Review by BLSFLIX
27K subscribers
829 photos
770 links
Download Telegram
ဆန်းကြယ်သောကံကြမ္မာ Season 1 (2025)

https://t.me/+Zee9enXcMAAyMDhl

🌸•°•°•°•°•🌸

ပြတ်တောက်သွားတဲ့ ဆက်ဆံရေးတစ်ခုက ပြန်ပြီးအသက်ဝင်လာနိုင်ပါ့မလား....

ပြန်ပြီးအသက်ဝင်လာရင်တောင်  ခံစားချက်တွေ၊ သံယောဇဥ်တွေ၊ နှောင်ဖွဲ့ တွယ်တာမှုတွေက အရင်ကလိုပဲ ဖြစ်တည်နေပါဦးမလား...

(ဒီဇာတ်လမ်းလေးကိုတော့ မရေရာမသေချာတဲ့ ဆက်ဆံရေးတွေရှိနေပြီး မျှော်လင့်ချက်တစ်ခုကို ဆုပ်ကိုင်ထားတဲ့သူတွေ ကြည့်သင့်ပါတယ်နော်... )

တိုကျိုခရီးထွက်ပြီးသွားတဲ့နောက်မှာ ခံစားချက်တွေပြောင်းလဲသွားတဲ့ သူနှစ်ယောက်... အချိန်တွေကြာလာတာနဲ့အမျှ အဖြေရှာမရတဲ့ မေးခွန်းတွေ နှလုံးသားထဲမှာ ရစ်ပတ်လာပါတယ်...

တစ်နှစ်ကြာပြီးတဲ့နောက်မှာ Shimane ပြည်နယ်ကို ပြောင်းခဲ့ပြီး ခရီးသွားဘလော့ဂါတစ်ယောက်ဖြစ်လာခဲ့တဲ့ P..

စိတ်ကူးယဥ်အိမ်မက်ထဲကအတိုင်း Idol တစ်ယောက်ဖြစ်လာပြီးတော့ Fanbase ကလည်း ကျယ်ပြန့်လာခဲ့တဲ့ Pan-Plai....

ဆောင်းရာသီလေးမှာ P ဆီ ပြန်လာဖို့ တိတ်တဆိတ် ဆုတောင်းနေခဲ့တဲ့အတိုင်း Pan ကဂျပန်ကိုရောက်လာတဲ့အခါမှာတော့...

ဒါပေမဲ့ Pan တစ်ယောက် ရက်စက်တတ်တဲ့ Manager နဲ့ ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့ Screen Partner နဲ့အတူရောက်ရှိလာခဲ့ပါတယ်...

ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့ Partner လေးနဲ့ ခရီသွားဘလော့ဂါလေးတို့နှစ်ယောက် ရဲ့ကြားမှာ Pan တစ်ယောက်ဘယ်လိုရွေးချယ်မလဲ...

အောင်မြင်မှုလား ချစ်ခြင်းမေတ္တာလား... Idol တွေကြားမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ရွေးချယ်မှုတွေကိုလည်း ကြည့်ရှုရမှာပါနော်....

ဒီဇာတ်လမ်းလေးကို BLS Flix Channel လေးမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်...🎀
63👍37🥰3🤔2
I Promise I Will Come Back (2025)

https://t.me/blsflix_official

စောင့်မျှော်နေရခြင်းကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြသလဲ?

အတိတ်ကနေ မရုန်းထွက်နိုင်ခြင်းလား?
အနာဂတ်သစ်တစ်ခုအတွက် ကုစားရေးဝင်နေချိန်မျိုးလား?

