Review by BLSFLIX
27.1K subscribers
821 photos
762 links
Download Telegram
Lying (2025)
"မုသားအချစ်"

https://t.me/blsflix_channel9

ယခုတစ်ခါတင်ဆက်ပေးမယ့် ရုပ်ရှင်လေးကတော့ Lying ဆိုတဲ့ ထိုင်းဒရမ်မာကားလေးပါ

အတိတ်ကဖြစ်ရပ်ဆိုးများက ဝမ်ဆိုတဲ့သူမရဲ့ နှလုံးသားကိုအေးခဲသွားစေခဲ့ပါတယ် ဒီအတိတ်ဆိုးတွေကို ဖြစ်စေတဲ့သူကိုကလဲ့စားချေဖို့အတွက် သူဌေးသားလေးတစ်ဉီးနဲ့ ဝမ် တွဲလိုက်သောအခါ တကယ်ပဲ သူဌေးသားလေးအမေက သူမရဲ့အတိတ်ကဖြစ်ရပ်ဆိုးနဲ့ ပတ်သက်နေမလားဆိုတာရယ် ကလဲ့စားချေဖို့ ကြိုးစားရင်းသူဌေးသားလေးကို တကယ်ချစ်မိသွားမလားဆိုတာရယ် အချစ်နှင့်ယှဉ်တဲ့ကစားပွဲတစ်ခုမှာ သူမရှေ့ဆက်တိုးမလား နောက်ပြန်ဆုတ်မလား ဆိုတာကိုတော့ အချစ်အလွမ်းရသတွေခံစားဖို့ ဒီဇာတ်ကားလေးကို BLSFLIX မှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းဆက်လက်စောင့်စားကြည့်ရှု ပေးကြပါအုံးနော်
13👍8💯2❤‍🔥1
The Cursed Love (2025)

https://t.me/blsflix_channel6

ငယ်ရွယ်တဲ့ ဘီလီယံနာမော်ဒယ်ဖြစ်သူ Siwat ဟာ နှလုံးခုန်သံနဲ့ ချိတ်ဆက်နေတဲ့ သူ့ရဲ့ မီးစွမ်းအင်ကို ဖယ်ရှားရမဲ့ လျှိဝှက်တာဝန်လေးတစ်ခုရှိနေပါသတဲ့.....

ထိန်းချုပ်လိုမရတဲ့ သူ့ရဲ့စွမ်းအင်ကိုဖျောက်ဖျက်နိုင်ဖိုဆိုရင် ရှေးဟောင်းမြိုထဲမှာ ဝှက်ထားတဲ့ဒဏ္ဍာရီလာမှော်အ စွမ်းကို အသုံးချရမှာပဲဖြစ်ပါတယ်.....

ဒါပေမဲ့လည်း မြိုရဲ့လျှိဝှက်ချက်တွေအကုန်သိထားပြီး ထာဝရ မထုတ်ဖော်ချင်တဲ့ လေထိန်းချုပ်သူ Khunkao နဲ့ Siwat တွေ့ဆုံလာတဲ့အခါ ဘယ်လိုစိတ်ဝင်စားစရာ ဇာတ်လမ်းတွေပေါ်လာလေမလဲ...

ရှေးဟောင်းကျိန်စာ.... မှော်အစွမ်းယှဉ်ပြိုင်မှုတွေနဲ့ တစ်ကျော့ပြန်သမိုင်းကို ပြန်ရေးယူနိုင်မဲ့ချစ်ခြင်းတရားတွေကို Khunkao နဲ့ Siwat ဘယ်လိုရင်ဆိုင်သွားမယ်ဆိုတာကို BLSFLIX ကနေစိတ်ဝင်စားဖွယ်စောင့်ကြည့်ပေးကြပါဦး...
❤‍🔥6859👍9💯3🥰1
Yummy Yummy Yummy
(သုံးကြိမ် တ ရမယ့် အချစ်)

Join Channel
https://t.me/+DJa_SmbfSwVhZTk1

"မင်း ပြောသမျှ ကိုယ်အကုန် မှတ်ထားပါတယ်။ မင်းတို့ဆီမှာ လမုန့်(ယွဲ့ထျွမ်)ကို လဘီစကစ်(ယွဲ့ပင်)လို့ ခေါ်တယ်။ ဖခင်ကို ဖေဖေ(ပါးပါး)၊ မိခင်ကို မေမေ(မားမား)၊ မင်းရဲ့အစ်ကိုရှန်ကိုကျ ကိုကို(ကောကော)လို့ ခေါ်တယ်။"
"ဒါဆို ရှင်ရော ကျွန်မကို ဘယ်လိုခေါ်ရမလဲ။"
"မင်းကို ကိုယ်က ဇနီးလေး(လောင်ဖော)လို့ ခေါ်ရမယ်။"

