Depth Of Field (2025)
"Hishakai Shindo"
https://t.me/Blsflix_JavaneseSeries
(လူတိုင်းမှာ ငယ်ဘဝအိပ်မက်ဆိုတာရှိကြမှာပါ...
တစ်ချိုအိပ်မက်တွေက မြေတောင်မြှောက်ပေးခံရတယ်...
တစ်ချိုအိပ်မက်တွေကတော့ အခြေအနေအရပ်ရပ်ကြောင့် စွန့်လွှတ်ခဲ့ရတာတွေရှိကြမှာပဲနော်...🌱)
အထက်တန်းကျောင်းသားလေး Hayakawa Shuichiro က ငယ်စဥ်ကတည်းကသူအရမ်းချစ်ခဲ့ရတဲ့ ဂီတကို စွန့်လွှတ်ခဲ့ရပါတယ်...
တစ်ရက် ကောင်းကင်နဲ့ ပင်လယ်တိုရဲ့ လှပစွာရောစပ်ထားတဲ့ဆိတ်ကွယ်ရာအရပ်လေးဖြစ်တဲ့ကျောင်းအဆောက်အဦးရဲ့ခေါင်မိုးပေါ်ကို ဦးတည်သွားခဲ့ရင်း သူ့ရဲ့အတန်းဖော် Konno Ryohei နဲ့ တွေ့ဆုံခဲ့ပါတယ်.....
သူငယ်ချင်းအပေါင်းအသင်းမရှိတဲ့သူ၊ သူသိပ်ချစ်ရတဲ့ ကင်မရာကိုပဲမျက်နှာမူထားပြီး သဘောကျတဲ့ ပုံတွေကို ရိုက်နိုင်တဲ့ Konno က Hayakawa ကို ပြင်းပြင်းထန်ထန် ဆွဲဆောင်နိုင်ခဲ့ပါတယ်....
ဒီလိုနဲ့ နှစ်ယောက်သား သူငယ်ချင်းတွေဖြစ်သွားပေမဲ့ ကိုယ်သဘောကျတာကို စိတ်လွတ်လက်လွတ် လုပ်ခွင့်ရတဲ့ Konno နဲ့ အိပ်မက်နောက်ကိုဆက်မလိုက်နိုင်တဲ့ Hayakawa တို အချင်းချင်း ဘယ်လိုတွေဆက်ဖြစ်ကြမလဲ....
Hayakawa တစ်ယောက် သူ့ရဲ့ရှုပ်ထွေးတဲ့စိတ်ခံစားချက်တွေနဲ့အတူ ထိန်းချုပ်မရတဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားခဲ့ပါတယ်...
နှစ်ယောက်သားရဲ့ ဆက်ဆံရေးက သူငယ်ချင်းအဖြစ်ကနေ ချစ်သူဘဝကို ရောက်ရှိသွားမလား ...
Hayakawa ကရော သူသဘောကျရတဲ့ သီချင်းဆိုတဲ့အလုပ်ကို ဆက်ပြီးလျှောက်လှမ်းနိုင်ပါ့မလားဆိုတာကို....
BLSFlix Channel လေးကနေ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...
°•°•°•°•°•°•°•°•°•°•°•°
Review By YAUNG..🌷

❤🔥26❤26👍3💯2
Debt of Love Honor (2025)
"အနစ်နာအချစ်"
https://t.me/blsflix_channel19
ဒီဇာတ်လမ်း “Debt of Love Honor” ဟာ ချစ်ခြင်း၊ တာဝန်ခံမှုနဲ့ မိသားစုဂုဏ်သိက္ခာကြားမှာ အနစ်နာခံမှုတွေနဲ့ တည်ဆောက်ထားတဲ့ ထိုင်းဒရာမာတစ်ခု ဖြစ်ပါတယ်။
နီရာအော် ဟာ အစ်ကိုဖြစ်သူ ဆရန်း နဲ့အတူ သီးနှံစိုက်ပျိုးနေသူတစ်ယောက်ဖြစ်ပြီး
သူ့အစ်ကိုဟာလောင်းကစားဝါသနာကြီးတဲ့အတွက် သူတိုပိုင်တဲ့အိမ်နဲ့ခြံတွေကို ကမ်နန် ဆီမှာအပေါင်းခံထားရပြီးပြန်မရွေးနိုင်ဖြစ်နေပါတယ်။
ကမ်နန်ကအိမ်နဲ့ခြံကို အသိမ်းမခံချင်ဘူးဆိုရင် သူနဲ့ လက်ထပ်ဖိုလိုတယ်လို နီရာအော်ကိုဖိအားပေးပါတယ်။
ဒီအချိန်မှာပဲ နီရာအော်ရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ ရဲအရာရှိ အဖိချကသူတိုဇာတိကိုတာဝန်ကျလာတာကြောင့်ကမ်နန်ရဲ့အနိုင်ကျင့်မှုကို တားဆီးနိုင်ခဲ့ပါတယ်။
အဖိချရဲ့အမေက တရားဝင်အတိုးနှုန်းဖြင့် ငွေချေးတာကိုနီရာအော်သိတာကြောင့် အဖိချဆီမှာအကူအညီတောင်းခဲ့တာပါ။
အဖိချကလည်းနီရာအော်ဟာ သူနဲ့သာလက်ထပ်မယ်ဆိုရင် သူ့အမေကိုငွေချေးပေးဖိုပြောပေးမယ်လိုပြောတယ်။
အကြောင်းအရင်းကတော့ အဖိချအဖွားကနောက်နှစ်အတွင်းမြေးချီချင်နေတာဖြစ် ပြီးအဖိချကလည်းငယ်ငယ်ထဲကနီရာအော်ကိုသဘောကျနေခဲ့တဲ့သူပါ။
နီရာအော်ကလည်းအဖိချဟာသူမကိုတကယ်ချစ်တဲ့သူဆိုတာသိနေတော့လည်းလက်ထပ်ဖိုသဘောတူလိုက်ပါတယ် ။
နီရာအော်က သူ့လက်ထက်ကျမှမိဘတွေတသက်လုံးတည်ဆောက်ခဲ့ရတဲ့ အိမ်နဲ့ခြံကိုဆုံးရှုးလိုက်ရမှာကိုစိုးရိမ်နေတာပါ။
ဒါပေမယ့်ကံဆိုးစွာနဲ့ပဲ လက်ထပ်ပွဲ မကျင်းမခင်မှာပဲ အဖိချဟာသေနတ်ပစ်ခံရပြီးသေဆုံးသွားပါတော့တယ်။
အဲ့ဒီသေဆုံးမှုကြောင့် အဖိချအမေက နီရာအော်ဟာကံဆိုးမဖြစ်တာကြောင့်သူ့သားသေရတာပါဆိုပြီး ပိုက်ဆံမချေးပေးချင်တော့ပါဘူး။အဲ့ဒီတော့နီရာအော်ဘဝကဘာဆက်ဖြစ်မှာလဲ သူ့အိမ်နဲ့ခြံကိုသူဘယ်လိုပြန်ရွေးမလဲ ။
ဒရာမာအပြည့် အချစ်ရသနှင့် စိတ်ကူးယဉ်သဘာဝကိုကြိုက်တဲ့ပရိတ်သတ်များအတွက် မလွဲမသွေ ကြည့်ဖိုသင့်တော်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။

