Review by BLSFLIX
27.1K subscribers
821 photos
762 links
Download Telegram
Typhoon Family

https://t.me/blsflixchannelKor101

ဒီနေ့ညမှာတော့ 90s ခုနှစ်တွေကို ပြန်သွားကြရအောင်နော်

၁၉၉၇ ခုနှစ်ကို ဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပြီးတော့ အထည်ကြီးပျက် သူဌေးသားလေးနဲ့ ရုံးဝန်ထမ်းစာရင်းကိုင်ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။

၁၉၉၇ ခုနှစ် IMF စီးပွားပျက်ကပ်ထဲမှာ ဖခင်ဖြစ်သူတည်ထောင်ထားတဲ့ SME ကုမ္ပဏီ (Typhoon Company) ကို မိသားစုနဲ့ ဝန်ထမ်းတွေအတွက် ကာကွယ်ဖို့ကြိုးစားမယ့် CEOလေးရဲ့ ဘဝ‌ဇာတ်ကြောင်းကို ရိုက်ကူးထားတာပါ

"King The Land" ထဲက Lee Jun Ho နဲ့ "Pachinko" ထဲက Kim Min Ha တို့အဓိကပါဝင်ထားကြတာဖြစ်ပြီး စုစုပေါင်း အပိုင်း (16) ပိုင်း ရှိပါတယ်။

ပြိုလဲတော့မဲ့ ကုမ္ပဏီကြီးကို ကယ်တင်ရင်း ဘယ်လိုတွေ ရိုမန်တစ်ဆန်ကြမလဲဆိုတာကတော့ ဒီနေ့ညကစလို့ Saturday & Sunday ညတွေတိုင်း စောင့်ကြည့်နိုင်ပါပြီနော်။
30💘4🥰1
Punks △ Triangle (2025)

https://t.me/Blsflix_JavaneseSeries

ဖက်ရှင်ကျောင်းသား ချီတာကီဟာ သူဖန်တီးတဲ့ဒီဇိုင်းတွေကို တခြားသူတွေထယ် အယ်ဆိုတဲ့မော်ဒယ်လ်ဝတ်ဆင်တာကို မြင်ရဖိုက သူ့ရဲ့အဖြစ်ချင်ဆုံး အိမ်မက်ထဲက တစ်ခုပါ သူ့ရဲ့အိမ်မက်ကို အကောင်အထည်ဖော်ဖိုအတွက် ပြိုင်ပွဲတစ်ခုကို ပြိုင်ဖို ဖြစ်လာတဲ့အခါ ချီယာကီကတော့ အနိုင်ရဖို ဒုန်းစိုင်းပြင်ဆင်ပါတော့တယ် ဒါပေမဲ့ ခေတ်မမှီ ကိုးယိုးကားယားနိုင်တဲ့ အယ်နာဂါနဲ့အတူပြိုင်မိတဲ့အခါမှာတော့ သူ့ရဲ့ အိမ်မက်ဟာပျက်စီးပါတော့တယ်

ကံကြမ္မာငင်တဲ့ တစ်ညမှာတော့ လူဆိုးတစ်ချိုနဲ့ကြုံနေရတဲ့ ချီတာကီကို သူ့ရဲ့အိုင်ဒေါလ် အယ်ကကယ်တင်လိုက်ပါတယ် အဲဒါအပြင် သူ့ကို nightlife မှာပျော်ဖိုပါ ဆွဲဆောင်မှုအပြည့်နဲ အယ်က ကမ်းလှမ်းလာခဲ့ပါတယ်

သူကိုယ်တိုင်သဘောကျနေတဲ့ crush မော်ဒယ် Ai နဲ့ အမြဲပြဿနာရှာ ကိုးယိုးကားယားနိုင်တဲ့ သူငယ်ချင်း အယ်နာဂါတိုကြားမှာ ပိတ်မိနေခဲ့တယ် အယ်နာဂါမှာလည်း မျှော်လင့်မထားတဲ့ လျှိဝှက်ချက်တစ်ခုရှိနေခဲ့ပါတယ်

ချီယာကီ အတွက်တော့ ဒီအရာတွေဟာ မျှော်လင့်ချက်နဲ့ စိတ်ခုန်မှုများစွာအပြည့် Boy’s Love အချစ်ဇာတ်လမ်းတစ်ပုဒ်ကို စတင်ဖွင့်လှစ်ပေးပြီး သူ့ဘဝကိုလုံးဝ ပြောင်းလဲသွားစေမှာ ဖြစ်ပါတယ်
40
Unlimited Love (2025)

https://t.me/blsflix_thebeststory

Englotအတွဲလေးအပြင် Miss Grandကမမလှလှလေးတွေကိုပါ ကြည့်ရှုရမဲ့စီးရီးလေးလာပါပြီ။

ရုံးဝန်ထမ်း Pluဟာ ခေါင်းဆောင်အကြီးအကဲနဲ့ ပဋိပက္ခဖြစ်ပြီး အလုပ်ထုတ်ခံခဲ့ရပါတယ်။ တစ်နေ့မှာတော့ သူမ ချောမောလှပပြီး ချမ်းသာကြွယ်ဝတဲ့အမျိုးသမီးလေးRayနဲ့တွေ့ဆုံပြီး Unlimited Companyကို ဖက်စပ်တည်ထောင်ဖိုဖြစ်လာပါတော့တယ်။ သူမတိုနှစ်ယောက်အတူ ကုမ္ပဏီကိုဦးစီးတည်ထောင်ကြရင်း ဝန်ထမ်းအသစ်လေးတွေကိုခေါ်ယူတဲ့အခါ ကုမ္ပဏီကအလွဲလေးတွေနဲ့ သုံးပွင့်ဆိုင်၊လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းတွေပါ ပေါ်ပေါက်လာပါတော့တယ်။

