Review by BLSFLIX
27.1K subscribers
821 photos
762 links
Download Telegram
ဒီနေ့ည ကြည့်ရမှာကတော့ Mr. Queen drama ထဲကလို ဥပျောက်သွားလို့ ငုံ့ရှာနေတဲ့ အိမ်ရှေ့စံမင်းသားနဲ့ ရင်ဘတ်ပျောက်သွားလို့ ဟိုဟိုဒီဒီလှန်ကြည့်နေတဲ့ စျေးသည်မလေးတို့ရဲ့ နန်းတွင်းဟာသကားသစ်လေး "Moon River" 🌙🌊

ဒီကားလေးထဲမှာတော့ အိမ်ရှေ့စံအဖြစ် ဝူယောင်းဝူထဲက Kang Tae Oh နဲ့ Business Proposal ထဲက Kim Se Jeong က ဈေးသည်လေးအဖြစ်ပါဝင်ထားပါတယ်။

စုစုပေါင်း ၁၄ ပိုင်းပါဝင်မှာဖြစ်ပြီးတော့ Historical Rom-com Fantasy Drama လေးဖြစ်ပါတယ်။

မ‌တော်တဆမှုတခုကြောင့် အတိတ်မေ့နေတဲ့ နန်းချခံအိမ်ရှေ့စံမင်းသား နဲ့ ဈေးသည်မလေးတို့ရဲ့ ဝိညာဉ်ချင်းလဲသွားပြီးနောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဟာသနှောပြီးကြည့်ရမှာဖြစ်သလို

အဲ့ဒီလို နန်းချခံထားရတဲ့ အိမ်ရှေ့စံမင်းသားနဲ့ အတိတ်မေ့နေတဲ့ ကုန်သည်မလေးတို့ရဲ့ တွေ့ဆုံမှုကနေဖြစ်ပေါ်လာမယ့် အချစ်ဇာတ်လမ်းလေးကိုလည်း ရင်ခုန်မှုအပြည့်နဲ့ ကြည့်ရှုရမှာပါ

ကြည့်ရန်ချန်နယ်
https://t.me/+z6zfO9Y_LTQ4ZTU1
31
Interminable (2025)

"ချစ်ခြင်းအင်္သချေ
"

https://t.me/+F7x_83jQamFjYjU1

မြင့်မြတ်တဲ့ သခင်လေး Lord Khun Yai နဲ့ ရိုးရာထိုင်းအကပညာရှင်လေး Kaewta တိုရဲ့ အချစ်ဇာတ်လမ်းဟာ ကံကြမ္မာရဲ့ ရက်စက်မှုကြောင့် ပေါင်းစည်းခွင့်မရဘဲ ဝမ်းနည်းဖွယ် ဇာတ်လမ်းလေးအဖြစ် ဆုံးခန်းတိုင်ခဲ့ရပါတော့တယ်...🥀

** ဝမ်းနည်းဖွယ် အဖြစ်ဆိုးကြောင့် Lord Khun Yai ရဲ့ စိတ်ဝိညာဉ်ဟာ ငြိမ်းချမ်းရာကို မရောက်နိုင်ဘဲ.... ချစ်ရသူ Kaewta ကို စွဲလန်းစိတ်နဲ့ သူတိုရဲ့ အတိတ်ဇာတ်လမ်းရှိရာ ရှေးဟောင်းအိမ်ကြီးမှာ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပါတော့တယ်...🥀

** ကံကြမ္မာရဲ့ အလှည့်အပြောင်းအရ Kaewta ဟာ ဘဝသစ်တစ်ခုနဲ့ ပြန်ရောက်လာခဲ့ပေမဲ့၊ သူ့ရဲ့ ခြေလှမ်းတွေကတော့ ဝိညာဉ်ပိုင်ရှင်ရဲ့ လွမ်းမောဖွယ် အိမ်ကြီးဆီကိုပဲ အလိုလို ဦးတည်နေခဲ့မိတယ်..🥀

** အဲဒီအိမ်ကြီးထဲကို ခြေချလိုက်တာနဲ့ Kaewta ရဲ့ စိတ်ထဲမှာ  အတိတ်ဘဝရဲ့နာကျင်ဖွယ်မှတ်ဉာဏ်အပိုင်းအစတွေကို တစ်စစီ ပြန်လည် မြင်တွေ့လာတဲ့ပါတယ်...

**  ပိုင်ရှင်မဲ့နေတဲ့ အချစ်၊ ဝမ်းနည်းစရာ ကံကြမ္မာတိုကြောင့် ပိတ်မိနေခဲ့တဲ့ ဝိညာဉ်တစ်ခုရဲ့ နာကျင်မှု...

ပြီးတော့ ပြန်လည် ဆုံတွေ့ခွင့်ရဖို မျှော်လင့်ချက်တွေနဲ့ ပြည့်နေတဲ့ ဒီဘဝခြားနေတဲ့ အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွားမလဲဆိုတာ ...

ရင်နင့်အောင် ခံစားပြီး စောင့်ကြည့်ရမယ့် ဇာတ်လမ်းတစ်ပုဒ်မို BLSFLIX Channel လေးမှာ အတူလိုက်ပါပြီး ကြည့်ရှုပေးကြပါဦးနော် ...