❤16❤🔥9👍1💯1
Stay With You (2025)
https://t.me/blsflix_glseries
ပလွိုင်ဟာအနားယူဖို့အတွက် resort ကိုသွားတဲ့အချိန် မာဗျူးဆိုတဲ့ ပဟေဠိများတဲ့အမျိုးသမီးလေးကို တွေ့ပြီးမြင်မြင်ချင်းသဘောကျပါတော့တယ် အဲ့အမျိုးသမီးလေးကြောင့် သူမဟာအချစ်ကိုတစ်ဖန် ပြန်လည်တွေ့ရှိပြီဆိုပြီး မာဗျူးကိုချဉ်းကပ်ပါတော့တယ်
တကယ်တော့ ပလွိုင်ဟာမှော်ဆရာတစ်ဉီးဆီက မအိုဆေးသောက်ထားပြီး နုပျိုနေတဲ့အဘွားတစ်ဉီးပါ ကံဆိုးချင်တော့ဆေးဟာ သူမဆီအချိန်မှီမရောက်လာခဲ့ဘူးဖြစ်နေပါတော့တယ် အဲ့ဒီအချိန်သူမနဲ့မာဗျူး ဟာလဲချစ်သူတွေဖြစ်နေကြပါပြီ
မာဗျူးတစ်ယောက်အဖြစ်မှန်ကိုသိသွားပြီးသူမကိုထားသွားမလား သူမကရောမအိုဆေးမပါဘဲ ဆက်လက်နုပျိုနေမလား မာဗျူးကရောဘယ်လိုမိန်းကလေးဆိုတာကိုတော့ BLSFlix Channel လေးကနေ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...

❤13❤🔥1👍1💯1
Investigation of Love Season 2 (2025)
"စူးစမ်းလေ့လာ ချစ်ခြင်းကဗျာ အတွဲ၂ "
https://t.me/bmverse_achitkwanraat
တစ်နှစ်ဆိုတဲ့အချိန်ကာလတခုကြာမြင့်ပြီးနောက်မှာ Patဟာ ခက်ခဲကြမ်းတမ်းတဲ့တိုက်ပွဲတစ်ခုနဲ့ အတူပြန်ရောက်လာခဲ့ပါတယ်။
လစာမရတဲ့ အလုပ် ၊ ခက်ခဲကြမ်းတမ်းတဲ့ ဆက်ဆံရေးတစ်ခုနဲ့... အပျိုအရွယ်ရောက်လာတာကြောင့် စပြီးနားလည်ရခက်လာတဲ့ သူ့ရဲ့သမီး။
ပြီးတော့ တစ်ခုခုမှားနေတယ်လို အမြဲတမ်းခံစားနေရတဲ့ သူမခေါ်လိုက်တဲ့ လက်ထောက်အသစ်။
သူမက အကြပ်အတည်းထဲမှာရောက်နေပါတယ်။
သူမ ဒီကိစ္စတွေနဲ့ ဒီကမောက်ကမတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲ? ဆိုတာကို BLSFLIX Channel မှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်🥰

❤🔥6❤2👍1💯1
Head Over Heels
Join Channel
https://t.me/BLSFLIXKorea004
ဇာတ်ကားကောင်းလေးတွေကြည့်ဖို Main Channel လေးကိုလဲ Join ထားပေးပါဦးနော်
https://t.me/blsflixchannel_ver3
https://t.me/blsflixchannellink
ဇောက်ထိုးလမ်းလျှောက်တဲ့သူတွေဆိုတာ ကျိန်စာသင့်နေကြပြီး သူတို့ပေါ်မှာ သေခြင်းတရားက အုပ်မိုးထားကြတဲ့ သူတွေပဲ။
_နတ်မိမယ် ချွန်းဂျီ
သူ့မှာ အသက်ရှင်ဖို့ ကျန်တဲ့ရက်က ၂၁ ရက် အများဆုံးပဲ။ ငါ သူ့ကို ရအောင် ကယ်မယ်။
_ပတ်ဆောင်းအာ
နေ့ဘက်မှာ သာမန်အထက်တန်းကျောင်းသူ “ပတ်ဆောင်းအာ”၊ ညဘက်မှာ နတ်ဆရာမလေး “နတ်မိမယ် ချွန်းဂျီ” အဖြစ် ဘဝနှစ်ခုရှင်သန်နေရတဲ့ ချစ်စရာ ဆယ်ကျော်သက်လေးအဖြစ် ချိုရီဟွန်း (School 2021, all of us are dead, Hospital playlist S1 & S2, the matchmakers)
မြှားပစ်အားကစားမှာ ထူးချွန်၊ အရပ်ရှည်၊ ရုပ်ချောလည်း ငယ်ငယ်ကတည်းက ကံဆိုးမှုတွေအမြဲ ကြုံနေရရှာတဲ့ ဘဲ့ဂယွန်းအူအဖြစ် ချူယောင်းအူ (School 2021, You make me dance, The Trauma Code : heroes on call, Mercy for none, The Tale of Lady Ok)
Webtoon ကို ပြန်ရိုက်ထားတဲ့ ဒီလူငယ်ကျောင်းတွင်းအချစ်ဇာတ်လမ်းက သေချာပေါက် နုပျိုလန်းဆန်းနေမှာဖြစ်သလို School 2021 မှာ အတူတူတွဲလုပ်ခဲ့ပြီးသား မင်းသားနဲ့ မင်းသမီး chemi က လုံးဝ မိမိုက်နေမှာပါ
သူတို့အပြင် Resident Playbook က intern ကိုကိုလေးကိုလည်း ဂျူတီကုတ်အစား ကျောင်းဝတ်စုံလေးနဲ့ မြင်ရဦးမှာပါ
မြင်မြင်ချင်း ချစ်မိတဲ့ အချစ်ဦးက ကိုယ့်ကို ပြန်ချစ်အောင်ထက် သူအသက်ရှင်အောင် အရင်ကယ်တင်ရမလို ဖြစ်နေတဲ့ နတ်ဆရာမလေးနဲ့ ကျောင်းပြောင်းမိပြီး ကျောင်းအသစ်မှာ ကြုံလာရတဲ့ ထူးထူးဆန်းဆန်း အတန်းဖော်မိန်းကလေးကြောင့် စိတ်ရှုပ်ထွေးနေတဲ့ ကိုလူချောလေးရဲ့ အပိုင်း ၁၂ ပိုင်းစာ "Head Over Heels" ဆိုတဲ့ Fantasy Romance Drama လေးကို June 23 ကစပြီး တနင်္လာနဲ့ အင်္ဂါနေ့တိုင်းမှာ TvN က ထုတ်လွှင့်ပြီးတာနဲ့ နေ့မကူးဘဲ BLSFLIX မှာ ကြည့်ရှုလို့ရပါပြီနော်