ရုပ်ချောချောမမလှလှလေးတွေရဲ့အလွဲလေးတွေ၊ဂယက်လေးတွေကိုမြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရမဲ့အပြင် ပျော်ပျော်ပါးပါးကြည့်ရှုရမဲ့စီးရီးလေးမို BLSFLIX Channelနဲ့အတူ လိုက်ပါစီးမျောကြည့်ရှူလိုက်ကြရအောင်နော်။
❤‍🔥1514
Marie and Her Three Daddies

Join Channel
https://t.me/blsflixchannel005

ဒီဇာတ်လမ်းကတော့ Kang Marie (ဂန်မာရီ) ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို အဓိကရိုက်ကူးထားတာ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမရဲ့ ဖခင်အရင်းဟာ တစ်ယောက်တည်းမဟုတ်ဘဲ ဖြစ်နိုင်ခြေရှိတဲ့ ဖခင်လောင်း ၃ ယောက်အထိ ရှိနေတယ်ဆိုတဲ့ အမှန်တရားကို သိလိုက်ရတဲ့အခါ သူမရဲ့ဘဝဟာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က သူမရဲ့မိခင် Joo Si-ra (ဂျူဆိုရာ) ဟာ မျိုးအောင်ကုသမှု (artificial insemination) ခံယူခဲ့ရာမှာ မတော်တဆမှုတစ်ခုကြောင့် အမျိုးသားသုံးယောက်ရဲ့ သုတ်ပိုးတွေ ရောထွေးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် မာရီရဲ့ ဖခင်အရင်း ဘယ်သူဖြစ်မလဲဆိုတာ လျှို့ဝှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

မာရီဟာ လက်တွေ့ကျပြီး ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမရဲ့ ဖခင်အရင်းကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားရင်း တစ်ချိန်တည်းမှာပဲ မမျှော်လင့်ဘဲ ပေါ်ပေါက်လာတဲ့ မိသားစုအသစ်နဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေကို ရင်ဆိုင်ရပုံကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်။ ဒီဇာတ်လမ်းတွဲဟာ သွေးသားတော်စပ်မှုထက် ပိုမိုခိုင်မြဲတဲ့ မိသားစုသံယောဇဉ်ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းထုတ်မှုတွေနဲ့အတူ ပရိသတ်ကို နွေးထွေးမှု၊ ဟာသရသနဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးစွမ်းမှာ ဖြစ်ပါတယ်။
21
The Love Never Sets (2025)

https://t.me/+7rxsCi8r7zwyMGZl

Mint ကြောင့် ကျောင်းထွက်ရတဲ့ထိဖြစ်သွားခဲ့တဲ့ Ice တစ်ယောက် လူကြီးရုပ်ရှင်လောကထဲကို အတင်းပို့ခံလိုက်ရပါတော့တယ်.....

ဒီလိုနဲ့ တစ်ခါပြန်ကျောင်းတက်ရတဲ့အချိန်မှာ အချင်းများဖူးတဲ့ Saint ဆိုသူနဲ့ ဂေးဇာတ်လမ်းတွဲ ရိုက်ရဖို့ဖြစ်လာခဲ့တဲ့ Ice တစ်ယောက်.....

ရိုက်ကူးရေးလုပ်ချိန်မှာ Saint နဲ့ ဘယ်လိုကိစ္စတွေ ကြုံတွေ့လာရလိမ့်မလဲ.....

အရင်းနှီးဆုံးသူတွေ ကြားမှာ ပြုနေကျ နီးကပ်ရင်းနှီးတဲ့ဇာတ်ကွက်တွေကို ရိုက်ကူးရေးလုပ်ရင်းကြုံလာရတဲ့အခါ နဂိုမတည့်တဲ့ Ice နဲ့Saint တို့ဘယ်လိုကျော်ဖြတ်ကြမလဲ.....

ဒီရိုက်ကူးရေးကတစ်ဆင့်နှစ်ယောက် ဆက်ဆံရေးကဘယ်လိုတိုးတက်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် BLSFLIX ကနေ စောင့်မျှော်ကြည့်ရှုလို့ရပါပြီ
81👍5🍓4❤‍🔥2💯2
A Bitter Honeymoon (2025)
" ခါးသက်သော ပျားရည် "

https://t.me/blsflix_channel17

Purim ဟာသူ့ချစ်သူဖြစ်တဲ့ Roseက ချမ်းသာတဲ့သူနဲ့သွားလက်ထပ်ဖို သူ့ကိုထားသွားသောကြောင့် စိတ်ဒဏ်ရာရသွားခဲ့တယ်။သိုပေမဲ့ Purim ကတော့ Rose ကြောင့်နာကျင်ရတဲ့ဒဏ်ရာကိုမမေ့နိုင်ပဲ လက်စားချေချင်တယ်။

နှစ်တွေကြာလာတော့ Purim ဟာချမ်းသာတဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာပြီး Rose ကတော့ အရက်စွဲပြီး လောင်းကစားသမားဖြစ်လာတယ်။တစ်နေ့မှာတော့ ကံကြမ္မာကြီးက Purim လက်စားချေဖိုအခွင့်အရေးပေးခြင်းအနေနဲ့ သူတိုနှစ်ယောက်ကိုဆုံစေပြီး Purim က Rose ရဲ့အကြွေးရှင်ဖြစ်လာပါတော့တယ်။အကြွေးဆပ်ဖိုအတွက် Rose ကသူ့ရဲ့သမီးဖြစ်သူ Kungsadarn ကို Purim ရဲ့ဇနီးအဖြစ်ရောင်းပေးလိုက်ပါတော့တယ်။

