Review by BLSFLIX
27.1K subscribers
820 photos
761 links
Download Telegram
Running Man Thailand (2026)

https://t.me/+zQ-gBNaHgDw4YjQ1

ထိပ်တန်းအနုပညာရှင် ၇ ဦးရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အားပြိုင်မှုတွေကို မြင်တွေ့ရမယ့် "Running Man Thailand" အစီအစဉ်သစ်ကြီး ရောက်ရှိလာပါပြီ....

ဒီအစီအစဉ်မှာတော့ အောင်မြင်ကျော်ကြားတဲ့ ကြယ်ပွင့်တွေဖြစ်ကြတဲ့

•• Oat Pramote Pathan(Oat)
•• Jeff Satur(Jeff)
•• Ink Waruntorn Paonil(Ink)
•• Tay Tawan Vihokratana(Tay)
•• Phuak Pongsatorn Jongwilas (Phuak)
•• Daou Pittaya Saechua (Daou)
•• NuNew Chawarin Perdpiriyawong (Nunew)
တိုက ပင်တိုင်အဖွဲဝင်တွေအဖြစ် ပါဝင်ယှဉ်ပြိုင်သွားကြမှာပါ...

အောင်နိုင်သူဖြစ်ဖိုအတွက် ခက်ခဲလှတဲ့ မစ်ရှင်တွေကို အစွမ်းကုန်ကျော်ဖြတ်ရင်း ....

တစ်ယောက်နဲ့တစ်ယောက် မဟာမိတ်ဖွဲလိုက်၊ အပြန်အလှန် ပရိယာယ်သုံး လှည့်စားလိုက်နဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေမယ့်အပြင် ...

ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် အခိုက်အတန့်တွေကိုလည်း ပေးစွမ်းသွားမှာဖြစ်ပါတယ်...

"Running Man Thailand" ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစတင်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း BLSFLIX Channel ကနေ ဘာသာပြန် တင်ဆက်ပြသသွားမှာဖြစ်လို လက်မလွတ်တမ်း စောင့်ကြည့်အားပေးဖို ဖိတ်ခေါ်လိုက်ပါတယ်နော်....

Y..
49❤‍🔥12🍓5👍3💯1
Too Young To Love (ကျောင်းတော်က အချစ်ဦး)

https://t.me/blsflixchannel26

🦋ဒီတစ်ခါမှာတော့ BLSFLIX ရဲ့ ပရိသတ်တွေအတွက် ဂီတသံစဉ်တွေနဲ့အတူ အိမ်မက်တွေကို အတူတူပုံဖော်ကြမယ့် လူငယ်လေးတွေရဲ့ အချစ်နဲ့ ခင်မင်မှုဇာတ်လမ်းလေးဖြစ်တဲ့ "Too Young To Love" ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။

🎼Yi Lan ဆိုတဲ့ ကောင်မလေးဟာ မိခင်ဖြစ်သူဆီကနေ စိတ်ကူးစိတ်သန်းတွေ ရရှိခဲ့ပြီး ငယ်စဉ်ကတည်းက Cello တီးခတ်ခြင်းကို ထူးချွန်စွာ သင်ယူတတ်မြောက်ခဲ့သူလေးပါ။

🦋သူမရဲ့ ငယ်သူငယ်ချင်း Tong Xiao Le ဆီကနေ အားပေးမှုတွေ ရရှိခဲ့ပြီးနောက်မှာတော့ Yi Lan ဟာ ကိုယ်ပိုင် Trio (သုံးယောက်တွဲဂီတအဖွဲ့) လေးတစ်ခုကို ဖွဲ့စည်းဖို့ လိုက်ပါတော့တယ်။ ကျောင်းရဲ့ ဂီတအဖွဲ့ကြီးကို အနိုင်ယူပြီး နှစ်ပတ်လည် ကျောင်းပွဲတော်မှာ ပါဝင်ဆင်နွှဲနိုင်ဖို့အတွက် Yi Lan ဟာ အစွမ်းကုန်ကြိုးစားပါတယ်။

🎼ဒီလိုနဲ့ ဂီတအိမ်မက်တွေကို စွန့်လွှတ်ခဲ့တဲ့ Tong Xiao Le တစ်ယောက်ဟာလည်း Yi Lan ရဲ့ တက်ကြွမှုတွေကြောင့် သူ့ရဲ့ အိမ်မက်တွေကို ပြန်လည်အသက်သွင်းချင်စိတ်ရှိလာတဲ့အခါ။ အိမ်မက်တွေနောက်ကို အတူတူ လိုက်ကြရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးလာကြတဲ့အခါမှာတော့ သူတို့နှစ်ယောက်ရဲ့ နှလုံးသားချင်းဟာလည်း တဖြည်းဖြည်း နီးကပ်လာပါတယ်။

🦋အချစ်၊ သံယောဇဉ်၊ မိသားစုမေတ္တာနဲ့ အိမ်မက်တွေ ပေါင်းစပ်ပြီး ဖန်တီးထားတဲ့ ဒီလိုလှပလွန်းတဲ့ ဂီတကဗျာလိုဇာတ်လမ်းလေးကို BLSFLIX Channelမှာ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်။
11❤‍🔥1
Klin Mali (Aroma Of Affection) (2026)
"တွယ်တာခြင်း ရနံ့"

https://t.me/blsflix_f4thailand

"ရနံ့တစ်ခုက အစပြုတဲ့... တွယ်တာခြင်း ရနံ့"

တိုင်းပြည်တစ်ခွင် သူမရဲ့နာမည်ကိုမသိသူမရှိတဲ့အထိ ဂုဏ်သတင်းကျော်စောပြီး ဆွဲဆောင်ညှိယူနိုင်တဲ့ ကိုယ်သင်းရနံ့ကိုပိုင်ဆိုင်ထားတဲ့ မိန်းမလှလေး Mali....

သူမကို ငမ်းငမ်းတက်လိုချင်နေကြတဲ့သူတွေထဲမှာ အထက်တန်းလွှာ မင်းမျိုးမင်းနွယ်တွေ ၊ ချမ်းသာတဲ့လူကုံထံတွေလည်းပါသလို တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်နေတဲ့ စစ်သည်တော်ကြီး Luang Intharabdee လည်း
ပါဝင်ပါတယ်

တိုက်ပွဲတွေအလီလီနွှပြီး ရန်သူတွေရှိန်ရတဲ့ စစ်သည်တော်ကြီးလည်း Mali ရဲ့ ညှိယူဖမ်းစားနိုင်တဲ့ ကိုယ်သင်းရနံ့ကို မလွန်ဆန်နိုင်ခဲ့ပါဘူး။ အဆင့်အတန်းချင်းမတူပေမဲ့ Mali ကို သူ့ဇနီးတင်မြှောက်ဖို ဘာမဆိုစွန့်စားရဲတဲ့ စစ်သည်တော်ကြီးက လက်တွေ့မှာတော့ ထင်ထားသလိုမဖြစ်လာခဲ့ပါဘူး