HIStory3: Make Our Days Count မှာပါခဲ့တဲ့ ထိုင်ဝမ်အမြွှာနှစ်ယောက်နဲ့
လက်ရှိပြသနေတဲ့ Ai no Kisetsu ကားထဲက တွန်တယ် တို့ပါဝင်ထားတာပါ။

မင်းသား တွန်တယ်ကိုယ်တိုင် ထုတ်လုပ်သူဒါရိုက်တာလုပ်ထားပြီး
ထိုင်းမြောက်ပိုင်း Phrae  နယ်မြို့လေးရဲ့
သမိုင်းကြောင်းတွေ တောတောင်ရေမြေသဘာဝတွေကို
အချစ်ဇာတ်လမ်းလှလှလေးနဲ့ ပုံဖော်ရိုက်ကူးထားတာပါ။

၃ မိနစ်စာ trailer မှာကြည့်ရသလောက်တော့
ထိုင်းနိုင်ငံကိုလာလည်တဲ့ Victor ဆိုတဲ့ကောင်လေးနဲ့
Phrae နယ်ခံ TK ဆိုတဲ့ ခရီးသွားလမ်းပြလေးတို့ရဲ့
လွမ်းဆွတ်တမ်းတဖွယ် အချစ်ဇာတ်လမ်းလေးပါ။

သူငယ်ချင်းအချစ်တွေ...တစ်ဖက်သတ်အချစ်တွေ...
ချစ်လျက်နဲ့ခွဲခွာရခြင်းတွေ...ဝေးလျက်နဲ့စောင့်မျှော်နေရခြင်းတွေ...

တော်တော်များများပြောကြပါတယ်
စောင့်မျှော်နေရခြင်းက ပင်ပန်းလွန်းပါတယ်တဲ့....
ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက
လူတွေအများကြီး စောင့်ခဲ့ကြရပါတယ်
စောင့်နေကြတုန်းပါပဲ ဆက်စောင့်သွားကြဦးမှာပါ...။

Synopsis - M2k
57👍12🥰2
In Search of the Missing Heart (2025)
"နှလုံးသား ရှာပုံတော်"

https://t.me/blsflix_connect

စားသောက်ဆိုင်တခုမှာတကိုယ်တော်သီချင်းသီဆိုခွင့်ရဖိုကြိုးစားနေတဲ့ကယောက်ဟာ သူငယ်ချင်းဖြစ်သူနမ့်ဖင့်အပေါ်မှာစိတ်ရင်းနဲ့မခင်မင်ပဲ နောက်ကွယ်မှာအမြဲအပုတ်ချအတင်းပြောနေခဲ့သူပါ။

နမ့်ဖင့်ကတော့ မသိရှာပဲကယောက်အပေါ် တကယ်စိတ်ရင်းနဲ့ခင်မင်ခဲ့ပါတယ်။စားပွဲထိုးဖင်းဟာလည်းဆိုင်မှာ သီချင်းဆိုရဖိုဟာသူ့အိမ်မက်တခုပါ။ဒီလိုနဲ့သူဌေးကလိုအပ်လာတော့ ဖင်းကိုဆိုင်မှာသီချင်းဆိုခွင့်ပေးလိုက်တဲ့နောက်မှာ ဖင်းဟာအဆိုလောကထဲရောက်လာပါတော့တယ်။

ဖင်းကနမ့်ဖင့်ဆိုတဲ့မိန်းကလေးကို သဘောကျနေပြီးမကြာခင်မှာပဲသူတိုနှစ်ယောက်အိမ်ထောင်ကျပြီးကိုယ်ဝန်လွယ်ထားရပါတော့တယ်။တဖက်မှာလည်း ကယောက်ဟာ အသုံးအဖြုန်းကြီးသူဖြစ်ပြီး သူဌေးကတော်ဖြစ်တဲ့သူ့အမအိမ်ကနေပိုက်ဆံခိုးလို ခဲအိုရဲ့မကြည်ဖြူတာကိုခံနေရသူပါ။တနေ့မှာကယောက်ရဲ့အမဖြစ်သူလင်မယားဟာတဦးတည်းသောသမီးကိုဆုံးသွားလို နာကျင်ခံစားနေရချိန် နောက်ထပ်မွေးဖိုကိုယ်ဝန်မဆောင်နိုင်တော့လို ကယောက်ကိုအငှါးကိုယ်ဝန်ဆောင်ပေးဖို အကူအညီတောင်းခဲ့ပါတယ်။

