Review by BLSFLIX
27.1K subscribers
828 photos
769 links
Download Telegram
Ms. Incognito

Join Channel
https://t.me/+ZVSGInpnbd4wNGI1

ဒီနေ့ညမှာ ကြည့်ရှုရမယ့် ဇာတ်ကားလေးကတော့ "Ms. Incognito" ဆိုတဲ့ အမျိုးသားသက်တော်စောင့်မဟုတ်တဲ့ အမျိုးသမီးသက်တော်စောင့်လေးတစ်ယောက်ရဲ့ အစွမ်းကုန် ကာကွယ်ပေးမှုတွေကို ကြည့်ရှုရမှာပါ။

သုံးလပဲအသက်ရှင်ဖို့ကျန်တော့တဲ့ Gasung Group ရဲ့ ဥက္ကဌကြီးနဲ့ ဟန်ဆောင်လက်ထပ်ပြီး အမွေရဖို့အသည်းအသန်ကြိုးစားနေတဲ့ လူတွေဆီကနေ ဥက္ကဌကြီးကိုကာကွယ်ပေးသွားမယ့် သက်တော်စောင့်မမရဲ့ Romance, Crime & Thriller အမျိုးအစားလေးပါ။

ဆင်းရဲတဲ့မိသားစုကနေ လာတဲ့ အမျိုးသမီးသက်တော်စောင့်လေးဟာ နာမကျန်းဖြစ်ပြီး မကြာခင်မှာ ေသဆံုးရတော့မယ့် စီးပွါးရေးလုပ်ငန်းရှင်ကြီးနဲ့ စာချုပ်အရ ဟန်ဆောင်လက်ထပ်လိုက်ပြီးတဲ့နောက် သူတို့တွေရဲ့အသက်နဲ့ ဘဝကို အမွေအများကြီးဆက်ခံချင်တဲ့လူတွေဆီကနေ ကြိုးစားပြီး ကာကွယ်သွားရပုံကို မြင်တွေ့ရမှာပါ။

စုစုပေါင်း အပိုင်း (၁၂) ပိုင်းပါဝင်ထားပီးတော့ "Vincenzo" ထဲက Jeon Yeo Been, "Who Is She" ထဲက Jin Young, "Seoul Busters" ထဲက Seo Hyeon Woo, "Money Heist" ထဲက Jang Yoon Ju နဲ့ "Extraordinary Attorney Woo" ထဲက Joo Hyun Young တို့က အဓိကပါဝင်ထားပါတယ်။
58
ကံစေမံရာ နှလုံးသား

ဖူယိရှောင်းက ငါ ဖုန်းစွေကောရဲ့လူပဲ။ သူ့ကို သတ်ရဲတဲ့သူကို ငါ ပြန်သတ်မယ်။ 
_ဖုန်းစွေကော 


ကျွန်မမှာလည်း အတူတူ အိုမင်းသွားချင်တဲ့သူ ရှိပါတယ်။ အဲ့ဒီလူက ရှင်ပဲ ဖုန်းစွေကော။ 
_ဖူယိရှောင်း 


ကျင်းရှို့တိုင်းပြည်နဲ့ စုရှတိုင်းပြည် နှစ်ပြည်ထောင်အကြား ဖျင်လင်စစ်ပွဲမှာ ရှုံးနိမ့်တော့မယ့် ကျင်းရှို့ပြည်က အမျိုးသမီးလေးသည်တော် ဖူယိရှောင်းရဲ့ မြားတစ်ချက်ဟာ အနိုင်ရတော့မယ့် စုရှပြည်ရဲ့ မင်းသားကြီးဖုန်းစွေကောကို အထိနာစေခဲ့ပြီး တိုက်ပွဲရလဒ်က ချက်ချင်းဆိုသလို  ပြောင်းလဲသွားခဲ့ပါတယ်။ 
တိုက်ပွဲအပြီး သိပ်မကြာခင်မှာပဲ ဖူယိရှောင်းဟာ တောင်စောင်းပေါ်က ပြုတ်ကျပြီးနောက် မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့သလို ဖုန်းစွေကောကျ နောက်ကလိုက်ဖမ်းသူတွေလက်က လွတ်အောင် ပြေးနေရတဲ့ အခြေအနေကို ရောက်သွားခဲ့တယ်။ 
သူတို့ ကမ္ဘာမကြေရန်သူတော်နှစ်ယောက်ဟာ ယွီကျင်းမြို့မှာ မတော်တဆ ပြန်လည်ဆုံစည်းကြပြီး တစ်ယောက်ကို တစ်ယောက် အားကိုးအားထားပြုကြရမယ့် ဆက်ဆံရေးတစ်ခုကို မဖြစ်မနေ တည်ဆောက်ကြရပါတော့တယ်။ 

