Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
827 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
တေးဆို - Олег Газманов
“ Бессмертный полк ” ထာဝရရှင်သန်နေတဲ့ တပ်ရင်း/မသေနိုင်တဲ့ တပ်ရင်း

ဒီသီချင်းလေး ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကတော့ အကျဉ်းချုပ်အနေနဲ့ “ Бессмертный полк ” လို့ ခေါ်ဝေါ်သုံးစွဲ သတ်မှတ်ခြင်း မပေါ်ခင်ကတည်းက ဆိုဗီယက်ယူနီယံရဲ့ မြို့အချို့မှာ ပုံစံတူ လုပ်ဆောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အစောဆုံး လုပ်ဆောင်တဲ့ ကာလအဖြစ် သိရတာကတော့ ၁၉၆၅ ခုနှစ် ဖြစ်ပါတယ်။ နိုဘိုဆီဗစ် ကျောင်းက ကျောင်းသားတွေဟာ စစ်မှုထမ်းဟောင်းတွေရဲ့ ဓာတ်ပုံတွေနဲ့အတူ မြို့ရဲ့လမ်းတွေပေါ်မှာ ချီတက်လမ်းလျှောက်ခဲ့ကြပါတယ်။ ၁၉၈၁ ခုနှစ်မှာ Tatsinskaya Rostov ဒေသရှိ Площадь Борцов Революции ရင်ပြင်မှာ အနက်ရောင်ဝတ်ရုံဝတ် မိခင်တွေ စီတန်းလှည့်လည်ခဲ့ကြပါတယ်။ ၁၉၈၅ ခုနှစ်မှာ Perm ဒေသ Solikamsk ရဲ့ လမ်းတစ်လျှောက်မှာ စစ်သားတွေရဲ့ မိခင်တွေ၊ ဇနီးတွေနဲ့ သမီးတွေဟာ သူတို့ရဲ့ ဆွေမျိုးတွေရဲ့ ပုံတူတွေကို ကိုင်ဆောင်ပြီး စီတန်းလှည့်လည်ခဲ့ကြပါတယ်။ ၁၉၈၅ ခုနှစ်ကစပြီး Lipetsk ဒေသ Horse-Kolodez မှာ နှစ်စဉ် မေလ ၉ ရက်နေ့တိုင်း ကျောင်းသားတွေဟာ စစ်ပြန်တွေရဲ့ ဓာတ်ပုံတွေနဲ့အတူ လီနင်လမ်းမကြီး တစ်လျှောက် လမ်းလျှောက်ခဲ့ကြပါတယ်။

ဆိုဗီယက်လွန် နှစ်တွေမှာလဲ အဲ့ဒီလို စီတန်းလှည့်လည် ချီတက်တာကို ရုရှားနိုင်ငံနဲ့ တခြားပြည်နယ်တွေမှာပါ ကျင်းပခဲ့ကြပါတယ်။ ၁၉၉၉ ခုနှစ် ဂျေရုဆလင်မြို့မှာ ကျင်းပတဲ့ အောင်ပွဲခံတဲ့နေ့မှာ မြို့သူမြို့သားတွေဟာ စစ်သားပုံတူပန်းချီတွေ ယူဆောင်ခဲ့ကြပါတယ်။ Sevastopol မှာတော့ ၂၀၀၉ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာ မော်စကိုမြို့ရဲ့ ဒုတိယမြို့တော်ဝန် Людмилы Швецовой ရဲ့ အစပြုမှုနဲ့အတူ စစ်ပြန်တွေရဲ့ ဓာတ်ပုံတွေနဲ့အတူ စီတန်းလှည့်လည်ခြင်းကို ပထမဆုံးအကြိမ်အဖြစ် မော်စကို မြို့တော်မှာ ကျင်းပခဲ့ပါတယ်။ "Герои Победы, наши прадеды и деды(အောင်ပွဲခံ ငါတို့ရဲ့ သူရဲကောင်း အဖိုးအဖွားများ)" စာတန်းနဲ့ Поклонна တောင်ပေါ်မှာ ပြုလုပ်ခဲ့ပါတယ်။ “Моя семья в летописи Великой Отечественной(ငါ့မိသားစုရဲ့ ကြီးကျယ်တဲ့ မျိုးချစ်စစ်ပွဲသမိုင်း)” ခေါင်းစဉ်မှာ ပါဝင်ယှဉ်ပြိုင်တဲ့ လူငယ်ငါးထောင်ကျော်ဟာ ငြိမ်းချမ်းရေး လမ်းကြောင်းတစ်လျှောက် လမ်းလျှောက်ခဲ့ကြပါတယ်။

