Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
828 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
цель - самозащить
ဆယ်လ် ဆာမာဇာရှိခ်ျ
ရည်မှန်းချက် ပန်းတိုင်ဟာ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခြင်း ဖြစ်တယ်

#р_в_мать_сын
👍6
🐦🐦🐦Какушка 🐦🐦🐦

Битва за Севастополь (легендадо) ဇာတ်ကားရဲ့ ဇာတ်ဝင်တေး။ အရင်က တင်ပေးဖူးတဲ့ သူ့အကြောင်းအရာလေးပါ တင်ပေးလိုက်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ လက်ဖြောင့် သေနတ်ပစ် ကျွမ်းကျင်သလို အမေရိကန်က ဘီလီယျံနာ သူဌေးကြီးရဲ့ အသဲကိုပါ ခွဲခဲ့တဲ့ ရုရှားဆီုဗီယက် အမျိုးသမီးကတော့ Людмила Михайловна Павличенко (Lyudmila Mikhailovna Pavlichenko) ပဲဖြစ်ပါတယ်။

၁၉၄၂ ခုနှစ် ဇန်နဝါရီလအတွင်းက ဆိုဗီယက်စစ်သည်တွေဟာ အေးခဲနေတဲ့ ကတုတ်ကျင်းတစ်ကျင်းထဲမှာ နာဇီလက်ဖြောင့်သေနတ်သမားကို နှစ်ရက်ကြာအောင် တိတ်တိတ်လေး စောင့်ဆိုင်းနေခဲ့ပါတယ်။ ထိုနာဇီလက်ဖြောင့်တပ်သားက ပြီးခဲ့တဲ့(၄၈) နာရီအတွင်းမှာ ဆိုဗီယက် တပ်သား(၅)ယောက်ကို သတ်ဖြတ်သုတ်သင်ခဲ့ပြီးပါပြီ။ သေသွားတဲ့အထဲမှာ ဆိုဗီယက် တပ်နီတော်ဘက်မှ တပ်ရင်းမှုးတစ်ယောက်လဲ ပါပါတယ်။

တတိယနေ့မနက် မိုးသောက်တဲ့အခါ ဆိုဗီယက်တွေက အဲ့ဒီနာဇီစစ်သားဟာ ယိုယွင်းနေပြီဖြစ်တဲ့ မီးရထားခုံးကျော်တံတားပေါ်ကနေ ရန်သူအဝိုင်းခံထားရတဲ့ Севастополь (Sebastopol) မြို့ကို အပေါ်စီးက မိုးကြည့်နေတာကို မှန်ပြောင်းကတဆင့် တွေ့ခဲ့ပါတယ်။ အဲ့ဒီ သေနတ်သမားကို ဖမ်းဆီးပစ်ခတ်နိုင်အောင် အကြီးတန်းဆာဂျင်ကြီး Павличенко က အကြံတစ်ခု ထုတ်ခဲ့ပါတယ်။

လူပုံသဏ္ဍာန် အရုပ်တစ်ခုကို ဖန်တီးပြီး အဲ့ဒီနာဇီရဲ့သေနတ်ပြောင်း၀က ထွက်လာမယ့် မီးပွင့်ကို တွေ့နိုင်ဖို့အတွက်ပါ။ မကြာပါဘူး အဲ့ဒီနာဇီလက်ဖြောင့်သေနတ်သမားဟာ ဆိုဗီယက်တွေ ဆင်တဲ့အကွက်ထဲ ၀င်လာခဲ့ပါတယ်။ သေနတ်ပြောင်း၀ကနေ မီးပွင့်တာ တွေ့လိုက်ရတဲ့ Павличенко က ချက်ခြင်းပဲ အဲ့ဒီသေနတ်သမားရဲ့ မျက်လုံးနှစ်လုံးကြား အလယ်ဗဟိုတည့်တည့်ကို ကျည်ဆံတစ်တောင့် ပစ်သွင်းလိုက်ပါတယ်။