❤58🥰3
Princess's Gambit
https://t.me/blsflixchannel23
တရုတ်ကားကောင်းကောင်းလေးတွေ ကြည့်ဖို့ အောက်က Main Channel လေးတွေကို Join ထားပေးပါဦးနော်
https://t.me/BLSFLIX_ChineseDrama
https://t.me/blsflixchannellink
နန်းတွင်းအရှုပ်တော်ပုံတွေနဲ့ Strong ဖြစ်တဲ့ Female lead ကာရိုက်တာမျိုးတွေကို ကြိုက်တတ်တဲ့သူတွေအတွက် ဒီတစ်ခေါက် BLSFLIX Channel ကနေ မိတ်ဆက်ပေးသွားချင်တဲ့ ဇာတ်လမ်းလေးကတော့ Jun 25 ရက်မှာထွက်လာမဲ့ Princess's Gamibit ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်......
ဝေ့ပြည် ဝူပြည်နဲ့ ကျောက်တိုင်းပြည်ရယ်လို့ တိုင်းပြည်သုံးခုရှိတဲ့အထဲက မယ်တော်မိဖုရားကြီးလုကြီးစိုးနေတဲ့ကျောက်တိုင်းပြည်မှာနေရတဲ့မင်းသမီး ကျန်းထောင်ဟွာဟာ ဝေ့ပြည်နဲ့ တိုင်းပြည်ရေးရာအရထိမ်းမြားလက်ထပ်ပေးခံရမဲ့အရေးကို ရှောင်ရှားဖို့အခွင့်အလမ်းရှာနေခဲ့ပါတယ်...
Wei ပြည်ကိုရောက်သွားခိုက် မတော်တဆမှုနဲ့ကြုံခဲ့ရတဲ့ မင်းသမီးကျန်းထောင်ဟွာက ဝေ့ပြည်ရဲ့အမတ်မင်းရှန်ကျိုက်ယဲ့နဲ့ မလွတ်မကင်းဖြစ်နေတယ်ဆိုပြီးစွပ်စွဲခံခဲ့ရပါတယ်.....
အဲဒီလိုနဲ့ အမတ်မင်းရှန်အိမ်တော်ကို ကိုယ်လုပ်တော်အနေနဲ့ ရောက်ရှိသွားခဲ့တဲ့ ကျန်းထောင်ဟွာတစ်ယောက်.....ဘယ်လိုအနာဂတ်နဲ့ကြုံလာရမလဲ....
မယ်တော်မိဖုရားကြီးလုရဲ့အမိန့်နဲ့ ဝေ့ပြည်ရဲ့အိမ်ရှေ့စံမင်းသားကို နန်းချဖို့လုပ်ရမဲ့ အ ဆိပ်ခတ်ခံထားရတဲ့ မင်းသမီးကျန်းထောင်ဟွာက အမတ်မင်းရှန်ဘေးမှာနေပြီးတာဝန်ကိုဘယ်လိုပြီးအောင်လုပ်ဆောင်သွားမလဲ......
အမတ်မင်းရှန်ရဲ့အိမ်တော်မှာ နေထိုင်ရင်း ကိုယ်လုပ်တော်တွေကြားဖြစ်လေ့ရှိတဲ့ပြဿနာတွေကို ဘယ်လိုကျော်ဖြတ်သွားမလဲ.....
မင်းသမီးကို အလိုမရှိတဲ့ အမတ်မင်းရှန်နဲ့ ဆက်ဆံရေးမှာရော ဘယ်လိုအချိုးအကွေ့တွေနဲ့ ရင်ဆိုင်လာရလိမ့်မလဲ....
မင်းသမီးကျန်းထောင်ဟွာက ပေးအပ်ထားတဲ့ တာဝန်ကိုအောင်မြင်အောင်လုပ်ပြီး အဆိပ်ဖြေဆေးကိုရှာနိုင်သွားပါ့မလားဆိုတာတွေကို BLSFLIX ကနေ စောင့်ကြည့်လိုက်ရအောင်ပါ.....

❤26
The Little Nyonya ( မိုးမြေချစ်သူ)
https://t.me/BLSFLIX_ChineseDrama/27997
https://t.me/blsflixchannel011
Old but gold ဆိုသလို ၂၀၀၈ခုနှစ်ကထွက်ရှိခဲ့ကာ တီဗီရုပ်သံဇာတ်လမ်းတွဲအနေနဲ့ အောင်မြင်မှုရခဲ့ပြီး လူကြိုက်များခဲ့တဲ့ The Little Nyonyaဇာတ်ကားလေးကို BLSFLIXချန်နယ်ကနေပြီးတော့ ဘာသာပြန်ပြီးတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ဒီကားလေးရဲ့ တရုတ်remakeဗားရှင်း The Emerald Hillကိုလည်း ဘာသာပြန်ပြီးတင်ဆက်ပေးခဲ့ပါပြီ။
၁၉၃၀ခုနှစ်များဆီမှာ ဇာတ်အိမ်တည်ထားပြီ မျိုးရိုးစဉ်ဆက် ချမ်းသာလာခဲ့တဲ့ မာလကာက မိသားစုနဲ့ သူတို့ရဲ့ ကမ္ဘာမကျေတဲ့ ရန်ငြိုးတွေအကြောင်းကို စိတ်၀င်စားဖွယ်ရိုက်ကူးထားပါတယ်။
မျိုးရိုးနိမ့်ကနေ မွေးဖွားလာရလို့ အနှိမ်ခံရတဲ့ ယွဲ့နျန်မိန်းမပျိုလေးဟာ ဘ၀ကို သစ်ငုတ်မြင့်တုံ မြက်မြင့်တုံဆိုသလို အကောင်းအဆိုး ရောပြီးခံနေရသူပါ။ မိန်းမငယ်လေးတန်မဲ့ ဘ၀ဟာဆိုးလိုက်လေခြင်းလို့ တရလောက်တဲ့အထိ သူ့ကံကြမ္မာဟာ ဆိုးရွားနေခဲ့ပေမဲ့လည်း ယွဲ့နျန်ကတော့ စိတ်အားမလျှော့ခဲ့ပါဘူး။ ချစ်သောသူတွေနဲ့လည်း သူမဟာ ရှင်ကွဲကွဲနေခဲ့ရသူတစ်ဦးပါ။ ဒီလိုနဲ့ ဆင်းရဲသား အနှိမ်ခံမိန်းမငယ်လေးတစ်ယောက်ကနေ စင်္ကာပူတစ်ခွင်မှာ အကောင်းဆုံးစားသောက်ဆိုင်တွေကိုပိုင်ဆိုင်တဲ့ အမျိုးသမီးကြီးတစ်ယောက်ဖြစ်လာအောင် သူမဘယ်လိုကြိုးစားခဲ့လဲဆိုတာကို သိချင်ရင်တော့ BLSFLIXချန်နယ်မှာ လက်မလွှတ်တမ်းစောင့်ကြည့်လိုက်ကြရအောင်နော်။

❤19🍓1
Whale Store xoxo (2025)
" ဤဆိုင်တွင် အချစ်မရပါ "
https://t.me/blsflix_starinmymind
မိသားစု စီးပွါးရေးအခက်ခဲနဲ့ကြုံတွေ့ရချိန် အလုပ်ပြုတ်သွားလို ချက်ချင်းအဖေ့ရဲ့ ကုန်စုံဆိုင်လေးကို လက်လွှယူလိုက်ရတဲ့ ဝမ်
ဆိုင်မှာအမြဲ အားပေးတတ်တဲ့ ခက်သွက်သွက်ကောင်မလေး မယ်ဝိုနမ်
ခက်ခဲနေတဲ့ ဝမ်ကို နမ်တယောက် အစစအရာရာ ကူညီပေးပြီး အဖေ့ဆိုင်လေးအောင်မြင်ဖို ကူညီရင်း
အနေနီးလို ဖြစ်ပေါ်လာတဲ့ခံစားချက်တွေ နှစ်ယောက်သား ကြိုးစားရင်း ကြုံတွေ့ရမယ့် အခက်ခဲလေးတွေ မထင်မှတ်ထားပဲ ပေါ်ထွက်လာမယ့် လျှိဝှက်ချက်တွေကြား ဝမ်နဲ့နမ်တို လက်တွဲနိုင်ပါ့မလားဆိုတာကို
GMM ရဲ့ First GL Series လေးနဲ့ လူသိများလာခဲ့တဲ့ MilkLove တိုရဲ့ စီးရီးသစ်လေး Whale Store Xo Xo မှာ ကြည့်ရှူခံစားနိုင်ပြီမို BLSFlix နဲ့ အတူတူကြည့်ဖိုအတွက် ဖိတ်ခေါ်ပါတယ်