“ Бессмертный полк ” ထာဝရရှင်သန်နေတဲ့ တပ်ရင်း/မသေနိုင်တဲ့ တပ်ရင်း

Течёт река бессмертного полка
по улицам, проспектам, по стране.
Шагают в ряд с портретами в руках
потомки победителей в войне.
ထာဝရရှင်သန်နေတဲ့ တပ်ရင်းဟာ လမ်းကြားတွေ၊ လမ်းမတွေနဲ့ နိုင်ငံအနှံ့အပြားကို မြစ်တစ်စင်းလို စီးဆင်းနေတယ်။ စစ်ပွဲကို အောင်နိုင်ခဲ့တဲ့ သူတို့ရဲ့ မျိုးဆက်တွေဟာ လက်ထဲမှာ ပုံတူပန်းချီကား ရုပ်ပုံတွေကို ကိုင်ဆွဲပြီး တန်းစီလို့ရယ် လျှောက်လှမ်းနေကြတယ်။

На старых фото вечно молодые
свою, оставив вахту в небесах.
Шагают предки с нами, как живые
(Течёт река бессмертного полка)²
ကောင်းကင်ဘုံကို ထွက်ခွာသွားတဲ့ သူတို့ဟာ ဓာတ်ပုံဟောင်းတွေကတဆင့် သူတို့ရဲ့ ထာဝရနုပျိုနေမှုကို မြင်နိုင်ကြပါစေ။ ငါတို့ရဲ့ ဘိုးဘေးတွေဟာ အသက်ရှင်နေသလို ငါတို့နဲ့အတူတကွ လျှောက်သွားကြပါစေ။ (ထာဝရရှင်သန်နေတဲ့ တပ်ရင်းဟာ မြစ်တစ်စင်းလို စီးဆင်းနေပါတယ်။)

Течёт река и нет конца колоннам.
Шагают в ряд и маршал и солдат.
И с фотографий лица, как с иконы,
Не закрывая глаз на нас глядят
စစ်ကြောင်းတွေဟာ မြစ်တစင်းစီးဆင်းလာသလို၊ စစ်သေနာပတိဗိုလ်ချုပ်ကြီးတွေနဲ့ သာမန်စစ်သည်တွေဟာ ရင်ပေါင်တန်းလို့ ချီတက်လာကြပြီ။ ဓါတ်ပုံတွေထဲက မျက်နှာတွေကတော့ မျက်တောင်မခတ်၊ မမှိတ်မသုံ ငါတို့ကို ကြည့်နေကြလေရဲ့။

Шагают с нами смертью смерть поправ,
Как в 41-м, мир прикрыв собою.
И наша жизнь не кончится пока
(Течёт река бессмертного полка)²
၁၉၄၁ ခုနှစ် စစ်ပွဲကာလတွေမှာ အသက်ကိုပေးဆပ်ခဲ့ရတဲ့ သူတို့ဟာ သေခြင်းတရားကို အာခံလို့ ငါတို့နဲ့အတူ လျှောက်လှမ်းနေသလို ငါတို့ရဲ့ဘဝဟာလဲ အခုအချိန်မှာ ကုန်ဆုံးမှာမဟုတ်ပါဘူး။(ထာဝရရှင်သန်နေတဲ့တပ်ရင်းဟာမြစ်တစင်းလိုစီးဆင်းလျက်ပါ)။

