Review by BLSFLIX
27K subscribers
835 photos
776 links
Download Telegram
Echoes of the Lost City (2025)
" ပျောက်ဆုံးမြိုရဲ့ ပဲ့တင်သံ "

https://t.me/blsflix_connect

ဒီဇာတ်လမ်းတွဲဟာ မင်းသမီးAi Khamရဲ့ ဒဏ္ဍာရီအချစ်ဇာတ်လမ်းလေးကို ရိုက်ကူးထားတာပါ။Ek Chatita ရဲ့ သမီးတော် မင်းသမီးAi Khamဟာသူမရဲ့ အလှကြောင့် မြိုတွင်းမှာရော တခြားမြိုမှာပါရှိတဲ့ ကောင်လေးတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်သူပါ။

အဲ့ဒီထဲကမှ ဖာဖန်မြို၏ မင်းသားငယ်Pha Daengနဲ့ ရေအောက်မြိုကို အုပ်စိုးတဲ့Phangdeeတိုဟာ မင်းသမီး Ai Khamကိုသူတိုရဲ့ ကြင်ဖက်အဖြစ် သိမ်းပိုက်ရရှိဖိုဘာမဆိုလုပ်ရဲကြသူ‌တွေဖြစ်ပြီးသူတိုကြောင့် တမြိုလုံးပြိုကျပျက်ဆီးခဲ့ရပြီး ထောင်ပေါင်းများစွာသော မြိုသူမြိုသားများရဲ့ ဝိညာဉ်တွေဟာရေအောက်ကမ္ဘာမှာ နစ်မြုပ်သွားခဲ့ရပါတယ်။

ဒါပေမယ့် သူတိုလုပ်ခဲ့တဲ့ ကုသိုလ်ကံကြောင့် သူတို သုံးယောက်ဟာ သူတိုရဲ့
အတိတ်က အချစ်တွေနဲ့ အာဃာတတွေကို ဖြေရှင်းဖိုအတွက် Airada , Khamsingနဲ့ Kraiwit တို အဖြစ် ပြန်လည်မွေးဖွားလာခဲ့ပါတယ်။

နောက်ဆုံးမှာ သူတိုရဲ့ ကံကြမ္မာအားလုံးကိုပြန်ပေးဆပ်ကြမှာလား...
ဒါမှမဟုတ် ဆက်ပြီး ချည်နှောင်ထားကြမှာလား...

Airada ကရောသူမရဲ့အတိတ်ကိုပြန်ဆက်စပ်မိပြီး ရေအောက်မှာနစ်နေတဲ့ လူတွေရဲ့ ဝိညာဉ်တွေ လွတ်မြောက်နိုင်ဖိုအတွက် အမှန်တရားကိုဖော်ထုတ်ကာ ကျိန်စာတွေကိုပယ်ဖျက်ပေးနိုင်မလားဆိုတာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးရှင်။
26❤‍🔥3👍2💯2
Better Late Than Single
Review

https://t.me/blsflix_Variety01

Variety Show လေးတွေကြည့်ဖို့ အောက်ကချန်နယ်လေးကိုလဲ Join ထားပေးနော်

https://t.me/blsflix_varietymainchannel

ဒီ variety show လေးကတော့ အားလုံးစိတ်ဝင်စားကြမယ့် Dating Show လေးပါ
အားလုံးလည်း Dating Show အမျိုးမျိုးကို ကြည့်ဖူးကြမယ်ဆိုပေမဲ့ ဒီတစ်ခုကတော့ သာမန် Dating Show တွေနဲ့မတူပါဘူး
တခြားshowတွေမှာ ကြင်ဖက်ရှာနေတဲ့သူတွေတွေ့ကြတာဆိုပေမဲ့ ဒီShow မှာတော့ သာမန်ကြင်ဖက်ရှာ​ပေးတာမျိုးမဟုတ်ဘဲ တစ်ခါမှ ရည်းစားမထားဖူးတဲ့ ဖြူဖြူစင်စင်တုံးတုံးအအ ဆင်ဂယ်စစ်စစ်လေးတွေကို ကြင်ဖက်ရှာပေးတဲ့အစီအစဥ်ဖြစ်ပါတယ်
ကြင်ဖက်ရှာပေးရုံမဟုတ်ဘဲ ထူးခြားတာတစ်ခုက သူတို့က ပါဝင်သူတွေကို စောင့်ကြည့်ပြီး အကြံဉာဏ်တွေပေးရုံမကဘဲ make over(ပြုပြင်ပြောင်းလဲမှု)တွေ အမျိုးမျိုးလည်း လုပ်ပေးသွားမှာပါ
ရုပ်ရည် ခန္ဓာကိုယ် အစားအသောက်ကနေ စိတ်ဓာတ်ပိုင်းဆိုင်ရာအထိ သန်မာလာအောင် တိုးတက်လာအောင် ​ပညာရှင်အမျိုးမျိုးက တစ်ယောက်ချင်းစီကို တာဝန်ယူပေးသွားမှာဖြစ်ပါတယ်
ရုပ်ရှင်ဇာတ်လမ်းထဲကလို အရှုံးသမားကနေ အောင်နိုင်သူဖြစ်သွားမလား
အထီးကျန်ဆန်တဲ့ဘဝကနေ လွတ်မြောက်သွားကြမလား သူတို့ရဲ့အချစ်ရေးကရော ဖြောင့်ဖြူးနေမှာလားဆိုတာကို ရသမျိုးစုံနဲ့ ခံစားကြည့်ရှုရမှာပါ

အခုထိ တစ်ကိုယ်တည်းဖြစ်နေတဲ့ FA လေးတွေလည်း ဒီအစီအစဥ်လေးကြည့်ရင်း အတုယူပြုပြင်ပြီး ရည်းစားကောင်းကောင်းရသွားနိုင်ချေရှိတာမို့ ''Better Late Than Single'' အစီအစဥ်လေးကို BLSFLIX CHANNEL မှာ ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်
24🥰1
Dirty Rainbow (2025)

https://t.me/blsflix_channel3

လောကကြီးမှာ လူတိုင်းက အရာအားလုံး မပြည့်စုံကြပါဘူး..
ချိုယွင်းချက်ဆိုတာ ရှိစမြဲပါ..
ရုပ်ပိုင်းဆိုင်ရာ ချိုယွင်းချက်ဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာ ချိုယွင်းချက်ဖြစ်ပေါ့...

ဇာတ်ကားလေးထဲမှာလေးထဲမှာလဲ အလုပ်သင်ဖြစ်တဲ့ နက်ထီ ဆိုတဲ့ကောင်လေးက ပခြေအနေတစ်ခုကြောင့် လက်က အဆက်မပြတ်လှုပ်နေခဲ့ပါတယ်...

