Review by BLSFLIX
27K subscribers
829 photos
770 links
Download Telegram
The School (2026)
" ကျောင်းနောက်ကွယ်ကအမှန်တရားများ "

https://t.me/blsflix_f4thailand

နာမည်ကြီးဆာယမ်ကန်ချနာကျောင်း (Siam Kanchana School) သည် ဩဇာအရှိဆုံးနိုင်ငံရေးသမားဖြစ်တဲ့ ချနင်း (Chanin) မိသားစုက တည်ထောင်ထားတဲ့ ကျောင်းဖြစ်ပြီး အာဏာရှိသူများ၏ သားသမီးများအတွက်တော့ကောင်းကင်ဘုံတစ်ခုလို ဖြစ်သော်လည်း scholarship နဲ့ဝင်ရောက်လာရသော ကျောင်းသားများအတွက်တော့ လူတန်းစားခွဲခြားမှုများကြောင့် အိမ်မက်ဆိုးတစ်ခုလို ဖြစ်နေပါတယ်။

ချနင်းရဲ့ဇနီး အုပ်ချုပ်မှုအောက်မှာ အပေါ်ယံကကြည့်ရင် ပြီးပြည့်စုံနေသော်လည်း ကျောင်းဝင်းအတွင်း လူသတ်မှုကြီးတစ်ခုဖြစ်ပွားသောအခါ ပိတ်ကွယ်ထားသောအမှန်တရားများ စတင်ပေါ်ထွက်လာပါတော့တယ်

အာဏာနှင့် ငွေကြေးကို အသုံးချပြီး သားသမီးနဲ့ မိသားစုဂုဏ်သိက္ခာကို ကာကွယ်လိုသည့် အဖွဲ့ကတစ်ဖက် နဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစား‌ေနတဲ့ အခြားဖက်ကြားမှာ...

ရှေ့နေကြီး Sasiwimol (ဆာစီဝီမောလ်) ကလူတန်းစားခွဲခြားတဲ့နံရံကို ချိုးဖောက်ပြီး အမှန်တရားကိုဖော်ထုတ်နိုင်ပါ့မလား...
အာဏာက အမှားကို အမှန်အဖြစ် ပြောင်းလဲနိုင်တဲ့ လောကမှာ ကလေးတွေရဲ့ အနာဂတ်က‌ေရာဘယ်လိုအဆုံးသတ်မလဲဆိုတာကို ကျွန်ုပ်တို့ BLSFLIX channel နဲ့အတူကြည့်ရှုခံစားကြရအောင်‌ေနာ်🫶
24
Justice In The Dark (The Abyss) (2023)
"အမှောင်ဖုံးတဲ့ နှလုံးသား"

https://t.me/+uKOAFuhF9D45YTRl

Hello BLSFLIXERSတို‌ရေ A League Of Novelmanပြီးသွားလို အမှုလိုက်ရတဲ့ဇာတ်လမ်းမျိုးကိုလွမ်းနေတဲ့သူတွေများရှိလား ဒါဆိုရင်တော့ အခု ယိုးခုက စပရိုက်စ်တိုက်လိုက်တဲ့ Modu & Silent Reading & The Abyss (Justice In The Dark) ဆိုတဲ့ဇာတ်လမ်း‌ေလးကို ‌စောင့်ကြည့်ပေးကြပါဦးနော်
ဒီဇာတ်လမ်းလေးက စခန်းမှူးကြီးLuo Wenzouနဲ့ အလွန်ကိုချမ်းသာတဲ့သူဌေးသားလေး Fei Duတိုရဲ့ အမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုစောငိ့ကြည့်ရမဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Love Triangleကြည့်ချင်တဲ့သူတွေအတွက်လည်း ကြည့်သင့်တဲ့ဇာတ်လမ်းမျိုးလေးပါ
အကြောင်းကတော့ ဖေးတုအသက်ဆယ့်လေးနှစ်လောက်မှာ အမေဖြစ်သူရဲ့Suicideမှုကြောင့် ရဲစခန်းကိုဖုန်းဆက်အကြောင်းကြားရာမှာ တာဝန်ကျတဲ့ရဲပေါက်စလေးတွေက လော့ဝိန်ကျိုးနဲ့ထောင်ရန်တိုဖြစ်နေလိုပါပဲ အဲဒီကနေစပြီး မိခင်လည်းမရှိ ဖခင်ကလည်းပစ်ထားတဲ့ ကလေးလေးဖေးတုကို သူတိုနှစ်ယောက်ကပဲ တာဝန်ယူစောင့်ရှောက်ပေးကြရပါတယ် ထောင်ရန်ကတော့ အဖြောင့်ကြီးပါနော် ဒီတော့ အမြဲ ရန်တကျက်ကျက်ဖြစ်နေကြတဲ့ လော့ဝိန်ကျိုးနဲ့ဖေးတုတိုနှစ်ယောက် အမှုတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ လော့ဝိန်ကျိုးကရော ဖေးတုရဲ့အတွင်းဒဏ်ရာတွေကို ဘယ်လိုကုစားပေးနိုင်မလဲဆိုတာ ကျွန်တော်တိုBLSFLIXနဲ့တူတူ ရှုစားကြရအောင်လားခင်ဗျာ

ဒီဇာတ်ကားလေးကို Youkuကနေ ထုတ်လွှင့်မှာဖြစ်ပြီး Castတွေအနေနဲ့ကတော့
Fu Xinbo as Luo Wenzhou
Zhang Xincheng as Fei du
Zhao Zhiwei as Xiao Haiyang
Liu Yihang as Tao Ran တိုအပြင် အခြားသောသရုပ်ဆောင်ကောင်းများစွာ ပါဝင်ထားပါတယ် ကျန်းရှင်းချန်ရဲ့Visualနဲ့တင်ကြည့်ရတန်မယ်ဆိုတာ အာမခံပါတယ်🤍
26❤‍🔥5👍1
🌹 The Earth (2026) 🌹
မြေဆီလွှာက နှင်းဆီကဗျာ

https://t.me/+I2i1BcXxgFwxMGE1

​အမွေဆိုင်မြေကွက်ကြီးရဲ့ အရှင်သခင်မလေး Rose တစ်ယောက် ပထွေးဖြစ်သူရဲ့ မတော်တဆမှုကြောင့် အမေရိကကနေ ဇာတိမြေ ချင်းရိုင်ကို ပြန်လာခဲ့ရပါတယ်...

ဒါပေမဲ့ ပြန်ရောက်ရောက်ချင်းမှာပဲ သူမရဲ့ အမွေတွေကို မသမာနည်းနဲ့ လိုချင်နေတဲ့ စပျစ်ခြံပိုင်ရှင် Wasu ရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရပါတော့တယ်....

​ဒီလို အကျပ်အတည်းကြားမှာ Rose ကို ကာကွယ်ပေးဖို ရောက်လာသူကတော့ ငယ်သူငယ်ချင်းဖြစ်သလို သဘာဝစိုက်ခင်းပိုင်ရှင်လေးလည်းဖြစ်တဲ့ Din ပါပဲ....