Чтоб мир спасённый не забыл героев
идёт, взорвав забвенья тишину.
Проходит в вечность полк бессмертный строем.
Идёт опять сражаться за страну!
ငါတို့အန္တရာယ်ကနေ ကယ်တင်ခဲ့တဲ့ကမ္ဘာမြေကြီးကတော့ ဒီသူရဲကောင်းတွေကို ဘယ်တော့မှ မေ့လိမ့်မယ်မဟုတ်ပါဘူး။ သူတို့ဟာတိတ်ဆိတ်စွာနဲ့ လေနှင်ရာကို လွင့်မျောပျောက်ကွယ်သွားကြမှာ မဟုတ်ပါဘူး။ ထာဝရရှင်သန်နေမဲ့တပ်ရင်းဟာ သေခြင်းတရားကင်းမဲ့တဲ့ ဘုံဘဝကို ရောက်သွားကြပါပြီ။
👍5
Погибших души с нашими сливаясь,
волной вскипают прямо в облака.
В своих потомках снова возрождаясь
(Течёт река бессмертного полка)²
အခုတော့ ငါတို့နဲ့အတူတကွ နိုင်ငံအတွက်လက်တွဲဆောင်ရွက်ဖို့ အသစ်တဖန်လျှောက်လှမ်းခဲ့ကြပြန်ပါပြီ။ ငါတို့နဲ့အတူ သေလွန်သူတို့ရဲ့ဝိညာဉ်တွေဟာ ကောင်းကင်တိမ်တိုက်တွေပေါ်ကနေ လက်ဝှေ့ယမ်းပြီးကောင်းချီးပြုနေကြမှာပါ။ သူတို့ဟာ သူတို့ရဲ့မြေးမြစ်တွေနဲ့အတူ အသစ်တဖန် ပြန်လည်မွေးဖွားလာကြပြန်ပါပြီ။
(ထာဝရရှင်သန်နေတဲ့တပ်ရင်းဟာမြစ်တစင်းလိုစီးဆင်းနေဆဲပါ)
👍8
၂၄-၃-၂၀၂၂ ရက်နေ့ ရုရှားစာ သင်ကြားမှု

ရုရှားစကားလုံးများတွင် အက္ခရာ စုစုပေါင်း (၃၃) လုံး ရှိပြီး ဗျည်း(၂၁)လုံး၊ သရ(၁၀)လုံး၊ ထူးခြားတဲ့ဝိသေသရှိတဲ့အက္ခရာ(၂)လုံးတို့ပဲ ဖြစ်ပါတယ်။

ရုရှားအက္ခရာစုစုပေါင်း(၃၃)လုံး ရှိသည့်အနက် ဗျည်း(၂၁)လုံးမှာ б, в, г, д, ж, з, й, к, л, м, н, п, р, с, т, ф, х, ц, ч, ш, щ တို့ဖြစ်ပါသည်။ သရ(၁၀)လုံးမှာ а, о, у, э, ы, я, ё, ю, е, и တို့ ဖြစ်ပါသည်။ ထူးခြားသောဝိသေနရှိသည့် ဗျည်းထဲတွင်လဲမပါသလို သရထဲတွင်လဲမပါသော စကားလုံး(၂)လုံးမှာ ъ, ь တို့ဖြစ်သည်။ ь(များကီးဇနာ့)သည် အနိမ့်သံ(အသံပျော့)ဖြစ်ပြီး ъ(သဗျောသီးဇနာ့)သည် အမြင့်သံ(အသံမာ)ဖြစ်သည်။

ရုရှားအက္ခရာ၏ သရသံမှာ ပုံမှန်အားဖြင့် (၆)သံပဲ ရှိပါသည်။ ၎င်းတို့မှာ а, о, у, э, ы, и တို့ ဖြစ်ပါသည်။ ကျန်ရှိသည့် သရသံ(၄)လုံးမှာ အက္ခရာ(၂)လုံးပေါင်းစပ်ပြီး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းတို့မှာ -
🔹 й + а = я
🔹 й + о = ё
🔹 й + у = ю
🔹 й + э = е ဖြစ်သည်။