နက်ထီ အပေါ် တစ်ကယ် ချစ်ပေးနိုင်ပြီး ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံပေးနိုင်မဲ့သူပေါ်မလား

အလုပ်က အစ်ကိုကြီးဖြစ်တဲ့ အစ်ကိုထန် ကရော ဘယ်လောက်အထိ နားလည်ပေးနိုင်လဲ..

"ပထမအကြိမ်​​တွေ့ကြတုန်းက... သူ့လက်တွေ တုန်နေတယ်....
ဒါပေမယ့် ခံစားချက်တွေကို ခေါင်းစဥ်မတပ်နိုင်ခဲ့ဘူး...
"

ဇာတ်လမ်းလေးက ချိုယွင်းချက်အပြစ်အနာအဆာရှိတဲ့သူတွေကို တကယ့်ခံစားချက်အစစ်အမှန်ထားပြီး သဘောကျပေးမဲ့သူရှိပါ့မလားဆိုတာလေးကို

ရိုက်ကူးပေးထားပြီ BL Slow Romance လေးမို BLSFlix Channel လေးအတူလိုက်ပါစီးမျှောရင်း ကြည့်ရှုပေးကြပါဦးနော်....

Review By YAUNG...🌷
48👍4💯2❤‍🔥1
S Line

https://t.me/+9RHONeSEbSE0Nzc1

ကိုရီးယားကားကောင်းလေးတွေကို ကြည့်ဖို့ ချန်နယ်လေး Join ထားပေးနော်

https://t.me/BLSFLIX_KoreanDrama/377

ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ webtoon တစ်ပုဒ်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ "S Line"ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်

ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကြောင်းကတော့ လူတွေရဲ့ခေါင်းပေါ်မှာ ထူးဆန်းတဲ့အနီရောင်မျဥ်းကြောင်းလေးတွေပေါ်နေတာပဲဖြစ်ပါတယ် အဲ့အနီရောင်မျဥ်းကြောင်းလေးတွေဟာဆိုရင် လိင်ဆက်ဆံမှုရှိခဲ့ဖူးတဲ့လူတွေအချင်းချင်းကို ဆက်နွှယ်ထားတာပဲဖြစ်ပါတယ်

ဇာတ်ဆောင်ဖြစ်တဲ့ ဟန်ဂျီဝုကတော့စုံထောက်တစ်ယောက်ဖြစ်ပြီး ထူးဆန်းတဲ့အနီရောင်မျဥ်းကြောင်းတွေရဲ့ သရုပ်မှန်ကို ဖော်ထုတ်ချင်နေသူပဲဖြစ်ပါတယ် ဂယူဂျင်ကတော့ ထူးခြားတဲ့ အထက်တန်းပြဆရာမဖြစ်ပြီး တူမဖြစ်သူ ဟျွန်းဟွတ်ကတော့ မွေးကတည်းက အဲ့အနီရောင်မျဥ်းကြောင်းလေးတွေကို မြင်နိုင်သူပဲဖြစ်ပါတယ် နောက်ပိုင်းမှာတော့ စုံထောက်ကြီးကပဲ အနီရောင်မျဥ်းကြောင်းတွေရဲ့ အမှန်တရားကိုထုတ်ဖော်သွားနိုင်မလား လူတွေရဲ့အမှောင်ဘက်ခြမ်းလျှို့ဝှက်ချက်ဖြစ်တဲ့မျဥ်းတွေကို လူတိုင်းကမြင်နိုင်သွားရင်ရော ဘယ်လိုဖြစ်လာမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာပါ

"S Line"ဇာတ်ကားကတော့ "Thriller, Mystery, Fantasy" အမျိုးအစားဖြစ်ပြီး နာမည်ကြီးဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Lee Soo Hyuk, Lee Da Hee ,A Rinစတဲ့တစ်ခြားအနုပညာရှင်ပေါင်းများစွာပါ၀င်သရုပ်ဆောင်ထားပါတယ် အပိုင်း၆ပိုင်းပါ၀င်တဲ့ "S Line" ဇာတ်ကားလေးကိုတော့ သောကြာနေ့တိုင်းထုတ်လွှင့်မှာဖြစ်တဲ့အတွက် BLSFLIX channelမှာ စောင့်မျှော်ကြည့်ရှုကြဖို့မမေ့ပါနဲ့နော်
29
Haunted Mansion (2025)
" ဝိညာဉ်ကလဲ့စား "

https://t.me/blsflixchannel22

“Buanga”က နာမည်ကြီး နိုရာအကအဖွဲတစ်ခုဖြစ်သည့် Nora Jiamရဲ့သမီးအရင်းတယောက်ပါ။ သိပ်ကိုချောမောလှပပြီး ထက်မြတ်တယ်လို နာမည်ကြီးတဲ့ “Buanga”ဟာ Songkhla ပြည်နယ်က ချမ်းသာကြွယ်ဝတဲ့ မှူးမတ်တဦးရဲ့သား "Theppharit" နဲ့ ချစ်မိသွားပါတော့တယ် ။ဒါပေမယ့် နောက်ပိုင်းမှာ လူမှုလူတန်းစားကွဲပြားမှုကြောင့် Buanga ကို အဲဒီအမျိုးသားရဲ့မိသားစုက မထီမဲ့မြင်ပြုခဲ့ကြပါတယ်။

နောက်ပိုင်းမှာ ကိုယ်ဝန်ရှိပြီး သမီးတစ်ယောက်မွေးပြီးပေမယ့် ခင်ပွန်းဖြစ်သူရဲ့ မိသားစုအပေါ် “Buanga”ရဲ့ မုန်းတီးမှုတွေက လွှမ်းခြုံနေဆဲဖြစ်တယ်။
“Buanga”ဟာ သူမအမျိုးသားမိသားစုရဲ့ အထင်သေးမှု ရက်စက်ယုတ်မာမှုတွေကြောင့် သူမအဖေနဲ့သမီးတိုကို ဆုံးရှုးလိုက်ရပါတော့တယ်။

သူမဘဝမှာစိတ်ရောလူပါပင်ပန်းဆင်းရဲမှုကိုခံစားခဲ့ရပြီး နာကြည်းမှုတွေကလွဲလို ကျန်တာဘာမှမကျန်တော့တဲ့ဘဝက သူမဘဝကို နာကြည်းမှုတွေနဲ့မကုန်ဆုံးခင် နောက်ဆုံးအကြိမ်အဖြစ် နိုရာအကဝတ်စုံကို ဝတ်ဆင်ဖို ရွေးချယ်ခဲ့ပါတယ်။