အစမှာတော့ ကယောက်ဟာ သူ့အမအတွက်အငှါးကိုယ်ဝန်ဆောင်ပေးဖိုငြင်းဆန်နေပေမယ့် မွေးပေးခအနေနဲ့ သူလိုချင်တာတွေရမှာဆိုတော့ နောက်ဆုံးမှာလက်ခံလိုက်ပါတယ်။ဒီလိုနဲ့ကယောက်နဲ့နမ့်ဖင့်တိုသူငယ်ချင်းနှစ်ယောက် ကိုယ်ဝန်ဆောင်ချိန်အတူတူဖြစ်ပြီး ကယောက်ကတော့ ခြံတခုမှာသားလေးအရင်မွေးခဲ့ပါတယ်။သူ့သားလေးဟာ ကျန်းမာရေးမကောင်းလို သေဆုံးခါနီးဖြစ်နေတော့ ဒီလိုသာဆိုရင်သူ့အမကိုကလေးအဖတ်မတင်ဘူးဆိုတဲ့အကြောင်းပြောပြလိုမဖြစ်ဘူးဆိုပြီး မဟုတ်တာတွေကြံစည်ပါတော့တယ်။ကယောက်ဟာ မီးဖွားခါနီးဖြစ်တဲ့နမ့်ဖင့်ကိုသူဒုက္ခရောက်နေလိုသူ့ဆီလာပါဆိုပြီး လိမ်ညာခေါ်ကာ နမ့်ဖင့်ကိုအတင်းဖမ်းပြီး ခွဲစိတ်ကာကလေးကိုလုယူခဲ့ပါတယ်။

ကယောက်ဟာနမ့်ဖင့်နဲ့သူ့ကလေးကိုလဲယူခဲ့တာပါ။ အဲ့ဒီတော့ ဘာတွေဆက်ဖြစ်ကြမှာလဲ ကယောက်မွေးတဲ့ကလေးကရောအသက်ရှင်မှာလား နမ့်ဖင့်တိုလင်မယားရောဘာဆက်ဖြစ်မှာလဲ ကလေးတွေရဲ့အနာဂတ်ကရောဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ပုံမှန်ကြည့်နေကြဇာတ်လမ်းတွေထဲကကွဲထွက်နေပြီးရသမျိုးစုံပေးတဲ့ဒီdramaဇာတ်ကားကောင်းလေးကို BLSFLIX channelလေးမှာစောင့်ကြည့်အားပေးကြပါဦးနော် ...
16👍4❤‍🔥1🥰1
Nine Puzzles (ကိုးမျိုးမဟေဠိ)

https://t.me/+iDA8pHE5SKcyZTZl

‎Nine Puzzle (2025) – Review

‎Jo I-na (Kim Da-mi) ဟာ အဖေတူအစ်ကို သတ်ဖြတ်ခံရတဲ့အမှုမှာ မျက်မြင်သက်သေဖြစ်ခဲ့သူတစ်ဦး။
‎နှစ်ပေါင်းများစွာအကြာတွင် သူမသည် စိတ်ဖော်ထုတ်သူတစ်ဦးအဖြစ် လူသတ်မှုအသစ်တစ်ခုကို စုံစမ်းဖော်ထုတ်နေစဉ်၊ မတော်တဆသူမကိုယ်သူပဲ ထပ်မံသံသယဝင်ခံရသောအခြေအနေတစ်ခုထဲကို ရောက်သွားသည်။

‎ စုံစမ်းရေးမှူး Kim Han-saem (Son Suk-ku) နှင့် ပူးတွဲအလုပ်လုပ်နေစဉ်တွင် အတိတ်နဲ့ပတ်သက်တဲ့ မဖြေရှင်းရသေးတဲ့ မေးခွန်းတွေရဲ့ အဖြေကို ရှာဖွေရင်း သူမရဲ့ကိုယ်တိုင် ကိုယ့်ဘဝနဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့သည်။


‎---

‎“Puzzle” ဆိုတဲ့ နာမည်အတိုင်းပဲ ဇာတ်လမ်းတစ်ခုလုံးဟာ မျက်စိလျင်လျင်ထားပြီး ဖြေရှင်းရမဲ့ ပဟေဠိတွေနဲ့ပြည့်နေတယ်။