❤🔥23❤17👍2💯2
A Dream Within A Dream ( အိပ်မက် အဆက်ဆက်)
Join Channel
https://t.me/BLSFLIXChinese08
တရုတ်ကားကောင်းကောင်းလေးတွေ ကြည့်ဖို အောက်က Main Channel လေးတွေကို Join ထားပေးပါဦးနော်
https://t.me/BLSFLIX_ChineseDrama
https://t.me/blsflixchannellink
Synopsis 🤏🏻🤏🏻🤏🏻
တကယ်လို့ သင်သာ ဇာတ်ညွန်းကမ္ဘာထဲ ရုတ်တရက် ရောက်သွားပြီး ဗီလိန်အမျိုးသားဇာတ်ဆောင် နှိပ်စက်တာခံရ၊ စွန့်ပစ်ခံရမယ့်အပြင် ရင်နာစရာဘဝအဆုံးသတ်ရှိတဲ့
အမျိုးသမီးဇာတ်ကောင် ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ
စုန့်ရှောင်ယွီက စဉ်းတောင် မစဉ်းစားပါဘူး ပြေးနိုင်သမျှ ဝေးဝေးပြေးမှာပါတဲ့ ဒါပေမယ့် သူ ဘယ်လို ပြေးပြေး ဇာတ်ညွှန်းကမ္ဘာထဲက နတ်ဘုရားဖြစ်တဲ့ “ဇာတ်အိမ်”က သူ့ကို အမျိုးသားဇာတ်ဆောင်နန်ဟန်ဆီ တွန်းပို့တာမို့ ဖြစ်ကိုဖြစ်ရမယ့် ဇာတ်ကွက်တွေက ဖြစ်လာတာပါပဲတဲ့
တကယ်လို့ ဘဝက အိပ်မက် ဖြစ်နေခဲ့ရင်ရော
အဲ့ဒီ အိပ်မက်ထဲမှာ နောက်ထပ် အိပ်မက်လို ကမ္ဘာတစ်ခုမှာ ဘဝတစ်ခု ထပ်တည်ရှိနေရင်ရော
ဒါတွေက တကယ်တမ်းကျ အရေးမကြီးလှဘူး
အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ လူသားစစ်စစ်ပဲ ဖြစ်ဖြစ်၊ စာရွက်ပေါ် မှင်နဲ့ ရေးထားတဲ့ ဇာတ်ကောင်ဖြစ်ဖြစ် သတ်မှတ်ထားတဲ့ ကံကြမ္မာက ရှိနေပြီးသားမို့လေ
ဒီကံကြမ္မာကို လက်ခံမလား၊ တွန်းလှန်မလားဆိုတာကသာ အရေးအကြီးဆုံးပဲ မဟုတ်လား
သေရမှာ ကြောက်ပြီး ငါးဆားနယ်လေးလို နေချင်တဲ့ စုန့်ရှောင်ယွီက သူ့ဇာတ်ကောင် စုန့်ယီမုန့်ရဲ့ ကြေကွဲစရာ ကံကြမ္မာကို အောင်အောင် မြင်မြင် ပြောင်းလဲနိုင်ပါ့မလား
လက်တွေ့ကမ္ဘာဆီကိုရော ပြန်နိုင်ပါ့မလား
ရက်စက်၊ အညှာအတာမဲ့တဲ့ စာရွက်ပေါ်က ဗီလိန်အမျိုးသားဇာတ်ဆောင် နန်ဟန်ကရော
ဇာတ်ညွှန်းထဲကအတိုင်း တကယ် ဟုတ်ရဲ့လား ဇာတ်အိမ်နတ်ဘုရားက မထည့်ထားပါဘဲ ပြောင်းလဲနေတဲ့ အရာတွေရှိနေဦးမလားဆိုတာ ဇွန် ၂၆ မှာ စတင် အဖြေရှာလို့ ရပါပြီ
Go go squid 2 မှာ appledog အဖြစ် လူသိများခဲ့ပြီး အနည်းဆုံး တစ်နှစ်တစ်ခါ ပရိသတ်ရှေ့မှောက် အရောက်ပြန်လာတတ်တဲ့
မမ Li Yi Tong အတွက် A dream within a dream က ၂၀၂၅ ထွက် ပထမဆုံးဇာတ်ကားပါ
The Prisoner of Beauty မှာ ဝေ့ရှောက်အနေနဲ့ အချစ်တွေ ပတ်သိမ်းထားပြီးသား ကိုကို Liu Yu Ning ကတော့ ဒီနှစ်ထဲမှာပဲ နောက်ထပ် အလံနီဇာတ်ကောင်တစ်ခုနဲ့ ပြန်လာတာပါ
ဝေ့ရှောက်လိုပဲ အလံနီကနေ မနီတနီလေးအဖြစ် ပြောင်းလဲသွားမလား အဆုံးထိ ရဲရဲတောက်သွားမလား ဆိုတာတော့ အပြီးထိ ကြည့်မှ သိကြရမှာပါ
IQIYI က ပလက်ဖောင်းတွေရဲ့ နွေရာသီတိုက်ပွဲမှာ ယုံကြည်ချက်ရှိရှိ ချပြလာတဲ့ ကားမို့
ရွယ်တူသူငယ်ချင်းနှစ်ယောက် အတွဲညီညီ သရုပ်ဆောင်ထားတဲ့ ဒီကားက နောက်ထပ်ပေါက်ကားတစ်ကား ဖြစ်လာမှာ အသေအချာပါပဲ
အချိန်နဲ့ နေရာကို ကျော်လွန်ပြီး ဆုံစည်းကြတဲ့ သူတို့ဆက်ဆံရေးက ခွေးသွေးတွေပဲ ပက်မလား ခွေးစာတွေပဲ ကြဲမလားဆိုတာ စောင့်ကြည့်ဖို့ BLSFLIX Channel ကိုပဲ လာလိုက်ကြစို့နော်

❤31👍2
အမုန်းကလဲ့စား (၂၀၂၅)
https://t.me/+uGj9WIwispsyODQ9
လက်စားချေဖို့အတွက် အချိန်ဆိုတာနောက်ကျသည်မရှိပါဘူးဆိုပြီး ၁၅နှစ်အကြာမှာ လက်စားချေဖို့အတွက် တစ်ခါပြန်ရောက်ရှိလာခဲ့တဲ့ Mayawee ဆိုတဲ့သူမ.....
မမေ့ရက်နိုင်စရာ ကလေးဘဝရဲ့နာကျင်ဖွယ်အမှတ်တရတွေကြားမှာ ပိတ်လှောင်နေခဲ့တဲ့ မိန်းမပျိုလေးတစ်ယောက် လူကုံထံအသိုင်းအဝိုင်းကြားမှာ ခြေဆန့်ဝင်ရင်း ဘယ်လိုလက်စားချေမှုတွေကိုပြုလုပ်သွားမလဲ.....
သူ(မ)ရဲ့မုန်းတီးမှုအရင်းခံ It ဆိုတဲ့သူကိုရော လက်တုံ့ပြန်နိုင်ခဲ့လေမလား....
သူ(မ)ရဲ့အမုန်းတရား မီးတောက်က It တို့လို လူကုံထံမိသားစုတွေကို ဘယ်လိုတိုက်စားသွားလေမလဲဆိုတာတွေကို BLS FLIX Channel ကနေကြည့်ရှုလိုက်ရအောင်ပါ