နှစ်ပေါင်းတရာကျော်သွားတဲ့အခါမှာတော့ အိမ်ထောင်သက်နှစ်ပေါင်းများစွာရှိခဲ့ပေမယ့် သားသမီးမထွန်းကားသေးတဲ့ အိမ်ထောင်ရှင်စုံတွဲ "Worathep" နှင့် "Ploychada"တိုက မိဘမဲ့ဂေဟာက မိန်းကလေးငယ် "Chanjao" ကို မွေးစားဖို ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီချစ်စရာကောင်းတဲ့ကောင်မလေး "Chanjao" ဆီမှာ တစ်ခုခုထူးခြားတာရှိမှန်း မသိလိုက်ကြဘူး။“Buanga”ရဲ့ ဝိဥာဥ်ဟာ သူတိုမိသားစုသုံးယောက်ကို မတူညီသောခံစားချက်များဖြင့်စောင့်ကြည့်နေခဲ့ပြီး ချစ်ခြင်း၊ မုန်းတီးခြင်း ၊ တောင့်တခြင်း နဲ့ ကာကွယ်လိုသော ဆန္ဒများ ရှိခဲ့ပါတယ်။

နှစ်ပေါင်းတရာကျော်သက်တမ်းရှိတဲ့ အာဃာတတရားတွေ ပြေပျောက်ဖိုအတွက် “Buanga”ရဲ့ ဝိဥာဥ်ဟာလက်စားချေဖို့ အဆင်သင့်ဖြစ်နေတာကို သူတိုမသိကြပါဘူး။အနှစ်တရာ နာကြည်းမှုကြွေးမြီးကို ဘယ်လိုပြေငြိမ်းစေမလဲဆိုတာ BLSFLIX channelမှာစောင့်မျှော်အားပေးကြပါဦးရှင်...
16❤‍🔥15👍2💯2
Coroner's Diary

Join Channel
https://t.me/BLSFLiX_Chinese03

Chinese Series လေးတွေကြည့်ဖို့ ချန်နယ်လေး Join ထားပေးနော်
https://t.me/BLSFLIX_ChineseDrama

ဒီတစ်ခါမှာတော့ BLSFLIXချန်နယ်ရဲ့ ပရိတ်သတ်တွေကို နန်းတွင်း စုံစမ်းရေးအမှုလိုက်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Coroner's Diaryဆိုတဲ့ ကားလေးကို ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ အားလုံးရဲ့အချစ်တော် မင်းသားချော Ao Rui Pengနဲ့ မင်းသမီး Li Lan Diတို့က အဓိကပါ၀င်ပြီးတော့သရုပ်ဆောင်ထားပါတယ်။

မတရားကွပ်မျက်ခံလိုက်ရတဲ့ အမတ်ကြီးရှန်ရဲ့သမီး Shen Wan(Li Lan Di)ဟာ မင်းမြို့တော်ကြီးကို ချင်းအိမ်တော်ရဲ့သခင်မလေးအဖြစ် အယောင်ဆောင်ပြီးထွက်ပြေးလာခဲ့တယ်။ ဒီလိုနဲ့မှ သူဟာ သူ့ရဲ့ဆေးပညာနဲ့ အလောင်းခွဲစိတ်ခြင်းအတတ်ပညာကို အသုံးချပြီး ဆက်ခံသူမင်းသား Yan Chi(Ao Rui Peng)နဲ့ ပူးပေါင်းပြီး နန်း‌တွင်းက အမှုတွေကို စစ်ဆေးဖော်ထုတ်ပါတော့တယ်။

ဒါပေမဲ့ Shen Wanရဲ့ ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပါ။ အဖေဖြစ်သူရဲ့ သေဆုံးမှုနောက်ကွယ်က လက်သည်ကိုရှာဖွေဖော်ထုတ်ပြီး ကလဲ့စားချေဖို့ပါ။ ဆက်ခံသူမင်းဟား Yan Chiဟာလည်း သူမအတွက် အသုံးချခံလူသက်သက်ပါပဲ။ ဒါပေမဲ့ အနေနီးလာတာနဲ့အမျှ သူတို့နှစ်ယောက်ကြား ခံစားချက်တွေ ကြီးထွားလာရင်း နန်းတွင်းလို အာဏာတွေမက်မက်မောမောလုကြတဲ့အထဲမှာ သူမတို့နှစ်ယောက်အချင်းချင်း ဖေးမဖို့ဖြစ်လာကြပါတယ်။ နန်းတွင်းအမှုလိုက်ဇာတ်ကားကောင်းတွေ မလာတာကြာပြီမလို့ ‌ဇာတ်ကားကောင်းလေးတစ်ကား ကြည့်ချင်ရင်တော့ BLSFLIXချန်နယ်မှာ လက်မလွှတ်တမ်းစောင့်ကြည့်လိုက်ကြရအောင်နော်။
19
Our Generation (သမုဒ္ဒရာနရီ)

https://t.me/blsflixchannel21

Chinese Series လေးတွေကြည့်ဖို ချန်နယ်လေး Join ထားပေးနော်
https://t.me/BLSFLIX_ChineseDrama

