Review by BLSFLIX
27.1K subscribers
829 photos
770 links
Download Telegram
Mystique In The Mirror (2025)

https://t.me/+96vJBPKElbFkYWRl

October လအတွက် သည်းထိတ်ရင်ဖို၊ လျှိဝှက်ဆန်းကြယ်ဓာတ်ပါမယ့် BL ကားမျိုး ‌လိုက်ရှာနေတဲ့ ပရိသတ်တိုအတွက် ဟောဒီ "Mystique In The Mirror" ဆိုတဲ့ Thriller Series လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်ကားရဲ့ ထိုင်းနာမည်က "မှန်ထဲမှာဘယ်သူလဲ" လို အဓိပ္ပါယ်ရပါတယ်။ ဘယ်သူ့ကိုပြောနေမှန်းသိချင်ရင်တော့ ဇာတ်လမ်းအညွှန်းလေးကို ဆက်ဖတ်ကြည့်ပါ။

ရိုးရှင်းတဲ့ Alan ဆိုတဲ့ကောင်လေးရဲ့ဘဝက ကြေးမုံပြင်ထက်ကို သူကြည့်မိတိုင်းပေါ်လာတဲ့ လူထူးဆန်းကြီးရဲ့ဝိညာဉ်ကြောင့် ကမောက်ကမဖြစ်ခဲ့ပါတယ်။

Alan ရဲ့ဖခင်ဟာ သားဖြစ်သူ သွေးလေခြောက်ခြား ထင်ယောင်ထင်မှားဖြစ်နေတယ်ဆိုပြီး သက်သာ‌စေဖို Alan ကိုစိတ်ကျန်းမာရေးဆေးရုံပိုလိုက်ပါတော့တယ်။

ဆေးရုံမှာ Alan ဘေးအခန်းက Darwin ဆိုတဲ့ကောင်လေးနဲ့ဆုံရင်း သံယောဇဉ်တွယ်မိကြပါရော။ ဒီလိုနဲ့ Darwin ဆီကအကူအညီကိုယူပြီး Alan တစ်ယောက် ကြေးမုံထက်ကလူထူးဆန်းဝိညာဉ်ကြီးနဲ့သူ အတိတ်မှာဘာပတ်သက်မှရှိနေလဲသိရအောင် လိုက်ရှာပါတော့တယ်။

ဆေးရုံမှာကုပြီး အဖေ့ဆီပြန်မယ့် Alan များမကြာမီမှာပဲ စာရွက်စာတမ်းတစ်ခုကြောင့် သိလိုက်ရတာ သူ့ဖခင်ဖြစ်သူ ဆုံးပါးသွားတာ ကြာလှပါပြီတဲ့။

Alan နဲ့ သူမှန်ပေါ်မှာမြင်နေရတဲ့ ဝိညာဉ်ကြီးက ဘာပတ်သတ်မှုရှိနေလဲ။ တကယ်ပဲ သူထင်ယောင်ထင်မှားဖြစ်နေတာလား။ Darwin ကရော ရိုးရဲ့လား။ စိတ်ကျန်းမာရေးဆေးရုံမှာ Alan နဲ့ Darwin တွယ်မိတဲ့ကြိုးလေးရော ခိုင်မြဲပါ့မလား။

မြင်နေကျဇာတ်ကားပုံစံတွေနဲ့မတူဘဲ Psychology အနည်းငယ်ပါလို ထူးခြားတဲ့အရသာတစ်ခုဖြစ်တဲ့ Mystique In The Mirror Series ကို ကြည့်ရှုအားပေးကြပါဦး။
73❤‍🔥7💯3👍1🎉1
Sweet Dreams (2025)

https://t.me/blsflix_connect

ဒါရိုက်တာ Tai ရဲ့ သည်းထိတ်ရင်ဖိုလက်ရာတစ်ခုဖြစ်တဲ့ "Sweet Dreams" ဆိုတဲ့ဇာတ်ကားဟာ ရုံတင်ပြီးတာနဲ့ တစ်ပြိုင်နက် ကမ္ဘာကြီးကို လှုပ်ခတ်သွားစေခဲ့ပါတယ်...

အကြောင်းရင်းကတော့... Tai ဖန်တီးခဲ့တဲ့ ဇာတ်ဝင်ခန်းအတိုင်း အပြင်လောကမှာ သွေးပျက်ဖွယ် လူသတ်မှုတွေ ဆက်တိုက် ဖြစ်ပွားလာလိုပါပဲ....

••• ဒါက မတော်တဆမှုလား၊ ဒါမှမဟုတ် Tai ရဲ့ ရုပ်ရှင်ကို အတုယူပြီး ကြိုးကိုင်နေတဲ့ စိတ်ရူးသွပ်နေတဲ့သူတစ်ယောက်ရဲ့ လက်ချက်လား...

••• ဒီထိတ်လန့်စရာ အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို Tai တစ်ယောက် အမှုလိုက်အရာရှိတစ်ဦး နဲ့ ထိုးထွင်းဉာဏ်ကောင်းတဲ့  စိတ်ရောဂါကုဆရာဝန် တစ်ဦးတိုရဲ့ အကူအညီကို ယူခဲ့ရပါတယ်...

••• အချိန်နဲ့အမျှ ရုန်းကန်နေရပြီး ဒီလူသတ်သမားကို မမိမချင်း သူတိုသုံးယောက်ရဲ့ ဘဝက အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေခဲ့ပါတယ်....

ဒါတင်မကသေးပါဘူး Tai ရဲ့ အတိတ်က နာကျင်စရာ အရိပ်တစ်ခုဖြစ်တဲ့ ချစ်သူဟောင်းကလည်း ရုတ်တရက် ပြန်ပေါ်လာပြီး သူ့ဘဝကို ထပ်မံ လှုပ်ခတ်စေပြန်ပါတယ်...

သူမရဲ့ ရည်ရွယ်ချက်ကဘာဖြစ်နိုင်မလဲ၊ ဒီလူသတ်မှုတွေနဲ့ ပတ်သက်နေတာလား

ဒီထိတ်လန့်စရာ ဂိမ်းမှာ Tai တစ်ယောက် အဆုံးမသတ်နိုင်တဲ့ "Sweet Dreams" ရဲ့ သံသရာထဲကနေ လွတ်မြောက်နိုင်ပါ့မလား....

~~ အမှုစစ်အရာရှိ၊ စိတ်ရောဂါကုဆရာဝန်နဲ့ ရည်းစားဟောင်းတိုကြားထဲက ဘယ်သူ့ကို ယုံကြည်ပြီး အမှန်တရားကို ဘယ်လို ဖော်ထုတ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးပါ...

အိပ်မက်ဆိုးကို တကယ်ဖြစ်အောင် ဖန်တီးသူဟာ... Tai ကိုယ်တိုင်လား၊ ဒါမှမဟုတ် အခြားတစ်ယောက်ယောက်လားဆိုတာအဖြေကို ရှာဖွေရင်း သည်းထိတ်ရင်ဖို ခံစားရမယ့် "Sweet Dreams" ဆိုတဲ့ ဇာတ်ကားကို BLSFLIX Channel လေးကနေ လက်မလွတ်တမ်း ကြည့်ရှုပေးကြပါဦးနော်...

