာပါ။နာရီဟာ လှဲနေတဲ့အခါမှာ၊
ထောင်နေတဲ့အခါမှာဖြစ်ဖြစ် ချိတ်ထားတဲ့အခါမှာ
ဖြစ်ဖြစ် လမ်းလျှောက်နိုင်တယ်လို့လည်း
ဟာသအနေနဲ့ ဘာသာပြန်လို့ရနေလို့ပါ။
အမှန်တကယ်ကတော့ ချိတ်ထားရင်ဖြစ်စေ၊
တစ်နေရာရာမှာ တင်ထားရင်ပဲဖြစ်စေ
နာရီစက်ဟာ လည်ပတ်နိုင်စွမ်းရှိတယ်လို့
ဆိုလိုချင်တာပါ။
ဖတ်နေရင်းနဲ့ကို အတော်လေးရယ်နေရပါတယ်။

🪆🐻
နောက်တစ်ခုကတော့
чайник долго остывает နဲ့
чайник долго не остывает တို့ဟာ
အဓိပ္ပါယ်အတူတူပါပဲတဲ့။
чайник долго остывает ရဲ့အဓိပ္ပါယ်က
ရေနွေးအိုးက အေးဖို့ အတော်ကြာတာပဲ ဖြစ်ပြီး
чайник долго не остывает ကတော့
ရေနွေးအိုးက တော်တော်နဲ့ကို မအေးနိုင်ဘူးလို့
အဓိပ္ပါယ်ပြန်လို့ရပါတယ်။
ဒါပေမဲ့ တချို့တွေကတော့
чайник долго остывает ဆိုတာဟာ
ရေနွေးအိုးက အပူချိန်တော့ကျလာတယ်။ ဒါပေမဲ့
တဖြည်းဖြည်းချင်း အပူချိန်ကျလာတာကို ဆိုလိုပြီး
чайник долго не остывает ကတော့
ရေနွေးအိုးက အပူချိန်တစ်ခုမှာ ကြာမြင့်စွာတည်ရှိနေတာ၊
ပူမြဲအတိုင်းပူနေတာဖြစ်ပြီး အေးတဲ့ဖြစ်စဉ်ကို
မကူးပြောင်းတဲ့အဓိပ္ပါယ်နဲ့ပြောတာဖြစ်တယ်ဆိုပြီး
ထိုစာကြောင်းနှစ်ကြောင်းက
မတူဘူးဆိုပြီး ပြောတဲ့သူတွေလည်း ရှိပါတယ်။

🪆🐻
နောက်တစ်ခုကတော့
все, что НИ делается - к лучшему
လို့ရေးရင်လည်း မှန်သလို
все, что НЕ делается - к лучшему
လို့ရေးရင်လည်း သူ့အဓိပ္ပါယ်နဲ့သူ မှန်ပါတယ်တဲ့။
НИ ပါတဲ့စာကြောင်းရဲ့ အဓိပ္ပါယ်ကတော့
ဖြစ်ပြီးသမျှအားလုံးဟာ
အကောင်းဖြစ်လာဖို့ချည်းပဲဆိုတာမျိုးဖြစ်ပြီး
НЕ ပါတဲ့စာကြောင်းရဲ့အဓိပ္ပါယ်ကတော့
မလုပ်ဖြစ်လိုက်တာ အကောင်းဖြစ်လာဖို့ဆိုတဲ့
အဓိပ္ပါယ်မျိုး ဖြစ်ပါတယ်။

🪆🐻
бесчеловечно နဲ့ беслюдно ဆိုတဲ့စကားလုံးတွေမှာ
человек(လူ) နဲ့ люди(လူများ) ဆိုတာ ပါဝင်နေပေမဲ့
စကားလုံးနှစ်လုံးရဲ့အဓိပ္ပါယ်ကတော့ တခြားစီပါတဲ့။
бесчеловечно က လူသားမဆန်တာ၊
လူမဆန်သောဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး
беслюдно ကတော့ လူသူကင်းမဲ့သော၊
တစပြင်ဖြစ်နေသော ဆိုတဲ့ အဓိပ္ပါယ်ပါ။