ယင်းထောင် (ချယ်ရီ)လို့ ချစ်စနိုးခေါ်ကြတဲ့ လင်ချီလဲ့ ကြီးပြင်းလာခဲ့တဲ့ နေရာက တောင်တွေဝန်းရံထားတဲ့ ချွင်ရှန်းမြို့လေးမှာပေါ့။
ယင်းထောင်အတွက် နေထိုင်ရာဆိုတာ ချစ်တတ်ပြီး အသိကြွယ်တဲ့ လူကြီးမိဘတွေ ရှိတဲ့နေရာ။ စာသင်ကြားရာဆိုတာ စိတ်ရင်းကောင်းပြီး တက်ကြွတဲ့ အပေါင်းအဖော်သူငယ်ချင်းတွေနဲ့ ဆုံနိုင်တဲ့နေရာ။
ရှင်သန်ရာဆိုတာ ရင်းနှီးကျွမ်းဝင်ပြီး နွေးထွေးတဲ့ သစ်ပင်ပန်းမာန်တွေ ရှိတဲ့နေရာ။ ကမ္ဘာကြီးဆိုတာ အရိပ်ရှိမှန်း မသိရလောက်တဲ့အထိ တောက်ပတဲ့ နေရာတဲ့။
ယင်းထောင် ကိုးနှစ်အရွယ်မှာ ကျောင်းပြောင်းလာတဲ့ ကျန်ချောင်ရှီးနဲ့ဆုံတယ်။ ကျန်ချောင်ရှီးက သင်္ချာအရမ်း‌‌ထူးချွန်ပြီး၊ ဉာဏ်ကြီးရှင်လို့ သတ်မှတ်ရတယ်။ အေးတိအေးစက်နိုင်၊ တိတ်ဆိတ်တဲ့ စရိုက်ရှိသလို ချမ်းသာပြီး အထက်တန်းကျတဲ့ သူ့မိသားစုက လျှို့ဝှက်ချက်တွေနဲ့တဲ့။
အတားအဆီး၊ အကန့်အသတ်၊ စိတ်သောကတွေနဲ့ ပြည့်နေတဲ့ လမိုက်ညလို သူ့ဘဝမှာ မမှိန်ဖျော့သွားမယ့် မီးတောက်ငယ်လေးလို အနီးကပ် အလင်းရောင်ပေး၊ အနွေးဓာတ်ပေး၊ အဖော်ပြုပေးရုံမက ချစ်ခြင်းမေတ္တာပါ ပေးနေခဲ့တာက သူ့တစ်‌ဘဝလုံးမှာ လင်ယင်းထောင်တစ်ယောက်တည်းပါတဲ့။
ကျောက်ကျင့်မိုင်နဲ့ ကျန်းလင်ဟယ့်တို့ The Princess Royal နန်းတွင်းကားအပြီး ခပ်မြန်မြန် ထပ်ဆုံကြတဲ့ ခေတ်သစ်လူငယ်ကားလေးနာမည်က Our Generation ပါ။
အပိုင်း ၂၄ ပိုင်းရှိပြီး Youku (ပြည်တွင်းသီးသန့်), Viki, Viu (SG), Daylight entertainment Drama YouTube channel မှာ တစ်ပြိုင်တည်း ထုတ်လွှင့်မှာပါ။
လီရုံနဲ့ ဖေးဝမ်ရွှမ်တို့ကို ကြည့်မဝလို့ ထပ်မြင်ချင်သူတွေရော၊ ခေတ်သစ်ကားမှ ကြည့်တတ်သူတွေပါ ဆန္ဒတွေ ပြည့်ပါပြီ။
တကယ့်အပြင်မှာ သင်္ချာဉာဏ်ကြောင့် နာမည်ကြီးတဲ့ အင်ဂျင်နီ‌‌ယာကျောင်းဆင်း ကျန်းလင်ဟယ့်ကို ရွှယ်ပါ့ကာရိုက်တာအနေနဲ့ မြင်ရမှာပါ။
ကျောက်ကျင့်မိုင်ကလည်း အပြင်က စရိုက်နဲ့ နီးစပ်မယ့် ချယ်ရီသီးလေးလို ချစ်စရာကောင်း တက်တက်ကြွကြွ ကာရိုက်တာလေးပါ။
ဒီတော့ July 14 မှာ BLSFLIX နဲ့အတူ တောင်ပေါ်မြို့လေး ချွင်ရှန်းဆီ အလည်တစ်ခေါက်သွားကြပြီးယင်းထောင်နဲ့ ချောင်ရှီးတို့ရဲ့ နုနယ်ပျိုမျစ်တဲ့ ချစ်ခြင်းတရားကို ခံစားကြည့်ကြစို့နော်။
30
Thieves of Hearts (2025)
" ဥပဒေမဲ့သူရဲကောင်းမလေးများ "

https://t.me/blsflix_channel9

Superpower ရရှိထားတဲ့ ညီအစ်မ ၃ယောက်ဟာ
တရားမမျှတမှုနဲ့ ဖိုဝါဒကြီးစိုးမှုကို စိတ်ကုန်ပြီးတော့ မကောင်းတဲ့ယောကျာ်းတွေကို နှိမ်နှင်းဖိုအတွက် “ဥပဒေမဲ့သူရဲကောင်းမလေးများ” ဆိုပြီး အဖွဲဖွဲလိုက်ကြပါတယ်…

ဒါပေမယ့် သူမတိုလုပ်တဲ့လုပ်ရပ်တွေက ဉပဒေမဲ့တဲ့အတွက်..

အသစ်ရောက်ရှိလာတဲ့အလုပ်အပေါ်ကိုလေးစားတဲ့ရဲofficerလေးကသူမတိုရဲ့ဆန္ဒကို ဆန့်ကျင်ပြီးတော့ သူမတိုကို ဖမ်းဆီးဖို ကြိုးစားပါတော့တယ်…

ဒါပေမယ့် ဉပဒေက နှလုံးသား ဉာဏ်ပညာနဲ့ အမျိုးသမီးတိုရဲ့စွမ်းအားတွေနဲ့အတူ တွေ့ဆုံတဲ့အခါ ဘာဆက်ဖြစ်ကြမှာလဲဆိုတာ BLSFLIX ကနေ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော် ...
20❤‍🔥6👍1🥰1💯1
Counter Attack (2015)
Falling in Love With A Rival

https://t.me/blsflix_ChineseTaiwaneseBL

(2015 ခုနှစ်က ထွက်ရှိထားပြီး အခုတလေ နာမည်ကြီးနေတဲ့ Revenged Love ကလည်း ဒီကားကိုပဲ Remaker  ပြန်လုပ်ပြီးရိုက်ကူးထားတာပါနော်...)

မြိုတော်ရဲ့ နံပါတ် ၁ playboy လိုလူသိများပြီးမြွေတွေချစ်တတ်ပြီး ထိန်းသိမ်းရတာကြိုက်တဲ့ Chi Cheng..

ရည်းစားဟောင်းကို လက်စားချေချင်လို Chi Cheng ကို မြူစွမ်တွေတိုက်ပြီး အပိုင်သိမ်းမဲ့ Wu Suo Wei.....

Wu Suo Wei ရဲ့သူငယ်ချင်းလေးဖြစ်တဲ့ ဆရာဝန်လေး Zhang XiaoShuai...

ဆရာဝန်လေးကို အမိဖမ်းဖိုအပိုင်ကြံနေတဲ့ Chi Cheng ရဲ့သူငယ်ချင်း ခပ်မိုက်မိုက်ဘဲကြီး Guo Cheng Yu....

"အချစ်ပြိုင်ဘက်လေးအားချစ်မြတ်နိုးခြင်း"

ဆိုတဲ့ခေါင်းစဥ်အောက်ကနေ ဒီအတွဲနှစ်တွဲရဲ့ ချစ်စရာကောင်းပုံလေးတွေ၊ သဝန်တိုမှုလေးတွေကိုကြည့်ရမှာပါနော်...🐣

"Old But Gold" ဆိုတဲ့အတိုင်း ခံစားရစေမဲ့ဇာတ်ကားလေးမို BLSFlix Channel လေးမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်....

..............................
Review By YAUNG🪴
❤‍🔥3836👍4🌚2🤔1💯1
Dating Game (2025)

https://t.me/blsflix_channel6

အချစ်ဇာတ်လမ်း သရုပ်ဖော်ဂိမ်းတစ်ခုဖြစ်တဲ့ "Yuka! Love Me Please" ရဲ့ အမျိုးသမီးဇာတ်ကောင် ဖြစ်တဲ့ Yuka  ကို သဘောကျတဲ့ Hill ..

Yuka ဆီကနေ ချစ်ခြင်းမေတ္တာတွေနဲ့ ယုံကြည်မှုကို ရရှိလာပြီးနောက် ချောမောတဲ့ ပရိုဂရမ်မာ တစ်ယောက်ဖြစ်လာခဲ့ပါတယ်...