‎အထူးသဖြင့် Kim Da-mi ရဲ့ စွဲမြဲစရာ သရုပ်ဆောင်မှုက စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကို ထိထိရောက်ရောက်ဖော်ပြထားလို့ တော်တော်ခံစားရပါတယ်။

‎Son Suk-ku ကတော့ သူ့အလုပ်မှာ တည်ကြည်ပြီး သံသယနဲ့ မြင်တွေ့နေရတဲ့ မျက်နှာဖုံးကို သေချာ ပုံဖော်ပြနိုင်ခဲ့ပါတယ်။ ဇာတ်ကောင်နှစ်ဦးကြားက ရင်တထိတ်ထိတ်နဲ့ စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ dynamic က ဇာတ်လမ်းကိုပိုမိုအလှဆင်ပေးသွားပါတယ်။

‎---

‎ကြည့်ပြီးရင်တော့… “သူမက သက်သေအဖြစ်ပါလား၊ လူသတ်သမားအဖြစ်ပါလား” ဆိုတာထက် “သူမရဲ့အမှန်တရားက ဘယ်မှာလဲ” ဆိုတာကိုပဲ ပိုစိတ်ဝင်စားသွားပါလိမ့်မယ်။
👍19🐳65
Moon And Dust (2025)

https://t.me/blsflix_ChineseTaiwaneseBL

"အစ်ကိုကကျွန်တော့်အတွက် လမင်းကြီး ကျွန်တော်ကတော့အစ်ကိုအတွက်ဖုန်မှုန့်လေးပေါ့

အနေနီးပေမယ့် လျှိဝှက်ချက်တွေရှိတုန်းပဲ

တချိုသောအရာတွေကို အစ်ကိုကိုကျောခိုင်းထားမှ ကျွန်တော်ပြောရဲတယ်"

ကော်ဖီဆိုင်လေးဖွင့်ထားပြီး အနေအေးတဲ့ကောင်လေး စုန်ချီ 🌕

အစ်ကိုအတွက်ဘာမဆိုလုပ်ရဲတဲ့ စုန်လီ⭐️

တဖြည်းဖြည်းနဲ့အစ်ကိုအပေါ်ထားတဲ့ခံစားချက်တွေကနက်ရှိင်းလာတဲ့အခါ....

နှစ်ယောက်သား အခက်အခဲတွေရင်ဆိုင်ရင်း ဘယ်လိုညှိယူကြမလဲ....

"Bad Dog" novel ကိုပြန်လည်ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပြီး အပိုင်း၆ပိုင်းလာမှာဖြစ်လို

BLSFlix Channel လေးမှာ အပတ်စဥ်သောကြာနေ့တိုင်း စောင့်မျှော်ကြည့်ရှုလိုရပါပြီ
❤‍🔥8735👍23🥰5💯3😘2😱1🤩1
Forget You Not [ခိုင်မြဲသောအချစ်တို့နဲ့]

https://t.me/BLSFLiX_Chinese03

ဒီတစ်ခါမှာတော့ နေ့စဉ်ဘ၀မှာ ပင်ပန်းနေကြတဲ့ ကြည့်ရှုသူတို့ရဲ့ ဘ၀တွေကို ထင်ဟပ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Forget You Notကို BLSFlixချန်နယ်ကနေပြီးတော့ ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။

သက်လတ်ပိုင်းအရွယ်မိန်းက‌လေးတစ်ယောက်ဖြစ်တဲ့ Cheng Le Leဟာ ဝါသနာပါရာဟာသလူရွှင်တော်တစ်လှည့်လုပ်ရင်း စား၀တ်နေရေးအတွက် စတိုးဆိုင်တစ်ဆိုင်မှာ အချိန်ပိုင်းလုပ်နေရတဲ့သူတစ်ဦးပါ။ သူ့ဘ၀ဟာ သူလိုငါလိုသာမန်မျှသာဖြစ်ပြီး အခက်အခဲတွေများစွာကြုံတွေ့တာတောင် ကိုယ်တွေလို အိမ်မက်နောက်ကိုလိုက်နေသူတစ်ဦးပါ။