ကောင်းတဲ့အရာဆို သုံးကြိမ်သုံးခါ ပြောရပါတယ်
Yummy Yummy Yummy 😋 🤤 🥳
ကဲ နာမည်ဆန်းဆန်း၊ ဇာတ်အိမ်ဆန်းဆန်းနဲ့ အရသာရှိရှိ ဇာတ်ကားတစ်ကားလာပြန်ပါပြီ
ဇာတ်လိုက်မင်းသမီးက ဖတ်နေတဲ့ ဝတ္ထုထဲ ရောက်သွား၊ သက်ဦးဆံပိုင်ဘုရင်စနစ်ဆီ အချိန်ခရီးသွား၊ သေပြီးမှ ပြန်မွေးဖွါး ဒီလို ဖန်တရာတေဇာတ်ကြောင်းမျိုးကိုမှ ပိုဆန်းသစ်သွားတာက Shen Shao Guan ကျမှ သူတင်မက သူတို့တစ်မိသားစုလုံးပါ ရှေးခေတ်ကို ပြန်ရောက်သွားကြပြီး Lin Yan ဆိုတဲ့ အရာရှိမင်းတစ်ဦးနဲ့ ဆုံတွေ့ကြတာပါ
ဘုမသိ ဘမသိနဲ့ ရုံအန်းမြို့ဆီ ရောက်ချလာကြတဲ့ မိသားစုဝင်ငါးယောက်ခမျာ ခေတ်သစ်အစားအသောက်၊ ခေတ်သစ်အသုံးအဆောင်၊ ခေတ်သစ်မားကတ်တင်းနည်းတွေနဲ့ စားသောက်ဆိုင် ဖွင့်ကြရင်း နယ်မြေသစ်တစ်ခုမှာ ရှင်သန်ဖို့ ရယ်ရယ်မောမော ဆန်းဆန်းပြားပြား ကြိုးစားကြတဲ့ ခရီးစဉ်ကို BLSFLIX မှာ ရှုစားလို့ရပါပြီ
Face of employment လို့ ဒီနှစ်မှာ တင်စားကြရတဲ့ အလှလေး Wang Ying Lu က 2025 မှာပဲ ငါးကြိမ်မြောက် ပြန်ရောက်လာတာဖြစ်ပြီး စစ်သူကြီး စုန့်မိုအနေနဲ့ 2024 မှာ နာမည်ကြီးခဲ့တဲ့ ရွှိက်ကော Li YunRui ကတော့ 2025 မှာ ပထမဆုံးအကြိမ် ပရိသတ် ရှေ့မှောက်ပြန်ရောက်လာတာပါ
ဒီစီးရီးကို ASMR နဲ့ Mukbang ကြည့်ရတာကြိုက်တဲ့ Foodie လေးတို့ပဲဖြစ်ဖြစ်၊ အချောအလှလေးတွေ ကြည့်ပြီး မျက်စိအစာကျွေးတတ်တဲ့ ပျိုပျိုကိုကိုတို့ပဲဖြစ်ဖြစ် လုံးဝ လက်မလွှတ်သင့်ပါဘူးနော်
7👍7
The Resurrected

Join Channel
https://t.me/+jtCgTHmfBEkzM2Nl

🪓ဒီတစ်ခါမှတော့ BLSFLIXရဲ့ ကြည့်ရှုသူတွေကို ထိုင်၀မ်ဇာတ်ကားကောင်းလေးတစ်ကားကို ဘာသာပြန်ပြီးတော့ တင်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။ မင်းသမီးကြီး Shu Qiက အဓိကပါဝင်သရုပ်ဆောင်ထားပြီး The Resurrected အမည်ရတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

🪓သမီးနှစ်ယောက်လုံး ပြန်ပေးဆွဲခံလိုက်ရလို့ ပရိဒေမီးတွေ လောင်မြိုက်နေတဲ့ မိခင်ဖြစ်သူနှစ်ယောက်ဟာ အမုန်းတရားတွေကို ရင်၀ယ်ပိုက်ရင်း ကလဲ့စားချေဖို့ကြိုးစားကြ‌ပါတော့တယ်။ ဒါပေမဲ့ ဒီအမှုရဲ့ အဓိကတရားခံဖြစ်တဲ့ ဂိုဏ်းခေါင်းဆောင်ဟာ ‌သေသွားတဲ့အခါ။