Hill တစ်ယောက် Yuka ကို တီထွင်ခဲ့တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တဲ့အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး အေးစက်တဲ့နှလုံးသားနဲ့ တည်ကြည်ပြီး အရာရာပြည့်စုံနေတဲ့  CEO Jun Ji နဲ့ တွေ့ဆုံခဲ့ပါတော့တယ်..

ဒါတင်မကသေးဘူး... အေးစက်တဲ့ CEO လေးက Hill အရမ်းသဘော ကျရတဲ့ ဂိမ်းအတွက်ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းပစ်တော့မယ်လို ကြေညာလိုက်တဲ့အခါမှာတော့...

Hill  တစ်ယောက်ကတော့ Gameထဲကဇာတ်ကောင်ဖြစ်တဲ့ "Yuka နဲ့ ကျွန်တော်က ချစ်သူဆက်ဆံရေးပါ" လို ထုတ်ပြောလိုက်ပါတော့တယ်..

တကယ်လို ဂိမ်းကိုပြန်ပြီး လည်ပတ် ချင်ရင် တကယ့်လူအစစ်ကို အခြေခံပြီး ဆက်ဆံရေးတစ်ခုတည်ဆောက်ရမယ်လို ပြောလာတဲ့အခါမှာတော့...

ဂိမ်းဇာတ်ကောင်ဖြစ်တဲ့ Yuka ရဲ့နေရာမှာ သရုပ်ဆောင်ဖို ဘယ်သူ့ကို ရွေးကြမလဲ ...

CEO လေးနဲ့ ပရိုဂရမ်မာလေးတိုရဲ့ဆက်ဆံရေးလေးကရော ဘာဆက်ဖြစ်သွားမလဲ...

ဇာတ်လမ်းလေးက ဂိမ်းပြိုင်ပွဲဆန်ဆန်လေးနဲ့ ထူးထူးဆန်းဆန်း ဇာတ်လမ်းလေးဆိုတော့ ကြည့်ရှုသူတွေအတွက် စိတ်ဝင်စားစရာကောင်းမှာ အသေချာပါပဲနော်..

ဒီတော့  BLSFlix  Channel လေးမှာ အတူတူလိုက်ပါစီးမျှောပြီး ကြည့်ရှုပေးကြပါဦးနော်....🌷
26❤‍🔥25👍4💯1
Renai Rubi No Tadashii Furikata (2025)
"The Proper Way to Write Love
"

https://t.me/Blsflix_JavaneseSeries

ဒီဇာတ်လမ်းလေးကတော့ အချစ်ရေးအရာမှာ ညံ့ဖျင်းပေမဲ့ အရမ်းရိုးသားတဲ့ အမျိုးသားနှစ်ယောက် အကြောင်းလေးပါ...

(နောက်ပြီး The Boyfriend Dating Show တစ်ခုကနေ လက်တွဲဖော်ရှာတွေ့သွားတဲ့ DaiShun အတွဲရဲ့ "Dai" လေး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်နော်...)

ဇာတ်လမ်းလေးကတော့...

ထိပ်တန်းဆံပင်ညှပ်ဆရာတစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့ Suzuki Hiroshi တစ်ယောက် နှစ်ပေါင်းများစွာကြာပြီးမှ Washizawa Natsuo နဲ့ပြန်ဆုံတွေ့ခဲ့ပါတယ်...

အထက်တန်းကျောင်းတက်တဲ့အချိန်တုန်းက Hiroshi ကို အမြဲနှောက်ယှက်ခဲ့တဲ့ Natsuo နဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေကတော့ အမှတ်ရချင်စရာ တစ်ခုမှ ရှိမနေခဲ့ပါဘူး....

ပြန်ဆုံတွေ့တဲ့အချိန်မှာလည်း အတိတ်ကအကြောင်းအရာတွေက မှောင်မိုက်တဲ့ အမှတ်တရတစ်ခုအနေနဲ့ ဖြစ်လာခဲ့တဲ့အခါမှာ...

"သူ ငါ့ကို ချစ်လာအောင်လုပ်ပြီးတော့မှ အဝေးကို လွှင့်ပစ်လိုက်မယ်"

ကဲ.. ကြွေးကြော်ထားတဲ့အတိုင်း
Hiroshi တစ်ယောက် လုပ်နိုင်ပါ့မလား...

Japan BL တွေရဲ့ထုံးစံအတိုင်း Slow Romance လေးနဲ့ အပိုင်း (၈) ပိုင်းပါပြီး ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးကို BLSFlix Channel လေးမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်....🍓

Yaung..🌷
57❤‍🔥6💯4👍3
JaturaMEET YokStopLok by NIVEA MEN BLACK&WHITE (2025)

https://t.me/blsflix_channel24

GMM ရဲ့နောက်ထပ် ရှိးအသစ်တခုအဖြစ် ထွက်ရှိလာတဲ့ JaturaMEET

ဒီရှိးမှာတော့ အရင်ရှိးတွေနဲ့ မတူဘဲ မတူညီတဲ့ အထက်တန်းကျောင်း ၅ ခုက ကျောင်းသားဟောင်းတွေကို ရွေးချယ်ပြီး မစ်ရှင်တွေ လုပ်ခိုင်းမယ့် ရှိးလေးပါ မစ်ရှင်တခုစီကနေ တဆင့်ချင်းတက်ရင်း မိတ်ဖွဲ သူငယ်ချင်းရှာရမယ့် အစီစဉ်လေးပါပဲ

မတူညီတဲ့ကျောင်း ၅ ကျောင်းက ကျောင်းသားဟောင်းတွေအဖြစ် GMM Artist တွေဖြစ်ကြတဲ့ WINNY THANAWIN, SATANG KITTIPHOP, PING KRITTANUN, HONG PICHETPONG, CHIMON WACHIRAWIT, SING HARIT, FLUKE NATTANON, KEEN SUVIJAK, BARCODE TINNASIT, JIMMY JITARAPHOL, EST SUPHA, MARK PAKIN တိုက မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ပေးသွားမှာမို မစ်ရှင်တွေကြားက အလွဲလေးတွေကို စိတ်အပန်းဖြေရင်း ရယ်မောပျော်ရွှင်စွာကြည့်ရှူနိုင်မယ့် JaturaMEET ကို BLSFLIX နဲ့ အတူကြည့်ရှူဖို ဖိတ်ခေါ်လိုက်ပါတယ်
❤‍🔥2825👍2💯2
အနောက်ပင်လယ်ပြာရဲ့ ရွှေအိမ်မက် ( Low Life)

https://t.me/+iDA8pHE5SKcyZTZl

ဒီဇာတ်ကားလေးကတော့ 1970 ပြည့်နှစ်နောက်ပိုင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါနော်....

ငယ်ရွယ်စဥ်ကတည်းက ဖခင်ဖြစ်သူက စွန့်ပစ်သွားခဲ့ပြီး အမေဖြစ်သူနဲ့ ဦးလေးဖြစ်သူရဲ့ ပြုစုပျိုးထောင်မှုအောက်မှာ ကြီးပြင်းလာခဲ့တဲ့ HeeDong (ဟီးဒုံ)...