ကဲ Enemies to/and lovers trope ကို ကြိုက်ကြသူတွေအတွက် IQIYI ရဲ့ fated hearts လာပါပြီ။
ဇာတ်လမ်းက စိတ်ဝင်စားစရာ အတိဖြစ်သလို မင်းသား မင်းသမီးကိုလည်း စိမ်းနေကြမှာ မဟုတ်ပါဘူး။ 
လီချင်ကျဲကျဲကို နာမည်ကြီး Joy of life မှာ ဝမ်အာအနေနဲ့ သိကြပြီးသားဖြစ်မှာဖြစ်သလို ချယ်ကျယ်ယွမ်ဆိုတာကလည်း တခြားသူမဟုတ် အားလုံးအကြိုက် Hidden Love ရဲ့ သွမ့်ကျားရွှီကောကောပါပဲ။ 
သူတို့နှစ်ဦးက ရန်ဖြစ်ရင်း ချစ်သွားကြတဲ့၊ တစ်ယောက်တည်းနဲ့တစ်ယောက် မတည့်သလို မျက်စိအောက်ကလည်း အပျောက်မခံကြတဲ့ ဖူယိရှောင်းနဲ့ ဖုန်းစွေကောအဖြစ် ဘယ်လိုတွေ slay ကြမလဲဆိုတာ ကြည့်ကြည့်ကြပါဦး။ 
ဒီနေ့ အောက်တိုဘာ ၂ ရက်နေ့မှာပဲ အချစ်အမုန်းရောယှက် မြားတစ်ချက်က ရင်ခွင်နှစ်ခုကို ဘယ်လို ထိမှန်စေမလဲဆိုတာ BLSFLIX ကနေ အားပေးလို့ ရပါပြီ။ 

ကြည့်ဖို့ ချန်နယ်လေး Join ထားပေးနော်

https://t.me/blsflixchannel26

တရုတ်ကားလေးတွေ ကြည့်ဖို့ Main Channel လေးလဲ Join ထားပေးပါဦး

https://t.me/BLSFLIX_ChineseDrama
28🥰1
At 25:00 in Akasaka Season 2 (2025)

https://t.me/Blsflix_JavaneseSeries

Season 1 မှာတုန်းက မထိတထိဇာတ်ကွက်လေးတွေနဲ့ Ro သွားပြီး ဇာတ်လမ်းပြီးခါနီးမှ တွဲသွားကြလို မကျေနပ်ကြတဲ့
ပရိသတ်လေးတွေအတွက် Season 2 မှာတော့ တွဲပြီးတဲ့အချိန်မှာ ကြုံတွေ့ရမဲ့ ချစ်သူရည်းစားဘဝမှာ ဆက်ပြီးအားကျရတဲ့ကြည်နူးစရာအခန်းလေးကိုမြင်ရမှာလား

ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်းအလုပ်ကြောင့် ကြုံလာရတဲ့​ပြဿနာတွေကြောင့် ဆက်ဆံတစ်ခုက ပျက်စဲသွားမှာလားဆိုတာကို ရိုက်ကူးထားတဲ့အပြင် နောက်အတွဲလေးတစ်တွဲဖြစ်တဲ့ ဆာကူမနဲ့ ရာမာ့စ်တိုရဲ့ ဇာတ်လမ်းလေးပါ ပါဝင်လာပြီမလို အတွဲနှစ်အတွဲရဲ့ အရသာစုံဇာတ်လမ်းလေးတွေကို BLSFLIX ကနေ ဘာသာပြန်တင်ဆက်ပေးသွားမဲ့ At 25:00 in Akasaka Season 2 ကို ​အတူတူကြည့်ရှုလိုက်ကြရအောင်နော်....
66🥰3👍1
နှစ်ပေါင်း ၁၀၀၀ ကြာ ပိတ်မိနေတဲ့ Genie တစ်ကောင်က အမျိုးသမီးတစ်ယောက်ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ပြန်ပေါ်လာတဲ့အခါ ...

မင်မင်တို့ရဲ့ BLSFLIX channel ကနေ နောက်ထပ်တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ Bae Suzy နဲ့ Kim Woo Bin တို့ရဲ့ "Genie,Make A Wish" ဆိုတဲ့ စိတ်ကူးယဥ်အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။

ဆုတောင်းတွေ ဖြည့်ဆည်းပေးမယ့် (Genie) နဲ့ စိတ်ခံစားမှုတွေ နည်းနေတဲ့ ကောင်မလေး ဂါယောင်း တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ Genie (Kim WooBin) ဟာ  မီးအိမ်ထဲကနေ ထွက်လာတဲ့ စွမ်းအားရှင်တစ်ပါးပဲဖြစ်ပါတယ်။ သူဟာ စိတ်ခံစားမှု‌ကို အပြည့်အဝ ဖော်ထုတ်တတ်သူဖြစ်ပြီး စိတ်အပြောင်းအလဲလည်း မြန်သူပါ။

ဂါယောင်း (Bae Suzy) ကတော့ အရမ်းလည်းလှသလို စိတ်ခံစားချက်တွေ ဖော်ပြတဲ့နေရာမှာ အားနည်းတဲ့သူလေးပါ။ တစ်နေ့ Genie ကို မီးအိမ်ထဲကနေ ခေါ်ထုတ်မိပြီး ဆုတောင်းသုံးချက် ရရှိလာခဲ့ရာကနေ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးက စတင်လာခဲ့တာပါ။

Kim Woo bin နဲ့ Suzy တို့ဟာ ၂၀၁၆ " 𝐔𝐧𝐜𝐨𝐧𝐭𝐫𝐨𝐥𝐥𝐚𝐛𝐥𝐲 𝐅𝐨𝐧𝐝 " ဆိုတဲ့ ဇာတ်လမ်းတွဲအပြီး ဒုတိယအကြိမ်မြောက် ပြန်လည်ဆုံတွေ့ကြတာပဲဖြစ်ပါတယ်။

Comedy, Romance & Fantasy အမျိုးအစားလေးဖြစ်ပြီးတော့ Netflix ကနေ စုစုပေါင်း ၁၃ ပိုင်း ထုတ်လွှင့်ပေးသွားမှာပါ။