အိမ်မက်နောက်ကိုလိုက်ရင်း ပင်ပန်းမှုတွေရဲ့ကြားထဲမှာ နစ်မြုပ်နေရင်း Cheng Le Leဟာ ခင်ပွန်းဖြစ်သူ Zhang Kaiနဲ့ သူမရဲ့ဖခင်ဖြစ်တဲ့သူနဲ့ပါ အနေဝေးလာရတဲ့အခါ။ စိတ်ပင်ပန်းကိုယ်ပင်ပန်းတွေ ဖြစ်လာရတဲ့အခါ တကယ်တော့ ကိုယ်ချစ်ရသူတွေနဲ့သာရှိရင် ပင်ပန်းမှုတွေက ယူပစ်သလိုပျောက်သွားတတ်တာကို Le Leတစ်ယောက် မသိရှိသေးတာကို သိရှိအောင် ရှာဖွေ‌ရင်း သူမဘ၀မှာ အရေးကြီးဆုံးသောယောင်္ကျားနှစ်ယောက်နဲ့ သူမဘယ်လိုပျော်ရွှင်အောင် ရှင်သန်နေထိုင်မလဲဆိုတာကို ဇာတ်အိမ်ကောင်းကောင်း အေးအေးလေးနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားလေးမလို့ BLSFLixချန်နယ်မှာ လက်မလွှတ်တမ်းစောင့်ကြည့်လိုက်ကြရအောင်နော်။
9
My Stupid Cupid (2025)
"မြှားနတ်မောင် မှန်အောင်ပစ်သော်လည်း"


https://t.me/bmverse_achitkwanraat

‎ လူပျိူကြီးတွေဖြစ်ကြတဲ့ "Mee" နဲ့ "Muek" တိုညီအကိုဟာ အချစ်ရေးကိုစိတ်မဝင်စားကြပါဘူး။ အကိုဖြစ်သူ "Mee" ဟာအတိတ်ကအချစ်ကြောင့် စိတ်နာရပြီး "Muek" ကတော့ Single ဘဝနဲ့ အထီးကျန်ပေမဲ့ လွှတ်လွှတ်လပ်လပ်နေတတ်တဲ့အပျိူပါ။ သူတိုကဘယ်မိန်းမကိုမှစိတ်မဝင်စားကြဘူး။သူတိုနှစ်‌ယောက်ဟာ ဘာသံယောဇဉ် ဘာဆက်နွယ်ရေးမှမရှိကြပါ။

‎ တစ်နေ့မှာတော့ မြှားနတ်မောင်ကသူတိုနှစ်ယောက်ကို သူတိုဖူးစာဖြစ်ကြတဲ့ စွာတေးလန်ညီအမနှစ်ယောက်ဖြစ်တဲ့ "Namphueng" နဲ့ "Pladao" တိုကိုဆုံတွေ့စေတယ်။ "Namphueng" သည် အကိုဖြစ်သူ "Mee" ကိုတိတ်တခိုးကြိုက်ပြီး "Pladao" က "Muek" ရဲ့နှလုံးသားကိုအနိုင်ရယူဖိုကြိုးစားပါတော့တယ်။

‎ ဒီစွာတေးလန်ညီအမနှစ်ယောက်က အချစ်ကိုစိတ်မဝင်စားကြတဲ့ ညီအကိုနှစ်ယောက်ရဲ့နှလုံးသားကို အနိုင်ယူနိုင်ပြီး သူတိုနှစ်ယောက်ကို အပျိူကြီးဘဝမှလွှတ်မြောက်အောင် လုပ်ပေးနိုင်မလားဆိုတာကို BLSFLIX တိုနဲ့အတူတူ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါ။
👍95❤‍🔥3🥰2💯2🔥1
Our Unwritten Seoul

https://t.me/+aY6VVrCLPi00ZjQ1

GOT7 အဖွဲ့ဝင်ဖြစ်တဲ့ မင်းသား Jinyoung နဲ့ မင်းသမီး Park Boyoung တို့ရဲ့ ကြည်နူးစရာ ဇာတ်ကားကောင်း အသစ်လေး ရောက်ရှိလို့လာပါပြီ။