လက်ထပ်ပြီးနောက်ပိုင်း Purim က Kungsadarn ကိုတဖြည်းဖြည်းနဲ့ အကောင်းစိတ်မြင်လာပြီး မေတ္တာသက်ဝင်လာပါတော့တယ်။သိုပေမဲ့ သူတိုနှစ်ယောက်ရဲ့အချစ်ခရီးဟာ ထင်ထားသလိုမျိူးမချောမွေ့တဲ့အခါမှာ သူတိုဖြတ်ကျော်နိုင်ပါ့မလားဆိုတာကို ကျွန်ုပ်တို BLSFLIX နဲ့အတူကြည့်ရှုခံစားကြရအောင်။
20❤‍🔥2
Never Ending Story (2025)

https://t.me/blsflixkoreabl

နာမည်ကြီးစာရေးဆရာလေးဖြစ်တဲ့ Doyoon​က သူ့ရဲ့လက်ရှိရေးနေဆဲစာအုပ်သစ်အတွက် အိုင်ဒီယာမရဖြစ်နေတာမလို လေ့ကျင့်ခန်းလုပ်ရင်း အိုင်ဒီယာရအောင်ကြိုးစားဖို​ ဆုံးဖြတ်လိုက်ပါတော့တယ်။ တိုက်ဆိုင်စွာနဲ့ပဲ ဂျင်ထရိန်နာလေး Hyunwooနဲ့တွေ့ဆုံခဲ့တဲ့အခါ နီးစပ်လာတဲ့စည်းချက်သံရဲ့အောက်မှာ သူတိုရဲ့အခြေအနေကလည်း တိုးတက်လာခဲ့ပါတော့တယ်။

Doyoonရဲ့စာအုပ်သစ်အတွက် Hyunwoo ကလည်း ကူညီပေးကြရင်းနဲ့ သူတိုနှစ်ဦးကြား ရင်ခုန်သံစည်းချက်တွေပါ ပေါ်ဖွားလာခဲ့တဲ့အခါမှာတော့။ Korea BL Seriesလေးတွေရဲ့ထုံးစံအတိုင်း ရိုရိုချိုချိုလေးကြည့်ရှုရမှာမလို ချယ်ရီပန်းလေးအောက်က ရင်ခုန်သံလေးစတင်ရာကို BLSFLIX Channelနဲ့အတူ လိုက်ပါကြည့်ရှုခံစားလိုက်ကြရအောင်လားရှင်။
20❤‍🔥13
My Little Ghost 👻 (2025)

https://t.me/blsflix_vietnameseseries

"အေးစက်တဲ့ အခန်းထောင့်တစ်နေရာကနေ...
မမြင်ရတဲ့ မျက်လုံးတစ်စုံရဲ့ စိုက်ကြည့်မှုကို ခံစားဖူးပါသလား
"

ငယ်ရွယ်တဲ့ ဗိသုကာကျောင်းသားတစ်ဦးဖြစ်ပြီး အအေးဆိုင်မှာ အချိန်ပိုင်း အလုပ်လုပ်နေတဲ့ Kien ....

Kien ငှားနေတဲ့ အဆောင်မှာ မှတ်ဉာဏ်မဲ့နေတဲ့ ဝိညာဉ်နဲ့  ရုတ်တရက် ဆုံတွေ့ခဲ့ရတဲ့အချိန်ကနေစပြီး အရာအားလုံးက ခြောက်ခြားစရာကောင်းလာခဲ့ပါတယ်...👻

ပထမဆုံး တွေ့ဆုံမှုတွေရဲ့ ရှုပ်ထွေးမှုတွေကနေ တစ်ဆင့် သူတိုနှစ်ယောက်က အတိတ်ကို အတူတူ လိုက်ရှာတဲ့ ခရီးကို စတင်ဖြစ်သွားခဲ့တယ်...

ဒီလို အတူနေထိုင်ရင်း နွေးထွေးလာတဲ့ ခင်မင်ရင်းနှီးမှုနဲ့ အချစ်ဟာ တဖြည်းဖြည်း နက်ရှိင်းလာတဲ့ ခြောက်ခြားဖွယ် နှောင်ကြိုး ဖြစ်လာပါတော့တယ်...〰️

တစ်ယောက်ကိုတစ်ယောက် အားကိုး၊ ကာကွယ်ပေးကြရင်း အချစ်ဆိုတာက သေခြင်းတရားကိုတောင် ကျော်လွှားနိုင်ပါ့မလား... 🫧

ဒါမှမဟုတ် လူသားနဲ့ဝိညာဥ်ဆိုတဲ့ မကျော်လွှားနိုင်တဲ့ နယ်နိမိတ် က သူတိုကို ထာဝရ ခွဲခြားပစ်မှာလား...🫧

ရင်ခုန်စရာ အချစ်နဲ့ ကြေကွဲစရာ ကံကြမ္မာ ရောယှက်နေတဲ့ ဒီဇာတ်လမ်းလေးထဲမှာ
သရဲလေး က သူပျောက်ဆုံးသွားတဲ့ အရာတွေကို ပြန်ရှာတွေ့နိုင်ပါ့မလား...

လူသား လေးကရော သရဲလေးအပေါ်ကို တကယ်ပဲ အချစ်စစ်နဲ့ချစ်နိုင်မှာလား...

မပြောဖြစ်လိုက်တဲ့ လျှိဝှက်ချက်တွေ ဟာ သူတိုနှစ်ယောက်ကြားက ကြိုးကို ဘယ်လိုမျိုး အဆုံးသတ် ဖျက်ဆီးပစ်မလဲဆိုတာကို စောင့်ကြည့်ရမယ့်၊ ရင်ကို လှုပ်ခါစေမယ့် ဇာတ်လမ်းလေးဆိုတော့

BLSFLIX Channel လေးကနေ အပတ်စဥ်လိုက်ပါပြီး စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...

Y..👻
68❤‍🔥7👍3🥰2🔥1💯1🍓1
Me and Who (2025)

https://t.me/blsflix_channel23

"အမြဲတမ်း ကံဆိုးတဲ့ ဘဝကနေ ရုတ်တရက် ဘီလျံနာဖြစ်လာသူ"

ကံဆိုးမိုးမှောင် အမြဲကျတတ်သူ Phopthorn က တစ်ညအတွင်းမှာပဲ ဘီလျံနာကြီး Apo ရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်လည်နိုးထလာခဲ့ပါတယ် !!!!