ထို့အပြင် ဗျည်းအက္ခရာ(၂၁)ရှိသည့်အနက် အသံပျော့နှင့် အသံမာပါ နှစ်မျိုးစလုံး အသံထွက်ရှိသည့် အက္ခရာ (၁၅) လုံး ရှိသည်။ ၎င်းတို့မှာ б, в, г, д, з, к, л, м, н, п, р, с, т, п, х တို့ဖြစ်သည်။ ကျန်ရှိသည့် ဗျည်းအက္ခရာ(၆)လုံးအနက် ж, ш, х (၃)လုံးမှာ အမြဲတမ်း အသံမာဖြစ်ပြီး й, ч, щ (၃)လုံးမှာ အမြဲတမ်း အသံပျော့ ဖြစ်သည်။ ထို့ကြောင့် ဗျည်းသံ (၃၆)သံရှိပြီး သရအသံ (၆) သံ စုစုပေါင်း ရုရှားစာတွင် အသံ(၄၂) သံ ရှိသည်။

သရအသံမာဖြင့် ဗျည်းအက္ခရာများကို အသံထွက်ဖတ်မည်ဆိုလျှင် အအောက်ပါအတိုင်း အလွယ်မှတ်သားနိုင်သည်။

အသံမာ(အမြင့်သံ) သရ(၅)လုံး
А → အာ (---ာ)
О → အော် (‌ေ--ာ်)
У → အူ (---ူ)
Э → အယ် (---ယ်)
Ы → အီး (---ီး)

ဥပမာ -
н (နယ်/န) + а (အာ/---ာ) = на (နာ)
н (နယ်/န) + о (‌အော်/‌ေ---ာ) = но (နော်)
н (နယ်/န) + у (အူ/---ူ) = ну (နူ)
н (နယ်/န) + э (အယ်/---ယ်) = нэ (နယ်)
н (နယ်/န) + ы (အီး/---ီး) = ны (နီး)

သရအသံပျော့ဖြင့် ဗျည်းအက္ခရာများကို အသံထွက်ဖတ်မည်ဆိုလျှင် အအောက်ပါအတိုင်း အလွယ်မှတ်သားနိုင်သည်။ ခြွင်းချက်အနေဖြင့် အသံပျော့သရအသံတွင် ь (များကီးဇနာ့)အားလဲ ထည့်ပေါင်းထည့်ထားသည်။ ထို့အတွက်ကြောင့် သရအသံပျော့တွင် (၆)လုံး ဖြစ်သွားသည်။

အသံပျော့(အနိမ့်သံ) သရ(၅+၁) လုံး
Я → ရာ (---ျာ)
Ё → ရော် (‌ေ--ျာ်)
Ю → ယူ (---ျူ)
Е → ရယ် (---ျယ်)
И → အီ (---ျီ)
ь → အီ (---ျီ)

ဥပမာ -
н (နယ်/န) + я (ရာ/---ျာ) = ня (နျာ/ညာ)
н (နယ်/န) + ё (‌ရော်/‌ေ---ျာ်) = нё (နျော်/ညော်)
н (နယ်/န) + ю (ယူ/---ျူ) = ню (နျူ/ညူ)
н (နယ်/န) + е (ရယ်/---ျယ်) = нэ (နျယ်/ညယ်)
н (နယ်/န) + и (အီ/---ျီ) = ни (နျီ/ညီ)
н (နယ်/န) + ь (အီ/---ျီ) = нь (နျီ/ညီ)

အထက်ပါတို့ကို သိရှိပြီးနောက် Дорога в Россию စာအုပ်မှ အပိုဒ်(၄)ထိ ထပ်ခါထပ်ခါ အသံထွက်ဖတ်ခြင်း လေ့ကျင့်ခန်းပြုလုပ်ကြရန်။

