Review by BLSFLIX
27K subscribers
829 photos
770 links
Download Telegram
SmartBoom Diary's (2025)

https://t.me/blsflix_channel24

ကဲ ထုခွန်တို့ရေ.... ပျားရည်ဇာတ်လမ်းလေးပြီးသွားတော့ လွမ်းနေကြတဲ့သူလေးတွေရှိကြလား...🍯

လွမ်းနေကြတဲ့ သူလေးတွေအတွက် SmartBoom's Diary လေးလာပါပြီနော်....

Age Gap (10) နှစ်တောင်ကွာတဲ့ P'Boom  နဲ့ N' Smart တို့ရဲ့ show အသစ်လေးကို ညွှန်းပေးပါ့မယ်နော်....

ပျားရည်သောက်လိုက်ရသလို ချိုချိုလေးခံစားရမဲ့ Show လေး..🍯

နှစ်ယောက်အတူတူ မုန့်တွေစားပြီး အပင်လေးတွေစိုက်ကြမယ်... ချစ်စရာကောင်းတဲ့ moments လေးတွေနဲ့အတူတူ....

N'Smart စလိုက်ရင် ပေါ်လာတဲ့ P'Boom ရဲ့ Natural Blush လေးတွေကိုလည်း ကြည့်ရမှာပါနော်

သရဲကြောက်တတ်တဲ့ N'Smart က ထွက်ပြေးရင်တောင် P'Boom ကို ဆွဲခေါ်ပြေးတာလေးတွေ...🍯

P'Boom က သရဲကြောက်တတ်တဲ့ N'Smart ရဲ့ရှေ့ကနေ ဘယ်လိုကာကွယ်ပေးမလဲဆိုတာလေးကို ကြည့်ရမှာဖြစ်တဲ့အတွက်...

ပျားရည်လေးကို လွမ်းနေတဲ့သူလေးတွေက BLSFlix Channel လေးကနေ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်....🍯
109❤‍🔥5👍5💔2🔥1😭1
စီးပွားရေး စိန်ခေါ်သံ (2025)

https://t.me/+ZDcsBPQzUqJmMzU1

ကဲ.. BLSFlix ပရိတ်သတ်ကြီးတို ရိုရိုချိုချို လေးတွေကြည့်ရတာ ပျင်းနေပြီလား

ဒီဇာတ်လမ်းလေးကို ကြည့်ဖိုအကြံပေးချင်ပါတယ်နော်...

ငယ်ရွယ်သူတွေက ဘယ်အချိန်ထိ လမ်းလွဲနေတတ်လဲ...
လမ်းပျောက်နေတတ်လဲ...


ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ကတော့ သူ့ရဲ့ လမ်းမပေါ်က အပေအတေဘဝကို စွန့်လွှတ်လိုက်တဲ့အခါမှာ ဘယ်လိုအခွင့်အလမ်း အသစ်တွေ ရောက်ရှိလာမလဲ...

အခွင့်အလမ်းတွေရှိလာတာနဲ့အမျှ
ဘယ်လိုစိန်ခေါ်မှုမျိုးတွေ ကြုံရလာနိုင်လဲ...

လူငယ်တစ်ဦးဖြစ်တဲ့အလျောက် ဘယ်လို အခက်အခဲတွေကြုံလာရနိုင်လဲ...

ဘယ်လိုအင်အားကြီးတဲ့လူတွေနဲ့ ရင်ဆိုင်ရမလဲ.. ဆိုတာတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမဲ့  ဒရမ်မာ လေးဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်....🖤
15
Denied Love (2025)

https://t.me/BLSFLIX_GL

အဖေဖြစ်သူရဲ့ အခြေအနေတစ်ခုကြောင့် ရောက်လာခဲ့တဲ့ သူမ....🍬

အမွေဆက်ခံခွင့်အတွက် Phraenarin တစ်ယောက် Khemkira ကို နှစ်နှစ်ကြာလက်ထပ်ရမဲ့အခြေအနေရောက်လာတဲ့အခါမှာတော့...🍬

မသိတဲ့ ကလေးတစ်ယောက်နဲ့ လက်ထပ်ရမဲ့အခြေအနေမှာ Phraenarin တစ်ယောက် ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်လာရမလဲ .....🍬

လက်ထပ်ရမဲ့ ကောင်မလေးကလည်း ဘယ်လိုတွေ ဖြားယောင်းသွေးဆောင်မလဲ....🍬

ကောင်မလေးရဲ့ နည်းလမ်းတွေက  Phraenarin အပေါ် အကျိုးသက်ရောက်မှုရှိလာပါ့မလား...🍬

"Khem က သူ့ရဲ့အိမ်စာတွေ(ဖြားယောင်းသွေးဆောင်မှု)ကို ကောင်းကောင်းမွန်မွန်းကြိုးစားပြီး လုပ်နေတာကို မင်းက ကျရှုးမသွားဘူးလား"

"မဖြစ်ဘူး! ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး... လုံးဝမဖြစ်နိုင်ဘူး.."

