Review by BLSFLIX
27.1K subscribers
820 photos
761 links
Download Telegram
MuTeLuv: Fist Foot Fusion (2025)

https://t.me/blsflix_channel12

တက်သစ်စ Influencer ဖြစ်တဲ့ လက်ဝှေ့သမား ကလိုင်လွန်က အောင်မြင်ခါနီးအချိန်မှာ ပြဿနာတက်ခဲ့ပါတယ်။

သူဟာ လက်ဝှေ့သမားအစစ်မဟုတ်ဘဲ လက်ဝှေ့ထိုးနည်းတောင်မသိတဲ့ ဟန်ဆောင်နေတဲ့သူဖြစ်ပေမဲ့ သူတိုလက်ဝှေ့ရုံအခြေအနေကြောင့် ကလိုင်လွန်တစ်ယောက် လက်ဝှေ့ပွဲတစ်ခုကို ပြိုင်ပြီး အနိုင်ရချင်တဲ့အတွက် နတ်ကွန်းတစ်ခုမှာ ဆုတောင်းခဲ့ပါတယ်။


ထူးဆန်းစွာနဲ့ လက်ဝှေ့ပွဲကို အနိုင်ရခဲ့ပေမဲ့ နတ်ကွန်းဆီကို အကနဲ့ပူဇော်မယ်ဆိုတဲ့ကတိကို မတည်ခဲ့တဲ့အတွက်ကြောင့် လက်သီးမဆုပ်နိုင်တဲ့ကျိန်စာသင့်သွားခဲ့ပါတယ်။


ရွေးချယ်စရာမရှိတော့တဲ့ ကလိုင်လွန်က ပါးနပ်ပြီး လှည့်စားတက်တဲ့မာလိုင်ဆီမှာအကသင်ဖိုဖြစ်လာရင်း ပိုက်ဆံလိုနေသူ နှစ်ယောက်သား ပူးပေါင်းပြီး တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ရာမှ အလွဲလေးများနဲ့ ပြဿနာတွေကိုဖြေရှင်းရင်း နှစ်ဦးကြား ဆက်ဆံရေးတိုးတက်ပြောင်းလဲလာမဲ့ ဒီအချစ်ဟာသကားလေးကို ကျွန်တော်တို BLSFLIX မှာစောင့်မျှော်ကြည့်ရှူပေးပါဦး။
39👍2
Gu Jin Nan Qiu (2025)

https://t.me/blsflix_ChineseTaiwaneseBL

ပုံမှန်ရိုးရှင်းတဲ့ အချစ်ဇာတ်လမ်းနဲ့မတူဘဲ ပိုမိုနက်ရှိင်းပြီး ရှုပ်ထွေးတဲ့ စိတ်ခံစားမှုတွေကို ပုံဖော်ထားတဲ့ တရုတ် BL ဇာတ်လမ်းတိုလေး ဖြစ်ပါတယ်...

အသက် ၁၇ နှစ်အရွယ် ဆယ်ကျော် သက်လေး ဖြစ်ပြီး မိဘများ မမျှော်လင့်ဘဲ ဆုံးပါးသွားတဲ့အခါ အုပ်ထိန်းသူမဲ့ဖြစ်သွားခဲ့တဲ့ Wen Hai...

တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ သူ့ရဲ့ တစ်ဦးတည်းသော တရားဝင် အုပ်ထိန်းသူအဖြစ် သူတစ်ခါမှ မတွေ့ဖူးတဲ့ သူဌေးကြီး Gu Hui Zhou ထံ ရောက်ရှိသွားခဲ့ပါတော့တယ်...

Gu Hui Zhou ရဲ့ အုပ်ထိန်းမှုအောက် ရောက်သွားတဲ့ Wen Hai တစ်ယောက် ဘယ်လိုမျိုး နှိပ်စက်မှုတွေ၊ လျစ်လျူရှုမှုတွေ ခံရမလဲ....

အပြင်ပန်းမှာ ငြိမ်သက်နေတဲ့ Gu Hui Zhou က အေးစက်စက် ဆက်ဆံမှုတွေနဲ့ Wen Hai အပေါ် ဘယ်လိုဆက်ဆံမလဲ ....

ဒီလို စိတ်ရှုပ်ထွေးမှုတွေကြားထဲမှာပဲ Gu Lan ဆိုတဲ့သူ ဝင်ရောက်လာပြီး Wen Hai ကို အသုံးချကာ Gu Hui Zhou အပေါ် လက်စားချေဖို ကြိုးစားပါတယ်....

ရှုပ်ထွေးတဲ့ ကလဲ့စားချေမှုနဲ့ လွှမ်းမိုးမှုတွေကြားကနေ မုန်းတီးမှုနဲ့ အပိုင်သိမ်းလိုမှုတွေ ရောထွေးနေတဲ့ ညီလေး နဲ့ ကိုကို တိုကြား တဖြည်းဖြည်းချင်း တားမြစ်ထားတဲ့ ဆွဲဆောင်မှုရှိတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်မိကြပါတော့တယ်...

ဗီလိန်လေးဖြစ်တဲ့ Gu Lan မှာရော သူ့ရဲ့ဖူးစာရှင်လေးပေါ်လာမှာလား၊ ဆိုးသွမ်းသမျှကို နားလည်ပေးနိုင်မဲ့လူ ပေါ်လာမှာလား....???
--------------------------------------------

မိသားစုကြားက ပြင်းထန်တဲ့ အခြေအနေ၊ လက်စားချေမှု၊ နာကျင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဇာတ်လမ်းဟာ ကြည့်ရှုသူတွေကို စိတ်ပိုင်းဆိုင်ရာ ပြင်းထန်တဲ့ ခံစားချက်တွေနဲ့အတူ ဆွဲဆောင်ထားနိုင်မယ့် BL Mini Serie လေး တစ်ခုမို BLSFLIX Channel လေးကနေ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်....

Y....🖤
94👍8❤‍🔥3👌1
Legend Of Magnate

https://t.me/+GO_ugKvWdnYyMGRl

ရိုးရှင်းတဲ့ အချစ်ဇာတ်လမ်းတွေကြည့်ရတာ ရိုးအီနေပြီလား? ဒါဆိုရင်တော့ ပါးရိုက်ပွဲတွေ၊ ဉာဏ်ပြိုင်ပွဲတွေနဲ့ အလှည့်အပြောင်းတွေများလွန်းတဲ့ "Legend of the Magnate" ကို အခုပဲ စလိုက်ကြစို့။ 🔥