🪓ဇာတ်လမ်းက ဒီနေရာမှာမရပ်သွားပါဘူး။ ဆန်းကြယ်တဲ့ နတ်ဘုရားမတစ်ပါးပေါ်လာပြီး သေသူ ဂိုဏ်းခေါင်းဆောင်ကို အသက်ပြန်ရှင်စေခဲ့တဲ့အခါ။ အမေနှစ်ယောက်ပေါင်းပြီး ဘယ်လိုရက်စက်ကြမလဲ။ သူများကိုကလဲ့စားချေရင်း ကိုယ်တိုင်ရဲ့ ကိုယ်ကျင့်ရတားကိုပါ စမ်းသပ်ခံလာကြရတဲ့အခါ။ ထိုင်၀မ်ကားမလို့ ကြမ်းမဲ့အပြင် ရသစုံရရှိနိုင်တဲ့ကားမလို့ စောင့်ကြည့်ချင်တယ်ဆိုရင်တော့ channelလေးကို joinထားလိုက်ကြရအောင်နော်။
23
အမွေရဖို့အတွက် ရက် (၉၀) ကြာ ဟန်ဆောင်လက်ထပ်ရင်း ဂယက်တွေထကြဦးမယ့် Choi Woosik နဲ့ Jung So Min တို့ရဲ့ "Would You Marry Me"

၁၀ လပိုင်း ၁၀ ရက်နေ့ မနက်ဖြန်မှာ ကြည့်ရှုရမယ့် ဒီဇာတ်ကားလေးကတော့ စုစုပေါင်း အပိုင်း (၁၂) ပိုင်းပါဝင်ထားပြီး Comedy,  Romance,  Drama & Family type လေးပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးမှာတော့ အိမ်ငှားလိုက်ထားချိန် စေ့စပ်ထားတဲ့သူရဲ့ သစ္စာဖောက်မှုကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒီဇိုင်နာ Yoo Me-ri (Jung So-min) နဲ့ Myungsoondang လုပ်ငန်းစုရဲ့ အမွေဆက်ခံသူ Kim Woo-joo (Choi Woo-shik) တို့နှစ်ယောက်ရဲ့ အကြောင်းကို Romcom ဒရာမာဖြစ်တာနဲ့အညီ ဟာသခန်းတွေနဲ့အတူ ရိုမန့်တစ်ဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးစတင်ခဲ့ရတဲ့ အဓိကအကြောင်းရာကတော့ Yoo Me-ri ဟာ ကံကောင်းပြီး သတို့သားနဲ့ သတို့သမီးအိမ်ရာဆိုတဲ့ ဆုကြီးကို ရရှိခဲ့ရာကနေ စတင်ခဲ့တာပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဒီဆုကို လက်ခံဖို့အတွက်ဆို တရားဝင် လက်ထပ်ထားတဲ့ စုံတွဲဖြစ်ဖို့ကလည်း လိုအပ်နေပါသေးတယ်။

အဲဒီလို အခြေအနေမှာ သူမရဲ့ စေ့စပ်ဖူးသူဖြစ်တဲ့ Kim Woo-joo နဲ့ နာမည်တူတဲ့ ဘေကရီလုပ်ငန်းရှင် Kim Woo-joo ကို တွေ့ပြီး "ငါနဲ့ လက်ထပ်ပေးမလား" လို့ ကမ်းလှမ်းခဲ့ပါတယ်။

အဲ့ဒီကနေ သူတို့နှစ်ယောက်ဟာ အိမ်ရာဆုကြီးကို ရဖို့အတွက် ရက် ၉၀ ကြာ စာချုပ်နဲ့ ဟန်ဆောင်လက်ထပ်ပွဲကို စတင်ခဲ့ကြပါတယ်။ သူတို့ရဲ့ အတုအယောင်ဇာတ်လမ်းကနေ တကယ့် ချစ်ခြင်းမေတ္တာတွေ ဘယ်လိုဖြစ်တည်လာမလဲဆိုတာကိုတော့ တဟားဟားရယ်မောရင်း စောင့်ကြည့်ရမှာပါ။

ကြည့်ရန်ချန်နယ်

https://t.me/+Jc6n5taQarhlZjA9
50
Typhoon Family

https://t.me/blsflixchannelKor101

ဒီနေ့ညမှာတော့ 90s ခုနှစ်တွေကို ပြန်သွားကြရအောင်နော်

၁၉၉၇ ခုနှစ်ကို ဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပြီးတော့ အထည်ကြီးပျက် သူဌေးသားလေးနဲ့ ရုံးဝန်ထမ်းစာရင်းကိုင်ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။