Y...🥀
91❤‍🔥8💯3👍2
Corrupted Season 2 (2025)
" တရားသဖြင့် စီရင်စေ "

https://t.me/BLSFlix_channel32

‎Lui အရာအားလုံးဆုံးရှုးရပြီးနောက်ပိုင်း သူမရဲ့ဘဝကလည်း ဝမ်းနည်းပူဆွေးမှုတွေနဲ့ပြည့်ခဲ့ရတယ်။သိုပေမဲ့ ဘယ်လိုဖြစ်ဖြစ် သူမကိုလှည့်စားခဲ့သောသူများကို ဥပဒေနဲ့အညီအပြစ်ခံရဖိုအတွက် သူမပြန်လာခဲ့တယ်။

‎Rachen ဟာလူသတ်တဲ့အမှုဆီကနေအဖမ်းခံရပေမဲ့ ငွေကြေးလိမ်လည်တဲ့အမှုကိုသူလွှတ်မြောက်ခဲ့ပြီး အမှုနဲ့သက်ဆိုင်တဲ့တစ်ခြားအဖွဲတွေကလည်း ပျောက်ကွယ်သွားခဲ့တယ်။

‎ဒါကြောင့် Lui ဟာသူမကိုလှည့်စားသောသူတွေကို ဖော်ထုတ်ဖိုအတွက် အသက်စွန့်ပြီး နည်းလမ်းမျိူးစုံနဲ့လုပ်ဆောင်သွားဖို ဆုံးဖြတ်လိုက်တဲ့အခါမှာ Lui အမှန်တရားကိုဖော်ထုတ်နိုင်မှာလား? ဘယ်လိုနည်းလမ်းနဲ့ဖော်ထုတ်နိုင်မှာလဲ? အပြစ်ရှိတဲ့သူတွေကရော သူတိုကျူးလွန်ထားတဲ့အပြစ်တွေကိုဘယ်လိုပြန်ပေးဆပ်ရမှာလဲ ဆိုတာကို ကျွန်ုပ်တို BLSFLIX နဲ့အတူ စောင့်မျှော်ကြည့်ရှုသွားကြရအောင်။
7❤‍🔥3👍2🥰2💯1
Strange Tales of Tang Dynasty 3: To Changan

🪔ဒီတစ်ခါမှာတော့ နန်းတွင်းမှုခင်းဇာတ်ကားတွေကို ကြိုက်နှစ်သက်သူများအဖို့ Strange Tales of Tang Dynastyရဲ့ season 3လို့ပြောရမဲ့ Strange Tales of Tang Dynasty: To Chang An(သာ့ထန်မှ ထူးခြားဆန်းပြား ပုံပြင်များ: ချန်အန်းဆီသို့တစ်ဖန်) ဆိုတဲ့ ဇာတ်လမ်းလေးကို BLSFLIXချန်နယ်ကနေ ဘာသာပြန်ပြီး‌တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။

🪔နွေရာသီနဲ့ ဆောင်ဦးကာလကြား ရှန်ထျန်းခေတ် ဒုတိယမြောက်နှစ်မှာ သာ့ထန်မှာ မင်းကြီးဟာ နန်းတက်ခဲ့ပေမဲ့ မင်းသမီးကြီးရဲ့ အာဏာစက်ကတော့ ကြီးမားနေတုန်းပါ။ ဒီလိုနဲ့ နန်းထိုင်နေရတဲ့ မင်းကြီးအဖို့ ကျီးလန့်စာစား သံသယများနေရတဲ့ အခြေအနေကို ရောက်လာပါရော။

🪔လုလင်ဖုန်းနဲ့ စူးဝူမင်တို့က ချန်အန်းမြို့ဆီ သူတို့ရဲ့စုံထောက်အဖွဲ့၀င်များနဲ့အတူ ပြန်လာဖို့ ဆင့်ခေါ်ခံခဲ့ရပါတယ်။ မတရားမှုတွေကို ဖော်ထုတ်ပြီး ပြည်သူ့အကျိုးသာရှာတဲ့ လုလင်ဖုန်းအတွက် မိခင်ဖြစ်သူက မင်းသမီးကြီးဖြစ်နေတဲ့အခါ မင်းကြီးနဲ့ မင်းသမီးကြီးရဲ့ နိုင်ငံရေးတိုက်ပွဲတွေကြား ကြားညှပ်လာရပါတော့တယ်။ ဒါပေမဲ့ လုလင်ဖုန်းဟာ ဇွဲမလျှော့ စူးဝူမင်နဲ့အတူ ထူးခြားဆန်းပြားမှုခင်းပေါင်းများစွာကို ဖြေရှင်းဦးမှာမလို့ ရသစုံဒီဇာတ်လမ်းတွဲလေးကို BLSFLIXချန်နယ်မှာ လက်မလွှတ်တမ်း စောင့်ကြည့်သင့်ပါတယ်နော်။

ကြည့်ရန်ချန်နယ်
https://t.me/+DJa_SmbfSwVhZTk1
19🤩1
The Sign (Uncensored ver.)