Y....🐾
25❤‍🔥7👍1🐳1💯1
Futari Escape (2025)
" ဇာတ်ခုံထက်မှ လွတ်မြောက်ခြင်း "

https://t.me/blsflixchannel_GL

ဒီဇာတ်လမ်းလေးကတော့ လက်တွေ့ဘဝကနေ ထွက်ပြေးနေတဲ့သူ နှစ်ယောက်အကြောင်းကို ပုံဖော်ထားတာဖြစ်ပါတယ် anime ဇာတ်လမ်းလေးကို live action အဖြစ် ပြန်ရိုက်ကူးထားတဲ့ ဂျပန်ဇာတ်လမ်းလေးပါ

အလုပ်ပိနေတဲ့ manga ရေးဆွဲသူတစ်ယောက်နဲ့ လူကြီးတာဝန်တွေကနေ လွတ်မြောက်ဖို ကြိုးစားနေတဲ့ ရေသာခိုနေတဲ့ အလုပ်လက်မဲ့ စီနီယာအစ်မတစ်ယောက်

သူတိုနှစ်ယောက်ရဲ့ လက်တွေ့ဘဝကနေ ထွက်ပြေးနေမှုကို ကြည့်ရှူရမှာပါ

အလုပ်မလုပ်ဘဲ နှစ်ယောက်သားက ခရီးထွက်တာဖြစ်ဖြစ် ကောင်းကောင်း စား​သောက်လိုက်တာဖြစ်ဖြစ် အဲဒီလိုလုပ်ပြီး နှစ်ဦးသားက အတူတူရှိတိုင်း ပျော်ရွှင်နေတတ်ကြပါတယ်

ခက်ခဲတဲ့အရာတွေကနေ ခဏလောက် ထွက်ပြေးပြီး ရလာတဲ့သေးငယ်တဲ့ ပျော်ရွှင်မှုတွေကို ဒီဇာတ်လမ်းလေးမှာ မြင်တွေ့ရမှာပါ

ပရိတ်သတ်ကြီးလည်း တစ်ခါတလေ အလုပ်တွေ အရမ်းများ အခက်အခဲတွေများထဲအခါ ခဏလောက် လွှတ်ချပြီး ပျော်ပျော်နေကြည့်ချင်တာမျိုးလည်း ရှိကြမှာပါပဲ ဒီကားလေးက လက်တွေ့ဘဝနဲ့ ကိုက်ညီနေမှာပါ ဒီဇာတ်လမ်းလေးကို BLS Flix Channel မှာ ကြည့်ရှူပေးပါဦးနော်
13❤‍🔥2👍1💯1
EXchange S04

https://t.me/+Vl5JBAk7K-hkZGJl

Dating showsတွေထဲ အားပေးမှုများပြီး season အများဆုံးထွက်နိုင်တဲ့ EXchangeအစီအစဉ်ဟာ ဒီတစ်ခါလည်း Season 4ဟာ အောင်အောင်မြင်မြင်နဲ့ ကြည့်ရှုသူတွေရှေ့ကိုရောက်လာပြီဖြစ်ပါတယ်။☕️

ထုံးစံအတိုင်း ဘယ်သူက ဘယ်သူ့ရဲ့ ရည်းစားဟောင်းဆိုတာကို လျှို့ဝှက်ထားရပြီး စိတ်၀င်စားရာလူနဲ့ ဒိတ်ပြီး နောက်ဆုံးမှာ တစ်ယောက်ကိုရွေးချယ်ရာတာဖြစ်ပါတယ်။ မိမိရဲ့ အလုပ်အကိုင် အသက် နေထိုင်ရာ မှန်သမျှကို လျှို့ဝှက်ထားရပြီး ကိုယ့်ရဲ့ Charmတစ်ခုတည်းနဲ့သာ တစ်ဖက်လူကိုစိတ်၀င်စားစေရတာမလို့ စစ်မှန်တယ်လို့ပြောရင်လည်းမမှားပါဘူး။🍸

ပိုပိုပြီးစိတ်၀င်စားစရာကောင်းလာ ချောလာတဲ့ Participantsတွေဟာ ဘယ်လိုအမှတ်တရမျိုးတွေ ဘယ်လိုဒရမ်မာတွေကို ခင်းသွားမလဲဆိုတာကိုသိချင်ရင်တော့ BLSFLIXချန်နယ်မှာ လက်မလွှတ်တမ်းစောင့်ကြည့်လိုက်ကြရအောင်နော်။🥂
23🍓3
GBRB: Joy Pops Laugh Pops

"GBRB Spinoff: Cafeteria"ရဲ့အဆက်ဖြစ်ပြီး နာမည်ကြီးမင်းသားဖြစ်တဲ့ ဂင်ဝူဘင်၊ နာမည်ကြီးဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အီဂွမ်ဆိုးနဲ့ EXOအဖွဲ့၀င်လေး D.Oတို့ အဓိကပါ၀င်ရိုက်ကူးထားတဲ့ "GBRB: Joy Pops Laugh Pops" Variety Showလေးကို BLSFLIXချန်နယ်ကနေပြီးတော့ ဘာသာပြန်ပြီးတင်ဆက်‌ပေးသွားတော့မှာဖြစ်ပါတယ်။

ပထမSeasonတုန်းကလည်း အားပေးမှုများခဲ့ပြီး ဗဟုသုတအပြင် ရသအစုံပါရတာမလို့ ရသစုံအစီအစဉ်ချစ်သူတွေစောင့်‌မျှော်နေကြတဲ့ အစီအစဉ်ဆိုလည်း မမှားပါဘူး။

ဒီတစ်ခါမှာတော့ အဖွဲ့၀င်သုံး‌‌ယောက်က overseas ထွက်ပြီး ပေးထားတဲ့ဘတ်ဂျက်နဲ့အညီ ခရီးလည်ပတ်နိုင်ဖို့ ကြိုးစားရပါတယ်။ ဘာသာစကားအခက်အခဲကအစ နေရာအခက်အခဲအဆုံး အခက်အခဲပေါင်းစုံရင်ဆိုင်ရတဲ့အပြင် နေရာသစ် ယဉ်ကျေးမှုအသစ်စတဲ့ အတွေ့အကြုံအသစ်တွေကို သူတို့ကလည်း ‌ကြုံတွေ့ရင်း ကြည့်ရှုသူတွေကိုလည်း တင်ဆက်ရင်းရိုက်ပြထားတာမလို့ အတူတကွ လက်လွှတ်မခံဘဲ စောင့်ကြည့်လိုက်ကြရအောင်နော်။

Join Channel
https://t.me/blsflix_Variety01
56
Pluto Charon (2025)

https://t.me/blsflix_channel33

" ကျွန်တော်က အချိန်တွေကျော်ဖြတ်ပြီး ခင်ဗျားဆီ အရောက်လာခဲ့တာ....
ဒါပေမယ့် ကျွန်တော့်ရဲ့ရည်မှန်းချက်က ဘာလဲဆိုတာ ကျွန်တော်ကိုယ်တိုင် မသိခဲ့ဘူး..."


Yang You ဆိုတဲ့သတင်းထောင်လေးက ကြောင်သူခိုးတွေနောက်ကိုလိုက်ရင်း မတော်တဆ မှောက်မိုက်နေတဲ့ နာရီပြင်ဆိုင်ထဲ ရောက်သွားမိပါတယ်...