ဒီစီးရီးက သာမန် Drama တစ်ခုထက် ပိုပါတယ်။ ဒါဟာ "တိုက်ပွဲ" တစ်ခုပါ။ လက်နက်မပါဘဲ ငွေကြေး၊ အာဏာနဲ့ ဦးနှောက်ကိုသုံးပြီး တိုက်ခိုက်ကြတဲ့ စီးပွားရေးစစ်မြေပြင်တစ်ခုအကြောင်းကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းရဲ့ အဓိကအသက်ကတော့ ဘာမှမရှိတဲ့ သာမန်လူတစ်ယောက် (Underdog) ဘဝကနေ တစ်လောကလုံး မော်ကြည့်ရတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး (Magnate) ဖြစ်လာဖို့ ဖြတ်သန်းရတဲ့ ခရီးကြမ်းကြီးပါပဲ။ သူ့ကို အထင်သေးခဲ့တဲ့သူတွေ၊ သစ္စာဖောက်သွားတဲ့ မိတ်ဆွေတွေနဲ့ ပြိုင်ဘက်တွေရဲ့ ဖိနှိပ်မှုတွေကြားကနေ... "ငါ ဘယ်သူလဲ" ဆိုတာကို သက်သေပြမယ့် အခိုက်အတန့်တွေကတော့ ကြည့်ရှုသူကို အားရကျေနပ်မှု (Satisfaction) အပြည့်အဝ ပေးစွမ်းနိုင်မှာပါ။

စီးပွားရေးလောကရဲ့ လှည့်ကွက်တွေ၊ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းပုံတွေက တကယ့်ကို Masterclass တစ်ခုလိုပါပဲ။
"အေးဆေးပါ" လို့ ထင်ထားတဲ့ အချိန်တိုင်းမှာ ထင်မှတ်မထားတဲ့ အလှည့်အပြောင်းတွေက သင့်ကို မျက်တောင်ခတ်ဖို့ မေ့သွားစေပါလိမ့်မယ်။
မင်းသားရဲ့ အေးစက်စက်နိုင်ပေမယ့် ပြတ်သားတဲ့ ပုံစံ၊ ရန်သူကို ပြန်တုံ့ပြန်တဲ့အခါ သုံးတဲ့ နည်းဗျူဟာတွေက တကယ်ကို Cool ဖြစ်လွန်းပါတယ်။
ဒီကားက လူ့သဘာဝရဲ့ လောဘ၊ ဒေါသနဲ့ မာနတွေကို ပေါ်လွင်အောင် ရိုက်ပြထားသလို၊ အောင်မြင်မှုဆိုတာ ပန်းခင်းလမ်းမဟုတ်ဘူးဆိုတာကိုပါ မီးမောင်းထိုးပြထားပါတယ်။ အထူးသဖြင့် ကိုယ့်ကို အထင်သေးတဲ့သူတွေကို အောင်မြင်မှုနဲ့ လက်တုံ့ပြန်ချင်တဲ့သူတွေအတွက် Motivation အပြည့်ရစေမယ့် ကားကောင်းတစ်ကားပါ။

💯 Rating: 9/10 (စီးပွားရေး၊ လက်စားချေ၊ Drama ကြိုက်သူတွေအတွက် Must Watch ပါ)

Crd: (Original Photo/Video Owners) #LegendoftheMagnate #ChineseDrama #Review #BusinessDrama #MustWatch #DramaReview
30👍1
Thundercloud Rainstorm (2025)

https://t.me/blsflixkoreabl

Lee Iljo က ဖခင်ရဲ့ဈာပနမှာ မိသားစုကနေ အပယ်ခံ၊ ရိုက်နှက်ခံခဲ့ရတဲ့ ဖခင်ဘက်က တရားမဝင်သားတစ်ယောက်ပါ...

အလုပ်အကိုင်မရှိ၊ ငွေကြေးမရှိ၊ သွားစရာနေရာမရှိဖြစ်နေတဲ့ Lee Iljo က သူ့ရဲ့ဝမ်းကွဲအစ်ကို Seo Jeonghan ဆီမှာ ခိုလှုဖို ရောက်လာပါတယ်...

Seo Jeonghan က ချမ်းသာပြီး အေးတိအေးစက်နိုင်တဲ့သူ တစ်ယောက်ဖြစ်ပေမယ့် Lee Iljo ကိုသနားစိတ်နဲ့ သူ့အိမ်မှာ နေခွင့်ပေးခဲ့ရာကနေ သူတိုနှစ်ဦးရဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေး စတင်ခဲ့ပါတော့တယ်...

••• တစ်ညမှာတော့ အရက်မူးနေတဲ့ Seo Jeonghan ကို  Lee Iljo ကို ရုတ်တရက်နမ်းလိုက်မိပါတော့တယ်

••• အဲ့ဒီနောက်ပိုင်း မကြာခင်မှာ Lee Iljo ဟာ သည်းခြေကျောက်တည်လို ဆေးရုံတက်ရတဲ့အခါ Seo Jeonghan က သူ့ရဲ့ခွဲစိတ်စရိတ် ၄ သန်းဝမ်ကို ပေးချေခဲ့ပြီး...

••• အဲဒီကြွေးကိုဝောာ့ "ခန္ဓာကိုယ်နဲ့ ပြန်ဆပ်ရမယ်" ဆိုတဲ့ စာချုပ်တစ်ခု ချုပ်ဆိုပြီး Lee Iljo ကို ချုပ်ကိုင်ပါတော့တယ်...

အစပိုင်းမှာ စိတ်ဓာတ်မာကျောနေတဲ့ Seo Jeonghan ဟာ သူ့ဆီမှာ မှီခိုနေရပြီး စိတ်ရင်းဖြူစင်တဲ့ Lee Iljo ကို တဖြည်းဖြည်းနဲ့စွဲလမ်းလာပြီး ပိုင်ဆိုင်လိုစိတ်တွေ ပြင်းထန်လာပုံကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်တာမို BLSFLIX Channel လေးကနေ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...

Y..
106🥰7❤‍🔥6👍6
🏒Adult scenesတွေဝေဝေဆာဆာနဲ့ ကြည့်ရမဲ့ စာရေးဆရာမ Rachel Reidရဲ့ နာမည်ကြီး ၀တ္ထု Heated Rivalryကိုပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲလေးဟာတော့ ဒီနေ့HBOကနေပြီး စတင်ပြသ‌နေပြီဖြစ်ပါတယ်။ BLကားဆို မလွှတ်တမ်း BLSFLIX Channelက ဘာသာပြန်ပြီးတင်ပေးနေကြမလို့ ဒီတစ်ခါမှာလည်း ဒီကားလေးကို အချိန်နဲ့တပြေးညီတင်ဆက်ပေးသွားတော့မှာပါ။

🏒ဟော်ကီကစားသမား Shane Hollanderဟာ မကြာသေးခင်ကမှ Montreal Voyageursအသင်းရဲ့ ကပ္ပတိန်တစ်ယောက်ဖြစ်လာသူတစ်ဦးပါ။ အသင်းရဲ့ဂုဏ်ကိုမြင့်တင်နိုင်ဖို့အပြင် သူ့ရဲ့ဂုဏ်ကိုပါ မြင့်တင်ဖို့ကြိုစားနေတဲ့ Shaneက သူ့လမ်းကြောင်းမှာ ဘာကိုမှ အတားအဆီးခံမှာမဟုတ်ပါဘူး။ Ilya Rozanovဆိုတဲ့ သူမုန်းတီးရတဲ့ ပြိုင်ဘက်အသင်းက ကစားသမားကလွဲလို့ပေါ့။

