Review by BLSFLIX
27.1K subscribers
829 photos
770 links
Download Telegram
Murky Stream


ချန်နယ်လေးကို Join ပြီး ကြည့်နိုင်ပါပြီ
https://t.me/+DFxSs3wgBakyMmNl

အတိတ်ကအကြောင်းတွေကို ဖုံးကွယ်ပြီးလူမိုက်တစ်ယောက်လို ကျင်လည်နေတဲ့ Jang Si yul.....

အစ်ကိုဖြစ်သူကိုယ်စား ကုန်သည်တစ်ယောက်ရဲ့ဘဝကို ခံယူထားတဲ့ ဖြောင့်မတ်ပြီးထက်မြက်တဲ့ အမျိုးသမီးလေး Choi Eun.....

အရာရှိစာမေးပွဲကို အမှတ်အမြင့်ဆုံးနဲ့အောင်မြင်ထားပြီး ရိုးသားဖြောင့်မတ်တဲ့အရာရှိဘဝကို တောင့်တတဲ့ အရာရှိလေး Jung Chun.....

ဥပဒေအုပ်စိုးမှုမရှိဘဲ တရားမျှတမှုကို ရှာဖွေရမလွယ်တဲ့ ဂျိုဆွန်းခေတ်မှာ Gyeonggang မြစ်တစ်လျှောက်ကို အမှီပြုရင်း အသက်မွေးဝမ်းကြောင်းပြုရတဲ့ မတူညီတဲ့ရည်ရွယ်ချက်အသီးသီးနဲ့ လူသားသုံးဦးတို့ရဲ့ဆက်နွှယ်နေတဲ့ကြမ္မာကို စိတ်လှုပ်ရှားစွာကြည့်ရှုနိုင်မဲ့ Murky Stream ကိုရီးယားဇာတ်လမ်းတွဲကို BLSFLIX Channel မှာကြည့်ရှုနိုင်ပါပြီ
13
Journey To Killing You (2025)

https://t.me/Blsflix_JavaneseSeries

Kataoka က သနားကြင်နာတတ်ပြီး သတ္တိရှိတဲ့ လူငယ်Yakuza တစ်ယောက်...🕸

အဖွဲဝင်တော်တော်များများရဲ့ ရင်ထဲက ချစ်ခင်စရာကောင်းတဲ့ သူဌေး..🕸

ဒါပေမယ့် တချိုဖြစ်ရပ်တွေကြောင့် သူ့ကို အားလုံးထဲကနေ အပယ်ခံထားရပြီး၊ ပုန်းအောင်းနေဖို အမိန့်ပေးခံထားရပါတယ်

အဲဒီအချိန်မှာ သူ့ကို စောင့်ရှောက်ဖို တာဝန်ပေးခံရတဲ့သူက Odajima  ဆိုတဲ့ မျက်နှာလှလှလေးရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်နေခဲ့တယ်...🕷

Odajima က ယခင်ခေါင်းဆောင်ရဲ့ လက်ယာလူယုံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပေမယ့် လက်ရှိမှာတော့
Kataoka ရဲ့ ယာဉ်မောင်း၊ လက်ထောက်၊ သက်တောင်စောင့်အဖြစ် ကာကွယ်ပေးနေရတဲ့သူ ....🕷

စိတ်ထဲမှာတော့ ဘာမရှိသလို ပုံစံဆိုပေမယ့် တကယ့်တော့ သူ့စိတ်ထဲမှာ မစ်ရှင်ကြီးလုပ်ဖိုကြံစည်နေပါတယ် ...🕷

Odajima လျှိဝှက်မစ်ရှင်က ဘာဖြစ်မလဲ ? ...🕸
Kataoka ကရော လျှိဝှက်မစ်ရှင်ကို သိနေမလား ? ...🕸
ယာကူဇာလေးရဲ့ နူးညံ့တဲ့ဘက်ခြမ်းကို မြင်ပြီး  Odajima တစ်ယောက် ဘယ်လိုဆက်လှုပ်ရှားသွားမလဲ ? ..🕸

-----------------------------------
ဒီ Yakuza BL ဇာတ်လမ်းက အမှန်တကယ် စိတ်ကိုလှုပ်ရှားစေပြီး  “ချစ်ခြင်း နဲ့ နှလုံးသားဆန္ဒ”၊ “သစ္စာရှိမှု နဲ့ တာဝန်” တိုကြားမှာ တိုက်ခိုက်နေရတဲ့အကြောင်းကိုဖော်ပြထားတဲ့  အချစ်ဇာတ်လမ်း တစ်ခုလိုပြောလိုရပါတယ်

ဒီတော့ BLSFLIX Channel လေးကနေ အပတ်စဥ်တိုင်း စောင့်မျှော်ကြည့်ရှူပေးကြပါဦးနော်....

Y...🕸🕷
88❤‍🔥8👍2👏1
The Wicked Game (2025)
“ ချစ်ခြင်းနှင့် လွန်ဆွဲသော် "

https://t.me/+R0XGi881vdllMWM1

တစ်နှစ်တစ်ခါသာပေါ်လာတတ်တဲ့ အက်ရှင်ကားမျိုး!
တစ်ခါရိုက်တစ်ခါအောင်မြင်တဲ့ One31 က ထုတ်လုပ်တာမျိုး!
ရိုက်သမျှကားတိုင်းပေါက်တဲ့ DaouOffroad လို မှော်ဝင်အတွဲမျိုး!

သမာသမတ်ရှိပြီး တာဝန်ကျေစိတ်အပြည့်နဲ့ ရဲအရာရှိ Than ဟာ
ဆွဲဆောင်မှုရှိပြီး ဉာဏ်များတတ်တဲ့ ဆေးရုံအုပ်ရဲ့သား Pheem ကို
ကိုယ်ရံတော်သဖွယ် စောင့်ရှောက်ပေးရမယ်တဲ့။

ဆေးရုံဖွင့်ပွဲနေ့မှာ Pheem လုပ်ကြံခံရတာကို
Than ကယ်တင်လိုက်ချိန်ကစပြီး
ဒီတာဝန်ဟာ သာမန်အလုပ်တစ်ခုမဟုတ်တော့ဘဲ
လျှို့ဝှက်ချက်တွေ ညစ်ပတ်မှုတွေနဲ့ ကစားပွဲကြီးဖြစ်သွားတော့တယ်။

အကြည့်တိုင်း အထိအတွေ့တိုင်းမှာ
Than ရဲ့အနွေးဓာတ်တွေ ဟာသဉာဏ်တွေကြောင့်
Pheem ရဲ့အေးစက်စက်မျက်နှာဖုံးက အရည်ပျော်ကျလာလောက်လား?