ဆိုဗီယက် တပ်နီတော် စစ်သည်တွေကို ပုန်းလျှိုးကွယ်လျှိုးနဲ့ တစ်ယောက်ချင်း လိုက်လံသတ်ဖြတ်နေတဲ့ နာဇီနိုက်ပါသမားကို အသေပစ်ခတ်ခဲ့သူဟာ ဆိုဗီယက်ယူနီယံ တပ်နီတော်ရဲ့ ကျော်ကြားတဲ့ လက်ဖြောင့်တပ်သား စစ်သမီး Павличенко ပဲဖြစ်ပါတယ်။ ထူးခြားတဲ့အရည်အသွေးနဲ့ လက်မရွံ့တပ်သား Павличенко က အမျိုးသမီးတစ်ဦးပါ။ သူမရဲ့နာမည်အပြည့်အစုံကတော့ Людмила Михайловна Павличенко ဖြစ်ပါတယ်။

သူမကို ၁၉၁၆ ခုနှစ် ဂျူလိုင်လ ၂၉ ရက် (ဂျူလိုင်လ ၁၂ ရက်)နေ့မှာ Bila Tserkva၊ Vasilkovsky district၊ Kiev province၊ Russian ဆိုဗီယက်ယူနီယံတွင် မွေးဖွားခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့(အသက် ၅၈ နှစ်မှာ) ကွယ်လွန်ခဲ့ပါတယ်။ သူမဟာ ရုရှားတပ်နီတော်တွင် ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူမဟာ အသက် (၂၅)နှစ်အရွယ်တွင် နာဇီဂျာမဏီ စစ်သည်ပေါင်း (၃၀၉)ဦးရဲ့ အသက်ကို ဇီဝိန်ချွေခဲ့နိုင်ပါတယ်။ ရုရှား တပ်နီတော်ရဲ့ အမှတ်(၂၅) Chapaevskaya ရိုင်ဖယ်တပ်ခွဲမှ လုပ်ကြံသူ Людмила Михайловна Павличенко ဟာ USSR ရဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီး ဝေးလံတဲ့ အကွာအဝေးထိ သွားရောက်ချောင်းမြောင်း ပစ်ခတ်ခဲ့ပါတယ်။ Павличенко ဟာ ကမ္ဘာ့သမိုင်းတွင် အအောင်မြင်ဆုံး အမျိုးသမီးစနိုက်ပါ ဖြစ်ခဲ့ပါတယ်။ သူမကို အမေရိကန် သတင်းထောက်များက "Lady Death" လို့ အမည်ပေးခဲ့ပါတယ်။ Malinnikova ရဲ့ အဆိုအရ ချုံခိုတိုက်ခိုက်မှု တစ်ခုအတွင်းမှာ ဖက်ဆစ် ၆၀ ခန့်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၁၉၄၂ ခုနှစ် ဇွန်လမှာတော့ စစ်အတွင်းမှာ အမြှောက်ဆံမှန်ပြီး တစ်လကြာအောင်ဆေးရုံတက်ခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းကစပြီး Павличенко ဟာ ရှေ့တန်းစစ်မြေပြင်ကို မသွားရတော့ဘဲ ရုရှားစစ်တပ်အတွက် ဝါဒဖြန့်စစ်ရေးကမ်ပိန်းတွေပဲ ပြုလုပ်ခဲ့ပါတော့တယ်။

စစ်အတွင်းမှာ သူမရဲ့ လက်ဖြောင့်သေနတ်အစွမ်းကြောင့် စတာလင်ရဲ့ အတော်ဆုံးအမျိုးသမီးလက်ဖြောင့်တပ်သားအဖြစ် အသိအမှတ်ပြုခံရပါတယ်။

Павличенко ဟာ နာဇီတွေကိုဆန့်ကျင်တဲ့ ရုရှားကမ်ပိန်းတွေမှာ အထောက်အကူရှာဖို့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေကိုလည်း သွားရောက်လည်ပတ်ခဲ့ပါတယ်။ အမေရိကန်သမ္မတ Roosevelt နဲ့တင်မကပဲ သမ္မတကတော် Eleanot နဲ့ပါ ရင်းနှီးတဲ့ဆက်ဆံရေးတွေ ရှိခဲ့ပါတယ်။

