Review by BLSFLIX
27K subscribers
824 photos
765 links
Download Telegram
သာဓုခေါ်ပါ အတွဲ 2 (2025)

https://t.me/blsflix_connect

(လောကကြီးမှာ အပြုံးချိုချိုလေးတွေရှိတိုင်းလည်း လူကောင်းလိုယုံကြည်လိုမရဘူးနော်...

တချိုပြုံးရယ်ခြင်းတွေက သူတစ်ပါးရဲ့ ဘဝတွေကို အဆိပ်သင့်အောင်လုပ်ပြီး ဖြစ်တည်လာတဲ့အပြုံးတွေဖြစ်နေနိုင်တယ်..)


Win, Game နဲ့ Dear တိုသူငယ်ချင်းသုံးယောက်ဟာ ရိုးသားမှုမရှိတဲ့ ဒေသခံ နိုင်ငံရေးသမား တစ်ဦးဖြစ်သူ Ae ရဲ့ ရာဇဝတ်ကွန်ယက်ထဲကို ဆွဲသွင်းခံလိုက်ရပါတယ်....

နိုင်ငံရေးသမား Ae ရဲ့ အစီအစဉ်က ဘုရားကျောင်းသေးသေးလေးတစ်ခုကနေရတဲ့ငွေတွေကို ခုတုံးလုပ်အသုံးချပြီး
(Mega Merit Project) အဖြစ် ဆေးရုံတစ်ခုတည်ဆောက်ပြီး ပြောင်းလဲပစ်ဖိုပါ...

ဒီအစီအစဉ်ထဲမှာ ငွေကြေး၊ အာဏာနဲ့ ရာဇဝတ်မှုတွေဟာ ပိုပြီး ကျယ်ပြန့်လာပါတယ်...

••• သူငယ်ချင်းသုံးယောက်လုံးကအာဏာကြီးတဲ့ နိုင်ငံရေးသမားAe ရဲ့ ဖိအားပေးမှုအောက်မှာ ဘယ်လိုရှင်သန်ရမလဲ..???

••• သူတိုရဲ့ လုပ်ရပ်တွေက ဘုရားကျောင်းနဲ့ နိုင်ငံရေးလောကကို ဘယ်လိုလှုပ်ခါသွားစေမလဲ..???

••• ယုံကြည်မှုနဲ့ လောဘရဲ့ နယ်နိမိတ်တွေကြောင့် ဘယ်လိုအရာတွေပျောက်ကွယ်သွားမလဲ..???

••• ဘာသာရေးနဲ့ နိုင်ငံရေးဆိုတဲ့အင်အားကြီးတဲ့ ကဏ္ဍနှစ်ခုမှာ "လူတွေရဲ့ စိတ်နှလုံးကို လွှမ်းမိုးဖို အသုံးပြုတဲ့ အာဏာတွေ"ကို

ဒီဇာတ်လမ်းတွဲက ထိုးဖောက်ပြသသွားမှာပါမို BLSFLIX Channel မှာ ကြည့်ရှုလိုရနေပါပြီနော်...

Y...🐾
22
Lemon8 เปิดมุมลับกับเจมโฟ้ด (2025)

https://t.me/+4re-z8-zpE45ODll

ဒီတစ်ခါ တင်ဆက်ပေးသွားမဲ့ show လေးကတော့ GemFot တို့အတူ ရှိခဲ့တဲ့ အမှတ်တရတွေကို ရိုက်ကူး ဖော်ပြသွားမှာပါ။

ကောင်လေးတွေနှစ်ယောက်ရဲ့ အနုပညာရှင်မဖြစ်ခင်က ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေ စိတ်ခံစားချက်တွေအပြင် ပြိုင်ပွဲဝင်ပြိုင်ရင်း သူတို့တွေ့ကြုံခဲ့ကြရတာတွေကို ပြောပြရိုက်ကူးထားပြီး စာချုပ်ချုပ်ပြီးချိန် သူတို့ရဲ့ဖျော်ဖြေမှုတွေနဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေကိုလည်း ပြောပြပေးသွားမှာပါ။

ရိုက်ကူးရေးနောက်ကွယ်က သီးသန့်မြင်ကွင်းတွေကိုလည်း မြင်ရမဲ့ အပြင် GMMTV အဆောက်အဦးကြီးမှာရှိတဲ့ သူတို့အတွက် အမှတ်တရတွေနဲ့ပြည့်နှက်နေတဲ့ နေရာတွေကိုလည်း လိုက်ပြပေးမှာမလို့ GMMTV Company ကို ရောက်ဖူးချင်တဲ့ ပရိသတ်တွေအတွက်လည်း GMMTV Tour ကို ကြည့်နိုင်မှာဖြစ်ပါတယ်။

Gemini နဲ့ Fourth တို့ဖြတ်ကျော်ခဲ့ရတဲ့ အနုပညာလမ်းခရီးကို အတူကြည့်ရှုဖို့အတွက် BLSFLIX ကနေ ဘာသာပြန် တင်ဆက်ပေးသွားမဲ့ GMM Lemon8 ဆိုတဲ့ Show လေးကို အတူစောင့်မျှော်ကြည့်ရှုပေးပါဦးနော်...
40🥰4
Dare You to Death (2025)

https://t.me/+KwC2_HqsNNY1OWZl

ဒီတစ်ခါမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ JoongDunk ရဲ့ Dare You to Death ဆိုတဲ့ စီးရီးလေး ထွက်ရှိလိုလာပါပြီ။

သူငယ်ချင်းခုနစ်ယောက်စုပြီး လူငယ်ပီပီ ပါတီလုပ်ရင်း ပျော်ပါးသောက်စားကြရင်း အားလုံးမူးမှောက်ပြီး နိုးလာတဲ့အခါမှာတော့ အဖွဲထဲက သူငယ်ချင်းမလေး ပွီဖိုင်ကို သေဆုံးလျက်သားတွေ့လိုက်ရပါတယ်။ ညက အမူးလွန်နေကြတာကြောင့် ဘယ်သူ ဘာလုပ်လိုက်မှန်းမသိတဲ့ အခြေအနေမှာ အချင်းချင်း သံသယတွေ ကြီးထွားလာတဲ့ သူငယ်ချင်းတစ်သိုက်.....။