မလွှဲသာတဲ့အခြေအနေတစ်ခုမှာ Mali ကို ချစ်နေပေမဲ့ အထက်တန်းလွှာ မမလေးတစ်ယောက်ဖြစ်တဲ့ Buppha နဲ့ လက်ထပ်ဖိုဖြစ်လာတဲ့အခါမှာတော့ မွှေးရနံ့တစ်ခုကနေ အစပြုတဲ့ စစ်သည်တော်ကြီးနဲ့ မိန်းမလှလေး Mali တိုရဲ့ အချစ်ခရီးလမ်းက ဘယ်လိုဖြစ်သွားမလဲ ၊ အဆင့်အတန်းကွာခြားမှုတွေကို သူတို ဘယ်လိုဖြတ်ကျော်ကြမလဲဆိုတာ အပတ်စဥ် ဗုဒ္ဓဟူး ၊ ကြာသပတေးနေ့တွေမှာ ထုတ်လွှင့်မယ့် ဒီဇာတ်လမ်းတွဲလေးကို BLSFLIX နှင့် အတူလိုက်ပါကြည့်ရှုပေးကြပါဦးရှင်
9❤‍🔥2👍1
In Your Radiant Season ( မင်းဖန်တီးတဲ့ နွေဦး)

Join Channel
https://t.me/+mBg0wv5CS5gyMDNl

❄️ဒီတစ်ခါမှာတော့ BLSFLIX ရဲ့ ကြည့်ရှုသူတွေအတွက် အပြင်ပန်းကြည့်ရင် ပြီးပြည့်စုံနေပေမဲ့ အတွင်းစိတ်မှာတော့ အေးစက်တိတ်ဆိတ်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ လျှို့ဝှက်ချက်တွေရှိနေတဲ့ လူငယ်လေးတစ်ယောက်တို့ရဲ့ ဆန်းကြယ်တဲ့ အချစ်ဇာတ်လမ်း In Your Radiant Season ဆိုတဲ့ကား‌လေးကို တင်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။

❄️ Song Ha Ran ဆိုတာကတော့ ကိုရီးယားရဲ့ နာမည်ကြီး အဆင့်မြင့်ဖက်ရှင်တိုက် Nana Atelier ရဲ့ ထိပ်တန်းဒီဇိုင်နာတစ်ဦးပါ။ လူတကာအားကျရတဲ့ သူမရဲ့ ပြီးပြည့်စုံတဲ့ပုံရိပ်တွေရဲ့ နောက်ကွယ်မှာတော့ ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ ဒဏ်ရာတွေကြောင့် သူမရဲ့နှလုံးသားကို ဆောင်းရာသီလို အေးခဲပိတ်လှောင်ထားခဲ့သူလည်း ဖြစ်ပါတယ်။

❄️ဒါပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းကြောင့် သူမဟာ Sunwoo Chan ဆိုတဲ့ ကောင်လေးနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ရပါတယ်။ Sunwoo Chan ဟာ ကမ္ဘာကျော် Animation စတူဒီယိုတစ်ခုရဲ့ Character Designer တစ်ဦးဖြစ်ပြီး အမြဲတမ်း တက်ကြွလန်းဆန်းနေတဲ့ ပင်ကိုယ်စရိုက်ရှိသူပါ။ ဒါပေမဲ့ သူ့ရဲ့ အပြုံးတွေနောက်ကွယ်မှာတော့ အတိတ်က နားလည်ရခက်တဲ့ အဖြစ်အပျက်တစ်ခုကြောင့် ရရှိခဲ့တဲ့ နက်ရှိုင်းတဲ့ ဒဏ်ရာတွေကို ဖုံးကွယ်ထားခဲ့ပါတယ်။

❄️ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ မထင်မှတ်ထားတဲ့ ဆုံတွေ့မှုဟာ Ha Ran ရဲ့ တည်ငြိမ်နေတဲ့ နေ့ရက်တွေကို လှုပ်ခတ်သွားစေခဲ့သလို၊ Sunwoo Chan အတွက်လည်း မမျှော်လင့်ထားတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို ရင်ဆိုင်ဖို့ အကြောင်းဖန်လာတဲ့အခါ။ အေးခဲနေတဲ့နှလုံးသားတစ်ခုနဲ့ လျှို့ဝှက်ချက်တွေကြားက ဒဏ်ရာရထားတဲ့ နှလုံးသားတစ်ခုတို့ ဆုံတွေ့ကြတဲ့အခါမှာတော့...။

❄️ရင်ခုန်စိတ်လှုပ်ရှားစရာ လျှို့ဝှက်ချက်တွေနဲ့အတူ အချစ်ဦး၊ အချစ်ဟောင်းတွေရဲ့ ခံစားချက်တွေကိုပါ ရရှိချင်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးကို အပတ်စဉ် BLSFLIX Channel မှာ စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါပြီနော်။
9
Love Phobia (ကျွန်မကြောက်သော အချစ်ဆိုတာ)

Join Channel
https://t.me/+mF46WVUxkMg2M2Q1

💫BLSFLIX ရဲ့ ပရိသတ်တွေအတွက် ဒီတစ်ခါမှာတော့ နည်းပညာသစ်တွေနဲ့အတူ ထူးခြားဆန်းသစ်တဲ့ ရသကို ပေးစွမ်းမယ့် "Love Phobia" ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။ မင်းသား‌ချော Kim Hyun Jin(Cheer up, Crush)ရဲ့ ပထမဆုံး Lead Roleကားဆိုရင်လည်း မမှားပါဘူး။

📚မိမိနဲ့ ၁၀၀ ရာခိုင်နှုန်း ထပ်တူကျမယ့် AI ကို ဖန်တီးပြီး အချစ်သစ်ကို ရှာဖွေနေတဲ့ Programmer မလေး Yun Bi A နဲ့ ခေတ်ဟောင်းစတိုင်ကိုသာ အစွဲအမြဲ မြတ်နိုးတတ်တဲ့ ဝတ္ထုရေးဆရာ Han Seon Ho တို့နှစ်ယောက်ဟာ မြင်ကြရုံနဲ့ ဘုဘောက်ကျကြတဲ့လူနှစ်ယောက်ပါ။

🌷အချစ်ကို ခါးခါးသီးသီး မုန်းတီးပြီး VR Dating ကုမ္ပဏီကို ဦးဆောင်နေတဲ့ မမနဲ့ သူတစ်ပါးရဲ့ ခံစားချက်တွေကို နားလည်ဖို့ ခဲယဉ်းနေတဲ့ စာရေးဆရာတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ ချိုမြိန်သလောက် အတိတ်က ဒဏ်ရာဟောင်းတွေကြောင့် ရံဖန်ရံခါမှာတော့ နာကျင်မှုတွေနဲ့ သွေးစွန်းနေတတ်ပါတယ်တဲ့။