ကြည့်ဖို့ ချန်နယ်လေး Join ခဲ့နော်

https://t.me/+-sUBK0ZzG0s5N2U9
25🥰4
ဝိုင်နီတခွက်နဲ့ ညနက်နက် (2025)

https://t.me/+wvrMagbOCS41OWJl

​သွေးရောင်ခြယ်လရဲ့ ကတိသစ္စာ​​အောက်မှာ ကျိန်စွာ​တွေ သွယ်ယှက်​နေတဲ့ ဟိုတယ်ထဲကို Khansorn ဆိုတဲ့ ဂျာနယ်လစ်တစ်​ယောက် ​တစ်​ယောက် ဝင်လာတဲ့အချိန်

​သွေးရောင်ခြယ်လထွက်တဲ့ညဆို ထာဝရရှင်သန်သူနဲ့ ​သေဆုံးသူထွက်လာတယ်ဆိုတဲ့ ကျိန်စာရှိတယ်ဆိုပြီး ​ပြောစကားရှိ​ကြပေမဲ့ တကယ်တမ်း ​သွေးရောင်ခြယ်လထွက်တဲ့အချိန်မှာ Khansorn နဲ့ ထူးခြားဆန်းကြယ်တဲ့ ဟိုတယ်ပိုင်ရှင် ၂​ယောက် ကျိန်စာရှိဟိုတယ်ထဲမှာ ဘာ​တွေဆက်ဖြစ်လာမလဲ

ကံကြမ္မာနဲ့ ဆန့်ကျင်ပြီး ကလဲ့စား ထာဝရရှင်သန်ခြင်း နဲ့ အချစ်ရန်ငြိုး​တွေရှိတဲ့ ဟိုတယ်မှာ လျှို့ဝှက်သည်းဖိုစရာ ဇာတ်​ကြောင်းကိုနောက်ခံထားပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ Bl ဇာတ်လမ်းတွဲအသစ်​လေးကို BLSFLIX Channel မှာ ​စောင့်​မျှော်ကြည့်ရှု​ပေးကြပါဦးရှင့်
23
Love Reset (2025)

https://t.me/blsflixkoreabl

ဒီတစ်ခါ မိတ်ဆက်ပေးသွားမဲ့ ဇာတ်လမ်းလေးကတော့ Love Reset ဆိုတဲ့ Korea BL mini series လေးပဲဖြစ်ပါတယ်။

ယောကျ်ားလေးနှစ်ယောက်တည်ဆောက်ထားတဲ့ ဆက်ဆံရေးတစ်ခုကို ထုတ်မပြောဘဲ လျိုဝှက်ထားခဲ့တဲ့ ဂျယ်ဟွန်းနဲ့ ဝူဂျင်တိုကြားမှာ အချိန်ကြာလာတာနဲ့အမျှ မပြေလည်မှုတွေက တိုးပွားလာခဲ့တယ်။

အလုပ်တွေနဲ့မအားလပ်တဲ့သူတိုကြားမှာ ကြည်နူးစရာအခိုက်အတန့်လေးတွေက ရှားပါလာပြီး ဆူပူမှုတွေက အစားထိုးနေရာယူလာခဲ့တယ်။

ဆက်ဆံရေးတစ်ခုမှာ ကြုံလာနိုင်တဲ့ပြဿနာတွေဖြစ်တဲ့ သဝန်တိုမှုတွေ နားလည်ပေးနိုင်စွမ်းမရှိတာတွေကို သူတိုနှစ်ယောက်က သေချာဖြေရှင်းပြီး ရှေ့ဆက်လက်တွဲသွားနိုင်မှာလား
မဖွင့်ပြောပြရဲတဲ့ သူတိုဆက်ဆံရေးကို ပျက်စီးခံလိုက်မှာလားဆိုတာကို သိရအောင် BLSFLIX ကနေ ဘာသာပြန်တင်ဆက်ပေးသွားမှာမလို စောင့်မျှော်ကြည့်ရှုပေးပါဦးနော်...
70👍3🔥1
Love Design (2025)

https://t.me/blsflix_starinmymind

အချစ်ဆိုတဲ့အရာက ကျွန်တော်တိုဘဝထဲကို နည်းမျိုးစုံနဲ့ ဝင်ရောက်လာတက်ပါတယ်။

အဲ့ဒီအချစ်ရဲ့ ဖြစ်တည်မှုအစက ပန်းချီကားတစ်ချပ်က ဖြစ်ခဲ့မယ်ဆိုရင်ရော......

မျက်နှာတောင် မမြင်ဖူးတဲ့လူတစ်ယောက်ကို ပန်းချီတစ်ချပ်ကြောင့် ချစ်မိသွားပြီး အချစ်ဦးအဖြစ် ရင်ထဲမှာ သိမ်းဆည်းထားတဲ့ရင်.......

သူရဲ့လက်ရာကိုခိုးယူခဲ့တဲ့ အချစ်ဦးကို နာကျည်းမှု၊ လက်စားချေလိုမှုတွေပြင်းပြရင်းနဲ့ ကိုယ်ပိုင် ဗိသုကာကုမ္ပဏီဖွင့်လှစ်ခဲ့တဲ့ အော့ပတ်ဘ်........