❤16
The Promise of The Soul (2025)
https://t.me/blsflix_channel37
ကမ္ဘာပေါ်မှာ လျှိဝှက်ဆန်းကြယ်ပြီး သာမန်လူတွေမယုံနိုင်တဲ့အဖြစ်တွေရှိတတ်ကြပါတယ်...
ဆန်းကြယ်တဲ့ ယာဥ်မတော်တဆမှုပြီးတဲ့နောက်... အသက် 69 နှစ်အရွယ်ရှိတဲ့ Xia Cha က သူ့ရဲ့မြေးဖြစ်သူ Xia Zhe Fang ရဲ့ ခန္ဓာကိုယ်မှာ နိုးထလာခဲ့ပါတော့တယ်...☘️
ငယ်ရွယ်နုပျိုတဲ့ အသွေးအသားနဲ့ ငယ်ရွယ်ရှင်သန်မှုအပြည့်နဲ့ သွားလာလည်ပတ်နေရင်း Ye Hai Yuan ဆိုတဲ့ ကောင်လေးနဲ့ အခန်းတစ်ခန်းကို အတူတူမျှသုံးဖြစ်တဲ့အခါမှာတော့...☘️
အသက် 20 ခန္ဓာကိုယ်ဆိုပေမဲ့ အသက် 69 နှစ်အရွယ် စိတ်ထားမျိုးရှိနေတဲ့အခါမှာတော့..☘️
သူတိုရဲ့ဘဝတွေရောယှက်နေသလိုမျိုး ကံကြမ္မာနှောင်ကြိုးတွေက မျိုးဆက်တွေ အထောက်အထားတွေကိုဖြတ်ကျော်ပြီး ဘယ်လိုဆုံးရှုးမှုတွေ ဖြစ်ပေါ်လာမလဲ...ဘယ်လိုချစ်ခြင်းမေတ္တာတွေ ပေါ်ပေါက်လာမလဲဆိုတာကို...☘️
စိတ်ကူးယဥ်ဆန်ဆန်လေးနဲ့ ဇာတ်လမ်းလေးက ထူးထူးခြားခြားလေးမို BLSFlix Channel လေးမှာ အတူလိုက်ပါခံစားရင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...☘️
------------------------------
Review By "YAUNG"🌷

❤85🍓2🥰1
I Became the Main Role of a BL Drama
Season 2 (2025)
https://t.me/Blsflix_JavaneseSeries
ရုပ်ချောပြီး ပျိုမေလေးများကြားထဲရေပန်းစားတဲ့သရုပ်ဆောင်မင်းသား အာကဖူဂျီ ယူအီချီရိုနဲ့ ကလေးသရုပ်ဆောင်အဖြစ် ကျော်ကြားခဲ့တဲ့ အိုယာဂျီ ဟာဂျီမဲတို အောင်မြင်ပြီးသား BL Manga တစ်ခုရဲ့ live-action သရုပ်ဆောင်များအဖြစ် ရွေးချယ်လိုက်ရလိုက်ပါတယ်
ဇာတ်ရုပ်ပီပြင်ဖိုနဲ့လူထုထောက်ခံမှုရရှိဖိုအတွက် သူတိုနှစ်ယောက်ဟာ အတူနေဖို ကံကြမ္မာဖန်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲ အာကဖူဂျီက အိုယာဂျီအပေါ် တိတ်တခိုး ကြွေနေပေမဲ့ သူရဲ့အေးစက်စက် ဆက်ဆံရေးက အာကဖူဂျီအပေါ် ဘယ်လိုမျိုး သဘောထားလွဲချော်မှုများကို ဖြစ်စေမလဲဆိုတာကို BLS Flix channelမှာ စိတ်လှုပ်ရှားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်

❤54🌚4
MUMU-TOFU STORY (2025)
https://t.me/blsflix_channel38
Fan Service တောင်မဟုတ်ဘဲ Fean Service အဆင့်လောက်သွားရှိတဲ့ BillyBabe ကိုဆို မသိတဲ့သူမရှိလောက်ဘူးထင်ပါတယ်
ဒီတခါတော့ Fean Service စစ်စစ်ကြီးတွေ ခွေးစာတွေကို အဝစားတွေရမယ့် BillyBabe တိုရဲ့ MUMUTOFU STORY လေးကို တင်ဆက်ပေးချင်ပါတယ်
MUMUTOFU STORY ကတော့ BillyBabe တိုရဲ့ Reality Vlog လေးတွေပါ vlog လေးတွေထဲမှာတော့ သူတိုနှစ်ယောက်ရဲ့ တနေ့တာ life experience လေးကို မျှဝေပေးရင်း နှစ်ယောက်သားရဲ့ ရင်းနှီးမှု ဓာတုဗေဒမိမှု skinship တွေကြား နှစ်ယောက်သား ဘယ်လောက်ထိ အသားကျနေမလဲဆိုတာကို ထိထိမိမိနဲ့ မြင်တွေ့ရမှာပါ
တကယ့် အတွဲအစစ်တွေထက်တောင် အတွဲပိုစစ်တဲ့ Billy နဲ့ Babe တိုရဲ့ MUMUTOFU STORY လေးကို BLSFLIX ကနေ ဘာသာပြန်တင်ဆက်ပေးသွားမှာမို အတူတူကြည့်ဖို ဖိတ်ခေါ်ပါတယ်

❤🔥53❤40👍5💯2🤣2
Infidelity It's a disease (2025)
https://t.me/blsflix_ChineseTaiwaneseBL
ဒီတစ်ခေါက် BLS FLIX Channel ကနေ တင်ဆက်ပေးသွားချင်တာကတော့ တရုတ်စီးရီးအတိုလေးတစ်ခုပဲဖြစ်ပါတယ်.....
တစ်ပိုင်းကို ရှစ်မိနစ်နဲ့လေးပိုင်းပဲ လာမဲ့ဒီစီးရီးလေးက တရုတ်ရိုးရာဆေးကိုလူသိများအောင် လုပ်ချင်တဲ့ကောင်လေးတစ်ယောက်နဲ့ တရုတ်တိုင်းရင်းဆေးဆရာလေးကိုမှ သဘောကျမိသွားတဲ့ Customer ကောင်လေးကြားကဆက်ဆံရေးကို ဖော်ညွှန်းရိုက်ကူးပြပေးထားတာပဲဖြစ်ပါတယ်......
ငယ်ငယ်က လူကောင်ညှက်လို အနိုင်ကျင့်မခံရအောင်ဆိုတဲ့စိတ်နဲ့ Gym Trainer ဖြစ်အောင် ကြိုးစားခဲ့တဲ့ Customer ကောင်လေးက တိုင်းရင်းဆေးဆရာလေးရဲ့အသည်းကို ဘယ်လိုခြွေယူသွားလိမ့်မလဲဆိုတာရယ်......
ရည်းစားပွေရှုပ်လွန်းတဲ့ Customer ကောင်လေးကိုရော တိုင်းရင်းဆေးဆရာလေးက ဘယ်လိုဘယ်ပုံတွေချုပ်သွားလိမ့်မလဲဆိုတာရယ်....
အချစ်မှာ ပျော်ဝင်သွားတဲ့ သူတိုနှစ်ယောက်ကြားမှာ ဘယ်လိုလှပတဲ့ဇာတ်လမ်းမျိုးကို တွေ့ရမလဲဆိုတာတွေရယ်ကိုတော့ BLS FLIX Channel ကနေပဲစောင့်မျှော်ကြည့်လိုက်စိုနော်