ဆင်းရဲဒုက္ခတွေနဲ့ ကြီးပြင်းလာခဲ့တဲ့သူတစ်ယောက်ဟာ ပိုက်ဆံပုံပေါ် ထိုင်နေရတဲ့ ဘီလျံနာတစ်ယောက်ဖြစ်လာတဲ့အခါ သူ့ရဲ့ မိုက်မဲရူးသွပ်တဲ့ အကျင့်စရိုက်တွေနဲ့ ဒီဘဝသစ်ကို ဘယ်လို ပေါင်းစပ်ပြီး စွန့်စားသွားမလဲ....

"အတွေးတွေကို စိတ်နဲ့ဖတ်နိုင်တဲ့ ခန့်ညားသူနဲ့ စေ့စပ်ခြင်း"

ဒီဘဝအသစ်မှာ Apo တစ်ယောက်ချောမောခန့်ညားပြီး အသေးစိတ်ကအစ စည်းကမ်းကြီးတဲ့ Mom Rajawongse Suriya နဲ့ စေ့စပ်ထားသူဖြစ်နေခဲ့ပါတယ်...

ပိုပြီး ရှုပ်ထွေးသွားစေတဲ့အရာကတော့ Khun Chai Suriya ဟာ လူတစ်ယောက်ရဲ့ စိတ်ထဲက အတွေးတွေကို အကုန်ဖတ်နိုင်တဲ့ စွမ်းအား ပိုင်ဆိုင်ထားသူဖြစ်နေတာပါပဲ...

"လျှိဝှက်ချက်တွေနဲ့ဟန်ဆောင်မင်္ဂလာပွဲ"

သပ်ရပ်ခန့်ညားလွန်းတဲ့ Khun Chai Suriya က Apo ရဲ့ ရူးသွပ်ပြီး ထိန်းမရတဲ့ အတွေးတွေကို ဖတ်လိုက်မိတဲ့အခါ ဘယ်လို တုန်လှုပ်ဖွယ်ရာတွေ ကြုံရမလဲ?

ဒီလို လုံးဝကွဲပြားတဲ့ လူနှစ်ယောက်ကြားက ဖြစ်ပေါ်လာတဲ့ ဟန်ဆောင်မင်္ဂလာပွဲ တစ်ခု ကရော ဘယ်လောက်အထိ အဆင်ပြေနိုင်ပါ့မလဲ...?

အချစ်၊ မိုက်မဲမှုနဲ့ လျှိဝှက်ချက်တွေပြည့်နှက်နေတဲ့ ဒီ BL ဇာတ်လမ်းက ဘယ်လို အလှည့်အပြောင်းတွေနဲ့ အဆုံးသတ်မလဲဆိုတာ BLSFLIX Channel မှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်..

Y..🐣
122🥰4👍2
Romantics Anonymous
(အမည်မဖော်လိုသူ အချစ်)

‎ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်လမ်းလေးကတော့ ၂၀၁၀ မှာထွက်ရှိခဲ့တဲ့ Romantics Anonymous လို့ခေါ်တဲ့ ပြင်သစ်ဘယ်လ်ဂျီယန် ရုပ်ရှင်ကို Remake လုပ်ထားတဲ့ ဂျပန်ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ဂျပန်မင်းသားကြီး Oguri Shun နဲ့ ကိုးရီးယားမင်းသမီး Han Hyo Joo က ပါဝင်သရုပ်ဆောင်ထားပါတယ် ချောကလက်ကြိုက်တဲ့သူတွေ ကျိန်းသေကြည့်သင့်တဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုပါ။

‎လူကြိုက်များတဲ့ချောကလက်ဆိုင် “Le Sauveur” ရဲ့ ဥက္ကဋ္ဌအသစ်တစ်ယောက်ဖြစ်တဲ့ Fujiwara Sosuke ဟာ အသန့်ကြိုက်ရောဂါရှိသူတစ်ဦးဖြစ်ပြီး လူတွေနဲ့ထိတွေ့ရမှာကြောက်တဲ့သူတစ်ဦးဖြစ်ပါတယ်။

‎တစ်ဖက်မှာတော့ လူ​တွေကို မျက်လုံးချင်းဆိုင်မကြည့်ရဲတဲ့ လူကြောက်ရောဂါရှိတဲ့   Lee Ha Na ဟာ အလွန်ကျွမ်းကျင်တဲ့ ချောကလက်ပညာရှင်ဖြစ်ပေမဲ့ သူ့ဆရာဖြစ်တဲ့ "Le Sauveur" ရဲ့ မူရင်း ဆိုင်ပိုင်ရှင်ကလွဲပြီး တခြားအဖွဲ့ဝင်တွေမသိအောင် သူ့ရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ဖုံးကွယ်ထားတဲ့သူတစ်ယောက်ပါ။

‎ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ ကံကြမ္မာဖန်လာပြီး အမှတ်မထင်တွေ့ဆုံခဲ့ပြီးနောက် လူတွေနဲ့ထိတွေ့ရမှာကြောက်တဲ့သူ Fujiwara Sosuke က Lee Ha Na ကို ထိတွေ့ရင် ဘာမှမ​ဖြစ်သလို Lee Ha Na ကလည်း Fujiwara Sosuke ကို မျက်လုံးချင်းဆိုင်ပြီး ကြည့်ရဲခဲ့ပါတယ်

သူတို့နှစ်ယောက်ရဲ့အားနည်းချက်က သူတို့နှစ်ယောက်အတွက် ဘာမှမဖြစ်ဘဲ ပြောင်းလဲဖို့ဖြစ်လာခဲ့ပါတယ်

ပျော်ရွှင်ခြင်းချောကလတ်ကနေ စတင်လာခဲ့တဲ့ ချိုမြိန်တဲ့အချစ်ဇာတ်လမ်းလေးကို BLSFLIX Channel မှာ စောင့်မျှော်ကြည့်ရှုဖို့

https://t.me/Blschannel3

ဒီမှာ စုံကြမယ်နော်
36
School Trip: Joined a Group I’m Not Close To (2025)

https://t.me/Blsflix_JavaneseSeries

ဇာတ်လမ်းအကျဉ်း
----------------------------
"အထီးကျန်သူလေး"
ဒုတိယနှစ် အထက်တန်းကျောင်းသား  Hioki ဟာ ကျောင်းခရီးစဉ်အတွက် အဖွဲ့ဖွဲ့တဲ့အခါ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ လွဲချော်ခဲ့ပြီး တစ်ယောက်တည်း ဖြစ်နေခဲ့ပါတယ်...