🏒ဟော်ကီကစားတာတော်သလောက် သွေးလည်းကြီးလွန်းကြတဲ့ Ilyaနဲ့ Shaneဟာ အများအမြင်မှာ ရန်သူတွေဆိုပေမဲ့ လူကွယ်ရာမှာတော့ တစ်ယောက်အိပ်ရာပေါ်တစ်ယောက် ရောက်နေကြတဲ့အထိဖြစ်နေကြတဲ့အခါ။ ကွင်းပြင်ထဲမှာဆိုရင်တော့ရန်သူ အိပ်ရာပေါ်မှာဆိုရင်တော့ ချစ်သူ။ ဒါပေမဲ့ ချစ်သူဆိုတဲ့အရာက ပြိုင်ကွင်းပြင်ထဲအထိ လိုက်လာတဲ့အခါ သူတို့ဘ၀ဟာရိုးရှင်းနေတော့မှာမဟုတ်ပါဘူး။ ၁၈နှစ်အထက်တွေပဲကြည့်ကြည့် ၁၈ယောက်စုပြီးပဲ ကြည့်ကြည့် ကြည့်လို့ကောင်းတဲ့ Eng BLကားကောင်းလေးတစ်ကားမလို့ BLSFLIX ချန်နယ်မှာ အပတ်စဉ် စောင့်မျှော်ကြည့်ရှုလို့ရနေပါပြီနော်။

ကြည့်ရန်ချန်နယ်
https://t.me/+6h694sG3dTBkODI1
106🔥7🥰3🤯1😍1
First Page (2025)

https://t.me/blsflixkoreabl

(မူလဇာတ်လမ်း "Love Reset" မှာပါဝင်ခဲ့တဲ့ အဓိကဇာတ်ကောင်နှစ်ဦးဖြစ်တဲ့ Kang Woojin  နဲ့ Cha Jaehyun တိုရဲ့ ..
ပထမဆုံး တွေ့ဆုံမှု နဲ့ ဆက်ဆံရေးအစကို အဓိကထားပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်...)


~•~ အခန်းနံပါတ် 3302  နဲ့ 3320 ကို စကားဝှက်တူနေတဲ့ 0000 နဲ့မှားဝင်မိခဲ့တာကနေ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေါ်လာခဲ့ပါတယ်....

~•~ စီနီယာဖြစ်တဲ့ Cha Jaehyun  က အခန်းမှားဝင်လာတဲ့ ဂျူနီယာလေး Kang Woojin ကိုမှတ်မိနေခဲ့ပေမယ့်.....

ဂျူနီယာလေးကတော့ မမှတ်မိခဲ့ပါဘူး...

"မင်းက ငါ့ဘဝထဲကို ဝင်လာမယ့် ပထမဆုံး စာမျက်နှာလေး ဖြစ်လိမ့်မယ်လို ငါမသိခဲ့ဘူး"
----------------------------------------------------
သူတိုရဲ့ ဆက်ဆံရေးဟာ ရိုးရှင်းတဲ့ တွေ့ဆုံမှုတစ်ခုကနေ စတင်ခဲ့ပြီး၊ အတူတူ အချိန်ကုန်ဆုံးရင်း သူငယ်ချင်းအဖြစ်ကနေ တစ်စထက်တစ်စ နက်ရှိင်းလာပုံကို စိတ်ဝင်စားစရာကောင်းတဲ့ 'ပထမဆုံး' အခိုက်အတန့်တွေနဲ့ ရိုက်ကူးပြသွားမှာဖြစ်လို

BLSFLIX Channel လေးကနေ အတူတူလိုက်ပါပြီး ပထမဆုံးအခိုက်အတန့်လေးကို ခံစားလိုက်ရအောင်နော်...

Y...💭
77👍3
Like A Palette (2025)

https://t.me/blsflixchannel22

Jane တစ်ယောက် အေးဆေးတဲ့ တက္ကသိုလ်ဝင်းထဲကို အနာဂတ်အိပ်မက်လေးတွေနဲ့ လှမ်းဝင်လာခဲ့တာပေါ့...

ဒါပေမဲ့... သူ့ရဲ့ အေးချမ်းတဲ့ဘဝဟာ မကြာခင်မှာပဲ Dai ဆိုတဲ့ စီနီယာမမကြောင့် လုံးဝကို ရှုပ်ထွေးသွားပါတော့တယ်...

Dai က ဘယ်သူလဲဆိုတော့... မနှစ်က ကျောင်းတစ်ခုလုံးရဲ့ တောက်ပနေတဲ့ Uni Star ပါ🌟

Jane ကို အမြဲတမ်း "ဖတ်လိုမရတဲ့ အကြည့်" တွေနဲ့ စိုက်ကြည့်တတ်တဲ့ စီနီယာမမ...

ဒါပေမယ့် ကံကြမ္မာရဲ့ ဆန်းကြယ်မှုကြောင့် Jane က အနုပညာမေဂျာရဲ့ Star အသစ်လေးဖြစ်လာပါတော့တယ်.. 💫

ဒါကြောင့် Star အဟောင်း Dai က Star အသစ် Jane လေးကို ဂရုစိုက်ရမယ့် တာဝန်ရှိလာပါတော့တယ်...

ငါနဲ့ သိတောင် မသိတဲ့ ဒီစီနီယာမမက ဘာလိုများ...

••• ငါ့ကို ဘာလိုများ ပြုံးနေရတာလဲ? 😺

••• ပုစွန်အခွံတွေ တစ်ခုချင်း နွှာပေးနေရတာလဲ? 🍤

••• ငါ့ အကြိုက်ဆုံးမုန့်တွေကို အမြဲဝယ်လာပေးနေရတာလဲ? 🍪

••• တစ်ခါတစ်လေ နားရွက်ဖျားလေးတွေကပါ ဘာလိုနီရဲနေရတာလဲ? ❤️


Jane လေးကတော့ သူကြည့်ဖူးတဲ့  ရုပ်ရှင်ဇာတ်ကားတွေ အတွေ့အကြုံအရ အဖြေကို တစ်ခါတည်း သိလိုက်ပါပြီ!

"မိန်းကလေးတစ်ယောက်က တခြားမိန်းကလေးတစ်ယောက်ကို အဲဒီလိုမျိုး ကြည့်ပြီး ဂရုစိုက်နေပြီဆိုရင်တော့... ရှင်းရှင်းလေးပဲ! သူမ ငါ့ကို မုန်းတီးလွန်းလို အရမ်းကို နှိပ်စက်ချင်နေတာ သေချာတယ်!"
------------------------------------------------
အို... ဒီချစ်စရာကောင်းတဲ့ "အလွဲဇာတ်လမ်း" လေးကတော့ ဘယ်အချိန်မှ အဆုံးသတ်သွားမှာပါလိမ့်နော်!
Uni Star နှစ်ယောက်ရဲ့ ရင်ခုန်စရာနဲ့ ရယ်စရာ အချစ်ဇာတ်လမ်းလေးကို BLSFLIX Channel  လေးကနေ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်!

Y..💕
37
Reloved (2025)

https://t.me/+q8Xsrq6OcOExY2Nl

အချစ်ဟောင်းကို မမေ့နိုင်သူတွေအတွက်
အသစ်စက်စက်အချစ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ...

"Reloved" လို ကြားတာနဲ့တင်
ရင်ခုန်သံတွေ တဒိုင်းဒိုင်း မြည်လာပြီလား?