ရင်တစ်ယောက် အော့ပတ်ဘ်ရဲ့ ကုမ္ပဏီမှာ အလုပ်လျှောက်ပြီး ရုန်းကန်နေရတဲ့ကုမ္ပဏီမှာ ဖိအားတွေများပေမဲ့ တဖြည်းဖြည်း ရင်းနှီးလာတဲ့ ဆက်ဆံရေးမှသည် ဖြစ်တည်လာတဲ့ရင်ခုန်သံတစ်ခု

အော့ပတ်ဘ်တစ်ယောက် နက်ရှိင်းစွာနစ်မြုပ်ထားတဲ့ အချစ်ဦးနဲ့ ရင်ခုန်ဖွယ်ပြည့်နေတဲ့ အချစ်သစ်ကြား လွန်ဆွဲရင်း မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်မလား။ အတားအဆီးများကို ဖြတ်ကျော်ပြီး ရင်ရဲ့နှလုံးသားကိုရယူနိုင်မလားဆိုတာကို အောက်တိုဘာလ ၂ရက်နေ့ကစတင်ပြီး အပတ်စဉ် ကြာသပတေးနေ့တိုင်း ကျွန်တော်တို BLSFLIX Channel မှာ စောင့်မျှော်ကြည့်ရှူခဲ့ကြပါဦး။
31❤‍🔥2👍2
The Story of Bi Hyeong: Enchanted Master of the Goblin (2025)

https://t.me/blsflixkoreabl

Geum Bok လို​ခေါ်တဲ့ ရွာက ​ကောင်​လေးတစ်​ယောက်ဟာ သရုပ်​ဆောင်ဖြစ်ချင်တဲ့ အိပ်မက်နဲ့ ဆိုးလ်အထိ တက်လာခဲ့​ပေမဲ့ အလိမ်ခံခဲ့ရတဲ့အပြင် မှင်စာဘုရင်တစ်​ယောက်ဖြစ်တဲ့ Bi Hyeong ဆီကပါ အနမ်းခံလိုက်ရပါတယ်

ထူးဆန်းစွာနဲ့ Geum Bokဟာ Bi Hyeongဆီကို စွမ်းအင်​တွေ လုံလုံခြုံခြုံ​ပေးနိုင်တဲ့ တစ်ဦးတည်း​သော လူသားဖြစ်​နေတဲ့အတွက် Bi Hyeongရဲ့ သက်​တော်​စောင့် Gil Dal က​နေ ထိုလူသားကို အိမ်​ခေါ်လာရမှ ​ယောက်ျားသားသုံး​ယောက် အတူ​နေဖြစ်သွားပါ​တော့တယ်

Geum Bok ဟာ Bi Hyeongရဲ့ ဝိညာဉ်​နေ့လယ်စာဘူးလိုဖြစ်သွားပြီး Bi Hyeongကလည်းတစ်ဖန် Geum Bokကို သရဲ​တွေဆီက ကာကွယ်​ပေးရပါတယ်။
တစ်​နေ့ Geum Bokတစ်​ယောက် ပလတ်စတစ်ဆာဂျရီ​ဆေးခန်းကို သွားရင်း အမြီးကိုး​ချောင်း​မြေ​ခွေး Dr.Ji Gwi နဲ့ ဆုံခဲ့ကြရာက​နေ Dr.Ji Gwiတစ်​ယောက် Geum Bokမှတစ်ဆင့် သူရဲ့ လွမ်းဆွတ်​နေရတဲ့ ချစ်သူGil Dalနဲ့ ပြန်ဆုံခွင့်ရခဲ့ပါတယ်

အဲဒီလို ၄​ယောက်ကြား ဆက်နွှယ်မှု​တွေ​ကြောင့် သဝန်တိုမှု​တွေ အထင်လွဲ​မှု​တွေ ကြီးလာရင်း Bi Hyeongရဲ့ အနမ်း​ကြောင့် Geum Bokတစ်​ယောက် အငြိုးကြီးသရဲ​တွေဆီက ​ခြောက်လှန့်ခြင်းခံရပါ​တော့တယ်။

ထူးခြားပြီး စွမ်းအားကြီးတဲ့ ဖြစ်တည်မှု​တွေကြား Geum Bok တစ်​ယောက် အသက်ရှင်ဖိုလမ်းကိုရှာရမဲ့ ဇာတ်လမ်း​လေးကို Romance Horror Fantasty စုံစုံလင်လင်နဲ့ ကြည့်ရှုရမှာမလို Oct 2 ရက်​နေ့ကစပြီး BLSFLIX Channel မှာ ​စောင့်​မျှော်ကြည့်ရှု​ပေးပါဦးရှင့်
85❤‍🔥7
Player (2025)
"ကစားမလား ချစ်မလား"

https://t.me/+I2i1BcXxgFwxMGE1

New York မှာ ဘဝသစ်ချင်တဲ့ Graphic Designerမလေး Pun နဲ့ အရမ်းလှတဲ့နာမည်ကြီး မင်းသမီး Ploy တိုရဲ့ အချစ်ကစားပွဲလေးတစ်ခု.....

Pun တစ်ယောက် New York မှာ Phetai ဆိုတဲ့ ကောင်လေးဆီကနေ ဘတ်1သန်းအလိမ်ခံလိုက်ရပါတယ် အဲဒီမှာပဲသူ့ဘဝကြီးကစတင်ပြောင်းလဲသွားပါတော့တယ်။

အဲဒီလိုနဲ့ Pun တစ်ယောက် လိမ်လိုက်တဲ့သူနဲ့ သူပိုက်ဆံကိုပြန်ရှာဖိုအတွက် ထိုင်းကိုပြန်လာတဲ့အချိန်မှာ သူဆီကိုမျှော်လင့်ချက်လေးတစ်ခု ရောက်လာပါတော့တယ်။

အဲဒါကတော့ နာမည်ကြီး Hiso မင်းသမီး ploy ပဲဖြစ်ပါတယ် Ploy ကိုဆွဲဆောင်ပြီး ပိုက်ဆံယူဖိုကြံနေတဲ့ Pun တစ်ယောက် အောင်မြင်နိုင်ပါ့မလား တစ်ဖက်က Ploy လိုချမ်းသာပြီးထက်မြက်တဲ့ မိန်းကလေးကရော တကယ်ပဲ ဘာမှမသိပဲ အကစားခံနေရတာလား.....