https://t.me/+nVuf5XVPWJJlODU1

BL series လောကမှာ
တစ်ကားဆိုတစ်ကား မပေါက်တယ်မရှိရအောင်ဆွဲဆောင်နိုင်လွန်းတဲ့
အက်ရှင်ဇာတ်ကြမ်းနောက်ခံမျိုးနဲ့
အများကြီးမျှော်လင့်ထားရမဲ့ကားပါ။

သီးသန့်လေ့ကျင့်ပေးနေတဲ့ အထူးတပ်ဖွဲတစ်ခုရဲ့အဖွဲသားတွေကြားက
အခက်အခဲတွေ၊ အတူကြိုးစားရုန်းကန်ကြရပုံတွေအပေါ် ဇာတ်အိမ်တည်ထားပြီး
လူသားဆန်တဲ့အနိုင်လိုစိတ်တွေ၊ လောဘရမ္မက်တွေနဲ့
ဇာတ်ကြောင်းကို ထပ်ပေါင်းလိုအားဖြည့်ထားပါသေးတယ်။

ဒါ့အပြင် The sign ဆိုတဲ့အတိုင်း
အတိတ်လိုလို၊နမိတ်လိုလိုပြယုဂ်တွေကို
ခေါင်းဆောင်မင်းသားက မြင်နေရသေးတာပါ။

ဒီလိုမြင်နေရတာတွေက
သူ့အတွက်ပိုကောင်းဖိုဖြစ်လာတာလား
နမိတ်ဆိုးတွေသပ်သပ်ပဲလားဆိုတာတော့
ဇာတ်ကားလေးစလွှင့်မှပဲ အတူကြည့်ကြည့်ရအောင်နော်။

တုံးတိုက်တိုက်၊ကျားကိုက်ကိုက်လေ့ကျင့်ရေးတွေကြားက
ဖူးပွင့်လာမဲ့ အချစ်ပန်းရိုင်းတစ်ခင်းရဲ့
မြေပြင်စစ်ဆင်ရေး၊ကုတင်စစ်ဆင်ရေးတွေအကြောင်း
ကျွန်တော်တို BLSFlix ကနေ အကောင်းဆုံးဘာသာပြန်တင်ဆက်ပေးသွားပါမယ်ဗျာ။

Synopsis - M2k
❤‍🔥3232👍3💯2🥰1😱1💊1😎1
A Man Who Defies the World of BL Final (2025)

https://t.me/Blsflix_JavaneseSeries

World of BL season 3 အပြီးမှာ MC ဖြစ်တဲ့ မော့ကို သူ့အတန်းဖော်တွေဖြစ်ကြတဲ့ ဟာတနိုနဲ့ ခိနုချိတိုရဲ့ တစ်ပြိုင်ထဲဖွင့်ပြောခြင်းကိုခံခဲ့ရပါတယ်

သူတိုဖွင့်ပြောတာကို ငြင်းဆိုပြီးနောက်မှာ မော့ဟာသာမန်ဘဝအတိုင်းပဲ နေ့စဉ်ဖြတ်သန်းနေခဲ့ပါတယ်

အထက်တန်းကျောင်းကနေဘွဲရောက်ပြီးမှ အဲ့ဒီကမ္ဘာမှာရှိတဲ့ ကောင်လေးတွေက ဒုတိယမြောက်ခလုတ်ကိုရွေးချယ်လိုက်ကြပြီး သူတိုနေထိုင်တဲ့ BL ကမ္ဘာကြီးမှာ အချစ်တွေနဲ့ ပြည့်နှက်နေတဲ့
အခြေအနေတွေဖြစ်ပေါ်လာပါတော့တယ်

အဲ့ထက်ပိုဆိုးတာက အာဆုဟိရိုတစ်ယောက် ပန်းပွဲတော်က ပန်းဝတ်မှုတွေကြောင့် ပန်းဝတ်မှုအလက်ဂျီတွေဖြစ်ပြီး မျက်ရည်တစ်စိုစို ပါးပြင်ရဲရဲနဲ့ မသိရင် အချစ်မှိင်းမိနေသလို ပုံစံပေါက်နေတော့
ဒီBLအချစ်တွေပြည့်နေတဲ့ ကမ္ဘာကြီးမှာ ဘယ်သူ့ကိုမှမချစ်မိဖို သူဘယ်လောက်ထိကြိုးစားနိုင်မလဲ ဒါမှမဟုတ် နောက်ဆုံးမှာ တစ်ယောက်ယောက်ကိုများ ချစ်မိသွားမလားဆိုတာကို ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦး
22❤‍🔥12👍1💯1
Don't Call Me Maám

Join Channel
https://t.me/+TqfIpuczvs0yMzhl

ဒီဇတ်လမ်းလေးက အသက်၄၁နှစ်အရွယ် အမျိုးသမီး သုံးယောက်အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။

"ချိုနာဂျုံးက တီဗီတင်ဆက်သူအဖြစ်အလုပ်လုပ်ကိုင်ခဲ့ပြီး ၀င်ငွေသန်းနဲ့ချီအောင်ရရှိခဲ့သူတစ်ယောက်ပါ။အခုတော့ အိမ်ရှင်မအဖြစ် သားနှစ်ယောက်နဲ့အတူဘ၀ကိုဖြတ်သန်းနေပေမဲ့ တီဗီတင်ဆက်သူအဖြစ် ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားသူတစ်ဦးလည်းဖြစ်ပါတယ်"