နာရီဆိုင်ရှင်ဦးလေးကြီးက သူ့ကို စကားတစ်ချိုပြောလိုက်ပေမယ့် သူစိတ်ထဲသိပ်မထားလိုက်မိဘူး....

အဲဒီနေ့က ကောင်းကင်မှာ "သွေးရောင်လွှမ်းတဲ့လ" တစ်စင်းပေါ်ပေါက်ပြီးနောက်ပိုင်း ထူးခြားတာတွေ ဖြစ်လာခဲ့ပါတယ်...

Yang You က မိမိကိုယ်မိမိ အချိန်မရွေး အချိန်ခရီးသွားနိုင်ပြီး လျှိဝှက် ချက်တွေရှိနေတဲ့သူ တစ်ယောက်လား....

Chen Shi နဲ့ Yang You တိုရဲ့ တွေ့ဆုံမှုက ချစ်ခြင်းမေတ္တာကြောင့်လား ဒါမှနဟုတ် အချိန်အကန့်အသတ်နဲ့ ချည်နှောင်ထားတဲ့ ကံ့ကြမ္မာ မစ်ရှင်တစ်ခုလား...
------------------------------------------
ဇာတ်လမ်းလေးက လူသားတွေရဲ့စိတ်ခံစားချက်နဲ့ စကြာဝဠာကြီးရဲ့ ဒဿနတွေကို ရောစပ်ရိုက်ကူးထားတဲ့ Time-Travel Romance Mystery ဇာတ်လမ်းလေးတစ်ခုပါ

ဒီတော့...ဇတ်လမ်းလေးကို အပတ်စဥ် BLSFLIX Channel မှာစောင့်မျှော်ကြည့်ရှုလိုရပါပြီနော်

Y...
91❤‍🔥6🥰1🍓1
ရေနဂါးရဲ့ တီးတိုးကြမ္မာ

Join Channel
https://t.me/blsflixchannel112

🦊နတ်ကားသိုင်းကားဆိုရင် Luo Yunxiမှ ကြည့်ချင်သူတို့အတွက် ကောကောရဲ့ Whispers of Fateဆိုတဲ့ဇာတ်ကားလေးကို BLSFLIX Channelကနေပြီးတော့ ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။

🦊မြေခွေးမိစ္ဆာလို ကောက်ကျစ်တယ်ဆိုပြီး နာမည်ကြီးတဲ့ ထန်လီစစ်(Luo Yunxi)ဟာ တကယ်တော့ အတိတ်ဆိုးကို ရင်ထဲမချိနေအောင် သယ်ဆောင်ထားရသူတစ်ဦးပါ။

🦊ဒီလိုနဲ့နေထိုင်ရင်း တစ်နေ့မှာ ၀မ်မိသားစုတစ်စုလုံးကို သတ်ဖြတ်သွားသူပါဆိုပြီး ဆရာတူအစ်ကိုဖြစ်သူက လျိုယန်(Alen Fang)က ချောက်ချလိုက်တဲ့အခါ။ သိုင်းလောကတစ်ခုလုံးရဲ့ ရန်သူဖြစ်သွားပြီး ပြဿနာတွေက ထပ်ဆင့်ဆိုသလို ကျန်းဟူအရေးကိစ္စနဲ့ပါ ပါဝင်ပတ်သက်လာရတဲ့ ထန်လီစစ်ဟာ လမ်းတစ်လျှောက် ပြဿနာတွေကိုဖြေရှင်းရင်း မိတ်ဆွေတွေတိုးလာပါတယ်။

🦊ကောကောဟာဆိုရင် ဇာတ်လမ်းအရွေးမမှားတတ်သူမလို့ ဒီသိုင်းဇာတ်လမ်းလေးဟာလည်း သာမန်ဇာတ်လမ်းတော့ ဟုတ်မနေပါဘူး။ မင်းသမီးငယ်လေးတွေနဲ့ Love lines‌တွေပါပါတဲ့အပြင် Chang Hua Senတို့ Aimiတို့လို တက်သစ်စ မင်းသား မင်းသမီးတွေကပါ ပါ၀င်အားဖြည့်ထားတာမလို့ ကြည့်ချင်ရင်တော့ BLSFLIX Channelကို ၀င်ထားဖို့ မမေ့လိုက်ကြနဲ့နော်။
47
My Safe Zone (2025)

https://t.me/+sbA3W7yuwL80NDZl

(ဇာတ်ကားနာမည်လေးအတိုင်းပဲ လူတိုင်းမှာ ကိုယ့်ရဲ့ Safe Zone လေးတစ်ခုတော့ ရှိကြမှာပါ)

Alin နဲ့ Jane ဆိုတဲ့ ကောင်မလေး နှစ်ယောက်ဟာ မွေးကတည်းက အိမ်ချင်းကပ်လျက်နေထိုင်ကြပြီး အတူတူကြီးပြင်းလာတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ပါ

~•~• နေကြာပန်းလေးလို လန်းဆန်းတက်ကြွတဲ့ Alin ကို အေးဆေးပြီးနားလည်မှုရှိတဲ့ Jane ကတိတ်တခိုး ချစ်နေခဲ့တာကတော့ ဘယ်သူမှမသိခဲ့တဲ့ လျှိဝှက်ချက်လေးပေါ့ ~~

~•~•ဘွဲရပြီးတဲ့နောက်မှာတော့ Alin ဟာ သူ့ရဲ့ ကြီးမားတဲ့ အိပ်မက်တွေနောက်ကို လိုက်ရင်း Jane ရဲ့ဘဝထဲကနေ နိုင်ငံရပ်ခြားကို ခေတ္တခဏ ထွက်ခွာသွားခဲ့ရပါတယ် ~~

~•~•Jane အတွက်ကတော့ Alin တစ်ယောက် မသိလိုက်တဲ့ တစ်ဖက်သက်အချစ်ကို ရင်ထဲမှာ မြိုသိပ်ထားခဲ့ရတဲ့အတွက်ကြောင့် ခါးသီးတဲ့ လမ်းခွဲခြင်းဖြစ်ခဲ့ရပါတယ်~~

~•~•နှစ်တွေအကြာမှာတော့ အချစ်ရေး ကံမကောင်းတဲ့ ကိစ္စကြောင့် Alin ဟာ သူ့ရဲ့ Safe Zone လေးဆီ ပြန်လာခဲ့ပါတော့တယ်...

~•~•အဲဒီအချိန်မှာတော့ သူ့ကို နားလည်ပေးနိုင်ဆုံး၊ နှစ်သိမ့်ပေးနိုင်ဆုံးဖြစ်တဲ့ Jane နဲ့ ပြန်လည်ဆုံတွေ့ခဲ့ရပါတယ်....

နှစ်တွေကြာပြီးတဲ့နောက် ပြန်လည်နီးစပ်လာတဲ့အခါမှာရော...