🪆🐻
တိုက်ခန်းထဲမှာ (в квартире) ထဲမှာရှိတဲ့နေရာတွေကို
ညွှန်းတဲ့အခါ
အိပ်ခန်းထဲသို့လို့ သုံးချင်ရင် в спальню
ကော်ရစ်တာသို့လို့ သုံးချင်ရင် в коридор
ကလေးအိပ်ခန်းသို့လို့ သုံးချင်ရင် в детскую လို့
в နဲ့ သုံးကြပေမဲ့ မီးဖိုချောင်သို့လို့ သုံးချင်ရင်တော့
на кухню လို့သုံးပါတယ်။
ထပ်ပြောရရင် ဒီတစ်ခုကတော့
အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။
на ကော в ကော သုံးလို့ရကြောင်းကို
သက်သေပြထားတာတွေ ရှိပါတယ်။
အောက်မှာဆက်ဖတ်ကြည့်ပါ။

ဘာသာဗေဒပညာရှင်တွေနဲ့
ရုရှားစာပေတည်းဖြတ်ရေးအဖွဲ့တွေကတော့
в နဲ့သုံးတာလည်း မှန်သလို на နဲ့ သုံးရင်လည်း
မှန်ပါတယ်လို့ ဆိုပါတယ်။

на နဲ့ကို ဘယ်မှာသုံးကြသလဲ။

(၁) တစ်ခုခုရဲ့အပေါ်မှာဆိုတာကို ပြောပြချင်တဲ့အခါ၊
အမိုးအကာမရှိတဲ့နေရာမျိုးကို
ညွှန်းဆိုချင်တဲ့အခါမျိုးတွေမှာна နဲ့ သုံးကြပါတယ်။
(၂) အခုခေတ်မှာတော့ кухня ကို на နဲ့ပဲ
အသုံးများနေပါပြီ။
в နဲ့သုံးရင် မှားတယ်လို့
ပြောတာတွေတောင် ရှိနေပါပြီ။
ရုရှားမှာ ရာသီဥတုက အစုံရှိတဲ့အတွက်
တချို့နေရာတွေမှာ မီးဖိုချောင်တွေဟာ
အိမ်နဲ့တွဲမရှိဘဲနဲ့ သီးသန့်ဖြစ်နေတာမျိုး၊
ဟင်းလင်းပြင်ထဲမှာ ချက်ပြုတ်တာမျိုးတွေရှိပါတယ်။
ထိုအခါမှာ на နဲ့ သုံးကြပါတယ်။

в နဲ့ ဘယ်မှာသုံးသလဲ။

(၁) အဆောက်အအုံတစ်ခုခုရဲ့အထဲမှာရှိတာကို
ပြောချင်တဲ့အခါ в နဲ့သုံးတာက ပုံမှန်ပါ။
(၂) တိုက်ခန်းတွေထဲမှာရှိတဲ့ မီးဖိုချောင်ကိုဆိုရင်တော့
в နဲ့သုံးတတ်ကြပါတယ်။
သူက အိမ်နဲ့တွဲရှိနေတာဖြစ်တဲ့အတွက်
в доме လို့သုံးတဲ့အတွက် в кухне လို့
ဆက်သုံးတဲ့သဘောပါ။
(၃) နောက်တစ်ခုက နိုင်ငံတွေရဲ့အစားအစာကို
ရည်ညွန်းတဲ့အခါမှာ в နဲ့ သုံးပါတယ်။
ဥပမာ - в китайской кухне လို့သုံးပြီး
အဓိပ္ပါယ်ကတော့ တရုတ်ဟင်းလျာတွေထဲမှာဆိုရင်
ပီကင်းဘဲကင်က ကောင်းတယ်လို့ပြောတဲ့အခါမျိုးမှာ
👍1
သုံးတာပါ။ နိုင်ငံရဲ့ရိုးရာဟင်းလျာတွေကို
ပြောတဲ့အခါမျိုး၊ ချက်ပြုတ်နည်းကို
ပြောတဲ့အခါမျိုးတွေမှာ သုံးကြပါတယ်။
(၄) နေရာကို အတိအကျညွှန်းချင်တဲ့အခါမျိုးမှာလည်း
သုံးကြပါတယ်။
ဥပမာ - Ума не приложу, где мои очки
(မျက်မှန်ဘယ်မှာထားလိုက်မိမှန်းကို မသိဘူး)
ဆိုတာမျိုးမှာ
Поищи в кухне လို့ပြောလိုက်ရင် ပိုကောင်းပါတယ်။
နေရာကို အတိအကျညွှန်းဆိုလိုက်လို့ပါတဲ့။
Откуда этот звук? ဘယ်ကအသံပါလိမ့်လို့
မေးတဲ့အခါ မီးဖိုထဲမှာ ပြင်ဆင်ရေးုလုပ်နေတဲ့လို့
ဖြေတဲ့အခါမှာဆိုရင် В кухне делают ремонт လို့
ပြောရင် ပိုအဆင်ပြေပါတယ်။
ဒီဖြစ်စဉ်နဲ့ဆက်စပ်ပြီး
на автобусе နဲ့ в автобусе တို့မှာ
ဘယ်ဟာက သုံးတာအမှန်လဲဆိုရင် နှစ်ခုလုံးက အမှန်ပါ။
на автобусе က ယာဉ်နဲ့ သွားလာတယ်ဆိုတဲ့အဓိပ္ပါယ်ကိ
ပြောချင်တဲ့အခါမှာသုံးတာပါ။ Я еду на автобусе.
в автобусе ကတော့ ကားထဲမှာ ထိုင်နေတာ၊
ကားထဲမှာရှိနေတာကို ညွှန်းဆိုချင်တဲ့အဓိပ္ပါယ်ပါ။
Мы два часа просидели в автобусе.