"ကုဂျူယောင်း ကတော့ အရေအသွေးမြင့်တဲ့ပန်ချီတွေကို ပြသထားတဲ့ ပြခန်းမှာ မန်နေဂျာအဖြစ်လုပ်ကိုင်နေသူတစ်ဦးပါ။ သူမရဲ့ ကိုယ်ရေးကိုယ်တာဘဝနဲ့ စီးပွားရေးဘဝ နှစ်ခုစလုံးမှာ ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားပုံရပါတယ်။ သိုပေမဲ့ ကလေးတစ်ယောက်ယူဖို့ သူမ၏ခင်ပွန်းဖြစ်သူနဲ့ ပြဿနာလေးတွေရှိ‌နေသူတစ်ယောက်ပါ"

"အီအီးလ်ရီကတော့ လူလွတ်တစ်ယောက်ဖြစ်ပြီး ဖက်ရှင်မဂ္ဂဇင်းတစ်ခုရဲ့ အဓိက‌တည်ဖြတ်သူအနေနဲ့အလုပ်လုပ်ကိုင်နေပါတယ်။ လက်ထပ်နိုင်ဖို့အတွက်အမြဲစိတ်ကူးယဉ်နေသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဖြစ်မလာသေးတဲ့အိမ်မက်တစ်ခုဖြစ်ပါတယ်"

အသက်၄၁နှစ်အရွယ်အမျိုးသမီးသုံးယောက်ရဲ့ ဘ၀ရပ်တည်ချက်တွေနဲ့ အခက်ခဲတွေကိုမြင်ရမဲ့ ဇတ်လမ်းတစ်ပုဒ်လည်းဖြစ်ပါတယ် သူတို့ရဲ့ အိမ်မက်တွေကိုရောက်အောင်သွားနိုင်ပါ့မလား ဘယ်လိုအခက်အခဲတွေကိုကျော်ဖြတ်ရမလည်း ဖြတ်ကျော်နိုင်ပါ့မလား ဆိုတာကိုတော့ BLSFLIXမှာ အပတ်စဉ် တနင်္လာနဲ့အင်္ဂါနေ့တွေမှာ ပြသသွားမှာဖြစ်လို့ စောင့်မျော်ကြည့်ရှု့ပေးကြပါဦး။
21
Please, Yes (2025)

https://t.me/blsflixkoreabl

ဒီဇာတ်လမ်းကတော့ အသက် (၅) နှစ်ကွာတဲ့ ကောင်လေးဆီကနေ အပိုးခံရမဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါ  (๑>ᴗ<๑)

~~ Kang Jae-Won ဟာ သူရည်းစားနဲ့ ပြတ်စဲထားတဲ့အတွက် စိတ်ဓာတ်ကျနေပြီး အထီးကျန်နေချိန်မှာ Yoon Eun-Ho က သူတိုအိမ်ကို မကြာခဏ ရောက်လာလေ့ရှိပါတယ်...

~~ Eun-Ho ဟာ သွက်လက်တက်ကြွပြီး ချစ်စဖွယ်ကောင်းတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး စိတ်အားငယ်နေတဲ့ Jae-Won ကို ဂရုစိုက်ပေးပြီး၊ နောက်ပြောင်တာတွေနဲ့ အမြဲတမ်း ပျော်ရွှင်အောင် လုပ်ပေးလေ့ရှိပါတယ်...

~~ Eun-Ho ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်...
သူက သူငယ်ချင်းရဲ့အစ်ကိုဖြစ်သူ Jae-Won ကို ချစ်နေပြီး လိုက်နေတဲ့ သူတစ်ယောက်မိုပါ...

သူငယ်ချင်းရဲ့ အစ်ကိုဖြစ်ပေမယ့်လည်း Eun-Ho ဟာ သူ့ရဲ့ ခံစားချက်တွေကို ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းနဲ့ Jae-Won ကို ချစ်စရာ နည်းလမ်း မျိုးစုံနဲ့ ဖြားယောင်းပြီး စိတ်ဝင်စားမှုရအောင် ကြိုးစားပါတော့တယ်...

~~ Kang Jae-Won တစ်ယောက် ရည်းစားဟောင်းရဲ့ အရှိန်အဝါကနေ လွတ်မြောက်နိုင်မလား...

~~ အသက်ငါးနှစ်ကွာပြီးချစ်စရာကောင်းတဲ့ Eun-Ho ရဲ့ ချစ်ခြင်းမေတ္တာကို နောက်ဆုံးမှာ လက်ခံနိုင်မလား...

ဒီတော့ ချိုမြိန်ပြီး ရင်ခုန်စရာကောင်းတဲ့ အခိုက်အတန့်တွေနဲ့ချစ်စရာဇာတ်လမ်းလေးကို BLSFLIX Channel လေးကနေ အတူတူလိုက်ပါပြီး ကြည့်ရှုပေးကြပါဦးနော်....