လမ်းခွဲပြီး နှစ်တွေကြာခဲ့ပြီဖြစ်တဲ့
"ထန်"နဲ့"ကင်း"တိုရဲ့ ဘဝလမ်းကြောင်းက
မမျှော်လင့်ဘဲ ပြန်ဆုံလာတဲ့အခါ...

ပတ်ဝန်းကျင် အခြေအနေတစ်ခုက
သူတိုနှစ်ဦးကို ပြန်လည်ချည်နှောင်လိုက်တဲ့အခါ
မသိစိတ်ကနေ ပေါ်ထွက်လာတဲ့ အချစ်ဟောင်းက
ဒီတစ်ခါတော့ ပိုပြီးနက်နဲရှုပ်ထွေးနေတယ်။

အချစ်ဟောင်းကို လူတွေက တကယ်ပဲပြန်ချစ်မိနိုင်လား?

ဒီတစ်ကြိမ် ပြန်လည်နိုးထလာတဲ့ အချစ်က
အရင်တုန်းကထက် ပိုအားကောင်းနေခဲ့ရင်ရော
ကိုယ့် Ex ကို မထိတထိပြန်ပတ်သက်ဖို ခင်ဗျားသတ္တိရှိပါ့မလား?

ဒီအချစ်က အသစ်တဖန်ပြန်စတင်သင့်လား?
ဒါမှမဟုတ် အမှတ်တရတစ်ခုအနေနဲ့ပဲ ထားခဲ့သင့်လား?

ဒီမေးခွန်းရဲ့အဖြေကို ရင်ခုန်စွာ ရှာဖွေချင်တယ်ဆိုရင်တော့...

အချစ်တွေ၊ ရမ္မက်တွေ၊ Ex-အငွေ့အသက်တွေနဲ့ ဒီကားလေးကို
ရင်တမမစောင့်ကြည့်ကြဖို ဖိတ်ခေါ်ပါတယ်ဗျ။
63❤‍🔥4👍3🍓2
Treasure at Dawn

https://t.me/+OB0MUarqEfFkMmY1

ဒီတစ်ခါမှာတော့ မင်းသားချော Li Hong Yi (လီဟုန်ယီ) နဲ့ မင်းသမီးချော Su Xiao Tong (စုရှောင်ထုံ) တို့ရဲ့ Chemistry မိမိ အတွဲညီညီ သရုပ်ဆောင်ထားတဲ့ "Treasure at Dawn" (天书黎明) ဆိုတဲ့ ဇာတ်ကားလေးအကြောင်း ညွှန်းပေးချင်ပါတယ်။
ဇာတ်လမ်းကတော့ ဆေးပညာကို အရမ်းရူးသွပ်ပြီး လူတွေက "ထူးဆန်းတဲ့ဆရာဝန်" လို့ တင်စားကြတဲ့ လူငယ်လေး Hua Fu Sheng (Li Hong Yi) ကနေ စတင်ထားပါတယ်။ တစ်နေ့မှာတော့ ဆရာဝန်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့ လူသတ်မှုတစ်ခုမှာ သူက တရားခံအဖြစ် မှားယွင်းစွပ်စွဲခံလိုက်ရပါတယ်။

သူ့ဆရာ ချန်ထားခဲ့တဲ့ သဲလွန်စတွေအရ ဒီအမှုက "ကောင်းကင်ကျမ်းစာ (Book from Heaven)" ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ် ပစ္စည်းတစ်ခုနဲ့ ပတ်သက်နေမှန်း သိလိုက်ရတဲ့အခါ...

ဒီလျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့အတွက် မြို့စားမင်းရဲ့သမီး Wen Jue (Su Xiao Tong) နဲ့ လျှာစွမ်းကောင်းတဲ့ လူငယ် Gu Tian (Yu Cheng En) တို့နဲ့ ပူးပေါင်းပြီး စွန့်စားခန်းတွေ ဖွင့်ပါတော့တယ်။

"The Blood of Youth" နဲ့ နာမည်ကြီးတဲ့ Li Hong Yi နဲ့ "The Imperial Coroner" မှာ စုံထောက်မလေးအဖြစ် ပရိသတ်ချစ်ခဲ့တဲ့ Su Xiao Tong တို့ ပါဝင်ထားတာမို့ သရုပ်ဆောင်မှုအပိုင်းကတော့ ပြောစရာမလိုအောင်ပါပဲ။ 😍

ရိုးရိုး Romance သက်သက်မဟုတ်ဘဲ ဆေးပညာ၊ စုံထောက်၊ လျှို့ဝှက်သည်းဖို နဲ့ Adventure ပုံစံလေး သွားထားတာမို့ အပိုင်းတိုင်းမှာ ရင်ခုန်စိတ်လှုပ်ရှားရမှာ အသေအချာပါပဲ။ 🔍🗡

ရှေးခေတ်နောက်ခံ အပြင်အဆင်၊ ဝတ်စုံ Design တွေနဲ့ ရိုက်ကူးရေး Quality ကလည်း အဆင့်မြင့်တာမို့ မျက်စိပသာဒ ဖြစ်စေမှာပါ။

ဒီတော့... လျှို့ဝှက်ချက်တွေပြည့်နှက်နေတဲ့ "ကောင်းကင်ကျမ်းစာ" ရဲ့ နောက်ကွယ်က အမှန်တရားက ဘာဖြစ်မလဲ? သူတို့သူငယ်ချင်း (၃) ယောက် ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကို "Treasure at Dawn" မှာ ဆက်လက်စီးမျောလိုက်ကြရအောင်နော်။ 🍿🎬

Rating: ⭐️⭐️⭐️⭐️⭐️ (Must Watch!) Genre: Historical, Mystery, Adventure, Romance

ကြည့်ပြီးတဲ့သူတွေရှိရင်လည်း ဘယ်လိုနေလဲ Comment မှာ ဆွေးနွေးသွားကြပါဦးနော် 👇👇

#TreasureAtDawn #LiHongYi #SuXiaoTong #CDramaReview #NewDramaUpdate
32🥰1
Realm's Night Rain Dreamlike (2025)

https://t.me/BlsflixChannel34

ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်လမ်းလေးကတော့ သိုင်းလောကဇာတ်လမ်းတွဲကို ကြိုက်တဲ့သူတွေ Bromance ကြိုက်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်

ဇာတ်လမ်းအကျဥ်းကတော့ ကျန်းဟူက တစ်ခါက လျှိဝှက်အထောက်တော်ခေါင်းဆောင်ဖြစ်ခဲ့ပါတယ် အဓိကသက်သေဟန်ယန်ကို လိုက်လံပိုဆောင်ရမဲ့တာဝန်မှာ ပျက်ကွက်ခဲ့တာကြောင့် သစ္စာရှိစစ်သူကြီးဟူက မဟုတ်မမှန်စွပ်စွဲခံရပြီး သစ္စာညီအစ်ကိုတွေလည်း ဒုက္ခရောက်ခဲ့ရတယ်

နှစ်တွေကြာပြီးတဲ့နောက်မှာ လူအိမ်တော်ကို ကျေးဇူးဆပ်ရန်ကြိုးစားခဲ့ပြီး အဲဒီနောက်မှာ သာမန်ဘဝကို တောင့်တပြီး လေလွှင့်သွားလာနေခဲ့တယ်