💡ဒါပေမဲ့လည်း သူတို့နှစ်ယောက်ကြားမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေရှိ‌နေပြန်ပါတယ်။ အချစ်ကိုကြောက်လို့မှ ချစ်ခြင်းမေတ္တာတွေဆီကနေ ထွက်‌ပြေးနေကြတဲ့သူတို့နှစ်ယောက် တစ်ယောက်အပေါ် တစ်ယောက်ခံစားချက်တွေကြီးထွားလာတဲ့အခါ လက်ခံဖို့ကတော့ လွယ်ကူမှာမဟုတ်ပါဘူး။

💻ဒါကြောင့်မလို့ ချိုမြိန်သလိုလိုနဲ့ လျှို့ဝှက်ချက်တွေ ပြည့်နှက်နေတဲ့ ဒီဇာတ်လမ်းလေးကိုကြည့်ရှုချင်ရင်တော့ BLSFLIX Channel မှာ အပတ်စဉ် စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်။
11
Pearl In Red

Join Channel
https://t.me/BLSFLIXWeeklyDrama01

"Pearl in Red" ကတော့ ဒီနေ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် မှာတင် KBS2 ကနေ စတင်ထုတ်လွှင့်လိုက်တဲ့ လက်စားချေလှည့်ကွက်တွေနဲ့ ပြည့်နှက်နေတဲ့ Daily Drama အသစ်စက်စက်လေးပါ
​ မင်းသမီးကြီး Park Jin-hee ရဲ့ ၄ နှစ်ကြာမှ ပြန်လာတဲ့ ပြန်လည်ဆန်းသစ်မှုနဲ့အတူစိတ်ဝင်စားဖို့ကောင်းတဲ့ Review လေးကို တင်ဆက်ပေးလိုက်ပါတယ်
"Adel Group" ဆိုတဲ့ ကုမ္ပဏီကြီးရဲ့ ဖုံးကွယ်ထားတဲ့ အမှားတွေနဲ့ အမှန်တရားတွေကို ဖော်ထုတ်ဖို့အတွက် နာမည်အမှား ဘဝအမှားတွေနဲ့ ပြန်လည်ရောက်ရှိလာတဲ့ အမျိုးသမီးနှစ်ယောက် အကြောင်းပါ
Kim Myeong Huiကတော့ Kim Dan Hui ရဲ့အမွှာအစ်မဖြစ်ပြီး စိတ်သဘောထား နူးညံ့သိမ်မွေ့တဲ့ သူနာပြုတစ်ဦး ဖြစ်ပါတယ် သာမန်ရိုးရှင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖို့ အိမ်မက်မက်ခဲ့သူပါ ဒါပေမဲ့ မထင်မှတ်ထားတဲ့ အမှန်တရားတစ်ခုကို သိရှိသွားပြီးနောက်မှာတော့ ကံဆိုးမိုးမှောင်ကျတဲ့သေဆုံးမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်
​ညီမဖြစ်သူ Kim Dan Hui ဟာ သူမအစ်မသေဆုံးရတဲ့ နောက်ကွယ်က အမှန်တရားကို သိရှိသွားတဲ့အခါမှာတော့ သူမရဲ့ကိုယ်ပိုင်ဘဝကို စွန့်လွှတ်ဖို့ဆုံးဖြတ်လိုက်ပါတယ် အစ်မဖြစ်သူရဲ့ နာမည်နဲ့ ဟန်ဆောင်နေထိုင်ပြီး Adel Group ကို သိမ်းပိုက်ဖို့အတွက် သေချာစနစ်တကျ ပြင်ဆင်ထားတဲ့ လက်စားချေမှုခရီးစဉ်ကို စတင်ခဲ့ပါတယ်
Chole Lee ဟာ မထင်မှတ်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် မိသားစုကို ဆုံးရှုံးခဲ့ရပြီးနောက် သူမရဲ့နာမည်နဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို စွန့်လွှတ်ကာ လက်စားချေဖို့ ကြိုးစားသူပါ သူမဟာ ကမ္ဘာကျော် Brand Consultant တစ်ယောက်အဖြစ် ဟန်ဆောင်ထားသူပါ သူမရဲ့သာမန်ဘဝလေးဟာ ခဏချင်းမှာပဲ ပျက်စီးသွားခဲ့ရပြီး နာမည်အသစ်နဲ့ Adel Group ထဲကို ဝင်ရောက်ကာ လက်စားချေဖို့အကွက်ချစီစဉ်ခဲ့ပါတယ် ဒါပေမဲ့ မမျှော်လင့်ထားတဲ့ ကြားဖြတ်တိုက်ခိုက်မှုတစ်ခုနဲ့ ကြုံတွေ့ရတဲ့အခါမှာတော့ သူမရဲ့အစီအစဉ်တွေဟာ စတင်ယိုင်နဲ့လာခဲ့ပါတယ်
​ဒီဇာတ်လမ်းဟာ အစ်မအတွက် လက်စားချေမဲ့ Kim Dan Hui နဲ့ မိသားစုအတွက် လက်စားချေမဲ့ Chole Lee တို့ဟာ Adel Group ထဲမှာ ဘယ်လိုဆုံစည်းကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစရာ တင်ဆက်ထားတာ ဖြစ်ပါတယ် ​ဒီဇာတ်ကောင်နှစ်ယောက် ပေါင်းမိသွားတဲ့အခါ Adel Group က ဘယ်လိုတုန်လှုပ်သွားမလဲဆိုတာကိုတော့ "Pearl in Red" ကားလေးမှာ အတူတူကြည့်ရှုလို​က်ရအောင်နော်
10
My Only Sunshine (2026)

https://t.me/+sbA3W7yuwL80NDZl

တက်သစ်စ မင်းသမီးလေး Sun တစ်ယောက် သူငယ်ချင်းရဲ့အစ်မဖြစ်သူ Rafah ရဲ့နှလုံးသားကိုရအောင်အချိန်တော်တော်ယူခဲ့ရပါသတဲ့....

တစ်ရက် Sun ရဲ့ onscreen ပေါ်ကတွဲဖက်မင်းသားတစ်ယောက်နဲ့ ဓာတုဗေဒ မိမှုကြောင့် ပရိသတ်တွေရဲ့အားပေးမှုက လူသိများပြီး နာမည်ကြီးလာတဲ့အခါ ဖုံးကွယ်ထားခဲ့ရတဲ့ Rafah ရဲ့ခံစားချက်တွေလည်း ပေါက်ကွဲထွက်လာပါတော့တယ်.....

ဒီလိုနဲ့ တွဲဖက်မင်းသားနဲ့ အတင်းအဖျင်းတွေအမျိုးမျိုးထွက်လာတဲ့အချိန် Sun တစ်ယောက်ကလည်း သူနဲ့မဆိုင်ပါဘူးဆိုပြီး ကျိန်ဆိုထားတဲ့နေရာတွေမှာ Sun နဲ့ရုပ်ချင်းဆင်သူတစ်ယောက်လည်း အမြဲရောက်နေခဲ့တဲ့အပြင်.....