Y..🌻
94❤‍🔥7👍3💯3🔥1👏1🤯1
Find The Love You Forgot (2025)
" အချစ်ပျောက်ရှာသူ "

https://t.me/blsflix_f4thailand

ဒီဇာတ်ကားလေးဟာ ကွမ်နက်ဆိုတဲ့ မိန်းကလေးရဲ့ဇာတ်လမ်းကိုအခြေခံထားတာပါ။သူမဟာသူ့ကိုယ်သူမွေးစားခံရတာလိုယုံကြည်နေပြီး တနေ့မှာတော့ သူမရဲ့ဖခင်အရင်း ဟီရန် ဟာ အသက်ရှင်နေသေးပေမယ့် ပြင်းထန်စွာ နာမကျန်းဖြစ်နေတယ်ဆိုတာ သူမသိလိုက်ရပါတယ်။

သူမရဲ့ဖခင်ကို ရှာဖွေဖိုအတွက် ကွမ်နက်ဟာ ဘန်ကောက်ကို ပြောင်းရွှေ့ပြီး Big C မှာသူမဖခင်ရဲ့ "ကရူးပရမ်ချန်" လုပ်ငန်းက အဲဒီမှာ ဆိုင်ခွဲအသစ်တစ်ခု ဖွင့်လှစ်တော့မယ်လို ကြားသိလိုက်တဲ့အတွက် အလုပ်လျှောက်ဖို ဆုံးဖြတ်လိုက်ပါတယ် ။

ဒါပေမဲ့ကွမ်နက်ဟာသူမရဲ့အဖေကိုဆက် သွယ်ဖိုတော့ မလွယ်ကူခဲ့ပါဘူး။ ဘာလိုလဲဆိုတော့သူမအဖေဟီရန်ရဲ့ နောက်ထပ်သားတစ်ယောက်ဖြစ်တဲ့ ပကင်ကသူမဟာ နာလန် မထူနိုင်တော့တဲ့ ဖခင်ကို လှည့်စားမှာကို စိုးရိမ်တဲ့အတွက်ဝင်ရောက်နှောက်ယှက်ခဲ့ပါတယ် ။

ဒါကြောင့် သူတိုနှစ်ယောက်ဟာ ပြင်းထန်တဲ့ပြိုင်ဘက်တွေ ဖြစ်လာကြပါတယ်။ ဒီလိုနဲ့ပဲ သူမရဲ့အမေ Kaewရဲ့သေဆုံးမှုနောက်ကွယ်မှာ တစ်စုံတစ်ယောက်ရှိနေနိုင်တယ်ဆိုတဲ့ အရေးကြီးတဲ့သဲလွန်စတစ်ခုကို သူမ ရှာဖွေတွေ့ရှိသွားတဲ့အခါ သူမရဲ့ဖခင်ကိုရှာဖွေဖိုတာဝန်က
ပိုရှုပ်ထွေးလာပါတယ်။

ပြီးတော့ အတိတ်ကဖြစ်ပျက်ခဲ့တဲ့အရာတွေရဲ့အမှန်တရားကို ဖော်ထုတ်ဖို ကြိုးစားပါတော့တယ်။ဘယ်လိုလျှိဝှက်ချက်တွေ ဖုံးကွယ်ထားတာလဲဆိုတာ BLSFLIX မှာ စောင့်မျှော်ကြည့်ရှုသွားကြရအောင်နော်။
18❤‍🔥9👍1💯1
အမောအပန်းပြေစေမယ့် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေး လာပါပြီနော် "Dynamite Kiss" (2025)

ဇာတ်လမ်းပုံစံလေးကတော့ --------
ဒီဒရာမာလေးထဲမှာ Gong Ji Hyeok နဲ့ Go Darimတို့ရဲ့ မတည့်အတူနေ အချစ်ဇာတ်လမ်းအပြင် Seon Uနဲ့ Ha Yeongတို့ရဲ့ တစ်ဖက်သက် အချစ်ဇာတ်လမ်းလေးကိုပါ ကြည့်ရမှာဖြစ်ပါတယ်။

Gong Ji Hyeok (Jang Ki Yong) ဆိုတဲ့ကောင်လေးဟာ ကလေးအသုံးအဆောင်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရေး ကုမ္ပဏီရဲ့ အမွေဆက်ခံသူဖြစ်သလို အလုပ်နဲ့ပတ်သက်လာရင် တိကျပြတ်သားပြီး စည်းကမ်းကြီးသူတစ်ယောက်ပါ။

Go Darim(Ahn Eunjin) ဆိုတဲ့ ကောင်မလေးကတော့ မိသားစု စားဝတ်နေရေးအတွက် အမြဲတမ်းဝန်ထမ်းဖြစ်နိုင်ဖို့ ကလေးအမေအဖြစ် ဟန်ဆောင်ပြီး Gong Ji Hyeok တို့အဖွဲ့မှာ အလုပ်ဝင်လုပ်ခဲ့သူလေးပါ။