ဒါပေမဲ့ ကံကြမ္မာက သူ့ကို ကျားနဂါးတစ္ဆေအဆောင်က လူဆိုးတွေနဲ့ ထိပ်တိုက်တွေ့စေခဲ့ပြီး သိုင်းလောက လှုပ်ရှားမှုတွေထဲကို ထပ်မံပတ်သက်မိသွားပါတော့တယ်

အဲဒီအရှုပ်တွေကြားထဲမှာ မိဘမဲ့မိန်းကလေးရုံအာကို ကယ်တင်ရင်း မိတ်ဆွေဟောင်းယဲ့ယွီနဲ့တွေ့ဆုံခဲ့ပါတယ် သူတိုနှစ်ဦးသား မတရားမှုတွေ ဖုံးလွှမ်းနေတဲ့သိုင်းလောကထဲမှာ တရားမျှတမှု ရအောင် အတူတူ အန္တရာယ်တွေကို ရင်ဆိုင်သွားကြမဲ့ပုံကို ကြည့်ရှူ​ရမှာပါ ရှားရှားပါးပါး Bromance ဇာတ်လမ်းလေးဖြစ်လို စောင့်မျှော်ကြည့်ရှူအားပေးပါဦး
64❤‍🔥4👍1😢1
Beauty Reborn (2025)
"အလှစစ်ရဲ့ ပုံရိပ်သစ်"

https://t.me/blsflix_channel15

တက္ကသိုလ်ကနေကျောင်းပြီးထားပြီး စိတ်ဓာတ်ခွန်အားအပြည့်ဖြစ်နေတဲ့ အလှကုန်သိပ္ပံပညာရှင် Sara...

Beauty Reborn ဆိုတဲ့ ပြိုလဲလုနီးပါး အလှကုန်ကုမ္ပဏီကြီးကို ကယ်တင်ဖိုဆိုတာ Sara ရဲ့ တစ်ခုတည်းသော အိပ်မက် ဖြစ်ပါတယ်...

ဒါပေမဲ့ အိပ်မက်တစ်ခုစီတိုင်းဟာ အလွယ်တကူ အကောင်အထည် ပေါ်လာတတ်တာ မဟုတ်ပါဘူး..

သူ့ရဲ့ လက်ရာမြောက် ဖော်မြူလာတွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ ကုမ္ပဏီကို ပြန်လည် အသက်သွင်းဖို ကြိုးပမ်းနေတဲ့ Sara တစ်ယောက်

မိသားစုအခက်အခဲတွေ
ရုံးတွင်း အာဏာလုမှုတွေ
ရှုပ်ထွေးတဲ့ အချစ်သုံးပွင့်ဆိုင်ကိစ္စ
တွေနဲ့ ရင်ဆိုင်လာရတဲ့အခါ....

"Beauty Reborn" ဆိုတဲ့ နာမည်အတိုင်း ကုမ္ပဏီကိုရော၊ သူ့ရဲ့ဘဝကိုပါ အသစ်တစ်ဖန် မွေးဖွားပေးနိုင်မှာလား ???

Sara ရဲ့ ခရီးလမ်းမှာ ဘယ်သူက သူ့ဘက်က ရပ်တည်ပေးပြီး၊ ဘယ်သူကတော့ အတားအဆီး ဖြစ်လာမလဲ???
-----------------------------------------------
ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းလေးမို BLSFLIX Channel လေးမှာ အတူလိုက်ပါရင်း အပတ်စဥ်စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...

Y...💞
18❤‍🔥3👍2
The Secret of Girls (2025)

https://t.me/blsflix_channel21

လခစားသမားတွေအတွက် အဆိုးဝါးဆုံးအိပ်မက်ဆိုးကတော့ ရုတ်တရက်အလုပ်ထုတ်ခံလိုက်ရတာပါပဲ။


ဘဝမှာ ကံဆိုးမှုများစွာကြုံတွေ့ခဲ့ရတဲ့ ရွှကျင်ရှီးတစ်ယောက် လက်ရှိအလုပ်က ဝန်ထမ်းလျှော့ချရေးအတွက်အထုတ်ခံလိုက်ရပြီး အခြားမြိုတစ်မြိုကို ခရီးထွက်ခဲ့ပါတယ်။


ကံဆိုးမှုများမပြီးဆုံးတဲ့ ရွှကျင်ရှီးဟာ ခရီးမှာ ဖုန်း၊ မှတ်ပုံတင်ကတ်နဲ့ ပိုက်ဆံအိတ်ပါပျောက်သွားခဲ့ရပြီး သူတည်းခိုဖိုလုပ်ထားတဲ့ တည်းခိုဆောင်မှာ အလုပ်လုပ်ဖိုဖြစ်လာပါတယ်။

ရွှကျင်ရှီးတစ်ယောက် တည်းခိုဆောင်ပိုင်ရှင် ဝမ်ရှန်းနဲ့ အလုပ်အတူတူတွဲလုပ်ရင်း သံယောဇဉ်တွယ်လာတဲ့အခါ ကံဆိုးမှုများနဲ့ပြည့်နေတဲ့ ရွှကျင်ရှီးရဲ့ဘဝက ဝမ်ရှန်းက တစ်ခုတည်းသော ကံကောင်းမှုလေးဖြစ်လာမလားဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမဲ့ ဒီGL Miniဇာတ်လမ်းတွဲလေးကို ကျွန်တော်တို BLSFLIX ကဘာသာပြန်တင်ဆက်ပေးမှာမို စောင့်မျှော်ကြည့်ရှုပေးကြပါဦး။
11❤‍🔥2👍1
Let Me Into Your Heart (2025)

https://t.me/blsflix_channel5

"A Playful Kiss in Likay Style" ဇာတ်လမ်းတွဲအသစ်တစ်ခုအတွက် မတူညီတဲ့ အနုပညာနယ်ပယ်နှစ်ခုက သရုပ်ဆောင်နှစ်ယောက်က အတူတူပူးပေါင်း ရိုက်ကူးရမှာပါ....

~•~ တစ်ယောက်က ရိုးရာ (Likay) အကပညာရှင် Ja ....
~•~  နောက်တစ်ယောက်က ခေတ်ပေါ်မင်းသား Jack ...

ကင်မရာရှေ့မှာတော့...အရာရာဟာ ချိုမြိန်နေတာပဲ၊  နှစ်ယောက်သား မျက်နှာချင်းဆိုင်လိုက်တာနဲ့ အိုက်တင်တွေက အပီအပြင်ထွက်လာလို...
"လှပတဲ့အနုပညာပေါင်းစည်းမှု" ဆိုပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားခဲ့တယ်..

ကင်မရာနောက်ကွယ်ကို ရောက်တာနဲ့ သူတိုနှစ်ယောက်ဟာ... သေချာပေါက် ကြောင်နဲ့ကြွက်လို မတည့်တဲ့ လူနှစ်ယောက်အဖြစ် ပြောင်းလဲသွားပါတယ် ...

••• Jack က Ja ရဲ့ အကခြေလှမ်းတွေ၊ အသံတွေ၊ အမူအရာတွေကိုအိုဗာဖြစ်ပြီး ခေတ်နောက်ကျနေတယ်လို ထင်တယ်...