​ဘေးကင်းဖိုအတွက် Din နဲ့ Rose တိုနှစ်ယောက် "ဟန်ဆောင်လက်ထပ်ပွဲ" တစ်ခုကို ဖန်တီးခဲ့ကြပေမဲ့...

တဖြည်းဖြည်းနဲ့ အနီးကပ် ရှိနေခဲ့ကြတဲ့ သံယောဇဉ်တွေက ဟန်ဆောင်မှုတွေကို ကျော်လွန်ပြီး "စစ်မှန်တဲ့ အချစ်" တွေအဖြစ် ပြောင်းလဲလိုလာတဲ့အခါ... 🌿💞

​နူးနူးညံ့ညံ့နဲ့ ရင်ခုန်စရာ GL ဇာတ်လမ်းကောင်းလေးမို BLSFLIX Channel မှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...

Y...🌹
28❤‍🔥3👏1
Cross Link (2026)

https://t.me/blsflixkoreabl

"၁ နှစ်ပြည့် နှစ်ပတ်လည်နေ့ရောက်ခါနီးမှာ ရောက်လာတဲ့ အီးမေးလ်တစ်စောင်က အရာအားလုံးကို ပြောင်းလဲပစ်လိုက်တဲ့အခါ..."

​ဇာတ်လမ်းအကျဉ်း
••••••••••••••••••••••••

အီအန် နဲ့ သူချစ်ရတဲ့ စီနီယာ တိုရဲ့ အချစ်သက်တမ်းက စိတ်လှုပ်ရှားစရာ (၁) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ရောက်ရှိခါနီးပါပြီ...

အမှတ်တရတွေ ဖန်တီးဖို ပြင်ဆင်နေချိန်မှာပဲ အီအန်ရဲ့ဆီကို မထင်မှတ်ထားတဲ့ အီးမေးလ်တစ်စောင် ရောက်လာခဲ့ပါတယ်...

အဲဒါကတော့ သူ့ရဲ့ အိမ်မက်ဖြစ်တဲ့ "နိုင်ငံခြားမှာ အလုပ်လုပ်ရမယ့် အခွင့်အရေး" ပါပဲ

​အီအန်တစ်ယောက် အကြပ်ရိုက်ရပါတော့တယ်...
တစ်ဖက်မှာလည်း မိမိရဲ့ အနာဂတ်အတွက် လက်မလွှတ်နိုင်တဲ့ အလုပ်အကိုင် အခွင့် အလမ်း၊ နောက်တစ်ဖက်မှာလည်း တစ်စက္ကန့်တောင် မခွဲနိုင်လောက်အောင် ချစ်ရတဲ့ စီနီယာ...

​စီနီယာနဲ့ ခွဲရမှာကိုလည်း မလိုလား၊ အလုပ်ကိုလည်း စွန့်လွှတ်ဖို ဝန်လေးနေတဲ့ အီအန်ရဲ့ စိတ်မွန်းကြပ်မှုတွေ...

စီနီယာဖြစ်သူကရော နားလည်ပေနိုင်ပါ့မလား ...???

အကွာအဝေးတစ်ခုက သူတိုနှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဖြတ်တောက်သွားမလား ဒါမှမဟုတ် ပိုပြီး ခိုင်မြဲစေမလား ဆိုတာBLSFLIX Channel လေးကနေ ကြည့်ရှုပေးကြပါဦးနော်

Y...❤️‍🔥
34❤‍🔥3👍2
Between Doors (2026)

https://t.me/blsflixkoreabl

​ကောင်လေးနှစ်ယောက်ဟာ ကွန်ဒိုတစ်ခုရဲ့ ဘေးချင်းကပ် အခန်းတွေမှာ နေထိုင်ကြပါတယ်...

တစ်ယောက်နဲ့တစ်ယောက် တံခါးတစ်ချပ်ပဲ ခြားထားပေမဲ့ အပြင်မှာတော့ စကားတစ်ခွန်းမှ မပြောဖူးကြတဲ့ သူစိမ်းတွေပါ...

ဒါပေမဲ့ တစ်ရက်မှာ အမှတ်မထင် အခြေအနေတစ်ခုကြောင့် သူတိုနှစ်ယောက်ရဲ့ ကမ္ဘာနှစ်ခုဟာ စတင်ထိတွေ့လာပါတော့တယ်...

နံရံတစ်ခုခြားပြီး တစ်ဖက်ခန်းက အသံတွေကို နားစွင့်နေရတဲ့အချိန်...
တစ်ယောက်အကြောင်းတစ်ယောက် သိချင်နေတဲ့ အခိုက်အတန့်လေးတွေကို "Tension" အပြည့်နဲ့ ရိုက်ကူးထားပါတယ်...

သူစိမ်းဘဝကနေ တဖြည်းဖြည်း တံခါးတွေကို ဖွင့်လှစ်ပြီး ရင်းနှီးသွားကြတဲ့အခါမှာတော့ အရမ်းကို "Soft" ဖြစ်ပြီး ချစ်စရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေး ဖြစ်လာပါတယ်

အထူးသဖြင့် မြိုပြလူနေမှုစနစ်ထဲက တစ်ယောက်တည်း နေထိုင်ရတဲ့ အထီးကျန်မှုကြားမှာ အဖော်ရသွားတဲ့ ခံစားချက်လေးကို အလှပဆုံး ပုံဖော်ထားပါတယ်...
-------------------------------------------------------
"Neighbor Romance"  ဇာတ်လမ်းလေးဖြစ်တာမို Slow Romance သဘောကျတဲ့ ပရိတ်သတ်ကြီးတို BLSFLIX Channel ကနေ အတူလိုက်ပါပြီး စောင့်ကြည့်ပေးကြပါဦးနော်...

Y...💌
50👍4❤‍🔥2💯1
Necromancer (2026)
" အမှောင်လောကရဲ့ အရှင်သခင် "

https://t.me/BLSFlix_channel32

ပဟေဠိဆန်ဆန် ပျောက်ဆုံးသွားတဲ့ ဖခင်ဖြစ်သူကြောင့် မေးခွန်းပေါင်းများစွာနဲ့ ရှင်သန်နေထိုင်လာခဲ့ရတဲ့ စင်ဟာ.....။

ပျောက်ဆုံးသွားတဲ့ဖခင်က အမှတ်တရတွေတင်မကဘဲ ထင်မှတ်မထားတဲ့အရာတွေကိုပါ စင်ဟာ့အတွက် ချန်ထားပေးခဲ့ပါတယ်။ စင်ဟာတစ်ယောက် မတော်တဆမှုတစ်ခုကြောင့် သေလုမျောပါးဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ ခန္ဓာကိုယ်ပေါ်မှာ ထူးဆန်းတဲ့တက်တူးတွေပေါ်လာပြီး သူတစ်ခါမှ စိတ်ကူးမယဥ်ဖူးခဲ့တဲ့အရာတွေနဲ့ ကြုံတွေ့လာရပါတော့တယ်​....။

အောက်လမ်းပညာကို အသုံးချပြီး ပြည်သူတွေကို ခြယ်လှယ်ကျွန်ပြုချင်နေတဲ့ အကျင့်ပျက် နိုင်ငံသားရေးသမားတစ်ယောက်နဲ့ ပဟေဠိပေါင်းများစွာ ပြည့်နှက်နေတဲ့ စင်ဟာတို ထိပ်တိုက်ရင်ဆိုင်ဖိုဖြစ်လာတဲ့အခါမှာတော့.....။