ရှေ့တန်းစစ်ဆင်ရေးတွေ မကြာခဏသွားရတဲ့သူမဟာ မဟာမိတ်ခေါင်းဆောင်တွေဖြစ်တဲ့ Churchill ၊ Roosevelt ၊ Stalin တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဆိုဗီယက်ရဲ့အမြင့်ဆုံး ဆုတံဆိပ်ဖြစ်တဲ့ ဆိုဗီယက်ယူနီယံသူရဲကောင်းဘွဲ့ကိုလည်း ရရှိခဲ့ပါတယ်။ သူမအထ္ထုပတ္တိအကြောင်းနဲ့ ပတ်သက်ပြီး (၂၀၀၅)ခုနှစ်တုန်းကလည်း ရုပ်ရှင်ထွက်ရှိခဲ့ပါသေးတယ်။

ယူအက်စ်မှာ သူမဟာ မိန့်ခွန်း ပြောနိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပြီး အမေရိကန် သမ္မတရဲ့ ဇနီး အီလာနိုရုစဗဲ့နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ ဆိုဗီယက် စနိုက်ပါ "Lyudmila Mikhailovna Pavlichenko" ဟာ အမေရိကန် ပြည်ထောင်စုမှာ အလွန်ကျော်ကြားတာကြောင့် အမေရိကန်အဆိုတော် Woody Guthrie က "Miss Pavlichenko" အမည်နဲ့ သူမအကြောင်းကို သီချင်းတစ်ပုဒ်ပင် ရေးသား/သီဆိုခဲ့ပါတယ်။ အဲ့သီချင်းကို တော်တော်များများ ရင်းနှီးလိမ့်မယ်လို့ ထင်ပါတယ်။
👍6
အမေရိကန်တွင် သူမ မိန့်ခွန်းပြောကြားတဲ့ အချိန်မှာ သူမကို မြင်တွေ့ခဲ့ပြီး တည်ငြိမ်နေတဲ့ ရေပြင်ကို ခဲလုံးလေး ပစ်ချလိုက်သလို လှိုင်းကယက်တွေ ထသွားသကဲ့သို့ နှလုံးသားလှိုင်းဂယက် ထသွားသလို ဖြစ်ခဲ့တဲ့ သူကတော့ အမေရိကန် သန်းကြွယ်သူဌေး ဝီလျံပက်ထရစ်ဂျွန်ဆင် ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမကို ဆိုဗီယက်တပ်နီတော်က ဆိုဗီယက်ယူနီယံနိုင်ငံသား‌ ဆေးတပ်ဖွဲ့က အငယ်တန်းလက်ထောက်တစ်ဦးက လက်ထပ်ထိမ်းမြားခွင့်ပြုရန် အဆိုပြုတောင်းခံခဲ့ကြောင်းနဲ့ ဆိုဗီယက်အစိုးရကို အယူခံဝင်ခဲ့ကြောင်း Павличенко က ပြောဆိုခဲ့ဖူးပါတယ်။

အမေရိကန် သန်းကြွယ်သူဌေးနဲ့ ပတ်သတ်ပြီးလဲ သူဟာ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သူရဲ့ ဘဏ်စာရင်းမှာ အဲ့ဒီအချိန်က ဒေါ်လာ ၅ သန်းရှိကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့် ၎င်းဟာ ထည့်သွင်း စဉ်းစားသင့်ပေမယ့် Павличенко က "ဒါပေမယ့် ငါသူ့ကို မကြိုက်ဘူး" လို့ ပြောဆိုခဲ့ပါတယ်။ ဈေးကြီးတဲ့ လက်ဝတ်ရတနာတွေနဲ့ အထင်ကြီးလောက်တဲ့ ဘဏ်အကောင့်တစ်ခုမှ သတ္တိရှိရှိဖြင့် ဆိုဗီယက်မိန်းကလေးအား အမေရိကန်နဲ့ အပြန်အလှန် ဆက်ဆံရန် စည်းရုံးနိုင်ခြင်း မရှိခဲ့ပါဘူး။

သူမရရှိခဲ့တဲ့ ဆုတံဆိပ်တွေကတော့
🔹 Hero of the Soviet Union
🔹 The order of Lenin
🔹 Medal "For Military Merit"
🔹 Medal "For the Defense of Odessa"
🔹 Medal "For the Defense of Sevastopol"
🔹 Medal "For Victory over Germany
in the Great Patriotic War of
1941-1945" တို့ပဲဖြစ်ပါတယ်။