"မျှော်လင့်မထားတဲ့ ဖိတ်ခေါ်မှု"
အဲဒီအချိန်မှာပဲ သူ့ရဲ့ ဂျူနီယာကျောင်းတူ တစ်ယောက်ကနေတစ်ဆင့် ကျောင်းရဲ့ နာမည်အကြီးဆုံး "Four Heavenly Kings" လို့ ခေါ်ကြတဲ့ ချောမောခန့်ညားတဲ့ လေးယောက်အဖွဲ့ထဲကို  ဖိတ်ခေါ်ခြင်း ခံလိုက်ရပါတော့တယ်

"လူချောတွေကြားက Hioki"
ပထမတော့ နာမည်ကြီးသူတွေနဲ့ အဖွဲ့ကျသွားတာကို Hioki တစ်ယောက် စိတ်ရှုပ်ထွေးနေခဲ့ပေမဲ့...

အဲဒီကိုလူချောလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Tokai က Hioki ကို အမြဲတမ်း ဂရုတစိုက်ရှိပြီး ကြည့်ရှုစောင့်ရှောက်ပေးခဲ့တယ်...

Tokai ရဲ့ ကြင်နာမှုတွေကြောင့် သူတို့နှစ်ဦးဟာ တဖြည်းဖြည်းနဲ့ ပိုပြီး ရင်းနှီးလာခဲ့ကြပါတယ်...

~•~ လူကြိုက်များပြီး နာမည်ကြီးတဲ့ Tokai ရဲ့ ဂရုစိုက်မှုတွေဟာ ရိုးသားတဲ့ ကြင်နာမှုသက်သက်ပဲလား၊ ဒါမှမဟုတ် နောက်ကွယ်မှာ တခြားလျှို့ဝှက်ချက် တစ်ခုခုရှိနေမလား

~•~ သာမန်ကျောင်းသားလေး Hioki နဲ့ ကျောင်းရဲ့ မင်းသားလေး Tokai တို့ရဲ့ ဆက်ဆံရေးဟာ ကျောင်းခရီးစဉ်အပြီးမှာ ဘယ်လိုမျိုး အချိုးအကွေ့တွေကို ရင်ဆိုင်ရမလဲ...

ချစ်စရာကောင်းတဲ့ အထက်တန်းကျောင်းသားနှစ်ယောက်ရဲ့ရင်ခုန်စရာ ဇာတ်လမ်းလေးမို့ BLSFLIX Channel လေးမှာ လက်မလွတ်တမ်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...

Y..🕊️
130❤‍🔥5👍5💘4🥰2💯2🤔1🤯1
Head 2 Head (2025)

https://t.me/blsflix_channel35

အမြဲစကားနိုင်လု မျက်စောင်းပစ်ပြီး အမြဲတမ်းရန်ဖြစ်နေတဲ့ သက်တမ်းရင့် ပြိုင်ဘက်တွေဖြစ်ကြတဲ့ ဂျေရိုမီ နဲ့ ဂျင်

တစ်ယောက်နဲ့တစ်ယောက် တွေ့လိုက်တာနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို မျက်စောင်းတခဲခဲလုပ်တာကလွဲလို တခြားဘာမှ မလုပ်ကြပေမယ့်လည်း သူတိုက ခွဲမရတဲ့ သူငယ်ချင်းတွေဆိုလည်း ဟုတ်ပါတယ်

တစ်နေ့တော့ ဂျေက ဂျင် သေဆုံးမယ့် အနာဂတ်တစ်ခု ကို ရုတ်တရက် မြင်လိုက်ရပြီးနောက် ကားမတော်တဆမှုတခုဖြစ်ခဲ့ရပါတယ်

မမျှော်လင့်ဘဲ ကံကြမ္မာရဲ့ ဖန်တီးမှုအရ ဒဏ်ရာရနေတဲ့ ဂျေ တစ်ယောက် ပြန်ပြီးသက်သာလာစေဖိုအတွက် သူ့ရဲ့ ထာဝရရန်သူလေး ဂျင်ရဲ့ စောင့်ရှောက်မှုအောက်ကို ရောက်သွားခဲ့ရပါတယ်

စိတ်မပါဘဲ အတူတူနေထိုင်ရင်း အချိန်တွေကြာလာတဲ့အခါ ဂျေတစ်ယောက် ဂျင်ရဲ့ ပုံမှန်မဟုတ်တဲ့ ဂရုစိုက်မှုတွေ ခံစားချက်တွေကို စတင်ပြီး သတိထားမိလာတဲ့အချိန်

အမြဲလိုလို ရန်လိုတဲ့အကြည့်နဲ့ အေးစက်တဲ့စကားလုံးတွေ နောက်ကွယ်မှာ ဘယ်သူမှမသိတဲ့ နူးညံ့တဲ့ စောင့်ရှောက်မှု တစ်ခုရှိနေတာကို ဂျေ တစ်ယောက် တွေ့ရှိသွားတဲ့အခါ

မုန်းတီးမှုအောက်ကနေ မွေးဖွားလာတဲ့ ဘယ်သူမှ မမျှော်လင့်ခဲ့တဲ့ ချစ်ခြင်းမေတ္တာလေးကို အစပြုရင်း သေဆုံးရမယ့်အနာဂတ်ကို ဂျေနဲ့ဂျင်တို နှစ်ယောက် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို...