လူသတ်တရားခံအစစ်ကိုရှာဖို ဟိုလူ့လွှချ ဒီလူ့လွှချရင်း သံသယတွေကြီးစိုးနေတဲ့အချိန်မှာပဲ ဘယ်သူဘယ်ဝါဆီကမှန်းမသိတဲ့ Truth or Dare ကတ်တွေ သူတိုလက်ထဲကို ရောက်လာတဲ့အခါ....။

ထင်သလောက် မရိုးရှင်းနေတဲ့ ဒီအမှုကို ပြိုင်ဘက်တွေဖြစ်ကြတဲ့ စုံစမ်းရေးမှူးအသစ်ခါမင်နဲ့ ကပ္ပတိန်ဂျက်တို အတူစုံစမ်းဖိုဖြစ်လာပါတယ်။

သွေးရိုးသားရိုးမဟုတ်တဲ့ အမှုထဲမှာ ညီဖြစ်သူကိုယ်တိုင်ပါဝင်နေတာကြောင့် ကပ္ပတိန်ဂျက်တစ်ယောက် ဘယ်လိုကိုင်တွယ်သွားမလဲ ၊ ကြောင်နဲ့ကြွက်လို ခွက်စောင်းခုတ်နေကြတဲ့ စုံစမ်းရေးမှူးနဲ့ ကပ္ပတိန်ကရော အမှုတစ်ခုကို အပြိုင်လိုက်ရင်း ဘယ်လိုနှစ်ပါးသွားကြဦးမလဲ ၊ လူသတ်သမားအစစ်ကိုရော ဖမ်းမိပါ့မလား....။

The Heart Killer ပြီးကတည်းက ပရိသတ်တိုလွမ်းနေတဲ့ JoongDunk အပြင် Chimon ၊ Sing ၊ June ၊ Pahn ၊ Ohm ၊ Prom တိုပါ ပါဝင်ထားတာမလို လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့ကစပြီး အပတ်စဥ် ကြာသပတေးနေ့တိုင်း BLSFLIX မှာ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်။ ။
125🤩5
The Price Of Confession

https://t.me/+DFxSs3wgBakyMmNl

Price of Confession
အန်ယွန်းဆိုဟာ အနုပညာဆရာမတစ်ယောက်ပါ သူမဟာသူမရဲ့သာမန်နေ့စဉ်ဘဝကိုဖြတ်သန်နေရင်းနဲ့ သူမရဲ့ဘဝဟနေချင်းညချင်ပြောင်းလဲသွားပါတယ်
သူမရဲ့အမျိုးသားဖြစ်သူဟာ အသတ်ခံလိုက်ရပြီး သူမကိုယ်တိုင်ကလူသတ်သမားဖြစ်တယ်ဆိုပြီးစွပ်စွဲခံပါတယ် သူမဟာလူသတ်သမားဆိုတဲ့နာမည်ဆိုးကိုရှင်းလင်းဖို့ အစွမ်းကုန်ကြိုးစားပါတယ်
သူမထောင်ထဲရောကနေတဲ့အချိန်မှာ မိုအွန်းလိုခေါ်တဲ့အမျိုးသမီးတစ်ဦးက သူ့ကိုချဉ်းကပ်လာပါတယ် မိုအွန်းကိုတခြားထောင်ထဲကလူတွေက စုန်းမလို့ သမုတ်ကြပါတယ်
ဘာလို့လဲဆိုတော့သူမဟာ တခြားသူရဲ့ခံစားချက် တခြားသူရဲ့ အတွေးတွေကိုလွယ်လွယ်ကူကူနဲ့သိနိုင်လို့ပါ
အန်ယွန်းဆိုနဲ့ မိုအွန်းတို့ဟာ အန္တရာယ်များတဲ့ အပေးအယူတစ်ခုကိုလုပ်လိုက်ကြပါတယ်
တစ်ချိန်ထဲမှာပဲ ဘယ်လိုအခြေအနေတွင်မဆို တည်ငြိမ်မှုရှိပြီး ခိုင်မာသောခံယူချက်ရှိတဲ့ ဘဲ့ဒုံဟွန်းဆိုတဲ့ လုပ်ဖော်ကိုင်ဖက်ရှေ့နေတွေကပါ အသိအမှတ်ပြုခံရတဲ့ ဝင်ငွေအများဆုံရှေနေဟာ
အန်ယွန်းဆိုနဲ့ မိုအွန်းတို့ရဲ့ လျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ သူ့ရဲ့ဂုဏ်သိက္ခာတွေ ယုံကြည်ခြင်းတွေကိုပါစွန့်လွှတ်ပြီး အဖြေရှာပါတယ်
ဂျန်ဂျွန်ကူးလိုခေါ်တဲ့ ဇွဲလုံ့လရှိပြီး ကိုယ်ရည်ကိုယ်သွေးကောင်းတဲ့ လက်ဝှေ့ကစားသမာဟောင်းတစ်ယောက်ကလည်း အန်ယွန်းဆိုရဲ့ အပြစ်ကင်းမှုကိဖော်ထုတ်ဖို့ကြိုးစားကြရင်း ဘာတွေဆက်ဖြစ်မယ် ဆိုတာကို BLSFLIX မှာ ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်
24
Club Friday 17 Theory of Love : Love Takes Time (2025)

https://t.me/blsflix_channel29

တက္ကသိုလ်ကျောင်းသူဘဝကတည်းကနေ သဘောကျခဲ့ရပြီး
အလုပ်ခွင်ဝင်တဲ့အထိ ဆယ်နှစ်ကျော်ကြာအောင် ဘေးမှာရှိနေပေးခဲ့တဲ့ Sandi...

တက္ကသိုလ်မှာ နာမည်ကြီး၊လူကြိုက်များပြီး လုပ်ငန်းခွင်ဝင်တော့လည်း လူတိုင်းသဘောကျခြင်းခံရတဲ့ ဓာတ်ပုံဆရာ Thanwa ...

မော်ဒယ်လောကမှာ နာမည်ကြီးတစ်ယောက်ဖြစ်ပြီး ပိုက်ဆံချမ်းသာတဲ့သူ၊ လိုချင်ရင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ယူတတ်တဲ့ Apirl...

••• ဆယ်နှစ်ကျော်ကြာခဲ့ပေမယ့် ချစ်သူအဆင့်တောင်မရောက်ကြသေးတဲ့ Thanwa နဲ့ Sandi...

••• Thanaw ကိုမြင်မြင်ချင်းသဘောကျသွားတဲ့ Apirl...