ဒီလိုမျိုး Modern ဆန်ဆန် အချစ်ကစားပွဲလေးကနေ ဘယ်သူကအနိုင်ရသွားမလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ BLSFLIX ကနေ ဘာသာပြန်တင်ဆက်ပေးသွားမဲ့ Player ဆိုတဲ့ ဇာတ်ကားလေးမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်
❤‍🔥1513👍2💯1
Dangerous Queen (2025)

https://t.me/blsflix_notme

သားသမီးနဲ့ မိဘ နေရာချင်းမှားနေသလားလို ထင်ရအောင် အမေဖြစ်သူက အရက်နဲ့လောင်းကစားကို စွဲလမ်းနေပြီး နေ့နေ့ညည မူးရူးနေတာကြောင့် အိမ်ရဲ့ကိစ္စအရပ်ရပ်ကို တာဝန်ယူထားရတဲ့ Bonita....။

Bonita ကို တိတ်တခိုးချစ်နေပြီး ဇွဲကောင်းကောင်းနဲ့ သူမရဲ့ အချစ်ကို မရမချင်း ပိုးပန်းနေပေမဲ့ ဖရန့်ဇုန်ထဲက မထွက်နိုင်သေးတဲ့ ဘေးအိမ်က ကောင်ချောလေး Khem....။

မိခင်ဖြစ်သူရဲ့ ညှင်းပန်းနှိပ်စက်မှုတွေကြား ဘဝကို ခက်ခက်ခဲခဲရှင်သန်နေရင်း Bonita တစ်ယောက် ဆွဲဆောင်မှုရှိလွန်းပြီး ဆွေကြီးမျိုးကြီးကနေ ဆင်းသက်လာတဲ့ Queen ဆိုတဲ့ အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့ ဘားမှာ မထင်မှတ်ဘဲ ဆုံကြတဲ့နောက် သူမရဲ့ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားဖိုဖြစ်လာပါတော့တယ်။

ရှုပ်ထွေးပြီး စိန်ခေါ်မှုများလွန်းတဲ့ ဆက်ဆံရေးတွေကြားမှာ သူမတိုနှစ်ယောက်ကို ကံကြမ္မာက ဘယ်လိုဆုံစည်းစေဦးမလဲ ၊ နာမည်နဲ့လိုက်အောင် ဘုရင်မပီသလွန်းတဲ့ Queen ကရော Bonita ကို ဘယ်လို သူမဘဝထဲ ဘယ်လိုဆွဲခေါ်လာလေမလဲဆိုတာကို BLSFLIX က ဘာသာပြန်တင်ဆက်ပေးမယ့် ဒီစီးရီးလေးမှာ လိုက်ပါကြည့်ရှုပေးကြပါဦးရှင်။
❤‍🔥1712👍2💯1
Air Moment (2025)

https://t.me/+gLfSjkpdMNdiOTA1

Chance or Air… which will you choose to survive?”

Cold War ပြီးနောက် လူသား‌ တွေရဲ့ အသိဉာဏ်ကို ထိန်းချုပ်ဖို စတင်လေ့လာခဲ့တဲ့ ကာလအတွင်း MK-Ultra လို လျှိဝှက်စီမံချက်တွေကစပြီး AI အထိ လွတ်လပ်ခွင့်ကို အာဏာအဖြစ် အသုံးချ...

မေတ္တာကို အာဏာအစားထိုးပြီး၊ အမှန်တရားကို ထိန်းချုပ်ကိရိယာအဖြစ် ပြောင်းလဲခဲ့ကြတဲ့ပုံစံကိုဇာတ်လမ်းထဲမှာမြင်တွေ့ရမှာပါ🪬

ကမ္ဘာတစ်ခု ပျက်စီးပြီး ပြန်လည်ပေါ်‌ ပေါက်လာတဲ့ နေရာတစ်ခုမှာ ဘဝနဲ့ အသက်ရှင်မှုကြား အစမ်းသပ်ခံရသူတွေရှိနေပြီး၊ ကိုယ်အသက်ရှင်ဖို Chance နဲ့ Air ကြားရွေးချယ်မှုတွေမြင်ရမယ်

BL ပရိသတ်တွေအတွက် သိပ်မတွေ့ရတဲ့ ဇာတ်အိမ်တစ်ခုဖြစ်ပြီး၊ သိပ္ပံဝတ္ထုနှစ်သက်သူ တွေအတွက် စိတ်လှုပ်ရှားစရာခံစားချက်တွေ၊ ဆက်ဆံရေးတွေကို အပြည့်အဝ ရှုမြင်နိုင်မှာပါ👁‍🗨👁‍🗨

အမှောင်သခင်မကြီးတွေအတွက်ကတော့ အဓိကသရုပ်ဆောင်သုံးယောက်ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းကို စောင်ကိုက်ပြီးကြည့်ရမှာဖြစ်ပါတယ်🫣🌚

ဒါဆိုရင်တော့ သိပ္ပံဆန်ဆန်
BL ဇာတ်လမ်းတွဲလေးကို
လာမယ့်Oct-5(sun)ကစပြီး BLSFLIX မှာစောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်🎃
46❤‍🔥18👍3💯1
Club Friday Theory of Love: The Choices of Love (2025)

https://t.me/blsflix_channel29

အချစ်ဆိုတဲ့အရာမှာ ကိုယ့်ကိုချစ်တဲ့သူထက် ကိုယ်ချစ်တဲ့သူကို ရွေးချယ်ရတာက ပိုပြီးပင်ပန်းရတယ်တဲ့.....