သည်းထိတ်ရင်ဖို ဂမ္ဘီရဆန်ဆန် ဇာတ်လမ်းတွေကို ခုံမင်သူတွေအတွက် Necromancer ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
10❤‍🔥2👍2🔥1
My Romance Scammer (2026)

https://t.me/+oGxP_zhUYLxjNDQ9

ဒီဘက်ခေတ်မှာ အပေါဆုံးကတော့ လူလိမ်တွေပါ။ ဒီဇာတ်ကားထဲမှာလည်း Tim (Junior) နဲ့ U (Ohm Thitiwat) တိုနှစ်ယောက်က မီလျံနာသူဌေးသားလေးနှစ်ယောက်ဖြစ်တဲ့ Pai (Mark Ji) နဲ့ North (Poon) တိုကို နှလုံးသားအကြောင်းပြ ချစ်မိအောင်အကြောင်းဖန်ပြီး သူဌေးလေးတွေရဲ့အမွေကို အပိုင်(လိမ်)သိမ်းမယ့်အကြံနဲ့လာတဲ့ လူလိမ် Scammer လေးနှစ်ယောက်ပေါ့။

Pai ကို ဈေးဝယ်စင်တာမှာ စတွေ့ကတည်းက အင်္ဂါဂြိုဟ်ကကြည့်ရင်တောင် စင်တာပိုင်ရှင်အရောင်အဝါတွေ မြင်နေရတာမလို Tim တစ်ယောက် ချစ်ဟန်ဆောင်ပြီး ချဉ်းကပ်ခဲ့ပါတယ်။ Tim နဲ့ Pai ရဲ့ဆက်ဆံရေးကလည်း ခပ်မြန်မြန်ပဲ တိုးတက်ခဲ့ပါတယ်။ မင်္ဂလာဆောင်မယ့်နေ့ရောက်မှ Tim တစ်ယောက် ထီပေါက်ပြီး သူလူလိမ်‌ဆိုတာ ပေါ်သွားခဲ့ပါတယ်။

Pai ရဲ့ညီဖြစ်တဲ့ North ကျတော့ အသည်းကွဲလို ခြေလျင်တောင်တက်ခရီးလေးတစ်ခုထွက်မိရင်း U ဆိုတဲ့အစ်ကိုကြီးနဲ့‌ဆုံပြီး ဘဝလက်တွဲဖော်ကိုရှာတွေ့ခဲ့ပါတယ်။ U က Tim နဲ့ တစ်လိုင်းတည်းသားတွေဆိုတာကိုတော့ North မသိခဲ့ပါဘူး။

ဒီလိုနဲ့ နှလုံးသားကို သူဌေးသားလေးတွေဆီ ချန်ထားခဲ့မိတဲ့ အချစ်လူလိမ်လေးနှစ်ယောက် အလိမ်ဇာတ်တွေပေါ်သွားပြီးတဲ့နောက် သူဌေးသားလေးတွေနဲ့ ချစ်ကြည်ရေးပြန်ရအောင် ဘယ်လိုတွေကြိုးစားသွားကြမလဲ။ 'လိမ်ချစ်' ကနေ 'အချစ်စစ်' ဖြစ်တဲ့အထိ ဘယ်လိုတွေဖန်တီးသွားကြမလဲဆိုတာကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း My Romance Scammer ဆိုတဲ့ဇာတ်ကားလေးမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ရှင်။
122❤‍🔥9👍3
Love Me, Love My Buffalo (2026)
" ကျွဲထိန်းကွင်းက အချစ်ပုံပြင် "

https://t.me/blsflix_channel11

ဒီဇာတ်လမ်းလေးမှာတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီး "Silapong Group" ရဲ့ပိုင်ရှင်ဖြစ်တဲ့ Khunying Pringperit Silapongက သူမရဲ့ချစ်လှစွာသောသား Jomthapဟာ အသက် ၃၀ မတိုင်ခင်မှာ ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံရတယ်ဆိုတာ သိလိုက်ရပါတယ်။

ဒါကြောင့် သူဟာ နိုင်ငံမှာ အသက်အငယ်ဆုံး ခရိုင်အုပ်ချုပ်ရေးမှူး ဖြစ်လာပါတယ်။ ဒါကို Pringperit က မကျေနပ်ပါဘူး။
သူမရဲ့သားကို သူမရဲ့ ဘတ်ငွေ ဘီလီယံပေါင်းများစွာတန်တဲ့ ကုမ္ပဏီကို အမွေဆက်ခံစေချင်ပါတယ်။

အစပိုင်းမှာတော့ သူမဟာ သားဖြစ်သူကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခွင့်ပြုခဲ့ပြီး တနေ့မှာ သူ့သားဟာ နယ်မြိုမှာနေရတဲ့ ဘဝကို ငြီးငွေ့လာပြီး ဘန်ကောက်မှာ ပြန်အအခြေချမယ်လိုယုံကြည်နေခဲ့ပါတယ်။

Jomthap ကတော့ သူ့အဖေနဲ့ သူ့ညီမ Jomkwan လို သူ့အမေကထိန်းချုပ်နေသလို သူ့ဘဝကို ထိန်းချုပ်ခွင့်မပေးခဲ့ပါဘူး။
ဒီလိုနဲ့သားအမိနှစ်ယောက်ဟာအပြင်းအထန်ငြင်းခုန်ခဲ့ကြပြီး နောက်ဆုံးမှာPringperit ကJomthapကိုကမ်းလှမ်းချက်တခု ပြုလုပ်ခဲ့ပါတယ်။

သူဟာ တနှစ်အတွင်း ခရိုင်အကြီးအကဲတာဝန်တွေကို မထမ်းဆောင်နိုင်ဘူးဆိုရင် ကုမ္ပဏီကို စီမံခန့်ခွဲဖိုနဲ့ Pringperit ရဲ့ လက်အောက်ငယ်သား ထရီနုချ်ရဲ့ သမီး နူချာနာ့တ် နဲ့ လက်ထပ်ဖိုပဲဖြစ်ပါတယ်။ JomthapကကPloyရှိတဲ့ဇာတိမြိုလေးမှာတာဝန်ကျပြီး သူတိုနှစ်ဦးဆုံဖိုအကြောင်းဖန်လာပါတော့တယ်။

Ployဟာသူမရဲ့ဇာတိမြိုနဲ့ ကျွဲမွေးမြူရေးရဲ့ အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ကာကွယ်ဖိုအတွက် ရွာမြေတွေကို ဝယ်ယူနေတဲ့ ရင်းနှီးမြှုပ်နှံသူအုပ်စုနဲ့ ဆက်စပ်နေတယ်လို သူမသံသယရှိတဲ့အုပ်ချုပ်ရေးမှူး Jomthap နဲ့ လက်ထပ်လိုက်ရပါတယ်။
Jomthapကိုလက်ထပ်ခြင်းအားဖြင့်သူမသိချင်တဲ့အကြောင်းအရာတွေကို စုံစမ်းလိုရနိုင်ပြီးအနီးကပ်စောင့်ကြည့်ခွင့်လည်းရမှာပါ။