မိန်းမ နဲ့ ကလေးကိုပစ်ထားခဲ့ပြီး တောင်ဘက်ပိုင်းကို ထွက်သွားခဲ့တဲ့
အစ်ကိုဖြစ်သူအစား မရီး နဲ့ တူလေးကို စောင့်ရှောက်ပေးခဲ့တဲ့ ညီဖြစ်သူ Oh GwanSeok (အိုဂွမ်ဆော့)..

Oh GwanSeok ဆိုတဲ့သူက ပစ္စည်းသေးသေးလေးတွေကနေ ပစ္စည်းအကြီးကြီးတွေအထိ ခိုးတတ်တာကို စာအုပ်နဲ့ ချမှတ်ရေးတတ်တဲ့ အကျင့်ရှိတဲ့လူတစ်ယောက်ပါ...

တူဖြစ်သူ Heedong ကိုလည်း ခိုးယူပုံခိုးယူနည်းတွေကို သင်ပေးခဲ့ပြီး
ပစ္စည်းတွေကို အတူတူ ခိုးယူခဲ့ကြပါတယ်...

တစ်နေ့ ကံမကောင်းစွာနဲ့ ပစ္စည်းခိုးယူပြီးပြီးချင်းမှာပဲ မှုခင်းအရာရှိတွေ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ပါတော့တယ်...

ခိုးတဲ့ပစ္စည်းတွေကို အမြဲတမ်း မှတ်တမ်းတင်ပြီးရေးခဲ့တဲ့ စာအုပ်လေးကလည်း သက်သေအဖြစ် ဝင့်ဝင့်ကြွားကြွားကြီး ရှိနေခဲ့တဲ့နောက်မှာတော့...


ဦးလေးဖြစ်သူ Oh Gwan Seok နဲ့ တူဖြစ်သူ Heedong တို့ ထောင်ထဲကိုလည်း အတူတူဝင်ခဲ့ရပါတော့တယ်...

"လောကကြီးမှာ အရေးကြီးဆုံးက ငွေပဲ...ငွေသာရှိရင် အရာအားလုံးကို ပြောင်းလဲနိုင်တယ်တဲ့"

ဒီဇာတ်လမ်းလေးထဲ လူနေမှုဘဝပုံစံတွေနဲ့ ပိုက်ဆံရှိမှ လူရာဝင်ပြီး အရာအားလုံးကို လုပ်နိုင်တယ်ဆိုတဲ့ အကြောင်းကို ရိုက်ပြထားပြီး
အက်ရှင်၊ ဒရမ်မာ ဇာတ်ဝင်ခန်းတွေအများကြီး ပါဝင်တဲ့အတွက်....

BLS Flix Channel လေးမှာ အတူတူလိုက်ပါပြီး စောင့်မျှော်ကြည့်ရှု့ပေးကြပါဦးနော်....

Yaung...🌷
20
Love Formula ( အချစ်ပုံသေနည်း)

Join Channel
https://t.me/blsflixchannel20

ဒီတစ်ကြိမ်တင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ Love Formula ဆိုတဲ့ Romance အမျိုးအစားဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်

ဒီဇာတ်လမ်းက Jian Dan ဆိုတဲ့ ရွာသူလေးတစ်ယောက် တက္ကသိုလ်ကို ပထမဆုံးရောက်တဲ့နေ့မှာပဲ ရေကူးကလပ်ရဲ့ ဥက္ကဋ္ဌ Han Yan Sheng ကို မတော်တဆ ရေကူးကန်ထဲ တွန်းချမိရာကနေ စတင်ပါတယ်
Jian Dan ဟာ အားကစားကလပ်လှုပ်ရှားမှုတွေအတွက် လိုအပ်တဲ့ ခရက်ဒစ်တွေ မရနိုင်တာကြောင့် ကျောင်းကပေးတဲ့ ပညာသင်ဆုကို ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ် ဒါကြောင့် သူဟာ ကျောက်တောင်တက်ကလပ် ကို စတင်ဖွဲ့စည်းဖို့ဖြစ်လာပါတော့တယ်
ကျောင်းဝင်းထဲမှာ Jian Dan ဟာ Han Yan Sheng နဲ့ ဝေးဝေးနေဖို့ ကြိုးစားလေ၊ကံကြမ္မာက သူမကိုပိုပြီးကျီစယ်လေဖြစ်ပြီး Han Yan Shengနဲ့ဆုံစည်းစေခဲ့ပါတယ် ဒါ့အပြင်သူတို့နှစ်ဦးရဲ့ တူညီတဲ့ ဝါသနာဖြစ်တဲ့ "သင်္ချာ" ကလည်း သူတို့ကို ပိုမိုနီးစပ်စေခဲ့ပါတယ်
တစ်နေ့မှာ Han Yan Sheng ဟာ သူ့ရဲ့ သင်္ချာစိတ်ဝင်စားမှုနဲ့ ကိုက်ညီတဲ့ "Hypatia" ဆိုသူဟာ Jian Dan ဖြစ်နေတယ်ဆိုတာကို မတော်တဆ သိလိုက်ရပါတယ် ဒီလိုပဲ Jian Dan ကလည်း Han Yan Sheng ရေမကူးနိုင်ရတဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ် အဲ့ဒီလျှို့ဝှက်ချက်ကနေတစ်ဆင့် သူမဟာ Han Yan Sheng ရဲ့ ရင်ထဲမှာ ဖုံးကွယ်ထားတဲ့ နာကျင်စရာ အတိတ်က အမှတ်တရတွေကိုပါ ထိတွေ့မိသွားခဲ့ပါတော့တယ်
ဒီလိုလျှို့ဝှက်ချက်တွေကိုသိလိုက်ရပြီးနောက်မှာရော သူမတို့နှစ်ဦးကြားကဆက်ဆံရေးကဘယ်လိုဖြစ်လာမှာလဲ Jian Dan ကရော Han Yan Shengရဲ့အတိတ်ကနာကျင်စရာတွေကိုဘယ်လိုကုစားပေးသွားမှာလဲ?????????

