ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့သည် လီနင်ဂရက်ဟုခေါ်သော စိန့်ပီတာစဘတ်မြို့၏ သမိုင်းဝင် ထူးခြားသည့်နေ့ တစ်နေ့ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ထိုအချိန်က လီနင်ဂရတ် ဟုခေါ်သော စိန့်ပီတာစဘတ်မြို့သူ/သားများသည် ဂျာမန်တို့၏ ဝိုင်းရံမှုအောက်တွင် ရက်ပေါင်း ၉၀၀ နီးပါး နေထိုင်ခဲ့ကြရသည်။ ဆိုဗီယက်စစ်တပ်သည် ၁၉၄၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ဂျာမန်များ၏ ဝိုင်းရံထားမှုမှ လွတ်မြောက်ခဲ့ပြီး ထိုနေ့သည် စိန့်ပီတာစဘတ်အတွက် အလွန်အရေးပါပြီး အမှတ်တရဖွယ် နေ့တစ်နေ့ ဖြစ်ခဲ့သည်။
၁၉၄၁ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် လီနင်ဂရက်မြို့အား ဂျာမန်တို့မှ စတင် ဝိုင်းရံခြင်း ခံခဲ့ရသည်။ ထိုနှစ်နွေရာသီတွင် မြို့တွင်းတိုက်ပွဲများ စတင်ခဲ့သော်လည်း ဂျာမန်တပ်များက မြို့ကို မသိမ်းပိုက်နိုင်ဘဲ ဝိုင်းရံပိတ်ဆို့ထားရန် ဆုံးဖြတ်ချက်ချခဲ့သည်။ လီနင်ဂရက်မြို့သည် ကျန်ဆိုဗီယက်ယူနီယံများကဲ့သို့ ငတ်မွတ်မှု၊ အအေးဒဏ်နှင့် အဆက်မပြတ် ဒုံးကျည်ပစ်ခတ်တိုက်ခိုက်မှုများကို ခံစားခဲ့ရသည်။ ထိုနှစ်များတွင် ဆောင်းရာသီသည် အလွန်ပြင်းထန်သော်လည်း နွေးထွေးသောအိမ်များအတွက် လောင်စာမရှိ၊ လျှပ်စစ်မရှိ၊ ရေလည်းမရှိခဲ့ပေ။ နိုင်ငံနှင့် တစ်ခုတည်းသော ချိတ်ဆက်မှုမှာ ဝိုင်းရံထားသောမြို့သို့ အနည်းဆုံး အရေးပေါ် အထောက်အပံ့များ ပေးအပ်ရယူရန် အပြုနိုင်သည့် Ladoga Lake ဖြစ်သည်။ ရုရှားဘာသာဖြင့် «блокада» ဟုခေါ်သော အဆိုပါဝိုင်းရံမှုသည် ၁၉၄၃ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် တစ်စိတ်တစ်ပိုင်း လျော့နည်းခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်တွင် လုံးဝရုတ်သိမ်းခဲ့သည်။ အကြမ်းဖျင်းခန့်မှန်းချက်များအရ အသေအပျောက်စာရင်းမှာ ခြောက်သိန်း မှ ဆယ့်ငါးသိန်း အထိ ရှိပြီး ဝိုင်းရံခံထားရသောကြောင့် အသက်မည်မျှသေဆုံးခဲ့သည်ကို အတိအကျ မသိရပေ။
ထိုနှစ်များအတွင်းတွင်ပင် မြို့၏ဘဝသည် မပျက်ဆီးခဲ့ပေ။ လူတွေက မြို့ကို ရှင်သန်အောင် စောင့်ရှောက်ဖို့ ကြိုးစားခဲ့ကြပေမယ့် ဒါဟာ အလွန်ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ အချို့သော စက်ရုံများသည် အလုပ်ဆက်လုပ်ကြသည်။ ပန်းရံဆရာများနှင့် ဆောက်လုပ်ရေးသမားများသည် ရန်သူ့ဒုံးကျည်များအန္တရာယ်မှ ကာကွယ်နိုင်ရန် မြို့တွင်းရှိ အဆောက်အအုံများကို အကာအကွယ်ရရန် ကူညီဆောက်လုပ်ခဲ့ကြသည်။ အချို့ကျောင်းများ၊ ပြဇာတ်ရုံများနှင့် ပြတိုက်များသည် နိုင်ငံသားများကို ပုန်းခိုနေထိုင်နိုင်စေဖို့ ထောက်ပံ့ရန် ဆက်လက်လုပ်ဆောင်ခဲ့သည်။ ကျန်ပြည်နယ်များနှင့် တစ်ခုတည်းသော ဆက်သွယ်မှုမှာ The Road of Life (Дорога жизни) ဟုခေါ်သည့် ဖြတ်ကျော်လမ်းဖြစ်သော Ladoga Lake ဖြစ်သည်။ မြို့တော်ကို မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေနဲ့ လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ဆောင်းရာသီမှာ အသုံးပြုခဲ့တဲ့ ရေခဲလမ်းဖြစ်ပါတယ်။
ထိုသို့ ဝန်းခံပိတ်ဆို့ခံရခြင်းသည် စိန့်ပီတာစဘတ်ရှိ ကြေကွဲဖွယ် သမိုင်းစာမျက်နှာတစ်ခုဖြစ်ခဲ့ပြီး မေ့မရနိုင်သော ကမ္ဘာ့သမိုင်းဖြစ်သည်။ စိန့်ပီတာစဘတ်တွင် ဤအဖြစ်အပျက်များအကြောင်း ကျွန်ုပ်တို့အား ပြောပြနိုင်သော နေရာများစွာရှိသည်။ ဤအချိန်ကာလအကြောင်းပိုမိုလေ့လာရန် လီနင်ဂရက် ကာကွယ်ရေးပြတိုက်နှင့် ဝိုင်းရံထားသော ပြတိုက်များသို့ သွားရောက်ကြည့်ရှုနိုင်သည်။ Памятник Героическим защитникам Ленинграда သို့မဟုတ် ထိုအချိန်က သေဆုံးခဲ့သော မြို့သူမြို့သား လေးသိန်းနှစ်သောင်း၏ အကြွင်းအကျန်များ မြှုပ်နှံထားရှိရာ Пискарёвское мемориальное кладбище သင်္ချိုင်းသို့သွားရောက် လေ့လာကြည့်ရှုနိုင်သည်။ ရုရှားလို ကျော်ကြားတဲ့ စကားတစ်ခွန်းရှိတယ်။ အဲ့ဒါကတော့ «Никто не забыт, ничто не забыто» “ဘယ်သူမှ မေ့မပစ်ဘူး၊ ဘယ်အရာကိုမှ မေ့မပစ်ဘူး။” ဆိုသည့် ဝမ်းနည်းစရာကောင်းတဲ့ သမိုင်းဝင်ဖြစ်ရပ်တွေကို အောက်မေ့ပြီး ဂုဏ်ပြုလိုက်ရပါတယ်။

👍1