သူမဟာနှုတ်ကြမ်းတဲ့ ယောက္ခမကြောင့် ဒုက္ခတွေနဲ့ ရင်ဆိုင်နေရပြီးJomthapကလည်းသူမအပေါ်ထားတဲ့သူ့ရဲ့ခံစားချက်အစစ်အမှန်တွေကိုထုတ်ဖော်ပြီးမပြောခဲ့ပါဘူး။
တောရွာကချွေးမနဲ့ ဝင်ရောက်စွက်ဖက်တတ်တဲ့ အထက်တန်းလွှာ ယောက္ခမတိုရဲ့တိုက်ပွဲကို ကြည့်ရှုချင်တယ်ဆိုရင်တော့ BLSFLIX Channelမှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်။
13👍2❤‍🔥1💯1
Where I Wanna Be (2026)

https://t.me/blsflix_connect

Pao Pao၊ Yangနဲ့ Hunter တို သူငယ်ချင်းသုံးဦးဟာ ကော်ဖီဆိုင်တစ်ခုကိုသွားလည်ရင်း ဗေဒင်အက်ပ်တစ်ခုကို အပျော်ကူးလာခဲ့ပါတယ်။

နောက်ပိုင်း အက်ပ်ကနေပြီးတော့ သူတိုဘဝရဲ့လက်ရှိဖြစ်နေတဲ့အခြေအနေအလိုက် စာများပေးပိုလာတဲ့အခါ ဖျက်ပစ်ဖိုလုပ်ခဲ့ကြပေမဲ့ မရခဲ့ပါဘူး။

သူတိုမသိလိုက်ခင်မှာပဲ ဗေဒက်အက်ပ်က သူတိုရဲ့ဘဝနဲ့ ဆက်ဆံရေးတွေရဲ့ဦးတည်ရာကို စတင်ဆုံးဖြတ်လာခဲ့ပါတယ်။

သူတိုအတွက် ရေးပေးထားတဲ့ ကံကြမ္မာအတိုင်းလိုက်နာမလား နှလုံးသားရဲ့ဆန္ဒနောက်ကိုပဲလိုက်လား။ လျှိဝှက်ဆန်းကြယ်မှုများနဲ့ အချစ်ရေးကို ချိုမြိန်စွာကြည့်ရှူနိုင်မဲ့ ဒီဇာတ်လမ်းတွဲလေးကို ကျွန်တော်တို BLSFLIX ကဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
14❤‍🔥3👍3👏1
Be My Angle (2026)

https://t.me/+9QwV8xKhqTk3MjU9

​ကိုယ့်ဘဝရဲ့ ကံကောင်းခြင်း (Merit Points) အားလုံးကို စုပေါင်းပြီး ဆုတောင်းသုံးခု တောင်းလိုက်ပေမဲ့...

ရလာတာက ပိုက်ဆံလည်းမဟုတ်၊ ဆိုင်ခန်းကောင်းကောင်းလည်းမဟုတ်ဘဲ 'Z' ဆိုတဲ့ ဘာမှမတတ်တဲ့ နတ်ကလေးတစ်ပါး ဖြစ်နေတဲ့အခါ...🍞

Jane ဟာဆားပေါင်မုန့်ဆိုင်လေးတစ်ဆိုင် ဖွင့်ချင်တဲ့ အိပ်မက်ရှိပေမဲ့ ကံတရားက တစ်ခါမှ မျက်နှာသာမပေးခဲ့သူပါ....🥖

နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ Lucky Points App မှာ သူ့ဘဝရဲ့ ကံကောင်းခြင်းတွေအားလုံးကို ရောင်းချပြီး ဆုတောင်းခဲ့ပေမဲ့...

အမှတ်မလောက်တာကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး "တစ်ယောက်ယောက်လောက်ပဲ ပေးပါတော့!" လို ပြောလိုက်ရာကနေ အလွဲတွေစတင်တော့တာပဲ...🥐

​ဆုတောင်းတွေ ပြည့်ဖိုနေနေသာသာ... ဘာအရည်အချင်းမှမရှိတဲ့ 'အောက်ခြေတန်းစား' နတ်ကလေး Z က Jane ရဲ့ ဘဝထဲကို ရောက်လာပြီး ဒုက္ခတွေပဲ ပိုပေးနေမလား???

ဒါမှမဟုတ် ဒီနတ်ကလေးကပဲ Jane အတွက် တကယ့် "ကံကောင်းခြင်း" ဖြစ်လာမလား???
---------------------------------------------------
Comedy Romance ဇာတ်လမ်းလေးဖြစ်တဲ့အတွက် ကြည့်ရှုသူတွေကိုပျော်ရွှင်ကြည်နူးတဲ့ခံစားချက်ပေးစွမ်းနိုင်မှာ အသေချာပါပဲ..

ဒီတော့... BLSFLIX Channel လေးကနေ ဘာသာပြန်ထုတ်လွှင့်ပေးမှာမို စောင့်ကြည့်ဖို မမေ့ပါနဲ့နော်....

Y..🥐
17❤‍🔥2💯2👍1
ဓားသွားထက်မှာ ထုဆစ်ထားတဲ့ သံယောဇဉ် (Blood Of Youth Quest Of Heroic Hearts)

https://t.me/BlsflixChannel34

"The Blood of Youth" (နုပျိုသော သွေး) စီးရီးရဲ့ အနှစ်သာရဖြစ်တဲ့ သူငယ်ချင်း သံယောဇဉ်နဲ့ သိုင်းလောကရဲ့ သစ္စာတရားတွေကို လွမ်းဆွတ်နေသူတွေအတွက် အခုထွက်ရှိလာတဲ့ Mini Drama လေး "Quest of Heroic Hearts" က အကောင်းဆုံး ကုစားမှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒီဇာတ်ကားဟာ သာမန် သိုင်းကားသက်သက် မဟုတ်ဘဲ အမျိုးသားနှစ်ယောက်ကြားက အသက်ပေးရဲတဲ့ သံယောဇဉ် သို့မဟုတ် Bromance ကို အနုစိတ် ပုံဖော်ထားတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။

Wei Gui နဲ့ Lei Lingze တို့ရဲ့ ဆုံတွေ့မှုက ရေခဲနဲ့ မီးတောက်တို့ ထိပ်တိုက်တွေ့သလို ဆန့်ကျင်ဘက် အလှတရားတွေနဲ့ ပြည့်နှက်နေပါတယ်။ အတိတ်မေ့နေပြီး စကားနည်းတဲ့ ဓားသမား Wei Gui ရဲ့ အေးစက်မှုကို စိတ်မြန်လက်မြန်နဲ့ သွေးပူတဲ့ လူငယ်လေး Lei Lingze က သူ့ရဲ့ နွေးထွေးမှုတွေနဲ့ တဖြည်းဖြည်း အရည်ပျော်စေခဲ့ပါတယ်။ တစ်လောကလုံးနဲ့ ကင်းကွာပြီး အထီးကျန်နေတဲ့ ဓားသမားတစ်ယောက်ရဲ့ ဘေးနားမှာ စကားများပြီး အပေါင်းအသင်းမက်တဲ့ ကောင်လေးတစ်ယောက် ရောက်လာတဲ့အခါ ဖြစ်ပေါ်လာတဲ့ Chemistry က ကြည့်ရှုသူတွေကို အလိုလို ပြုံးပျော်သွားစေမှာပါ။