ဒီဇာတ်လမ်းကတော့ မထင်မှတ်ဘဲ ဆုံတွေ့ကြတဲ့ လူငယ်နှစ်ဦးရဲ့ ကြိုးစားမှုတွေ၊ ဝါသနာတူတဲ့သူတို့နှစ်ဦးကြားကလူတွေမသိအောင်သိုဝှက်ထားတဲ့လျှို့ဝှက်ချက်တွေနဲ့ အတိတ်က နာကျင်မှုတွေကို ဖွင့်ချသွားပုံကို စိတ်ဝင်စားစရာ တင်ဆက်ထားတဲ့ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးဖြစ်တာမို့ စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်
16
Returned Master [ စစ်သူကြီးသား အငယ်ကောင် ]

https://t.me/blsflixchannelch01

Chinese Series လေးတွေကြည့်ဖို ချန်နယ်လေး Join ထားပေးနော်
https://t.me/BLSFLIX_ChineseDrama

တရုတ်နှစ်သစ်ကူးအကြိုတစ်နေ့မှာ သိုသိုသိပ်သိပ်လုပ်ကြံခံလိုက်ရတဲ့ စစ်သူကြီးလီတိုတစ်မိသားစုလုံးမှာ အငယ်ဆုံးသားလေး Li Jian Wei တစ်ယောက်ပဲ ကံကောင်းထောက်မလိုလွတ်မြောက်ခဲ့ပါတယ်....

Li Jian Wei တစ်ယောက် မိသားစုကိုဖျက်ဆီးသွားတဲ့သူကို လက်စားချေဖိုအတွက် တစ္ဆေတောင်ကြားမှာ သရုပ်ဖျက်ဝင်ရောက်နေရာက တောင်ကြားဆက်ခံသူသခင်လေး Chen Xiao Xi နဲ့ကြုံကြိုက်လာရတဲ့အခါ.......

ခန့်မှန်းရခက်တဲ့ တောင်ကြားသခင်လောင်းလျာလေး ရဲ့ ယုံကြည်မှုကိုရအောင် Li Jian Wei တစ်ယောက်ဘယ်လိုလှည့်ကွက်တွေကို သုံးပြီးကြိုးစားသွားမလဲ.....

မိသားစုအတွက် လက်စားချေဖိုကြိုးစားနေရင်းက ဆယ်စုနှစ်နှစ်ခုစာ ဖုံးကွယ်ထားခဲ့တဲ့ အမှန်တရားကို ပါ တွေ့ရှိသွားကြတဲ့ Li JiamWei နဲ့ Chen Xiao Xi တိုလူငယ်လေးနှစ်ယောက်အတွက် သစ္စာရှိမှု သစ္စာမဲ့မှု တွေကြား အတိတ်ရဲ့အရိပ်မည်းကိုဘယ်လိုရင်ဆိုင်သွားကြလိမ့်မလဲ......

လက်စားချေဖိုနဲ့ သရုပ်မှန်ကိုထိပ်တိုက်ရင်ဆိုင်ရွေးဖို ဖြစ်လာတဲ့အခါ လူငယ်လေးနှစ်ယောက်က ဘယ်လိုရွေးချယ်မှုတွေ လုပ်သွားကြမလဲဆိုတာကို BLSFLIX ကနေ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ
49🥰1
The Nice Guy

ဒီဇာတ်လမ်းလေးထဲမှာတော့ သေမင်းဦးလေးကြီးခေါ် အိုပါး Lee Dong Woo နဲ့ အွန်နီး Lee Sung Kyung တိုက အဓိကဇာတ်ဆောင်တွေအနေနဲ့ သရုပ်ဆောင်ထားကြပါတယ်။

မျိုးရိုးစဉ်ဆက် ဂိုဏ်းစတားမိသားစုရဲ့ အကြီးဆုံးမြေးလည်းဖြစ်သလို မိသားစုရဲ့ မျှော်လင့်ချက်တွေကို ပုံအပ်ခံထားရသူပါ။ Park Seok Cheol ဆိုတဲ့ကောင်လေးဟာ ဂန်းစတား လောကထဲမှာ မွေးဖွားလာခဲ့ရပေမယ့် သူ့ရင်ထဲမှာတော့ စစ်မှန်တဲ့ "လူကောင်း" တစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒက အမြဲတစေ ပြင်းပြနေတာပါ။

အဲ့ဒီလို အစွန်းနှစ်ဖက်ကြားက ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့မိသားစုကိုပဲ ကာကွယ်မလား၊ ကိုယ့်ဘဝကိုယ်ပဲ ရွေးချယ်မလား?

အလုပ်၊ အချစ်၊ မိသားစု... ဒီအရာတွေကြားမှာ သူ ဘယ်လိုရွေးချယ်ပြီး သူ့ရဲ့ ဂိုဏ်းစတားနာမည်ကို ဘယ်လိုပြောင်းလဲပစ်မလဲ နောက်ပီး သူ့ပတ်ဝန်းကျင်က လူဆိုးလောကရဲ့ ဖိအားတွေကြားထဲမှာ သူ ဘယ်လို ရပ်တည်မလဲဆိုတာ...

အပတ်စဥ် သောကြာနေ့တိုင်းမှာ ကြည့်ရှုရတော့မှာဖြစ်ပီး ၁၄ ပိုင်းအထိ ပါဝင်ထားပါတယ်။

Join Channel
https://t.me/+mBg0wv5CS5gyMDNl

ဇာတ်ကားကောင်းလေးတွေကြည့်ဖို Main Channel လေးကိုလဲ Join ထားပေးပါဦးနော်
https://t.me/blsflixchannel_ver3
34
Only You (2025)
" မင်းအတွက်သာ "

https://t.me/+sbA3W7yuwL80NDZl


ဒေါက်တာမမနဲ့ မင်းသမီးလေးတိုရဲ့အချစ်ဇာတ်လမ်းနဲ့ နာမည်ကြီးခဲ့တဲ့ LingOrmတိုရဲ့ ဇာတ်လမ်းအသစ်။


ဒီတစ်ခေါက်မှာလည်း မင်းသမီးလေးနဲ့ ကိုယ်ရံတော်မမအဖြစ် ပြန်လည်ရောက်ရှိလာပါတယ်။


ရှစ်နှစ်ကြာကွဲကွာပြီးနောက် ကျောင်းနေဖက် အချစ်ဦးဖြစ်သူကို ကာကွယ်ဖို တာဝန်ရလာတဲ့ ကိုယ်ရံတော်မမ ဝမ်.....

အထက်တန်းကျောင်းမှာ အိုင်ရာတစ်ယောက် အနိုင်ကျင့်ခံရစဉ်က ကူညီပေးခဲ့သူ မမလှလှလေးတစ်ယောက်ရှိခဲ့ပါတယ်။

အဲ့မမ‌လေးနဲ့ ကွဲကွာခဲ့ရပေမဲ့ သူရဲ့ကိုယ်ရံတော်အဖြစ် ပြန်လည်တွေ့ရှိရတဲ့အခါ.....