"သူငယ်ချင်း" ရယ်လို သတ်မှတ်ထားတဲ့ နယ်နိမိတ်ကို ကျော်ဖြတ်ပြီး "အချစ်ဆုံးချစ်သူ" အဖြစ် ရွေးချယ်နိုင်ပါ့မလား~~

Alin တစ်ယောက် သူရဲ့ပျက်စီးသွားတဲ့ အချစ်ရေးကို ကုစားရင်း Jane ရဲ့ မပြောဖြစ်ခဲ့လိုက်တဲ့ ခံစားချက်တွေကို နားလည်လာပါ့မလား~~

~•~•~•~•~•~•~•~•~•~•~•~•~•~
ပေါ့ပေါ့ပါးပါးနဲ့ ရင်ခုန်စရာကောင်းပြီး၊ နွေးထွေးမှုအပြည့်နဲ့ ငယ်ချစ် သူငယ်ချင်းတွေရဲ့ အချစ်ဇာတ်လမ်းလေးကို BLSFLIX Channel မှာ ကြည့်ရှုပေးကြပါဦးနော် •••

Y...🌻
29❤‍🔥4😭2👍1💯1
Fox Spirit Matchmaker: Sword And Beloved
(ဓားသမားနှင့် ယမင်းသူဇာ)

Join Channel
https://t.me/+GO_ugKvWdnYyMGRl

⚔️Fox Spirit Matchmaker: Love in Pavilionက ကြေကွဲ၀မ်းနည်းစွာနဲ့ အဆုံးသတ်ခဲ့ပြီးတဲ့နောက်မှာတော့ ၀မ်ချွန်ဟုန်ယဲ့နဲ့ သုန်းဖုန်းဟျွိုင်ကျူတို့ရဲ့ သားဖြစ်သူ ၀မ်ချွမ်မျိုးနွယ်တွင် အသန်မာဆုံးဖြစ်လာမဲ့ ၀မ်ချွမ်ဖုကွေ့ (Cheng Yi)ရဲ့ ဇာတ်လမ်းဖြစ်တဲ့ Fox Spirit Matchmaker: Sword and beloved (ဓားသမားနှင့် ယမင်းသူဇာ)ဆိုတဲ့ ဇာတ်ကားလေးကို BLSFLIX ချန်နယ်ကနေပြီးတော့ ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာပါ။

⚔️မိမိလက်ထပ်တုန်းက မြေခွေးနက်မိစ္ဆာကို မသတ်နိုင်ခဲ့တဲ့ ၀မ်ချွမ်ဟုန်ယဲ့ရဲ့ သူ့နောင်တတရားများစွာကို သားဖြစ်သူ ဖုကွေ့အပေါ်မှာပုံချရင်း စည်းကမ်းကျပ်မတ်စွာ ကြီးပြင်းစေခဲ့တာမလို့ ဖုကွေ့ဟာ လွတ်လပ်မှုကို တောင်းတမှန်းမသိ တောင်းတလာတတ်ပါတယ်။

⚔️မျိုးနွယ်စုရဲ့တာ၀န်ကို ထမ်းပိုးရင်း ပင့်ကူမိစ္ဆာမလေး ချင်းထုန်(Li Yi Tong)အား သံယောဇဉ်တွယ်လာလေတဲ့အခါ။ ဒါပေမဲ့လည်း သွေးကြွေးတွေက ဆပ်ရ‌သေးတာမလို့ ဖုကွေ့ခမျာ မောလို့အသက်၀၀တောင် မရှုနိုင်ရသူလေးတစ်ဦးပါ။ ဒီလိုနဲ့ သိုင်းလောကအရှုပ်အရှင်းကို ဖြေရှင်းရင်း မိစ္ဆာနှင့် လူသားတို့ကြား ငြိမ်းချမ်းရေးကို မိတ်ဆွေဖြစ်သူတွေနဲ့ အတူထိန်းသိမ်းပေးရင်း မြေခွေးနက်မိစ္ဆာအထိပါ ချေမှုန်းသွားမှာပါ။

⚔️Winwinတို့ Cheng Hua Senတို့လို တက်သစ်စမင်းသားတွေကလည်း ပါ၀င်အားဖြည့်ထားသေးတာမလို့ ဒီမြေ‌ခွေးဇာတ်လမ်းရဲ့ နောက်ဆုံးဇာတ်ကြောင်း ဖုကွေ့တို့အကြောင်းကို လက်မလွှတ်တမ်း စောင့်ကြည့်လိုက်ကြရအောင်နော်။
25
The Dream Life of Mr. Kim

https://t.me/+WJTgU5y7IRA2ODJl

ယခုတစ်ခါ BLSFLIX ကတင်ဆက်ပေးမဲ့ K Dramaကားလေးကတော့ The Dream Life of Mr.Kim လို့အမည်ရတဲ့ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာဆိုရင်တော့ လူ့ဘဝမှာကြုံတွေ့ရလေ့ရှိတဲ့ ဖြစ်ရပ်တွေကို Comdey ဆန်ဆန်ရိုက်ကူးဖော်ပြထားတာပဲဖြစ်ပါတယ်။ ဒီကားလေးကိုဆိုရင် အပတ်စဉ်‌ စနေ၊တနင်္ဂနွေနေ့တွေမှာပြသသွားမှာဖြစ်ပြီးတော့ စုစုပေါင်း ၁၂ ပိုင်းပါဝင်မှာပဲဖြစ်ပါတယ်။


ဒီကားလေးမှာဆိုရင် ဝါရင့်သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ Ryu Seung Ryong နဲ့ Yoo Seung Mokတို့အပြင် မင်းသားချောလေး Cha Kang Yoonကလည်း ပါဝင်ရိုက်ကူးသွားမှာပဲဖြစ်ပါတယ်။ ဇာတ်လိုက်မင်းသမီးအနေနဲ့ Myung Se Bin မှပါဝင်ရိုက်ကူးသွားမှာပဲဖြစ်ပါတယ်။


ဒီဇာတ်ကားလေးမှာဆိုရင်တော့ Kim Nak Suရဲ့ဘဝဇာတ်လမ်းလေးကိုပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Kim Nak Suဟာဆိုရင် အရည်အချင်းရှိတဲ့စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်ပြီး လုပ်ငန်းအတွင်းမှာဆိုလည်း ရာထူးတွေဆက်တိုက်တိုးခံရတာဖြစ်ပါတယ်။ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝကိုပါ ပိုင်ဆိုင်ထားရတဲ့ Kim Nak Suဟာ လောကဓံရဲ့ရိုက်ခတ်မှုတစ်ခုကြောင့် သူ့ဘဝဟာ ပြောင်းလဲသွားခဲ့ရပါတော့တယ်။ အခက်အခဲတွေကြားရုန်းကန်ရင်း ဘဝခရီးကိုတစ်ဖန်ဖြတ်ကျော်ရတဲ့ Kim Nak Suဟာဆိုရင် သူရဲ့ပုံစံအစစ်အမှန်ကိုတွေ့လာရတဲ့အပြင် ပျော်ရွှင်မှုဆိုတဲ့အရာကိုပါ တွေ့ရှိလာတဲ့အခါမှာ သူ့ဘဝခရီးကဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်ဗျ။
25
Spirit Fingers

Join Channel
https://t.me/+K6WyJHKa82NjMjk1

🪄ကျောင်းသားကားလေးကိုမှ အရောင်အသွေးစုံစုံ တက်တက်ကြွကြွလေး ကြည့်ရှုရမဲ့ Spirit Fingersဆိုတဲ့ ဇာတ်ကားကို BLSFLIX Channelကနေပြီးတော့ ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ နာမည်ကြီး Manhwaကို live actionအဖြစ် ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။