❤🔥34❤14👍2💯1
ကြိုးဝိုင်းပေါ်က ချစ်ခြင်း
https://t.me/blsflix_channel28
ဒီ “8 count” ဇာတ်ကားလေးဟာဆိုရင်ေတာ့
“ထန်” ဆိုတဲ့ ရိုးသားကြိုးစားတဲ့လူငယ်လေးရဲ့ ဇာတ်လမ်းဖြစ်ပါတယ်
ထန်ရဲ့ အိမ်မက်ကတော့ ပရိုဖန်ရှင်နယ် မွေထိုင်း လက်ဝှေ့သမား တစ်ယောက်ဖြစ်ချင်တာပါ
ထန်က အဖေ ကင်ဆာ ဖြစ်နေတဲ့ အဖေကို ပြုစုစောင့်ရှောက်ပေးပြီး အိမ်အလုပ်ကို ကူလုပ် အဒေါ်ကို မုန့်ကူလုပ်ပေး မနက်စောစောဆိုရင်လည်း မုန့်လည်ရောင်း ပြီး ရိုးသားကြိုးစား ကူညီတတ်တဲ့ လူငယ်လေးပါ
“လင့်” ဆိုတဲ့ မိန်းခလေးက နာမည်ကြီးတဲ့ လက်ဝှေ့ကြိုးဝိုင်း ပိုင်ရှင်ရဲ့ သမီးတစ်ယောက်ပါ
သူမရဲ့ အိမ်မက်ကတော့ တစ်နေ့နေ့ကျရင် သူမဟာ အောင်မြင်တဲ့လက်ဝေ့ပွဲ promoter တစ်ယောက်ဖြစ်ချင်တာပါ သူမစီစဉ်တဲ့ လက်ဝှေ့ပွဲမှာဆိုရင် အလောင်းအစားလုပ်တာတို မရှိေစရပါဘူး “လောင်းကစားဆိုတာမရှိတော့ရင် လက်ဝှေ့သမားတွေလည်း ရိုးသားစစ်မှန်တဲ့ အရည်အချင်းအစစ်အမှန် နဲ့ ယှဉ်ပြိုင်ကြမယ်” လို သူမ ယုံကြည်ပါတယ်
“လင့်”က “ထန်”ရဲ့အရည်အချင်းနဲ့ ရိုးသားမှုကို မြင်တော့ “ထန်”ကို သူမရဲ့ လက်ဝှေ့အသင်းမှာပါဝင်ဖို ကမ်းလှမ်းလာပါတော့တယ်..
“လင့်” ရဲ့ စေ့စပ်ထားတဲ့သူ ဖြစ်တဲ့ “ပရို” ဟာဆိုရင်တော့ ထိပ်တန်း လက်ဝှေ့သမား ဖြစ်ပြီး ပြိုင်ဖက်အပေါ် လုံးဝငံ့ညှာမှု မရှိတဲ့ ရက်စက်ကြမ်းကြုတ်တဲ့သူပါ
“ပရို” နဲ့ “ထန်” ကြားက တင်းမာမှုတွေ ယှဉ်ပြိုင်မှုတွေနဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကိုလည်းတွေ့မြင်နိုင်မှာပါ..
ပြိုင်ပွဲတစ်ခုမှာ “ပရို” က “ထန်” ကို ကျဆုံးသွားအောင် ထိုးနှက်ခဲ့ပါတယ်..
“ထန်”က နာကြည်းပြီး ပျောက်ကွယ်သွားခဲ့ပြီး ခရုဆက် (Kru Sak) ဆိုတဲ့ အငြိမ်းစားလက်ဝှေ့သမားဆရာတစ်ေယာက်ရဲ့လက်အောက်မှာ ပြန်လေ့ကျင့်ပြီး နည်းစနစ်အသစ် စိတ်သစ်လူသစ်နဲ့ပြန်လာပါတယ်။ ထန်ဟာ အခုအေခါက်မှာ ကြော်ကြားမှုထက် အချစ်, အမှန်တရား, နဲ့ ကိုယ်ပိုင်ဂုဏ်သိက္ခာအတွက် တကယ့်နည်းနဲ့ ပြန်ရင်ဆိုင်လာပါတော့တယ်…

❤16❤🔥4👍2
Taste (2025)
" လူငယ်ဘဝ "
https://t.me/blsflix_channel21
ဘမ်ဘီအဖြစ် - Mabelz Suchada Sonphan
ပယူအဖြစ် - Anthony Buisseret
ဒရင်အဖြစ် - Charlette Wasita Hamenau
ဒီဇယ်အဖြစ် - Phuwin Tangsakyuen
မုမ်အဖြစ် - Saharat Thiampan
တိုကျိူအဖြစ် - Pannawit Sirikiatwanich
နမ့်ခမ်အဖြစ် - Phruechai Ruayfuphan
လုဂျန်အဖြစ် - Ninna Yanin Opassathaworn
အရသာကောင်းတစ်ခုက သင့်ကိုအောင်မြင်မှုဆီ ချီသွားနိုင်တယ်။ ဒါပေမဲ့ အဲဒီအရာအတွက် ပြန်ပေးဆပ်ရမယ့်အရာရှိတယ်။
ပြိုင်ဆိုင်မှုတွေနဲ့ ပြည့်နှက်နေတဲ့လောကကြီးမှာ “ထူးခြားတယ် (သို) ကောင်းမွန်တယ်” ဆိုတဲ့အရာဟာ လူ့ဘဝကိုအောင်မြင်မှုဆီ ချီသွားနိုင်စေတဲ့ Key တစ်ခုဖြစ်လာပါတယ်။ ထိုလောကထဲမှာ ကျင်လည်နေတဲ့ ဘမ်ဘီ က သူမဘဝဟာ အခြားသူတွေထက် နိမ့်ကျတယ်လို ခံစားနေသူဖြစ်သည်။ မိမိကိုယ်ကို ထင်ရှားအောင်ဖော်ပြနိုင်ဖို၊ လူတွေရဲ့သတိထားမှုကိုဖမ်းစားနိုင်ဖို ဘမ်ဘီက လုပ်နိုင်သမျှကို ရန်းကန်ကြိုးစားခဲ့ပြီး တစ်ညအတွင်း viral ဖြစ်လာပါတယ်။
ထိုအောင်မြင်မှုက သူမကို တစ်ချက်တည်းနဲ့ ဒီလောကထဲသို ရောက်လာခဲ့ပါတယ်။ သိုသော် ဒီလို privileged လောကမှာ ချမ်းသာမှုနဲ့ အလှအပတွေမက ပြင်ပကြည့်ရလှပသော်လည်း အတွင်းမှာတော့ တကယ်ကြမ်းတမ်းတဲ့အမှန်တရားတွေရှိနေပါတယ်။ ကိုယ်ရောက်နေတဲ့အနေအထားကို ဆက်လက်ထိန်းသိမ်းချင်တယ်ဆိုရင်တော့ ဘမ်ဘီဟာ အန္တရာယ်ပြည့်နှက်တဲ့ လမ်းကြောင်းတစ်လျှောက်ကို မလွဲမရှောင် လျှောက်သွားရမှာဖြစ်ပြီး ဘယ်လိုတွေဖြတ်ကျော်သွားမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။