Enemy to Lover ဆန်ဆန် အငြင်းအခုန်တွေကြားမှာ ရယ်ရယ်မောမောနဲ့ ကြည့်ရှူရမယ့် Head 2 Head Series လေးကို အပတ်စဉ် အောက်တိုဘာ ၂၆ ရက်နေ့ကစလို တနင်္ဂနွေနေ့တိုင်း BLSFLIX Channel မှာ အစောဆုံးကြည့်ရှူနိုင်ဖိုအတွက် ဖိတ်ခေါ်လိုက်ရပါတယ်ရှင် ❤️ ❤️ ❤️ ❤️
Please open Telegram to view this post
VIEW IN TELEGRAM
158🥰8👏3🤯1
Chosen Home (2025)

https://t.me/Blsflix_JavaneseSeries

အခုတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့ အသက် ၁၂ နှစ်ကွာတဲ့ညီလေးနဲ့ ဦးလေးအရွယ်သူတိုရဲ့ အချစ်ဇာတ်လမ်းလေးပါ

Hatano Genichi က အနည်းငယ်နမော်နမဲ့နိုင်ပေမဲ့ စိတ်​နွေးထွေးတဲ့သူပါ သူက လိင်တူချစ်ကြိုက်သူတစ်ယောက်ဖြစ်ပြီး သူနဲ့အတူ ရေခဲမုန့်စားနိုင်တဲ့သူကို ပါတနာအဖြစ်လိုချင်ခဲ့တာပါ
အဲဒီလိုသူက သူ့ထက် အသက် ၁၂နှစ်ငယ်တဲ့ ကျောင်းဆရာညီလေးကို ကြိုက်မိသွားခဲ့ပါတယ်

Sakuta Saku က အလယ်တန်းကျောင်းဆရာဖြစ်ပြီး တည်ငြိမ်ရင့်ကျက်သူဖြစ်ပြီး လိင်တူချစ်ကြိုက်သူဖြစ်ကြောင်းကို ပွင့်လင်းစွာ ဝန်ခံထားသူပါ သူက အချစ်ဆိုတာကို မလိုအပ်ဘူး သူ့ဘဝက အခုထိစမ်းသပ်မှုတွေ အမှားအယွင်းတွေ ရှိနေတုန်းလို အခိုင်အမာ ပြောထားခဲ့ပါတယ်

ဒါပေမဲ့ Genichi ကတော့ အိမ်ဝယ်လိုက်ပြီး နှစ်​ယောက်အတူ နာမည်ထားလိုက်ရင် လမ်းခွဲဖိုဆိုတာက စိတ်ရှုပ်စရာကိစ္စဖြစ်သွားမယ်လို ပြောလာပါတယ်

အဲဒီအချိန်မှာ Sakuta Saku အတန်းထဲက ကျောင်းသူ Kusunoki Hotaru က Hatano Genichi ရဲ့ အိမ်နီးနားချင်းဖြစ်ပြီး Hatano Genichi ကို သန်း ၃၀ နဲ့ ဝယ်ပြီး အဖေအဖြစ် ဟန်ဆောင်ဖို ပြောလာသောအခါ

ဦးလေးကြီးတစ်ယောက်ရော အဲဒီကမ်းလှမ်းချက်ကို လက်ခံလိုက်မလား ညီလေးကရော အချစ်ဆိုတာကို လက်ခံလာမလားဆိုတာ သူတိ​ကြားထဲက ဖြစ်ပေါ်လာမဲ့ ကမောက်ကမအချစ်တွေကို ဒီဇာတ်လမ်းကို BLS Flix Channel မှာ ကြည့်ရှုသွားမှာပါ
45❤‍🔥8👍3💯1
Blood River
( အမှောင်ယံထက်က သွေးမြစ်)

Join Channel
https://t.me/BLSFLiX_Chinese03

🎋The Blood of Youth နဲ့ The Dashing Youthတို့နဲ့ လောကတစ်ခုတည်းမှာ တည်ဆောက်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့ Blood River(Tales of Dark River)က ယနေ့မှာတော့ ထွက်ရှိလို့လာခဲ့ပါပြီ။ ရှေ့ကားတွေမှာ အားလုံးရဲ့ စိတ်၀င်စားမှုကို ရရှိခဲ့တဲ့ စူးမုယွီအကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး မင်းသား Gong Junနဲ့ Chang Hua Senတို့က အဓိကပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပြီး မင်းသမီးလေးကတော့ Peng Xiao Ranပါ။

🎋လျှို့ဝှက်လူသတ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ dark riverအဖွဲ့အစည်းကို မိသားစုကြီး သုံးစုဖြစ်တဲ့ စူး၊ရှဲ့နဲ့ မုမိသားစုတို့က တည်ထောင်ထားတာပါ။ တစ်နေ့မှာ မိသားစုခေါင်းဆောင်တွေအကုန်လုံးက ပြင်းပြင်းထန်ထန်အဆိပ်မိလေတဲ့အခါ။ ဒီလိုနဲ့ လက်အောက်ခံမိသားစုတွေ အဖွဲ့အစည်းတွေက ထကြွပုန်ကုန်ဖို့ကြိုးစားကြတဲ့အခါ စူးမိသားစုရဲ့ ဆက်ခံသူ စူးမုယွီ(Gong Jun)အတွက် အကြီးအကဲတွေကို ကယ်တင်ပြီး သမိုင်းသစ်ရေးထိုးဖို့ဖြစ်လာပါတော့တယ်။