ဒီဇာတ်ကားရဲ့ အသက်ကတော့ သူတို့နှစ်ယောက် ကျောချင်းကပ်ပြီး တိုက်ခိုက်ကြတဲ့ မြင်ကွင်းတွေပါပဲ။ ရန်သူတွေ ဝိုင်းနေတဲ့ အချိန်မျိုးမှာတောင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ရုံနဲ့ ဘာလုပ်ရမယ်ဆိုတာ အလိုလို နားလည်နေကြသလို၊ ကိုယ့်ရဲ့ ကျောဘက်ကို ယုံယုံကြည်ကြည်နဲ့ အပ်နှံထားရဲတဲ့ သစ္စာတရားကို မြင်တွေ့ရပါတယ်။ Wei Gui စိတ်ရှုပ်ထွေးပြီး အားနည်းနေချိန်တိုင်း Lei Lingze က အမြဲတမ်း ရှေ့ကကာကွယ်ပေးသလို၊ Lei Lingze အန္တရာယ်ကြုံလာရင်လည်း Wei Gui က သူ့အသက်ကို ပဓာနမထားဘဲ ကယ်တင်လေ့ရှိတာက ရင်ခုန်စရာကောင်းပါတယ်။

ဇာတ်လမ်းရဲ့ အထွတ်အထိပ်ကတော့ ယုံကြည်မှုပါပဲ။ Wei Gui ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အတိတ်ကြောင်းတွေ ပေါ်လာပြီး တစ်လောကလုံးက သူ့ကို သံသယဝင်နေကြတဲ့အချိန်မှာတောင် Lei Lingze တစ်ယောက်တည်းက မတုန်မလှုပ်ဘဲ သူငယ်ချင်းဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့ပါတယ်။ "မင်းက ဘယ်သူပဲဖြစ်ဖြစ် ငါ့အတွက်တော့ အဖော်မွန်ကောင်းပဲ" ဆိုတဲ့ ခံယူချက်နဲ့ ဆက်ဆံရေးမျိုးက ဒီကားရဲ့ Bromance ကို ပိုပြီး လေးနက်သွားစေပါတယ်။ မင်းသား Lin Zehui နဲ့ Cai Zhengjie တို့ရဲ့ Visual ကလည်း သိုင်းဝတ်စုံတွေနဲ့ အရမ်းလိုက်ဖက်ညီလွန်းတာကြောင့် ဇာတ်လမ်းအရှည်ကြီးတွေ ကြည့်ဖို့ အချိန်မရပေမယ့် အရည်အသွေးကောင်းတဲ့ Wuxia Bromance ကို ခံစားချင်သူတွေအတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
35
Duang With You (2026)
" မင်းနဲ့အတူ "

https://t.me/+9x205n-QcCgyZjFl

Interior Design မေဂျာရဲ့ နာမည်ကြီး ကျောင်းသားလေး Duang

Music မေဂျာက နာမည်ကြီးပေမဲ့ ရေခဲတုံးလို အေးစက်လွန်းတဲ့ Qin

ချစ်မိတဲ့သူက အရင်စလှုပ်ရှားရတယ်ဆိုတဲ့အတိုင်း Duang တစ်ယောက် တန်းတန်းစွဲ ကြွေနေမိတဲ့ Qin ကို သတ္တိတွေမွေးပြီး ဖွင့်ပြောလိုက်ပေမဲ့ ကံဆိုးစွာနဲ့ပဲ ပထမအကြိမ်မှာတင် အငြင်းခံလိုက်ရပါတော့တယ်

ဒါပေမဲ့ ဒီလောက်နဲ့ လက်လျော့သွားရင် Duang ဘယ်ဟုတ်ပါ့မလဲနော်
"အငြင်းခံရတာကို စောင့်မနေဘူး... ခင်ဗျားကို ကျွန်တော် ရအောင်လိုက်မယ်" ဆိုပြီး Qin ရှေ့မှာတင် လက်ခမောင်းခတ် ကြေညာလို ရှေ့ဆက်တိုးဖို ဆုံးဖြတ်လိုက်ပါတော့တယ်

ကံတရားက Duang ဘက်မှာရှိနေတော့ ဆရာတစ်ယောက်က သူတိုနှစ်ယောက်ကို Stage Performance တစ်ခုအတွက် ပါတနာတွေအဖြစ် တွဲပေးလိုက်တဲ့အခါ…

အနီးကပ်နေရင်းနဲ့မှ Qin ရဲ့ အေးစက်နေတဲ့ နှလုံးသားလေးက Duang ကြောင့်ပဲ အရည်ပျော်လာမလား
ဂီတသံစဉ်တွေနဲ့အတူ သူတိုနှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေး ဘယ်လိုလှပနေမလဲဆိုတာ

Interior Design က ကောင်လေးနဲ့ Music မေဂျာက ရေခဲမင်းသား တိုရဲ့ ချစ်ဇာတ်လမ်းလေးကို Jan ၃၁ ရက်နေ့ကစလို အပတ်စဉ် စနေနေ့တိုင်း BLSFLIX ကနေ ဘာသာပြန်တင်ဆက်ပေးသွားမှာမို ရင်ခုန်စွာနဲ့ စောင့်ကြည့်ဖို အခုပဲ ကြည့်မယ့် List ထဲ ထည့်လိုက်တော့နော်
117❤‍🔥10👍5
Buddy Boys (2026)

https://t.me/blsflix_channel13

ခပ်ချောချော ကောင်လေးတွေနဲ့ အမိုက်စား mission တွေကို ကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက် "Buddy Boys Project" လေးလာပါပြီ

​ဒီ Project မှာ ဆိုရင် Star Hunter နဲ့ Mojo Muse က လူငယ်အယောက် ၂၀ ကျော် ပါဝင်ပြီး သူတိုကို အဖွဲလေးတွေခွဲပြီး Challenge တွေ ဖျော်ဖြေမှုတွေနဲ့ သူတိုရဲ့ ကျွမ်းကျင်မှု (Singing, Dancing, Acting) တွေကို ပြသရမှာပါ

ပါဝင်တဲ့ လူငယ်တွေက Idol Look ရှိပြီး လူသစ်တွေ ဖြစ်တာကြောင့် ကြည့်ရတာ လန်းဆန်းစေပါတယ် အရင်က BL Series တွေမှာ မြင်နေကျ မဟုတ်တဲ့ Interaction အသစ်တွေ၊ အဖွဲလိုက် ရုန်းကန်ရတဲ့ ပုံစံမျိုးတွေ ပါဝင်လို ကြည့်ရှုသူတွေအတွက် အသစ်အဆန်း ဖြစ်စေပါတယ် Star Hunter ရဲ့အမိုက်စား edit skills တွေကိုလည်း ဒီ show လေးမှာကြည့်ရှူရမှာပါ