Sun ရဲ့အလုပ်အကိုင်ကို ခြိမ်းခြောက်နေတဲ့ဗီဒီယိုကလစ်တစ်ခုနဲ့အတူ Rafah ကိုပြန်လိုချင်နေတဲ့ ရည်းစားဟောင်းဆိုသူကလည်း ပေါ်လာပြန်တဲ့အခါ.....

Rafah နဲ့ Sun တိုကြားက ဆက်ဆံရေးက အကောင်းဘက်ကိုဦးတည်သွားမလား အဆိုးဘက်ကိုရောက်သွားလေမလား...


စွဲလမ်းစိတ်၊ မြှုပ်နှံထားတဲ့လျှိဝှက်ချက်တွေနဲ့ ယုံကြည်မှုတို အားပြိုင်ကြမဲ့ အချစ်ရေးတစ်ခုကို စိတ်ဝင်စားဖွယ်ပြသပေးသွားမဲ့ My only Sunshine ဆိုတဲ့ စီးရီးကို BLSFLIX Channel မှာစောင့်မျှော်ကြည့်ရှုနိုင်ပါပြီ
❤‍🔥84👍1💯1
Mujhe Rang De (2026)
"ရင်ထဲက ရောင်စုံသက်တန့်"

https://t.me/+gLfSjkpdMNdiOTA1

လူတိုင်းမှာ လျှိဝှက်ချက်တွေ ကိုယ်စီရှိတတ်ကြပါတယ်...
အထူးသဖြင့် ကိုယ့်ရဲ့ "အစစ်အမှန်" ကို ဖုံးကွယ်ပြီး အများအမြင်မှာ ဘေးကင်းအောင် နေထိုင်နေရတဲ့သူတွေအတွက်ပေါ့...

ဇာတ်လမ်းအကျဉ်း

Shikhar ဟာ သူ့ရဲ့ဖြစ်တည်မှုကို အမေဖြစ်သူကြောင့် ဖုံးကွယ်ထားရသူဖြစ်ပြီး "Gay ဖြစ်ရတာဟာ အထီးကျန်ခြင်းရဲ့ နိဒါန်းပဲ" လို ယုံကြည်ထားသူတစ်ယောက်....

အဖေဖြစ်သူ အထီးကျန်စွာနဲ့ ဆုံးပါးသွားခဲ့တဲ့ အတိတ်ဒဏ်ရာကြောင့် သူဟာ တစ်သက်လုံး အထီးကျန်မဖြစ်စေဖိုအတွက် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ပြီး မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ဖိုအထိ ဆုံးဖြတ်ထားခဲ့ပါတယ်....

"ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာ ရှက်မနေနဲ့၊ ဖုံးကွယ်ထားရတာဟာ နေပျော်စရာနေရာ မဟုတ်ဘူး" လို Shikhar ကို အားပေးရင်း အနားမှာ အမြဲရှိနေပေးခဲ့ Agastya ...

ခင်မင်မှုကနေတစ်ဆင့် နက်ရှိင်းတဲ့ သံယောဇဉ်တွေ ဖြစ်ပေါ်လာတဲ့အခါမှာတော့...

သူတိုနှစ်ယောက်ကြားက ရင်ခုန်သံတွေက ဘယ်လိုဆက်ဖြစ်မလဲ...???

ဘေးကင်းရာမှာပဲ ပုန်းအောင်းနေမလား ဒါမှမဟုတ် ကိုယ့်ရဲ့ဖြစ်တည်မှုအမှန်နဲ့ ချစ်ခြင်းမေတ္တာကိုပဲ ရွေးချယ်မလား...???

<<<<<<<<<<<<<<

"Mujhe Rang De" ဟာ အနုပညာနဲ့ အထီးကျန်ခြင်းကြားမှာ လမ်းပျောက်နေတဲ့ အမျိုးသားနှစ်ဦးရဲ့ ရင်ခုန်သံကို ရိုက်ကူးထားတဲ့ အိန္ဒိယ BL စီးရီးကောင်းတစ်ခု ဖြစ်ပါတယ်

အထီးကျန်ဆန်မှုတွေကြားက စိတ်ချင်းနီးစပ်မှုကို အနုပညာရသတွေနဲ့ ပေါင်းစပ်ပုံဖော်ထားတဲ့ ဒီရင်နင့်ဖွယ်ဇာတ်လမ်းလေးကို BLSFLIX Channel က‌နေ အတူတူ ခံစားကြည့်လိုက်ရအောင်နော်...

Y..🍂🍁
24👍3❤‍🔥2
Venus's Groom (2026)

https://t.me/blsflix_channel37

​"ငါမင်းကို မုန်းရမှာလား၊ ဒါမှမဟုတ် မင်းရဲ့ အေးချမ်းမှုတွေထဲမှာပဲ နစ်မြုပ်နေရမှာလား?"


ညီဖြစ်သူအတွက် လက်စားချေချင်တဲ့စိတ်နဲ့ အမုန်းတရားတွေပြည့်နေတဲ့ Pakin...

ဇိမ်ခံဟိုတယ်ကြီးရဲ့အမွေဆက်ခံသူကို ပြန်ပေးဆွဲပြီး လူသူမနီးတဲ့ တောနက်ကြီးထဲမှာ ချုပ်နှောင်ထားခဲ့ပါတယ်...

​ဒါပေမဲ့ ကံကြမ္မာက သူ့ကို ရက်ရက်စက်စက် နောက်ပြောင်လိုက်တဲ့အခါ...

သူဖမ်းဆီးထားတဲ့သူကတကယ်တမ်း လက်သည်တရားခံ ဟုတ်မနေခဲ့ပါဘူး....

သူဖမ်းဆီးခဲ့တဲ့လူက ရုပ်ရည်ချင်းဆင်တူရုံကလွဲပြီး အကျင့်စရိုက်က မီးလိုပူလောင်တဲ့သူ မဟုတ်ဘဲ ရေလိုအေးမြတဲ့သူ ဖြစ်နေတဲ့အခါ...

သူ တကယ်ပဲ လူမှားဖမ်းမိခဲ့တာလား???

​ရန်သူဆိုတဲ့ အမုန်းစည်းမျဥ်းကိုကျော်ဖြတ်ပြီး နှလုံးသားချင်း ဘယ်လိုနီးစပ်သွားမလဲ???
-------------------------------------------------
​အမုန်းနဲ့ အချစ် အားပြိုင်မယ့် ဒီဇာတ်လမ်းမှာ Pakin တစ်ယောက်နှလုံးသားကလမ်းပြပေးတဲ့ခံစားချက်ကို မြင်အောင်ကြည့်နိုင်ပါ့မလားဆိုတာကိုBLSFLIX ကနေ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှုရမှာပါ...