Yoo Mi Ji နဲ့ Yoo Mi Rae တို့က ရုပ်ချင်းတူပေမယ့် အကျင့်စရိုက်ကွဲကြတဲ့ အမွှာညီအစ်မတွေပဲ ဖြစ်ပါတယ်။ Mi Ji က လွတ်လွတ်လပ်လပ်နေတတ်တဲ့ အားကစားသမားဟောင်း တစ်ဦး၊ Mi Rae ကတော့ ထပ်တန်းကုမ္ပဏီမှာ အလုပ်ကို ပြီးပြည့်စုံအောင် လုပ်တတ်သူ တစ်ဦး။ ဒီလို ဘဝချင်း မတူညီကြတဲ့ အမွှာနှစ်ယောက်က တစ်နေ့မှာ ဘဝချင်း‌ပြောင်းကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

တစ်ဖက်မှာတော့ မင်းသား Lee Ho Su က ထပ်တန်းဥပဒေကုမ္ပဏီက ရှေ့နေတစ်ဦးပါ။ သူ့ကိုကြည့်လိုက်ရင် အမြဲ ပေါ့ပေါ့ပါးပါးနေနေတယ် ထင်ရပေမယ့် နောက်ကွယ်မှာတော့ အတိတ်က အကြောင်းအရာကြောင့် ဆုံးရှုံးခဲ့ရတဲ့ သာမန်ဘဝကို ရဖို့ ကြိုးစားရုန်းကန်နေသူတစ်ဦးပေါ့။

သူတို့ သုံးဦး အချင်းချင်း တွေ့ဆုံမိပြီး ကိုယ့်ရဲ့ အရည်အချင်းတွေ၊ ကိုယ့် ခံစားချက်တွေ စတဲ့ မိမိရဲ့ စစ်မှန်တဲ့ ပုံစံကို ရှာဖွေကြပုံကို အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့တိုင်း စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
👍2019🥰6
The Sparkle In Your Eye (2025)

https://t.me/blsflix_ChineseTaiwaneseBL

°°•°•°•°•°•`°•
အရှုပ်တော်ပုံတစ်ခုကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပျက်ပြားသွားခဲ့တဲ့ Pei Jia °•°

သရုပ်ဆောင်အတွေ့အကြုံမရှိတဲ့ လူသစ်လေး Xiao Su Yi °•°

သရုပ်ဆောင် ‌ပုံရိပ်ကိုပြန်လည်ထိန်းဖိုအတွက် လူသစ်သရုပ်ဆောင်လေးနဲ့ တွဲဖက်ကာ ဒရမ်မာ အသစ်မှာ သရုပ်ဆောင်ပြီး ပုံရိပ်ကိုပြန်လည်ကောင်းမွန်အောင် ကြိုးစားဖိုဖြစ်လာခဲ့ပါတယ် °•°

Chemistry မိဖိုအတွက်ဆိုတဲ့ခေါင်းစဥ်အောက်မှာ နှစ်ယောက်သား အတူနေထိုင်ပြီး အတူအိပ်စက်ရတဲ့အခါမှာတော့ .. °•°

သရုပ်ဆောင်နယ်ပယ်ရဲ့ မီးမောင်းထိုးပြခံရမှုတွေ၊ ဖိအားတွေနဲ့ ပရော်ဖက်ရှင်နယ် အစီအစဥ်တစ်ခုဆိုတဲ့ ခေါင်းစဥ်အောက်ရောက်ရှိလာတဲ့အခါမှာတော့..°•°

နှစ်ဦးသားရဲ့ ခံစားချက်တွေ နဲ့အတူ သူတိုရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေတဲ့ လောကကြီးမှာ

Pei Jia တစ်ယောက် သူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့ သူချစ်ရတဲ့ ယောကျ်ားတစ်ယောက်ကို ကာကွယ်ပေးနိုင်ပါ့မလား...
ဆိုတာကို BLSflix Channel လေးမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်🎀
❤‍🔥4223👍10
Thun Thai "ထိုင်းနိုင်ငံမှ ဒေသခြောက်ခုအလှ"
The Forgotten Stone (2025)


https://t.me/blsflix_channel21

ဖိုင်ကိုအဖေမရှိဘဲ အမေကပဲပြုစုပျိုးထောင်လာတာပါ။ တစ်ရက်မှာတော့သူမဟာအမေ့အကျီ ထဲကလက်ထပ်လက်စွပ်အမည်းလေးကိုရှာတွေ့ခဲ့ပါတယ်။