••• ဘေးနားမှာအမြဲရှိခဲ့တဲ့ Sandi ကိုပဲ ရွေးချယ်မလား

••• အရာအားလုံးကိုဖြည့်ဆည်းပေးနိုင်တဲ့ Apirl ကိုပဲ ရွေးချယ်မလား???

>>>
အနစ်နာခံမှု၊ သစ္စာရှိမှု၊ နာကျင်မှု၊ ကြေကွဲမှုတွေအပြင် အချစ်အပေါ်ကို တန်ဖိုးထားပုံချင်း ကွာခြားတဲ့ လူတွေရဲ့ စိတ်ခံစားချက်ကို ကြည့်ရှုရမှာဖြစ်တဲ့အတွက် BLSFLIX Channel လေးမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...

Y...🖇
25👍2❤‍🔥1
The First Ride

https://t.me/+EB9KqrlVeTw2MDA1

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး မင်းသားချောတွေဖြစ်တဲ့ Kang Ha Neul၊ Cha Eun Wooနဲ့ Kim Young Kwangတို့ပါ၀င်ထားတဲ့ အူတက်နေအောင်ရယ်ရမဲ့ ဟာသကားလေး The Firts Rideဆိုတဲ့ကားကို BLSFLIXချန်နယ်ကနေပြီးတော့ ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။

ငယ်ကတည်းက သူငယ်ချင်းတွေဖြစ်လာကြတဲ့ ထယ်ကျုံး၊ ဒိုဂျင်၊ ယွန်းမင်နဲ့ ဂွမ်ဘို့‌တို့တွေဟာ နိုင်ငံခြားခရီးထွက်ဖို့ အမြဲတမ်းစီစဉ်နေခဲ့ကြတဲ့သူတွေပါ။ ဒါပေမဲ့ ဘ၀ဆိုတာကြောင့် စိတ်အလိုရှိတဲ့တိုင်း မဖြစ်လာကြပါဘူး။

ဒီလိုနဲ့ နှစ်တွေကြာလာ အသက်တွေကြီးလာ‌ကြပြီး ပြန်ဆုံတွေ့ကြတဲ့ သူတို့လေးယောက်ဟာ ပိုပြီးတော့ ရင့်ကျက်မလာ‌တာတော့ အမှန်ပါ။ ဘ၀ကို ဒေါင်ကျကျ ပြားကျကျ ရှင်သန်နေကြရင်း သူတို့ငယ်စဉ်ကအိမ်မက်ကို ပြန်လည်မက်ခွင့်ရဖို့ အခွင့်အရေးရလာတဲ့အခါ။

ငယ်တုန်းက နိုင်ငံခြားခရီးထွက်ဖို့ အိမ်မက်ကို သူတို့လေးယောက် အတူပြန်အကောင်ထည်ဖော်ကြရင်း အသက်ကြီးမှ ဘယ်လိုအလွဲတွေလုပ်ပြီး ဘယ်လိုစွန့်စားခန်းတွေကို ရှာဖွေသွားကြမလဲဆိုတာကို သိချင်ရင်တော့ ဒီဟာသကားလေးကို BLSFLIX Channelမှာ လက်မလွှတ်တမ်း စောင့်ကြည့်လို့ရနေပါပြီနော်။
55👍4🥰3
Your Divorce is Served !! (2025)
"ချိုမြိန်သော လမ်းခွဲခြင်းများ"

https://t.me/blsflix_channel27

(မင်္ဂလာဆောင်ပြီးမှ ကွာရှင်းပြတ်စဲဖို့ လိုအပ်နေသူများအတွက်...
တရားဝင် လက်ထပ်ခွင့်မရခဲ့သူ လိင်တူချစ်သူနှစ်ဦးက တရားမျှတမှုကို ရှာဖွေပေးမဲ့ဇာတ်လမ်းကောင်းလေးပါ
)

နာမည်ကျော် ရှေ့နေ Otokita Hajime နဲ့ စုံထောက် Iseya Kai တို့နှစ်ဦးက သူတို့ရဲ့ ကိုယ်ပိုင်ဘဝမှာရော အလုပ်အကိုင်မှာပါ ခွဲခြားလို့မရတဲ့ မိတ်ဖက်တွေဖြစ်ကြပါတယ်...⚖️

ဥပဒေအရ တစ်ဦးနှင့်တစ်ဦး လက်ထပ် ထိမ်းမြားခွင့် မရှိကြပေမဲ့  အချစ်နဲ့သစ္စာဖောက်မှုတို့ကြောင့် နာကျင်ခံစားနေရတဲ့ စုံတွဲများအတွက် ကွာရှင်းမှုဆိုင်ရာ အမှုအခင်းများကို အတူတွဲဖက်ကိုင်တွယ်ဖြေရှင်းပေးကြတဲ့ လိုက်ဖက်တဲ့ အတွဲလေးပါ....⚖️

Hajime ရဲ့ ထက်မြက်တဲ့ ဥပဒေရေးရာ ကျွမ်းကျင်မှုနဲ့  Kai  ရဲ့အချက်အလက်ရှာဖွေမှု၊ လျှို့ဝှက်ချက်ဖော်ထုတ်နိုင်မှု စွမ်းရည်တွေပေါင်းစပ်လိုက်တဲ့အခါ "ပြီးပြည့်စုံတဲ့ မိတ်ဖက်" ဖြစ်လာကြပြီး
သစ္စာဖောက်ခံရတဲ့သူတွေအတွက် အကောင်းဆုံး "ကွာရှင်းခွင့်ဝန်ဆောင်မှု" ကို ပေးကြပါတယ်..⚖️

တရားဝင်အသိအမှတ်ပြုမခံရတဲ့ လိင်တူအတွဲလေးက သစ္စာမဲ့မှုတွေ၊ ဖောက်ပြန်မှုတွေကြောင့်ဖြစ်လာတဲ့ ကွာရှင်းမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ???
------------------------------------------------
ချစ်ခြင်းမေတ္တာ၊ ဥပဒေရေးရာ တိုက်ပွဲတွေနဲ့ ဆက်ဆံရေးရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ရှာဖွေဖော်ထုတ်ပေးမဲ့ ဇာတ်လမ်းလေးကို BLSFLIX Channel လေးကနေ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်....