Y...🌿
❤‍🔥2317👍2💯2
Oops! I'm The Concubine (2026)
"မိဖုရားလေးရဲ့ အချစ်ပုံပြင်"

https://t.me/blsflix_channel28

ထုခွန်တို​ရေ Reset Series နဲ့ အားလုံးက သိကြတဲ့ မင်းသား​ချော​လေး "Peterpan" နဲ့ မင်းသမီး​ချော​လေး "Emma" တိုရဲ့ နန်းတွင်းဇာတ်လမ်း​လေးလာပါပြီ။

အချစ်​ရေးကို စိတ်မဝင်စား​သေးဘဲ သူပုန်​တွေကို အားစိုက်နှိမ်နင်း​နေတဲ့ တိုင်းပြည်ရဲ့ မင်းသား​လေး "Kiren"

သာမန်မျိုးရိုးထဲကဖြစ်ပြီး သခင်မ​လေးတစ်​ယောက်ကို ခစား​နေရတဲ့ သွက်သွက်လက်လက်နဲ့ ဖြတ်ထိုးဉာဏ်ရှိတဲ့"Lina"

မင်းသား "Kiren" အတွက် တတိယ​မြောက်ကြင်ရာ​တော်​ရွေးချယ်ပွဲမှာ "Lina" တစ်​ယောက် သခင်မ​လေးရဲ့ ​စေခိုင်းမှု​ကြောင့် ​နေရာသွားဦး​ပေးရာက​နေ အမှန်တကယ် ကြင်ရာ​တော်ဖြစ်သွားတဲ့ အခါ

မင်းသား"Kiren" ကလည်း သူပုန်ကို နှိမ်နင်းစဉ် နာမည်တုသုံးပြီး "Lina" နဲ့ဆုံဖူး​ပေမဲ့ သူ့ရဲ့ ကြင်ရာ​တော်ဖြစ်လာတဲ့အချိန် တုံပြန်မှုက ဘယ်လိုဖြစ်မလဲ။

အချစ်နဲ့ဟာသအပြင် ရသစုံလင်ပါဝင်မဲ့ ထိုင်းနန်းတွင်းဇာတ်လမ်း​လေး "Oops! I'm the Concubine" ကို BLSFLIX မှာ​စောင့်​မျှော်ကြည့်ရှု​ပေးပါဦးရှင့်...
❤‍🔥126💯2👍1
Dreams Never End (2026)

https://t.me/BlsflixChannel34

🎧ဒီတစ်ခါမှာတော့ မရိုးနိုင်တဲ့ဇာတ်လမ်းလေးဖြစ်တဲ့ လူငယ်တွေ ကိုယ့်အိမ်မက်နောက်ကို လိုက်ကြမဲ့ Dreams Never Endဆိုတဲ့ Mini dramaလေးကို BLSFLIX Channelကနေပြီးတော့ ဘာသာပြန်ပြီးတော့ တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။

🎼အကြောင်းတစ်ခုခုကြောင့် အနုပညာလောကကနေ အနားယူလိုက်တဲ့ လျိုမာဆိုတဲ့ကောင်ချောလေးဟာ ဂီတမှာ ပါရမီပါသူတစ်ဦးပါ။ ဒီလိုနဲ့ လမ်းတွေပျောက်နေရင်း သူ့ထက်ငယ်ပြီး သူ့လိုအိမ်မက်နောက်ကိုလိုက်နေတဲ့ အားနန် အားမုန်တိုနဲ့ဆုံတွေ့လာပါတယ်။

🥁ဒီအခါမှာမှ ရေသေလိုဖြစ်‌နေတဲ့ သူ့ဘ၀ကြီးကို သတိပြုမိလာပြီး တတ်နိုင်သမျှနဲ့ တစ်ချိန်ကရှိခဲ့ပြီး ယခုတိုင်လည်း စိတ်အားထက်သန်နေဆဲဖြစ်တဲ့ သူ့ရဲ့အနုပညာအိမ်မက်ကို ‌သူငယ်ချင်းညီအစ်ကိုမောင်နှမတွေနဲ့ အတူအကောင်အထည်ဖော်ပါတော့တယ်။

🎸Mini Dramaလေးဆိုပေမဲ့ မင်းသားလေးတွေကလည်း ချောပြီး ဂီတကားလေးမလို ကြည့်ရတာစိတ်အပန်းပြေစေပြီး လန်းဆန်းစေမှာမလို အခုပဲ BLSFLIX Channelမှာ လက်မလွှတ်တမ်းစောင့်ကြည့်လိုက်ကြရအောင်နော်။
23❤‍🔥4🥰2👍1
Way To You (2026)

https://t.me/blsflix_channel24

ထိုင်းနဲ့ တရုတ် နိုင်ငံသား လူငယ် ၁၂ ဦးရဲ့ ကြားမှာ ဘယ်လိုမျိုး "Chemistry" တွေ ရှိနေမလဲ? ❤️

"Way To You" ဆိုတာကတော့ ထိုင်းနဲ့ တရုတ် လူငယ်တွေ ပူးပေါင်းပြီး Male Duos (အတွဲများ) အဖြစ် ဖွဲစည်းယှဉ်ပြိုင်ကြမယ့် ပထမဆုံးသော နယ်စပ်ဖြတ်ကျော် Live Reality Show တစ်ခုပဲ ဖြစ်ပါတယ်...

၂ လခွဲတာ ကာလအတွင်းမှာ သူတိုရဲ့ ရင်းနှီးကျွမ်းဝင်မှုတွေ၊ ကြိုးစားအားထုတ်မှုတွေနဲ့ တစ်ဦးပေါ်တစ်ဦး ထားရှိတဲ့ သံယောဇဉ်တွေကို Reality Show နဲ့ Live Stage တွေကတစ်ဆင့် အနီးကပ် မြင်တွေ့ရမှာပါ...

ဒီအစီအစဉ်ရဲ့ ထူးခြားချက်ကတော့ -

••• ပရိသတ်တွေကိုယ်တိုင်က မဲပေးထောက်ခံမှုတွေနဲ့အတူ သူတိုရဲ့ Idol ဖြစ်တည်လာပုံကို တိုက်ရိုက်ပါဝင်ခွင့်ရမှာပါ...

••• ပထမဆုံး စတင်တွေ့ဆုံချိန်ကနေ အပေးအယူအမျှဆုံး အတွဲတွေဖြစ်လာတဲ့အထိ သူတိုရဲ့ ခရီးစဉ်ကို စောင့်ကြည့်ရမှာပါ...

••• ပရိသတ်အားပေးမှုအများဆုံးနဲ့ အလိုက်ဖက်ဆုံးအတွဲ (CP) ကတော့ ကမ္ဘာ့စင်မြင့်ထက်မှာ အနုပညာရှင်တွေအဖြစ် တရားဝင် Debut လုပ်ခွင့်ရရှိမှာပဲ ဖြစ်ပါတယ်...
---------------------------------------------
ကဲ... ထုခွန်တိုရဲ့ နှလုံးသားကို ဖမ်းစားနိုင်မယ့် အကောင်းဆုံးအတွဲက ဘယ်သူတွေ ဖြစ်မလဲဆိုတာကို BLSFLIX Channel ကနေ အတူတူလိုက်ပါကြည့်ရှုရင်း ရင်ခုန်လိုက်ကြရအောင်!