🎋ညီနောင် စူးချန်ဟယ်(Chang Hua Sen)နဲ့အတူ အန့်ဟယ်မြစ်မှာ ရှင်သန်နိုင်ဖို့ကြိုးစားရင်း ချစ်ရသူ မုယွီမော့(Peng Xiao Ran)နဲ့လည်း ဆုံစည်းခံရပြန်ပါတယ်။ သိုင်းလောကတို့သဘာ၀ လူယုံဆိုတာ မရှိတတ်သလို အဘက်ဘက်ကနေ ဓားနဲ့ဝိုင်းခံထားရတဲ့ စူးမုယွီအဖို့ သမိုင်းပေးတာ၀န်တွေကို ထမ်းဆောင်နိုင်ပါ့မလားဆိုတာကို သိချင်ရင်တော့ BLSFLIXချန်နယ်မှာ လက်မလွှတ်တမ်းစောင့်ကြည့်လိုက်ရအောင်နော်။
38
MuTeLuv : Diva Deva Mata (2025)

https://t.me/blsflix_channel12

တစ်နေ့ Nevia, Fews,Ingky နဲ့ Kat ဆိုတဲ့ Diva လေးယောက်အဖွဲဟာ အင်ဖလူရန်ဇာတွေအတွက် ကောင်းကျိုးပေးတဲ့ Godess Dalop ဆီမှာ တောင်းဆုပြုခဲ့ကြပါသတဲ့.....

အစပိုင်းမှာ မယ်တော်ရဲ့အကူအညီနဲ့ အဆင်ပြေပြေရှိခဲ့ပေမဲ့ ရိုးရာအခမ်းအနားကနေ ရလဒ်ပြောင်းပြန်တွေဖြစ်သွားစေတဲ့အခါ....

နတ်ဘုရားမယ်တော် ဝင်ပူးခံလိုက်ရတဲ့ Kat တစ်ယောက် ဘယ်လိုတွေစမွှေလာလိမ့်မလဲ....

ကျန်တဲ့သူငယ်ချင်းတွေကရော နတ်ဘုရားမယ်တော်ကို Kat ဆီကနေ ဘယ်လိုတွေ နှင်ထုတ်သွားကြမလဲ....

ကြိုးစားလုပ်ဆောင်လေ ပြဿနာများလေဖြစ်လာရတဲ့
Follower တိုးချင်တဲ့ အထက်တန်းကျောင်းသား အင်ဖလူရန်ဇာအဖွဲရဲ့ မယ်တော်ကိုးကွယ်ရာကနေ စလိုက်တဲ့ဂယက်လေးတစ်ဖြတ်က ဘယ်လောက်အထိတောင် အမွှေဇယားခင်းသွားမယ်ဆိုတာကို BLSFLIX Channel ကနေစောင့်ကြည့်ပေးကြပါဦးနော်....
54❤‍🔥5
My Secret of Seer (2025)
"ကံဆိုးခြင်းရဲ့ ကျိန်စာသင့်သူ"

https://t.me/+cimS5vAv-Y00MjI9

အသက် (၂၆) နှစ်အရွယ် ဗေဒင်ဆရာတစ်ယောက်ဖြစ်တဲ့ Win ...

ဒီနှစ်ဟာ သူအသက်ရှင်သန်ရမဲ့နောက်ဆုံးနှစ်ဖြစ်နေတဲ့အခါ...

••• ဒီတော့ သူ့ရဲ့ "ကံကြမ္မာအချိန်" ကို ရပ်တန့်ပေးနိုင်မယ့် ဝိညာဉ်စွမ်းအားရှင်ကို သူ အမြန်ဆုံး ရှာဖွေရဖို ဖြစ်လာပါတော့တယ် ...

••• အဲ့ဒီအချိန်မှာပဲ... Ghost Show အစီအစဉ်မှူးတစ်ယောက်ဖြစ်နေပေမယ့် သရဲရှိတယ်ဆိုတာကို လုံးဝမယုံကြည်တဲ့သူတစ်ယောက်ဖြစ်တဲ့ Phloeng နဲ့

••• အကျင့်စရိုက်၊ ယုံကြည်ချက်ခြင်း လုံးဝဆန့်ကျင့်ဘက်တွေဖြစ်နေတဲ့ ဗေဒင်ဆရာလေး Win တိုတွေ့ဆုံလိုက်ရတဲ့အခါမှာတော့....

"ကံကြမ္မာကြိုမြင်ရတဲ့ဗေဒင်ဆရာလေး  နဲ့ လက်တွေ့ကျတာကို ယုံကြည်တဲ့ သရဲအစီအစဥ်မှူး..."

လုံးဝ ပေါင်းစပ်လိုမဖြစ်နိုင်တဲ့ ဒီတွဲဖက်ဟာ အသက်ရှင်သန်ရေးကြောင့် အတွက် ပူးပေါင်းလိုက်ရတဲ့အခါမှာတော့...

ဖန်သားပြင်ပေါ်က Ghost Hunter က သူ့ရဲ့ အတွေးအခေါ်တွေကို စွန့်လွှတ်ပြီး မမြင်ရတဲ့ လောကကို လက်ခံလာမလား...

ကံဆိုးနေတဲ့ ဗေဒင်ဆရာလေး Win ကရော သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မယ့် စွမ်းအားကို Phloeng ရဲ့ ကိုယ်ထဲမှာ တွေ့ရှိသွားမလား...

----------------------------------------------

လျှိဝှက်ဆန်းကြယ်မှုများ၊ စိတ်လှုပ်ရှားမှုနဲ့ နှစ်ဦးကြားက ဆက်နွှယ်မှု တွေ ရောနှောနေတဲ့... ယုံကြည်မှုနဲ့ စွမ်းအားတွေ ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို BLSFLIX Channel ကနေ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် ....

Y...🔮
87❤‍🔥9🥰1
The Leopard Cat Scholar Season 2 (2025)

https://t.me/blsflix_channel37

အချိန်ခရီးသွားရတာကြိုက်ပြီး စုံထောက်ဇာတ်လမ်းတွေ၊ အမှုအခင်းဖြေရှင်းရတာကြိုက်တဲ့သူတွေရှိရင် ဒီဇာတ်လမ်းလေးကို ကြည့်သင့်ပါတယ်နော်...