စကားပြော လေ့ကျင့်မှတ်သားရန်
🔹 Ты знаешь? (သီ ဇနာရယ့်ရှ်?) (ရွယ်တူ/ငယ်သူအား ပြောသောအခါ သုံရန်) (မင်း သိလား)
🔹 Вы знаете? (ဗီ ဇနာရယ့်ကျယ်?) (ကြီးသူ/ရိုသေလေးစားရမည့်သူ တစ်ဦးထက်ပိုသော လူအရေကို သုံးရန်) (မင်းတို့/ခင်ဗျား သိလား)
🔸အထက်ပါအတိုင်း မေးလာလို့ မိမိက သိလျှင်
Да, я знаю. (ဒါ ရာ ဇနာယု) (ဟုတ်ကဲ့ ငါသိပါတယ်)
🔸အထက်ပါအတိုင်း မေးလာလို့ မိမိက မသိလျှင်
Нет, я не знаю. (ညယ့်ထ် ရာ ညိ့ ဇနာယု) (ဟင့်အင်း ငါမသိပါဘူး)
🔹 Откуда ты/вы? (အာ့ထ်ခူးဒါ သီ/ဗီ?) (မင်း ဘယ်ကလဲ)
🔸 Я из Мьянмы. (ရာ အိစ် မြန်မီး) (ငါ မြန်မာနိုင်ငံကပါ)
🔹 Извини/-те (အီစ်ဗီညီ/ အီစ်ဗီညီကျယ်) (ခွင့်ပြုပါ)
🔹 Пожалуйста! (ပါဇျာလု့ရ်ဆသာ!) (ကျေးဇူးပြု၍)
🔹 Скажи/-те! (ဆကာဇျီ/ ဆကာဇျီကျယ်!) (ပြောပါ/ပြောပြပါ)
🔹 Покажи/-те! (ပါကာဇျီ/ ပါကာဇျီကျယ်!) (ပြပါ)
🔹 Дай/-те! (ဒါ့ရ်/ ဒါ့ရ်ကျယ်!) (ပေးပါ)

Слова ကျက်မှတ်ရန်
🔹 Дом (ဒေါမ်) (အိမ်)
🔹 Дома‌ (ဒေါမာ) (အိမ်မှာ)
🔹 Фо‌то (ဖော်သာ) (ဓာတ်ပုံ)
🔹 Вода‌ (ဗာဒါ) (ရေ)
🔹 Ла‌мпа (လာမ်ပါ) (မီးအိမ်)
🔹 Луна‌ (လူနာ) (လ)
🔹 Там (သာမ်) (ဟိုမှာ)
🔹 Тут (သုထ်) (ဒီမှာ)
🔹 Банк (ဘာန့်ခ်) (ဘဏ်)
🔹 Окно‌ (အာခ်နော) (ပြတင်းပေါက်)
🔹 Ко‌мната (အော်မ်နာသာ) (အခန်း)
🔹 Молоко‌ (မာလာကော်) (နို့ရည်)
🔹 Мно‌го (မနောဂါ) (အများကြီး)
🔹Ма‌ла (မာလာ) (နဲနဲလေး)
🔹 Хо‌лодно (ခေါလာ့ထ်နာ) (အေးသော)
🔹 Жа‌рко (ဇျာရ်ကာ) (ပူသော)
🔹 Хорошо‌ (ခါရာရှော) (ကောင်းသော)
🔹 Пло‌хо (ပလောခါ) (ဆိုးသော/မကောင်းဘူး)
🔹 Кот (ကော့ထ်) (ကြောင်)
🔹 Парк (ပါရ်ခ်) (ပန်းခြံ)
🔹 Торт (သော့ရ်ထ်) (ကိတ်မုန့်)
🔹 Рыба (ရီဘာ) (ငါး)
🔹 Ка‌рта (ကာရ်သာ) (မြေပုံကားချပ်)
🔹 Гру‌ппа (ဂရုဖ်ပါ) (အုပ်စု/အဖွဲ့)
👍9
Media is too big
VIEW IN TELEGRAM
Русский Алфавит (ရုရှားအက္ခရာ) ရေးဆွဲနည်း၊ အသံထွက်နည်း အပိုင်း(၁)
7
Media is too big
VIEW IN TELEGRAM
Русский Алфавит (ရုရှားအက္ခရာ) ရေးဆွဲနည်း၊ အသံထွက်နည်း အပိုင်း(၂)
6
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားအက္ခရာ (၆)လုံးဖြင့် အစဉ်လိုက်လေး ရှေ့မှာ တစ်လုံးစီ ထပ်တိုးပေါင်းထည့်ပြီး စကားလုံး(၆)လုံးအား သိရှိနိုင်ကြဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ပထမစာလုံး А(а) (အာ) သို့သော်၊ ဒါပေမယ့်

