Review by BLSFLIX
27K subscribers
833 photos
774 links
Download Telegram
Reborn (2025)

Zhou Yi Ran နဲ့Zhang JingYi
Chen Fei Yu နဲ့Zhuang Dafei အတွဲလဲထားတယ်ဆိုပြီး နာမည်ကြီးခဲ့တဲ့ ဒီအတွဲနှစ်တွဲမှာ Feiyuတို့ကား Eat Run Love ကအရင်ထွက်ရှိပြီးတဲ့နောက်မှာတော့ Zhou Yi Ranတို့ရဲ့ Rebornဇာတ်ကားလေးကထွက်ရှိလာပါပြီ။

သာမန်ဖြူစင်တဲ့အချစ်ကျောင်းသားကားလေးမဟုတ်ဘဲ Darkဘက်နည်းနည်းသွားတာမလို့ ကြည့်ရှုသူတွေစောင့်မျှော်နေကြတဲ့ကားလေးဆိုလည်းမမှားပါဘူး။

အစ်မဖြစ်သူရဲ့ ပိုင်ယွီရဲ့သေဆုံးမှုရဲ့ မချိဆန့်တဲ့ကောလဟာလတွေကြောင့် မိသားစုနဲ့အတူ ဟွမ်ကျိုးခရိုင်ရဲ့ မြို့တော်ကြီးကိုပြောင်းရွှေ့နေထိုင်ခဲ့တဲ့ ၁၆နှစ်အရွယ်ကျောင်းသူလေး ချင်းယွီ(Zhang Jing Yi)။ ကျောင်းမှာဆရာမတိုင်း လက်မြောက်အရှုံးပေးထားရတဲ့ ကိုလူဆိုးလေး မင်ရှန်း(Zhou Yi Ran)။

သူတို့နှစ်ယောက်ဟာ ချင်းယွီရဲ့ အစ်မဖြစ်သူ ပိုင်ယွီရဲ့သေဆုံးမှုကိုစတင်စုံစမ်းရာကနေစပြီး ရင်းနှီးလာကြတဲ့အခါ။ စိတ်ဒဏ်ရာတွေပဲ ပြည့်နှက်နေတဲ့ ချင်းယွီအတွက် မင်ရှန်းဟာ မှီတွယ်စရာ ပုခုံးတစ်စုံဖြစ်လာခဲ့ပါတယ်။ ချင်းယွီပြေးထွက်ခဲ့တဲ့ အတိတ်က ဇာတိမြို့ငယ်ဟာလည်း သူမထင်ထားသလို မရိုးရှင်းနေခဲ့တဲ့အခါ။ စက်ဆုပ်စရာအပြည့်နဲ့လောကကြီးထဲ သူတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ဘယ်လိုအဖော်ပြုနေထိုင်ပြီး လောကဓံကိုကြံ့ကြံ့ခံရင်ဆိုင်ကြမလဲ ဆိုတာကိုသိချင်ရင်တော့ BLSFLIXချန်နယ်မှာ လက်မလွှတ်တမ်းစောင့်ကြည့်လိုက်ကြရအောင်နော်။

Join Channel
https://t.me/blsflixchannel20

ဇာတ်ကားကောင်းလေးတွေကြည့်ဖို Main Channel လေးကိုလဲ Join ထားပေးပါဦးနော်
https://t.me/blsflixchannel_ver3
https://t.me/blsflixchannellink
19
Created In China
(မြစ်တစင်းရဲ့ ပုံပြင်များ)

ယခုတစ်ခါ တင်ဆက်ပေးသွားမဲ့ကားလေးကတော့ Created in Chinaလို့အမည်ရတဲ့ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာဆိုရင်တော့ စီးပွားရေးဇာတ်လမ်းအမျိုးအစားဖြစ်ပြီးတော့ ဒါရိုက်တာLi Xueမှ Web Novelကနေပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်ဗျ။ စုစုပေါင်းအနေနဲ့ အပိုင်း ၃၄ ပိုင်းပါဝင်မှာဖြစ်ပြီးတော့ ကြာမြင့်ချိန်အားဖြင့် ၄၅ မိနစ်ခန့်ဖြစ်ပါတယ်။ ထွက်ရှိမဲ့နေ့ကတော့ ဇွန်လ ၁၈ ရက်နေ့ကစပြီး အပတ်စဉ်နေ့တိုင်းထွက်ရှိသွားမှဖြစ်ပါတယ်ဗျ။

ဒီကားလေးမှာဆိုရင် မကြာသေးခင်ကထွက်ရှိထားတဲ့ Demon Hunterနဲ့Prisoner of Beautyမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး Song Zu Erက အဓိကမင်းသမီးအနေနဲ့ပါဝင်ရိုက်ကူးထားပြီးတော့ မင်းသားအနေနဲ့ကတော့ဇာတ်လမ်းတော်တော်များများမှာ အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ရိုက်ကူးဖူးတဲ့ မင်းသား Zhang Xin Chengတို့်မှပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။


Plot

၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းတွင် Liu Junဟာ ဂျာမနီပညာတော်သင်ကနေ ဇာတိDonghaiသို့ ပြန်လာခဲ့ပြီးသူ့အဖေရဲ့ စက်ရုံဟောင်းကို ခေတ်မီအောင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ပုဂ္ဂလိကလုပ်ငန်းတစ်ခုအနေဖြင့်ရပ်တည်
နေရသော Liu Junလုပ်ငန်းဟာဆိုရင် ငွေကြေး၊ ဆက်သွယ်မှုနှင့် နည်းပညာအခက်အခဲပေါင်းများစွာကိုရင်ဆိုင်ရလေတော့တယ်။ စီးပွားရေးလုပ်ကိုင်ရင်း လောကဓံလှိုင်းလုံးများရိုက်ခတ်ခြင်းခံရသလို မကောင်းသောမိတ်ဆွေများနှင့်လည်း တွေ့ကြုံရလေသည်။ ပိုက်ဆံဆိုတဲ့‌လူ့လောဘကဝင်ရောက်လာတဲ့အခါမှာ Liu Junနဲ့သူငယ်ချင်းတွေကြားက ဆက်ဆံရေးကတည်မြဲပါအုံးမလား ။ သူ့လုပ်ငန်းကရော သူစီစဉ်ထားသလိုရေရှည်ရပ်တည်နိုင်သွားမလား အစရှိတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမည့်အပြင် စီးပွားရေးသမားတစ်ယောက် လုပ်ငန်းရှင်‌တစ်ယောက် ရင်ဆိုင်ကြုံတွေ့ရလေ့ရှိတဲ့အခက်အခဲတွေကို ပေါ်လွှင်အောင်ရိုက်ကူးဖော်ပြထားတာဖြစ်လို့ အားလုံးကြည်ရှုခံစားနိုင်အောင်အတွက် BLSFLIXမှ ဘာသာပြန်တင်‌ဆက်ပေးလိုက်ပါတယ်။

Join Channel
https://t.me/blsflixchannel112

ဇာတ်ကားကောင်းလေးတွေကြည့်ဖို Main Channel လေးကိုလဲ Join ထားပေးပါဦးနော်
https://t.me/blsflixchannel_ver3
https://t.me/blsflixchannellink
13
Captive Heart (2025)
"မေတ္တာနှောင်ကြိုး"

https://t.me/blsflix_f4thailand

ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဥ်က လွတ်လပ်မှုကိုရထားပေမဲ့ စိတ်နှလုံးမှာ အထုံးအဖွဲရှိနေတဲ့ Phansaeng တစ်ယောက် မိသားစုဝင်တွေရဲ့ သေဆုံးခြင်းအတွက် အကျင့်ပျက်အရာရှိတွေကို လက်စားချေဖို တားမြစ်သိုင်းနဲ့မှော်အတတ်ကိုသင်ယူခဲ့ပါသတဲ့.....