🪄Song U Yeon(Park Ji Hu) ဟာ ကိုယ့်ကိုယ်ကိုယုံကြည်ချက်မရှိတဲ့ စာချည်းသာဖိလုပ်နေတတ်တဲ့ ၁၈နှစ်အရွယ်ကျောင်းသူလေးတစ်ယောက်ပါ။ တစ်နေ့မှာ အပြောင်းအလဲဖြစ်ဖို့ဆိုပြီး Art Clubတစ်ခုကို၀င်လိုက်ပါသတဲ့။

🪄ဒါပေမဲ့ ဒီArt Clubဟာ ပုံချည်းထိုင်ဆွဲနေရတဲ့ သာမန်အသင်းမျိုးမဟုတ်ဘဲ အရောင်အသွေးစုံလူတွေနဲ့ ဖွဲ့စည်းထားတဲ့အခါ။အဖွဲ့နာမည်လေးကလည်း Spirit Fingersပါတဲ့။ ပန်းချီဆွဲရုံတင်မဟုတ်ဘဲ ဒီအဖွဲ့လေးက မိမိကိုယ်ကို ရှာတွေ့ဖို့ပါ ဘယ်လိုကူညီပေးသွားမလဲ။ ဒီထဲမှာမှ အဖွဲ့၀င် Red fingerဖြစ်တဲ့Nam Gi Jeong(Cho Jun Young)ဆိုတဲ့ ကောင်ချောလေးရဲ့ စိတ်၀င်စားမှုကိုလည်း U yeonတစ်ယောက် ဘယ်လိုရသွားမလဲဆိုတာကို သိချင်ရင်တော့ BLSFLIX Channelမှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လက်မလွှတ်တမ်း စောင့်ကြည့်လိုက်ကြရအောင်နော်။
28❤‍🔥2
Forwarded from BLSFLIX-1
Mission: Love or Lies (2025)

https://t.me/BLSFLIX_Channel25

ရဲ​မေ Achiဟာ လုပ်ကြံခံရတဲ့ အာဏာရှိနိုင်ငံ​ရေးသမားတစ်​ယောက်ရဲ့သမီးဖြစ်သူ Patty ကို ကာကွယ်​ပေးဖို့ တာဝန်​ပေးအပ်ခံရပါတယ်။
တစ်ဖက်မှာလည်း Patty က လုံခြုံ​ရေးကိုစိတ်ပူတဲ့အတွက် သူမရဲ့ အနီးကပ် ​ဘော်ဒီဂတ်ဖြစ်တဲ့ Alice နဲ့ ​နေရာချင်း လဲခဲ့ပါတယ်။

Patty ရဲ့ လုံခြုံ​ရေးအတွက် Achi အပြင် Chama ကပါ တာဝန်ထမ်း​ဆောင်ဖို့ သူတို့ဆီ​​​ရောက်လာတဲ့အခါ သူတို့ကြားထဲက ဆက်ဆံ​ရေး​တွေက နက်နဲလာပါ​တော့တယ်

Patty ရဲ့ လုံခြုံ​ရေးအတွက် တာဝန်ကို ထမ်း​ဆောင်ကြရင်း တာဝန်ဆိုတဲ့အရာထက် ​ကျော်လွန်သွားပြီး သူတို့၄ဦးကြားအချစ်မီးပွား​လေး​တွေ တစ်စတစ်စ တိုးလာခဲ့တဲ့အခါ ..အန္တရာယ်​တွေကြား ထူးဆန်းမှု​တွေနဲ့အတူ ​နောက်ကွယ်က လျှို့ဝှက်ချက်​တွေ ​ပေါ်လာတဲ့အချိန် သူတို့ ဘာ​တွေဆက်ဖြစ်ကြမလဲ

နိုင်ငံ​ရေးရှူပ်​ထွေးမှု​တွေ တာဝန်ဝတ္တရား​တွေ လိမ်ညာဖုံးကွယ်မှု​တွေကြားက ဆက်ဖြစ်လာမဲ့ သူတို့၄ဦးရဲ့ ဇာတ်လမ်းကို BLSFLIX Channel မှာ ဆက်လက်​စောင့်​မျှော်ကြည့်ရှု​ပေးပါဦးရှင့်
14❤‍🔥3👍1💯1
Therapy Game (2025)

https://t.me/Blsflix_JavaneseSeries

Minato နှင့် အရက်မူးသမားလေး

Minato ဟာ ရုပ်ချောပြီးကြည့်ကောင်းတဲ့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် သူ့သူငယ်ချင်းတွေအပေါ် အရမ်းတွယ်တာတဲ့ "Bro-Complex" လေးရှိနေတဲ့သူပါ

*** တစ်ညမှာတော့.....
ဘားတစ်ခုထဲမှာ အရမ်းမူးနေတဲ့ Shizuma ဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ သူဆုံခဲ့ပါတယ်....

Shizuma ရဲ့ နွေးထွေးပြီး အလိုလိုက်တတ်တဲ့ အထိအတွေ့လေးတွေက Minato ရဲ့ ရင်ထဲမှာ ဆွဲဆောင်မှုတစ်ခုဖြစ်သွားခဲ့ပြီးတော့ သူတိုနှစ်ယောက် ဟိုတယ်တစ်ခုမှာ တစ်ညတာ အမှတ်တရလေး ဖန်တီးခဲ့ကြပါတော့တယ်....💕

ဒါပေမဲ့ မနက်ရောက်တဲ့အချိန်မှာတော့ ကံကြမ္မာက ကစားတော့တာပါပဲ!!!

*** Shizuma တစ်ယောက် ညကဖြစ်ခဲ့သမျှကို လုံးဝမမှတ်မိတော့ပါဘူး

"ခင်ဗျား... ဘယ်သူလဲ?" ဆိုတဲ့ မေးခွန်းနဲ့ ရင်ဆိုင်ရတော့ Minato တစ်ယောက် ဘယ်လောက်ဒေါသဖြစ်သွားမလဲဆိုတာ ခန့်မှန်းလိုတောင်မရလောက်ဘူးနော် .....

ဒါပေမဲ့ သူစိတ်မပျက်သွားပါဘူး
"ကောင်းပြီလေ... ဒါဆိုလည်း ငါ မင်းရဲ့ အသည်းနှလုံးကို အပိုင်သိမ်းတာပေါ့!"
လို ကြွေးကြော်လိုက်ပြီး ဘားဝန်ထမ်း တွေနဲ့ အလောင်းအစားတစ်ခု လုပ်လိုက်ပါတော့တယ်..

••• Minato တစ်ယောက် Shizuma ရဲ့ အသည်းနှလုံးကို ဘယ်လို သိမ်းပိုက်မလဲ?

••• Minato ရဲ့ ချစ်စရာကောင်းတဲ့ လှည့်ကွက်တွေနဲ့ လောင်းကစားက အောင်မြင်မလား?