Thai Idol တွေကို အားပေးရတာ ဝါသနာပါရင် ဒါမှမဟုတ် Star Hunter ရဲ့ မင်းသားအသစ်တွေကို စောင့်ကြည့်ချင်တယ်ဆိုရင် ဒါဟာသေချာပေါက် ကြည့်သင့်တဲ့ variety show တစ်ခုပါပဲ အပတ်စဥ် အင်္ဂါနေ့တိုင်း BLSflix channel ကနေ စောင့်မျှော် ကြည့်ရှုနိုင်ပါတယ်
40❤‍🔥3👍3🤷‍♀1
The Boy Next World My Destiny (2026)

https://t.me/japanbl_series

ယခုတင်ဆက်ပေးမယ့် စီးရီးလေးကတော့ The Boy Next World လို့ခေါ်တဲ့ Japanese စီးရီးလေး ပဲဖြစ်ပါတယ်။

ဖု ယိုဆုဘလို့ခေါ်တဲ့ကောင်လေးကတော့ အချစ်ရေးမှာဆိုရင် အတွေ့အကြုံသုညပါ။ ဒါပေမယ့်တစ်နေ့မှာတော့ အပြောင်းအလဲအနေနဲ့ ဘာဖြစ်လာလဲဆို နာမည်ကြီးလူသိများတဲ့ စီနီယာတစ်ယောက်ဖြစ်တဲ့ ကိုဂိုမီဆာရာကနေပြီး အပြိုင်ကမ္ဘာမှာ မင်းကကိုယ့်ရဲ့ချစ်သူပါ ဆိုပြီးပြောလာပါတော့တယ်

တစ်ခါမှမတွေ့ဖူးတဲ့ဆာရာလို့အမည်ရတဲ့ ကောင်လေးကသူ့အချစ်ကိုဖွင့်ပြောလာပြီးတဲ့အချိန်မှာ ဖုတစ်ယောက်တဖြည်းဖြည်းနဲ့ ဆာရာကိုသဘောကျလာပါတော့တယ်။ သို့ပေမယ့် သိပ်မကြာခင် သူခံစားသိရှိလာရတာက ဆာရာသဘောကျတဲ့ အပြိုင်ကမ္ဘာကဖုက သူမဟုတ်ဘူးဆိုတာ သိသွားရပါ တော့တယ်။

တစ်ချိန်တည်းမှာပဲ ဆာရာကလဲ သူ့ရဲ့အဓိကလျှိုဝှက်ချက်ကြီးကိုသယ်ပိုးထားနေရတဲ့အခါမှာတော့....
ကံကြမ္မာကြိုးနီရဲ့ခေါ်ဆောင်ရာအချစ်ရဲ့လမ်းကိုသူတို့နှစ်ယောက်ရွေးချယ်နိုင်မှာလားဆိုတာကိုတော့ BLSFLIX မှာ အပတ်စဉ် စောင့်ကြည့်ပေးကြပါဦးနော်
36❤‍🔥2👍2👏1
Love(X) Mini Series: Roommates in Love (2026)

https://t.me/blsflix_channel33

~ဇာတ်လမ်းအကျဥ်း~


❃ ဟိုတယ် ဘိုကင်တင်တာချင်းလည်းတူ

❃ အခန်းရွေးတာချင်းလည်းတူ

❃ရည်းစားကိုမွေးနေ့ပွဲကျင်းပပေးချင်တာလည်းတူ

❃ လက်ထပ်ခွင့်တောင်းဖို စီစဥ်ထားတာချင်းလည်းတူ

❃ နောက်ဆုံး ရည်းစားချင်းပါတူနေတဲ့အခါမှာတော့...

ရည်းစားချင်းပြိုင်လုရမှာ ပျင်းလို အချင်းချင်းပဲ ပြန်တွဲချင်ယောင်ဆောင်ပြီး ဖောက်ပြန်သွားတဲ့ ကောင်မလေးကို သဝန်တိုအောင် လုပ်ကြမဲ့ ထင်မ် နဲ့ ဘတ်...

Mini Series ဆိုတော့ အချိန်အများကြီး ပေးစရာမလိုဘဲ အချစ်အလွဲလေးတွေကို အမြန်ကြည့်လိုရတယ် !!

အသည်းကွဲခြင်းကို အလှပဆုံး လက်စားချေနည်းနဲ့ တုံပြန်ချင်ရင်တော့ ဒီ Broken Boys Club ကို BLS FLIX Channel လေးမှာ မဖြစ်မနေ စောင့်ကြည့်လိုက်တော့နော်!!

Y..🍒
45👍6❤‍🔥5😍4
အမှောင်ဖုံးသော ဂုဏ်သိက္ခာ ( Honour)

https://t.me/+Ub3-MM3TLOFkYjNl

တရားဥပဒေဆိုတာ အမှန်တရားအတွက် တည်ရှိနေတာလား၊ ဒါမှမဟုတ် အခွင့်ထူးခံတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် တည်ရှိနေတာလား ဆိုတဲ့ မေးခွန်းကို ပြန်လည်မေးခွန်းထုတ်ရမယ့် ဇာတ်လမ်းတစ်ပုဒ် ဒီနေ့ပဲ စတင်ရောက်ရှိလာခဲ့ပါပြီ။ အဲဒါကတော့ ဖေဖော်ဝါရီ (၂) ရက်နေ့၊ ၂၀၂၆ ခုနှစ်မှာ ENA ရုပ်သံလိုင်းကနေ အသစ်စက်စက် ထုတ်လွှင့်ပြသလိုက်တဲ့ ကိုရီးယား ဇာတ်လမ်းတွဲ "Honour" ပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲရဲ့ အဓိက ဆွဲဆောင်မှုကတော့ ကိုရီးယား ဖျော်ဖြေရေးလောကရဲ့ ထိပ်တန်း မင်းသမီးသုံးလက်ဖြစ်တဲ့ Lee Na-young၊ Jung Eun-chae နဲ့ Lee Chung-ah တို့ရဲ့ တွေ့ဆုံမှုပါပဲ။ သူတို့သုံးဦးဟာ ရုပ်ရည်၊ အရည်အချင်းနဲ့ အောင်မြင်မှုတွေ ပြည့်စုံနေတဲ့ အမျိုးသမီး ရှေ့နေသုံးဦးအဖြစ် ပါဝင်ထားကြပြီး၊ ပရိသတ်တွေအနေနဲ့ သူတို့ရဲ့ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်ထားမှုတွေကို တစ်ဝကြီး ခံစားကြရမှာပါ။