အရာရာတိုင်းမှာ ပေးဆပ်ရတဲ့တန်ဖိုးရှိတဲ့အတိုင်း တားမြစ်အတတ်တွေကို သင်ယူထားတဲ့ Phansaeng ပေးဆပ်ရမဲ့တန်ဖိုးက လုံးဝချစ်ခြင်းနဲ့ထိတွေ့ခွင့်မရှိရပါတဲ့....

ဒီလို ကြမ္မာနဲ့ Phansaeng ခမျာ Chawala ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို ငြိတွယ်မိခဲ့ရာက ရှေ့ဆက် ဘာတွေဖြစ်လာလိမ့်မလဲ.....

တိုင်းပြည်ကိုအကျင့်ပျက်အရာရှိတွေလက်ထဲက ကယ်တင်ဖို အာဏာလိုအပ်လာတဲ့အခါ Phansaeng ကဘယ်လိုရွေးချယ်မှုတွေကိုလုပ်သွားမလဲဆိုတာကို BLSFLIX Channel ကနေ စိတ်ဝင်စားဖွယ်ကြည့်ရှုလိုရပါပြီ
14❤‍🔥8👍2💯1
Crime Hunt
(မှုခင်းစုံထောက်)

ဒီတစ်ခါမှာတော့ BLSFLIXရဲ့ ကြည့်ရှုသူတွေကို တရုတ်မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Crime Huntဆိုတဲ့ ဇာတ်ကားကို ဘာသာပြန်ပြီးတော့ တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။

စုံထောက်စွင်းရဲ့ အဖေဖြစ်သူသေနတ်ပစ်သတ်ခံလိုက်ရမှုအတွက် ကိုယ်တိုင်ကိုယ်ကျ တရားခံကို မရရအောင်ရှာဖွေစုံစမ်းနေသူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့အမှုတွေက ရောထွေးရှုပ်ပွေလာပြီး သူ့ရဲ့တွဲဖက် စုံထောက်ဖြစ်တဲ့ စုံထောက်ချူကပါ ထူးထူးဆန်းဆန်းတွေ ပြုမူလာတဲ့အခါ။

တရားမျှတမှုကို ထိန်းသိမ်းကာကွယ်ပေးရမဲ့ ရဲတွေကပါ ပူးပေါင်းကြံစည်မှုကြီးတစ်ခုထဲ ပါ၀င်နေတာကို စုံထောက်စွင်းသိလိုက်ရတဲ့အခါ။ ဒီလိုခြစားနေတဲ့လောကကြီးက ကြံရာပါတွေကို စုံထောက်စွင်းတစ်ယောက် ဘယ်လိုတစ်ဦးတစ်ယောက်အားနဲ့ ဖော်ထုတ်မလဲဆိုတာကို သိချင်ရင်တော့ BLSFLIXချန်နယ်မှာလက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော်။

Join Channel
https://t.me/blsflixchannel25

ဇာတ်ကားကောင်းလေးတွေကြည့်ဖို Main Channel လေးကိုလဲ Join ထားပေးပါဦးနော်
https://t.me/blsflixchannel_ver3
https://t.me/blsflixchannellink
10
What a wonderful world (2025)

ဒီတစ်ခါတင်ဆက်ပေးမှာက မမ Zhao Li Ying ရဲ့ဇာတ်ကားသစ်လေးဖြစ်ပါတယ်
ဒီဇာတ်လမ်းထဲမှာတော့ ရွှီထျန်းက စိတ်အမျိုးမျိုးဖြစ်နေတဲ့လူနာတစ်ယောက်ပါ ဆရာဝန်ကိုသွားပြပြီးတဲ့နောက်မှာ သူ့မှာ စိတ်ခြောက်မျိုးရှိနေပြီး အဲဒီသူတွေကို သူကိုယ်တိုင်တောင် မမြင်တွေ့ဖူးပါဘူး ကျာရှောက်သော်က သူ့စိတ်ခြောက်မျိုးထဲက တစ်မျိုးဖြစ်ပြီး ကျာရှောက်သောက်က သူကသာလျှင် အစစ်အမှန်လို့ ခံယူထားတဲ့သူပါ
ကျာရှောက်သောက်က ရွှီထျန်းထက် စိတ်လွှမ်းမိုးမှုကောင်းလာခဲ့ပါတယ် ကျာရှောက်သောက်က စိတ်အခွဲတွေကို ဖယ်ထုတ်ရှင်းပစ်ရင်းနဲ့ ခန္ဓာကိုယ်ထဲမှာ သူနဲ့ရွှီထျန်း နှစ်ခုသာ ကျန်ပါတော့တယ်
တစ်ဖက်မှာလည်း ရွှီထျန်းရဲ့သိစိတ်ရှိနေပြီး ဆရာဝန်က ကျာရှောက်သော်ကို ဖယ်ထုတ်လို့ရနိုင်ပြီလို့ ပြောလာတဲ့အခါ ရွှီထျန်းတစ်ယောက် ဘယ်လိုလုပ်မလဲ
သူ့အပေါ်ကောင်းပေးတဲ့စိတ်ခွဲတစ်ခုကို သူနှုတ်ဆက်နိုင်ပါမလား
ရှင်းထုတ်ရင်းနဲ့ကိုယ်တိုင်ပါ ရှင်းထုတ်ခံရမယ်ဆိုတာကိုသိလိုက်တဲ့ ကျာရှောက်သော်ကရော ဘယ်လိုဆက်ဖြစ်မလဲ
လက်တွေ့ဘဝနဲ့ပုံရိပ်ယောင်ထဲက ဆန်းကြယ်မှုနဲ့ ဝမ်းနည်းပူဆွေးစရာတွေကို ဒီဇာတ်လမ်းထဲမှာ ကြည့်ရှုသွားရမှာဖြစ်ပါတယ် ဇာတ်ကားလေးကို BLSFlix Channel မှာ စောင့်မျှော်ကြည့်ရှုပေးပါဦးနော်

Join Channel
https://t.me/blsflixchannel07

ဇာတ်ကားကောင်းလေးတွေကြည့်ဖို Main Channel လေးကိုလဲ Join ထားပေးပါဦးနော်
https://t.me/blsflixchannel_ver3
https://t.me/blsflixchannellink
14
Depth Of Field (2025)
"Hishakai Shindo"


https://t.me/Blsflix_JavaneseSeries

(လူတိုင်းမှာ ငယ်ဘဝအိပ်မက်ဆိုတာရှိကြမှာပါ...
တစ်ချိုအိပ်မက်တွေက မြေတောင်မြှောက်ပေးခံရတယ်...
တစ်ချိုအိပ်မက်တွေကတော့ အခြေအနေအရပ်ရပ်ကြောင့် စွန့်လွှတ်ခဲ့ရတာတွေရှိကြမှာပဲနော်...🌱)

အထက်တန်းကျောင်းသားလေး Hayakawa Shuichiro က ငယ်စဥ်ကတည်းကသူအရမ်းချစ်ခဲ့ရတဲ့ ဂီတကို စွန့်လွှတ်ခဲ့ရပါတယ်...