ကဲ.... ကြွေးကြော်ထားတဲ့သူကြီးတစ်ယောက် အိမ်စာပုံမှန်လုပ်တဲ့ ကောင်မလေးအပေါ်ကို တကယ်ပဲ ကျရှုးသွားမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ BLSFlix Channel လေးမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်..🖤
38❤‍🔥2👍2🔥2
One: High School Heroes

https://t.me/+267WPac0Ggo4NmE1

Weak Hero Class , Study Group တို့လို့ အထက်တန်းကျောင်းသား အက်ရှင် ဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် အက်ရှင် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Moving ထဲက Lee Jung Ha, Kim Do Wan တို့အပြင် နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ အထက်တန်း ကျောင်းသား အက်ရှင် ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

ဂင်အီဂယောင်းက တစ်ကျောင်းလုံး အဆင့်တစ်ရပြီး စာအရမ်းတော်တဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဂင်အီဂယောင်း တစ်ယောက် ကျောင်းအသစ်ကို ပြောင်းလာခဲ့ရင်း ကျောင်းတွင်း အကြမ်းဖက်တဲ့ အုပ်စုနဲ့ ပတ်သတ်မိခဲ့ပါတယ်။ ထိုအုပ်စုကို ပြန်လည်တိုက်ခိုက်ဖို့အတွက် ဂန်ယွန်းဂီနဲ့ ပူးပေါင်းပြီး ဘယ်လို ပညာပေးကြမလဲဆိုတာကို ရင်ခုန်စွာ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။

One High School Hero ဇာတ်လမ်းတွဲကို ဒီနေ့ လေးပိုင်း ထုတ်လွှင့်ခဲ့ပြီး ကျန်လေးပိုင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ နှစ်ပိုင်းဆီ ထုတ်လွှင့်မှာ ဖြစ်ပြီး စုစုပေါင်း ၈ ပိုင်း ပါဝင်မှာ ဖြစ်ပါတယ်။
88🍓4👍2
Oh My Ghost Clients

https://t.me/+mkLYUWAZlAo3YTI9

Hospital Playlistနဲ့ Crash Course in Romanceတို့လို နာမည်ကြီးဇာတ်ကားတွေထဲက အဓိကမင်းသားချောလေး Jung Kyung Hoရဲ့ ဇာတ်ကားသစ်လေးဖြစ်တဲ့ Oh My Ghost Clientsကားကို ဒီတစ်ခါ BLSFLIX ချန်နယ်ကနေပြီးတော့ ဘာသာပြန်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်မင်းသမီးလေးကလည်း Business Proposalထဲက ဒုတိယမင်းသမီးလေးဖြစ်တဲ့ Seol In Ahပါ။

No Mu Jin(Jung Kyung Ho)ဟာ အလုပ်သမားရှေ့နေတစ်ယောက်ဖြစ်ပြီး ဘယ်သူ့မျက်နှာမှမထောက် ငွေကိုသာ ရှေ့တန်းတင် ဦးစားပေတဲ့ ရှေ့နေတစ်ယောက်ပါ။ Na Hui Ju(Seol In Ah)ကတော့ ဦးနှောက်နဲ့ဖြေရှင်းရတဲ့ အမှုတွေနဲ့ ကြုံလာရင် No Mu Jinကို ဘေးကနေ အကုန်လုံးကူညီဖြေရှင်းပေးရတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်။ ပြီးတော့ Video Creatorတစ်ယောက်ဖြစ်တဲ့ လူချောလေး Ko Gyeon Uကလည်း သူတို့တွေနဲ့ တစ်မျိုးတစ်ဖုံဆက်စပ်နေတဲ့သူ။

ဒီလိုနဲ့ No Mu Jinက မတော်တဆမှုဖြစ်ပြီး သေခြင်းတရားနဲ့မျက်ဝါးထင်ထင်ရင်ဆိုင်လိုက်ရပါလေရော။ လူ့ဘ၀ကို ပြန်ပြီးတန်ဖိုးထားတက်လာရုံသာမက သူ့မှာသရဲတွေကိုပါ မြင်နိုင်လာတဲ့ အစွမ်းရှိလာတဲ့အခါ No Mu Jinက လူတွေအတွက်သာမကဘဲ မတရားခံလိုက်ရတဲ့ အလုပ်သမားသရဲတွေအတွက်ပါ အမှုတွေစတင်ပြီးလိုက်ရပါတော့တယ်။

သရဲမြင်ရသူရယ်၊ ဉာဏ်ကြီးရှင်မမရယ် ကိုလူချော‌ငယ်လေးရယ် သူတို့သုံးယောက်ပေါင်းပြီး မတရားခံရတဲ့ အလုပ်သမားတွေအတွက် အမှုတွေကိုဘယ်လိုဖြေရှင်းပေးကြမလဲ။ ဇာတ်ကားလေးက ဟာသနှောတယ်‌ဆိုပေမဲ့ တကယ့်အပြင်လောကမှာလည်းဖြစ်ပျက်နေတဲ့ အလုပ်သမားတွေ မတရားခံရ ခေါင်းပုံဖြတ်ခံနေရတဲ့ကိစ္စတွေကို ထင်ထင်ရှားရှားပြသထားတာမလို့ လုံး၀လက်လွှတ်မခံဘဲ BLSFLIXချန်နယ်မှာ စောင့်ကြည့်လိုက်ကြရအောင်နော်။
48👍4🥰2🤯1
Happiness (2025)
"ခြောက်ခြားဖွယ်ရာ ကောင်းကင်ဘုံ"

https://t.me/blsflix_channel17

ကောင်းကင်ဘုံဆိုတဲ့နာမည်နဲ့ကွန်ဒိုတစ်ခုဟာ ကြည့်လိုက်ရင်တော့ နေချင်စရာကောင်းတဲ့ နေရာလေးတစ်ခုပါ ဒါပေမယ့်မကြာခင်မှာပဲ ကြောက်စရာကောင်းတဲ့ နေရာတစ်ခုဖြစ်သွားပါတော့တယ်။