••• တစ်ညတာ အမှတ်ရစရာလေးကို မေ့နေတဲ့ Shizuma ရဲ့ နှလုံးသားက ဘယ်သူ့ဆီကို ဦးတည်နေမလဲ?
---------------------------------------------
အချစ်ကို ဖုံးကွယ်ထားရတဲ့ ကောင်လေးတစ်ယောက်ရဲ့ ချစ်စရာကောင်းပြီး ရိုးရှင်းတဲ့ ချစ်သူလိုက်နည်းတွေကို အူယားစရာကောင်းအောင် ကြည့်ရမှာဆိုတော့ BLSFLIX Channel လေးကနေ အတူတူ ကြည့်ရှုလိုက်ရအောင်နော်! 💕

Y..
85❤‍🔥6👍2
Fight For Love

🍂Rebirth ကားလေးဖြစ်တဲ့ မမSong Qianနဲ့ ကော‌ကော Ding Yuxiတို့ရဲ့ Fight For Love(သစ္စာလွန်းချည် ချစ်ခြင်းတည်) ဆိုတဲ့ဇာတ်ကားလေးကို BLSFLIXချန်နယ်ကနေ ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။

🍂အိမ်ထောင်ပြုမှားပြီး ပထမဘ၀မှာ ဘ၀ဇာတ်ကြောင်းမလှတဲ့အပြင် မွေးရပ်မြေရဲ့အဝေးမှာ သေဆုံးခဲ့ရတဲ့ Chu Yu(Song Qian)ဟာ ဒုတိယဘ၀မှာတော့ ကံဆိုးမိုးမှောင်ကျလွန်းလှတဲ့ Wei Yun(Ding Yuxi)ကိုသာလက်ထပ်ပြီး ဝေ့မိသားစုထဲ၀င်ခဲ့ပါတော့တယ်။ မိန်းမသားတစ်ယောက်အဖို့ အိမ်ထောင်ပြုဖို့ကသာ အားပေးနေတဲ့ခေတ်မှာ Chu Yunဟာ မိမိကိုယ်ကို ပျောက်ဆုံးနေရပြန်ပါတယ်။

🍂ဒီလိုနဲ့Chu Yuတစ်‌ယောက် နိုင်ငံရေးလှည့်ကွက်တွေထဲ ပထမဘ၀ကလို အဆုံးမသတ်အောင် ကြိုးစားရင်း Wei Yunကိုလည်း ကျော်ကြားတဲ့စစ်သူကြီး တစ်ယောက်ဖြစ်လာအောင် ကူညီပေးရင်းကနေ ကိုယ်တိုင်ကပါ ကိုယ့်ခွန်းအားနဲ့တည်ဆောက်ထားတဲ့ အမျိုးသမီးစစ်သူကြီးဖြစ်လာတဲ့အခါ။ နှစ်ယောက်သား ချစ်ခြင်းမေတ္တာရော ဘက်ပေါင်းစုံကရောပါ အပေးအယူမျှမျှနေထိုင်ရင်း ဝေ့မိသားစုအပေါ် ကျရောက်လာတဲ့ရန်စွယ်မှန်သမျှကို ဘယ်လိုကာကွယ်သွားမလဲဆိုတာကို ကြည့်ချင်ရင်တော့ BLSFLIX Channelမှာ လက်မလွှတ်တမ်း စောင့်ကြည့်လိုက်ကြရအောင်နော်။

ကြည့်ရန်ချန်နယ်
https://t.me/+OB0MUarqEfFkMmY1
18🍓1
ကျောင်းဝန်းထဲက ဖုတ်ကောင်ကမ္ဘာ (2025)

https://t.me/+18VrCtusmY05ZWJl

DMD က အနုပညာရှင်‌တွေ များစွာပါဝင်ထားပြီး ပရိတ်သတ်တွေ စောင့်မျော်နေတဲ့ ဇွန်ဘီကားလေး ရောက်ရှိလို့လာပါပြီ..

ဇာတ်လမ်းအကျဉ်း

ဗိုင်းရပ်စ်ပိုးတစ်ခုဟာ ဘယ်ကနေစတယ်ဆိုတာ မသိရတဲ့အခြေအနေကနေ မြို့တစ်ခုလုံးကို ပြန့်လာပြီး ကူးစပ်ခံရတဲ့ သူတွေက ဖုတ်ကောင်တွေအဖြစ်ပြောင်းလဲလာပါတယ်

အဲဖုတ်ကောင်‌တွေက မြို့အနှံ့ထိန်းချုပ်လာတဲ့အချိန်မှာတော့ ကျောင်းသားလူငယ်တစ်စုဟာထွက်ပြေးရင်း ရုန်းကန်ရပါတော့တယ်....

ကျောင်းထဲမှာ ပုန်းအောင်းနေကြတဲ့ ကျောင်းသားတွေအနေနဲ့ အပြင်လောကက အန္တရာယ်တွေသာမက သူတို့အချင်းချင်းကြားက အခက်အခဲတွေကိုပါ ဖြေရှင်းကြရမှာမလို့ အသက်ရှင်သန်ဖို့အတွက် ကြိုးပမ်းကြမယ့် သူတို့တွေ...အချိန်နဲ့အပြိုင် မပြေးနိုင်ရင်တော့ ဘယ်လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတဲ့ ဖိအားတွေနဲ့အတူ..ဘယ်လို အဆုံးသတ်မလဲဆို‌တာတော့...

သာမန်အပြေးအလွားဇာတ်လမ်းတစ်ခုမဟုတ်ဘဲ လူသားဆန်တဲ့ စိတ်ခံစားမှုတွေကိုပါ ပေါင်းစပ်ဖန်တီးထားတာကြောင့်... သည်းထိတ်ရင်ဖိုနဲ့ ဇွန်ဘီကားတွေကို ကြိုက်နှစ်သက်သူတွေအတွက်စိတ်ဝင်စားစေမယ့် ဇာတ်ကားလေးဖြစ်တာမလို့ BLSFLIX Channel နဲ့အတူ အပတ်စဉ် စောင့်မျော်ကြည့်ရှုလိုက်ရအောင်နော်။
54❤‍🔥1🥱1
"ကံကြမ္မာ ကြိုးဝိုင်း" (2025)

https://t.me/+wvrMagbOCS41OWJl

လက်ဝှေ့ကြိုးဝိုင်း တိုက်ပွဲကနေ အချစ်ဇာတ်လမ်းအဖြစ်ပြောင်းသွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်❤️

Yim လိုခေါ်တဲ့ကောင်လေးတစ်ယောက်ဟာ ဖခင်ဖြစ်သူ အကြွေးတွေအတွက် လက်ဝှေ့ဂျင်မ်တစ်ခုမှာ အလုပ်လုပ်ပြီး လက်ဝှေ့ လေ့ကျင့်ဖိုဖြစ်လာခဲ့တယ်

ဒါပေမယ့်Yim လုပ်ချင်တဲ့ဆန္ဒနဲ့ လက်တွေ့ကဝေးကွာနေတဲ့အခါ...