တစ်ရက် ကောင်းကင်နဲ့ ပင်လယ်တိုရဲ့ လှပစွာရောစပ်ထားတဲ့ဆိတ်ကွယ်ရာအရပ်လေးဖြစ်တဲ့ကျောင်းအဆောက်အဦးရဲ့ခေါင်မိုးပေါ်ကို ဦးတည်သွားခဲ့ရင်း သူ့ရဲ့အတန်းဖော် Konno Ryohei နဲ့ တွေ့ဆုံခဲ့ပါတယ်.....

သူငယ်ချင်းအပေါင်းအသင်းမရှိတဲ့သူ၊ သူသိပ်ချစ်ရတဲ့ ကင်မရာကိုပဲမျက်နှာမူထားပြီး သဘောကျတဲ့ ပုံတွေကို ရိုက်နိုင်တဲ့  Konno က Hayakawa ကို ပြင်းပြင်းထန်ထန် ဆွဲဆောင်နိုင်ခဲ့ပါတယ်....

ဒီလိုနဲ့ နှစ်ယောက်သား သူငယ်ချင်းတွေဖြစ်သွားပေမဲ့ ကိုယ်သဘောကျတာကို စိတ်လွတ်လက်လွတ် လုပ်ခွင့်ရတဲ့ Konno နဲ့ အိပ်မက်နောက်ကိုဆက်မလိုက်နိုင်တဲ့ Hayakawa တို အချင်းချင်း ဘယ်လိုတွေဆက်ဖြစ်ကြမလဲ....

Hayakawa တစ်ယောက် သူ့ရဲ့ရှုပ်ထွေးတဲ့စိတ်ခံစားချက်တွေနဲ့အတူ ထိန်းချုပ်မရတဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားခဲ့ပါတယ်...

နှစ်ယောက်သားရဲ့ ဆက်ဆံရေးက သူငယ်ချင်းအဖြစ်ကနေ ချစ်သူဘဝကို ရောက်ရှိသွားမလား ...

Hayakawa ကရော သူသဘောကျရတဲ့ သီချင်းဆိုတဲ့အလုပ်ကို ဆက်ပြီးလျှောက်လှမ်းနိုင်ပါ့မလားဆိုတာကို....

BLSFlix Channel လေးကနေ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...

°•°•°•°•°•°•°•°•°•°•°•°
Review By YAUNG..🌷
❤‍🔥2626👍3💯2
Debt of Love Honor (2025)
"အနစ်နာအချစ်"

https://t.me/blsflix_channel19

ဒီဇာတ်လမ်း “Debt of Love Honor” ဟာ ချစ်ခြင်း၊ တာဝန်ခံမှုနဲ့ မိသားစုဂုဏ်သိက္ခာကြားမှာ အနစ်နာခံမှုတွေနဲ့ တည်ဆောက်ထားတဲ့ ထိုင်းဒရာမာတစ်ခု ဖြစ်ပါတယ်။

နီရာအော် ဟာ အစ်ကိုဖြစ်သူ ဆရန်း နဲ့အတူ သီးနှံစိုက်ပျိုးနေသူတစ်ယောက်ဖြစ်ပြီး
သူ့အစ်ကိုဟာလောင်းကစားဝါသနာကြီးတဲ့အတွက် သူတိုပိုင်တဲ့အိမ်နဲ့ခြံတွေကို ကမ်နန် ဆီမှာအပေါင်းခံထားရပြီးပြန်မရွေးနိုင်ဖြစ်နေပါတယ်။

ကမ်နန်ကအိမ်နဲ့ခြံကို အသိမ်းမခံချင်ဘူးဆိုရင် သူနဲ့ လက်ထပ်ဖိုလိုတယ်လို နီရာအော်ကိုဖိအားပေးပါတယ်။

ဒီအချိန်မှာပဲ နီရာအော်ရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ ရဲအရာရှိ အဖိချကသူတိုဇာတိကိုတာဝန်ကျလာတာကြောင့်ကမ်နန်ရဲ့အနိုင်ကျင့်မှုကို တားဆီးနိုင်ခဲ့ပါတယ်။
အဖိချရဲ့အမေက တရားဝင်အတိုးနှုန်းဖြင့် ငွေချေးတာကိုနီရာအော်သိတာကြောင့် အဖိချဆီမှာအကူအညီတောင်းခဲ့တာပါ။

အဖိချကလည်းနီရာအော်ဟာ သူနဲ့သာလက်ထပ်မယ်ဆိုရင် သူ့အမေကိုငွေချေးပေးဖိုပြောပေးမယ်လိုပြောတယ်။

အကြောင်းအရင်းကတော့ အဖိချအဖွားကနောက်နှစ်အတွင်းမြေးချီချင်နေတာဖြစ် ပြီးအဖိချကလည်းငယ်ငယ်ထဲကနီရာ‌အော်ကိုသဘောကျနေခဲ့တဲ့သူပါ။
နီရာအော်ကလည်းအဖိချဟာသူမကိုတကယ်ချစ်တဲ့သူဆိုတာသိနေတော့လည်းလက်ထပ်ဖိုသဘောတူလိုက်ပါတယ် ။

နီရာ‌အော်က သူ့လက်ထက်ကျမှမိဘတွေတသက်လုံးတည်ဆောက်ခဲ့ရတဲ့ အိမ်နဲ့ခြံကိုဆုံးရှုးလိုက်ရမှာကိုစိုးရိမ်နေတာပါ။

ဒါပေမယ့်ကံဆိုးစွာနဲ့ပဲ လက်ထပ်ပွဲ မကျင်းမခင်မှာပဲ အဖိချဟာသေနတ်ပစ်ခံရပြီးသေဆုံးသွားပါတော့တယ်။

အဲ့ဒီသေဆုံးမှုကြောင့် အဖိချအမေက နီရာအော်ဟာကံဆိုးမဖြစ်တာကြောင့်သူ့သားသေရတာပါဆိုပြီး ပိုက်ဆံမချေးပေးချင်တော့ပါဘူး။အဲ့ဒီတော့နီရာအော်ဘဝကဘာဆက်ဖြစ်မှာလဲ သူ့အိမ်နဲ့ခြံကိုသူဘယ်လိုပြန်ရွေးမလဲ ။

ဒရာမာအပြည့် အချစ်ရသနှင့် စိတ်ကူးယဉ်သဘာဝကိုကြိုက်တဲ့ပရိတ်သတ်များအတွက် မလွဲမသွေ ကြည့်ဖိုသင့်တော်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။
16❤‍🔥9👍1💯1
Stay With You (2025)

https://t.me/blsflix_glseries

ပလွိုင်ဟာအနားယူဖို့အတွက် resort ကိုသွားတဲ့အချိန် မာဗျူးဆိုတဲ့ ပဟေဠိများတဲ့အမျိုးသမီးလေးကို တွေ့ပြီးမြင်မြင်ချင်းသဘောကျပါတော့တယ် အဲ့အမျိုးသမီးလေးကြောင့် သူမဟာအချစ်ကိုတစ်ဖန် ပြန်လည်တွေ့ရှိပြီဆိုပြီး မာဗျူးကိုချဉ်းကပ်ပါတော့တယ်