၁၉၉၇ ခုနှစ် IMF စီးပွားပျက်ကပ်ထဲမှာ ဖခင်ဖြစ်သူတည်ထောင်ထားတဲ့ SME ကုမ္ပဏီ (Typhoon Company) ကို မိသားစုနဲ့ ဝန်ထမ်းတွေအတွက် ကာကွယ်ဖို့ကြိုးစားမယ့် CEOလေးရဲ့ ဘဝ‌ဇာတ်ကြောင်းကို ရိုက်ကူးထားတာပါ

"King The Land" ထဲက Lee Jun Ho နဲ့ "Pachinko" ထဲက Kim Min Ha တို့အဓိကပါဝင်ထားကြတာဖြစ်ပြီး စုစုပေါင်း အပိုင်း (16) ပိုင်း ရှိပါတယ်။

ပြိုလဲတော့မဲ့ ကုမ္ပဏီကြီးကို ကယ်တင်ရင်း ဘယ်လိုတွေ ရိုမန်တစ်ဆန်ကြမလဲဆိုတာကတော့ ဒီနေ့ညကစလို့ Saturday & Sunday ညတွေတိုင်း စောင့်ကြည့်နိုင်ပါပြီနော်။
30💘4🥰1
Punks △ Triangle (2025)

https://t.me/Blsflix_JavaneseSeries

ဖက်ရှင်ကျောင်းသား ချီတာကီဟာ သူဖန်တီးတဲ့ဒီဇိုင်းတွေကို တခြားသူတွေထယ် အယ်ဆိုတဲ့မော်ဒယ်လ်ဝတ်ဆင်တာကို မြင်ရဖိုက သူ့ရဲ့အဖြစ်ချင်ဆုံး အိမ်မက်ထဲက တစ်ခုပါ သူ့ရဲ့အိမ်မက်ကို အကောင်အထည်ဖော်ဖိုအတွက် ပြိုင်ပွဲတစ်ခုကို ပြိုင်ဖို ဖြစ်လာတဲ့အခါ ချီယာကီကတော့ အနိုင်ရဖို ဒုန်းစိုင်းပြင်ဆင်ပါတော့တယ် ဒါပေမဲ့ ခေတ်မမှီ ကိုးယိုးကားယားနိုင်တဲ့ အယ်နာဂါနဲ့အတူပြိုင်မိတဲ့အခါမှာတော့ သူ့ရဲ့ အိမ်မက်ဟာပျက်စီးပါတော့တယ်

ကံကြမ္မာငင်တဲ့ တစ်ညမှာတော့ လူဆိုးတစ်ချိုနဲ့ကြုံနေရတဲ့ ချီတာကီကို သူ့ရဲ့အိုင်ဒေါလ် အယ်ကကယ်တင်လိုက်ပါတယ် အဲဒါအပြင် သူ့ကို nightlife မှာပျော်ဖိုပါ ဆွဲဆောင်မှုအပြည့်နဲ အယ်က ကမ်းလှမ်းလာခဲ့ပါတယ်

သူကိုယ်တိုင်သဘောကျနေတဲ့ crush မော်ဒယ် Ai နဲ့ အမြဲပြဿနာရှာ ကိုးယိုးကားယားနိုင်တဲ့ သူငယ်ချင်း အယ်နာဂါတိုကြားမှာ ပိတ်မိနေခဲ့တယ် အယ်နာဂါမှာလည်း မျှော်လင့်မထားတဲ့ လျှိဝှက်ချက်တစ်ခုရှိနေခဲ့ပါတယ်

ချီယာကီ အတွက်တော့ ဒီအရာတွေဟာ မျှော်လင့်ချက်နဲ့ စိတ်ခုန်မှုများစွာအပြည့် Boy’s Love အချစ်ဇာတ်လမ်းတစ်ပုဒ်ကို စတင်ဖွင့်လှစ်ပေးပြီး သူ့ဘဝကိုလုံးဝ ပြောင်းလဲသွားစေမှာ ဖြစ်ပါတယ်
40
Unlimited Love (2025)

https://t.me/blsflix_thebeststory

Englotအတွဲလေးအပြင် Miss Grandကမမလှလှလေးတွေကိုပါ ကြည့်ရှုရမဲ့စီးရီးလေးလာပါပြီ။

ရုံးဝန်ထမ်း Pluဟာ ခေါင်းဆောင်အကြီးအကဲနဲ့ ပဋိပက္ခဖြစ်ပြီး အလုပ်ထုတ်ခံခဲ့ရပါတယ်။ တစ်နေ့မှာတော့ သူမ ချောမောလှပပြီး ချမ်းသာကြွယ်ဝတဲ့အမျိုးသမီးလေးRayနဲ့တွေ့ဆုံပြီး Unlimited Companyကို ဖက်စပ်တည်ထောင်ဖိုဖြစ်လာပါတော့တယ်။ သူမတိုနှစ်ယောက်အတူ ကုမ္ပဏီကိုဦးစီးတည်ထောင်ကြရင်း ဝန်ထမ်းအသစ်လေးတွေကိုခေါ်ယူတဲ့အခါ ကုမ္ပဏီကအလွဲလေးတွေနဲ့ သုံးပွင့်ဆိုင်၊လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းတွေပါ ပေါ်ပေါက်လာပါတော့တယ်။