••• Ja ကလည်း Jack ရဲ့ 'အချေ' ပုံစံနဲ့ ရိုးရာကို မလေးစားတဲ့ အပြော အဆိုတွေကို သည်းမခံနိုင်ခဲ့ပါဘူး...
-------------------------------------------------

ဒီလိုမျိုး "မတည့်အတူနေကြောင်နဲ့ကြွက်" လိုမျိုး ရန်ဖြစ်ရင်းနဲ့ နှစ်ယောက်သား မတော်တဆချစ်မိသွားမလား ဆိုတာကိုတော့ BLSFLIX Channel မှာ အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း  လိုက်ပါရင်း စောင့်ကြည့်လိုက်ကြရအောင်နော်!!

Y...
72👍4🤯1
သာဓုခေါ်ပါ အတွဲ 2 (2025)

https://t.me/blsflix_connect

(လောကကြီးမှာ အပြုံးချိုချိုလေးတွေရှိတိုင်းလည်း လူကောင်းလိုယုံကြည်လိုမရဘူးနော်...

တချိုပြုံးရယ်ခြင်းတွေက သူတစ်ပါးရဲ့ ဘဝတွေကို အဆိပ်သင့်အောင်လုပ်ပြီး ဖြစ်တည်လာတဲ့အပြုံးတွေဖြစ်နေနိုင်တယ်..)


Win, Game နဲ့ Dear တိုသူငယ်ချင်းသုံးယောက်ဟာ ရိုးသားမှုမရှိတဲ့ ဒေသခံ နိုင်ငံရေးသမား တစ်ဦးဖြစ်သူ Ae ရဲ့ ရာဇဝတ်ကွန်ယက်ထဲကို ဆွဲသွင်းခံလိုက်ရပါတယ်....

နိုင်ငံရေးသမား Ae ရဲ့ အစီအစဉ်က ဘုရားကျောင်းသေးသေးလေးတစ်ခုကနေရတဲ့ငွေတွေကို ခုတုံးလုပ်အသုံးချပြီး
(Mega Merit Project) အဖြစ် ဆေးရုံတစ်ခုတည်ဆောက်ပြီး ပြောင်းလဲပစ်ဖိုပါ...

ဒီအစီအစဉ်ထဲမှာ ငွေကြေး၊ အာဏာနဲ့ ရာဇဝတ်မှုတွေဟာ ပိုပြီး ကျယ်ပြန့်လာပါတယ်...

••• သူငယ်ချင်းသုံးယောက်လုံးကအာဏာကြီးတဲ့ နိုင်ငံရေးသမားAe ရဲ့ ဖိအားပေးမှုအောက်မှာ ဘယ်လိုရှင်သန်ရမလဲ..???

••• သူတိုရဲ့ လုပ်ရပ်တွေက ဘုရားကျောင်းနဲ့ နိုင်ငံရေးလောကကို ဘယ်လိုလှုပ်ခါသွားစေမလဲ..???

••• ယုံကြည်မှုနဲ့ လောဘရဲ့ နယ်နိမိတ်တွေကြောင့် ဘယ်လိုအရာတွေပျောက်ကွယ်သွားမလဲ..???

••• ဘာသာရေးနဲ့ နိုင်ငံရေးဆိုတဲ့အင်အားကြီးတဲ့ ကဏ္ဍနှစ်ခုမှာ "လူတွေရဲ့ စိတ်နှလုံးကို လွှမ်းမိုးဖို အသုံးပြုတဲ့ အာဏာတွေ"ကို

ဒီဇာတ်လမ်းတွဲက ထိုးဖောက်ပြသသွားမှာပါမို BLSFLIX Channel မှာ ကြည့်ရှုလိုရနေပါပြီနော်...

Y...🐾
22
Lemon8 เปิดมุมลับกับเจมโฟ้ด (2025)

https://t.me/+4re-z8-zpE45ODll

ဒီတစ်ခါ တင်ဆက်ပေးသွားမဲ့ show လေးကတော့ GemFot တို့အတူ ရှိခဲ့တဲ့ အမှတ်တရတွေကို ရိုက်ကူး ဖော်ပြသွားမှာပါ။

ကောင်လေးတွေနှစ်ယောက်ရဲ့ အနုပညာရှင်မဖြစ်ခင်က ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေ စိတ်ခံစားချက်တွေအပြင် ပြိုင်ပွဲဝင်ပြိုင်ရင်း သူတို့တွေ့ကြုံခဲ့ကြရတာတွေကို ပြောပြရိုက်ကူးထားပြီး စာချုပ်ချုပ်ပြီးချိန် သူတို့ရဲ့ဖျော်ဖြေမှုတွေနဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေကိုလည်း ပြောပြပေးသွားမှာပါ။

ရိုက်ကူးရေးနောက်ကွယ်က သီးသန့်မြင်ကွင်းတွေကိုလည်း မြင်ရမဲ့ အပြင် GMMTV အဆောက်အဦးကြီးမှာရှိတဲ့ သူတို့အတွက် အမှတ်တရတွေနဲ့ပြည့်နှက်နေတဲ့ နေရာတွေကိုလည်း လိုက်ပြပေးမှာမလို့ GMMTV Company ကို ရောက်ဖူးချင်တဲ့ ပရိသတ်တွေအတွက်လည်း GMMTV Tour ကို ကြည့်နိုင်မှာဖြစ်ပါတယ်။

Gemini နဲ့ Fourth တို့ဖြတ်ကျော်ခဲ့ရတဲ့ အနုပညာလမ်းခရီးကို အတူကြည့်ရှုဖို့အတွက် BLSFLIX ကနေ ဘာသာပြန် တင်ဆက်ပေးသွားမဲ့ GMM Lemon8 ဆိုတဲ့ Show လေးကို အတူစောင့်မျှော်ကြည့်ရှုပေးပါဦးနော်...
40🥰4
Dare You to Death (2025)

https://t.me/+KwC2_HqsNNY1OWZl

ဒီတစ်ခါမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ JoongDunk ရဲ့ Dare You to Death ဆိုတဲ့ စီးရီးလေး ထွက်ရှိလိုလာပါပြီ။

သူငယ်ချင်းခုနစ်ယောက်စုပြီး လူငယ်ပီပီ ပါတီလုပ်ရင်း ပျော်ပါးသောက်စားကြရင်း အားလုံးမူးမှောက်ပြီး နိုးလာတဲ့အခါမှာတော့ အဖွဲထဲက သူငယ်ချင်းမလေး ပွီဖိုင်ကို သေဆုံးလျက်သားတွေ့လိုက်ရပါတယ်။ ညက အမူးလွန်နေကြတာကြောင့် ဘယ်သူ ဘာလုပ်လိုက်မှန်းမသိတဲ့ အခြေအနေမှာ အချင်းချင်း သံသယတွေ ကြီးထွားလာတဲ့ သူငယ်ချင်းတစ်သိုက်.....။

လူသတ်တရားခံအစစ်ကိုရှာဖို ဟိုလူ့လွှချ ဒီလူ့လွှချရင်း သံသယတွေကြီးစိုးနေတဲ့အချိန်မှာပဲ ဘယ်သူဘယ်ဝါဆီကမှန်းမသိတဲ့ Truth or Dare ကတ်တွေ သူတိုလက်ထဲကို ရောက်လာတဲ့အခါ....။