❤🔥23❤20👍1💯1
Hide & Sis (2025)
" ပျောက်ဆုံးခြင်းနောက်ကွယ် "
https://t.me/blsflix_channel12
"မောင်နှမ"ဆိုတာ မွေးကတည်းက မိဘတွေဖန်တီးပေးလိုက်တဲ့ ရန်သူတစ်မျိုးပဲ။
Bupphachinda မိသားစုမှာ ညီအစ်မလေးဦးရှိတယ်။ တစ်နေ့မှာ သူတိုဖခင်က အထွေးဆုံးညီမလေး Chatfah (Piploy) လက်ထဲ အမွေအားလုံးကို လွှပေးလိုက်တော့ နဂိုကတည်းကမှ မတည့်မတူနေပါတယ်ဆိုတဲ့ ညီအစ်မတွေကြား အက်ကြောင်းတွေက ပိုဆိုးသွားခဲ့ပါပြီ။
ပြဿနာကတော့ အမွေအားလုံးရပြီး ချစ်သူနဲ့လက်ထပ်တော့မယ့် Chatfah တိုက်ပေါ်ကပြုတ်ကျပြီး ဆုံးသွားတဲ့အချိန်မှာစပါတယ်။ ဒီတော့ Chatfah ဆုံးသွားတဲ့အမှုရဲ့ အဓိကသံသယရှိသူတွေက ချစ်လှစွာသောသူ့အစ်မသုံးယောက် ဖြစ်လာတာပေါ့။
တရားခံက မိသားစုအပေါ်ပေးဆပ်တတ်တဲ့ အစ်မအကြီးဆုံး Baibua (Janhae) လား ၊ သူ့ရည်းစားကိုခိုးသွားတဲ့အပြင် လက်ထပ်ပါယူပြမယ့် Chatfah ကို မကျေနပ်လို လက်စားပြန်ချေမယ့် Chompoo (Aye Sarun) လား ၊ အနီးဆုံးရန်သူလိုဆိုနိုင်မယ့် Chatfah နဲ့လက်ပွန်းတတီးအရှိဆုံး Picha (Jing Jing Yu) လား၊ Chatfah ဆုံးသွားတယ်ဆိုတာကရော "သေဆုံးခြင်းလား၊ ပျောက်ဆုံးခြင်းလား" ဆိုတာကို GMMTV ရဲ့ အသစ်စက်စက် Quality Series လေးတစ်ခုဖြစ်တဲ့ Hide & Sis ဆိုတဲ့ဇာတ်ကားလေးမှာ စောင့်မျှော်ကြည့်ရှုပေးကြပါ။
မင်းသမီးအမိုက်စားလေးတွေအပြင် မင်းသားတွေအနေနဲ့ ပူပူနွေးနွေးဇာတ်သိမ်းထားတဲ့ My Golden Blood ထဲက ရွှေသွေးလေး Gawin Caskey က ဒီဇာတ်ကားထဲကအမှုကိုစုံစမ်းသွားမယ့် "စစ်ဆေးရေးမှူး Khem" အဖြစ်ပါဝင်ထားသလို အားလုံးလွမ်းနေခဲ့ရတဲ့ Chimon ရဲ့ comeback drama လေးလည်းဖြစ်ပြီး Luke Ishikawa နဲ့ Mond Tanutchai တိုပါ ထပ်မံပါဝင်ထားတဲ့အတွက် မင်းသမီးလေးလက်၊ မင်းသားလေးလက်နဲ့ GMMTV ရဲ့ women-centric မှုခင်းဇာတ်လမ်းဆိုတော့ နှစ်ခါမစဉ်းစားဘဲကြည့်လိုက်ဖိုတန်နေပြီမလို ဇွန်လ (၃၀) ရက်မှစလို အပတ်စဉ် တနင်္လာ-အင်္ဂါနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦး။

❤59❤🔥7🍓2
In The Name Of Blossom
https://t.me/blsflixchannel009
တရုတ်ကားကောင်းလေးတွေ ကြည့်ဖို့ Main Channel လေးကိုလဲ Join ပေးထားပါဦးနော်
https://t.me/BLSFLIX_ChineseDrama
https://t.me/blsflixchannellink
ယခုတစ်ခါ BLSFLIX မှတင်ဆက်ပေးသွားမှာကတော့ In the name of Blossom လို့အမည်ရတဲ့ တရုတ်ရှေးခေတ်ကားကိုမှ Business နဲ့ Romanceအမျိုးအစားဖြစ်ပါတယ်။ အရင်ကထွက်ရှိထားတဲ့ Flourished Peony ကားရဲ့နောက်ဆက်တွဲဇာတ်လမ်းတစ်ခုလို့သိရှိထားရပြီးတော့ထွက်ရှိရမဲ့ရက်ကိုတော့ အတိအကျမသိရသေးပါဘူး။ စုစုပေါင်း ၂၄ ပိုင်းထုတ်လွှင့်မှာပဲဖြစ်ပါတယ်။
မင်းသားမင်းသမီးတွေအနေနဲ့ကတော့ Peonyမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး Yang Ziနဲ့ မင်းသား Li Xianတို့အပြင် အခြားမင်းသားမင်းသမီးအသစ်တွေပါဝင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ယခုဇာတ်လမ်းဟာဆိုရင်တော့ ကုန်သွယ်မှုနဲ့ အလှအပတွေ ပေါင်းစပ်ထားပြီးစည်ကားတဲ့ ချန်အန်းမြို့က Fangဥယျာဥ်က်ိုနောက်ခံထားပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ He Wei Fangနဲ့ Jiang Chang Yangတို့ရဲ့ ကိုယ်ရေးကိုယ်တာအခက်အခဲတွေ၊လူမှုရေးဖိအားတွေကိုကျော်ဖြတ်ပြီး နှစ်ယောက်ကြားမှာပေါ်ပေါက်လာတဲ့ချစ်ခြင်းမေတ္တာတရားနဲ့ မထင်မှတ်ထားပဲကြုံတွေ့ရတဲ့အခက်အခဲတွေကိုနှစ်ဦးသားဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကိုစိတ်ဝင်စားဖွယ်ရိုက်ကူးထားတာဖြစ်လို့ အချစ်ဇာတ်လမ်းကြိုက်သူတွေအနေနဲ့ လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ကားလေးပဲဖြစ်ပါတယ်ဗျ။