အာဏာနဲ့ အလိုရမ္မက်တို့ အားပြိုင်မှုမှာ
သစ္စာတရားတွေ နှလုံးသားတွေ
ဘယ်လိုအစမ်းသပ်ခံရမလဲ?

အန္တရာယ်တွေဝိုင်းနေတဲ့ အမွေလုပွဲကြီးမှာ
နှစ်ယောက်သားရဲ့ ကံကြမ္မာက
ကြိုးတန်းပေါ်က ဂိမ်းတစ်ခုလိုဖြစ်လာတော့မှာလား...?

နာမည်ကြီးမင်းသားမင်းသမီးချောများနဲ့
ဒီနှစ်ရဲ့လူပြောအများဆုံးဖြစ်လာဦးမဲ့ "The Wicked Game" ပါ။
❤‍🔥9454🔥2💯2
My Daughter is A Zombie

https://t.me/+J2lxg5j-yhM0ZGU1

Zombie ကားတွေက ကြောက်စရာ၊ သွေးထွက်သံယိုတွေများတယ်ဆိုပြီး ထင်နေလား။ ဒါဆိုရင်တော့ ဒီ ကိုရီးယားကားသစ် "My Daughter Is A Zombie" က ခင်ဗျားတို့ရဲ့ အတွေးကို ပြောင်းပြန်လှန်ပစ်လိုက်မှာပါ။ ပိုစတာကို ကြည့်တာနဲ့ သိနိုင်တဲ့အတိုင်း ဒါက သွေးပျက်စရာ ဖုတ်ကောင်ကားမဟုတ်ဘဲ၊ ဟာသနဲ့ မိသားစုမေတ္တာကို အဓိကထားပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲ။
ဇာတ်လမ်းကတော့ အဖေတစ်ယောက်က သူ့ရဲ့ချစ်သမီးလေး ဖုတ်ကောင်ဖြစ်သွားတာကို သိလိုက်ရတဲ့အချိန်မှာ စတင်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ သမီးလေးကတော့ သာမန်အထက်တန်းကျောင်းသူလေးတစ်ယောက်ပါ။ တစ်နေ့မှာ သူ ဖုတ်ကောင်ဖြစ်သွားပေမဲ့ သူ့ရဲ့မိသားစုကတော့ သူ့ကို သာမန်လူတစ်ယောက်လိုပဲ ဆက်ပြီး ချစ်နေတုန်းပါပဲ။ အိမ်နီးနားချင်းတွေ မရိပ်မိအောင်၊ ဖုတ်ကောင်ဖြစ်နေတဲ့သမီးလေးကလည်း တခြားသူတွေကို ဒုက္ခမပေးအောင် ဟိုလိုညာဒီလိုညာနဲ့ အလွဲလွဲအချော်ချော် ကြိုးစားကြရင်း ဖြစ်လာတဲ့ ဟာသအခန်းတွေကတော့ ရယ်ရလွန်းလို့ ဗိုက်တောင်နာနိုင်ပါတယ်။
သရုပ်ဆောင်တွေကလည်း Jo Jung-suk တို့၊ Parasite ထဲက မင်းသမီးကြီး Lee Jung-eun တို့လို နာမည်ကြီးတွေချည်းပဲဆိုတော့ သရုပ်ဆောင်ပီပြင်မှုကိုတော့ ပြောနေစရာမလိုတော့ဘူးပေါ့။ သမီးဖြစ်သူ Zombie မလေးရဲ့ သရုပ်ဆောင်ချက်ကလည်း ချစ်စရာကောင်းပြီး၊ တစ်ခါတစ်လေ သနားစရာ၊ တစ်ခါတစ်လေမှာတော့ ရယ်စရာကောင်းအောင် ပီပြင်လှပါတယ်။ ဒီရုပ်ရှင်ရဲ့ အဓိက ဆွဲဆောင်မှုက ဖုတ်ကောင်ဆိုတဲ့ ကြောက်စရာအရာတစ်ခုကို မိသားစုရဲ့ အနှိုင်းမဲ့မေတ္တာနဲ့ ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲဆိုတဲ့ အပိုင်းပါပဲ။ ကြောက်ဖို့ကောင်းအောင် ရိုက်မယ့်အစား မိသားစုတစ်စုက သူတို့ရဲ့ ဖုတ်ကောင်သမီးလေးကို ဘယ်လောက်အထိ ချစ်လဲ၊ ဘယ်လိုအခြေအနေမှာမဆို အတူတူ ရင်ဆိုင်ဖြတ်သန်းကြမလဲဆိုတဲ့ အနွေးဓာတ်လေးကို ပေးစွမ်းမှာပါ။
ဒါကြောင့် Zombie ကားဆို ကြောက်လို့မကြည့်ရဲဘူးဆိုတဲ့သူတွေရော၊ ဟာသကားကောင်းကောင်းလေး ကြည့်ပြီး အပန်းဖြေချင်တဲ့သူတွေရော လက်မလွှတ်သင့်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ ရယ်ရင်းနဲ့ မျက်ရည်ပါလည်နိုင်တဲ့ မိသားစုဒရာမာလေးမို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
37🔥2
Lover Merman (2025)

https://t.me/blsflix_channel27


(ဒီတစ်ခါတော့ ရေသူထီးလေးနဲ့အတူ စိတ်ကူးယဥ်ဆန်ဆန်ဇာတ်လမ်းလေးထဲ သွားလိုက်ရအောင်)

အသက် ၂၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့  Phu Phurit  ရဲ့ နွေဦးနေ့ရက်တွေက ပင်လယ်အနီးနားက ကျွန်းလေးပေါ်မှာ အချိန်ကုန်ဆုံးဖို ဖြစ်လာခဲ့ပါတယ်...🌊

"Full and a Half"  လိုခေါ်တဲ့ ပင်လယ်ပုံစံငယ်ဘားကို စောင့်ရှောက်ဖိုအတွက် သူငယ်ချင်းဖြစ်သူ Phana နဲ့အတူ ရောက်ရှိလာတဲ့ Phu Phurit....