ဒုတိယစာလုံး а ရှေ့တွင် д(ဒယ်) ပေါင်းထည့်လျှင် Да(ဒါ) ဟုတ်ကဲ့၊ မှန်တယ်

တတိယစာလုံး да ရှေ့တွင် е(ရယ်) ပေါင်းထည့်လျှင် Еда(ရယ်ဒါ) အစားအစာ

စတုတ္ထစာလုံး еда ရှေ့တွင် б(ဘယ်) ပေါင်းထည့်လျှင် беда(ဘျယ်ဒါ) ဆင်းရဲဒုက္ခ၊ ကံဆိုးမှု

ပဉ္စမစာလုံး беда ရှေ့တွင် о(အော်) ပေါင်းထည့်လျှင် обеда(အာဘျယ်ဒါ) နေ့လည်စာများ

ဆဌမစာလုံး обеда ရှေ့တွင် п(ပယ်) ပေါင်းထည့်လျှင် победа(ပါဘျယ်ဒါ) အောင်ပွဲ၊ အောင်မြင်မှု တို့ပဲ ဖြစ်ပါတယ်။

အလွယ်ကျက်မှတ် နိုင်ကြပါ‌စေ။

မှတ်ချက်။ အသံတိုးတာကြောင့် နားကြပ်ကလေးနဲ့ နားထောင်ပေးကြပါ။
3👍3
This media is not supported in your browser
VIEW IN TELEGRAM
Дорога в Россию (1) သင်ခန်းစာ စာအုပ်မှ урок-1 (သင်ခန်းစာ-၁) задание-1 (လေ့ကျင့်ခန်း-၁) အား ရုရှားဆရာ/ဆရာမများ၏ အသံထွက်ပုံ/ထွက်နည်း လေယူလေသိမ်းအား ထပ်ခါထပ်ခါ နားထောင်ပြီး မှန်ကန်စွာ အသံထွက်တတ်စေရန်

မှတ်ချက်။ ။ အခြားနေရာများတွင် ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခွင့် မပြုပါ။
7
This media is not supported in your browser
VIEW IN TELEGRAM
Дорога в Россию (1) သင်ခန်းစာ စာအုပ်မှ урок-1 (သင်ခန်းစာ-၁) задание-2 (လေ့ကျင့်ခန်း-၂) အား ရုရှားဆရာ/ဆရာမများ၏ အသံထွက်ပုံ/ထွက်နည်း လေယူလေသိမ်းအား ထပ်ခါထပ်ခါ နားထောင်ပြီး မှန်ကန်စွာ အသံထွက်တတ်စေရန်

မှတ်ချက်။ ။ အခြားနေရာများတွင် ကူးယူဖော်ပြခွင့် မပြုပါ။
5
Media is too big
VIEW IN TELEGRAM
Дорога в Россию (1) သင်ခန်းစာ စာအုပ်မှ урок-1 (သင်ခန်းစာ-၁) задание-3 (လေ့ကျင့်ခန်း-၃) အား ရုရှားဆရာ/ဆရာမများ၏ အသံထွက်ပုံ/ထွက်နည်း လေယူလေသိမ်းအား ထပ်ခါထပ်ခါ နားထောင်ပြီး မှန်ကန်စွာ အသံထွက်တတ်စေရန်

မှတ်ချက်။ ။ အခြားနေရာများတွင် ကူးယူဖော်ပြခွင့် မပြုပါ။
6
၂၅-၃-၂၀၂၂ ရက်နေ့ ရုရှားစာ သင်ကြားမှု

ရုရှား ဗျည်းအက္ခရာထဲမှ အောက်ပါ (၁၂)လုံးသည် ၎င်းတို့၏ နောက်တွင် သရအက္ခရာ(а, о, у, э, ы, я, ё, ю, е, и) မပါရှိလျှင် အသံပြောင်းလဲမှုများ ရှိသည်။ ၎င်းတို့မှာ -
Б(ဘယ်) → П(ပယ်)
В(ဗယ်) → Ф(ဖယ်)
Г(ဂယ်) → К/Х(ကာ/ခါ)
Д(ဒယ်) → Т(သယ်/တယ်)
Ж(ဇျယ်) → Ш(ရှာ)
З(ဇယ်) → С(ဆယ်) တို့ ဖြစ်သည်။