ဇာတ်လမ်းရဲ့ အခင်းအကျင်းကတော့ တက္ကသိုလ်ကျောင်းသူဘဝကတည်းက ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းမလေး သုံးဦးအကြောင်းကနေ စတင်ထားပါတယ်။ လက်ရှိအချိန်မှာ သူတို့ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေဘက်ကနေ ရပ်တည်ပေးတဲ့ နာမည်ကျော် ရှေ့နေတွေအဖြစ် ရပ်တည်နေကြပါတယ်။ အပြင်ပန်းမှာတော့ သူတို့ရဲ့ဘဝက အောင်မြင်မှုတွေ၊ ကျော်ကြားမှုတွေနဲ့ တောက်ပနေသယောင် ရှိပေမယ့်၊ တကယ်တမ်းမှာတော့ သူတို့သုံးဦးစလုံးရဲ့ ရင်ထဲမှာ ဘယ်သူ့ကိုမှ ဖွင့်မပြောရဲတဲ့ ကြောက်မက်ဖွယ်ရာ လျှို့ဝှက်ချက်တစ်ခုကို သိမ်းဆည်းထားကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က ဖြစ်ပျက်ခဲ့တဲ့ အဲဒီလျှို့ဝှက်ချက်ကြီးဟာ အတိတ်မှာ ကျန်ရစ်မနေဘဲ လက်ရှိဘဝထဲကို ပြန်လည် ဝင်ရောက်လာတဲ့အခါမှာတော့ သူတို့ရဲ့ တည်ငြိမ်နေတဲ့ ဘဝတွေ စတင်လှုပ်ခတ်လာပါတော့တယ်။ အများသူငါ လေးစားအားကျရတဲ့ ရှေ့နေတွေရဲ့ ဂုဏ်သိက္ခာ (Honour) ဟာ အတိတ်က အရိပ်မည်းတစ်ခုကြောင့် ပျက်စီးသွားမလား၊ ဒါမှမဟုတ် အဲဒီလျှို့ဝှက်ချက်ကို ဆက်လက် ဖုံးကွယ်ထားနိုင်ဖို့အတွက် သူတို့ ဘယ်လောက်ထိ ထပ်ပြီး စွန့်စားကြမလဲ ဆိုတာကတော့ ဒီဇာတ်လမ်းရဲ့ အသက်သွေးကြောပါပဲ။

နာမည်ကျော် ဆွီဒင်စီးရီးကို ပြန်လည်မှီငြမ်း ရိုက်ကူးထားတာဖြစ်လို့ ဇာတ်အိမ်ခိုင်မာမှုအပိုင်းမှာ သံသယဖြစ်စရာ မလိုပါဘူး။ ရိုးရိုး တရားဥပဒေ ဒရာမာတွေလို အမှုအခင်း ဖြေရှင်းတာသက်သက် မဟုတ်ဘဲ၊ အမျိုးသမီးတွေကြားက သံယောဇဉ်၊ သစ္စာဖောက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ သည်းထိတ်ရင်ဖိုစရာ အခန်းကဏ္ဍတွေကိုပါ ပေါင်းစပ်တင်ဆက်ထားပါတယ်။

ဒါကြောင့် အမှန်တရားနဲ့ ဂုဏ်သိက္ခာကြားက အားပြိုင်မှုတွေကို ခံစားချင်တယ်ဆိုရင်တော့ ဒီနေ့ကစပြီး အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ထုတ်လွှင့်ပြသမယ့် "Honour" ဇာတ်လမ်းတွဲကို လက်မလွတ်တမ်း စောင့်မျှော်ကြည့်ရှုသင့်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။
24❤‍🔥1👍1💯1
The Gift (2026)
" ကံကြမ္မာရဲ့ လက်ဆောင်မွန် "

https://t.me/blsflix_channel17

အနာဂတ်ကိုကြိုမြင်နိုင်တဲ့ မွေးရာပါပါရမီနဲ့မွေးဖွားလာတဲ့ကောင်မလေး  Boonsita 👁

တစ်ဖက်မှာလည်း Warat ဟာ ငယ်စဉ်ကတည်းက  သူ့ကိုညတိုင်း ‌အိပ်မက်ထဲမှာခြောက်လှန့်နေတဲ့မိန်းမကြီးတစ်ယောက်ကြောင့် စိတ်ဒုက္ခရောက်နေတဲ့အချိန်...

Warat ဟာ သရဲတွေကိုအယုံအကြည်မရှိပေမယ့်မက်ပါများလာတော့ အိပ်မက်ထဲကမိန်းမဟာ အတိတ်မှာ အချစ် ကြောင့်ဖုံးကွယ်ခံထားရတဲ့သူဖြစ်မယ်ဆိုပြီး ထင်မြင်လာတယ်...💔

တစ်နေ့မှာ Waratနဲ့ Boonsita တိုနှစ်ယောက် မတော်တဆတွေ့ဆုံမိကြပြီး Boonsita က အတိတ်ကိုပါ ပြန်မြင်လာနိုင်တဲ့အခါမှာတော့....❤️‍🔥

အတိတ်ကအချိန်အကြာကြီး ဖုံးကွယ်ထားခံရတဲ့အမှန်တရား၊ကံကြမ္မာ၊ ရှာမတွေ့နိုင်ခဲ့တဲ့ လျှိဝှက်အချစ်မေတ္တာတွေကိုသူတိုနှစ်ယောက်ပေါင်းပြီးဘယ်လိုရှာဖွေဖော်ထုတ်ကြမလဲ‼️⁉️

တစ်ယောက်ကဖုံး၊တစ်ယောက်က‌ဖော်နဲ့ မိသားစု၊လျှိဝှက်ချက် ၊အချစ်၊အလွမ်း ရသမျိုးစုံကို တစ်ဝကြီးခံစားနိုင်မှာဖြစ်လို BLSFLIX မှာစောင့်မျှော်ကြည့်ရှု ပေးကြပါဦးနော်💓💓💓
❤‍🔥97💯3👍1
Money, My Love (2026)
" မချစ်ဘဲ မနေနိုင် "

https://t.me/bmverse_achitkwanraat

ဒီဇာတ်လမ်းလေးမှာတော့ ဘီလီယံနာသူဌေးကြီးရဲ့တစ်ဦးတည်းသောသားလေး Traiက ထိုင်းကိုပြန်လာပြီးတဲ့နောက်မှာ သူ့ကောင်မလေး Darinနဲ့ သူ့အဖေက သစ္စာဖောက်နေတာကို မြင်လိုက်ရတဲ့အခါမှာ စိတ်ဒဏ်ရာရရှိသွားပါတော့တယ်

အဲနောက်မှာသူဟာ တိုက်ခိုက်ခံရပေမယ့်Pakbungဆိုတဲ့ ဆင်းရဲတဲ့ကောင်မလေးက သူ့ကို ကယ်တင်ပေးလိုက်ပါတယ် အဲကနေမှ သူတိုရဲ့အချစ်ဇာတ်လမ်းလေးစတင်ခဲ့ပါတော့တယ် နောက်တော့ Traiရဲ့အဖေသေဆုံးသွားတဲ့အခါမှာတော့ Traiဟာ မိသားစုစီးပွားရေးကို ဆက်လက်လုပ်ကိုင်ရင်း သူ့ဝမ်းကွဲညီကို Rachainက သူ့ကိုသတ်ဖိုလုပ်ကြောင်းသံသယဝင်ခဲ့ပါတယ်

Pakbungကလည်း Rachainအတွက် အလုပ်လုပ်ပေးနေရတာဖြစ်ပြီး Darinကလည်း သူ့ဆီပြန်လာဖိုအတင်းလုပ်ယူနေတဲ့အတွက် ဒီလိုရှုပ်ယှက်ခက်တဲ့အချစ်ရေးနဲ့အရှုပ်တော်ပုံကြားမှာ Traiနဲ့ Pakbungတိုက ဒီလိုငွေမျက်နှာတကမ္ဘာထင်တဲ့ခေတ်မှာ အချစ်စစ်ဆိုတာရှိရဲ့လားလို မေးခွန်းထုတ်ရင်း ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ အပတ်စဉ် BLSFLIXမှာ စောင့်မျှော်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်
25❤‍🔥4👍2
Laundry Romance (2026)

https://t.me/blsflixkoreabl

"တစ်ယောက်က အထဲဝင်ဖို ရုန်းကန်နေရချိန်၊ နောက်တစ်ယောက်ကတော့ အပြင်ထွက်ဖို ကြိုးစားနေတယ်..."