ပင်လယ်ရဲ့ အသံတွေနဲ့အတူ Phu Phurit နေထိုင်တဲ့ နေရာလေးမှာ ထင်မှတ်မထားဘဲ သူ့မျက်လုံးကို အကြိမ်ပေါင်းများစွာ ဖမ်းစားဆွဲဆောင်သွားတဲ့ မျက်နှာလှလှလေး ...🌊

အဲဒီ မျက်နှာလှလှလေးနောက် ကွယ်မှာ ဘယ်သူမှ မသိအောင် ဖုံးကွယ်ထားတဲ့လျှိဝှက် အမှန်တရားတစ်ခုကတော့ ...🌊

"မိဘမဲ့ဖြစ်နေပြီး ကျန်နေခဲ့တဲ့ Marman (ရေသူထီး) လေး ဖြစ်နေခဲ့တယ်..."

ပင်လယ်ရဲ့အလှ....
ညရဲ့လျှိဝှက်မှုတွေကြား....
မျိုးနွယ်မတူတဲ့လူနှစ်ဦးရဲ့ဆုံစည်းမှု နဲ့ အတူ အချစ်ဆိုတဲ့ ခံစားချက်က ဆန်းကြယ်တဲ့ လှိင်းလုံးကြီးတွေလို အနက်ရှိင်းဆုံးရောက်တဲ့အထိ ဝင်ရောက်တိုက်ခိုက်လာခဲ့ပါတယ်...🌊

ချစ်ခြင်းနဲ့ အံ့ဩမှုစရာတွေပြည့်နေတဲ့ ဒီဆုံဆည်းမှုမှာ သူတိုနှစ်ဦးဟာ ကိုယ့်နှလုံးသားကို အပြန်အလှန် စစ်မှန်စွာ ယုံကြည်နိုင်မလား? 🐳

မတူညီတဲ့ မျိုးနွယ်နှစ်ခုကြားမှာ ချစ်ခြင်းမေတ္တာတွေက ပေါင်းစည်းသွားမလား...
ဝမ်းနည်းစွာနဲ့ ခွဲခွာလိုက်ရမလား..💫

စိတ်ကူးယဥ်ဆန်ဆန်ဇာတ်လမ်းလေးဖြစ်ပြီး တစ်ခါမှမကြည့်ဖူးသေးတဲ့ ပုံစံလေးဆိုတော့ BLSFLIX Channel လေးကနေ သေချာပေါက် စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်

Y...🌊
97❤‍🔥9👍4💯4🍓1
Mantis

https://t.me/+J2lxg5j-yhM0ZGU1

ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ နာမည်ကျော် ကြေးစားလူသတ်သမား "Mantis" ပါပဲ။ သူဟာ အားလပ်ရက်ခရီးတစ်ခုကနေ ပြန်ရောက်လာတဲ့အခါမှာတော့ သူ့ရဲ့အဖွဲ့အစည်း "MK Enterprise" ရဲ့ အကြီးအကဲဖြစ်သူ "ချာမင်ဂယူ" သေဆုံးနေပြီဆိုတဲ့ သတင်းဆိုးကို ကြားလိုက်ရတယ်။ ဒီအဖြစ်အပျက်ကြောင့် သူဟာ MK Enterprise ကနေ အပြီးတိုင်ထွက်ပြီး တခြားကြေးစားလူသတ်သမားတွေနဲ့အတူ အခွင့်အလမ်းသစ်တစ်ခုကို ရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူ့မှာ "J" (ဂျေ) ဆိုတဲ့ နှစ်ပေါင်းများစွာသိကျွမ်းခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်ဟာ လူသတ်သမားဖြစ်လာဖို့အတွက် အတူတူလေ့ကျင့်ခဲ့ကြတာပါ။ J ဟာ သေစေနိုင်လောက်အောင် အရည်အချင်းရှိတဲ့ လူသတ်သမားတစ်ယောက်ဖြစ်ပေမဲ့ အထက်အရာရှိတွေရဲ့ မျက်မုန်းကျိုးတာကိုခံရပြီး MK Enterprise ကနေ အထုတ်ပယ်ခံခဲ့ရတယ်။ သူ့မှာ Mantis အပေါ်မှာတော့ ချစ်ခြင်း၊ မုန်းခြင်းတွေနဲ့ ရောထွေးနေတဲ့ ရှုပ်ထွေးတဲ့ခံစားချက်တွေ ရှိနေပါတယ်။

ဒီလိုနဲ့ MK Enterprise ကို စတင်တည်ထောင်ခဲ့သူတွေထဲက တစ်ယောက်ဖြစ်သလို Mantis ရဲ့ ဆရာလည်းဖြစ်ခဲ့တဲ့ "ဒေါ့ဂို" ပြန်ပေါ်လာပါတယ်။ သူဟာ ကြေးစားလူသတ်သမားလောကကနေ အနားယူသွားခဲ့ပေမဲ့ ချာမင်ဂယူ သေဆုံးပြီးနောက်မှာတော့ MK Enterprise ကို ပြန်လည်ဦးဆောင်ဖို့အတွက် ပြန်လာခဲ့တာပါ။ ဒေါ့ဂိုရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကုမ္ပဏီရဲ့အကောင်းဆုံးလူသတ်သမားဖြစ်ခဲ့တဲ့ Mantis ကို ကုမ္ပဏီဆီပြန်လာအောင် နည်းလမ်းမျိုးစုံနဲ့ ဆွဲဆောင်ဖို့ပါပဲ။