Y...⚖️
41❤‍🔥4👍1
Sereno (2025)

https://t.me/+gLfSjkpdMNdiOTA1

မထင်မှတ်ထားတဲ့တွေ့ဆုံမှုတစ်ခုကနေ စတင်လာခဲ့တဲ့ ရေသူထီးလေးနဲ့ လူသားလေးတိုကြားက ချစ်ကြိုးမျှင်လေး။

Eliosက သူငယ်ချင်းဖြစ်သူနဲ့ ပင်လယ်ဆီခရီးထွက်ရင်း သူတည်းတဲ့ဟိုတယ်က
ဧည့်ကြိုကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ မထင်မှတ်ထားတဲ့တွေ့ဆုံမှုတစ်ခုကနေစတင်ပြီး သူတိုအချင်းချင်းကြား ရင်းနှီးလာကြပြီး ချစ်ကြိုးသွယ်လာခဲ့တဲ့အခါမှာတော့... တစ်ဖက်မှာလည်း ထိုဧည့်ကြိုကောင်လေးမှာ လျှိဝှက်ဆန်းကြယ်တဲ့ လျှိဝှက်ချက်တစ်ခုရှိနေခဲ့ပြန်ပါတော့တယ်။

Eliosက ထိုလျှိဝှက်ချက်ကိုသိသွားတဲ့အခါ သူတိုဆက်ဆံရေးကြား ဘာတွေဆက်ဖြစ်လာကြမလဲ။ ပုံမှန်မဟုတ်တဲ့ သူတိုနှစ်ဦးရဲ့ကမ္ဘာတွေက တကယ်ပဲဆုံစည်းနိုင်ပါ့မလားဆိုတာ... Serenoဆ်ိတဲ့ BL Seriesလေးကို BLSFLIX Channelနဲ့အတူ စိတ်လှုပ်ရှားစွာ​ စောင့်ကြည့်လိုက်ကြ​ရအောင်နော်။
52❤‍🔥3👍1
Match Play Re-edited ver. (2025)

https://t.me/blsflixkoreabl

(ဒီတစ်ခေါက်မှာ ယောရောဘွန်းတိုကို အိုင်ဒေါလ်သရုပ်ဆောင် နဲ့ စတန့်လောကရဲ့ နာမည်ကြီးဆရာတိုကြားက လျှိဝှက်အချစ်ဇာတ်လမ်းလေးကို ညွှန်းပေးပါ့မယ်နော်...)

>> စည်းကမ်းတင်းကြပ်ပြီး သံမဏိလို တင်စားထားကြတဲ့ စတန့်လောကရဲ့ ဆရာကြီး Jae Yeon...🫧

>> နာမည်ကြီးအိုင်ဒေါလ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး🫧 အက်ရှင်ပညာကို သင်ယူဖိုဖြစ်လာတဲ့ Do Ha...

>> Do Ha ကို အက်ရှင်ပညာသင်ပေးဖိုတာဝန်က Jae Yeon အပေါ်ကျရောက်လာတဲ့အခါ...🫧

>> မာနကြီးပြီး ချေမိုးနေတတ်ပြီး အလုပ်နဲ့ပတ်သတ်ရင် လုံးဝတင်းကြပ်တတ်တဲ့ ဆရာ Jae Yeon ရဲ့ စိတ်ကိုရအောင် Do Ha လေးက နည်းမျိုးစုံသုံးပြီး ဘယ်လိုရအောင်ယူမလဲ...🫧

>> ဒီလိုနဲ့ Jae Yeon တစ်ယောက် အိုင်ဒေါလ်ရှိးတစ်ခုမှာပါဝင်ခဲ့ရပြီး မထင်မှတ်ပဲလူသိများလာတဲ့အချိန်....🫧

>> Do Ha ကလည်း ရိုက်ကူးရေးတစ်ခုမှာ ထိခိုက်ဒဏ်ရာရခဲ့ရာ ဆရာဖြစ်သူ Jae Yeon က အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်...🫧

>> ဒီလိုနဲ့နှစ်ဦးသားကြား ရင်းနှီးကျွမ်းဝင်လာခဲ့ပြီး အိုင်ဒေါလ်လေးဖြစ်တဲ့ Do Ha က ဆရာဖြစ်တဲ့ Jae Yeon ကိုဖွင့်ပြောလိုက်ပါတော့တယ်...🫧

••• ဖွင့်ပြောမှုက အောင်မြင်မှာလား???

••• အေဂျင်စီရဲ့ဖိအားအောက်မှာ ဘယ်လို ရှေ့ဆက်သွားမလဲ???

••• ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာ ရွေးချယ်မှုတွေရှိလာတဲ့အခါ ???
------------------------------------------------
လုံးဝကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးဖြစ်တဲ့အတွက် Y တိုရဲ့ BLSFLIX Channel လေးကနေ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...🫧
42❤‍🔥4👍1🥰1
Checkered Shirt Season 2 (2025)

https://t.me/blsflixkoreabl

Season 1 မှာတုန်းက ပရိသတ်တွေကို ဇာတ်လမ်း တစ်ဝက်တပြတ်နဲ့ ထားသွားခဲ့တဲ့ ဂျောင်ဝူနဲ့ ဟန်ဂယောလေးတိုက Season 2 နဲ့ ပြန်ရောက်ရှိလာပါပြီ။

အင်္ကျီလေးတစ်ထည်ဝယ်ရင်းက စသိခဲ့ကြတဲ့ သူတိုနှစ်ယောက်ရဲ့ဆက်ဆံရေးက လက်တွဲဖော်ဆက်ဆံရေးအထိကို ရောက်လာခဲ့တယ်။

ဒီလိုချိုမြိန်နေတဲ့ ဂျောင်ဝူနဲ့ဟန်ဂယောရဲ့ဆက်ဆံရေးကို ဟန်ဂယောရဲ့ရည်းစားဟောင်းက သူနဲ့ပြန်တွဲနိုင်ဖိုအတွက်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဖျက်ဆီးဖို ကြိုးစားလာခဲ့တယ်။

အတိတ်ကဒဏ်ရာဟောင်းတွေနဲ့ ဟန်ဂယောက ချစ်ရသူကိုပါမထိခိုက်ရစေဖို ဂျောင်ဝူ့ကို ထားခဲ့မှာလား...?