သူမအကြောင်း ရိုက်ကူးထားတဲ့ "Battle for Sevastopol(legendao)"[Битва за Севастополь (легендадо)]ဇာတ်ကားလေးရဲ့ YouTube link ပါထည့်ပေးလိုက်ပါတယ်။

https://youtu.be/dZEsWbv-E1U

#Р_В_Мать_Сын
၂၂-၃-၂၀၂၂ ရက်နေ့ ရုရှားစာ စတင်သင်ကြားမှု

ရုရှားစကားလုံးများတွင် အက္ခရာ စုစုပေါင်း (၃၃) လုံး ရှိပြီး ဗျည်း(၂၁)လုံး၊ သရ(၁၀)လုံး၊ ထူးခြားတဲ့ဝိသေသရှိတဲ့အက္ခရာ(၂)လုံးတို့ပဲ ဖြစ်ပါတယ်။

К(к) ကာ/ခါ
Ключ (ခလု့ခ်ျ) သော့
Кот (ကော့ထ်) ကြောင်
Кни‌га (ခညီဂါ) စာအုပ်

Л(л) လယ်/အယ်လ်
Любо‌вь (လု့ဘော့ဖ်) ချစ်ခြင်း
Луна‌ (လူနာ) လ
Ла‌мпа (လာမ်ပါ/လမ်းပါ) မီးအိမ်

М(м) မယ်/အမ်
Ма‌ма (မာမာ) အမေ
Маши‌на (မာရှီးနာ) ကား/စက်ပစ္စည်း
Мужчина (မူရှီးနာ) ယောင်္ကျား (муж - မုရှ်)

Н(н) နယ်/အန်
Нож (နော့ရှ်) ဓား
Неде‌ля (ညိ့ဂျယ်လျာ/ညိ့ဂျယ်လာ) ရက်သတ္တပတ်
Не‌бо (ညယ်ဘာ) ကောင်းကင်

О(о) အော်
Очки‌ (အာခ်ျကီ) မျက်မှန်
Окно‌ (အာခ်နော) ပြတင်းပေါက်
Он (အွန်) သူ

П(п) ပယ်
Па‌па (ပါပါ) အဖေ (оте‌ц - အာကျယ်စ်)
Письмо‌ (ပိစ်မော) စာ
По‌дпись (ပေါထ်ပျိစ်) လက်မှတ်

Р(р) အ်ရယ်
Родно‌й (အ်ရာ့ထ်နွေ့ရ်/အ်ရာ့နော့ရ်) မွေးရပ်မြေ/ မွေးဖွားရာဇာတိ
Ры‌ба (အ်ရီဘာ) ငါး
Ро‌за (အ်ရောဇာ) နှင်းဆီ

С(с) ဆယ်
Снег (ဆညယ့်ခ်) နှင်း
Слон (ဆလွန်/ဆလောန်) ဆင်
Самолёт (ဆာမာလော့်ထ်) လေယာဉ်ပျံ

Т(т) သယ်/တယ်
Тётя (ကျော့ကျာ) အန်တီ
Тетра‌дь (ကျီသရာ့ထ်) မှတ်စုစာအုပ်
Ты (သီ) သင်/မင်း

У(у) အူ
Уро‌к (အူရော့ခ်) သင်ခန်းစာ
Учи‌тель (အူချီကျယ်လ်) ဆရာ/ဆရာမ
Университе‌т (အူညီဗျယ်ရ်ဆီကျယ့်ထ်) တက္ကသိုလ်

Ф(ф) ဖယ်
Фо‌то (ဖော်သာ) ဓာတ်ပုံ
Февра‌ль (ဖျယ်ဖ်ရာလ်) ဖေဖော်ဝါရီလ
Фами‌лия (ဖာမီလီရာ) မျိုးရိုးအမည်
အက္ခရာ(၁၁)လုံးအား တစ်လုံး(၂)မျက်နှာ အိမ်စာရေးရန်။