Mantis တစ်ယောက် သူ့ရဲ့လွတ်လပ်တဲ့လမ်းကို ဆက်လျှောက်မလား၊ ဒါမှမဟုတ် သူ့ရဲ့ဆရာဖြစ်သူ ဒေါ့ဂိုရဲ့ ဖိအားတွေနဲ့ MK Enterprise ရဲ့ အတွင်းပိုင်းရှုပ်ထွေးမှုတွေထဲကို ပြန်လည်ဝင်ရောက်သွားမလားဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
25🔥4🤔2
Hanoi, I Love You (2025)
Hot Brother Next Door

https://t.me/blsflix_vietnameseseries


ဟနွိင်းမြိုရဲ့ ဆောင်းဦးရာသီ နေဝင်အလှအောက်မှာ -----

ကံကြမ္မာအလှည့်အပြောင်းကြောင့် တစ်နေရာတည်းမှာ လာဆုံကြတဲ့ ကောင်လေးနှစ်ယောက် -----

အချစ်အတွက်နဲ့ မြိုတစ်မြိုကို ပြောင်းရွှေ့ဖိုဆိုတာက စွန့်စားလွန်းရာကျလွန်းတယ်....

"နွေးထွေးမှုတွေစုစည်းနေပြီး ကိုယ့်အတွက်သီးသန့် အိမ်လေးဖြစ်လာတဲ့ သူစိမ်းတစ်ယောက်"

"ဟနွိင်းမြိုကိုရော ဟနွိင်းမြိုသားလေးကိုပါ ချစ်တတ်သွားအောင် ဒီဒေသခံလေးက သင်ပေးခဲ့တယ်----"


ချစ်သူကောင်မလေးကိုတွေ့ဖို တခြားမြိုကနေ အပြေးလာခဲ့ပေမယ့် တခြားတစ်ယောက်နဲ့ဖောက်ပြန်နေတာကို ကိုယ့်မျက်စိရှေ့မှာတင်  မြင်လိုက်ရတဲ့ကောင်လေးတစ်ယောက်ကို ဒေသခံကောင်လေးက ဘယ်လိုနွေးထွေးမှုတွေပေးမလဲ...

"အချစ်ရဲ့စမ်းသပ်ချက်တွေဆိုတာက နေဝင်ချိန်အလှလိုပဲ
ကြည့်ရတာတော့လှပပေမဲ့ နာကျင်စေတယ်...."


*––––*–––––*–––––*

ဗီယက်နမ်ဇာတ်ကားလေးတွေကလည်း ဇာတ်အိမ်ဆန်းဆန်းလေးတွေဆိုတော့ စမ်းပြီးကြည့်မယ်ဆိုရင်တောင် မမှားမဲ့ဇာတ်ကားလေးပါ
ဒီတော့ Y တိုရဲ့ BLSFLIX Channel လေးကနေ အပတ်စဥ်တင်ဆက်ပေးသွားမှာဆိုတော့ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်...
65❤‍🔥48👍7🤩1💯1
Ms. Incognito

Join Channel
https://t.me/+ZVSGInpnbd4wNGI1

ဒီနေ့ညမှာ ကြည့်ရှုရမယ့် ဇာတ်ကားလေးကတော့ "Ms. Incognito" ဆိုတဲ့ အမျိုးသားသက်တော်စောင့်မဟုတ်တဲ့ အမျိုးသမီးသက်တော်စောင့်လေးတစ်ယောက်ရဲ့ အစွမ်းကုန် ကာကွယ်ပေးမှုတွေကို ကြည့်ရှုရမှာပါ။

သုံးလပဲအသက်ရှင်ဖို့ကျန်တော့တဲ့ Gasung Group ရဲ့ ဥက္ကဌကြီးနဲ့ ဟန်ဆောင်လက်ထပ်ပြီး အမွေရဖို့အသည်းအသန်ကြိုးစားနေတဲ့ လူတွေဆီကနေ ဥက္ကဌကြီးကိုကာကွယ်ပေးသွားမယ့် သက်တော်စောင့်မမရဲ့ Romance, Crime & Thriller အမျိုးအစားလေးပါ။

ဆင်းရဲတဲ့မိသားစုကနေ လာတဲ့ အမျိုးသမီးသက်တော်စောင့်လေးဟာ နာမကျန်းဖြစ်ပြီး မကြာခင်မှာ ေသဆံုးရတော့မယ့် စီးပွါးရေးလုပ်ငန်းရှင်ကြီးနဲ့ စာချုပ်အရ ဟန်ဆောင်လက်ထပ်လိုက်ပြီးတဲ့နောက် သူတို့တွေရဲ့အသက်နဲ့ ဘဝကို အမွေအများကြီးဆက်ခံချင်တဲ့လူတွေဆီကနေ ကြိုးစားပြီး ကာကွယ်သွားရပုံကို မြင်တွေ့ရမှာပါ။

စုစုပေါင်း အပိုင်း (၁၂) ပိုင်းပါဝင်ထားပီးတော့ "Vincenzo" ထဲက Jeon Yeo Been, "Who Is She" ထဲက Jin Young, "Seoul Busters" ထဲက Seo Hyeon Woo, "Money Heist" ထဲက Jang Yoon Ju နဲ့ "Extraordinary Attorney Woo" ထဲက Joo Hyun Young တို့က အဓိကပါဝင်ထားပါတယ်။
58
ကံစေမံရာ နှလုံးသား

ဖူယိရှောင်းက ငါ ဖုန်းစွေကောရဲ့လူပဲ။ သူ့ကို သတ်ရဲတဲ့သူကို ငါ ပြန်သတ်မယ်။ 
_ဖုန်းစွေကော 


ကျွန်မမှာလည်း အတူတူ အိုမင်းသွားချင်တဲ့သူ ရှိပါတယ်။ အဲ့ဒီလူက ရှင်ပဲ ဖုန်းစွေကော။ 
_ဖူယိရှောင်း 