တကယ်တော့ ပလွိုင်ဟာမှော်ဆရာတစ်ဉီးဆီက မအိုဆေးသောက်ထားပြီး နုပျိုနေတဲ့အဘွားတစ်ဉီးပါ ကံဆိုးချင်တော့ဆေးဟာ သူမဆီအချိန်မှီမရောက်လာခဲ့ဘူးဖြစ်နေပါတော့တယ် အဲ့ဒီအချိန်သူမနဲ့မာဗျူး ဟာလဲချစ်သူတွေဖြစ်နေကြပါပြီ

မာဗျူးတစ်ယောက်အဖြစ်မှန်ကိုသိသွားပြီးသူမကိုထားသွားမလား သူမကရောမအိုဆေးမပါဘဲ ဆက်လက်နုပျိုနေမလား မာဗျူးကရောဘယ်လိုမိန်းကလေးဆိုတာကိုတော့ BLSFlix Channel လေးကနေ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...
13❤‍🔥1👍1💯1
Investigation of Love Season 2 (2025)
"စူးစမ်းလေ့လာ ချစ်ခြင်းကဗျာ အတွဲ၂ "

https://t.me/bmverse_achitkwanraat

တစ်နှစ်ဆိုတဲ့အချိန်ကာလတခုကြာမြင့်ပြီး‌နောက်မှာ Patဟာ ခက်ခဲကြမ်းတမ်းတဲ့တိုက်ပွဲတစ်ခုနဲ့ အတူပြန်ရောက်လာခဲ့ပါတယ်။

လစာမရတဲ့ အလုပ် ၊ ခက်ခဲကြမ်းတမ်းတဲ့ ဆက်ဆံရေးတစ်ခုနဲ့... အပျိုအရွယ်ရောက်လာတာကြောင့် စပြီးနားလည်ရခက်လာတဲ့ သူ့ရဲ့သမီး။

ပြီးတော့ တစ်ခုခုမှားနေတယ်လို အမြဲတမ်းခံစားနေရတဲ့ သူမခေါ်လိုက်တဲ့ လက်ထောက်အသစ်။

သူမက အကြပ်အတည်းထဲမှာရောက်နေပါတယ်။

သူမ ဒီကိစ္စတွေနဲ့ ဒီကမောက်ကမတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲ? ဆိုတာကို BLSFLIX Channel မှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်🥰
❤‍🔥62👍1💯1
Head Over Heels

Join Channel
https://t.me/BLSFLIXKorea004

ဇာတ်ကားကောင်းလေးတွေကြည့်ဖို Main Channel လေးကိုလဲ Join ထားပေးပါဦးနော်
https://t.me/blsflixchannel_ver3
https://t.me/blsflixchannellink

ဇောက်ထိုးလမ်းလျှောက်တဲ့သူတွေဆိုတာ ကျိန်စာသင့်နေကြပြီး သူတို့ပေါ်မှာ သေခြင်းတရားက အုပ်မိုးထားကြတဲ့ သူတွေပဲ။ 
_နတ်မိမယ် ချွန်းဂျီ

သူ့မှာ အသက်ရှင်ဖို့ ကျန်တဲ့ရက်က ၂၁ ရက် အများဆုံးပဲ။ ငါ သူ့ကို ရအောင် ကယ်မယ်။ 
_ပတ်ဆောင်းအာ

နေ့ဘက်မှာ သာမန်အထက်တန်း‌ကျောင်းသူ “ပတ်ဆောင်းအာ”၊ ညဘက်မှာ  နတ်ဆရာမလေး “နတ်မိမယ် ချွန်းဂျီ” အဖြစ် ဘဝနှစ်ခုရှင်သန်နေရတဲ့ ချစ်စရာ ဆယ်ကျော်သက်လေးအဖြစ် ချိုရီဟွန်း (School 2021, all of us are dead, Hospital playlist S1 & S2, the matchmakers) 

မြှားပစ်အားကစားမှာ ထူးချွန်၊ အရပ်ရှည်၊ ရုပ်ချောလည်း ငယ်ငယ်ကတည်းက ကံဆိုးမှုတွေအမြဲ ကြုံနေရရှာတဲ့ ဘဲ့ဂယွန်းအူအဖြစ် ချူယောင်းအူ (School 2021, You make me dance, The Trauma Code : heroes on call, Mercy for none, The Tale of Lady Ok) 

Webtoon ကို ပြန်ရိုက်ထားတဲ့ ဒီလူငယ်ကျောင်းတွင်းအချစ်ဇာတ်လမ်းက သေချာပေါက် နုပျိုလန်းဆန်းနေမှာဖြစ်သလို School 2021 မှာ အတူတူတွဲလုပ်ခဲ့ပြီးသား မင်းသားနဲ့ မင်းသမီး chemi က လုံးဝ မိမိုက်နေမှာပါ 
သူတို့အပြင် Resident Playbook က intern ကိုကိုလေးကိုလည်း ဂျူတီကုတ်အစား ကျောင်းဝတ်စုံလေးနဲ့ မြင်ရဦးမှာပါ

မြင်မြင်ချင်း ချစ်မိတဲ့ အချစ်ဦးက ကိုယ့်ကို ပြန်ချစ်အောင်ထက် သူအသက်ရှင်အောင် အရင်ကယ်တင်ရမလို ဖြစ်နေတဲ့ နတ်ဆရာမလေးနဲ့ ကျောင်းပြောင်းမိပြီး ကျောင်းအသစ်မှာ ကြုံလာရတဲ့ ထူးထူးဆန်းဆန်း အတန်းဖော်မိန်းကလေးကြောင့် စိတ်ရှုပ်ထွေးနေတဲ့ ကိုလူချောလေးရဲ့ အပိုင်း ၁၂ ပိုင်းစာ "Head Over Heels" ဆိုတဲ့ Fantasy Romance Drama လေးကို June 23 ကစပြီး တနင်္လာနဲ့ အင်္ဂါနေ့တိုင်းမှာ TvN က ထုတ်လွှင့်ပြီးတာနဲ့ နေ့မကူးဘဲ BLSFLIX မှာ ကြည့်ရှုလို့ရပါပြီနော်
58🥰3
Princess's Gambit

https://t.me/blsflixchannel23

တရုတ်ကားကောင်းကောင်းလေးတွေ ကြည့်ဖို့ အောက်က Main Channel လေးတွေကို Join ထားပေးပါဦးနော်

https://t.me/BLSFLIX_ChineseDrama
https://t.me/blsflixchannellink

နန်းတွင်းအရှုပ်တော်ပုံတွေနဲ့ Strong ဖြစ်တဲ့ Female lead ကာရိုက်တာမျိုးတွေကို ကြိုက်တတ်တဲ့သူတွေအတွက် ဒီတစ်ခေါက် BLSFLIX Channel ကနေ မိတ်ဆက်ပေးသွားချင်တဲ့ ဇာတ်လမ်းလေးကတော့ Jun 25 ရက်မှာထွက်လာမဲ့ Princess's Gamibit ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်......

ဝေ့ပြည် ဝူပြည်နဲ့ ကျောက်တိုင်းပြည်ရယ်လို့ တိုင်းပြည်သုံးခုရှိတဲ့အထဲက မယ်တော်မိဖုရားကြီးလုကြီးစိုးနေတဲ့ကျောက်တိုင်းပြည်မှာနေရတဲ့မင်းသမီး ကျန်းထောင်ဟွာဟာ ဝေ့ပြည်နဲ့ တိုင်းပြည်ရေးရာအရထိမ်းမြားလက်ထပ်ပေးခံရမဲ့အရေးကို ရှောင်ရှားဖို့အခွင့်အလမ်းရှာနေခဲ့ပါတယ်...