အဲ့ကွန်ဒိုဝန်းထဲကိုတစ်စုံတစ်ယောက်က ပြောင်းရွှေ့လာပြီးတဲ့ အချိန်မှာတော့ထူးဆန်းတဲ့ ဇွန်ဘီတစ်ကောင်လို ပြောင်းလဲသွားနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပွါးတဲ့အတွက် အာဏာပိုင်များကအဲ့နေရာကို ကန့်သတ်နယ်မြေ လုပ်လိုက်ရပါတော့တယ်။

အဲ့ရောဂါဖြစ်ပွါးတာကိုထိန်းချုပ်ကန့်သတ်ဖို့ ရဲအရာရှိများဖြစ်တဲ့ ရမ်နဲ့ပရတ်တို့ကကြိုးစားရာမှာ သူတို့တာဝန်ကပုံမှန်ထက်ပိုခက်ခဲတဲ့အလုပ် ဖြစ်တာကို တွေ့ရှိလာပါတော့တယ်။ ရောဂါဖြစ်ပွါးမှုက ပိုမိုဆိုးရွားလာပြီး အဲ့ဝန်းမှာနေထိုင်တဲ့ သူတိုင်းက တစ်ယောက်ကိုတစ်ယောက် သံသယတွေဝင်မလိုမုန်းထားတွေဖြစ်လာပါတော့တယ်။
ဒီပြဿနာကို ရမ်နဲ့ပရတ်တို့ကအချိန်မှီဖြေရှင်းနိုငမလားဆိုတာကို BLSFLIX channel မှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး...

Love By Chance ရဲ့ မင်းသားတစ်ဉီးဖြစ်တဲ့ Saint ကအဓိကဇာတ်ဆောင်အနေနဲ့ ပါဝင် သရုပ်ဆောင်ထားတာ ကိုတွေ့ရမှာလဲဖြစ်ပါတယ်
51👍2
B-Friend (2025)

https://t.me/blsflix_channel39

hello, ဒီတစ်ခါ တိုရဲ့ BLSFLIX channel ကနေ တင်‌ဆက်ပေးသွားမဲ့ ကားလေးကတော့
B-Friend ဆိုတဲ့ Gl ကားလေး ဖြစ်ပါတယ်
ဒီကားလေးက စာရေးဆရာ Guy Suwannaroj ရဲ့ လက်ရာဖြစ်တဲ့ B-Friend ကို အသက်သွင်းထားတာပဲဖြစ်ပါတယ် ဒီကားလေးက လန်ဆိုတဲ့ Tomboy လေးရယ် သူ့ရဲ့ လက်ရှိကောင်မလေး ဒါဝမ်နဲ့ ရည်းစားဟောင်း လလင်တိုကို သုံးပွင့်ဆိုင်ပုံစံမျိုးလေးနဲ့ ကြည့်ရမှာပါ လလင်က ခေါင်ယိုင်မှာ Resort ဖွင့်ထားတဲ့ CEO ပေါ့နော် လန်နဲ့ ဒါဝမ်က ခေါင်ယိုင်ကို လာလည်ရင်း လန်က လလင်ရဲ့ resort မှာလာတည်းတယ်ပေါ့နော် ထူးဆန်းတာက လလင်ရဲ့ ဆယ်ကျော်သက် ပုံစံလေးက လက်ရှိ လန်ကောင်မလေးနဲ့ တပုံစံတည်း ဖြစ်နေတဲ့အခါ
လလင်တစ်ယောက်တကယ်ပဲ လန်က သူကို ကြိုက်နေသေးတယ်လို ထင်သွားမလား
လန်ကရော လလင်ကို မမေ့နိုင်လို ဒါဝမ်ကို အစားထိုးခဲ့တာလား
ဒါဝမ်ကရော လန်နဲ့ လလင်ရဲ့ အတိတ်အကြောင်းကို သိသွားတဲ့အခါမှာ _
ဘယ်လို တုန့်ပြန်မလဲဆိုတာတွေကို ရိုရိုချိုချိုကို သံပုရာသီးလေး နည်းနည်းညစ်ထည့်ပြီး သောက်ရမှာပါလို
ဒီကားလေးက စာရေးဆရာနဲ့ ဒါရိုက်တာရဲ့ အနုပညာ လက်ရာပေါင်းစပ်မှုကို လှလှပပ လေး ထုတ်ပြပေးပြီး မိန်းကလေး တစ်ယောက်က မိန်းကလေး တစ်ယောက်ကို ချစ်မိတဲ့အခါမှာ ဘယ်လို အချစ်မျိုးကို လက်ခံရမလဲဆိုတာမျိုးကိုလည်း ဖော်ပြပေးမဲ့ အချစ်ဟာသကားကောင်းကောင်းလေးပဲ ဖြစ်ပါတယ်။
ဆိုတော့ ထုခွန်တိုရေ ကားလေးကို စောင့်ကြည့်ဖို မမေ့ကြနဲ့နော်။ ။
26
Trapped In Osaka (2025)

https://t.me/blsflix_channel6

Relationship တစ်ခုမှာ ယုံကြည်မှုနဲ့ နားလည်မှုက အဓိက အရေးပါတဲ့အချက်ပဲ...