ရုပ်ချောချောမမလှလှလေးတွေရဲ့အလွဲလေးတွေ၊ဂယက်လေးတွေကိုမြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရမဲ့အပြင် ပျော်ပျော်ပါးပါးကြည့်ရှုရမဲ့စီးရီးလေးမို BLSFLIX Channelနဲ့အတူ လိုက်ပါစီးမျောကြည့်ရှူလိုက်ကြရအောင်နော်။
❤‍🔥1514
Marie and Her Three Daddies

Join Channel
https://t.me/blsflixchannel005

ဒီဇာတ်လမ်းကတော့ Kang Marie (ဂန်မာရီ) ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို အဓိကရိုက်ကူးထားတာ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမရဲ့ ဖခင်အရင်းဟာ တစ်ယောက်တည်းမဟုတ်ဘဲ ဖြစ်နိုင်ခြေရှိတဲ့ ဖခင်လောင်း ၃ ယောက်အထိ ရှိနေတယ်ဆိုတဲ့ အမှန်တရားကို သိလိုက်ရတဲ့အခါ သူမရဲ့ဘဝဟာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က သူမရဲ့မိခင် Joo Si-ra (ဂျူဆိုရာ) ဟာ မျိုးအောင်ကုသမှု (artificial insemination) ခံယူခဲ့ရာမှာ မတော်တဆမှုတစ်ခုကြောင့် အမျိုးသားသုံးယောက်ရဲ့ သုတ်ပိုးတွေ ရောထွေးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် မာရီရဲ့ ဖခင်အရင်း ဘယ်သူဖြစ်မလဲဆိုတာ လျှို့ဝှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

မာရီဟာ လက်တွေ့ကျပြီး ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမရဲ့ ဖခင်အရင်းကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားရင်း တစ်ချိန်တည်းမှာပဲ မမျှော်လင့်ဘဲ ပေါ်ပေါက်လာတဲ့ မိသားစုအသစ်နဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေကို ရင်ဆိုင်ရပုံကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်။ ဒီဇာတ်လမ်းတွဲဟာ သွေးသားတော်စပ်မှုထက် ပိုမိုခိုင်မြဲတဲ့ မိသားစုသံယောဇဉ်ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းထုတ်မှုတွေနဲ့အတူ ပရိသတ်ကို နွေးထွေးမှု၊ ဟာသရသနဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးစွမ်းမှာ ဖြစ်ပါတယ်။
21
The Love Never Sets (2025)

https://t.me/+7rxsCi8r7zwyMGZl

Mint ကြောင့် ကျောင်းထွက်ရတဲ့ထိဖြစ်သွားခဲ့တဲ့ Ice တစ်ယောက် လူကြီးရုပ်ရှင်လောကထဲကို အတင်းပို့ခံလိုက်ရပါတော့တယ်.....

ဒီလိုနဲ့ တစ်ခါပြန်ကျောင်းတက်ရတဲ့အချိန်မှာ အချင်းများဖူးတဲ့ Saint ဆိုသူနဲ့ ဂေးဇာတ်လမ်းတွဲ ရိုက်ရဖို့ဖြစ်လာခဲ့တဲ့ Ice တစ်ယောက်.....

ရိုက်ကူးရေးလုပ်ချိန်မှာ Saint နဲ့ ဘယ်လိုကိစ္စတွေ ကြုံတွေ့လာရလိမ့်မလဲ.....

အရင်းနှီးဆုံးသူတွေ ကြားမှာ ပြုနေကျ နီးကပ်ရင်းနှီးတဲ့ဇာတ်ကွက်တွေကို ရိုက်ကူးရေးလုပ်ရင်းကြုံလာရတဲ့အခါ နဂိုမတည့်တဲ့ Ice နဲ့Saint တို့ဘယ်လိုကျော်ဖြတ်ကြမလဲ.....