နေ့စဉ်စကားပြော အသုံးပြရန်

Доброе утро. (ဒေါ်ဘရာရယ်/ဒေါ်ဘရယ် အူသရာ)
မင်္ဂလာ နံနက်ခင်းပါ
Добрый день. (ဒေါ်ဘရီရ် ဂျင်းန်/ဂျိန်း)
မင်္ဂလာ နေ့လည်ခင်းပါ
Добрый вечер. (ဒေါ်ဘရီရ် ဗျယ်ချယ်ရ်)
မင်္ဂလာ ညနေခင်းပါ
Добрый ночью. (ဒေါ်ဘရီ နောချူး)
မင်္ဂလာ ညချမ်းပါ
Добро пожаловать. (ဒါဘရော ပါဇျာလာဗာ့ခ်ျ)
ကြိုဆိုပါတယ်
Увидимся. (အူဗီဂျီမ်ဆျာ/အူဗီဂျီမ်ဆာ)
နောက်မှတွေ့မယ်
Возможно. (ဗာစ်မော်ရှ်နာ)
ဖြစ်နိုင်ပါတယ်/ရပါတယ်/ဟုတ်ပါတယ်
Можно? (မောရှ်နာ) ရမလား
Нельзя. (ညိ့လ်ဇျာ/ညိ့လ်ဇရာ) မရပါဘူး

Слова ကျက်ရန်
1. Па‌па(оте‌ц) - (ပါပါ/အာကျယ်စ်) အဖေ
2. Ма‌ма(мать) - (မာမာ/မာ့ခ်ျ) အမေ
3. Де‌душка - (ဂျယ်ဒူရှကာ) အဖိုး
4. Ба‌бушка -. (ဘာဘူရှကာ) အဖွား
5. Дя‌дя - (ဂျာဂျာ) ဦးလေး
6. Тётя - (ကျော်ကျာ) အန်တီ
7. Брат - (ဘရာ့ထ်/ဘရတ်ထ်) အစ်ကို/ညီ/မောင်
8. Сестра‌ - (ဆီစ်သရာ) အစ်မ/ညီမ
👍8
၂၃-၃-၂၀၂၂ ရက်နေ့ ရုရှားစာ သင်ကြားမှု

ရုရှားစကားလုံးများတွင် အက္ခရာ စုစုပေါင်း (၃၃) လုံး ရှိပြီး ဗျည်း(၂၁)လုံး၊ သရ(၁၀)လုံး၊ ထူးခြားတဲ့ဝိသေသရှိတဲ့အက္ခရာ(၂)လုံးတို့ပဲ ဖြစ်ပါတယ်။

Х(х) ခါ
Хорошо́ (ခါရာရှော) ကောင်းသော
Хо́лодно (ခေါလာ့ထ်နာ) အေးသော
Хокке́й (ခါကေ့ရ်) ဟော်ကီ

Ц(ц) စယ်
Цирк (စီးရ်ခ်) ဆက်ကပ်
Цена́ (စယ်နာ/စီနာ) ဈေးနှုန်း
Центр (စယ်န်သ်ရ်/စင်န်သ်ရ်) အလယ်/ဗဟို

Ч(ч) (ချာ)
Чай (ချာ့ရ်) လ္ဘက်ရည်
Часы́ (ချာဆီ/ချီဆီ) နာရီ
Читать (ချိသာ့ခ်ျ) ဖတ်သည်

Ш(ш) (ရှာ)
Шко́ла ((ရှကောလာ) ကျောင်း
Шкаф (ရှကာ့ဖ်) ဗီရို
Шесть (ရှစ်စ်ထ်/ရှိစ်ထ်) ‌နံပါတ်ခြောက်

Щ(щ) (သျှာ)
Щит (သျှိထ်) ဒိုင်း
Щель (သျှယ်လ်) ကတုတ်ကျင်း
Щётка (သျှော်ထ်ကာ) ဘရပ်ရှ်

ъ (သဗျောသီးဇနာ့)
ы (အီးခ်)
ь (များကီးဇနာ့)

Э(э) (အယ်)
Э́то (အယ်သာ) အဲ့ဒါ/ဒီဟာ
Э́хо (အယ်ခါ) ပဲ့တင်သံ
Эмо́ция (အယ်မော်စီရာ) စိတ်ခံစားမှု