တစ်ဖက်က ယုံကြည်မှုမရှိပဲဖြစ်ဖြစ် နားလည်မှုမရှိရင်ပဲဖြစ်ဖြစ် ကြားထဲက ဆက်ဆံရေးက တည်မြဲမှုမရှိတတ်ပါဘူး...

ဒီဇာတ်ကားလေးထဲမှာတော့ ChenXi တစ်ယောက် သူ့ချစ်သူရဲ့ ကုသမှုအတွက် ငွေတိုးချေးတဲ့သူတွေဆီကနေ ပိုက်ဆံချေးပြီး ကုသမှု ပြုလုပ်ပေးခဲ့ပါတယ်....🍁

ဒါပေမဲ့ ကံမကောင်းစွာနဲ့ ကုသမှုက ကျရှုးသွားခဲ့ပြီး သူ့ချစ်သူကလည်း ထွက်ပြေးသွားခဲ့ပါတော့တယ်...🍁

ChenXi တစ်ယောက် ကုသမှုအကြွေးတွေကို မဆပ်နိုင်တော့တဲ့အဆုံး.. သေဖိုတောင်မျှော်လင့်ထားခဲ့ပါတယ်..🍁

တစ်ရက် သူ့ဆီကို အကြွေးလာတောင်းတဲ့ ကောင်လေးတစ်ယောက်...🍁

လူဆိုးလူမိုက်လုပ်နေပေမဲ့ သွေးမြငရင် မေ့လဲတတ်တဲ့ ကောင်လေးတစ်ယောက်...🍁

မီတာမဆောင်လို မီးဖြတ်ခံထားရပြီး ညစ်ပတ်ရှုပ်ပွနေတဲ့ အခန်းကျဥ်းလေးထဲမှာ အတူတူနေမိသွားတဲ့အခါမှာတော့....🍁

အိုဆာကာရဲ့ အခန်းနေရာကျဥ်းလေးထဲမှာ အချင်းချင်းမျှဝေပေးမှု၊ ရုန်းကန်ရမှု၊ ကယ်တင်ခြင်းတွေနဲ့  အပြန်အလှန် နားလည်မှုတွေရှိလာခဲ့ပါတော့တယ် ....🍁

ဒီကောင်လေးနှစ်ယောက်ရဲ့ ဘဝခရီးလမ်းက သာယာဖြောင့်ဖြူးပြီး လှလှပပအဆုံးသတ်နိုင်မလားဆိုတာကို...
BLSFlix Channel လေးမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်🐳
55❤‍🔥10
Thun Thai "ထိုင်းနိုင်ငံမှ ဒေသခြောက်ခုအလှ"
Thui Ja (2025)


https://t.me/blsflix_channel21

အမေဆုံးပြီးနောက်မှာပဲ အမေတန်ဖိုးထားခဲ့တဲ့ကျွဲမလေး နမ်အွိင်းကိုဆုံးရှုးခဲ့ရတဲ့ Thiu

နာကျင်မှုတွေနဲ့ အထီးကျန်နေရတဲ့ Thiu က နမ်အွိင်းမွေးခဲ့တဲ့ ကျွဲပေါက်လေး Thui ကိုစောင့်ရှောက်ရင်း ဘုန်းကြီးရဲ့လမ်းပြမှုနဲ့ အင်အားတွေရလာခဲ့တယ်💪💪

Nuengruethai ဆိုတဲ့ကောင်မလေးနဲ့တွေ့ပြီးအထီးကျန်မှုတွေ ဖြေဖျောက်နိုင်ခဲ့ပေမယ့်
Nuengruethai ကမနာလိုပြီး Thui ကိုခိုးရောင်းလိုက်တဲ့အခါ👀

ချန်ပီယံJao Ruay နဲ့ယှဥ်ပြိုင်ပြီး အဆင့်မြင့်ကျွဲပြိုင်ပွဲကိုဝင်ပြိုင်ဖိုဖြစ်လာတဲ့အခါမှာတော့💢💢

Thiuတစ်ယောက်ဘယ်လိုအခက်အခဲတွေကျော်ဖြတ်ပြီး ကြိုးစားရမလဲဆိုတာကို 🤔

BLSFlix မှာရင်ခုန်စိတ်လှုပ်ရှားစွာစောင့်မျှော်ကြည့်ရှူနိုင်ပါပြီနော်
7🔥7
Reset (2025)
" ကြယ်ပွင့်တပွင့် ပြန်လည်မွေးဖွားခြင်း "


https://t.me/+96vJBPKElbFkYWRl

အချစ်ဆုံးသူငယ်ချင်းနဲ့ ကိုယ်ချစ်သူဖောက်ပြန်တာကို မျက်မြင်တွေ့ရပြီးနောက် မထင်မှတ်ဘဲ သေဆုံးသွားခဲ့ရတဲ့ နာမည်အကြီးဆုံး အနုပညာရှင် မင်းသား အာမင်

သေဆုံးခြင်းက အဆုံးသတ်မဖြစ်စေဖို မတရားသေဆုံးခဲ့ရသူအတွက် ကောင်းချီးပေးအပ်ခံရတာလားမသိပေမယ့် အာမင်တယောက် ပြန်လည်မွေးဖွားခွင့်ရရှိခဲ့ပါတယ်

အချိန်တွေကို နောက်ဆုတ်ခွင့်ရချိန် ထူးခြားတဲ့ပရိတ်သတ်တယောက်နဲ့ဆုံတွေ့ခွင့်ရခဲ့ပြီး သူရဲ့ အောင်မြင်ခဲ့တဲ့ အနုပညာသည်ဘဝစီပြန်လျှောက်လှမ်းဖို ကြိုးစားတဲ့အခါ