ဒီရိုက်ကူးရေးကတစ်ဆင့်နှစ်ယောက် ဆက်ဆံရေးကဘယ်လိုတိုးတက်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် BLSFLIX ကနေ စောင့်မျှော်ကြည့်ရှုလို့ရပါပြီ
81👍5🍓4❤‍🔥2💯2
A Bitter Honeymoon (2025)
" ခါးသက်သော ပျားရည် "

https://t.me/blsflix_channel17

Purim ဟာသူ့ချစ်သူဖြစ်တဲ့ Roseက ချမ်းသာတဲ့သူနဲ့သွားလက်ထပ်ဖို သူ့ကိုထားသွားသောကြောင့် စိတ်ဒဏ်ရာရသွားခဲ့တယ်။သိုပေမဲ့ Purim ကတော့ Rose ကြောင့်နာကျင်ရတဲ့ဒဏ်ရာကိုမမေ့နိုင်ပဲ လက်စားချေချင်တယ်။

နှစ်တွေကြာလာတော့ Purim ဟာချမ်းသာတဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာပြီး Rose ကတော့ အရက်စွဲပြီး လောင်းကစားသမားဖြစ်လာတယ်။တစ်နေ့မှာတော့ ကံကြမ္မာကြီးက Purim လက်စားချေဖိုအခွင့်အရေးပေးခြင်းအနေနဲ့ သူတိုနှစ်ယောက်ကိုဆုံစေပြီး Purim က Rose ရဲ့အကြွေးရှင်ဖြစ်လာပါတော့တယ်။အကြွေးဆပ်ဖိုအတွက် Rose ကသူ့ရဲ့သမီးဖြစ်သူ Kungsadarn ကို Purim ရဲ့ဇနီးအဖြစ်ရောင်းပေးလိုက်ပါတော့တယ်။

လက်ထပ်ပြီးနောက်ပိုင်း Purim က Kungsadarn ကိုတဖြည်းဖြည်းနဲ့ အကောင်းစိတ်မြင်လာပြီး မေတ္တာသက်ဝင်လာပါတော့တယ်။သိုပေမဲ့ သူတိုနှစ်ယောက်ရဲ့အချစ်ခရီးဟာ ထင်ထားသလိုမျိူးမချောမွေ့တဲ့အခါမှာ သူတိုဖြတ်ကျော်နိုင်ပါ့မလားဆိုတာကို ကျွန်ုပ်တို BLSFLIX နဲ့အတူကြည့်ရှုခံစားကြရအောင်။
20❤‍🔥2
Never Ending Story (2025)

https://t.me/blsflixkoreabl

နာမည်ကြီးစာရေးဆရာလေးဖြစ်တဲ့ Doyoon​က သူ့ရဲ့လက်ရှိရေးနေဆဲစာအုပ်သစ်အတွက် အိုင်ဒီယာမရဖြစ်နေတာမလို လေ့ကျင့်ခန်းလုပ်ရင်း အိုင်ဒီယာရအောင်ကြိုးစားဖို​ ဆုံးဖြတ်လိုက်ပါတော့တယ်။ တိုက်ဆိုင်စွာနဲ့ပဲ ဂျင်ထရိန်နာလေး Hyunwooနဲ့တွေ့ဆုံခဲ့တဲ့အခါ နီးစပ်လာတဲ့စည်းချက်သံရဲ့အောက်မှာ သူတိုရဲ့အခြေအနေကလည်း တိုးတက်လာခဲ့ပါတော့တယ်။

Doyoonရဲ့စာအုပ်သစ်အတွက် Hyunwoo ကလည်း ကူညီပေးကြရင်းနဲ့ သူတိုနှစ်ဦးကြား ရင်ခုန်သံစည်းချက်တွေပါ ပေါ်ဖွားလာခဲ့တဲ့အခါမှာတော့။ Korea BL Seriesလေးတွေရဲ့ထုံးစံအတိုင်း ရိုရိုချိုချိုလေးကြည့်ရှုရမှာမလို ချယ်ရီပန်းလေးအောက်က ရင်ခုန်သံလေးစတင်ရာကို BLSFLIX Channelနဲ့အတူ လိုက်ပါကြည့်ရှုခံစားလိုက်ကြရအောင်လားရှင်။
20❤‍🔥13
My Little Ghost 👻 (2025)

https://t.me/blsflix_vietnameseseries

"အေးစက်တဲ့ အခန်းထောင့်တစ်နေရာကနေ...
မမြင်ရတဲ့ မျက်လုံးတစ်စုံရဲ့ စိုက်ကြည့်မှုကို ခံစားဖူးပါသလား
"

ငယ်ရွယ်တဲ့ ဗိသုကာကျောင်းသားတစ်ဦးဖြစ်ပြီး အအေးဆိုင်မှာ အချိန်ပိုင်း အလုပ်လုပ်နေတဲ့ Kien ....