ဥပမာ -
ရေးသည့်အခါ → ထွက်ရသည့်အသံ
Год → гот(ဂေါ့ထ်) (ခုနှစ်/သက္ကရာဇ်)
Подпись → потпись(ပေါ့ထ်ပျိစ်) (လက်မှတ်)
Футбол → фудбол(ဖုဒ်ဘောလ်) (ဘောလုံး)
Поезд → поест(ပေါ်ရယ့်စ်ထ်) (ရထားတစ်စင်း)
Мозг → моск(မော့စ်ခ်) (ဦးနှောက်)
Бог → бох(ဘော့ခ်) (ဘုရားသခင်)

Слова ကျက်မှတ်ရန်

Го‌род (ဂေါရာ့ထ်) (မြို့)
Стол (ဆသောလ်) (စားပွဲ)
Стул (ဆသူးလ်) (ကုလားထိုင်/ထိုင်ခုံ)
Заво‌д (ဇာဗော့ထ်) (စက်ရုံ)
Суп (ဆု့ဖ်) (စွတ်ပြုတ်)
Страна‌ (စသရာနာ) (နိုင်ငံ)
Сло‌во (စလောဗာ) (စကားလုံး)
Соба‌ка (ဆာဘာကာ) (ခွေး)
Авто‌бус (အာဖ်သောဘု့စ်) (ဘတ်စ်ကား)
Расска‌з (ရာ့စ်ကာ့စ်) (ပုံပြင်/ဝတ္တုတို)


Да (ဒါ) ဟုတ်တယ်၊ ဟုတ်ကဲ့
Дом (ဒေါမ်) အိမ်
Дон (‌ဒေါန်) ဒွန်းမြစ်
Дым (ဒီမ်) မီးခိုးငွေ့


Алло (အာလ်လော်) ဟယ်လို
Лампа (လာမ်ပါ) မီးအိမ်

Задание (6) (လေ့ကျင့်ခန်း-၆) တွင် ရှေ့ဆုံးစာလုံးများသည် သရ(၁)လုံးတည်း ရှိသော စကားလုံးများဖြစ်သည်။ ဒုတိယစာလုံးများသည် သရ(၂)လုံးပါပြီး ရှေ့သရတွင် (ударение ခေါ် stress) တင်ထားသော စကားလုံးများ ဖြစ်သည်။ တတိယ စာလုံးများသည် သရ(၂)လုံးပါပြီး နောက်ဆုံးသရတွင် (ударение ခေါ် stress) တင်ထားသော စကားလုံးများ ဖြစ်သည်။

Это Иван. (အယ်သာ အီဗာန်) (အဲ့ဒါက အီဗန်ပါ)
Это мама и папа. (အယ်သာ မာမာ အီ ပါပါ) (အဲ့ဒါက အမေနဲ့ အဖေပါ)


ရုရှားစကားပြောရာတွင် လေယူလေသိမ်းများ ရှိတဲ့အနက် ИК-1 လို့ခေါ်တဲ့ အသံတစ် အကြောင်း ရှင်းပြထားခြင်း ဖြစ်သည်။ ик-1 ဖြင့် စကားပြောဆိုရာတွင် ပုံမှန်လေသံ(လေအေးလေး)ဖြင့် ပြောဆိုရခြင်း ဖြစ်သည်။
Это နှင့်တွဲ၍ (Иван, он, мама, она, мама и папа, дом, лампа) တို့ကို ပေါင်းစပ်ပြီး ပြောသောအခါ၊ အဲ့ဒါက (အီဗန်ပါ၊ သူပါ၊ အမေပါ၊ သူမပါ၊ အမေနဲ့အဖေပါ၊ အိမ်ပါ၊ မီးအိမ်ပါ) ဟူ၍ အဓိပ္ပါယ်ရသည်။

အထက်အတိုင်း задание-7(б) အား Это ဖြင့်တွဲ၍ ရေးရန်။


Алла там. (အာလ်လာ သာမ်) (အာလာ ဟိုမှာပါ)
Иван тут. (အီဗာန် သု့ထ်) (အီဗန် ဒီမှာပါ)
Антон дома. (အာန်သော်န် ဒေါ်မာ) (အန်သွန် အိမ်မှာပါ)