ဂျောင်ဝူကရော ရည်းစားဟောင်းဖြစ်သူရဲ့ သွေးထိုးစကားတွေနဲ့ ဘေးစကားတွေကြောင့် သူနဲ့ဟန်ဂယောရဲ့ဆက်ဆံရေးကိုပျက်စီးခံမှာလားဆိုတာကို သိရအောင် BLSFLIX ကနေ ဘာသာပြန်တင်ဆက်ပေးသွားမဲ့ Checkered Shirt Season 2 ကို စောင့်မျှော်ကြည့်ရှုပေးပါဦးနော်...
22❤‍🔥14👍2
"Will You Be My Manager?" (2025)
˙˟˙ ˙˟˙ ˙˟˙ ˙˟˙ ˙˟˙ ˙˟˙ ˙˟˙ ˙˟˙ ˙˟˙ ˙˟˙ ˙˟˙ ˙˟˙

Join Channel
https://t.me/+K6WyJHKa82NjMjk1

ကိုးရီးယားနိုင်ငံရဲ့ တစ်ခုတည်းသော Segi Arts High School ကိုပြောင်းလာတဲ့ ဂျပန်ကျောင်းသူလေး ....
လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားပြီး ဆယ်ကျော်သက်ကျောင်းသူဘဝကို ဖြတ်သန်းမဲ့ Hirose Hana ...

~•~ အေးစက်ပြီး ဆွဲဆောင်မှုရှိတယ်၊ နာမည်ကြီးပြီး မိန်းကလေးအားလုံးရဲ့ အသဲစွဲဖြစ်တဲ့  Gu Eun Ho ....

~•~ ရွှင်လန်းတတ်ကြွပြီး၊ ဖော်ရွေတဲ့သူ Hana ကို စိတ်လိုလက်ရကူညီပေးတတ်သူ Ba Ruen ...

~•~  အနုပညာဆန်ဆန်နေပြီး လျှို့ဝှက်တတ်သူ၊ Hana ရဲ့ စီမံခန့်ခွဲမှုကို စိန်ခေါ်တတ်သူ  Cheon Si Woo...

~•~ အဖွဲ့ထဲမှာ ချစ်ဖို့အကောင်းဆုံး၊ အသွက်ဆုံး Hana ကို မန်နေဂျာတစ်ယောက်လိုမဟုတ်ဘဲ အမျိုးသမီးတစ်ယောက်အနေနဲ့ သဘောကျတဲ့သူ Nam Min Soo ...
--------------------------------------------------
Hirose Hana က ဒီလူချောလေးယောက်ထဲက ဘယ်သူ့ရဲ့ မန်နေဂျာ ဖြစ်လာမှာလဲ???

ဒါမှမဟုတ် သူတို့အားလုံးရဲ့ နှလုံးသားကို တစ်ပြိုင်နက်တည်း စီမံခန့်ခွဲရမှာလား???

Hirose Hana ရဲ့ လျှို့ဝှက်ချက်ကရောဘာဖြစ်မလဲ???

စိတ်ဝင်စားစရာကောင်းတဲ့ ကျောင်းသားဇာတ်လမ်းလေးမို့ BLSFLIX Channel လေးကနေ မလွတ်တမ်းစောင့်ကြည့်ပေးကြပါဦးနော်...

Y..🌷
17💘6👍1
Black & White is Real (2025)

https://t.me/blsflix_channel10

(မထင်မှတ်ဘဲ ဆုံစည်းလာတဲ့ ပြိုင်ဘက်နှစ်ဦးရဲ့ လျှိဝှက်အချစ်ဇာတ်လမ်း)

*** ကြော်ငြာအေဂျင်စီရဲ့ ရုပ်ရှင်တိုလေးမှာ Hei Yan နဲ့ Bai Xing တိုဟာ မမျှော်လင့်ဘဲ ဆုံစည်းပြီး ကြေကွဲစရာကောင်းပြီး လှပတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးခဲ့ကြတယ် ....

*** သူတိုနှစ်ဦးရဲ့ "CP-Chemistry" က လူတိုင်းရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားခဲ့ပါတယ်...

*** လွန်ခဲ့တဲ့တစ်လ... ဈေးကွက်တူ ပြိုင်ဘက်တွေအဖြစ် စတင်တွေ့ခဲ့ကြပြီး ကြော်ငြာတစ်ခုတည်းအတွက် ယှဉ်ပြိုင်ခဲ့ကြပေမယ့် ဖန်တီးမှုဒါရိုက်တာက မူလ "အမျိုးသမီး-အမျိုးသား" ဇာတ်လမ်းကို "အမျိုးသား-အမျိုးသား" ဇာတ်လမ်းအဖြစ် ရဲရဲဝံ့ဝံ့ ပြောင်းလဲပစ်လိုက်တဲ့အချိန်မှာ...

*** တစ်ယောက်ကိုတစ်ယောက် သတ်ပစ်တော့မတတ် အပြိုင်အဆိုင် လုပ်ခဲ့တဲ့ ဒီလူနှစ်ယောက်ဟာ ဘယ်လိုများ ချစ်ကြိုက်သွားခဲ့ကြတာလဲ?

*** Bai Xing က Hei Yan ရဲ့ အတွေ့အကြုံကို ချီးကျူးရင်း သူ့ကို ချစ်မိသွားခဲ့တယ်....

*** ဒါပေမဲ့ Bai Xing မသိတာက Hei Yan ဟာ သူ့ရဲ့ လျှိဝှက် အမာခံပရိသတ်ဖြစ်နေခဲ့တယ်ဆိုတာပါပဲ...
-----------------------------------------------
ပြိုင်ဆိုင်မှုတွေနောက်ကွယ်က လျှိဝှက်တဲ့ ချစ်ခြင်းမေတ္တာကို ဒီရုပ်ရှင်လေးကနေ ဘယ်လို ဖော်ထုတ်ပြသသွားမလဲဆိုတာBLSFLIX Channel ကနေစောင့်ကြည့်ပေးကြပါဦးနော် !!!