Kien ငှားနေတဲ့ အဆောင်မှာ မှတ်ဉာဏ်မဲ့နေတဲ့ ဝိညာဉ်နဲ့  ရုတ်တရက် ဆုံတွေ့ခဲ့ရတဲ့အချိန်ကနေစပြီး အရာအားလုံးက ခြောက်ခြားစရာကောင်းလာခဲ့ပါတယ်...👻

ပထမဆုံး တွေ့ဆုံမှုတွေရဲ့ ရှုပ်ထွေးမှုတွေကနေ တစ်ဆင့် သူတိုနှစ်ယောက်က အတိတ်ကို အတူတူ လိုက်ရှာတဲ့ ခရီးကို စတင်ဖြစ်သွားခဲ့တယ်...

ဒီလို အတူနေထိုင်ရင်း နွေးထွေးလာတဲ့ ခင်မင်ရင်းနှီးမှုနဲ့ အချစ်ဟာ တဖြည်းဖြည်း နက်ရှိင်းလာတဲ့ ခြောက်ခြားဖွယ် နှောင်ကြိုး ဖြစ်လာပါတော့တယ်...〰️

တစ်ယောက်ကိုတစ်ယောက် အားကိုး၊ ကာကွယ်ပေးကြရင်း အချစ်ဆိုတာက သေခြင်းတရားကိုတောင် ကျော်လွှားနိုင်ပါ့မလား... 🫧

ဒါမှမဟုတ် လူသားနဲ့ဝိညာဥ်ဆိုတဲ့ မကျော်လွှားနိုင်တဲ့ နယ်နိမိတ် က သူတိုကို ထာဝရ ခွဲခြားပစ်မှာလား...🫧

ရင်ခုန်စရာ အချစ်နဲ့ ကြေကွဲစရာ ကံကြမ္မာ ရောယှက်နေတဲ့ ဒီဇာတ်လမ်းလေးထဲမှာ
သရဲလေး က သူပျောက်ဆုံးသွားတဲ့ အရာတွေကို ပြန်ရှာတွေ့နိုင်ပါ့မလား...

လူသား လေးကရော သရဲလေးအပေါ်ကို တကယ်ပဲ အချစ်စစ်နဲ့ချစ်နိုင်မှာလား...

မပြောဖြစ်လိုက်တဲ့ လျှိဝှက်ချက်တွေ ဟာ သူတိုနှစ်ယောက်ကြားက ကြိုးကို ဘယ်လိုမျိုး အဆုံးသတ် ဖျက်ဆီးပစ်မလဲဆိုတာကို စောင့်ကြည့်ရမယ့်၊ ရင်ကို လှုပ်ခါစေမယ့် ဇာတ်လမ်းလေးဆိုတော့

BLSFLIX Channel လေးကနေ အပတ်စဥ်လိုက်ပါပြီး စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...

Y..👻
68❤‍🔥7👍3🥰2🔥1💯1🍓1
Me and Who (2025)

https://t.me/blsflix_channel23

"အမြဲတမ်း ကံဆိုးတဲ့ ဘဝကနေ ရုတ်တရက် ဘီလျံနာဖြစ်လာသူ"

ကံဆိုးမိုးမှောင် အမြဲကျတတ်သူ Phopthorn က တစ်ညအတွင်းမှာပဲ ဘီလျံနာကြီး Apo ရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်လည်နိုးထလာခဲ့ပါတယ် !!!!

ဆင်းရဲဒုက္ခတွေနဲ့ ကြီးပြင်းလာခဲ့တဲ့သူတစ်ယောက်ဟာ ပိုက်ဆံပုံပေါ် ထိုင်နေရတဲ့ ဘီလျံနာတစ်ယောက်ဖြစ်လာတဲ့အခါ သူ့ရဲ့ မိုက်မဲရူးသွပ်တဲ့ အကျင့်စရိုက်တွေနဲ့ ဒီဘဝသစ်ကို ဘယ်လို ပေါင်းစပ်ပြီး စွန့်စားသွားမလဲ....

"အတွေးတွေကို စိတ်နဲ့ဖတ်နိုင်တဲ့ ခန့်ညားသူနဲ့ စေ့စပ်ခြင်း"

ဒီဘဝအသစ်မှာ Apo တစ်ယောက်ချောမောခန့်ညားပြီး အသေးစိတ်ကအစ စည်းကမ်းကြီးတဲ့ Mom Rajawongse Suriya နဲ့ စေ့စပ်ထားသူဖြစ်နေခဲ့ပါတယ်...

ပိုပြီး ရှုပ်ထွေးသွားစေတဲ့အရာကတော့ Khun Chai Suriya ဟာ လူတစ်ယောက်ရဲ့ စိတ်ထဲက အတွေးတွေကို အကုန်ဖတ်နိုင်တဲ့ စွမ်းအား ပိုင်ဆိုင်ထားသူဖြစ်နေတာပါပဲ...