ကိုယ့်ကို ချစ်တဲ့သူကိုပဲ ရွေးချယ်ခဲ့ရင်တော့ စိတ်ပင်ပန်းရလည်းသက်သာပြီး တအားကြီး အားစိုက်ထုတ်ဖိုမလိုအပ်ဘူးတဲ့....

ဒီလို အစွန်းနှစ်ဖက်ရှိတဲ့ အချစ်မှာ မေတစ်ယောက် ဘယ်လိုရွေးချယ်မှုတွေကို လုပ်သွားလောက်မလဲ...

ကိုယ်ချစ်ရတဲ့သူဖြစ်တဲ့ ဖတ်ကိုရွေးချယ်ပြီး စိတ်ပင်ပန်းရတဲ့ဒုက္ခကို ချစ်သူလက်ကိုဆွဲကိုင်ရင်းရင်ဆိုင်သွားလေမလား.......

အားစိုက်ထုတ်နေစရာမလိုတဲ့ အချစ်မျိုးနဲ့ ကိုယ့်ကိုချစ်နေပါတယ်ဆိုတဲ့ ကစ်ကိုပဲ ရွေးချယ်သွားလေမလား.....

အချစ်ရဲ့အ စွန်းနှစ်ဖက်ကြားမှာ ခက်ခဲတဲ့ရွေးချယ်မှုကိုလုပ်ရမဲ့ မေဆိုတဲ့ကောင်မလေးရဲ့အချစ်ဇာတ်လမ်းကို BLSFLIX Channel ကြည့်ရှုလိုရနေပါပြီ.....
19❤‍🔥1👍1💯1
🌺ဒီတစ်ခါ BLSFLIXချန်နယ်ကနေပြီးတော့ အလှလေး Lu Yu Xiaoနဲ့ မင်းသားချော Neo Houတို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Love in the Clouds( တိမ်လွှာထက်က ချစ်သက်သေ)ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။

🌺စိန်ခေါ်တိုက်ပွဲတစ်ခုမှာ သွေးအေးစစ်နတ်ဘုရားမMing Yi(Lu Yu Xiao)ကိုမှ အနိုင်တိုက်မိသွားတဲ့ သာမန်စစ်သည်တော်တစ်ယောက်ဖြစ်တဲ့ Ji Bo Zai(Neo Hou)။

🌺နတ်ဘုရားမMing Yiက အငြိုးထားပြီး Bo Zaiနား အကမယ်တစ်ယောက်အဖြစ် ဟန်ဆောင်ပြီး ချဉ်းကပ်လေတဲ့အခါ။ ဂျင်ပေါ်က ထုံးလိုမျိုး တစ်ယောက်အပေါ် တစ်ယောက် သူတို့ဘယ်လိုအကွက်ရွှေ့ကြမလဲ။ တစ်ယောက်ရဲ့ထောင်ချောက်ထဲမှာ တစ်‌‌ယောက်မိရင်း သူတို့နှစ်ယောက်ကြား ချစ်ခြင်းတွေက ဘယ်လိုပေါက်ဖွားလာမလဲ။

🌺နတ်ဘုရားမလေးကကဲကဲ စစ်သည်တော်လေးက သဲသဲနဲ့မလို့ အူတယားယားနဲ့ ကြည့်ချင်တယ်ဆိုရင်တော့ BLSFLIXချန်နယ်မှာ လက်မလွှတ်တမ်းစောင့်ကြည့်လိုက်ကြရအောင်နော်။

ကြည့်ရန် ချန်နယ်

https://t.me/blsflixchannel23
31
Lying (2025)
"မုသားအချစ်"

https://t.me/blsflix_channel9

ယခုတစ်ခါတင်ဆက်ပေးမယ့် ရုပ်ရှင်လေးကတော့ Lying ဆိုတဲ့ ထိုင်းဒရမ်မာကားလေးပါ

အတိတ်ကဖြစ်ရပ်ဆိုးများက ဝမ်ဆိုတဲ့သူမရဲ့ နှလုံးသားကိုအေးခဲသွားစေခဲ့ပါတယ် ဒီအတိတ်ဆိုးတွေကို ဖြစ်စေတဲ့သူကိုကလဲ့စားချေဖို့အတွက် သူဌေးသားလေးတစ်ဉီးနဲ့ ဝမ် တွဲလိုက်သောအခါ တကယ်ပဲ သူဌေးသားလေးအမေက သူမရဲ့အတိတ်ကဖြစ်ရပ်ဆိုးနဲ့ ပတ်သက်နေမလားဆိုတာရယ် ကလဲ့စားချေဖို့ ကြိုးစားရင်းသူဌေးသားလေးကို တကယ်ချစ်မိသွားမလားဆိုတာရယ် အချစ်နှင့်ယှဉ်တဲ့ကစားပွဲတစ်ခုမှာ သူမရှေ့ဆက်တိုးမလား နောက်ပြန်ဆုတ်မလား ဆိုတာကိုတော့ အချစ်အလွမ်းရသတွေခံစားဖို့ ဒီဇာတ်ကားလေးကို BLSFLIX မှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းဆက်လက်စောင့်စားကြည့်ရှု ပေးကြပါအုံးနော်
13👍8💯2❤‍🔥1
The Cursed Love (2025)

https://t.me/blsflix_channel6

ငယ်ရွယ်တဲ့ ဘီလီယံနာမော်ဒယ်ဖြစ်သူ Siwat ဟာ နှလုံးခုန်သံနဲ့ ချိတ်ဆက်နေတဲ့ သူ့ရဲ့ မီးစွမ်းအင်ကို ဖယ်ရှားရမဲ့ လျှိဝှက်တာဝန်လေးတစ်ခုရှိနေပါသတဲ့.....