Y..
30❤‍🔥4👍3💯2🥰1
Please,Stop! (2026)

https://t.me/blsflix_ChineseTaiwaneseBL

"ညီအစ်ကို" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အချစ်ကို ဖုံးကွယ်ထားရတဲ့ ဒဏ်ရာဟာ သူ့အတွက်တော့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ငရဲတစ်ခုလိုပါပဲ....🍂


"တောက်ပတဲ့ နေမင်းကြီး"
>>
သူ့အတွက်တော့ ဒီညီလေးဟာ အမြဲတမ်း ဂရုစိုက်ပေးရမယ့်၊ ချစ်မဝတဲ့ ညီလေးတစ်ယောက်ပဲ....

မိန်းကလေးတွေကြားမှာ ရေပန်းစားပြီး အချစ်ကို ပေါ့ပေါ့ပါးပါးပဲ သဘောထားတတ်တဲ့ သူ့အတွက် ညီလေးရဲ့ ဂရုစိုက်မှုတွေက "ပျော်ရွှင်စရာအနှောင့်အယှက်လေး"တစ်ခုသာ ဖြစ်နေခဲ့တယ်

"တိတ်ဆိတ်တဲ့ မုန်တိုင်းငယ်"
>>>
အစ်ကိုရဲ့ အပြုံးတိုင်း၊ စကားသံတိုင်းနောက်မှာ သူပဲသိတဲ့ လျှိဝှက်ချက်တစ်ခုရှိတယ်....

အစ်ကိုဖြစ်သူက တကယ်တမ်း ချစ်ရမယ့်သူကို ရှာတွေ့သွားတဲ့အခါ...

ညီဖြစ်သူရဲ့ တိတ်ဆိတ်နေတဲ့ မုန်တိုင်းဟာ ဆက်ပြီး ငြိမ်သက်နေနိုင်ဦးမလား???

ဖွင့်ပြောလိုက်ရင် အရာအားလုံး ဆုံးရှုးသွားမယ့် ကြောက်ရွံမှုနဲ့ မပြောဘဲ ထားရင် ရင်ကွဲရမယ့် နာကျင်မှုကြားမှာ သူ ဘယ်လို ရုန်းကန်မလဲ???

သွေးသားမတော်စပ်တဲ့ ညီအစ်ကိုကြားက ပေါက်ဖွားလာတဲ့ချစ်ခြင်းမေတ္တာကို BLSFLIX Channel ကနေအတူလိုက်ပါပြီး ခံစားပေးပါဦးနော်

Y..🍂
28👍4❤‍🔥3
The Pratical Guide To Love (လက်တွေ့လေ့လာ အချစ်ပညာ )

https://t.me/+EHpfxplqhNViODdl

ယခုတစ်ခါတင်ဆက်ပေးသွားမဲ့ကားလေးကတော့ The Pratical Guide To Love လို့အမည်ရတဲ့ ကိုရီးယားအချစ်ကားလေးပဲဖြစ်ပါတယ်။ အပတ်စဉ် ‌စနေ ၊ ‌တန‌င်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီးတော့ စုစုပေါင်း ၁၂ ပိုင်းပါဝင်မှာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားလေးမှာဆိုရင်တော့ အဓိကမင်းသမီးအနေနဲ့ Han Ji Ming အဓိကမင်းသားအနေနဲ့ကတော့ Park Sung Hoon နဲ့ Lee Ki Taekတို့ကပါဝင်ရိုက်ကူးထားတာဖြစ်ပါတယ်။


ဒိီဇာတ်ကားလေးမှာဆိုရင် Lee Ui Yeongက အောင်မြင်တဲ့ကျော်ကြားတဲ့သူဖြစ်သော်လည်း အချစ်စစ်ဆိုတဲ့အရာကို ပိုင်ဆိုင်ဖို့တောင့်တနေသူတစ်ဦးဖြစ်ပါတယ်။ ဒီလိုနဲ့ သူဟာ အချစ်စစ်ကိုရှာတွေ့နိုင်မလားဆိုတဲ့စိတ်နဲ့ ဘလိုင်းဒိတ်လုပ်ရင်းကနေ ယောက်ျားနှစ်ယောက်ကသူ့ဘဝထဲကိုဝင်ရောက်လာပါတော့တယ်။အခုလိုမျိုး သူ့စိတ်ခံစားချက်ကိုနိုးထစေလာနိုင်တဲ့ ယောက်ျားလေးနှစ်ယောက်ထဲကနေ ဘယ်သူ့ကိုရွေးချယ်သွားမလဲ ၊ စစ်မှန်တဲ့ချစ်ခြင်းဆိုတာကရော ဘယ်လိုအရာမျိုးဖြစ်မလဲ၊ အချစ်ဆိုတဲ့အရာကရော ရယူခြင်းလား စွန့်လွှတ်ခြင်းလား ဆိုတာကို ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ Romance ကြိုက်တဲ့ပရိတ်သတ်များအတွက် ကြည့်ရှု့သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဗျ။
❤‍🔥41
LOVE SONG (2026)

https://t.me/blsflix_ver2
https://t.me/+BPdCV-rhcf5jMWM1

"တိုကျိုနဲ့ ဘန်ကောက်က လူနှစ်ယောက်ကို ဆက်သွယ်ပေးထားတဲ့ အပြီးမသတ်ရသေးတဲ့ အချစ်သီချင်းတစ်ပုဒ်"


1080P - https://t.me/blsflix_ver2/784
720P - https://t.me/blsflix_ver2/785
480P - https://t.me/blsflix_ver2/786
360P - https://t.me/blsflix_ver2/787

အလုပ်ကိုပဲ အလေးထားတဲ့ သုတေသနပညာရှင် ဆိုးတ တစ်ယောက် တိုကျိုကို အလုပ်ကိစ္စနဲ့ ရောက်လာချိန်မှာတော့ ဘန်ကောက်မှာ ကျောင်းသားဘဝကတည်းက ရင်ခုန်ခဲ့ရတဲ့ ခိုင် နဲ့ မထင်မှတ်ဘဲ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။

ခိုင်ဟာ နာမည်ကြီး ဓာတ်ပုံဆရာတစ်ယောက် ဖြစ်နေရုံတင်မက ဂီတအလုပ်ကိုလည်း ဆက်လက်လုပ်ကိုင်နေဆဲပါ။ ခိုင်တစ်ယောက် အံ့သြသွားစေခဲ့တဲ့အရာကတော့ ဆိုးတဟာ သူတို့နှစ်ယောက်ရဲ့ "အပြီးမသတ်ရသေးတဲ့ အချစ်သီချင်းလေး" ကို အခုထိ မှတ်မိနေသေးတာပါပဲ။