ထင်သလောက် မရိုးရှင်းနေတဲ့ ဒီအမှုကို ပြိုင်ဘက်တွေဖြစ်ကြတဲ့ စုံစမ်းရေးမှူးအသစ်ခါမင်နဲ့ ကပ္ပတိန်ဂျက်တို အတူစုံစမ်းဖိုဖြစ်လာပါတယ်။

သွေးရိုးသားရိုးမဟုတ်တဲ့ အမှုထဲမှာ ညီဖြစ်သူကိုယ်တိုင်ပါဝင်နေတာကြောင့် ကပ္ပတိန်ဂျက်တစ်ယောက် ဘယ်လိုကိုင်တွယ်သွားမလဲ ၊ ကြောင်နဲ့ကြွက်လို ခွက်စောင်းခုတ်နေကြတဲ့ စုံစမ်းရေးမှူးနဲ့ ကပ္ပတိန်ကရော အမှုတစ်ခုကို အပြိုင်လိုက်ရင်း ဘယ်လိုနှစ်ပါးသွားကြဦးမလဲ ၊ လူသတ်သမားအစစ်ကိုရော ဖမ်းမိပါ့မလား....။

The Heart Killer ပြီးကတည်းက ပရိသတ်တိုလွမ်းနေတဲ့ JoongDunk အပြင် Chimon ၊ Sing ၊ June ၊ Pahn ၊ Ohm ၊ Prom တိုပါ ပါဝင်ထားတာမလို လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့ကစပြီး အပတ်စဥ် ကြာသပတေးနေ့တိုင်း BLSFLIX မှာ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်။ ။
124🤩5
The Price Of Confession

https://t.me/+DFxSs3wgBakyMmNl

Price of Confession
အန်ယွန်းဆိုဟာ အနုပညာဆရာမတစ်ယောက်ပါ သူမဟာသူမရဲ့သာမန်နေ့စဉ်ဘဝကိုဖြတ်သန်နေရင်းနဲ့ သူမရဲ့ဘဝဟနေချင်းညချင်ပြောင်းလဲသွားပါတယ်
သူမရဲ့အမျိုးသားဖြစ်သူဟာ အသတ်ခံလိုက်ရပြီး သူမကိုယ်တိုင်ကလူသတ်သမားဖြစ်တယ်ဆိုပြီးစွပ်စွဲခံပါတယ် သူမဟာလူသတ်သမားဆိုတဲ့နာမည်ဆိုးကိုရှင်းလင်းဖို့ အစွမ်းကုန်ကြိုးစားပါတယ်
သူမထောင်ထဲရောကနေတဲ့အချိန်မှာ မိုအွန်းလိုခေါ်တဲ့အမျိုးသမီးတစ်ဦးက သူ့ကိုချဉ်းကပ်လာပါတယ် မိုအွန်းကိုတခြားထောင်ထဲကလူတွေက စုန်းမလို့ သမုတ်ကြပါတယ်
ဘာလို့လဲဆိုတော့သူမဟာ တခြားသူရဲ့ခံစားချက် တခြားသူရဲ့ အတွေးတွေကိုလွယ်လွယ်ကူကူနဲ့သိနိုင်လို့ပါ
အန်ယွန်းဆိုနဲ့ မိုအွန်းတို့ဟာ အန္တရာယ်များတဲ့ အပေးအယူတစ်ခုကိုလုပ်လိုက်ကြပါတယ်
တစ်ချိန်ထဲမှာပဲ ဘယ်လိုအခြေအနေတွင်မဆို တည်ငြိမ်မှုရှိပြီး ခိုင်မာသောခံယူချက်ရှိတဲ့ ဘဲ့ဒုံဟွန်းဆိုတဲ့ လုပ်ဖော်ကိုင်ဖက်ရှေ့နေတွေကပါ အသိအမှတ်ပြုခံရတဲ့ ဝင်ငွေအများဆုံရှေနေဟာ
အန်ယွန်းဆိုနဲ့ မိုအွန်းတို့ရဲ့ လျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ သူ့ရဲ့ဂုဏ်သိက္ခာတွေ ယုံကြည်ခြင်းတွေကိုပါစွန့်လွှတ်ပြီး အဖြေရှာပါတယ်
ဂျန်ဂျွန်ကူးလိုခေါ်တဲ့ ဇွဲလုံ့လရှိပြီး ကိုယ်ရည်ကိုယ်သွေးကောင်းတဲ့ လက်ဝှေ့ကစားသမာဟောင်းတစ်ယောက်ကလည်း အန်ယွန်းဆိုရဲ့ အပြစ်ကင်းမှုကိဖော်ထုတ်ဖို့ကြိုးစားကြရင်း ဘာတွေဆက်ဖြစ်မယ် ဆိုတာကို BLSFLIX မှာ ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်
24
Club Friday 17 Theory of Love : Love Takes Time (2025)

https://t.me/blsflix_channel29

တက္ကသိုလ်ကျောင်းသူဘဝကတည်းကနေ သဘောကျခဲ့ရပြီး
အလုပ်ခွင်ဝင်တဲ့အထိ ဆယ်နှစ်ကျော်ကြာအောင် ဘေးမှာရှိနေပေးခဲ့တဲ့ Sandi...

တက္ကသိုလ်မှာ နာမည်ကြီး၊လူကြိုက်များပြီး လုပ်ငန်းခွင်ဝင်တော့လည်း လူတိုင်းသဘောကျခြင်းခံရတဲ့ ဓာတ်ပုံဆရာ Thanwa ...

မော်ဒယ်လောကမှာ နာမည်ကြီးတစ်ယောက်ဖြစ်ပြီး ပိုက်ဆံချမ်းသာတဲ့သူ၊ လိုချင်ရင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ယူတတ်တဲ့ Apirl...

••• ဆယ်နှစ်ကျော်ကြာခဲ့ပေမယ့် ချစ်သူအဆင့်တောင်မရောက်ကြသေးတဲ့ Thanwa နဲ့ Sandi...

••• Thanaw ကိုမြင်မြင်ချင်းသဘောကျသွားတဲ့ Apirl...

••• ဘေးနားမှာအမြဲရှိခဲ့တဲ့ Sandi ကိုပဲ ရွေးချယ်မလား

••• အရာအားလုံးကိုဖြည့်ဆည်းပေးနိုင်တဲ့ Apirl ကိုပဲ ရွေးချယ်မလား???

>>>
အနစ်နာခံမှု၊ သစ္စာရှိမှု၊ နာကျင်မှု၊ ကြေကွဲမှုတွေအပြင် အချစ်အပေါ်ကို တန်ဖိုးထားပုံချင်း ကွာခြားတဲ့ လူတွေရဲ့ စိတ်ခံစားချက်ကို ကြည့်ရှုရမှာဖြစ်တဲ့အတွက် BLSFLIX Channel လေးမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...