ကံကြမ္မာတွေ အသစ်တဖန်စခွင့်ရတဲ့အခါ အရင်လို အောင်မြင်တဲ့အနုပညာရှင်ဖြစ်ခွင့်ရပါ့မလား ကြုံတွေ့ရတဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ

Time Travel တို Rebirth တိုလို ဇာတ်လမ်းမျိုး ကြိုက်တဲ့ BL ပရိတ်သတ်တိုအတွက် ထိထိမိမိကြည့်နိုင်မယ့် Fantasy BL Genre အမျိုးအစားမို လက်မလွှတ်တမ်းကြည့်ရှူနိုင်ဖိုအတွက် BLSFLIX ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
125❤‍🔥8👍6🥰6
Queen's House (2025)

https://t.me/blsflixchannel24


YL ဂရု ဒီ‌ဇိုင်းဌာနရဲ့ အငယ်ဆုံးခေါင်းဆောင် သူဌေးသမီးလေး ဂန်ဂျယ် ဟာ YL ဂရုရဲ့ ဒါရိုက်တာ
ဟွမ်ဂီချန်းနဲ့ လက်ထက်ခဲ့တယ်။ ဂန်ဂျယ်ဟာ သူ့ယောကျာ်းလိုမဟုတ်ပဲ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းချင်သော်လည်း လူအများရဲ့ မလိုမုန်းထားခြင်းတွေကိုပဲ ခံခဲ့ရတယ်။ မတော်တဆမှု တစ်ခုကနေပြီး ဂန်ဂျယ်ရဲ့ ဘဝ ဘယ်လို အကြီးအကျယ် ပြောင်းလဲသွားမလဲ.....

ကြင်နာတတ်တဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်
ဖြစ်တဲ့ ကင်ဒိုယွန်းဟာ သူ့ရဲ့ တန်ဖိုးထားရတဲ့ တစ်စုံတစ်ယောက်ကို ဆုံးရှုံးလိုက်တဲ့ အခါမှာတော့ လက်စားချေဖို့ ဆုံးဖြတ်ခဲ့ရာက ဘယ်လို အချစ်အမုန်း လက်စားချေမှုတွေကို မြင်ရမလဲဆိုတာ ဇာတ်ကားလေးမှာ စောင့်ကြည့်လိုက်ကြရအောင်
20
The Comic Bang ( ကာတွန်းကမ္ဘာမှ အကြင်နာ)

https://t.me/blsflixchannel07

ဒီတစ်ခါ BLSFLix ချန်နယ်ကနေ တင်ဆက်ပေးသွားမဲ့ ဇာတ်ကားလေးကတော့ အလွန်ရို အလွန်ချိုကိုမှ ဟာသလေးတွေနှောပြီးကြည့်ရမဲ့ The Comic Bang(ကာတွန်းကမ္ဘာမှ အကြင်နာ) ဆိုတဲ့ ဇာတ်ကားလေးပါ။ မင်းသမီးလေးက တစ်လောကမှဇာတ်သိမ်းသွားတဲ့ Love In Pavilionထဲက Shen Yueလေးဖြစ်ပြီး မင်းသားကတော့ Wang Jing Xuanဖြစ်ပါတယ်။

သိပ္ပံမေဂျာသမားလေး Lu Ye Qi(Wang Jing Xuan)က ကာတွန်းရေးဆရာ‌‌တစ်ယောက်ဖြစ်ပြီး သိပ္ပံမေဂျာသမားဖြစ်သည့်အလျောက် အချစ်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေရေးရရင် သူ့မှာခဏခဏအခက်တွေ့နေရပါရော။ ဒီလိုနဲ့ သူ့ကိုသဘောကျမိတဲ့ ကောင်မလေး Zuo Qian Dai(Shen Yue)က သူ့ရဲ့ မဟာအချစ်ဇာတ်လမ်းဖြစ်မြောက်ရေးကြီးထဲ ကူညီပေးရမဲ့သူတစ်ယောက်ဖြစ်လာတဲ့အခါ။

ကာတွန်းတွေရေးဆွဲရင်း လူရိုးကြီး Ye Qiဟာ Qian Daiအပေါ် ရင်ခုန်လာမိတဲ့အခါ။ ဒီလိုနဲ့ နှစ်ယောက်သားရဲ့ဆက်ဆံရေးဟာ ဓာတုဗေဒမိမိ ဘယ်လိုတွေတိုးတက်လာမလဲ။ ဘယ်လိုတွေ စောင်ကိုက်ရတဲ့အထိ ရိုနေအောင် ကြည့်ရမလဲ‌ဆိုတာကို သိချင်ရင်တော့ BLSFLIXချန်နယ်မှာ လက်မလွှတ်တမ်းစောင့်ကြည့်လိုက်ကြရအောင်နော်။
22🕊1
NANA bnb with SEVENTEEN (2025)

https://t.me/blsflix_variety

ပြန်ပေးဆွဲခံလိုက်ရတဲ့ လူချောလေး ၁၂ ယောက် ....