ခပ်တည်တည်နေတက်တဲ့ ဝမ်ရဲ့ တည်ငြိမ်မှုတွေကို အိုင်ရာတစ်ယောက် ချစ်ဖိုကောင်းမှုအပြည့်နဲ့ ဘယ်လိုအရည်‌ဖျော်မလဲ။

နေ့ရက်အတိုင်း အတူဖြတ်သန်းရင် အချိန်ကြာလာတာနဲ့အမျှ သူတိုနှစ်ဦးကြားဆက်ဆံရေး ပိုမိုနက်ရှိင်းလာပြီး အချစ်မီးတောက်လေးတွေပေါက်ဖွားလာပေမဲ့ မင်းသမီးတစ်‌ယောက်ရဲ့အချစ်ရေးမို မလွယ်ကူခဲ့ပါဘူး။

ဒီခက်ခဲကြမ်းတမ်းမှုတွေကို နှစ်ယောက်အတူတူဘယ်လိုဖြတ်သန်းသွားမလဲဆိုတာ ဇူလိုင်လ၁၈ရက်နေ့ကစတင်ပြီး အပတ်စဉ် သောကြာနေ့တိုင်း ကျွန်တော်တို BLSFLIX Channelမှာ စောင့်မျှော်ကြည့်ရှူပေးပါဦး။
❤‍🔥4742💯2👍1🤯1
Doctor's Mine (2025)
" ကျွန်တော့်ရဲ့ ဆရာဝန်လေး "

https://t.me/+cimS5vAv-Y00MjI9

အင်ဂျင်နီယာ နဲ့ ဆရာဝန်ဆိုတာ God Plan  တစ်ခုလိုပါပဲနော်...🤭

မတူညီတဲ့ ဘဝတွေကနေလာခဲ့ပြီး
လုံးဝကွဲပြားတဲ့ နေထိုင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်လမ်းလေး

ဆေးကျောင်းသားလေးတစ်ယောက်က အင်ဂျင်နီယာဌာနက ရန်ပွဲမှာ အမှတ်မထင် ဝင်ပါမိခဲ့ပြီး
စီနီယာတစ်ယောက်ကို ထိုးခဲ့မိပါတယ်...

သူထိုးမိခဲ့တဲ့သူက စတုတ္ထနှစ်က တက္ကသိုလ်ရဲ့ စတားတစ်ယောက်ဖြစ်နေပြီး ၊ ဖန်ကလပ်တွေကပါ လာပြီး အပြစ်ပေးတော့မယ်ဆိုတာသိသွားတဲ့အခါမှာတော့.......

"ကျွန်တော်က P'Knight ရဲ့ ဇနီးလေးပါဗျ၊ P'Knight က ကျွန်တော့်ကို အရမ်းအရမ်းချစ်တာဗျ"

လိမ်လည်မှုအပြည့်နဲ့ ပြောလိုက်ပြီးတဲ့နောက် စီနီယာ P'Knight  သိသွားခဲ့တဲ့အချိန်မှာ ဘယ်လိုတွေ ဆက်ဖြစ်သွားကြမလဲ...

တက္ကသိုလ်ရဲ့စတားတစ်ယောက်ဖြစ်တဲ့အတွက် လူကြိုက်များပြီး ချစ်တဲ့သူများနေမှာ အသေချာပါပဲနော်..

ဇာတ်လမ်းလှည့်ကွက်လေးတွေလည်းပါသေးတာမို အချိုလေးစားရင်း အတူတူလောင်ကြရဦးမှာပါ..

ပြီးတော့..Main Cp အပြင် Side Couple အတွဲလေး နှစ်တွဲပါ ပါဝင်တဲ့အတွက် အတွဲသုံးတွဲလုံးရဲ့
ချစ်စရာကောင်းမှု အဖြာဖြာ၊  ကြူးမှုအဖြာဖြာ၊ သဝန်တိုမှုတွေကိုပါ မြင်တွေ့ရဦးမှာပါနော်....

ဒီတော့ အင်ဂျင်နီယာကြီးနဲ့ ဆရာဝန်ကောင်လေးတိုရဲ့
"Doctor's Mine" ဆိုတဲ့BL Serie လေးကို အပတ်စဥ် တနင်္ဂနွေနေ့တိုင်းမှာ BLSFlix Channel လေးကနေ စောင့်မျှော်ပြီး ကြည့်ရှုပေးကြပါဦးနော်...🌹
124👌5❤‍🔥3👻2🍓1
အက်ရှင်ခန်းတွေနဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးတွေကို နှစ်သက်သူတွေအတွက် "The Defects" (2025)

https://t.me/blsflixchannel311

"Ayishopping" လို့ခေါ်တဲ့ နာမည်ကြီး webtoon ကို အခြေခံကာ ပြန်လည် ရိုက်ကူးထားတဲ့ "The Defects" ဆိုတဲ့ဒရာမာလေးကိုတော့ ENA ကနေ ဒီနေ့ညမှာ ပြသပေးသွားတော့မှာဖြစ်ပြီး အပိုင်း (၈) ပိုင်းအထိသာ ပါဝင်ထားပါတယ်။

ဇာတ်အိမ်လေးက ကလေးတွေကို တရားမဝင်မွေးစားပေးတဲ့အဖွဲ့အစည်းတစ်ခုအကြောင်းကိုရိုက်ကူးပြထားတာပါ။ အဲ့ဒီအဖွဲ့အစည်းမှာတော့ ကလေးတွေကို ကုန်ပစ္စည်းတစ်ခုလို သဘောထားကာ ခေါ်ယူသွားတဲ့မွေးစားမိဘတွေက မကြိုက်ရင် ပြန်အပ်လို့ရတဲ့ "refund" စနစ်တောင် ရှိနေပါသေးတယ်။

အဲ့လို ပြန်အပ်ခံရတဲ့ကလေးတွေကိုလည်း သက်သေဖျောက်ပစ်ဖို့အတွက်ဆိုပြီး သတ်ပစ်တက်ကြပါသေးတယ်။ အဲ့ဒီလို ငရဲလိုနေရာကနေ အသက်မသေဘဲ ပြန်လည်လွတ်မြောက်လာတဲ့ ကလေးတွေရဲ့ သန်မာစွာ ပြန်လည်ရှင်သန်လာမှုနဲ့ လက်စားချေမှုအကြောင်းကို ပုံဖော်ရိုက်ကူးပြထားတာပါ။

ဒီကားလေးထဲမှာတော့ မင်းသမီးကြီး Yum Jung-Ah (Kim Se Hui) က တရားမဝင်မွေးစားအဖွဲ့အစည်းရဲ့ ခေါင်းဆောင်အဖြစ် သရုပ်ဆောင်ထားပြီး Won Jin-A ( Kim A Hyeon) ကတော့ အသက်မသေဘဲ လွတ်မြောက်လာကြတဲ့ ကလေးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီး အဲ့ဒီကလေးတွေရဲ့ ခေါင်းဆောင်အဖြစ် လက်စားချေမှုကြီးမှာ ပါဝင်ထားပါတယ်။

ဒီဇာတ်လမ်းလေးကိုတော့ အပတ်စဥ် တနလ်ာနေ့နဲ့ အဂ်ါနေ့တွေတိုင်းမှာ ဒီနေ့ညကစလို့ ကြည့်ရှုရတော့မှာပါ။
51