Wei ပြည်ကိုရောက်သွားခိုက် မတော်တဆမှုနဲ့ကြုံခဲ့ရတဲ့ မင်းသမီးကျန်းထောင်ဟွာက ဝေ့ပြည်ရဲ့အမတ်မင်းရှန်ကျိုက်ယဲ့နဲ့ မလွတ်မကင်းဖြစ်နေတယ်ဆိုပြီးစွပ်စွဲခံခဲ့ရပါတယ်.....

အဲဒီလိုနဲ့ အမတ်မင်းရှန်အိမ်တော်ကို ကိုယ်လုပ်တော်အနေနဲ့ ရောက်ရှိသွားခဲ့တဲ့ ကျန်းထောင်ဟွာတစ်ယောက်.....ဘယ်လိုအနာဂတ်နဲ့ကြုံလာရမလဲ....

မယ်တော်မိဖုရားကြီးလုရဲ့အမိန့်နဲ့ ဝေ့ပြည်ရဲ့အိမ်ရှေ့စံမင်းသားကို နန်းချဖို့လုပ်ရမဲ့ အ ဆိပ်ခတ်ခံထားရတဲ့ မင်းသမီးကျန်းထောင်ဟွာက အမတ်မင်းရှန်ဘေးမှာနေပြီးတာဝန်ကိုဘယ်လိုပြီးအောင်လုပ်ဆောင်သွားမလဲ......

အမတ်မင်းရှန်ရဲ့အိမ်တော်မှာ နေထိုင်ရင်း ကိုယ်လုပ်တော်တွေကြားဖြစ်လေ့ရှိတဲ့ပြဿနာတွေကို ဘယ်လိုကျော်ဖြတ်သွားမလဲ.....

မင်းသမီးကို အလိုမရှိတဲ့ အမတ်မင်းရှန်နဲ့ ဆက်ဆံရေးမှာရော ဘယ်လိုအချိုးအကွေ့တွေနဲ့ ရင်ဆိုင်လာရလိမ့်မလဲ....

မင်းသမီးကျန်းထောင်ဟွာက ပေးအပ်ထားတဲ့ တာဝန်ကိုအောင်မြင်အောင်လုပ်ပြီး အဆိပ်ဖြေဆေးကိုရှာနိုင်သွားပါ့မလားဆိုတာတွေကို BLSFLIX ကနေ စောင့်ကြည့်လိုက်ရအောင်ပါ.....
26
The Little Nyonya ( မိုးမြေချစ်သူ)

https://t.me/BLSFLIX_ChineseDrama/27997

https://t.me/blsflixchannel011

Old but gold ဆိုသလို ၂၀၀၈ခုနှစ်ကထွက်ရှိခဲ့ကာ တီဗီရုပ်သံဇာတ်လမ်းတွဲအနေနဲ့ အောင်မြင်မှုရခဲ့ပြီး လူကြိုက်များခဲ့တဲ့ The Little Nyonyaဇာတ်ကားလေးကို BLSFLIXချန်နယ်ကနေပြီးတော့ ဘာသာပြန်ပြီးတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ဒီကားလေးရဲ့ တရုတ်remakeဗားရှင်း The Emerald Hillကိုလည်း ဘာသာပြန်ပြီးတင်ဆက်ပေးခဲ့ပါပြီ။

၁၉၃၀ခုနှစ်များဆီမှာ ဇာတ်အိမ်တည်ထားပြီ မျိုးရိုးစဉ်ဆက် ချမ်းသာလာခဲ့တဲ့ မာလကာက မိသားစုနဲ့ သူတို့ရဲ့ ကမ္ဘာမကျေတဲ့ ရန်ငြိုးတွေအကြောင်းကို စိတ်၀င်စားဖွယ်ရိုက်ကူးထားပါတယ်။

မျိုးရိုးနိမ့်ကနေ မွေးဖွားလာရလို့ အနှိမ်ခံရတဲ့ ယွဲ့နျန်မိန်းမပျိုလေးဟာ ဘ၀ကို သစ်ငုတ်မြင့်တုံ မြက်မြင့်တုံဆိုသလို အကောင်းအဆိုး ရောပြီးခံနေရသူပါ။ မိန်းမငယ်လေးတန်မဲ့ ဘ၀ဟာဆိုးလိုက်လေခြင်းလို့ တရလောက်တဲ့အထိ သူ့ကံကြမ္မာဟာ ဆိုးရွားနေခဲ့ပေမဲ့လည်း ယွဲ့နျန်ကတော့ စိတ်အားမလျှော့ခဲ့ပါဘူး။ ချစ်သောသူတွေနဲ့လည်း သူမဟာ ရှင်ကွဲကွဲနေခဲ့ရသူတစ်‌ဦးပါ။ ဒီလိုနဲ့ ဆင်းရဲသား အနှိမ်ခံမိန်းမငယ်လေးတစ်ယောက်ကနေ စင်္ကာပူတစ်ခွင်မှာ အကောင်းဆုံးစားသောက်ဆိုင်တွေကိုပိုင်ဆိုင်တဲ့ အမျိုးသမီးကြီးတစ်ယောက်ဖြစ်လာအောင် သူမဘယ်လိုကြိုးစားခဲ့လဲဆိုတာကို သိချင်ရင်တော့ BLSFLIXချန်နယ်မှာ လက်မလွှတ်တမ်းစောင့်ကြည့်လိုက်ကြရအောင်နော်။
19🍓1
Whale Store xoxo (2025)
" ဤဆိုင်တွင် အချစ်မရပါ "


https://t.me/blsflix_starinmymind

မိသားစု စီးပွါးရေးအခက်ခဲနဲ့ကြုံတွေ့ရချိန် အလုပ်ပြုတ်သွားလို ချက်ချင်းအဖေ့ရဲ့ ကုန်စုံဆိုင်လေးကို လက်လွှယူလိုက်ရတဲ့ ဝမ်

ဆိုင်မှာအမြဲ အားပေးတတ်တဲ့ ခက်သွက်သွက်ကောင်မလေး မယ်ဝိုနမ်

ခက်ခဲနေတဲ့ ဝမ်ကို နမ်တယောက် အစစအရာရာ ကူညီပေးပြီး အဖေ့ဆိုင်လေးအောင်မြင်ဖို ကူညီရင်း

အနေနီးလို ဖြစ်ပေါ်လာတဲ့ခံစားချက်တွေ နှစ်ယောက်သား ကြိုးစားရင်း ကြုံတွေ့ရမယ့် အခက်ခဲလေးတွေ မထင်မှတ်ထားပဲ ပေါ်ထွက်လာမယ့် လျှိဝှက်ချက်တွေကြား ဝမ်နဲ့နမ်တို လက်တွဲနိုင်ပါ့မလားဆိုတာကို

GMM ရဲ့ First GL Series လေးနဲ့ လူသိများလာခဲ့တဲ့ MilkLove တိုရဲ့ စီးရီးသစ်လေး Whale Store Xo Xo မှာ ကြည့်ရှူခံစားနိုင်ပြီမို BLSFlix နဲ့ အတူတူကြည့်ဖိုအတွက် ဖိတ်ခေါ်ပါတယ်
❤‍🔥2317👍2💯2
A Dream Within A Dream ( အိပ်မက် အဆက်ဆက်)