🪆🐻
Я тебя не забуду ဆိုတာကတော့
နူးညံ့တဲ့၊ သိမ်မွေ့တဲ့အသုံးဖြစ်ပြီး
Я тебя запомню ကတော့ အေး... မင်းကို
ငါမှတ်ထားတယ်နော်၊ ငါမင်းကို မှတ်မိနေတယ်နော်၊
မင်းသတိထားဆိုတဲ့ ခြိမ်းခြောက်တဲ့ပုံစံမျိုးနဲ့
သုံးတဲ့အသုံးဖြစ်ပါတယ်။

🪆🐻
не стой над душой
တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တောင်
ကြောင်တောင်တောင်နိုင်ပါတယ်။
ပြီးတော့ ဒီစာကြောင်းက ဆိုရိုးစကားတစ်ခုကနေ
ဆင်းသက်လာတာဖြစ်ပါတယ်။ ဆိုရိုးစကားက
не стой надо мной, как черт над душой ကနေ
လာတာဖြစ်ပါတယ်။ ဆိုရိုးစကားရဲ့ သမိုင်းကြောင်းက
ဘယ်လိုဖြစ်လာသလဲဆိုရင် ဟိုးအရင်တုန်းက
လူတွေယုံကြည်ကြတာ တစ်ခုရှိပါတယ်။
လူတစ်ယောက်ဝိညာဉ်ရဲ့ ဘယ်ဘက်မှာ နတ်ဆိုး၊
မကောင်းဆိုးဝါးက စောင့်လေ့ရှိပြီး ညာဘက်မှာတော့
အစောင့်အရှောက်တွေက စောင့်လေ့ရှိတယ်လို့
အယူအဆရှိပါတယ်။ ဘယ်ဘက်မှာရှိတဲ့ နတ်ဆိုးဟာ
နည်းလမ်းအမှားတွေ၊ ဆုံးဖြတ်ချက်အမှားတွေ၊
လုပ်ရပ်အမှားတွေကို ပြုလုပ်ဖို့ နားထဲကို
မသိမသာကပ်တိုးပြောလေ့ရှိပါတယ်။
ထိုယုံကြည်မှုအယူအဆကနေ
не стой надо мной, как черт над душой ဆိုတာ
ဖြစ်လာပြီး နောက်ပိုင်းမှာတော့ не стой над душой လို့
ပြောလာကြပါတယ်။
ထိုစာကြောင်းရဲ့ဆိုလိုရင်းကတော့
လူတစ်ယောက်ရဲ့ဘေးနားမှာ နေပြီး
ထိုလူကို မလိုအပ်တဲ့၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့
အကြံဉာဏ်တွေပေးတာမျိုး၊ မလိုအပ်ဘဲ
အကူအညီတွေပေးတာမျိုး၊ သူများအလုပ်လုပ်နေတာကို
ဘေးနားသွားရပ်ပြီး ဝေဖန်တာမျိုးတွေ
ပြုလုပ်တာအခါမှာ ထိုစာကြောင်းကို ပြောလေ့ရှိပါတယ်။
အလွယ်ပြောရရင်တော့ မနှောင့်ယှက်ပါနဲ့ ဆိုတဲ့
အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