"လျှိဝှက်ချက်တွေနဲ့ဟန်ဆောင်မင်္ဂလာပွဲ"

သပ်ရပ်ခန့်ညားလွန်းတဲ့ Khun Chai Suriya က Apo ရဲ့ ရူးသွပ်ပြီး ထိန်းမရတဲ့ အတွေးတွေကို ဖတ်လိုက်မိတဲ့အခါ ဘယ်လို တုန်လှုပ်ဖွယ်ရာတွေ ကြုံရမလဲ?

ဒီလို လုံးဝကွဲပြားတဲ့ လူနှစ်ယောက်ကြားက ဖြစ်ပေါ်လာတဲ့ ဟန်ဆောင်မင်္ဂလာပွဲ တစ်ခု ကရော ဘယ်လောက်အထိ အဆင်ပြေနိုင်ပါ့မလဲ...?

အချစ်၊ မိုက်မဲမှုနဲ့ လျှိဝှက်ချက်တွေပြည့်နှက်နေတဲ့ ဒီ BL ဇာတ်လမ်းက ဘယ်လို အလှည့်အပြောင်းတွေနဲ့ အဆုံးသတ်မလဲဆိုတာ BLSFLIX Channel မှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်..

Y..🐣
122🥰4👍2
Romantics Anonymous
(အမည်မဖော်လိုသူ အချစ်)

‎ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်လမ်းလေးကတော့ ၂၀၁၀ မှာထွက်ရှိခဲ့တဲ့ Romantics Anonymous လို့ခေါ်တဲ့ ပြင်သစ်ဘယ်လ်ဂျီယန် ရုပ်ရှင်ကို Remake လုပ်ထားတဲ့ ဂျပန်ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ဂျပန်မင်းသားကြီး Oguri Shun နဲ့ ကိုးရီးယားမင်းသမီး Han Hyo Joo က ပါဝင်သရုပ်ဆောင်ထားပါတယ် ချောကလက်ကြိုက်တဲ့သူတွေ ကျိန်းသေကြည့်သင့်တဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုပါ။

‎လူကြိုက်များတဲ့ချောကလက်ဆိုင် “Le Sauveur” ရဲ့ ဥက္ကဋ္ဌအသစ်တစ်ယောက်ဖြစ်တဲ့ Fujiwara Sosuke ဟာ အသန့်ကြိုက်ရောဂါရှိသူတစ်ဦးဖြစ်ပြီး လူတွေနဲ့ထိတွေ့ရမှာကြောက်တဲ့သူတစ်ဦးဖြစ်ပါတယ်။

‎တစ်ဖက်မှာတော့ လူ​တွေကို မျက်လုံးချင်းဆိုင်မကြည့်ရဲတဲ့ လူကြောက်ရောဂါရှိတဲ့   Lee Ha Na ဟာ အလွန်ကျွမ်းကျင်တဲ့ ချောကလက်ပညာရှင်ဖြစ်ပေမဲ့ သူ့ဆရာဖြစ်တဲ့ "Le Sauveur" ရဲ့ မူရင်း ဆိုင်ပိုင်ရှင်ကလွဲပြီး တခြားအဖွဲ့ဝင်တွေမသိအောင် သူ့ရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ဖုံးကွယ်ထားတဲ့သူတစ်ယောက်ပါ။

‎ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ ကံကြမ္မာဖန်လာပြီး အမှတ်မထင်တွေ့ဆုံခဲ့ပြီးနောက် လူတွေနဲ့ထိတွေ့ရမှာကြောက်တဲ့သူ Fujiwara Sosuke က Lee Ha Na ကို ထိတွေ့ရင် ဘာမှမ​ဖြစ်သလို Lee Ha Na ကလည်း Fujiwara Sosuke ကို မျက်လုံးချင်းဆိုင်ပြီး ကြည့်ရဲခဲ့ပါတယ်

သူတို့နှစ်ယောက်ရဲ့အားနည်းချက်က သူတို့နှစ်ယောက်အတွက် ဘာမှမဖြစ်ဘဲ ပြောင်းလဲဖို့ဖြစ်လာခဲ့ပါတယ်

ပျော်ရွှင်ခြင်းချောကလတ်ကနေ စတင်လာခဲ့တဲ့ ချိုမြိန်တဲ့အချစ်ဇာတ်လမ်းလေးကို BLSFLIX Channel မှာ စောင့်မျှော်ကြည့်ရှုဖို့

https://t.me/Blschannel3

ဒီမှာ စုံကြမယ်နော်
36