Ю(ю) (ယူ)
Ю́ла (ယူလာ) ဂျင်
Ю́бка (ယူပ်ကာ) စကပ်/ထမိန်/ဂါဝန်
Юг (ယူခ်) တောင်ဘက်

Я(я) (ရာ)
Я́блоко (ရာဘလာကာ) ပန်းသီး
Я́корь ((ရာကာရ်) ကျောက်ဆူး
Я (ရာ) ငါ

နေ့စဉ်စကားပြောလေ့ကျင့်ရန်
Как тебя/вас зовут? (ကာ့ခ် ကျီဘျာ/ဗာ့စ် ဇာဗု့ထ်)
မင်း/ခင်းဗျား နာမည် ဘယ်လိုခေါ်လဲ
Меня зовут.........(မီညာ ဇာဗု့ထ်) ငါ့နာမည်က....
Это моя семья. (အယ်သာ မာရာ ဆီမီရာ)
ဒါကတော့ ငါ့မိသားစုပါ
Это мой дедушка/ папа(отец)/ муж/ дядя/ брат/ сын/ внук.
(အယ်သာ မွေ့ရ် ဂျယ်ဒူရှကာ/ ပါပါ(အာကျယ့်စ်)/ မု့ရှ်/ ဂျာဂျာ/ ဘရာ့ထ်/ ဆင်န်/ ဗနု့ခ်)
ဒါကတော့ ငါ့ရဲ့ အဖိုး/ အဖေ/ ယောင်္ကျား/ ဦးလေး/ အစ်ကို/ သား/ မြေး(ယောင်္ကျားလေး) ပါ
Это моя бабушка/ мама(мать)/ жена/ тётя/ сестра/ дочь/ внучка.
(အယ်သာ မာရာ ဘာဘူရှကာ/ မာမာ(မာ့ခ်ျ)/ ဇျိနာ/ ကျော်ကျာ/ ဆီစ်သရာ/ ဒေါ့ခ်ျ/ ဗနု့ချကာ)
ဒါကတော့ ငါ့ရဲ့ အဖွား/ အမေ/ မိန်းမ/ အဒေါ်/ အစ်မ/ သမီး/ မြေးမပါ
Моего отца (брата/ дядю/ дедушку/ мужа/ сына/ парня) зовут.......
[မာရီဗော် အာ့ထ်စာ (ဘရာသာ/ ဂျာဂျူ/ ဂျယ်ဒူရှကူ/ မူဇျာ/ ဆီးနာ/ ပါရ်ညာ)] ဇာဗု့ထ်.....
ငါ့ အဖေ(အစ်ကို/ ဦးလေး/ အဖိုး/ ယောင်္ကျား/ သား/ ကောင်လေး) နာမည်ကတော့.......
Мою маму (сестру/ тётю/ бабушку/ жену/ дочь/ девушку) зовут......
[မာယူ မာမူ(ဆီစ်သရူ/ ကျော်ကျူ/ ဘာဘူရှကူ/ ဇျိနူ/ ဒေါ့ခ်ျ/ ဂျယ်ဘူရှကူ) ဇာဗု့ထ်...]
ငါ့ အမေ(အစ်မ/ အဒေါ်/ အဖွား/ မိန်းမ/ သမီး/ ကောင်မလေး) နာမည်ကတော့......

Слова ကျက်ရန်
сын ဆီးန်/ဆင်းန် (သား)
дочь ဒေါ့ခ်ျ (သမီး)
внук ဗနု့ခ် (မြေးယောင်္ကျားလေး)
внучка ဗနု့ခ်ျကာ (မြေးမ)
мужчина မူရှ်ချီးနာ (အမျိုးသား)
женщина ဇျင်န်ရှီးနာ (အမျိုးသမီး)
мальчик မာလ်ချိခ် (ယောင်္ကျားလေး)
девушка ဂျယ်ဗူရှကာ (မိန်းကလေး)
друг ဒရု့ခ် (ယောင်္ကျားလေးသူငယ်ချင်း)
подруга ပါဒရုဂါ (မိန်းကလေးသူငယ်ချင်း)
👍73