Nana BNB မှာ Seventeen အဖွဲသားတွေရဲ့ ဂယက်တစ်သိန်းကို ကြည့်ရှုခံစားရဦးမယ့် Nana BNB with Seventeen ရှိးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်

ပီဒီနာယောင်းဆော့နဲ့အတူတူ ဂိမ်းတွေကစားရင်း ဥာဏ်ကြီးရှင်အိုင်ဒေါများရဲ့ အတည်ပေါက်ကြီးနဲ့ ဟာသတွေကိုလည်း ခံစားရစေမှာပါ အပိုင်း ၃ ပိုင်း ပါဝင်မှာဖြစ်ပြီး တနင်္လာနေ့တိုင်းထွက်ရှိလာမှာမလို Bls မှာ မဖြစ်မနေစောင့်ကြည့်ပေးပါဦးနော်
42❤‍🔥6
Mercy For None

https://t.me/+mwZ9wp5uujozZjk1

Actionကားမှ ကြည့်ချင်တဲ့ K-Drama ပရိတ်သတ်တွေအတွက် ဒီတစ်ခါမှတော့ Mercy For Noneဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက Webtoon 'Plaza Wars'ကို ပြန်လည်ပြီးတော့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။

Nam Gi Junဟာ Bongsanဂိုဏ်းရဲ့ အရေးကြီးအဖွဲ့၀င်တစ်ယောက်ဖြစ်ပြီး အင်မတန်မှကြမ်းတဲ့ ဂိုဏ်းစတားကြီးပါ။ ဒါပေမဲ့ တစ်ဦးတည်းသောရှိတဲ့ ညီလေး Nam Gi Seokက Bongsanဂိုဏ်းရဲ့ ပြိုင်ဘက်ဂိုဏ်းဖြစ်တဲ့ Joowoonဂိုဏ်းကိုမှ ၀င်လေတော့ ညီအစ်ကိုနှစ်ယောက်ကြား ပိုပြီးတော့ ပြဿနာတွေမကြီးရလေအောင် Nam Gi Junက ဂိုဏ်းကနေထွက်ပြီးတော့ သာမန်ဘ၀မှာပဲ ကျက်စားကျင်လည်ပါတော့တယ်။

ဒီလိုနဲ့ ဆယ့်တစ်နှစ်ကြာတဲ့အချိန်မှာ ကိုယ်ပိုင်လုပ်ငန်းလေးပိုင်ဆိုင်နေပြီဖြစ်တဲ့ Nam Gi Junဟာ ညီဖြစ်သူရဲ့သေဆုံးမှုကြောင့် လူမိုက်လောကထဲကို ပြန်ရောက်လာရာကနေစပြီးတော့ ညီဖြစ်သူ Nam Gi Seokရဲ့ သေဆုံးမှုနောက်ကွယ်က အမှန်တရားကို ဘယ်လိုတွေအသက်နဲ့ရင်းပြီး ကြိုးစားရှာဖွေသွားမလဲ။ မင်းသားကြီးတွေအပြင် Gong Myung( Way back love)တို့ Choo Young Woo( The Trauma Code)တို့လို မင်းသားငယ်‌ငယ်ချောချောလေးတွေလည်း ပါ၀င်နေသေးတာမလို့ BLSFLIXချန်နယ်မှာလက်မလွှတ်တမ်းစောင့်ကြည့်လိုက်ကြရအောင်နော်။
28🤯1
Feud ( ရှင်သန်ခြင်းမြစ်ဖျားက အလွမ်းစကား)

https://t.me/blsflixchannel21

လူ့ပြည်မှာ စစ်ပွဲတွေဆင်နွှဲပြီးသွားပြီဆိုတော့ ဒီတစ်ခါတော့ တရုတ်ကားချစ်သူတွေ စောင့်မျှော်နေကြတဲ့ နတ်ပြည်တက်ပြီး သွေးအန်ရမဲ့ Bai Luနဲ့ Joseph Zengတို့ရဲ့ ဇာတ်ကား Feud(Lament of the River Immortal)ကို BLSFLIXချန်နယ်ကနေဘာသာပြန်ပြီးတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။

နတ်မင်းကြီးလေးပါးရဲ့ ကောင်းချီးကိုရထားတဲ့ စွမ်းအားကြီးအမတ Li Qing Yue(Bai Lu)နဲ့ သာ့ချန်ရဲ့ လေးစားကြည်ညိုရတဲ့နတ်မင်း Bai Jiu Si(Joseph Zeng)တို့က အချင်းချင်းစိတ်၀င်စားနေခဲ့ကြပေမဲ့ နှစ်ယောက်ကြား အထင်လွဲမှုအကြီးကြီးပေါ်ပေါက်ကာ နာကျည်းမှုတွေနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။

ဖူးစာဖက်တွေဖြစ်ပြန်တော့ ကံကြမ္မာက သူတို့နှစ်ယောက်သားကို ဒုတိယအခွင့်အရေးထပ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့နှစ်ဘ၀လုံးမှာ ဖြစ်ပျက်လွဲမှားနေခဲ့တဲ့ အရာတွေကို သူတို့ဘယ်လိုပြန်ပြင်ဆင်ကြမလဲ။ ဒီနောက်ကွယ်မှာရှိနေတဲ့ တကယ့်ကြိုးကိုင်သူက ဘယ်သူများဖြစ်နေမလဲဆိုတဲ့ မေးခွန်းပေါင်းများစွာအပြင် အမုန်းလည်းကြမ်းသလို အချစ်လည်းကြီးမဲ့ ဒီဇာတ်ကားလေးကို BLSFLIXချန်နယ်မှာ လက်မလွှတ်တမ်းစောင့်ကြည့်ကြရအောင်နော်။
40
A Woman Who Swallowed The Sun (2025)

သမီးလေးကို တစ်ယောက်တည်း ပြုစုပျိုးထောင်ရင်း စင်ဂယ်မားသားအဖြစ်နဲ့ သာမန်ဘဝလေးကို
ရိုးရိုးရှင်းရှင်း ဖြတ်သန်းလာခဲ့တဲ့ Baek Seol Hui...