ထိန်းချုပ်လိုမရတဲ့ သူ့ရဲ့စွမ်းအင်ကိုဖျောက်ဖျက်နိုင်ဖိုဆိုရင် ရှေးဟောင်းမြိုထဲမှာ ဝှက်ထားတဲ့ဒဏ္ဍာရီလာမှော်အ စွမ်းကို အသုံးချရမှာပဲဖြစ်ပါတယ်.....

ဒါပေမဲ့လည်း မြိုရဲ့လျှိဝှက်ချက်တွေအကုန်သိထားပြီး ထာဝရ မထုတ်ဖော်ချင်တဲ့ လေထိန်းချုပ်သူ Khunkao နဲ့ Siwat တွေ့ဆုံလာတဲ့အခါ ဘယ်လိုစိတ်ဝင်စားစရာ ဇာတ်လမ်းတွေပေါ်လာလေမလဲ...

ရှေးဟောင်းကျိန်စာ.... မှော်အစွမ်းယှဉ်ပြိုင်မှုတွေနဲ့ တစ်ကျော့ပြန်သမိုင်းကို ပြန်ရေးယူနိုင်မဲ့ချစ်ခြင်းတရားတွေကို Khunkao နဲ့ Siwat ဘယ်လိုရင်ဆိုင်သွားမယ်ဆိုတာကို BLSFLIX ကနေစိတ်ဝင်စားဖွယ်စောင့်ကြည့်ပေးကြပါဦး...
❤‍🔥6859👍9💯3🥰1
Yummy Yummy Yummy
(သုံးကြိမ် တ ရမယ့် အချစ်)

Join Channel
https://t.me/+DJa_SmbfSwVhZTk1

"မင်း ပြောသမျှ ကိုယ်အကုန် မှတ်ထားပါတယ်။ မင်းတို့ဆီမှာ လမုန့်(ယွဲ့ထျွမ်)ကို လဘီစကစ်(ယွဲ့ပင်)လို့ ခေါ်တယ်။ ဖခင်ကို ဖေဖေ(ပါးပါး)၊ မိခင်ကို မေမေ(မားမား)၊ မင်းရဲ့အစ်ကိုရှန်ကိုကျ ကိုကို(ကောကော)လို့ ခေါ်တယ်။"
"ဒါဆို ရှင်ရော ကျွန်မကို ဘယ်လိုခေါ်ရမလဲ။"
"မင်းကို ကိုယ်က ဇနီးလေး(လောင်ဖော)လို့ ခေါ်ရမယ်။"

ကောင်းတဲ့အရာဆို သုံးကြိမ်သုံးခါ ပြောရပါတယ်
Yummy Yummy Yummy 😋 🤤 🥳
ကဲ နာမည်ဆန်းဆန်း၊ ဇာတ်အိမ်ဆန်းဆန်းနဲ့ အရသာရှိရှိ ဇာတ်ကားတစ်ကားလာပြန်ပါပြီ
ဇာတ်လိုက်မင်းသမီးက ဖတ်နေတဲ့ ဝတ္ထုထဲ ရောက်သွား၊ သက်ဦးဆံပိုင်ဘုရင်စနစ်ဆီ အချိန်ခရီးသွား၊ သေပြီးမှ ပြန်မွေးဖွါး ဒီလို ဖန်တရာတေဇာတ်ကြောင်းမျိုးကိုမှ ပိုဆန်းသစ်သွားတာက Shen Shao Guan ကျမှ သူတင်မက သူတို့တစ်မိသားစုလုံးပါ ရှေးခေတ်ကို ပြန်ရောက်သွားကြပြီး Lin Yan ဆိုတဲ့ အရာရှိမင်းတစ်ဦးနဲ့ ဆုံတွေ့ကြတာပါ
ဘုမသိ ဘမသိနဲ့ ရုံအန်းမြို့ဆီ ရောက်ချလာကြတဲ့ မိသားစုဝင်ငါးယောက်ခမျာ ခေတ်သစ်အစားအသောက်၊ ခေတ်သစ်အသုံးအဆောင်၊ ခေတ်သစ်မားကတ်တင်းနည်းတွေနဲ့ စားသောက်ဆိုင် ဖွင့်ကြရင်း နယ်မြေသစ်တစ်ခုမှာ ရှင်သန်ဖို့ ရယ်ရယ်မောမော ဆန်းဆန်းပြားပြား ကြိုးစားကြတဲ့ ခရီးစဉ်ကို BLSFLIX မှာ ရှုစားလို့ရပါပြီ
Face of employment လို့ ဒီနှစ်မှာ တင်စားကြရတဲ့ အလှလေး Wang Ying Lu က 2025 မှာပဲ ငါးကြိမ်မြောက် ပြန်ရောက်လာတာဖြစ်ပြီး စစ်သူကြီး စုန့်မိုအနေနဲ့ 2024 မှာ နာမည်ကြီးခဲ့တဲ့ ရွှိက်ကော Li YunRui ကတော့ 2025 မှာ ပထမဆုံးအကြိမ် ပရိသတ် ရှေ့မှောက်ပြန်ရောက်လာတာပါ
ဒီစီးရီးကို ASMR နဲ့ Mukbang ကြည့်ရတာကြိုက်တဲ့ Foodie လေးတို့ပဲဖြစ်ဖြစ်၊ အချောအလှလေးတွေ ကြည့်ပြီး မျက်စိအစာကျွေးတတ်တဲ့ ပျိုပျိုကိုကိုတို့ပဲဖြစ်ဖြစ် လုံးဝ လက်မလွှတ်သင့်ပါဘူးနော်
8👍7
The Resurrected