Y...🖇
25👍2❤‍🔥1
The First Ride

https://t.me/+EB9KqrlVeTw2MDA1

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး မင်းသားချောတွေဖြစ်တဲ့ Kang Ha Neul၊ Cha Eun Wooနဲ့ Kim Young Kwangတို့ပါ၀င်ထားတဲ့ အူတက်နေအောင်ရယ်ရမဲ့ ဟာသကားလေး The Firts Rideဆိုတဲ့ကားကို BLSFLIXချန်နယ်ကနေပြီးတော့ ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။

ငယ်ကတည်းက သူငယ်ချင်းတွေဖြစ်လာကြတဲ့ ထယ်ကျုံး၊ ဒိုဂျင်၊ ယွန်းမင်နဲ့ ဂွမ်ဘို့‌တို့တွေဟာ နိုင်ငံခြားခရီးထွက်ဖို့ အမြဲတမ်းစီစဉ်နေခဲ့ကြတဲ့သူတွေပါ။ ဒါပေမဲ့ ဘ၀ဆိုတာကြောင့် စိတ်အလိုရှိတဲ့တိုင်း မဖြစ်လာကြပါဘူး။

ဒီလိုနဲ့ နှစ်တွေကြာလာ အသက်တွေကြီးလာ‌ကြပြီး ပြန်ဆုံတွေ့ကြတဲ့ သူတို့လေးယောက်ဟာ ပိုပြီးတော့ ရင့်ကျက်မလာ‌တာတော့ အမှန်ပါ။ ဘ၀ကို ဒေါင်ကျကျ ပြားကျကျ ရှင်သန်နေကြရင်း သူတို့ငယ်စဉ်ကအိမ်မက်ကို ပြန်လည်မက်ခွင့်ရဖို့ အခွင့်အရေးရလာတဲ့အခါ။

ငယ်တုန်းက နိုင်ငံခြားခရီးထွက်ဖို့ အိမ်မက်ကို သူတို့လေးယောက် အတူပြန်အကောင်ထည်ဖော်ကြရင်း အသက်ကြီးမှ ဘယ်လိုအလွဲတွေလုပ်ပြီး ဘယ်လိုစွန့်စားခန်းတွေကို ရှာဖွေသွားကြမလဲဆိုတာကို သိချင်ရင်တော့ ဒီဟာသကားလေးကို BLSFLIX Channelမှာ လက်မလွှတ်တမ်း စောင့်ကြည့်လို့ရနေပါပြီနော်။
55👍4🥰3
Your Divorce is Served !! (2025)
"ချိုမြိန်သော လမ်းခွဲခြင်းများ"

https://t.me/blsflix_channel27

(မင်္ဂလာဆောင်ပြီးမှ ကွာရှင်းပြတ်စဲဖို့ လိုအပ်နေသူများအတွက်...
တရားဝင် လက်ထပ်ခွင့်မရခဲ့သူ လိင်တူချစ်သူနှစ်ဦးက တရားမျှတမှုကို ရှာဖွေပေးမဲ့ဇာတ်လမ်းကောင်းလေးပါ
)

နာမည်ကျော် ရှေ့နေ Otokita Hajime နဲ့ စုံထောက် Iseya Kai တို့နှစ်ဦးက သူတို့ရဲ့ ကိုယ်ပိုင်ဘဝမှာရော အလုပ်အကိုင်မှာပါ ခွဲခြားလို့မရတဲ့ မိတ်ဖက်တွေဖြစ်ကြပါတယ်...⚖️

ဥပဒေအရ တစ်ဦးနှင့်တစ်ဦး လက်ထပ် ထိမ်းမြားခွင့် မရှိကြပေမဲ့  အချစ်နဲ့သစ္စာဖောက်မှုတို့ကြောင့် နာကျင်ခံစားနေရတဲ့ စုံတွဲများအတွက် ကွာရှင်းမှုဆိုင်ရာ အမှုအခင်းများကို အတူတွဲဖက်ကိုင်တွယ်ဖြေရှင်းပေးကြတဲ့ လိုက်ဖက်တဲ့ အတွဲလေးပါ....⚖️

Hajime ရဲ့ ထက်မြက်တဲ့ ဥပဒေရေးရာ ကျွမ်းကျင်မှုနဲ့  Kai  ရဲ့အချက်အလက်ရှာဖွေမှု၊ လျှို့ဝှက်ချက်ဖော်ထုတ်နိုင်မှု စွမ်းရည်တွေပေါင်းစပ်လိုက်တဲ့အခါ "ပြီးပြည့်စုံတဲ့ မိတ်ဖက်" ဖြစ်လာကြပြီး
သစ္စာဖောက်ခံရတဲ့သူတွေအတွက် အကောင်းဆုံး "ကွာရှင်းခွင့်ဝန်ဆောင်မှု" ကို ပေးကြပါတယ်..⚖️

တရားဝင်အသိအမှတ်ပြုမခံရတဲ့ လိင်တူအတွဲလေးက သစ္စာမဲ့မှုတွေ၊ ဖောက်ပြန်မှုတွေကြောင့်ဖြစ်လာတဲ့ ကွာရှင်းမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ???
------------------------------------------------
ချစ်ခြင်းမေတ္တာ၊ ဥပဒေရေးရာ တိုက်ပွဲတွေနဲ့ ဆက်ဆံရေးရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ရှာဖွေဖော်ထုတ်ပေးမဲ့ ဇာတ်လမ်းလေးကို BLSFLIX Channel လေးကနေ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်....

Y...⚖️
41❤‍🔥4👍1
Sereno (2025)

https://t.me/+gLfSjkpdMNdiOTA1

မထင်မှတ်ထားတဲ့တွေ့ဆုံမှုတစ်ခုကနေ စတင်လာခဲ့တဲ့ ရေသူထီးလေးနဲ့ လူသားလေးတိုကြားက ချစ်ကြိုးမျှင်လေး။

Eliosက သူငယ်ချင်းဖြစ်သူနဲ့ ပင်လယ်ဆီခရီးထွက်ရင်း သူတည်းတဲ့ဟိုတယ်က
ဧည့်ကြိုကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ မထင်မှတ်ထားတဲ့တွေ့ဆုံမှုတစ်ခုကနေစတင်ပြီး သူတိုအချင်းချင်းကြား ရင်းနှီးလာကြပြီး ချစ်ကြိုးသွယ်လာခဲ့တဲ့အခါမှာတော့... တစ်ဖက်မှာလည်း ထိုဧည့်ကြိုကောင်လေးမှာ လျှိဝှက်ဆန်းကြယ်တဲ့ လျှိဝှက်ချက်တစ်ခုရှိနေခဲ့ပြန်ပါတော့တယ်။

Eliosက ထိုလျှိဝှက်ချက်ကိုသိသွားတဲ့အခါ သူတိုဆက်ဆံရေးကြား ဘာတွေဆက်ဖြစ်လာကြမလဲ။ ပုံမှန်မဟုတ်တဲ့ သူတိုနှစ်ဦးရဲ့ကမ္ဘာတွေက တကယ်ပဲဆုံစည်းနိုင်ပါ့မလားဆိုတာ... Serenoဆ်ိတဲ့ BL Seriesလေးကို BLSFLIX Channelနဲ့အတူ စိတ်လှုပ်ရှားစွာ​ စောင့်ကြည့်လိုက်ကြ​ရအောင်နော်။
52❤‍🔥3👍1