🪆🐻
ရုရှားအက္ခရာ ၃၃ လုံးရှိတဲ့အနက်က
အက္ခရာငါးလုံးအစဉ်လိုက်နဲ့
မေးခွန်းပြုလုပ်လို့ရပါတယ်။
ГДЕ ЁЖ?
အဓိပ္ပါယ်ကတော့
"ဖြူကောင် ဘယ်မှာလဲ" ဖြစ်ပါတယ်။

🪆🐻
ноги в руки и вперед ဆိုတဲ့
စကားအသုံးအနှုန်းရှိပါတယ်။
စကားအသုံးအနှုန်းဖြစ်ပေါ်လာပုံကတော့
брать ноги в руки ဆိုတာနဲ့ ဆက်စပ်နေပါတယ်။
ဟိုအရင်ခေတ်တွေတုန်းက တောင်ကုန်းတစ်ခုပေါ်က၊
လျှောစောက်တစ်ခုပေါ်ကနေ လျှောချလိုက်ရင်
တခြားပုံသဏ္ဍာန်တွေထက် လုံးဝန်းတဲ့ပုံဏ္ဍာန်က
အောက်ကို ပိုပြီးမြန်မြန်ရောက်တာကို
သတိထားမိလာကြပါတယ်။ ဒါကြောင့်မလို့
လှည်းဘီးတွေကို တီထွင်လာခဲ့ကြပါတယ်။
ထိုခေတ်ကတော့ အီဂျစ်ခေတ်တုန်းကပါ။
ထိုအဓိပ္ပါယ်ကိုယူပြီး အလုပ်တစ်ခုခုကို၊ လုပ်ဆောင်ချက်
တစ်ခုခုကို အမြန်ဆုံးလုပ်စေချင်တဲ့အခါမှာ
လက်က ခြေထောက်ကို ဆုပ်ကိုင်ကာ
လှည်းဘီးပုံစံပြုလုပ်ပြီး လှည်းဘီးတွေလို
ရှေ့ကိုပိုမြန်မြန်ရောက်အောင်
လုပ်ဆောင်ပါလို့ တင်စားပြောဆိုကြတာဖြစ်ပါတယ်။
နေရာတိုင်းမှာတော့ သုံးလို့မကောင်းပါဘူး။
အမိန့်ပေးတဲ့ပုံစံမျိုးပါနေတတ်ပါတယ်။
အင်္ဂလိပ်လိုဆိုရင်
Hurry up!, get your *ss in gear စသည်ဖြင့်ပေါ့။

🪆🐻
အကြောင်းအရာတစ်ခုခုနဲ့ ဆက်စပ်ပြီး
စကားပြောဆိုရင်း အကြောင်းရင်းကို
သိချင်တဲ့အနေနဲ့ Почему လို့မေးလိုက်တဲ့အခါ
Потому что! လို့ တစ်လုံးတည်းဖြေတာမျိုးလည်း
ပြုလုပ်လို့ရပါတယ်။

Почему ဆိုပြီး အမေးအမြန်းထူတဲ့လူတစ်ယောက်က
မေးတဲ့အခါ အကြောင်းအရင်းကို ရှင်းပြရမှာကို
စိတ်ကုန်တဲ့အခါမှာလည်း По кочану́ လို့
ဖြေလိုက်လို့ရပါတယ်။
По кочеры́жке လို့လည်း ဖြေလို့ရပါတယ်။
မြန်မာလိုဆိုရင်တော့
ဘာဖြစ်လို့လဲ - ဖြစ်ချင်လို့ပေါ့ကွာ လို့ဆိုလိုနိုင်ပါတယ်။
မင်းအပူပါလို့လား၊ မင်းအလုပ်မဟုတ်ဘူး ဆိုတဲ့
အဓိပ္ပါယ်မျိုးလည်း ထွက်ပါသေးတယ်။
кочан ကို ဗန်းစကားအနေနဲ့
ခေါင်း(head)လို့လည်း သုံးပါသေးတယ်။

Зачем? ဘာအတွက်ကြောင့်လဲ လို့
မေးတဲ့အခါမှာလည်း ဘာအတွက်ကြောင့်ဆိုတာကို
မရှင်းပြချင်တော့တဲ့အခါ за нАдом လို့
ခပ်လွယ်လွယ်ဖြေလိုက်လို့ရပါတယ်။
ဥပမာ-
Зачем сделать уборку?
За надом!