ကျင်းရှို့တိုင်းပြည်နဲ့ စုရှတိုင်းပြည် နှစ်ပြည်ထောင်အကြား ဖျင်လင်စစ်ပွဲမှာ ရှုံးနိမ့်တော့မယ့် ကျင်းရှို့ပြည်က အမျိုးသမီးလေးသည်တော် ဖူယိရှောင်းရဲ့ မြားတစ်ချက်ဟာ အနိုင်ရတော့မယ့် စုရှပြည်ရဲ့ မင်းသားကြီးဖုန်းစွေကောကို အထိနာစေခဲ့ပြီး တိုက်ပွဲရလဒ်က ချက်ချင်းဆိုသလို  ပြောင်းလဲသွားခဲ့ပါတယ်။ 
တိုက်ပွဲအပြီး သိပ်မကြာခင်မှာပဲ ဖူယိရှောင်းဟာ တောင်စောင်းပေါ်က ပြုတ်ကျပြီးနောက် မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့သလို ဖုန်းစွေကောကျ နောက်ကလိုက်ဖမ်းသူတွေလက်က လွတ်အောင် ပြေးနေရတဲ့ အခြေအနေကို ရောက်သွားခဲ့တယ်။ 
သူတို့ ကမ္ဘာမကြေရန်သူတော်နှစ်ယောက်ဟာ ယွီကျင်းမြို့မှာ မတော်တဆ ပြန်လည်ဆုံစည်းကြပြီး တစ်ယောက်ကို တစ်ယောက် အားကိုးအားထားပြုကြရမယ့် ဆက်ဆံရေးတစ်ခုကို မဖြစ်မနေ တည်ဆောက်ကြရပါတော့တယ်။ 

ကဲ Enemies to/and lovers trope ကို ကြိုက်ကြသူတွေအတွက် IQIYI ရဲ့ fated hearts လာပါပြီ။
ဇာတ်လမ်းက စိတ်ဝင်စားစရာ အတိဖြစ်သလို မင်းသား မင်းသမီးကိုလည်း စိမ်းနေကြမှာ မဟုတ်ပါဘူး။ 
လီချင်ကျဲကျဲကို နာမည်ကြီး Joy of life မှာ ဝမ်အာအနေနဲ့ သိကြပြီးသားဖြစ်မှာဖြစ်သလို ချယ်ကျယ်ယွမ်ဆိုတာကလည်း တခြားသူမဟုတ် အားလုံးအကြိုက် Hidden Love ရဲ့ သွမ့်ကျားရွှီကောကောပါပဲ။ 
သူတို့နှစ်ဦးက ရန်ဖြစ်ရင်း ချစ်သွားကြတဲ့၊ တစ်ယောက်တည်းနဲ့တစ်ယောက် မတည့်သလို မျက်စိအောက်ကလည်း အပျောက်မခံကြတဲ့ ဖူယိရှောင်းနဲ့ ဖုန်းစွေကောအဖြစ် ဘယ်လိုတွေ slay ကြမလဲဆိုတာ ကြည့်ကြည့်ကြပါဦး။ 
ဒီနေ့ အောက်တိုဘာ ၂ ရက်နေ့မှာပဲ အချစ်အမုန်းရောယှက် မြားတစ်ချက်က ရင်ခွင်နှစ်ခုကို ဘယ်လို ထိမှန်စေမလဲဆိုတာ BLSFLIX ကနေ အားပေးလို့ ရပါပြီ။ 

ကြည့်ဖို့ ချန်နယ်လေး Join ထားပေးနော်

https://t.me/blsflixchannel26

တရုတ်ကားလေးတွေ ကြည့်ဖို့ Main Channel လေးလဲ Join ထားပေးပါဦး

https://t.me/BLSFLIX_ChineseDrama
28🥰1
At 25:00 in Akasaka Season 2 (2025)

https://t.me/Blsflix_JavaneseSeries

Season 1 မှာတုန်းက မထိတထိဇာတ်ကွက်လေးတွေနဲ့ Ro သွားပြီး ဇာတ်လမ်းပြီးခါနီးမှ တွဲသွားကြလို မကျေနပ်ကြတဲ့
ပရိသတ်လေးတွေအတွက် Season 2 မှာတော့ တွဲပြီးတဲ့အချိန်မှာ ကြုံတွေ့ရမဲ့ ချစ်သူရည်းစားဘဝမှာ ဆက်ပြီးအားကျရတဲ့ကြည်နူးစရာအခန်းလေးကိုမြင်ရမှာလား

ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်းအလုပ်ကြောင့် ကြုံလာရတဲ့​ပြဿနာတွေကြောင့် ဆက်ဆံတစ်ခုက ပျက်စဲသွားမှာလားဆိုတာကို ရိုက်ကူးထားတဲ့အပြင် နောက်အတွဲလေးတစ်တွဲဖြစ်တဲ့ ဆာကူမနဲ့ ရာမာ့စ်တိုရဲ့ ဇာတ်လမ်းလေးပါ ပါဝင်လာပြီမလို အတွဲနှစ်အတွဲရဲ့ အရသာစုံဇာတ်လမ်းလေးတွေကို BLSFLIX ကနေ ဘာသာပြန်တင်ဆက်ပေးသွားမဲ့ At 25:00 in Akasaka Season 2 ကို ​အတူတူကြည့်ရှုလိုက်ကြရအောင်နော်....
66🥰3👍1
နှစ်ပေါင်း ၁၀၀၀ ကြာ ပိတ်မိနေတဲ့ Genie တစ်ကောင်က အမျိုးသမီးတစ်ယောက်ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ပြန်ပေါ်လာတဲ့အခါ ...