နှစ်ယောက်သား တဖြည်းဖြည်း ပြန်လည်နီးစပ်လာကြပေမယ့် အဲဒီသီချင်းကို ဘာကြောင့် အပြီးမသတ်နိုင်ခဲ့ကြတာလဲဆိုတဲ့ ကိုယ်စီလျှို့ဝှက်ချက်တွေကတော့ ရှိနေဆဲပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်ကို ဆက်သွယ်ပေးထားတဲ့ အဲဒီမပြီးဆုံးသေးတဲ့ သီချင်းလေးကပဲ သူတို့ရဲ့နှလုံးသားတွေကို တဖန်ပြန်လည် ပဲ့တင်ရိုက်ခတ်စေခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သား မင်းသားချော Morisaki Win ပါဝင်တဲ့ ဒီဂျပန် BL အချစ်ဇာတ်လမ်းလေးကို BLSFLIXနှင့်အတူတူ စီးမျောကြည့်ရှုပေးကြပါဦးနော်။
❤‍🔥3220👍2💯1🍓1
Siren's Kiss ( အဆိပ်သင့် အနမ်း)

Join Channel
https://t.me/+tYjedvG7a_EyYTll
13
Love Like A Bike (2026)

https://t.me/+F7x_83jQamFjYjU1

" ဘဝနဲ့ အချစ်ဟာ စက်ဘီးစီးရသလိုပဲ၊ လဲကျတာတွေ၊ အခက်အခဲတွေကို ရင်ဆိုင်ပြီးမှ ဟန်ချက်ညီညီ ရှေ့ဆက်ရတာ "

ဇာတ်ကြောင်းတွေကို လက်တွေ့ကျကျ ရိုက်ကူးထားပြီး အတွဲသုံးတွဲနဲ့ ရှုထောင်မျိုးစုံက ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေး တစ်ခုဖြစ်ပါတယ်..

ယောက်ျားတွေ အထိမခံနိုင်ဘဲ စိတ်ဒဏ်ရာရနေတဲ့ ကောင်လေး " Sailom " ရယ်...ကူညီ ကုသပေးမယ့် စိတ်ရောဂါကုဆရာဝန် "Nabnueng" ရယ်က တစ်တွဲဖြစ်ပြီး..ဆရာဝန်နဲ့ လူနာဆိုတဲ့ စည်းမျဉ်းခြားထားတာဖြစ်လို ထင်သလောက် မလွယ်ကူမယ့် ဆက်‌ဆံရေးတစ်ခုဖြစ်ပါတယ်

"Dindin" နဲ့ "Tawan" ကတော့ မတည့်အတူနေ သူငယ်ချင်း ဖြစ်သလို အလုပ်ရှင်နဲ့ ဝန်ထမ်းဆက်ဆံရေးဖြစ်ပါတယ်...အချင်းချင်း သံယောဇဉ်ရှိနေပေမယ့် " Friend With Benefits" ဆိုတဲ့ ခေါင်းစဉ်အောက်ကတော့ မကျော်လွားနိုင်သေးဘူး..

တဖက်မှာလည်း အသည်းကွဲပြီး စိတ်ဒဏ်ရာရနေတဲ့ Sky က.. အတိတ်က ဝမ်းနည်းကြေကွဲမှုတွေကြောင့် အချစ်ကို မယုံကြည်တော့ပါဘူး.. အဲအစား လူတွေကို ပျော်ရွှင်မှုအမျိုးမျိုး ပေးနိုင်မယ့် ဘားဧည့်ကြိုတစ်ယောက်အဖြစ် ပြောင်းလဲနေခဲ့ပေမယ့်..နာဝါ နဲ့တွေ့ဆုံလာတဲ့ အခါမှာတော့... သူတိုရဲ့ ဆက်ဆံရေးတွေ ဘယ်လိုရှေ့ဆက်တိုးလာကြမလဲဆိုတာကို BLSFLIX Channel မှာ အတူစောင့်မျော်ကြည့်ရှုလိုက်ရအောင် ။
16❤‍🔥6👍3💯1👾1
Girl Rules (2026)

https://t.me/+cimS5vAv-Y00MjI9

ရည်းစားဟောင်းတစ်ယောက်ကြောင့် ဂယက်ထခဲ့ရတဲ့ မိန်းကလေးခြောက်ယောက်ကြားက အရှုပ်အထွေးကို စိတ်ဝင်စားဖွယ်ပုံဖော်ပေးထားတဲ့ Girl Rules ဆိုတဲ့ GL စီးရီးအသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်....

ဒီဇာတ်လမ်းလေးကတော့ မိန်းကလေးခြောက်ယောက်ကြားက ချစ်ခြင်း မုန်းခြင်းတွေနဲ့အတူ သစ္စာဖောက်မှုတွေအကြောင်းကို ရောယှက်ပုံဖော်ထားတဲ့ စီးရီးပဲဖြစ်ပါတယ်....

ဖက်ရှင်နဲ့ မီဒီယာလောကရဲ့နောက်ကွယ်က တင်းမာမှုတွေကိုအခြေခံရိုက်ကူးထားပြီး သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကို ဇာတ်ဆောင်တွေက ဘယ်လိုချိုးဖောက်ကြမယ်ဆိုတာကို ရင်ခုန်စွာစောင့်မျှော်ကြည့်ရှုရမဲ့ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်....

Primနဲ့ Bambi ကြားကလျှို့ဝှက်ချက်များတဲ့ အပြုအမူတွေ.....

Shasha နဲ့ Gorya ကြားက ကြောင်နဲ့ကြွက်လိုဆက်ဆံရေးတွေ...

Min နဲ့ Praew တို့ကြားက Toxic relationship ကနေရုန်းထွက်ပုံတွေကိုပါတွေ့ရမှာဖြစ်လို့ စုံတွဲ ၃တွဲနဲ့ ရသစုံစုံလင်လင်ခံစားရစေမှာပါ....

ဒါကြောင့် သာမန်အချစ်ဇာတ်လမ်းတွေနဲ့ ကွဲထွက်နေတဲ့ ငါ့ရည်းစားက သူ့ရည်းစားဖြစ်နေတယ်ဆိုတဲ့ စီးရီးလေးကို BLSFLIX Channel ကနေ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ.....
20👍2❤‍🔥1
Fourever You Part 2 : The Sun From Aother Star (2026)

https://t.me/+uzB96vX67SYyNjI1

ဒီတစ်ခါမှာတော့ Fourever You ​ဒေါက်တာအဖွဲ့ရဲ့ ​နောက်ဆုံး​ဆရာဝန်​လောင်း​လေး​ ​"​Sun"လို့ အဓိပ္ပာယ်ရတဲ့ Arthit နဲ့ အငယ်အုပ်စုရဲ့ "Star" လို့ အဓိပ္ပာယ်ရတဲ့Daotok တို့ရဲ့ ဇာတ်လမ်း​လေးလာပါပြီ