🫧 ​ဘဝရဲ့ လွဲချော်မှုတွေကြားမှာ ဆုံတွေ့ခဲ့ကြတဲ့ လူစိမ်းနှစ်ယောက်...

🫧 ၁၀ နှစ်တာ ပင်ပန်းမှုတွေကို ဆေးကြောသန့်စင်ချင်တဲ့ အမျိုးသား...

🫧 ဘဝသစ်ကို စတင်ဖို ကြိုးစားနေတဲ့ လူငယ်လေးတိုရဲ့ ဆုံဆည်းရာဟာ အဝတ်လျှော်ဆိုင်လေး ဖြစ်လာတဲ့အခါ...

"Mr. Laundry" လို အမည်ပေးထားတဲ့ အဆက်အသွယ်လေးတစ်ခုကနေ စတင်ခဲ့တဲ့ ဒီဇာတ်လမ်းလေးမှာ သူတိုနှစ်ယောက် ဘယ်လို လောင်းကြေး ထပ်ကြဦးမလဲဆိုတာကို BLSFLIX Channel ကနေ စောင့်ကြည့်လိုရပါပြီနော်...

Y...
43🍓3👍1
The Seven Legends (2026)
"ဒဏ္ဍာရီလာ သူရဲကောင်း ၇ ဖော်"

https://t.me/blsflix_connect

ဒီဇာတ်ကားဟာ ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ဂန္ထဝင်ဇာတ်လမ်း 7 Prajan Barn ကို ခေတ်သစ်ပုံစံနဲ့ အသစ်ပြန်လည် ဖန်တီးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲကောင်းလေးပါ....

˖°✧₊˚. ဇာတ်လမ်းအကျဉ်း ˖°✧₊˚.

❅  နိုင်ငံနဲ့ ပြည်သူကိုခြိမ်းခြောက်လာတဲ့ ကြီးမားတဲ့ အန္တရာယ်ဆိုးကြီးကို ကာကွယ်ဖိုအတွက် သတ္တိခဲ စစ်သားဟောင်း ၇ ယောက်ဟာ အတူလက်တွဲပြီး ရှင်းထုတ်မဲ့ ဇာတ်လမ်းလေးပါ

❅ ထိုင်းစတိုင်လ် ဟာသပြကွက်လေးတွေလည်း ပါဝင်လို ကြည့်ရတာ ပျင်းဖိုမကောင်းဘဲ ပေါ့ပေါ့ပါးပါးနဲ့ ခံစားရမှာပါ...

❅ အက်ရှင်ချည်းမဟုတ်ဘဲ ညီအစ်ကိုတွေကြားကသံယောဇဉ်၊ ချစ်ခြင်းမေတ္တာနဲ့ မျိုးချစ်စိတ်ဓာတ်တွေကိုပါ မြင်တွေ့ရဦးမှာပါ...

❅ ဇာတ်ကောင် ၇ ယောက်လုံးကလည်း တစ်ဦးချင်းစီမှာ ကိုယ်ပိုင် Style တွေ၊ ကိုယ်ပိုင်လက်နက်တွေ၊ သူတိုရဲ့ချောမောမှုတွေနဲ့ ပရိသတ်ကြီးကို ဆွဲဆောင်သွားဦးမှာနော် ....
--------------------------------------------
ဒီတော့ Action, Mystery, Comedy, Drama  အကုန်လုံးကို တစ်ကားထဲမှာပဲ အပြည့်အဝခံစားချင်တယ်ဆိုရင် ဒီဇာတ်ကားက Must Watch ဖြစ်လို BLSFLIX Channel လေးကနေ အတူလိုက်ပါကြည့်ရှုဖို မမေ့ပါနဲ့နော်...

Y..💫
26👍5❤‍🔥4
Love After Addition (2026)

https://t.me/+nE0uWK__SiQ1M2Vl

​"၁၀ နှစ်တာ စောင့်စားခဲ့ရတဲ့ လွမ်းဆွတ်မှုတွေအတွက် ဒီဇာတ်လမ်းက အကောင်းဆုံး အစားထိုးမှုတစ်ခုဖြစ်ပေးမှာပါ ..."🥀

၂၀၁၆ ခုနှစ်တုန်းက Y တိုရဲ့ရင်ကို လှုပ်ခတ်ခဲ့တဲ့ Addicted Heroine ဇာတ်လမ်းတွဲရဲ့ Side Couple  လေးဟာ အခုတော့ Love After Addition ဆိုတဲ့ ဇာတ်လမ်းနဲ့အတူ တရားဝင် ပြန်လည်ရောက်ရှိလာပါပြီ...😭

~ ​ဇာတ်လမ်းအကျဉ်း ~

​နာမည်ကျော်သရုပ်ဆောင် Yoki ဟာ အရှုပ်တော်ပုံတွေနဲ့ အိပ်မပျော်တဲ့ရောဂါ (Insomnia) ကြောင့် ဘဝရဲ့ အနိမ့်ဆုံးအခြေအနေကို ရောက်နေသူပါ...

လူသူဝေးတဲ့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ ရိုက်ကူးတဲ့ Reality Show တစ်ခုမှာ သူ့အသက်ကို ကယ်တင်ခဲ့ဖူးတဲ့ ကယ်ဆယ်ရေးအဖွဲခေါင်းဆောင် Yang Meng နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်...

ထူးဆန်းတာက Yang Meng ဘေးမှာ အိပ်မှပဲ Yoki တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်တာကို ရှာဖွေတွေ့ရှိသွားတဲ့အခါ...

"ရောဂါကုသဖို" ဆိုတဲ့အကြောင်းပြချက်အောက်မှာ သူတိုနှစ်ယောက်ရဲ့ ပတ်သက်မှုက ထိန်းချုပ်မရတဲ့ သံယောဇဉ်တွေအဖြစ် ပြောင်းလဲလာပါတော့တယ်....
----------------------------------------------
Addicted Heroine ကို ကြည့်ခဲ့ဖူးတဲ့ Y လိုသူတွေအတွက်တော့ ဒါဟာ အမှတ်တရဟောင်းတွေကို ပြန်တူးဆွပေးတဲ့ လက်ဆောင်တစ်ခုလိုပြောလိုရပါတယ်....

ဆယ်နှစ်တာလွမ်းဆွတ်မှုတွေနဲ့အတူ ဒီဇာတ်လမ်းလေးကို BLSFLIX Channel လေးကနေ အတူတူလိုက်ပါပြီး ကြည့်ရှုပေးကြပါဦးနော်...

Y...🥀
95❤‍🔥6🥰3👍2