မင်မင်တို့ရဲ့ BLSFLIX channel ကနေ နောက်ထပ်တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ Bae Suzy နဲ့ Kim Woo Bin တို့ရဲ့ "Genie,Make A Wish" ဆိုတဲ့ စိတ်ကူးယဥ်အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။

ဆုတောင်းတွေ ဖြည့်ဆည်းပေးမယ့် (Genie) နဲ့ စိတ်ခံစားမှုတွေ နည်းနေတဲ့ ကောင်မလေး ဂါယောင်း တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ Genie (Kim WooBin) ဟာ  မီးအိမ်ထဲကနေ ထွက်လာတဲ့ စွမ်းအားရှင်တစ်ပါးပဲဖြစ်ပါတယ်။ သူဟာ စိတ်ခံစားမှု‌ကို အပြည့်အဝ ဖော်ထုတ်တတ်သူဖြစ်ပြီး စိတ်အပြောင်းအလဲလည်း မြန်သူပါ။

ဂါယောင်း (Bae Suzy) ကတော့ အရမ်းလည်းလှသလို စိတ်ခံစားချက်တွေ ဖော်ပြတဲ့နေရာမှာ အားနည်းတဲ့သူလေးပါ။ တစ်နေ့ Genie ကို မီးအိမ်ထဲကနေ ခေါ်ထုတ်မိပြီး ဆုတောင်းသုံးချက် ရရှိလာခဲ့ရာကနေ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးက စတင်လာခဲ့တာပါ။

Kim Woo bin နဲ့ Suzy တို့ဟာ ၂၀၁၆ " 𝐔𝐧𝐜𝐨𝐧𝐭𝐫𝐨𝐥𝐥𝐚𝐛𝐥𝐲 𝐅𝐨𝐧𝐝 " ဆိုတဲ့ ဇာတ်လမ်းတွဲအပြီး ဒုတိယအကြိမ်မြောက် ပြန်လည်ဆုံတွေ့ကြတာပဲဖြစ်ပါတယ်။

Comedy, Romance & Fantasy အမျိုးအစားလေးဖြစ်ပြီးတော့ Netflix ကနေ စုစုပေါင်း ၁၃ ပိုင်း ထုတ်လွှင့်ပေးသွားမှာပါ။

ကြည့်ဖို့ ချန်နယ်လေး Join ခဲ့နော်

https://t.me/+-sUBK0ZzG0s5N2U9
25🥰4
ဝိုင်နီတခွက်နဲ့ ညနက်နက် (2025)

https://t.me/+wvrMagbOCS41OWJl

​သွေးရောင်ခြယ်လရဲ့ ကတိသစ္စာ​​အောက်မှာ ကျိန်စွာ​တွေ သွယ်ယှက်​နေတဲ့ ဟိုတယ်ထဲကို Khansorn ဆိုတဲ့ ဂျာနယ်လစ်တစ်​ယောက် ​တစ်​ယောက် ဝင်လာတဲ့အချိန်

​သွေးရောင်ခြယ်လထွက်တဲ့ညဆို ထာဝရရှင်သန်သူနဲ့ ​သေဆုံးသူထွက်လာတယ်ဆိုတဲ့ ကျိန်စာရှိတယ်ဆိုပြီး ​ပြောစကားရှိ​ကြပေမဲ့ တကယ်တမ်း ​သွေးရောင်ခြယ်လထွက်တဲ့အချိန်မှာ Khansorn နဲ့ ထူးခြားဆန်းကြယ်တဲ့ ဟိုတယ်ပိုင်ရှင် ၂​ယောက် ကျိန်စာရှိဟိုတယ်ထဲမှာ ဘာ​တွေဆက်ဖြစ်လာမလဲ

ကံကြမ္မာနဲ့ ဆန့်ကျင်ပြီး ကလဲ့စား ထာဝရရှင်သန်ခြင်း နဲ့ အချစ်ရန်ငြိုး​တွေရှိတဲ့ ဟိုတယ်မှာ လျှို့ဝှက်သည်းဖိုစရာ ဇာတ်​ကြောင်းကိုနောက်ခံထားပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ Bl ဇာတ်လမ်းတွဲအသစ်​လေးကို BLSFLIX Channel မှာ ​စောင့်​မျှော်ကြည့်ရှု​ပေးကြပါဦးရှင့်
23
Love Reset (2025)

https://t.me/blsflixkoreabl

ဒီတစ်ခါ မိတ်ဆက်ပေးသွားမဲ့ ဇာတ်လမ်းလေးကတော့ Love Reset ဆိုတဲ့ Korea BL mini series လေးပဲဖြစ်ပါတယ်။

ယောကျ်ားလေးနှစ်ယောက်တည်ဆောက်ထားတဲ့ ဆက်ဆံရေးတစ်ခုကို ထုတ်မပြောဘဲ လျိုဝှက်ထားခဲ့တဲ့ ဂျယ်ဟွန်းနဲ့ ဝူဂျင်တိုကြားမှာ အချိန်ကြာလာတာနဲ့အမျှ မပြေလည်မှုတွေက တိုးပွားလာခဲ့တယ်။

အလုပ်တွေနဲ့မအားလပ်တဲ့သူတိုကြားမှာ ကြည်နူးစရာအခိုက်အတန့်လေးတွေက ရှားပါလာပြီး ဆူပူမှုတွေက အစားထိုးနေရာယူလာခဲ့တယ်။

ဆက်ဆံရေးတစ်ခုမှာ ကြုံလာနိုင်တဲ့ပြဿနာတွေဖြစ်တဲ့ သဝန်တိုမှုတွေ နားလည်ပေးနိုင်စွမ်းမရှိတာတွေကို သူတိုနှစ်ယောက်က သေချာဖြေရှင်းပြီး ရှေ့ဆက်လက်တွဲသွားနိုင်မှာလား
မဖွင့်ပြောပြရဲတဲ့ သူတိုဆက်ဆံရေးကို ပျက်စီးခံလိုက်မှာလားဆိုတာကို သိရအောင် BLSFLIX ကနေ ဘာသာပြန်တင်ဆက်ပေးသွားမှာမလို စောင့်မျှော်ကြည့်ရှုပေးပါဦးနော်...
70👍3🔥1
Love Design (2025)

https://t.me/blsflix_starinmymind

အချစ်ဆိုတဲ့အရာက ကျွန်တော်တိုဘဝထဲကို နည်းမျိုးစုံနဲ့ ဝင်ရောက်လာတက်ပါတယ်။

အဲ့ဒီအချစ်ရဲ့ ဖြစ်တည်မှုအစက ပန်းချီကားတစ်ချပ်က ဖြစ်ခဲ့မယ်ဆိုရင်ရော......