ဒီဇာတ်လမ်းလေးထဲမှာတော့ အဓိက ဇာတ်ကောင် နှစ်ဦးလုံးက ကြောင်နက်စွမ်းအားကိုအသုံးပြုပြီး အချိန်ခရီးသွားကြမှာပါ....

~ သူတိုက ရှေးဟောင်းခေတ်က လျှိဝှက်ချက်တွေ အပြင်

~ အတိတ်ကာလ (၂၀၀၅) ခုနှစ်နဲ့ လက်ရှိခေတ်ကာလ (၂၀၂၅) ခုနှစ်ရဲ့တက္ကသိုလ်ဝန်းအတွင်းက မှုခင်းများစွာကို ပူးပေါင်း ဖြေရှင်းကြမှာပါ....

* အချိန်ခရီးသွားရင်း တွေ့ခဲ့တဲ့ရှေးဟောင်းပန်းချီကားတစ်ချပ်ရဲ့လျှိဝှက်ချက်တစ်ခု၊

* လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကြုံတွေခဲ့ရတဲ့ မတော်တဆမှုတစ်ခုရဲ့အမှန်တရား၊

* မုသားတွေနဲ့ ဖုံးကွယ်ထားတဲ့ ပညာရေးဆိုင်ရာ လိမ်လည်မှုတွေအပါအဝင် ရှုပ်ထွေးနက်နဲတဲ့ ပဟေဠိတွေကို ဖော်ထုတ်သွားကြမှာပါ...

ဒီဇာတ်လမ်းလေးက ခေတ်ဟောင်းနဲ့ခေတ်သစ်ကို အချိန်ခရီးသွားကြပြီး မှုခင်းတွေကို အတူတူဖြေရှင်းကြမဲ့ စိတ်ကူးယဥ်စုံထောက် ဇာတ်လမ်းအမျိုးအစားလေးပါ၊

အတိတ် နဲ့ ပစ္စုပ္ပန်ကို ချိတ်ဆက်ပေးထားပြီး အဓိကဇာတ်ဆောင်နှစ်ဦးရဲ့ လိုက်ဖက်မှု၊ အတွဲညီမှုတွေပါ ကြည့်ရှုရမှာဆိုတော့ BLSFLIX Channel လေးကနေ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်....

Y...🐱
69❤‍🔥6👍2🥰2💯1🍓1
Mystique In The Mirror (2025)

https://t.me/+96vJBPKElbFkYWRl

October လအတွက် သည်းထိတ်ရင်ဖို၊ လျှိဝှက်ဆန်းကြယ်ဓာတ်ပါမယ့် BL ကားမျိုး ‌လိုက်ရှာနေတဲ့ ပရိသတ်တိုအတွက် ဟောဒီ "Mystique In The Mirror" ဆိုတဲ့ Thriller Series လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်ကားရဲ့ ထိုင်းနာမည်က "မှန်ထဲမှာဘယ်သူလဲ" လို အဓိပ္ပါယ်ရပါတယ်။ ဘယ်သူ့ကိုပြောနေမှန်းသိချင်ရင်တော့ ဇာတ်လမ်းအညွှန်းလေးကို ဆက်ဖတ်ကြည့်ပါ။

ရိုးရှင်းတဲ့ Alan ဆိုတဲ့ကောင်လေးရဲ့ဘဝက ကြေးမုံပြင်ထက်ကို သူကြည့်မိတိုင်းပေါ်လာတဲ့ လူထူးဆန်းကြီးရဲ့ဝိညာဉ်ကြောင့် ကမောက်ကမဖြစ်ခဲ့ပါတယ်။

Alan ရဲ့ဖခင်ဟာ သားဖြစ်သူ သွေးလေခြောက်ခြား ထင်ယောင်ထင်မှားဖြစ်နေတယ်ဆိုပြီး သက်သာ‌စေဖို Alan ကိုစိတ်ကျန်းမာရေးဆေးရုံပိုလိုက်ပါတော့တယ်။

ဆေးရုံမှာ Alan ဘေးအခန်းက Darwin ဆိုတဲ့ကောင်လေးနဲ့ဆုံရင်း သံယောဇဉ်တွယ်မိကြပါရော။ ဒီလိုနဲ့ Darwin ဆီကအကူအညီကိုယူပြီး Alan တစ်ယောက် ကြေးမုံထက်ကလူထူးဆန်းဝိညာဉ်ကြီးနဲ့သူ အတိတ်မှာဘာပတ်သက်မှရှိနေလဲသိရအောင် လိုက်ရှာပါတော့တယ်။

ဆေးရုံမှာကုပြီး အဖေ့ဆီပြန်မယ့် Alan များမကြာမီမှာပဲ စာရွက်စာတမ်းတစ်ခုကြောင့် သိလိုက်ရတာ သူ့ဖခင်ဖြစ်သူ ဆုံးပါးသွားတာ ကြာလှပါပြီတဲ့။

Alan နဲ့ သူမှန်ပေါ်မှာမြင်နေရတဲ့ ဝိညာဉ်ကြီးက ဘာပတ်သတ်မှုရှိနေလဲ။ တကယ်ပဲ သူထင်ယောင်ထင်မှားဖြစ်နေတာလား။ Darwin ကရော ရိုးရဲ့လား။ စိတ်ကျန်းမာရေးဆေးရုံမှာ Alan နဲ့ Darwin တွယ်မိတဲ့ကြိုးလေးရော ခိုင်မြဲပါ့မလား။

မြင်နေကျဇာတ်ကားပုံစံတွေနဲ့မတူဘဲ Psychology အနည်းငယ်ပါလို ထူးခြားတဲ့အရသာတစ်ခုဖြစ်တဲ့ Mystique In The Mirror Series ကို ကြည့်ရှုအားပေးကြပါဦး။
73❤‍🔥7💯3👍1🎉1