Y...🖤🤍
51❤‍🔥3👍3
Idol Energy (2025)

https://t.me/+PqwX206aipZmYjQ1

ပရိတ်သတ်တွေ အမောဖြေနိုင်ဖိုအတွက် ရှိးအသစ်တစ်ခု နောက်ထပ်ရောက်ရှိလာခဲ့ပါပြီ

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းT-POP အဖွဲတွေဖြစ်တဲ့ LYKN ၊JASP.ER နဲ့PERSESတို ပါဝင်ထားပြီး.. ခရီးသွား ဂိမ်းတွေကစားမယ့် reality show ပုံစံ အစီစဉ်လေးပဲ ဖြစ်ပါတယ်

ဒီအစီစဉ်ထဲမှာဆိုရင် ပုံမှန်စင်ပေါ်မှာမြင်နေရတဲ့ ပုံစံနှင့်မတူဘဲ.. သဘာဝကျကျနဲ့ အချင်းချင်း ပိုပြီး ရင်းရင်းနှီးနှီး မြင်တွေ့ရမှာမလို ကြည့်ရှုသူတွေလည်း အကြိုက်ဖြစ်မှာပါ

ဂိမ်းတွေထဲမှာ ပူးပေါင်းဆောင်ရွက်ရတာတွေ စိန်ခေါ်မှုတွေကို ရယ်ရယ်မောမောနဲ့ ဘယ်လိုကျော်ဖြတ်သွားကြမလဲ.. အဖွဲနှစ်ဖွဲကရော ဘယ်လိုတွေ Energy ကိုက်ပြီး ဘယ်လိုတွေစိတ်ဝင်စားဖိုကောင်းအောင် ကစားသွားကြမလဲဆိုတာကိုတော့ အခုပဲ BLSFLIX Channel မှာ အတူစောင့်မျော်ကြည့်ရှုလိုရပြီနော်။
118❤‍🔥7👍3
Love : Track

Join Channel
https://t.me/blsflixchannel311

🌷ဒီတစ်ခါ BLSFLIX Channelကနေပြီးတော့ Love Trackဆိုတဲ့ ‌ကိုရီးယားဇာတ်လမ်းတွဲလေးကို ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ စုစု‌ပေါင်းအပိုင်းဆယ်ပိုင်းပါ၀င်ပြီး ဒီဇာတ်လမ်းတွဲလေးရဲ့ ထူးခြားချက်က အပိုင်းတစ်ပိုင်းစီတိုင်းက မတူညီတဲ့ ဇာတ်ကောင်တွေနဲ့ မတူညီတဲ့ အချစ်ဇာတ်လမ်းတွေမှာ အာရုံစိုက်ထားခြင်းပဲဖြစ်ပါတယ်။

💫Ong Seong Wuနဲ့ Kim Min Kyuတိုလို မင်းသားချောလေးတွေကအစ မင်းသားကြီးတွေအထိ ပါ၀င်ထားပြီး တက်သစ်စဖြစ်လာတဲ့ မင်းသမီး Han Ji Hyeonနဲ့ Kang Ha Naတိုလို မင်းသမီးချောတွေလေးလည်းပါ၀င်ထားပါသေးတယ်။
18
Love : Track - Onion Soup After Hours

🫕ပြသတဲ့ ပထမဆုံးအပတ်မှာတော့ အပိုင်းတစ်မှာ ကြက်သွန်စွပ်ပြုတ်ကနေ အစပြုထားတဲ့ အချစ်ဇာတ်လမ်းလေးဖြစ်တဲ့ " Onion Soup After Hours"။

💉ဘတ်မူအန်းက ဆေးဝါးကုမ္ပဏီတစ်ခုက အရောင်း၀န်ထမ်းလေး တစ်ယောက်ဖြစ်ပြီး မ‌ညောင်းမညာ ဆေးဆိုင်တွေအကုန်ပတ်ကာနှိမ့်ချပြီး သူတို့ကုမ္ပဏီက ဆေးတွေကိုရောင်းရအောင် ကြိုးစားပါတယ်။ သူ့မှာ ချစ်သူမရှိ ဆွေးမျိုးမရှိနဲ့ သူ့ရဲ့ Comfortဆိုလို့ အလုပ်ပြီးအပြန်မှာ သောက်ရတဲ့ ပြင်သစ်စတိုင်လ် ကြက်သွန်စွပ်ပြုတ်ပဲရှိပါတယ်။

👩‍🍳ဒါပေမဲ့ တစ်နေ့ ကြက်သွန်စွပ်ပြုတ်ရောင်းတဲ့ ပြင်သစ်ဆိုင်ပိုင်ရှင်စာဖိုးမှူးမလေးက ကြက်သွန်စွန်ပြုတ်ကိုမှ မရောင်းတော့ဘူးလို့ပြောလာတဲ့အခါ။ ဒီလိုနဲ့ ကြက်သွန်စွပ်ပြုတ်ကအစပြုလို့ နှစ်ယောက်သားအပြန်အလှန်ရင်းနှီးကြရင်း အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပေါ်လာလေတဲ့အခါ~
15🐳1
Love : Track - When we were wired

🎼ဒုတိယအပိုင်းမှာတော့ ကြည်နူးစရာ ဂီတနဲ့အချစ်ဦးပုံပြင်လေးကို ပေါင်းစပ်ကြည့်ရှုရမဲ့ "When we were wired"။

💌စစ်မှုထမ်းပြီးအပြန် ပထမဆုံး Combackဖြစ်တဲ့ Wanna Oneက Ong Seong Wuလေးနဲ့ Penthouse သမီးချော Han Ji Hyeonတို့နှစ်ယောက်ကို ဇာတ်လမ်းရှိကြတဲ့ အထက်တန်းကျောင်းသားနှစ်ယောက်အဖြစ်တွေ့ကြရမှာဖြစ်ပါတယ်။

💕အချစ်ဦးပုံပြင်လေးတွေဟာ အမြဲတမ်းလှပဆွေး‌မြေ့ဖွယ်ကောင်းကြသလိုမျိုးပဲ ဂီတရဲ့အလှရဲ့ ဇာတ်ကောင်နှစ်ယောက်ရဲ့အချစ်ဦးဇာတ်လမ်းကို လှပစွာပုံဖော်ထားပြန်တဲ့အခါ~
24🤩1
MuTeLuv : Hello, Is This Luck? (2025)

https://t.me/blsflix_channel12

ရုပ်ချောပြီးစာတော်တဲ့ ဆဌမနှစ်ဆေးကျောင်းသူလေး Na (Janhae) ဟာ ပညာအရည်အချင်းလည်းရှိ၊ တော်လည်းတော်ပေမဲ့ ကံကောင်းမှုလယ်ဗယ်မှာ အနုတ်ပြနေတဲ့သူပါ။

ကြိုးစားရင်အောင်မြင်မယ်ဆိုပြီး ခံယူထားတဲ့သူ့မှာ ကြိုးစားသလောက် ကံဇာတာက ဆတူပြောင်းပြန်အချိုးကျ ဘူပြီးရင်းဘူနေပါရော။