အဲ့လက်စွပ်လေးဟာ သူမအတွက်တော့ တစ်ခါမှမသိဖူး မမြင်ဖူးတဲ့အဖေကိုရှာဖို့ အရေးကြီးတဲ့အပိုင်းအစလေး တစ်ခုဖြစ်လာပါ တော့တယ်။ သူမရဲ့အချစ်ဆုံးသူငယ်ချင်းလဲဖြစ် ဘေးနားမှာအမြဲရှိပေးနေတဲ့တွန်နဲ့အတူဖိုင်ဟာ စိတ်လှုပ်ရှားဖွယ်ရာခရီးတစ်ခုကိုစတင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ လမ်းခရီးမှာပဲ သူတို့နှစ်ဉီးဟာ မန်လာဆိုတဲ့သူနဲ့တွေ့ဆုံပါတော့တယ်။ မန်လာဟာလဲ သူမလိုဘဲအဖေမရှိဘဲ ကြီးပြင်းခဲ့သူပါ။

အတိတ်ကဖြစ်စဉ်တွေတူတဲ့သူမတို့သုံးယောက်ဟာ မွန်တံတားဆိုတဲ့နေရာလေး ကိုဉီးတည်သွားပါတော့တယ်။ ခရီးစဉ်မှာ စိတ်ပျက်ဖွယ်စိတ်ရှုတ်ထွေးဖွယ် တွေကိုတဖြည်းဖြည်း ကြုံတွေ့ရပါတော့တယ်။ သို့ပေမယ့်လဲ ဖိုင်တစ်ယောက်မိသားစုရဲ့တန်ဖိုးဆိုတာကို နားလည်လာပြီး ဘယ်လိုဟာတွေကိုလက်လွှတ်သင့်ကာ ရှင်သန်နေထိုင်ရခြင်းရဲ့ အဓိပ္ပါယ်အစစ်အမှန်ကို သိရှိသွားတဲ့အခါမှာတော့--
10👍8
Special Episode JohanNorth (Fourever You)

https://t.me/blsflix_channel7

Fourever You Part 1 အပြီး Part 2 မလာခင်ဆက်ကြားလေးမှာ အလွမ်းပြေကြည့်ရအောင် JohanNorth Special Episodes လေးကို BLSFLIX ပရိတ်သတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးပါ့မယ်

Special Episode 2 ပိုင်းမှာတော့ ထွေထူး ဇာတ်လမ်းကျောရိုးမရှိပေမယ့် JohanNorth တို အတူနေပြီးနောက်ပိုင်းကာလလေးကို ရိုမန့်တစ်ဆန်ဆန် ရိုက်ကူးပြသထားတာမျိုးပါ

ဘာပဲဖြစ်ဖြစ် Fourever You Series ကို လွမ်းနေကြတဲ့သူတွေအတွက် အာသာပြေရုံမက ဗိုက်ပါဝစေမယ့် ခွေးစာအပြည့်နဲ့ ကြည့်ရတာ တန်စေတာမို BLSFLIX မှာ အတူတူကြည့်ဖို ဖိတ်ခေါ်လိုက်ပါတယ်
73💯13❤‍🔥7👍6🥰3
Mu-Girl Miracle Matchmaking (2025)
"ကံကြမ္မာဟောတမ်း"

https://t.me/blsflix_channel9

‎Mala ဆိုတဲ့သူကအသက်(၃၀)ပြည့်ခါနီးဖြစ်ပေမဲ့ ရည်းစားမရှိသေးသောမိန်းမပါ။ သူမက ကံကြမ္မာဟောတမ်းတွေနဲ့အနာဂတ်ကြည့်ရတိုကြိုက်တဲ့မိန်းမဖြစ်တဲ့အတွက်ကြောင့် သူမကလည်းသူမရဲ့နှလုံးသားမနာကျင်ရအောင်ဆိုပြီးကောင်းစွာထိန်းသိမ်းထားပါ‌တော့တယ်။