နောက်ပြီး Yoo Ha Yeong(Woo Davi) ကတော့ကုန်ပစ္စည်းဖြန့်ချီရေး ကုမ္ပဏီရဲ့ အငယ်ဆုံးသမီးလေးဖြစ်သလို Art hallမှာ ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့သူပါ။ Kim Seon U(Kim Mu Jun) ဆိုတာကတော့ Single father ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး သူဟာ Go Darim နဲ့ အနှစ်၂၀ကျော် သိလာခဲ့တဲ့ သူငယ်ချင်းတစ်ယောက်လည်းဖြစ်ပါတယ်။

Gong Ji Hyeok နဲ့ Go Darim တို့နှစ်ယောက်သားဟာ အမှတ်မထင်တွေ့ဆုံခဲ့ရာကနေ နမ်းမိခဲ့တဲ့အခြေအနေအထိရောက်ခဲ့ကြပါတယ်။

Go Darim တစ်ယောက် အလုပ်ရဖို့အတွက် ကလေးအမေဟန်ဆောင်ကာ အလုပ်ဝင်ခဲ့သလို ကံကောင်းချင်တော့ အလုပ်ရသွားပြီး ကံဆိုးချင်တော့ အဖွဲ့မှူးက မတော်တဆ သူနမ်းခဲ့ဖူးတဲ့ Gong Ji Hyeok ဖြစ်နေပါတယ်။

Gong Ji Hyeok ကတော့ အိမ်ထောင်သည်အပြင် ကလေးပါရှိတဲ့ မိန်းကလေးက သူနဲ့နမ်းခဲ့တဲ့ဆိုတာကို သိသွားပြီး အစပိုင်းမှာတော့ Go Darim ကို အမြင်မကြည်ပေမယ့် တစ်ဖြည်းဖြည်း Darim အပေါ် ခံစားချက်တွေဖြစ်ပေါ်လာတဲ့အခါမှာတော့ ...

အပတ်စဥ် ဗုဒ္ဓဟူး ကြာသပတေးနေ့တိုင်း SBS ကနေ ပြသပေးသွားမှာဖြစ်သလို Netflix ကနေလည်း ပြသပေးသွားမှာဖြစ်ပြီး စုစုပေါင်း အပိုင်း (၁၄) ပိုင်း ပါဝင်ထားပါတယ်။

ကြည့်ရန်ချန်နယ်
https://t.me/+tYjedvG7a_EyYTll
24👍2
The History Of Sound

အကယ်၍ သင်ဟာ "Call Me by Your Name" သို့မဟုတ် "Brokeback Mountain" လိုမျိုး ရင်ထဲကို အေးစိမ့်သွားစေမယ့် Melancholic Vibe (လွမ်းဆွေးဖွယ် အရသာ) မျိုးကို ကြိုက်တယ်ဆိုရင် ဒီကားက သင့်အတွက်ပါပဲ။

ဇာတ်လမ်းရဲ့ နောက်ခံက ပထမကမ္ဘာစစ်ကာလ (၁၉၁၆ ခုနှစ်) ဖြစ်ပါတယ်။ စစ်ပွဲတွေကြားက မသေချာမရေရာမှုတွေ လွှမ်းမိုးနေတဲ့အချိန်မှာ လူငယ်နှစ်ယောက်ဖြစ်တဲ့ Lionel (Paul Mescal) နဲ့ David (Josh O'Connor) တို့ဟာ ခရီးတစ်ခုထွက်ခဲ့ကြပါတယ်။

သူတို့ရဲ့ ရည်ရွယ်ချက်က ထူးဆန်းပါတယ်။ အမေရိကန်ပြည်သူတွေရဲ့ နှုတ်မှုရေးရာသမိုင်း၊ သီချင်းသံတွေနဲ့ အသံတွေကို လိုက်လံမှတ်တမ်းတင်ဖို့ပါပဲ။ သီချင်းသံတွေကို လိုက်ရှာရင်းနဲ့ သူတို့နှစ်ယောက်ကြားမှာ မပြောပြတတ်တဲ့ သံယောဇဉ်ကြိုးတစ်ခု တဖြည်းဖြည်း ခိုင်မာလာခဲ့ပါတယ်။ ဂီတသံစဉ်တွေ၊ စစ်ပွဲရဲ့ အရိပ်အယောင်တွေနဲ့ တားမြစ်ထားတဲ့ အချစ်တစ်ခုကြားမှာ သူတို့ဘယ်လို ဖြတ်သန်းကြမလဲဆိုတာကို အနုပညာဆန်ဆန် ရိုက်ကူးထားတာပါ။

"ဒါဟာ ရိုးရိုး အချစ်ဇာတ်လမ်း (Romance) တစ်ပုဒ် မဟုတ်ပါဘူး။ မှတ်ဉာဏ်၊ ဂီတနဲ့ အချိန်ကာလတစ်ခုက ယူဆောင်သွားတဲ့ အရာတွေကို တမ်းတခြင်းအကြောင်း တင်ဆက်ထားတဲ့ ကဗျာတစ်ပုဒ်ပါ။ နှလုံးသားကို လှုပ်ခါမယ့် Drama မျိုး ကြည့်ချင်သူတွေအတွက် Highly Recommended ပေးပါတယ်။"
49😱1
The 4th Love Revolution