❤23
Desire (2025)
https://t.me/blsflix_channel35
! အစွမ်းထက် Enigma က ပျော့ညံ့တဲ့ Omega ဟန်ဆောင်ပြီး
မောက်မာလှချည်ရဲ့ဆိုတဲ့ Alpha တစ်ကောင်ကို အပိုင်ကြံမယ် !
! Omega တွေကို မုန်းလှပါချည်ရဲ့ဆိုတဲ့ နောက် Alpha တစ်ကောင်ကလည်း
Beta ယောင်ဆောင်ထားတဲ့ အနားက Omega လေးကို ဗိုက်ကြီးအောင်လုပ်မိမယ် !
BL ကားတွေက ဘဝကြီးမဟုတ်ပေမဲ့
ဒီကားမှမကြည့်ရရင် အရူးတစ်ပိုင်းဖြစ်မဲ့ ဘဝတွေကို မြင်နေရပါပြီ။
မသေခင်ကြည့်သွားသင့်တာမျိုးမဟုတ်ဘဲ
ဒီလိုကားမျိုးကြည့်ဖိုကို လူဖြစ်လာရသလိုခံစားချက်မျိုး ပေးပါလိမ့်မယ်။
လက်တွေ့လောကကြီးထဲက
ယောက်ျားမိန်းမဆိုတဲ့ လိင်တွေကို ခဏမေ့ထားလိုက်။
ယောက်ျားလေးဆိုတာနဲ့ ဘုန်းကံကြီးတာမဟုတ်သလို
မိန်းကလေးပဲ သားအိမ်ပါပြီး ကိုယ်ဝန်ဆောင်လိုရတာမဟုတ်တော့ဘူး။
ဒီABO လောကကြီးမှာတော့ လူတန်းစား ၃ မျိုးပဲရှိတယ်။
Alpha, Beta နဲ့ Omega တဲ့...
ယောက်ျားလား မိန်းမလားကို ပုံပန်းသွင်ပြင်နဲ့ခွဲလိုရသလို
ဒီ A,B,O တွေကိုတော့ အနံ့ဂလင်းကထုတ်တဲ့ အနံ့တွေနဲ့ခွဲလိုရပါတယ်။
Alpha က ကြမ်းတယ် ခက်ထန်တယ် ထိန်းချုပ်လိုတယ်
Omega က နုတယ် သိမ်မွေ့တယ် နာခံလိုတယ်
Beta ကတော့ အဲ ၂ ခုရဲ့ အလယ်လောက်သွားကျပါတယ်။
၃ မျိုးလုံးကတော့ ကိုယ်ဝန်ဆောင်မယ်ဆို ဆောင်လိုရပေမဲ့
Alpha ဆိုတဲ့အမျိုးက သူများကိုပဲဗိုက်ကြီးအောင်လုပ်ချင်ကြတာပါ။
Omega တွေကတော့ အိုဘီမင်အစွမ်းနဲ့ ကိုယ်ဝန်ဆောင်နိုင်စွမ်းမြင့်ကြပါတယ် :3
Enigma ဆိုတာကတော့ ၃ မျိုးလုံးကနေ ကွဲထွက်တဲ့အနံ့ရှိပါတယ်။
လူကိုယ်တိုင်က အနေအေးကြသလောက် အနံ့နဲ့ဆွဲဆောင်မှုတွေက
ကြမ်းလှပါချည်ရဲ့ဆိုတဲ့ Alpha တွေကိုတောင် လိုသလိုထိန်းချုပ်နိုင်စွမ်းရှိတာမျိုးပါ။
အရမ်းလည်းစွမ်းသလို အတော်လေးလည်းတွေ့ရနည်းလို လူပြောမများပါဘူး။
ဇာတ်ရည်လည်သွားပြီဆို အပေါ်ဆုံးက ၂ ကြောင်းကိုပြန်ဖတ်!
၄၅ မိနစ်စာ အပိုင်း ၁၆ ပိုင်းကို ပထမဆုံးနေ့မှာတင် ၃ ပိုင်းစကြည့်ရမယ်!
တနင်္လာ အင်္ဂါကိုတောင် ထမင်းမေ့ဟင်းမေ့တမ်းတနေသူတွေ
နောက်လ ၁၂ ရက်နေ့မှဆိုတော့ အဆင်မှပြေကြပါ့မလားနော် -,-
Synopsis - M2k

❤251🍓12🔥6❤🔥2
Ameagari no Bokura ni Tsuite (2025)
https://t.me/Blsflix_JavaneseSeries
ကျောင်းသားဘဝက ခါးသီးတဲ့အမှတ်တရတွေကြောင့် လိင်တူချစ်ကြိုက်သူဖြစ်တဲ့အကြောင်းကို ဖုံးကွယ်ပြီး တိုကျိုမှာအလုပ်ဝင်နေတဲ့ Kanade တစ်ယောက် တစ်နေ့မှာ အထက်တန်းကျောင်းတုန်းက အကောင်းဆုံးသူငယ်ချင်းဖြစ်သူ Mashiro Kosuke နဲ့ပြန်ဆုံလာရပါတော့တယ်......
တစ်ဖက်သက်ချစ်ခဲ့ရသူနဲ့ ခြောက်နှစ်အကြာမှာ ပြန်ဆုံခွင့်ရခဲ့တဲ့ Kanade တစ်ယောက် သူငယ်ချင်းဖြစ်သူနဲ့အတူ အတိတ်ကိုရင်ဆိုင်ရင်း ရှေ့ဆက်ကြဖိုလုပ်တဲ့အခါ ဘယ်လိုအရာတွေကြုံလာရလိမ့်မလဲ......
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ အချင်းချင်းစိတ်ဒဏ်ရာကိုကုစားပေးသွားမဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ချစ်ပုံပြင်လှလှလေးကို BLS FLIX Channel ကနေစောင့်ကြည့်လိုက်ရအောင်ပါ.....

❤🔥38❤30👍6🔥2💯2
Rose and Gun
Join Channel
https://t.me/blsflixchannel25
တရုတ်ကားကောင်းလေးတွေကို ကြည့်ဖို့ Main Channel လေးကိုလဲ Join ထားပေးကြပါဦးနော်
https://t.me/BLSFLIX_ChineseDrama
Rose and Gun
ကဲ....ရိုမန်တစ်ဆန်ဆန်ကားတွေမှ ကြိုက်တတ်တဲ့သူတွေအတွက် ဒီတစ်ခါ BLSFLIX Channel ကနေ တင်ဆက်ပေးသွားချင်တာကတော့ Marine တပ်သားတွေရဲ့ရိုရိုချိုချို အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်......
အမှီအခိုကင်းကင်းနဲ့ အလုပ်စွဲနေတဲ့ သတင်းထောက်မလေး Tang Xin ကတော့ အိမ်ထောင်ပြုဖို့အရေးကို မရှိမဖြစ်ဆိုတာမျိုးတွေးတဲ့သူပါ....
အိမ်ထောင်ပြုဖို့ထက် ဘဝရဲ့သူရဲကောင်းကိုသာစောင့်စားနေတဲ့ Tang Xin တစ်ယောက် အရာရာကို အစီအစဥ်တကျလုပ်တတ်တဲ့ Marine တပ်သား Wu si နဲ့ ဆုံပြီးတဲ့နောက်မှာ အလွဲလွဲအချော်ချော်တွေကနေတစ်ဆင့် ချစ်သူဘဝကို ဘယ်လိုရောက်သွားကြမလဲ.......
Tang Xin နဲ့အကျင့်စရိုက် လားလားမှမတူတဲ့ သူငယ်ချင်းလေး Lan Yang Yang ကရော Tang Xin နည်းတူ Marine တပ်သား Zong Qing နဲ့ ချစ်ကျွမ်းဝင်သွားတဲ့နောက်မှာ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရမလဲ.....
အလုပ်အကိုင်၊ အတွေးအမြင်နဲ့ တန်ဖိုးထားခံယူမှုခြင်းမတူကြတဲ့ လူလေးယောက်ကြားမှာ ချစ်ခြင်းရဲ့စွမ်းအားနဲ့ သဘောထားမတိုက်ဆိုင်မှုတွေရှိလာရင် ဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားကြလဲဆိုတာတွေကို BLSFLIX ကနေ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