"အကုန်တော် ကံတစ်စက်မှမကောင်း"တဲ့ Na က သူလက်လှမ်းမမီ၊ သူ့ကိုဖုတ်လေတဲ့ငါးပိ ရှိတယ်လိုတောင်မထင်တဲ့ ထက်ထက်မြက်မြက်စီနီယာအစ်ကို Nine (Leng) ကိုပါ တစ်ဖက်သက်ကြိုက်နေပါသေးတယ်။

Na တစ်ယောက် ကံတက်အောင် ကံကောင်း စေတဲ့ဖုန်းနံပါတ်အသစ်ကိုပြောင်းပြီးတဲ့နောက်မှာ ကံအတက်လွန်ပြီး တစ်ဖက်သက်ကြိုက်နေတဲ့ စီနီယာအစ်ကိုဆီက အာရုံစိုက်တာခံရတဲ့အပြင် Leemai (Jing Jing Yu) ဆိုတဲ့ကောင်မလေးကပါ သူ့ကိုလာကြိုက်နေပါရော။

ရုတ်တရက်ကြီး ကျားမအစုံ ဝိုင်းကြိုက်တာခံရတဲ့ Na တစ်ယောက်ရဲ့အဖြစ်က ကံကောင်းတာပဲလား။ ကံဆိုးတာပဲလား။ နောက်ဆုံး Na ဘယ်သူ့ကိုရွေးသွားမလဲ‌ဆိုတာကို "MuTeLuv: Hello, Is This Luck?" ဇာတ်ကားကတစ်ဆင့် အဖြေရှာလိုက်ရအောင်။

သရုပ်ဆောင်တွေအနေနဲ့
Na အဖြစ် Janhae,
Nine အဖြစ် Leng Thanaphop,
Leemai အဖြစ် Jing Jing Yu စတဲ့ အချောအလှလေးတွေစုပြီးပါဝင်ထားတဲ့အပြင် မင်းသမီးနှစ်ယောက်ဖြစ်တဲ့ Janhae နဲ့ Jing Jing က နောက်နှစ်မှာ "Enemies with benefits" ဇာတ်ကားရှိပါသေးတယ်။ ဒါကြောင့် မမလှလှနှစ်ယောက်ရဲ့ Chemistry အမြည်းလေးကိုပါ ခံစားကြည့်ရှုနိုင်ဦးမှာမလို လုံးဝလက်လွှတ်မခံသင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
32❤‍🔥5👍2
အကျိုးပြု တစ္ဆေ (2025)

https://t.me/+BPdCV-rhcf5jMWM1

1080P / 720P / 480P / 360P

နတ် (Nat) ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ် ဒါပေမဲ့ သူမရဲ့ ဝိညာဉ်ဟာ လေစုပ်စက် (vacuum cleaner) ထဲကို ဝင်ပူးပြီး သူမလိုပဲ ရောဂါစတင်ခံစားနေရတဲ့ ခင်ပွန်းဖြစ်သူ မတ်ချ် (Marsh) ကို ကာကွယ်ဖို ရောက်လာခဲ့ပါတယ်။ မတ်ချ် ဟာဇနီး နတ် ကို လေစုပ်စက်ထဲမှာ တစ္ဆေအဖြစ် ပြန်တွေ့လိုက်ရချိန်မှာ နှစ်ဦးသား ပျော်ရွှင်စွာ ပြန်လည်ပေါင်းစည်းကြပါတယ်

ဒါပေမဲ့လူသားနဲ့ တစ္ဆေတိုရဲ့ ချစ်ခြင်းမေတ္တာကိုလက်မခံနိုင်တဲ့ မိသားစုရဲ့ ဆန့်ကျင်မှုတွေကို သူတို ကြုံတွေ့ရပါတယ်။ သူတိုရဲ့ ချစ်ခြင်းမေတ္တာကို သက်သေပြဖို ကြိုးစားရင်း၊ နတ်ဟာ မိသားစုပိုင်စက်ရုံမှာ ပူးကပ်နေတဲ့ ကြောက်မက်ဖွယ် တစ္ဆေဆိုးတွေကို နှိမ်နင်းဖို ကမ်းလှမ်းခဲ့ရပါတယ်

မိသားစုရဲ့ လက်ခံမှုကို ရရှိဖိုအတွက် နတ်ဟာ တစ္ဆေဆိုး‌ေတွကို ဖယ်ရှားပေးရပြီး “အကျိုးပြု တစ္ဆေ” တစ်ကောင်ဖြစ်လာအောင် ကြိုးစားလာရပါတယ်

👉 သူမဟာ တကယ်ပဲ "အကျိုးပြု" တဲ့ တစ္ဆေအဖြစ် ရပ်တည်သွားနိုင်မလားဆိုတာကို ကျွန်ုပ်တို BLSFLIX channel နဲ့အတူကြည့်ရှုခံစားကြရအောင်နာ်🫶
15
The Company ( အဖော်မွန်)

Join Channel
https://t.me/blsflixchannel23

💫နှစ်မကုန်ခင်လေးမှာ Bromance ကားကောင်းလေးတစ်ကားနဲ့အတူ ဒီ၂၀၂၅ကိုကုန်ဆုံးဖို့အတွက် BLSFLIXချန်နယ်ကနေပြီးတော့ The Company(2025)ဆိုတဲ့ ဇာတ်ကား‌ကောင်းလေးတစ်ကားကို ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ မင်းသား Gao Wei Guangနဲ့ မင်းသား Leon Leongတို့က အဓိကပါ၀င်ထားပြီး Zhang Miao Yiလိုမင်းသမီးချောလေးကလည်း ပါ၀င်ထားပါသေးတယ်။

🕵️‍♂️ပီကျစ်က အနာဂတ်က ရှေးဟောင်းပစ္စည်းဆိုင်ဖွင့်တဲ့ ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး စူးပေလုကတော့ ယခုခေတ်လက်ရှိအချိန်မှာ နေထိုင်နေတဲ့ တိကုလေးတစ်ယောက်ပဲဖြစ်ပါတယ်။

👨‍⚕️တစ်နေ့ကြ ထူးဆန်းစွာနဲ့ အနာဂတ်က ပီကျစ်နဲ့ ပစ္စုပ္ပန်က စူးပေလုတို့ဆက်သွယ်မိသွားကြပြီး ပီကျစ်က ရှေးဟောင်းပစ္စည်းတွေကို ရယူဖို့အတွက် ‌စူးပေလုနဲ့ ရအောင်မိတ်ဖွဲ့ပါတော့တယ်။