Join Channel
https://t.me/+jtCgTHmfBEkzM2Nl

🪓ဒီတစ်ခါမှတော့ BLSFLIXရဲ့ ကြည့်ရှုသူတွေကို ထိုင်၀မ်ဇာတ်ကားကောင်းလေးတစ်ကားကို ဘာသာပြန်ပြီးတော့ တင်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။ မင်းသမီးကြီး Shu Qiက အဓိကပါဝင်သရုပ်ဆောင်ထားပြီး The Resurrected အမည်ရတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

🪓သမီးနှစ်ယောက်လုံး ပြန်ပေးဆွဲခံလိုက်ရလို့ ပရိဒေမီးတွေ လောင်မြိုက်နေတဲ့ မိခင်ဖြစ်သူနှစ်ယောက်ဟာ အမုန်းတရားတွေကို ရင်၀ယ်ပိုက်ရင်း ကလဲ့စားချေဖို့ကြိုးစားကြ‌ပါတော့တယ်။ ဒါပေမဲ့ ဒီအမှုရဲ့ အဓိကတရားခံဖြစ်တဲ့ ဂိုဏ်းခေါင်းဆောင်ဟာ ‌သေသွားတဲ့အခါ။

🪓ဇာတ်လမ်းက ဒီနေရာမှာမရပ်သွားပါဘူး။ ဆန်းကြယ်တဲ့ နတ်ဘုရားမတစ်ပါးပေါ်လာပြီး သေသူ ဂိုဏ်းခေါင်းဆောင်ကို အသက်ပြန်ရှင်စေခဲ့တဲ့အခါ။ အမေနှစ်ယောက်ပေါင်းပြီး ဘယ်လိုရက်စက်ကြမလဲ။ သူများကိုကလဲ့စားချေရင်း ကိုယ်တိုင်ရဲ့ ကိုယ်ကျင့်ရတားကိုပါ စမ်းသပ်ခံလာကြရတဲ့အခါ။ ထိုင်၀မ်ကားမလို့ ကြမ်းမဲ့အပြင် ရသစုံရရှိနိုင်တဲ့ကားမလို့ စောင့်ကြည့်ချင်တယ်ဆိုရင်တော့ channelလေးကို joinထားလိုက်ကြရအောင်နော်။
23
အမွေရဖို့အတွက် ရက် (၉၀) ကြာ ဟန်ဆောင်လက်ထပ်ရင်း ဂယက်တွေထကြဦးမယ့် Choi Woosik နဲ့ Jung So Min တို့ရဲ့ "Would You Marry Me"

၁၀ လပိုင်း ၁၀ ရက်နေ့ မနက်ဖြန်မှာ ကြည့်ရှုရမယ့် ဒီဇာတ်ကားလေးကတော့ စုစုပေါင်း အပိုင်း (၁၂) ပိုင်းပါဝင်ထားပြီး Comedy,  Romance,  Drama & Family type လေးပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးမှာတော့ အိမ်ငှားလိုက်ထားချိန် စေ့စပ်ထားတဲ့သူရဲ့ သစ္စာဖောက်မှုကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒီဇိုင်နာ Yoo Me-ri (Jung So-min) နဲ့ Myungsoondang လုပ်ငန်းစုရဲ့ အမွေဆက်ခံသူ Kim Woo-joo (Choi Woo-shik) တို့နှစ်ယောက်ရဲ့ အကြောင်းကို Romcom ဒရာမာဖြစ်တာနဲ့အညီ ဟာသခန်းတွေနဲ့အတူ ရိုမန့်တစ်ဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးစတင်ခဲ့ရတဲ့ အဓိကအကြောင်းရာကတော့ Yoo Me-ri ဟာ ကံကောင်းပြီး သတို့သားနဲ့ သတို့သမီးအိမ်ရာဆိုတဲ့ ဆုကြီးကို ရရှိခဲ့ရာကနေ စတင်ခဲ့တာပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဒီဆုကို လက်ခံဖို့အတွက်ဆို တရားဝင် လက်ထပ်ထားတဲ့ စုံတွဲဖြစ်ဖို့ကလည်း လိုအပ်နေပါသေးတယ်။

အဲဒီလို အခြေအနေမှာ သူမရဲ့ စေ့စပ်ဖူးသူဖြစ်တဲ့ Kim Woo-joo နဲ့ နာမည်တူတဲ့ ဘေကရီလုပ်ငန်းရှင် Kim Woo-joo ကို တွေ့ပြီး "ငါနဲ့ လက်ထပ်ပေးမလား" လို့ ကမ်းလှမ်းခဲ့ပါတယ်။

အဲ့ဒီကနေ သူတို့နှစ်ယောက်ဟာ အိမ်ရာဆုကြီးကို ရဖို့အတွက် ရက် ၉၀ ကြာ စာချုပ်နဲ့ ဟန်ဆောင်လက်ထပ်ပွဲကို စတင်ခဲ့ကြပါတယ်။ သူတို့ရဲ့ အတုအယောင်ဇာတ်လမ်းကနေ တကယ့် ချစ်ခြင်းမေတ္တာတွေ ဘယ်လိုဖြစ်တည်လာမလဲဆိုတာကိုတော့ တဟားဟားရယ်မောရင်း စောင့်ကြည့်ရမှာပါ။

ကြည့်ရန်ချန်နယ်

https://t.me/+Jc6n5taQarhlZjA9
50