Join Channel
https://t.me/BLSFLIXChinese08

တရုတ်ကားကောင်းကောင်းလေးတွေ ကြည့်ဖို အောက်က Main Channel လေးတွေကို Join ထားပေးပါဦးနော်

https://t.me/BLSFLIX_ChineseDrama
https://t.me/blsflixchannellink

Synopsis 🤏🏻🤏🏻🤏🏻

တကယ်လို့ သင်သာ ဇာတ်ညွန်းကမ္ဘာထဲ ရုတ်တရက် ရောက်သွားပြီး ဗီလိန်အမျိုးသားဇာတ်ဆောင် နှိပ်စက်တာခံရ၊ စွန့်ပစ်ခံရမယ့်အပြင် ရင်နာစရာဘဝအဆုံးသတ်ရှိတဲ့
အမျိုးသမီးဇာတ်ကောင် ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ 

စုန့်ရှောင်ယွီက စဉ်းတောင် မစဉ်းစားပါဘူး ပြေးနိုင်သမျှ ဝေးဝေးပြေးမှာပါတဲ့ ဒါပေမယ့် သူ ဘယ်လို ပြေးပြေး ဇာတ်ညွှန်းကမ္ဘာထဲက နတ်ဘုရားဖြစ်တဲ့ “ဇာတ်အိမ်”က သူ့ကို အမျိုးသားဇာတ်ဆောင်နန်ဟန်ဆီ တွန်းပို့တာမို့ ဖြစ်ကိုဖြစ်ရမယ့် ဇာတ်ကွက်တွေက ဖြစ်လာတာပါပဲတဲ့ 

တကယ်လို့ ဘဝက အိပ်မက် ဖြစ်နေခဲ့ရင်ရော 
အဲ့ဒီ အိပ်မက်ထဲမှာ နောက်ထပ် အိပ်မက်လို ကမ္ဘာတစ်ခုမှာ ဘဝတစ်ခု ထပ်တည်ရှိနေရင်ရော
ဒါတွေက တကယ်တမ်းကျ အရေးမကြီးလှဘူး 
အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ လူသားစစ်စစ်ပဲ ဖြစ်ဖြစ်၊ စာရွက်ပေါ် မှင်နဲ့ ရေးထားတဲ့ ဇာတ်ကောင်ဖြစ်ဖြစ် သတ်မှတ်ထားတဲ့ ကံကြမ္မာက ရှိနေပြီးသားမို့လေ
ဒီကံကြမ္မာကို လက်ခံမလား၊ တွန်းလှန်မလားဆိုတာကသာ အရေးအကြီးဆုံးပဲ မဟုတ်လား 

သေရမှာ ကြောက်ပြီး ငါးဆားနယ်လေးလို နေချင်တဲ့ စုန့်ရှောင်ယွီက သူ့ဇာတ်ကောင် စုန့်ယီမုန့်ရဲ့ ကြေကွဲစရာ ကံကြမ္မာကို အောင်အောင် မြင်မြင် ပြောင်းလဲနိုင်ပါ့မလား 
လက်တွေ့ကမ္ဘာဆီကိုရော ပြန်နိုင်ပါ့မလား
ရက်စက်၊ အညှာအတာမဲ့တဲ့ စာရွက်ပေါ်က ဗီလိန်အမျိုးသားဇာတ်ဆောင် နန်ဟန်က‌ရော
ဇာတ်ညွှန်းထဲကအတိုင်း တကယ် ဟုတ်ရဲ့လား ဇာတ်အိမ်နတ်ဘုရားက မထည့်ထားပါဘဲ ပြောင်းလဲနေတဲ့ အရာတွေ‌ရှိနေဦးမလားဆိုတာ ဇွန် ၂၆ မှာ စတင် အဖြေရှာလို့ ရပါပြီ 

Go go squid 2 မှာ appledog အဖြစ် လူသိများခဲ့ပြီး အနည်းဆုံး တစ်နှစ်တစ်ခါ ပရိသတ်ရှေ့မှောက် အရောက်ပြန်လာတတ်တဲ့ 
မမ Li Yi Tong အတွက် A dream within a dream က ၂၀၂၅ ထွက် ပထမဆုံးဇာတ်ကားပါ 
The Prisoner of Beauty မှာ ဝေ့ရှောက်အနေနဲ့ အချစ်တွေ ပတ်သိမ်းထားပြီးသား ကိုကို Liu Yu Ning ကတော့ ဒီနှစ်ထဲမှာပဲ နောက်ထပ် အလံနီဇာတ်ကောင်တစ်ခုနဲ့ ပြန်လာတာပါ 
ဝေ့ရှောက်လိုပဲ အလံနီကနေ မနီတနီလေးအဖြစ် ပြောင်းလဲသွားမလား အဆုံးထိ ရဲ‌ရဲတောက်သွားမလား ဆိုတာတော့ အပြီးထိ ကြည့်မှ သိကြရမှာပါ

‌IQIYI က ပလက်ဖောင်းတွေရဲ့ နွေရာသီတိုက်ပွဲမှာ ယုံကြည်ချက်ရှိရှိ ချပြလာတဲ့ ကားမို့ 
ရွယ်တူသူငယ်ချင်းနှစ်ယောက် အတွဲညီညီ သရုပ်ဆောင်ထားတဲ့ ဒီကားက နောက်ထပ်ပေါက်ကားတစ်ကား ဖြစ်လာမှာ အသေအချာပါပဲ
အချိန်နဲ့ နေရာကို ကျော်လွန်ပြီး ဆုံစည်းကြတဲ့ သူတို့ဆက်ဆံရေးက ခွေးသွေးတွေပဲ ပက်မလား ခွေးစာတွေပဲ ကြဲမလားဆိုတာ စောင့်ကြည့်ဖို့ BLSFLIX Channel ကိုပဲ လာလိုက်ကြစို့နော်
31👍2
အမုန်းကလဲ့စား (၂၀၂၅)

https://t.me/+uGj9WIwispsyODQ9

လက်စားချေဖို့အတွက် အချိန်ဆိုတာနောက်ကျသည်မရှိပါဘူးဆိုပြီး ၁၅နှစ်အကြာမှာ လက်စားချေဖို့အတွက် တစ်ခါပြန်ရောက်ရှိလာခဲ့တဲ့ Mayawee ဆိုတဲ့သူမ.....


မမေ့ရက်နိုင်စရာ ကလေးဘဝရဲ့နာကျင်ဖွယ်အမှတ်တရတွေကြားမှာ ပိတ်လှောင်နေခဲ့တဲ့ မိန်းမပျိုလေးတစ်ယောက် လူကုံထံအသိုင်းအဝိုင်းကြားမှာ ခြေဆန့်ဝင်ရင်း ဘယ်လိုလက်စားချေမှုတွေကိုပြုလုပ်သွားမလဲ.....


သူ(မ)ရဲ့မုန်းတီးမှုအရင်းခံ It ဆိုတဲ့သူကိုရော လက်တုံ့ပြန်နိုင်ခဲ့လေမလား....

သူ(မ)ရဲ့အမုန်းတရား မီးတောက်က It တို့လို လူကုံထံမိသားစုတွေကို ဘယ်လိုတိုက်စားသွားလေမလဲဆိုတာတွေကို BLS FLIX Channel ကနေကြည့်ရှုလိုက်ရအောင်ပါ
16
The Promise of The Soul (2025)

https://t.me/blsflix_channel37

ကမ္ဘာပေါ်မှာ လျှိဝှက်ဆန်းကြယ်ပြီး သာမန်လူတွေမယုံနိုင်တဲ့အဖြစ်တွေရှိတတ်ကြပါတယ်...