မျက်နှာတောင် မမြင်ဖူးတဲ့လူတစ်ယောက်ကို ပန်းချီတစ်ချပ်ကြောင့် ချစ်မိသွားပြီး အချစ်ဦးအဖြစ် ရင်ထဲမှာ သိမ်းဆည်းထားတဲ့ရင်.......

သူရဲ့လက်ရာကိုခိုးယူခဲ့တဲ့ အချစ်ဦးကို နာကျည်းမှု၊ လက်စားချေလိုမှုတွေပြင်းပြရင်းနဲ့ ကိုယ်ပိုင် ဗိသုကာကုမ္ပဏီဖွင့်လှစ်ခဲ့တဲ့ အော့ပတ်ဘ်........

ရင်တစ်ယောက် အော့ပတ်ဘ်ရဲ့ ကုမ္ပဏီမှာ အလုပ်လျှောက်ပြီး ရုန်းကန်နေရတဲ့ကုမ္ပဏီမှာ ဖိအားတွေများပေမဲ့ တဖြည်းဖြည်း ရင်းနှီးလာတဲ့ ဆက်ဆံရေးမှသည် ဖြစ်တည်လာတဲ့ရင်ခုန်သံတစ်ခု

အော့ပတ်ဘ်တစ်ယောက် နက်ရှိင်းစွာနစ်မြုပ်ထားတဲ့ အချစ်ဦးနဲ့ ရင်ခုန်ဖွယ်ပြည့်နေတဲ့ အချစ်သစ်ကြား လွန်ဆွဲရင်း မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်မလား။ အတားအဆီးများကို ဖြတ်ကျော်ပြီး ရင်ရဲ့နှလုံးသားကိုရယူနိုင်မလားဆိုတာကို အောက်တိုဘာလ ၂ရက်နေ့ကစတင်ပြီး အပတ်စဉ် ကြာသပတေးနေ့တိုင်း ကျွန်တော်တို BLSFLIX Channel မှာ စောင့်မျှော်ကြည့်ရှူခဲ့ကြပါဦး။
31❤‍🔥2👍2
The Story of Bi Hyeong: Enchanted Master of the Goblin (2025)

https://t.me/blsflixkoreabl

Geum Bok လို​ခေါ်တဲ့ ရွာက ​ကောင်​လေးတစ်​ယောက်ဟာ သရုပ်​ဆောင်ဖြစ်ချင်တဲ့ အိပ်မက်နဲ့ ဆိုးလ်အထိ တက်လာခဲ့​ပေမဲ့ အလိမ်ခံခဲ့ရတဲ့အပြင် မှင်စာဘုရင်တစ်​ယောက်ဖြစ်တဲ့ Bi Hyeong ဆီကပါ အနမ်းခံလိုက်ရပါတယ်

ထူးဆန်းစွာနဲ့ Geum Bokဟာ Bi Hyeongဆီကို စွမ်းအင်​တွေ လုံလုံခြုံခြုံ​ပေးနိုင်တဲ့ တစ်ဦးတည်း​သော လူသားဖြစ်​နေတဲ့အတွက် Bi Hyeongရဲ့ သက်​တော်​စောင့် Gil Dal က​နေ ထိုလူသားကို အိမ်​ခေါ်လာရမှ ​ယောက်ျားသားသုံး​ယောက် အတူ​နေဖြစ်သွားပါ​တော့တယ်

Geum Bok ဟာ Bi Hyeongရဲ့ ဝိညာဉ်​နေ့လယ်စာဘူးလိုဖြစ်သွားပြီး Bi Hyeongကလည်းတစ်ဖန် Geum Bokကို သရဲ​တွေဆီက ကာကွယ်​ပေးရပါတယ်။
တစ်​နေ့ Geum Bokတစ်​ယောက် ပလတ်စတစ်ဆာဂျရီ​ဆေးခန်းကို သွားရင်း အမြီးကိုး​ချောင်း​မြေ​ခွေး Dr.Ji Gwi နဲ့ ဆုံခဲ့ကြရာက​နေ Dr.Ji Gwiတစ်​ယောက် Geum Bokမှတစ်ဆင့် သူရဲ့ လွမ်းဆွတ်​နေရတဲ့ ချစ်သူGil Dalနဲ့ ပြန်ဆုံခွင့်ရခဲ့ပါတယ်

အဲဒီလို ၄​ယောက်ကြား ဆက်နွှယ်မှု​တွေ​ကြောင့် သဝန်တိုမှု​တွေ အထင်လွဲ​မှု​တွေ ကြီးလာရင်း Bi Hyeongရဲ့ အနမ်း​ကြောင့် Geum Bokတစ်​ယောက် အငြိုးကြီးသရဲ​တွေဆီက ​ခြောက်လှန့်ခြင်းခံရပါ​တော့တယ်။

ထူးခြားပြီး စွမ်းအားကြီးတဲ့ ဖြစ်တည်မှု​တွေကြား Geum Bok တစ်​ယောက် အသက်ရှင်ဖိုလမ်းကိုရှာရမဲ့ ဇာတ်လမ်း​လေးကို Romance Horror Fantasty စုံစုံလင်လင်နဲ့ ကြည့်ရှုရမှာမလို Oct 2 ရက်​နေ့ကစပြီး BLSFLIX Channel မှာ ​စောင့်​မျှော်ကြည့်ရှု​ပေးပါဦးရှင့်
85❤‍🔥7
Player (2025)
"ကစားမလား ချစ်မလား"

https://t.me/+I2i1BcXxgFwxMGE1

New York မှာ ဘဝသစ်ချင်တဲ့ Graphic Designerမလေး Pun နဲ့ အရမ်းလှတဲ့နာမည်ကြီး မင်းသမီး Ploy တိုရဲ့ အချစ်ကစားပွဲလေးတစ်ခု.....