ထိုင်းနိုင်ငံက ထိပ်တန်းပြည်ပသွင်းကားကုမ္ပဏီရဲ့ သူ​ဌေးသား​ဆိုပေမဲ့ မိခင်ဆုံးပြီး​နောက်ပိုင်း ဖခင်အ​ပေါ်​ရော သူငယ်ချင်း​တွေအ​ပေါ်​ရော ဆိုးနွဲ့ကာ ​ပေ​ပေ​တေ​တေနေတဲ့ Arthit

အမြဲ​အေး​ဆေးတည်ငြိမ်ကာ စကားနည်းတဲ့အပြင် ဝိညာဉ်​တွေကို အာရုံခံ စကား​ပြောနိုင်စွမ်းရှိတဲ့ အနုပညာ​ကျောင်းသား​လေး Daotok

သူတို့ ၂​ယောက် သရဲရှိလို့ ​လျှော့​ဈေးနဲ့ရတဲ့ ​ဘေးချင်းကပ်အခန်း၂ခန်းကို ငှားရာက​နေ အိမ်နီးချင်းဖြစ်လာပြီး Daotok ရဲ့ အစွမ်းကိုသုံးကာ Arthit အ​မေရဲ့ ဝိညာဉ်ကိုရှာဖို့ ဖြစ်လာ​ပါ​တော့တယ်။

Arthit နဲ့ Daotok တို့ရဲ့ မတူညီတဲ့အကျင့်စရိုက်​တွေ၊ ခံယူချက်​တွေကြားအငြင်းအခုန် အလွဲများနဲ့ ရယ်​နေရမဲ့အပြင် သူတို့၂ဦးကြားက ခံစားချက်​တွေ တိုးလာပုံကို တငြိမ့်ငြိမ့်နဲ့ ကြည့်ရမဲ့ " Fourever You Part 2 : The Sun From Aother Star" ကို BLSFLIX မှာ​စောင့်​မျှော်ကြည့်ရှု​ပေးပါဦးရှင့်
105❤‍🔥8💯2
လိုတိုင်းရတဲ့ ချစ်သူ (Boyfriend On Demand)

https://t.me/+SmJInbmZdUg0ZTRl

အချစ်၊ ဟာသနဲ့ Virtual Reality (VR) လောကကို အမိုက်စား ပေါင်းစပ်ထားတဲ့ ၂၀၂၆ ခုနှစ်ရဲ့ အလန်းဆုံး ရိုမန်းတစ်ဟာသ ဇာတ်လမ်းတွဲသစ်ကြီး "Boyfriend on Demand" လာပါပြီ။ BLACKPINK အဖွဲ့ဝင် Jisoo နဲ့ မင်းသားချော Seo In-guk တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးကိုတော့ လာမယ့် မတ်လ ၆ ရက်နေ့ကစပြီး Netflix ကနေ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

ဇာတ်လမ်းလေးက အလုပ်တွေအရမ်းများပြီး ပင်ပန်းနွမ်းနယ်နေတဲ့ ဝက်ဘ်တွန်း (Webtoon) ပရိုဂျူဆာမလေး Seo Mi-rae တစ်ယောက်၊ လက်တွေ့ဘဝရဲ့ ရှုပ်ထွေးတဲ့ အချစ်ရေးတွေကို ရှောင်ပြေးပြီး "လစဉ်ကြေးပေး ချစ်သူ" (Boyfriend on Demand) လို့ခေါ်တဲ့ Virtual Dating Service လေးကို စတင်အသုံးပြုရာကနေ စတင်ပါတယ်။ ဒီအက်ပလီကေးရှင်းလေးကနေတစ်ဆင့် သူမဟာ ကိုယ့်စိတ်ကြိုက် ဖန်တီးထားတဲ့ စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာ အပြစ်ပြောစရာမရှိတဲ့ ပြီးပြည့်စုံတဲ့ ချစ်သူကောင်လေးတွေနဲ့ ရိုမန်းတစ်ဆန်ဆန် Date လုပ်ခွင့်ရလာပါတော့တယ်။

ဒါပေမဲ့ VR လောကထဲက အချစ်ရေးနဲ့ သူမရဲ့ လက်တွေ့လုပ်ငန်းခွင်ဘဝကြားက စည်းမျဉ်းတွေ တဖြည်းဖြည်း ဝေဝါးလာတဲ့အခါမှာတော့ မျှော်လင့်မထားတဲ့ အလွဲလေးတွေ၊ ရယ်မောစရာတွေနဲ့အတူ ရင်ခုန်စရာ ဇာတ်ကွက်တွေကို ဆက်တိုက် ကြည့်ရှုရမှာပါ။ လက်တွေ့ဘဝမှာ သူမနဲ့ အမြဲတမ်း အပြိုင်အဆိုင်ဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက် Park Kyeong-nam အဖြစ် သရုပ်ဆောင်ထားတဲ့ Seo In-guk နဲ့ Jisoo တို့ကြားက ကြောင်နဲ့ကြွက်လို ချစ်စရာကောင်းတဲ့ လိုက်ဖက်မှု (Chemistry) ကလည်း ဒီကားရဲ့ အဓိက ဆွဲဆောင်မှုတစ်ခု ဖြစ်နေပါတယ်။

ဒီဇာတ်ကားရဲ့ နောက်ထပ် အထူးခြားဆုံး အချက်ကတော့ Mi-rae ရဲ့ "Virtual Boyfriends" တွေအဖြစ် နာမည်ကြီး မင်းသားချောတွေ အများကြီးကို တစ်ကားတည်းမှာ စုစည်းမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ Seo Kang-joon, Lee Soo-hyuk, Lee Jae-wook, Kim Young-dae, Ong Seong-wu နဲ့ Jay Park တို့လို ပရိသတ်အချစ်တော်တွေ အများကြီးက စိတ်ကူးယဉ်ချစ်သူတွေအဖြစ် Guest Role ကနေ အသီးသီး ပါဝင်အားဖြည့်ထားတာမို့ မင်းသားတစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ ဆွဲဆောင်မှုတွေကို အားရပါးရ ငေးမောခွင့်ရမယ့် ကားမျိုးပါ။

"Work Later, Drink Now" နဲ့ "No Gain No Love" တို့လို နာမည်ကြီး Rom-Com တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kim Jung-sik ရဲ့ လက်ရာဖြစ်လို့ ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမှာ သေချာပါတယ်။ ပင်ပန်းသမျှတွေကို မေ့ထားပြီး မျက်စိပသာဒဖြစ်စေမယ့်၊ ရင်ခုန်စရာကောင်းတဲ့ ကားလေးကိုမှ ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကို လုံးဝ (လုံးဝ) လက်မလွတ်သင့်ပါဘူး။

ဒီပို့စ်လေးကို ဖတ်နေတဲ့သူတွေထဲမှာရော Jisoo ရဲ့ VR ချစ်သူတွေအဖြစ် ပါဝင်ထားတဲ့ မင်းသားတွေထဲက ဘယ်သူ့ကို အကြိုက်ဆုံးလဲဆိုတာ Comment မှာ ပြောပြခဲ့ကြပါဦးနော်။
13