🪐အာကာသနဲ့အချိန်ကိုဖြတ်ပြီး နှစ်ဦးသားမိတ်ဆွေကောင်းတွေဖြစ်လာကြရင်း အခက်အခဲတွေကို အတူတူရင်ဆိုင်ပြီးတော့ ဘယ်လိုဖြေရှင်းသွားကြမလဲ။ ဇာတ်လမ်းဟာ ရိုးသလောက်နဲ့ဆန်းတဲ့အပြင် စူးပေလုဟာလည်း သူထင်ထားသလို တိကုမဟုတ်နေသလို ပီကျစ်ဟာလည်း ဒီအတိုင်းဆိုင်ပိုင်ရှင်တစ်ယောက် မဟုတ်နေခဲ့တဲ့အခါ။

🌈Bromanceကားကောင်းလေးဖြစ်ပြီး ကြည့်ရှုသူတွေအကြိုက်တွေ့စေမှာမလို့ စောင့်မျှော်ကြည့်ရှုချင်တယ်ဆိုရင်တော့ ၁၇ရက်ကစလို့ နေ့စဉ်နေ့တိုင်း BLSFLIXချန်နယ်မှာ ကြည့်ရှုနိုင်ပါပြီနော်။
55🔥2
"နရီစည်းချက်ထဲက အချစ်ခြေလှမ်း" (2025)

https://t.me/+BPdCV-rhcf5jMWM1

1080P - https://t.me/blsflix_ver2/779
720P - https://t.me/blsflix_ver2/780
480P - https://t.me/blsflix_ver2/781
360P - https://t.me/blsflix_ver2/782

Keita Machida နဲ့ Ryoma Takeuchi တို့ပါဝင်ထားတဲ့ Netflix က အသစ်စက်စက် ဂျပန် BL ရုပ်ရှင်ကားလေးကို မိတ်ဆတ်ပေးပါမယ်

ဒီရုပ်ရှင်ကားလေးက သာမာန်အချစ်ဇာတ်ကားမဟုတ်ဘဲ အကပညာကို အခြေခံထားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ

ဇာတ်လမ်းအကျဉ်း

တက်ကျွမ်းတဲ့ အကပညာချင်းလည်း မတူသလို အကျင့်စာရိုက်ချင်းကလည်း မတူညီကြတဲ့ အကဆရာနှစ်ယောက်ဟာ.. "10 Dance"ဆိုတဲ့ လက်တင်နဲ့ အနောက်တိုင်းစုံတွဲအက ဆယ်မျိုး ကပြရမယ့် ပြိုင်ပွဲအတွက် ဆုံတွေ့လာရတဲ့အခါ..

Suzuki က လက်တင်အကပညာကို ပိုင်နိုင်စွာကနိုင်ပြီး အမြဲတက်တက်ကြွကြွရှိတဲ့ အကသမားတစ်ယောက်ပေါ့ .. Sugiki ကတော့ စည်းကမ်းကြီး တည်ငြိမ်ပြီး ဝေါ့ဇ်အကပညာကို ထူးထူးချွန်ချွန် ကနိုင်တဲ့အပြင် အနောက်တိုင်းယဉ်ကျေးမှုတွေကိုပါ သေချာနားလည်တဲ့ အကဆရာတစ်ယောက်..

ဒီလိုနဲ့ ပြိုင်ပွဲအတွက် တစ်ယောက်ကို တစ်ယောက် နားမလည်လည်အောင် မတက်တက်အောင်သင်ကြားပေးရင်း နဲ့ စင်မြင့်ထက်က အားပြိုင်မှုတွေကနေတစ်ဆင့် မမျှော်လင့်ဘဲ နက်ရှိုင်းတဲ့ သံယောဇဉ်တွေ ဖြစ်ပေါ်လာခဲ့တဲ့အခါ
ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကိုတော့ အခုပဲ BLSFLIX Channel မှာ ကြည့်ရှုလို့ရပြီနော်။
43🔥2💘21
Villains

Join Channel
https://t.me/+Xkyk_0jaoiVhNmJl

ဒီတစ်ခါမှာ‌တော့ ဗီလိန်တွေကိုမှ အခြေတည်ပြီး ဖန်တီးထားတဲ့ ထူးထူးခြားခြားဇာတ်အိမ်နဲ့ Villainsဆိုတဲ့ကားကို BLSFLIX Channelကနေပြီးတော့ ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။

အက်ဖ်ဘီအိုင်ကနေ အစပြုလို့ ရဲတပ်ဖွဲ့မျိုးစုံလိုက်ဖမ်းတာတောင် မမိသေးတဲ့ အမည်ဝှက်နဲ့ နေထိုင်နေတဲ့ Jဟာ ဉာဏ်အလွန်ကောင်းပြီး ပြီးပြည့်စုံတဲ့ ပြစ်မှုတွေကို တစ်ခုပြီးတစ်ခု ကျူးလွန်နေတဲ့သူပါ။

Jang Jung Hyeokကတော့ လာဘ်စားမှုတွေကို ဆက်တိုက်လုပ်နေတဲ့ အကျင့်ပျက်စုံထောက်တစ်ယောက်။ Cha Gi Taeကတော့ ဘဏ္ဍာရေးရာမှုခင်းဌာနက အရာရှိတစ်ယောက်ဖြစ်ပြီး Jဖြစ်သူကြောင့် သူ့ဘ၀ဟာ စုတ်ပြတ်သွားတဲ့သူ။

Han Su Hyeonဟာလည်း Jကြောင့်နစ်နာခဲ့ရသူတစ်ဦးဖြစ်ပြီး သူမက ငွေတုထုတ်တဲ့နေရာမှာ အထူးကျွမ်းကျင်သူပါ။ ဒီလိုမကောင်း မကောင်းတာတွေကိုမှ လုပ်နေတဲ့လူတွေဟာ ကတုံးပေါ်ထိပ်ကွက်ဆိုသလို သူတို့ကို လှည့်ဖျားသွားတဲ့ Jကို ဘယ်လိုရင်ဆိုင်ပြီး ကလဲ့စား‌ပြန်ချေကြမလဲ။ လူဆိုးတွေချည်းသာဖြစ်တာမလို့ Fair Playမဟုတ်ဘဲ တစ်‌ယောက်ကိုတစ်ယောက် ကောက်ကျစ်လှစဉ်းလဲကြမှာမလို့ စိတ်ဝင်စားစရာဒီဇာတ်ကားလေးကို BLSFLIXချန်နယ်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်။
15🔥2