သမီး‌နာမည်နဲ့ စားသောက်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားပြီး သားအမိ စားဝတ်နေရေး ကျောင်းစာရိတ်အတွက် ဖူလှုံအောင် ကြိုးစားရှာဖွေရပေမယ့်... သမီးကလည်း ပြောစရာမလိုအောင် သိတက်ပြီး စာဆိုလည်း အမြဲထိပ်ဆုံးမှာမလို့ သားအမိနှစ်ယောက်ရဲ့ဘဝမှာ နေ့စဉ် အပြုံးပျက်ရတယ်လို့မရှိပါဘူး...

ဒါပေမယ့်လည်း ရုတ်တရက် မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုကြောင့် ဒီအေးချမ်းသာယာတဲ့ သားအမိနှစ်ယောက်ရဲ့ ဘဝ လုံးလုံးပြောင်းလဲသွားခဲ့ပါတော့တယ်..

နစ်နာသူမှာ သမီးဖြစ်သူဖြစ်ပေမယ့်လည်း တရားခံအဖြစ် ခေါင်းစဉ်တပ်ခံရတဲ့အတွက်.. မခံမရပ်နိုင်တဲ့ အမေဖြစ်သူကတော့ သမီးအတွက် တရားမျှတမှု မရမချင်း တရားခံ‌တွေကို လက်စားချေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်.. မိခင်တစ်ယောက်ရဲ့ ဒေါသတွေ အငြိုးတွေနဲ့ ဘယ်လို လက်စားချေသွားမလဲဆိုတာကိုတော့ အပတ်စဉ် BLSFLIX Channel မှာ စောင့်မျော်ကြည့်ရှုနိုင်ပါပြီ။

ကြည့်ရန် ချန်နယ်
https://t.me/+Yj_jQwUsLSo5NGE1

Main Channel လေးကိုလဲ Join ပေးခဲ့ကြပါဦးနော်
https://t.me/blsflixchannel_ver3
26
The First Night With The Duke

ဒီနေ့ညမှာ ထွက်ရှိလာတော့မယ့် Webton ဝတ္ထုကနေ ပြန်လည်ရိုက်ကူးထားတဲ့ "The First Night With The Dake"

ကိုယ်ဖတ်နေတဲ့ ဝတ္ထုဇာတ်လမ်းထဲကို အရံဇာတ်ကောင်အဖြစ်နဲ့ရောက်သွားတဲ့ ကျောင်းသူမလေး K (Cha SeonChaek) နဲ့  အေးစက်တဲ့နေရာမှာ နာမည်ကြီးတဲ့ Duke တို တွေ့ဆုံကြတဲ့အခါ...

အဲ့လိုမျိုး ဝတ္ထုထဲကို အရံဇာတ်ကောင်အနေနဲ့ရောက်လာပြီး မင်းသားရဲ့ပထမဆုံးညကို ယူလိုက်မိတဲ့အခါ...

‎The First Night with the Duke ကတော့နာမည်ကြီး Webtoonကို ဂျိုဆွန်းခေတ်နဲ့ရိုက်ကူးထားတာဖြစ်ပြီး ‎နာမည်ကျော် K-pop အဆိုတော်တွေ ဖြစ်ကြတဲ့ 2PM က Taecyeon (Ok Taec-yeon) နဲ့ Girls' Generation က Seohyun (Seo Ju-hyun) တို အတူ သရုပ်ဆောင်ထားတဲ့ ပါတယ်။

‎ဒီဇာတ်လမ်းတွဲလေးကိုတော့ အပတ်စဥ် ဗုဒ္ဓဟူးနဲ့ ‎ကြာသပတေး ည တွေတိုင်းမှာ ပြသသွားမှာဖြစ်ပါတယ် 😍

Join Channel
https://t.me/blsflix_channel2

ဇာတ်ကားကောင်းလေးတွေကြည့်ဖို့ Main Channel လေးကိုလဲ Join ထားပေးပါဦးနော်
https://t.me/blsflixchannel_ver3
Please open Telegram to view this post
VIEW IN TELEGRAM
27
Boys Vibe The Project (2025)

https://t.me/blsflix_variety

ကဲ.... ထုခွန်တိုရေ •••
ကင်မ်ချီမြေ မှာဆိုရင် His Man
ဆူရှီမြေ မှာဆိုရင် The Boyfriend
အခုတစ်ခေါက်  သင်္ဘောသီးမြေ ရဲ့ ပထမဆုံး Reality Show ဖြစ်တဲ့
Boys Vibe. ဆိုတဲ့  Show လေးကို နည်းနည်းပြောပေးပါ့မယ်နော်.....

မတူညီတဲ့ အကျင့်စရိုက်တွေ မတူညီတဲ့ အမူအကျင့်တွေ နဲ့ ယောကျ်ားလေး 10 ယောက်...

2 ပတ်ကျော် အတူတကွ နေထိုင်ကြပြီးတဲ့အခါမှာ အချင်းချင်း တစ်ယောက်အပေါ် တစ်ယောက် ဘယ်လိုတွေးထင်ကြမလဲ...