Здание-8(а)
Это Анна. (အယ်သာ အာန်နာ) (အဲ့ဒါ အန်နာပါ)
Она тут. (အာနာ သု့ထ်) (သူမ ဒီမှာပါ)
Это Иван. (အယ်သာ အီဗာန်) (အဲ့ဒါ အီဗန်ပါ)
Он дома. (အွန် ဒေါ်မာ) (သူ အိမ်မှာပါ)
Анна и Иван дома. (အာန်နာ အီ အီဗာန် ဒေါ်မာ) (အာနာ နဲ့ အီဗန် အိမ်မှာပါ)
Мы тут. (မီ သု့ထ်) (ငါတို့ ဒီမှာပါ)

ရုရှားစကားပြောရာတွင် လေယူလေသိမ်းများ ရှိတဲ့အနက် ИК-3 လို့ခေါ်တဲ့ အသံသုံး အကြောင်း ရှင်းပြထားခြင်း ဖြစ်သည်။ Ик-3 သည် ပုံမှန် အမေးဝါကျဖြင့် မေးမြန်းရာတွင် အသုံးပြု ပြောဆိုရခြင်း ဖြစ်သည်။ Ик-3 ဖြင့် မေးမြန်းခြင်းသည် တိကျသော အဖြေပါရှိသော အမေးများကိုသာ မေးမြန်းရာတွင် အသုံးပြုရခြင်း ဖြစ်သည်။ ထိုသို့ ик-3 ဖြင့် မေးမြန်းခြင်းခံရလျှင် အဖြေတွင် (да/нет) (ဟုတ်တယ်/မဟုတ်ဘူး) ထည့်သွင်း ဖြေကြားပြောဆိုရမည်။

Это Анто³н? (အယ်သာ အာန်သွန်) (အဲ့ဒါ အန်းသွန်လား)
Да, это Анто¹н. / Да, это о¹н. (ဒါ အယ်သာ အာန်သွန်/ ဒါ အယ်သာ အွန်)
(ဟုတ်ပါတယ် အဲ့ဒါ အန်သွန်ပါ/ ဟုတ်ပါတယ် အဲ့ဒါ သူပါ)
(Он သည် Антон အစား အသုံးပြုခြင်း ဖြစ်သည်)

Это А³нна? (အယ်သာ အာန်နာ) (အဲ့ဒါ အန်နာလား)
Да, это А¹нна. / Да, это она¹.(ဒါ အယ်သာ အာန်နာ) (ဒါ အယ်သာ အာနာ)
(ဟုတ်ပါတယ် အဲ့ဒါ အန်နာပါ/ ဟုတ်ပါတယ် အဲ့ဒါ သူမပါ)
Она до³ма? (အာနာ ဒေါမာ) (သူမ အိမ်မှာလား)
Да, дома. / Да, она дома. (ဒါ ဒေါ်မာ / ဒါ အာနာ ဒေါ်မာ)
(ဟုတ်ပါတယ် အိမ်မှာပါ / ဟုတ်ပါတယ် သူမ အိမ်မှာပါ)


Анна до³ма? (အာန်နာ ဒေါမာ) (အန်နာ အိမ်မှာလား) ဟူ၍ မေးသော ဝါကျတွင် дома ဆိုသည့် အိမ်မှာ ဆိုသော စကားလုံးကို အသံ-၃ ဖြင့် မေးမြန်း အသုံးပြုထားသည့်အတွက် အဖြေတွင် ထိုသို့ အသံ-၃ တင်ထားသော စကားလုံးကို တိကျစွာ ပြန်လည် ဖြေကြားပေးရမည်။
အဖြေ။ ။ Да, дома.

А³нна дома? (အာ့န်နာ ဒေါ်မာ) (အိမ်မှာလား) ဟူ၍ မေးသော ဝါကျတွင် Анна ဆိုသည့် အန်နာ ဆိုသော စကားလုံးကို အသံ-၃ ဖြင့် မေးမြန်း အသုံးပြုထားသည့်အတွက် အဖြေတွင် ထိုသို့ အသံ-၃ တင်ထားသော စကားလုံးကို တိကျစွာ ပြန်လည် ဖြေကြားပေးရမည်။
အဖြေ။ ။ Да, Анна дома.


နောက်ဆုံးပုံအား အိမ်စာပြုလုပ်ရန်။
👏42👍2