ဆန်းကြယ်တဲ့ ယာဥ်မတော်တဆမှုပြီးတဲ့နောက်... အသက် 69 နှစ်အရွယ်ရှိတဲ့ Xia Cha က သူ့ရဲ့မြေးဖြစ်သူ Xia Zhe Fang ရဲ့ ခန္ဓာကိုယ်မှာ နိုးထလာခဲ့ပါတော့တယ်...☘️

ငယ်ရွယ်နုပျိုတဲ့ အသွေးအသားနဲ့ ငယ်ရွယ်ရှင်သန်မှုအပြည့်နဲ့ သွားလာလည်ပတ်နေရင်း Ye Hai Yuan  ဆိုတဲ့ ကောင်လေးနဲ့ အခန်းတစ်ခန်းကို အတူတူမျှသုံးဖြစ်တဲ့အခါမှာတော့...☘️

အသက် 20 ခန္ဓာကိုယ်ဆိုပေမဲ့ အသက် 69 နှစ်အရွယ် စိတ်ထားမျိုးရှိနေတဲ့အခါမှာတော့..☘️

သူတိုရဲ့ဘဝတွေရောယှက်နေသလိုမျိုး ကံကြမ္မာနှောင်ကြိုးတွေက မျိုးဆက်တွေ အထောက်အထားတွေကိုဖြတ်ကျော်ပြီး ဘယ်လိုဆုံးရှုးမှုတွေ ဖြစ်ပေါ်လာမလဲ...ဘယ်လိုချစ်ခြင်းမေတ္တာတွေ ပေါ်ပေါက်လာမလဲဆိုတာကို...☘️

စိတ်ကူးယဥ်ဆန်ဆန်လေးနဲ့ ဇာတ်လမ်းလေးက ထူးထူးခြားခြားလေးမို BLSFlix Channel လေးမှာ အတူလိုက်ပါခံစားရင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...☘️

------------------------------
Review By "YAUNG"🌷
85🍓2🥰1
I Became the Main Role of a BL Drama
Season 2 (2025)

https://t.me/Blsflix_JavaneseSeries

ရုပ်ချောပြီး ပျိုမေလေးများကြားထဲရေပန်းစားတဲ့သရုပ်ဆောင်မင်းသား အာကဖူဂျီ ယူအီချီရိုနဲ့ ကလေးသရုပ်ဆောင်အဖြစ် ကျော်ကြားခဲ့တဲ့ အိုယာဂျီ ဟာဂျီမဲတို အောင်မြင်ပြီးသား BL Manga တစ်ခုရဲ့ live-action သရုပ်ဆောင်များအဖြစ် ရွေးချယ်လိုက်ရလိုက်ပါတယ်

ဇာတ်ရုပ်ပီပြင်ဖိုနဲ့လူထုထောက်ခံမှုရရှိဖိုအတွက် သူတိုနှစ်ယောက်ဟာ အတူနေဖို ကံကြမ္မာဖန်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမလဲ အာကဖူဂျီက အိုယာဂျီအပေါ် တိတ်တခိုး ကြွေနေပေမဲ့ သူရဲ့အေးစက်စက် ဆက်ဆံရေးက အာကဖူဂျီအပေါ် ဘယ်လိုမျိုး သဘောထားလွဲချော်မှုများကို ဖြစ်စေမလဲဆိုတာကို BLS Flix channelမှာ စိတ်လှုပ်ရှားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်
54🌚4
MUMU-TOFU STORY (2025)

https://t.me/blsflix_channel38

Fan Service တောင်မဟုတ်ဘဲ Fean Service အဆင့်လောက်သွားရှိတဲ့ BillyBabe ကိုဆို မသိတဲ့သူမရှိလောက်ဘူးထင်ပါတယ်

ဒီတခါတော့ Fean Service စစ်စစ်ကြီးတွေ ခွေးစာတွေကို အဝစားတွေရမယ့် BillyBabe တိုရဲ့ MUMUTOFU STORY လေးကို တင်ဆက်ပေးချင်ပါတယ်

MUMUTOFU STORY ကတော့ BillyBabe တိုရဲ့ Reality Vlog လေးတွေပါ vlog လေးတွေထဲမှာတော့ သူတိုနှစ်ယောက်ရဲ့ တနေ့တာ life experience လေးကို မျှဝေပေးရင်း နှစ်ယောက်သားရဲ့ ရင်းနှီးမှု ဓာတုဗေဒမိမှု skinship တွေကြား နှစ်ယောက်သား ဘယ်လောက်ထိ အသားကျနေမလဲဆိုတာကို ထိထိမိမိနဲ့ မြင်တွေ့ရမှာပါ

တကယ့် အတွဲအစစ်တွေထက်တောင် အတွဲပိုစစ်တဲ့ Billy နဲ့ Babe တိုရဲ့ MUMUTOFU STORY လေးကို BLSFLIX ကနေ ဘာသာပြန်တင်ဆက်ပေးသွားမှာမို အတူတူကြည့်ဖို ဖိတ်ခေါ်ပါတယ်
❤‍🔥5340👍5💯2🤣2
Infidelity It's a disease (2025)

https://t.me/blsflix_ChineseTaiwaneseBL

ဒီတစ်ခေါက် BLS FLIX Channel ကနေ တင်ဆက်ပေးသွားချင်တာကတော့ တရုတ်စီးရီးအတိုလေးတစ်ခုပဲဖြစ်ပါတယ်.....

တစ်ပိုင်းကို ရှစ်မိနစ်နဲ့လေးပိုင်းပဲ လာမဲ့ဒီစီးရီးလေးက တရုတ်ရိုးရာဆေးကိုလူသိများအောင် လုပ်ချင်တဲ့ကောင်လေးတစ်ယောက်နဲ့ တရုတ်တိုင်းရင်းဆေးဆရာလေးကိုမှ သဘောကျမိသွားတဲ့ Customer ကောင်လေးကြားကဆက်ဆံရေးကို ဖော်ညွှန်းရိုက်ကူးပြပေးထားတာပဲဖြစ်ပါတယ်......

ငယ်ငယ်က လူကောင်ညှက်လို အနိုင်ကျင့်မခံရအောင်ဆိုတဲ့စိတ်နဲ့ Gym Trainer ဖြစ်အောင် ကြိုးစားခဲ့တဲ့ Customer ကောင်လေးက တိုင်းရင်းဆေးဆရာလေးရဲ့အသည်းကို ဘယ်လိုခြွေယူသွားလိမ့်မလဲဆိုတာရယ်......

ရည်းစားပွေရှုပ်လွန်းတဲ့ Customer ကောင်လေးကိုရော တိုင်းရင်းဆေးဆရာလေးက ဘယ်လိုဘယ်ပုံတွေချုပ်သွားလိမ့်မလဲဆိုတာရယ်....