Pun တစ်ယောက် New York မှာ Phetai ဆိုတဲ့ ကောင်လေးဆီကနေ ဘတ်1သန်းအလိမ်ခံလိုက်ရပါတယ် အဲဒီမှာပဲသူ့ဘဝကြီးကစတင်ပြောင်းလဲသွားပါတော့တယ်။

အဲဒီလိုနဲ့ Pun တစ်ယောက် လိမ်လိုက်တဲ့သူနဲ့ သူပိုက်ဆံကိုပြန်ရှာဖိုအတွက် ထိုင်းကိုပြန်လာတဲ့အချိန်မှာ သူဆီကိုမျှော်လင့်ချက်လေးတစ်ခု ရောက်လာပါတော့တယ်။

အဲဒါကတော့ နာမည်ကြီး Hiso မင်းသမီး ploy ပဲဖြစ်ပါတယ် Ploy ကိုဆွဲဆောင်ပြီး ပိုက်ဆံယူဖိုကြံနေတဲ့ Pun တစ်ယောက် အောင်မြင်နိုင်ပါ့မလား တစ်ဖက်က Ploy လိုချမ်းသာပြီးထက်မြက်တဲ့ မိန်းကလေးကရော တကယ်ပဲ ဘာမှမသိပဲ အကစားခံနေရတာလား.....

ဒီလိုမျိုး Modern ဆန်ဆန် အချစ်ကစားပွဲလေးကနေ ဘယ်သူကအနိုင်ရသွားမလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ BLSFLIX ကနေ ဘာသာပြန်တင်ဆက်ပေးသွားမဲ့ Player ဆိုတဲ့ ဇာတ်ကားလေးမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်
❤‍🔥1513👍2💯1
Dangerous Queen (2025)

https://t.me/blsflix_notme

သားသမီးနဲ့ မိဘ နေရာချင်းမှားနေသလားလို ထင်ရအောင် အမေဖြစ်သူက အရက်နဲ့လောင်းကစားကို စွဲလမ်းနေပြီး နေ့နေ့ညည မူးရူးနေတာကြောင့် အိမ်ရဲ့ကိစ္စအရပ်ရပ်ကို တာဝန်ယူထားရတဲ့ Bonita....။

Bonita ကို တိတ်တခိုးချစ်နေပြီး ဇွဲကောင်းကောင်းနဲ့ သူမရဲ့ အချစ်ကို မရမချင်း ပိုးပန်းနေပေမဲ့ ဖရန့်ဇုန်ထဲက မထွက်နိုင်သေးတဲ့ ဘေးအိမ်က ကောင်ချောလေး Khem....။

မိခင်ဖြစ်သူရဲ့ ညှင်းပန်းနှိပ်စက်မှုတွေကြား ဘဝကို ခက်ခက်ခဲခဲရှင်သန်နေရင်း Bonita တစ်ယောက် ဆွဲဆောင်မှုရှိလွန်းပြီး ဆွေကြီးမျိုးကြီးကနေ ဆင်းသက်လာတဲ့ Queen ဆိုတဲ့ အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့ ဘားမှာ မထင်မှတ်ဘဲ ဆုံကြတဲ့နောက် သူမရဲ့ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားဖိုဖြစ်လာပါတော့တယ်။

ရှုပ်ထွေးပြီး စိန်ခေါ်မှုများလွန်းတဲ့ ဆက်ဆံရေးတွေကြားမှာ သူမတိုနှစ်ယောက်ကို ကံကြမ္မာက ဘယ်လိုဆုံစည်းစေဦးမလဲ ၊ နာမည်နဲ့လိုက်အောင် ဘုရင်မပီသလွန်းတဲ့ Queen ကရော Bonita ကို ဘယ်လို သူမဘဝထဲ ဘယ်လိုဆွဲခေါ်လာလေမလဲဆိုတာကို BLSFLIX က ဘာသာပြန်တင်ဆက်ပေးမယ့် ဒီစီးရီးလေးမှာ လိုက်ပါကြည့်ရှုပေးကြပါဦးရှင်။
❤‍🔥1712👍2💯1
Air Moment (2025)

https://t.me/+gLfSjkpdMNdiOTA1

Chance or Air… which will you choose to survive?”

Cold War ပြီးနောက် လူသား‌ တွေရဲ့ အသိဉာဏ်ကို ထိန်းချုပ်ဖို စတင်လေ့လာခဲ့တဲ့ ကာလအတွင်း MK-Ultra လို လျှိဝှက်စီမံချက်တွေကစပြီး AI အထိ လွတ်လပ်ခွင့်ကို အာဏာအဖြစ် အသုံးချ...

မေတ္တာကို အာဏာအစားထိုးပြီး၊ အမှန်တရားကို ထိန်းချုပ်ကိရိယာအဖြစ် ပြောင်းလဲခဲ့ကြတဲ့ပုံစံကိုဇာတ်လမ်းထဲမှာမြင်တွေ့ရမှာပါ🪬

ကမ္ဘာတစ်ခု ပျက်စီးပြီး ပြန်လည်ပေါ်‌ ပေါက်လာတဲ့ နေရာတစ်ခုမှာ ဘဝနဲ့ အသက်ရှင်မှုကြား အစမ်းသပ်ခံရသူတွေရှိနေပြီး၊ ကိုယ်အသက်ရှင်ဖို Chance နဲ့ Air ကြားရွေးချယ်မှုတွေမြင်ရမယ်

BL ပရိသတ်တွေအတွက် သိပ်မတွေ့ရတဲ့ ဇာတ်အိမ်တစ်ခုဖြစ်ပြီး၊ သိပ္ပံဝတ္ထုနှစ်သက်သူ တွေအတွက် စိတ်လှုပ်ရှားစရာခံစားချက်တွေ၊ ဆက်ဆံရေးတွေကို အပြည့်အဝ ရှုမြင်နိုင်မှာပါ👁‍🗨👁‍🗨

အမှောင်သခင်မကြီးတွေအတွက်ကတော့ အဓိကသရုပ်ဆောင်သုံးယောက်ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းကို စောင်ကိုက်ပြီးကြည့်ရမှာဖြစ်ပါတယ်🫣🌚

ဒါဆိုရင်တော့ သိပ္ပံဆန်ဆန်
BL ဇာတ်လမ်းတွဲလေးကို
လာမယ့်Oct-5(sun)ကစပြီး BLSFLIX မှာစောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်🎃
46❤‍🔥18👍3💯1