Зачем လို့မေးခဲ့ရင် ပြန်ဖြေလို့ရတဲ့ နောက်တစ်ခုက
за шкафом လို့လည်း ပြန်ဖြေလို့ရပါတယ်။
ကာရန်ပုံစံနဲ့ ပြန်ဖြေတဲ့သဘောသဘာဝတွေပါ။
👍1
🪆🐻
ничего не получилось ဆိုတာဟာ
လုပ်ထားသမျှ ဘာတစ်ခုမှ ဖြစ်မလာလို့
စိတ်ပျက်တာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ ဖြစ်ပေမဲ့
ничего получилось ကတော့
လုပ်ထားတဲ့အရာတစ်ခုခုဟာ အောင်အောင်မြင်မြင်
ဖြစ်မြောက်သွားတာ၊ အောင်မြင်သွားတာကို ဆိုလိုတာပါ။

🪆🐻
очень умный လို့ပြောလိုက်တိုင်း
ချီးကျူးတာမဟုတ်ပါဘူး။
умный очень လို့ပြောတာဟာ
လှောင်ရယ်တဲ့ပုံစံဖြစ်ပါတယ်။
слишком умный ဆိုတာဟာ မြန်မာလိုအရဆိုရင်
"မင်းက စောက်ရမ်းသိ စောက်ရမ်းတတ်နေတယ်ဟလား၊
လူတတ်ကြီးပေါ့" ဆိုတဲ့အဓိပ္ပါယ်မျိုးဖြစ်ပြီး
ခြိမ်းခြောက်တဲ့ပုံစံ ဖြစ်ပါတယ်။

🪆🐻
ရုရှားဘာသာစကားဟာ
စကားပြောတဲ့အခါ သွယ်ဝိုက်ပြီး တင်စားပြောတတ်တဲ့
ပုံစံဖြစ်ပါတယ်။ အောက်ပါစာကြောင်းတွေကို ဖတ်ကြည့်ပါ။

облака плывут - တိမ်တွေ ကူးခတ်နေတယ်။
ဆိုလိုရင်းက ကောင်းကင်မှာ တိမ်တွေ လွင့်မြောနေတာပါ။
движутся နဲ့လည်း သုံးလို့ရပါတယ်။

лед тронулся - ရေခဲဟာ ရေနစ်သွားတယ်။
ဆိုလိုရင်းက ရေခဲအရည်ပျော်သွားတာကို ဆိုလိုတာပါ။
ဆောင်းရာသီမှာရှိနေတဲ့ ရေခဲတွေ အရည်စပျော်ပြီး
အနွေးဓါတ်ရတာကို ဆိုလိုတာပါ။
နောက်တစ်မျိုး သုံးတာက
အလုပ်တစ်ခုခုကို၊ ဖြစ်စဉ်တစ်ခုခုကို
လေးလေးနက်နက်၊ အဓိပ္ပါယ်ရှိရှိနဲ့
စတင်လုပ်ဆောင်ပြီဆိုတဲ့ အဓိပ္ပါယ်ပါ။
ကိန်းသေအမှတ်ကနေ စတင်ရွှေ့လျားတယ်ဆိုတဲ့
အဓိပ္ပါယ်ပါ။

грибы пошли - မှိုတွေ လမ်းစလျှောက်တယ်။
ဆိုလိုရင်းကတော့ မှိုပွင့်တဲ့ရာသီမှာ
ပထမဆုံးသောမှိုတွေ စပွင့်ပြီလို့ ဆိုလိုပါတယ်။
တောထဲကို မှိုသွားကောက်ကြမယ်ဆိုရင်
в лес за грибами လို့ပြောရပါမယ်။
в лес по грибы လို့ စကားပြောမှာ
လှအောင်သုံးကြပေမဲ့ တကယ့်အမှန်ကတော့
в лес за грибами ဖြစ်ပါတယ်။

книга вышла - စာအုပ် အပြင်ဘက်ကို ထွက်လာတယ်။
ဆိုလိုရင်းက စာအုပ်ကို စတင်ထုတ်ဝေတာကို
ပြောချင်တာပါ။ The book came out ဆိုတဲ့အသုံးနဲ့
ဆင်တူပါတယ်။