အချစ်မှာ ပျော်ဝင်သွားတဲ့ သူတိုနှစ်ယောက်ကြားမှာ ဘယ်လိုလှပတဲ့ဇာတ်လမ်းမျိုးကို တွေ့ရမလဲဆိုတာတွေရယ်ကိုတော့ BLS FLIX Channel ကနေပဲစောင့်မျှော်ကြည့်လိုက်စိုနော်
❤‍🔥3414👍2💯1
ကြိုးဝိုင်းပေါ်က ချစ်ခြင်း

https://t.me/blsflix_channel28

ဒီ “8 count”‌ ဇာတ်ကားလေးဟာဆိုရင်‌ေတာ့
“ထန်” ဆိုတဲ့ ရိုးသားကြိုးစားတဲ့လူငယ်လေးရဲ့ ဇာတ်လမ်းဖြစ်ပါတယ်
ထန်ရဲ့ အိမ်မက်ကတော့ ပရိုဖန်ရှင်နယ် မွေထိုင်း လက်ဝှေ့သမား တစ်ယောက်ဖြစ်ချင်တာပါ
ထန်က အဖေ ကင်ဆာ ဖြစ်နေတဲ့ အဖေကို ပြုစုစောင့်ရှောက်ပေးပြီး အိမ်အလုပ်ကို ကူလုပ် အဒေါ်ကို မုန့်ကူလုပ်ပေး မနက်စောစောဆိုရင်လည်း မုန့်လည်ရောင်း ပြီး ရိုးသားကြိုးစား ကူညီ‌တတ်တဲ့ လူငယ်လေးပါ

“လင့်” ဆိုတဲ့ မိန်းခလေးက နာမည်ကြီးတဲ့ လက်ဝှေ့ကြိုးဝိုင်း ပိုင်ရှင်ရဲ့ သမီးတစ်ယောက်ပါ
သူမရဲ့ အိမ်မက်ကတော့ တစ်နေ့နေ့ကျရင် သူမဟာ အောင်မြင်တဲ့လက်ဝေ့ပွဲ promoter တစ်ယောက်ဖြစ်ချင်တာပါ သူမစီစဉ်တဲ့ လက်ဝှေ့ပွဲမှာဆိုရင် ‌အလောင်းအစားလုပ်တာတို မရှိ‌‌ေစရပါဘူး “လောင်းကစားဆိုတာမရှိတော့ရင် လက်ဝှေ့သမားတွေလည်း ရိုးသားစစ်မှန်တဲ့ အရည်အချင်းအစစ်အမှန် နဲ့ ယှဉ်ပြိုင်ကြမယ်” လို သူမ ယုံကြည်ပါတယ်

“လင့်”က “ထန်”ရဲ့အရည်အချင်းနဲ့ ရိုးသားမှုကို မြင်တော့ “ထန်”ကို သူမရဲ့ လက်ဝှေ့အသင်းမှာပါဝင်ဖို ကမ်းလှမ်းလာပါတော့တယ်..

“လင့်” ရဲ့ စေ့စပ်ထားတဲ့သူ ဖြစ်တဲ့ “ပရို” ဟာဆိုရင်တော့ ထိပ်တန်း လက်ဝှေ့သမား ဖြစ်ပြီး ပြိုင်ဖက်အပေါ် လုံးဝငံ့ညှာမှု မရှိတဲ့ ရက်စက်ကြမ်းကြုတ်တဲ့သူပါ

“ပရို” နဲ့ “ထန်” ကြားက တင်းမာမှုတွေ ယှဉ်ပြိုင်မှုတွေနဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကိုလည်းတွေ့မြင်နိုင်မှာပါ..

ပြိုင်ပွဲတစ်ခုမှာ “ပရို” က “ထန်” ကို ကျဆုံးသွားအောင် ထိုးနှက်ခဲ့ပါတယ်..

“ထန်”က နာကြည်းပြီး ပျောက်ကွယ်သွားခဲ့‌ပြီး ခရုဆက် (Kru Sak) ဆိုတဲ့ အငြိမ်းစားလက်ဝှေ့သမားဆရာတစ်‌ေယာက်ရဲ့လက်အောက်မှာ ပြန်လေ့ကျင့်ပြီး နည်းစနစ်အသစ် စိတ်သစ်လူသစ်နဲ့ပြန်လာပါတယ်။ ထန်ဟာ အခုအ‌ေခါက်မှာ ကြော်ကြားမှုထက် အချစ်, အမှန်တရား, နဲ့ ကိုယ်ပိုင်ဂုဏ်သိက္ခာအတွက် တကယ့်နည်းနဲ့ ပြန်ရင်ဆိုင်လာပါတော့တယ်…
16❤‍🔥4👍2
Taste (2025)
" လူငယ်ဘဝ "

https://t.me/blsflix_channel21

ဘမ်ဘီအဖြစ် - Mabelz Suchada Sonphan
ပယူအဖြစ် - Anthony Buisseret
ဒရင်အဖြစ် - Charlette Wasita Hamenau
ဒီဇယ်အဖြစ် - Phuwin Tangsakyuen
မုမ်အဖြစ် - Saharat Thiampan
တိုကျိူအဖြစ် - Pannawit Sirikiatwanich
နမ့်ခမ်အဖြစ် - Phruechai Ruayfuphan
လုဂျန်အဖြစ် - Ninna Yanin Opassathaworn

အရသာကောင်းတစ်ခုက သင့်ကိုအောင်မြင်မှုဆီ ချီသွားနိုင်တယ်။ ဒါပေမဲ့ အဲဒီအရာအတွက် ပြန်ပေးဆပ်ရမယ့်အရာရှိတယ်။

ပြိုင်ဆိုင်မှုတွေနဲ့ ပြည့်နှက်နေတဲ့လောကကြီးမှာ “ထူးခြားတယ် (သို) ကောင်းမွန်တယ်” ဆိုတဲ့အရာဟာ လူ့ဘဝကိုအောင်မြင်မှုဆီ ချီသွားနိုင်စေတဲ့ Key တစ်ခုဖြစ်လာပါတယ်။ ထိုလောကထဲမှာ ကျင်လည်နေတဲ့ ဘမ်ဘီ က သူမဘဝဟာ အခြားသူတွေထက် နိမ့်ကျတယ်လို ခံစားနေသူဖြစ်သည်။ မိမိကိုယ်ကို ထင်ရှားအောင်ဖော်ပြနိုင်ဖို၊ လူတွေရဲ့သတိထားမှုကိုဖမ်းစားနိုင်ဖို ဘမ်ဘီက လုပ်နိုင်သမျှကို ရန်းကန်ကြိုးစားခဲ့ပြီး တစ်ညအတွင်း viral ဖြစ်လာပါတယ်။

ထိုအောင်မြင်မှုက သူမကို တစ်ချက်တည်းနဲ့ ဒီလောကထဲသို ရောက်လာခဲ့ပါတယ်။ သိုသော် ဒီလို privileged လောကမှာ ချမ်းသာမှုနဲ့ အလှအပတွေမက ပြင်ပကြည့်ရလှပသော်လည်း အတွင်းမှာတော့ တကယ်ကြမ်းတမ်းတဲ့အမှန်တရားတွေရှိနေပါတယ်။ ကိုယ်ရောက်နေတဲ့အနေအထားကို ဆက်လက်ထိန်းသိမ်းချင်တယ်ဆိုရင်တော့ ဘမ်ဘီဟာ အန္တရာယ်ပြည့်နှက်တဲ့ လမ်းကြောင်းတစ်လျှောက်ကို မလွဲမရှောင် လျှောက်သွားရမှာဖြစ်ပြီး ဘယ်လိုတွေဖြတ်ကျော်သွားမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။
❤‍🔥2320👍1💯1