တစ်ယောက်နဲ့တစ်ယောက်အပေါ် ထားရှိတဲ့ အမြင်တွေ...
ခင်မင်ရင်းနှီးမှုတွေ...
အမှတ်တရတွေနဲ့အတူ...

တစ်ယောက်အပေါ်တစ်​ယောက် ထားတဲ့ ထူးခြားတဲ့ချစ်ခြင်းမေတ္တာတွေဟာ ဘယ်လောက်တောင် ချစ်စရာကောင်းမလဲဆိုတာ စဥ်းစားကြည့်ရုံနဲ့တင် ရင်ခုန်စရာကောင်းနေပါပြီနော်.....
🎀

Reality Show တွေရဲ့သဘော သဘာဝအတိုင်း အူယားစရာလေးတွေ... ချစ်စရာကောင်းမှုလေးတွေနဲ့ လောင်ရတာလေးတွေလည်း
ကြည့်ရှုရဦးမှာမို BLSFlix Channel လေးမှာ အပတ်စဥ်ဗုဒ္ဓဟူးနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်....🍓
66👍4💯4❤‍🔥3🥰1
Our Movie (2025)

==============

Lee Je Ha ဆိုတဲ့ရုပ်ရှင်ဒါရိုက်တာ
တစ်ယောက်ဟာ ဖခင်ခြေရာနင်းပြီး
ပွဲဦးထွက် ရုပ်ရှင်မှာတင် ဝက်ဝက်ကွဲအောင်မြင်ခဲ့တစ်ဦးပါ။
ဒါပေမဲ့ ကျန်းမာရေးကိစ္စကြောင့်
ငါးနှစ်တာ အနားယူလိုက်ပြီးတဲ့နောက် ရုပ်ရှင်လောကထဲ ပြန်လည်ခြေချဖို့ကြိုးစားနေပြီး
မကြာခင်အသက်ဆုံးရှုံးရတော့မဲ့လူတစ်ယောက်အကြောင်းကိုဇာတ်လမ်းရိုက်ချင်နေသူပါ။

တစ်ဖက်မှာတော့ Lee Da Eum ဆိုတဲ့သရုပ်ဆောင်အမျိုးသမီးတစ်ယောက်။
ရှားပါးရောဂါတစ်မျိုးခံစားနေရပြီးသူမကိုယ်တိုင်တောင် ဘယ်အချိန်ထိ အသက်ရှင်မလဲ မသိတော့သူပါ။

အကြောင်းအမျိုးမျိုးကြောင့်
အဲဒီလိုနှစ်ယောက်တွေ့ဆုံပြီး
ရုပ်ရှင်ဇာတ်လမ်းတစ်ခု အတူ
ဖန်တီးလာပါတော့တယ်။

သူတို့ဖန်တီးသွားမဲ့ရုပ်ရှင်လေးကို
BLSFLIX နဲ့အတူ June 13
မှာစောင့်ကြည့်လို့ရပြီဆိုတာအသိပေးရင်း အတူတူစောင့်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ် 🤗

Join Channel
https://t.me/blsflixchannelKor101

ဇာတ်ကားကောင်းလေးတွေကြည့်ဖို Main Channel လေးကိုလဲ Join ထားပေးပါဦးနော်
https://t.me/blsflixchannel_ver3
30👍1👏1
Memoir Of Rati (2025)
"ရာတီရဲ့မှတ်တမ်း"

https://t.me/blsflix_channel5

GreatInn တိုရဲ့ ၁၉၁၅ ခုနှစ်ကို အခြေခံထားတဲ့ comeback series လေး Memoir of Rati

မိဘမဲ့အဖြစ်နဲ့ ပြင်သစ်အဖေဆီမွေးစားခံထားရပြီးနောက် ထိုင်းအရာရှိတွေနဲ့ ပြင်သစ်တွေကြား စကားပြန်လုပ်ပေးရတဲ့ ရာတီ

နယ်ခံ အိမ်ရှင်ပီပီသသ ပြင်သစ်နိုင်ငံသားလေးကို စောင့်ရှောက်ရတဲ့ အစိုးရအရာရှိကြီး ထီရာတွန်

မြင်မြင်ချင်း ချစ်မိကြတဲ့ ရာတီနဲ့ထီရာတွန်တိုကြား ဖူးပွင့်လာတဲ့ အချစ်စစ်တခု

မပွင့်လင်းသေးတဲ့ကာလမှာ လိင်တူချစ်ဖိုဆိုတာ အင်မတန်မှ အန္တရာယ်များလွန်းလှပါတယ်။ ဒါပေမယ့် အချစ်မှာ ကျားမခွဲခြားမှုမရှိတာကြောင့် အခက်ခဲတွေကြားမှာ နှလုံးသားလေးတွေ ခိုင်မြဲနေအောင် ဘယ်လိုကြိုးစားကြမလဲဆိုတာကို အကောင်းဆုံးကြည့်ရှူရမယ့် GMMTV ရဲ့ စီးရီးသစ် ရာတီရဲ့မှတ်တမ်း (Memoir of Rati) ကို ဇွန်လ ၂၀ ရက်နေ့စလို အပတ်စဉ် သောကြာနေ့တိုင်း BLSFLIX မှာ ကြည့်ရှူဖိုအတွက် ဖိတ်ခေါ်လိုက်ရပါတယ်
104❤‍🔥11👍5💯2