တစ်နေ့မှာ တချိုလူကြမ်းတွေနဲ့ Yim ရန်ဖြစ်ခဲ့ပြီးလက် ဝှေ့ကျွမ်းကျင်တဲ့Kampan ဆီကနေ အကူအညီရခဲ့ရကာနေ နှစ်ယောက်သားတွေ့ဆုံဖိုကံကြမ္မာလေးစတင်ခဲ့ပါတယ်😇

အဲ့လိုကနေKampan ကYimကို လက်ဝှေ့လေ့ကျင့်ပေးခဲ့ပြီး သူကိုယ်တိုင်ကတော့ အကြောင်းပြချက်တချိုကြောင့် လက်ဝှေ့ထိုးတာကိုစွန့်လွှတ်ထားခဲ့တယ်🤔

Kampanရဲ့လက်‌ ဝှေ့စွမ်းရည်တွေကို Yim ဆီကို လက်ဆင့်ကမ်းပေးဖိုဖြစ်လာတဲ့အခါမှာတော့👀

တက်တက်ကြွကြွနဲ့ ပျာကတတ်စိန်လေးYimကို ကိုကိုသူဌေးသားကြီးKampanက ကိုယ်ဖိရင်ဖိ သင်ကြားပြသပေးမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်🌚

ကြာသပတေးနေ့ရဲ့အပြင်းပြေဇာတ်လမ်းတိုလေးကို BLSFLIX မှာစောင့်မျှော်ကြည့်ရှုလိုရပါပြီနော်🎃
22❤‍🔥11👍1🤯1
Goddess Bless You From Death (2025)

https://t.me/+xnzOrtr8phMwODZl

ပြောစရာမလိုအောင် စောင့်နေကြတဲ့ကားဖြစ်လို
ကြည့်ချင်အောင် အများကြီးညွှန်းမနေဘဲ
ဇာတ်လမ်းကျောရိုးကိုပဲ တန်းသွားလိုက်ပါမယ်။

မျက်လုံးပါးစပ်တွေ အချုပ်ခံထားရပြီး တွဲလောင်းကျနေတဲ့
အလောင်း ၇ လောင်းရဲ့ မျက်မြင်သက်သေဟာ
တောနက်ထဲက သစ်ပင်ကြီးတစ်ပင်တဲ့...။

သင်သာဆိုရင် ဒီကိစ္စကြီးထဲ
ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ချင်ပါ့မလား?

သဘာဝလွန်ကိစ္စတွေကို မယုံကြည်ဘဲ
သက်သေတွေနဲ့ လက်တွေ့လောကကိုသာယုံတဲ့
Singha ဆိုတဲ့စုံထောက်ကတော့ ဒီအမှုကိုစုံစမ်းရပါတော့မယ်။

သက်သေသစ်ပင်အိုကြီးအပြင်
ဒီအမှုမှာ ပါဝင်ပတ်သက်လာမှာကတော့
မမြင်အပ်မကြားအပ်တာတွေကို မြင်နေကြားနေရတဲ့
လောကနှစ်ခုကြားရှင်သန်နေရသူ Thup ပါ။

စုံထောက်နဲ့သံသယရှိသူဆိုတဲ့ အနေအထားကနေ
အမှုအတူလိုက်သူတွေဖြစ်လာပြီး
နောက်ဆုံး ကိုယ်တိုင်ပါ သားကောင်ဖြစ်လာရချိန်
နောက်ဆုတ်ဖိုအတွက် အချိန်မီပါဦးမလား?

သက်ရှိသက်မဲ့ကြားကနယ်နိမိတ်တွေ ဝေဝါးလာချိန်
ရှေးဟောင်းယုံကြည်မှုတွေ နိုးထလာချိန်
သေခြင်းတရားက သူတိုကိုပါ လိုက်ခြောက်လှန့်လာချိန်
သူများတွေရဲ့အသက်ကို ကယ်နိုင်ပါဦးမလား?

BL, Horror နဲ့  Supernatural တိုရဲ့ပေါင်းစပ်မှုကို
Khemjira မှာတင် အကြိုက်တွေ့နေကြသူတွေအဖို
လက်တွေ့ဆန်တဲ့စုံထောက်နဲ့ သဘာဝလွန်ကောင်လေးတိုက
ရင်ခုန်စိတ်လှုပ်ရှားစရာညတွေကို ယူဆောင်လာပေးဦးမှာပါ။

Synopsis - M2k
❤‍🔥6348👍4🥰3💯2🔥1
Secrets Happened On The Litchi Island (2025)

https://t.me/BlsflixChannel34

နွေရာသီကျောင်းပိတ်ရက်မှာ အစပြုခဲ့တဲ့ ချစ်ခြင်းတစ်ခု 🤍

အစ်ကိုဖြစ်သူ နျဲ့ရှောင်လုံရဲ့ အကူအညီတောင်းမှုကြောင့် လုပ်အားပေးဆရာလုပ်ဖို ရောက်လာတဲ့ နျဲ့ရှောင်ကျစ်

အငယ်တွေနဲ့ ဓာတ်မတည့်တဲ့အစ်ကိုဖြစ်သူကြောင့် အစ်ကိုသူငယ်ချင်းဖြစ်သူ ချန်းလိနဲ့ပဲ အတူလျှောက်သွားလာ စကားပြောဖြစ်နေခဲ့တယ်။

ယောကျ်ားချင်းသဘောကျတတ်တဲ့လူဖြစ်တဲ့ ရှောင်ကျစ်တစ်ယောက် သူ့ကိုအဖော်ပြုပေးနေတဲ့ ချန်းလိအပေါ်ကို ယိမ်းယိုင်လာခဲ့ပေမဲ့ ချန်းလိဆီမှာ ကောင်မလေးရှိတယ်ဆိုပြီး အစ်ကိုဖြစ်သူဆီက သတင်း ကြားခဲ့ရတာကြောင့် အစမပြုရသေးတဲ့အချစ်က ဇာတ်သိမ်းသွားခဲ့ရတယ်။

ရှောင်လုံတစ်ယောက် ညီဖြစ်သူအပေါ်ကို ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေကြောင့် ကာကွယ်နိုင်လိုငြာ ချန်းလိမှာ ကောင်မလေးရှိတယ်လို ပြောခဲ့တာလား??

လိုက်ချီးသီးတွေဝေဆာနေတဲ့ ကျွန်းပေါ်မှာ အစပြုခဲ့တဲ့ ချန်းလိနဲ့ ရှောင်ကျစ်တိုရဲ့ ဆက်ဆံရေးက ခံစားချက်တွေ ထပ်တူကျခဲ့လားဆိုတာကို BLSFLIX ကနေ ဘာသာပြန်တင်ဆက်ပေးသွားမဲ့ Secrets Happened On The Litchi Island ဆိုတဲ့ Series လေးကို စောင့်မျှော်ကြည့်ရှုပေးပါဦးနော် ~~
63❤‍🔥3👍2💯2
Rock and Soul (2025)
" သေမင်းရဲ့ မစ်ရှင် "

https://t.me/bmverse_achitkwanraat


တောက်ပတဲ့ အနာဂတ်အိပ်မက်တွေနဲ့ ပြည့်နေတဲ့ Pun နဲ့ Alice တိုရဲ့ ဘဝက မမျှော်လင့်ဘဲ ကြုံတွေ့ရတဲ့ 'အလှည့်အပြောင်း' တစ်ခုကြောင့် လုံးဝကို ပြိုလဲပျက်စီးသွားခဲ့ရပါတယ်...