молоко убежало - နွားနို့က ထွက်ပြေးသွားတယ်။
ဆိုလိုရင်းက မီးဖိုပေါ်မှာတည်ထားတဲ့ နွားနို့က ပွက်ပြီး
လျှံကျတာကို ဆိုလိုတာပါ။ နွားနို့ကို တည်ထားရင်
ပွက်တာအရမ်းမြန်သလို အမြှုပ်ထပြီး ဝေတာလည်း
အရမ်းမြန်တာကြောင့် တင်စားပြောတဲ့အနေနဲ့
убежало လို့ သုံးကြခြင်းဖြစ်ပါတယ်။
=========
C Thu Htet
👍1
ငါ့ရဲ့ အချစ်ကလေးရေ...🥰🥰🥰
ငါ မင်းကို အရမ်းချစ်တယ်... 😍😍😍
မင်းက အလှပဆုံးပါပဲ.. ...😇😇😇
မင်းဟာ ငါ့ရဲ့ကြယ်လေးပါ...
မင်းရဲ့တောက်ပမှုဟာ ညဘက်နဲ့ နေ့ဘက်တွေမှာတောင်
အရမ်းကို တောက်ပလွန်းပါတယ်...
ငါတို့တစ်ယောက်စီ ဖြစ်နေတဲ့အချိန်တွေဟာ အရမ်းကို အထီးကျန် ပူဆွေးရပါတယ်....
👍1
ရုရှား ဘာသာစကားတွင် လေယူလေသိမ်းပေါ်မူတည်ပြီး
အဓိပ္ပါယ်ပြောင်းလဲ ခြားနားသွားကြတာတွေ၊
စာလုံးတွဲရေးရင် တစ်မျိုး အဓိပ္ပါယ်ရပြီး
ခြားရေးရင် အခြား အဓိပ္ပါယ် ထွက်တာလေးတွေ ရှိပါတယ်။

အပိုင်း(၁)
အဲ့ထဲက ဥပမာတစ်ခုအနေနဲ့
Задело (ဇာ့ဂျယ်လာ) နဲ့ За дело (ဇာ့ ဂျယ်လာ) ပါပဲ။

Задело ရဲ့ အဓိပ္ပါယ်ကတော့ စိတ်ထိခိုက်ခံစားရတာတို့
အခြား ထိခိုက်မိတာတို့တွေမှာ သုံးပါတယ်။
ဥပမာအားဖြင့် -
Это меня задело. အယ်သာ မီညာ ဇာ့ဂျယ်လာ.
“အဲ့ဒါက ငါ့ကို စိတ်ထိခိုက် နာကျင်စေတယ်” လို့
အဓိပ္ပါယ်ရပါတယ်။

Чуть не задело. ချု့ခ်ျ ညိ့ ဇာ့ဂျယ်လာ.
“ထိခိုက်မိလုနီးပါးပါလား” လို့
အဓိပ္ပါယ်ရပါတယ်။

နောက်တစ်လုံးဖြစ်တယ့်
За дело ရဲ့ အဓိပ္ပါယ်ကတော့ အကြောင်းအရာတစ်ခုအတွက်
အဓိပ္ပါယ်ဖော်ပြ ပြောဆိုရာတွင် အသုံးပြုပါတယ်။
ဥပမာအားဖြင့် -
К борьбе за дело Ленинп - Сталина будь готов!
လီနင်-စတာလင်(ဝါဒ)အတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

Принимаясь за дело, соберись с духом.
စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့အခါမှာ နှလုံးသားနဲ့ လုပ်ကိုင်ပါ။
ဆိုလိုချင်တာကတော့ “မည်သည့်အလုပ်ကိုမဆို လုပ်ကိုင်ပြီဆိုတာနဲ့ စိတ်နှလုံး နှစ်ပြီးလုပ်ကိုင်ပါ” လို့ပြောချင်တာပဲ ဖြစ်ပါတယ်။

Телепрограмма «За дело» от 15 ноября: «Как и чем увлечь ребенка?»

ဆိုလိုချင်တာကတော့ “အကြောင်းအရာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်လွှင့်နေတဲ့ တီဗွီအစဉ်ကနေပြီးတော့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ “ကလေးကို ဘယ်လို ဆွဲဆောင်ရမလဲ” ခေါင်းစဉ်ခွဲလေးနဲ့ ထုတ်လွှင့်မယ်ဆိုတာကို ကြော်ငြာတာပဲ ဖြစ်ပါတယ်။
👍1