Join Channel
https://t.me/+9RHONeSEbSE0Nzc1

ရိုမန့်စ်ဟာသကြိုက်တဲ့ ပရိသတ်တွေအတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှာ အသစ်စက်စက် ထွက်ရှိလာတဲ့ "The 4th Love Revolution" (Love.exe) ဆိုတဲ့ Campus Rom-Com ကားလေးအကြောင်း ပြောပြချင်ပါတယ်။

တက္ကသိုလ်တစ်ခုမှာ ဘယ်လိုမှမအပ်စပ်တဲ့ မေဂျာနှစ်ခုကို မဖြစ်မနေ ပေါင်းစည်းလိုက်ရပါတယ်။ တစ်ဖက်မှာက Logic ကျကျ တွက်ချက်တတ်တဲ့ "ကွန်ပျူတာအင်ဂျင်နီယာ (CS)" ကျောင်းသားတွေဖြစ်ပြီး၊ နောက်တစ်ဖက်မှာတော့ ဖက်ရှင်ကျကျ နေထိုင်တတ်တဲ့ "မော်ဒယ် (Modeling)" ကျောင်းသားတွေပါ။

ဒီမတူညီတဲ့ ကမ္ဘာနှစ်ခု ထိပ်တိုက်တွေ့တဲ့အခါမှာတော့...
26
Tee Yai: Born to be bad (2025)

(ဘန်ကောက်မြို့ရဲ့1980 ပြည့် နေ့ရက်တွေမှာ ရာဇဝတ်လောကနဲ့ အမဲလိုက် စုံထောက်တစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ...)

ကြည့်ရန်ချန်နယ်
https://t.me/+J2lxg5j-yhM0ZGU1

၁၉၈၀ ပြည့်နှစ် ဘန်ကောက်မြို့တော်ရဲ့ မှောင်မိုက်တဲ့ အရိပ်မဲအောက်မှာ ရှင်သန်နေကြတဲ့ ရာဇဝတ်သမားနှစ်ယောက်...

ညီအစ်ကိုသံယောဇဥ်ရင်းနှီးမှုလား...
လောကဓံရဲ့ ဖိအားလား
...

••• သူတို့နှစ်ဦးဟာ ခိုးဆိုးလုယက်မှုတွေနဲ့ နာမည်ကျော်တဲ့ ဂိုဏ်းတစ်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေပါ..

••• အဲဒီအချိန်မှာပဲ ရာဇဝတ်လောကကို နှိမ်နင်းဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ထက်မြတ်တဲ့စုံထောက် တစ်ယောက်က နာမည်ဆိုးနဲ့ ကျော် ကြားတဲ့ ဓားပြဂိုဏ်းကို ခြေရာခံပြီး အပြီးအပိုင် ချေမှုန်းဖို့ ဖြစ်လာပါတော့တယ်...

••• စုံထောက်ရဲ့ ဖိအားပေးမှုတွေ...
သူတို့ရဲ့ စီးပွားရေးအခြေအနေယိုယွင်းမှုတွေနဲ့ အတွင်းလူချင်း သံသယဝင်မှုတွေကြားမှာ ...

•••ဒီရာဇဝတ်သမားနှစ်ဦးဟာ သူတို့ရဲ့ ကံကြမ္မာနဲ့ သူတို့ရဲ့ မပြေလည်တဲ့ ညီအစ်ကိုသံယောဇဉ်ကို ဘယ်လိုဆက်ထိန်းသိမ်းကြမလဲ...

အက်ရှင်၊ ရာဇဝတ်မှု၊ စိတ်စားစရာအပြည့်နဲ့ ဒီထိုင်းရုပ်ရှင်ကို BLSFLIX Channel မှာ ရှုစားလိုက်ကြပါဦးနော်...ရာဇဝတ်သမားနဲ့ စုံထောက်တို့ရဲ့ ကြောင်နဲ့ ကြွက်လိုက်တမ်းက ဘယ်လိုအဆုံးသတ်မလဲဆိုတာ ရင်ခုန်စွာ စောင့်ကြည့်ရမှာပါ...

Y..🍂
24🔥1
Bound Contract (2025)

https://t.me/blsflixkoreabl

"ငါ မင်းကို မမေ့နိုင်သေးဘူး... ဒါပေမဲ့ ချစ်သူအသစ်ရနေပြီလို ဟန်ဆောင်ထားတယ်!"

လက်တွေ့ဘဝမှာ ချစ်သူဟောင်းနဲ့ ပြန်ဆုံရင် "ငါ့ဘဝ အဆင်ပြေနေတယ်၊ မင်းမရှိလည်း ပျော်နေတယ်" ဆိုပြီး ဟန်ဆောင်ချင်ကြတာပဲ ----

ဒီထဲကဇာတ်ကောင်ကလည်း ရည်းစားဟောင်းကို လိမ်ပြီး
"ငါ ချစ်သူအသစ် ရနေပြီ" လိုပြောခဲ့တယ်

ရည်းစားအဖြစ်ဟန်ဆောင်ပေးတဲ့ကောင်လေးနဲ့လည်း စာချုပ်တစ်ခု ချုပ်လိုက်မိတယ်

တကယ်တော့ အဲ့ဒီ ဟန်ဆောင်မှုက သူတိုနှစ်ယောက်ကြား မပြီးဆုံးနိုင်တဲ့ စာချုပ် တစ်ခုလို ဖြစ်နေတာပေါ့...