••• အရာရာကို ဆုံးရှုးသွားရုံသာမကဘဲ သူတိုရဲ့ အသက်အန္တရာယ်ကို ထိခိုက်နိုင်တဲ့ အခြေအနေကိုပါ ရောက်ရှိခဲ့ပါတော့တယ်...

••• စကြာဝဠာရဲ့ လျှိဝှက်ချက်လား၊ ကံကြမ္မာရဲ့ မဖြစ်မနေ စေခိုင်းမှုလား... ဆိုတာကို မသိနိုင်ခင်မှာပဲ၊ ကြောက်မက်ဖွယ်ကောင်းလှတဲ့ သေမင်းတမာန် က သူတိုနှစ်ဦးကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးအပ်ခဲ့ပါတယ်...

••• အဲဒီအခွင့်အရေးကလည်း အန္တရာယ်ကြီးမားတဲ့ မစ်ရှင် တစ်ခု ဖြစ်နေခဲ့တယ်

••• ဒီမစ်ရှင်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ရင် သူတိုရဲ့ ဘဝဟောင်း၊ သူတိုရဲ့ အိပ်မက်တွေဆီကို ပြန်လည်ရောက်ရှိနိုင်မှာပါ

••• ဒါပေမဲ့ ဒီအခွင့်အရေးဟာ သူတိုအတွက် နောက်ဆုံးမျှော်လင့်ချက်လား၊ ဒါမှမဟုတ် ပိုမိုနက်ရှိင်းတဲ့ ထောင်ချောက်ထဲကို ဆွဲသွင်းခံလိုက်ရမလား...

Pun နဲ့ Alice တိုဟာ သူတိုရဲ့ ကံကြမ္မာကို ပြန်လည် ထိန်းချုပ်နိုင်ဖိုအတွက် သေမင်းတမာန်ရဲ့ လျှိဝှက်ချက် မစ်ရှင်ကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကို BLSFLIX Channel မှာ စိတ်ဝင်စားစွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်.....

Y....💫
34❤‍🔥24👍6💯2🔥1
Last Summer
(ပြီးခဲ့သော နွေရာသီ)

Join Channel
https://t.me/+IvLX-uW09-82MjM1

🦋ဒီတစ်ခါ BLSFLIX ချန်နယ်ကနေပြီးတော့ မင်းသားLee Jae Wookကို စရိုက်နှစ်မျိုး ပုံစံနှစ်မျိုးနဲ့ တွေ့ရမဲ့ အမွှာဇာတ်ကားလေး Last Summerကို ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။

🦋Baek Do Ha(Lee Jae Wook)နဲ့ Bake Do Yeong( Lee Jae Wook)တို့က မိဘနှစ်ပါးကွာရှင်းပြီးနောက်မှာ တစ်ယောက်က မိခင်ဖြစ်သူနဲ့ ယူအက်စ်မှာ လိုက်နေပြီး တစ်ယောက်က ‌ကိုရီးယားမှာပဲနေထိုင်ပါတယ်။ အမေရိကမှ နေထိုင်တဲ့ Baek Do Haရဲ့ နွေရာသီပိတ်ရက်တိုင်း အဖေဖြစ်သူနဲ့ Baek Do Yeongတို့ဆီ လာပြီးနေထိုင်လေ့ရှိပါတယ်။

🦋ဒီအချိန်မှာ Do Haဟာ အိမ်နီးချင်း ကောင်မလေးဖြစ်သူ Song Ha Gyeongနဲ့လည်း အတော်ကလေးရင်းနှီးခဲ့ပါတယ်။ အချိန်တွေကြာလာ အရွယ်ရောက်လာကြတော့ Do Haက ဗိသုကာပညာရှင်တစ်ယောက်ဖြစ်လာပြီး Ha Gyeongကတော့ ပြည်သူ့၀န်ထမ်း ဗိသုကာပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ ပြန်လည်ဆုံတွေ့ကြတဲ့အခါ။

🦋အမွှာအစ်ကိုဖြစ်တဲ့ Do Yeongအပါအ၀င် သူတို့သုံးယောက်လုံးဟာ ဘ၀ရဲ့ ရက်စက်ခက်ထန်မှုတွေကို မျက်မြင်တွေ့လာရတဲ့အခါ ငယ်ရွယ်စဉ်ကလို အပြစ်မကင်းနိုင်တော့တာ မလွတ်လပ်နိုင်တော့တာအမှန်ပါ။ "တကယ်တော့ ကျွန်မတို့ဟာ လူကြီးတာ၀န်တွေကို ထမ်းဆောင်လာရတဲ့ ကလေးတွေပါပဲ"ဆိုတဲ့စကားလေးကိုမြင်ယောင်ရင်း သန်မာသူလူငယ်လေးတွေ ဘ၀ကိုအရှုံးမပေးကြိုးစားတာကို ချစ်ခြင်းမေတ္တာလေးနှောပြီး ကြည့်ရမှာမလို့ BLSFLIX Channel မှာလက်မလွှတ်တမ်းစောင့်ကြည့်လိုက်ကြရအောင်နော်။
22
ClaireBell (2025)

https://t.me/blsflix_channel39

Claire နဲ့ Bell တိုဟာ ဘယ်သူမှ မရောက်ချင်တဲ့ထောင်ထဲမှာ တွေ့ဆုံကြတာဖြစ်ပါတယ် မတရားစွပ်စွဲခံထားရတဲ့ Bell ဟာ ထောင်ဒဏ် ၁၅ လ ကျခံနေရပြီး ထောင်အတွင်းက ဩဇာကြီးမားတဲ့ အဖွဲတစ်ဖွဲရဲ့ ပစ်မှတ်အဖြစ် ရောက်ရှိသွားပါတယ်

သူတိုလုပ်ရပ်တွေကို ထောင်မှူးကပါဂရုမစိုက်သလို နေတဲ့အခါ သူမအတွက် လုံခြုံမှုရှာဖွေဖို လမ်းကြောင်းတစ်ခုတည်းသာ ကျန်ပါတော့တယ် အဲဒါကတော့ Claire ဆီကို သွားဖိုပါပဲ

Claireကတော့ထောင်ထဲမှာ ဘယ်သူမှ မထိကပ်ရဲတဲ့ရက်စက်ကြမ်းကြုတ်တဲ့ အကျဉ်းသားတစ်ဦးဖြစ်ပါတယ် ဒါပေမယ့် Bellက လွယ်လွယ်ကူကူနဲ့တော့ Claireကို ကပ်လိုရခဲ့တာမဟုတ်ပါဘူး အစပိုင်းမှာ အဆင်မပြေကြပေမယ့် နောက်ပိုင်း နားလည်မှုတွေ သံယောဇဉ်တွေရစ်ပတ်လာတဲ့အခါမှာတော့ သူတိုဘဝနဲ့အချစ်ကြား ဘာကိုရွေးရမလဲဆိုတဲ့ လမ်းဆုံကိုရောက်ရှိလာပါတော့တယ်

ဒီတော့ သူတိုဘယ်လိုရွေးချယ်မလဲ ဘာတွေဖြစ်သွားမလဲဆိုတာကို BLsflixမှာ အပတ်စဉ်စောင့်မျှော်ကြည့်ရှူလိုက်ကြရအောင်ပါ
❤‍🔥25231👏1