ဇာတ်လမ်းကို ကြည့်ရင်းနဲ့ ကိုယ့်ကိုကိုယ် ပြန်မေးမိမှာက "ဘယ်သူက ဘယ်သူ့ကို ပိုပြီး မမေ့နိုင်သေးတာလဲ?"

"အချစ်ဟောင်းကို ပြန်ရဖိုအတွက် ဒီလို ဟန်ဆောင်နေရတာ တကယ်လိုအပ်ရဲ့လား?"
---------------------------------------------------
ကဲ... ဒီလို "ဟန်ဆောင်-စာချုပ်" ချုပ်ထားတဲ့လူနဲ့ ချစ်သူဟောင်းနှစ်ယောက်ကြားထဲက ရှုပ်ထွေးတဲ့ ဇာတ်လမ်းလေးက နောက်ဆုံး ဘယ်လို အဆုံးသတ်သွားမလဲဆိုတာ သိချင်ရင်တော့ BLSFLX Channel လေးကနေ  ကြည့်ဖြစ်အောင် ကြည့်လိုက်ပါနော်!

Y...💭
40👍2❤‍🔥1💯1
Kiss Kiss S✘✘ (2025)

https://t.me/blsflixkoreabl

အပင်လေးတစ်ပင်ကနေ စတင်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်🌼

လိုင်းပေါ်က ခင်မိကြတဲ့ သူတိုနှစ်ယောက်တစ်ရက် အပြင်မှာ ​တွေ့ကြတဲ့အချိန် အရေးတကြီးပေါ်လာတဲ့အလုပ်ကိစ္စကြောင့် အပင်လေးကို ဂရုစိုက်ပေးဖို ဂျယ်ဟိုတစ်ယောက် အကူအညီတောင်းခံခဲ့ရတယ်...

ဒီလိုက အပင်လေး သေမသွားဖိုအရေး လိုင်းပေါ်ကနေ အဆက်အသွယ်လုပ်ကြရင်းက အပင်လေးနဲ့အတူ သူတိုရဲ့ဆက်ဆံရေးကပါ အတူကြီးထွားလာမှာလား ငြိုးကျပျက်စီးသွားမှာလားဆိုတာကို BLSFLIX ကနေ ဘာသာပြန်တင်ဆက်ပေးသွားမဲ့ Korean Mini BL series လေးကိုစောင့်မျှော်ကြည့်ရှုပေးပါဦးနော်။
38❤‍🔥10👍3💯1
Until We Drown (2025)

https://t.me/blsflix_ChineseTaiwaneseBL

(ဒီတစ်ခေါက် BLS ပရိတ်သတ်တွေကို ညီအစ်ကိုနှစ်ယောက်ရဲ့ နက်ရှိင်းတဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတဲ့ ဇာတ်လမ်းလေး ညွှန်းပေးပါ့မယ်နော်....)

Chang Yu ဟာ ငယ်ဘဝက စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်နေရသူတစ်ယောက်ဖြစ်ပြီး  ရုတ်တရက်ဆိုသလို ဖခင်ဆုံးသွားတဲ့အခါမှာ..
သူ့ရဲ့ အဖေတူမအေကွဲ ညီလေး ဖြစ်တဲ့ Chang Jiang နဲ့ ၁၀ နှစ်ကြာ ဝေးကွာနေခဲ့ရာကနေ ပြန်လည်ဆုံတွေ့ပြီး သူ့ဘဝထဲ ပြန်ရောက်လာပါတယ်....🌊

ညီအစ်ကိုနှစ်ယောက် ပြန်လည်ဆုံတွေ့ချိန်မှာ လျှိဝှက်ပြီးတော့ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတစ်ခု စတင်လာခဲ့ပါတယ်...

နှစ်ယောက်လုံးက သူတိုရဲ့ ဆက်ဆံရေးကို မိသားစုနဲ့ ပတ်ဝန်းကျင်က လက်ခံနိုင်မှာ မဟုတ်ဘူးဆိုတာ သိနေကြပေမဲ့လည်း..

သူတိုကြားက ချစ်ခြင်းမေတ္တာကိုလည်း တားဆီးလို မရခဲ့ပါဘူး....

ပင်လယ်ပြင်လိုပဲ လှပပြီး ရှုပ်ထွေးတဲ့ သူတိုနှစ်ယောက်ရဲ့ ဆက်ဆံရေးက တားမြစ်ထားတဲ့ အချစ် တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်...

နောက်ဆုံးမှာတော့ သူတိုဟာ အတားအဆီးတွေကို ကျော်လွှားပြီး စစ်မှန်တဲ့ အချစ် ကို ရရှိနိုင်မလားဆိုတာကို BLSFLIX Channel လေးမှာ အပတ်စဥ်စောင့်ကြည့်ပေးကြပါဦးနော်...

Y...🌊
72💯5❤‍🔥4👍2