သိုပေမဲ့ အချိန်ကြာနှောင်းလာလေလေသူမကလည်း တစ်သက်လုံးအပျိူကြီးဖြစ်မှာစိုးရိမ်တဲ့အတွက်ကြောင့် သူမရဲ့ကံကြမ္မာကိုပြောင်းလဲဖိုအတွက် သူမရဲ့သူငယ်ချင်းများ၊ အိမ်ဘေးကကလေးကိုခေါ်ပြီး ဘုရားကျောင်း စေတီအများကြီးဆီသို Mala အချစ်ရေးကံကောင်းအောင်သွားရောက်ဆုတောင်းရင်း သူမအရှူးပေးတော့မဲ့အချိန်မှာ ဆရာဝန်၊ စီးပွား‌ရေးသမား နဲ့ ဂီတသမား တိုစတဲ့ ယောကျာ်း(၃)ယောက်က သူမရဲ့ဘဝထဲကိုဝင်ရောက်လာတဲ့အခါမှာ Mala ရဲ့နှလုံးသားကို ဘယ်သူကအနိုင်ယူပြီးအပိုင်သိမ်းသွားနိုင်မှာလဲဆိုတာကို BLSFLIX တိုနဲ့အတူရင်ခုန်စိတ်လှုပ်ရှားဖွယ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။
❤‍🔥7👍42💯1
Teach Me Softly (2025)

https://t.me/blsflix_thebeststory



"ပျော်ရွှင်မှုတွေပြည့်နေတယ်"
ဆိုတဲ့အဓိပ္ပာယ်ကို ဘယ်လိုအချိန်၊ ဘယ်လိုနေရာ၊ ဘယ်လိုအခိုက်အတန့်၊ ဘယ်လိုလူမျိုးအတွက်သုံးသင့်လဲ...

ထိုင်းစာသင်ပေးဖို ဆရာမတစ်ယောက် ငှားရမ်းလိုက်ပေမဲ့ ငှားလိုက်တဲ့ဆရာမက တစ်ခါမှစာမသင်ဖူးတဲ့ သူဖြစ်နေတဲ့အခါဖြစ်နေတဲ့အခါမှာတော့...

ထိုင်းစာမကျွမ်းကျင်တဲ့သူကို ဘယ်လို လေးတွေ သင်ပြပေးမလဲ..

အေးအေးလေးနဲ့ ချစ်ဖိုကောင်းတဲ့ ဇာတ်လမ်းလေးမို GL Slow Romance သဘောကျရင် BLSFlix Channel လေးမှာ ကြည့်ရှုနိုင်ပါပြီနော်...🎀
13👍61
Good Boy

https://t.me/+ya5DYMYA8zkzZjM9

အားလုံးရဲ့အချစ်တော် Park Bo Gum နဲ့ မင်းသမီးချောလေး Kim So Hyun တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ''Good boy'' ဆိုတဲ့ ဇာတ်ကားလေးက မေလ ၃၁ ရက်နေ့ကစပြီး ထွက်ရှိလာတော့မှာဖြစ်ပါတယ်
အနုပညာသက်တမ်းတစ်လျှောက်မှာ ဇာတ်ကားကောင်းတွေနဲ့ ပရိတ်သတ်ရင်ထဲ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့ သူတို့၂ဦး သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းလေးက အားကစားသမားတစ်ယောက်က သူ့ရဲ့အရည်အချင်းတွေနဲ့ မသမာသူဒုစရိုက်သမားတွေကို နှိမ်နင်းရင်း ရဲအရာရှိတစ်ဦး ဖြစ်လာတဲ့အကြောင်းပါ
သာမန်ကြည့်နေကျ ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့မတူဘဲ ဒီဇာတ်လမ်းတွဲလေးက အိုလံပစ်သမားတစ်ဦးရဲ့ဇာတ်ကြောင်း ခံစားချက် ကြိုးစားအားထုတ်မှုတွေကို ထည့်သွင်းရိုက်ကူးထားတာမို့ အားကစား၊မှုခင်းတို့အပြင် အချစ်ဇာတ်လမ်းလေးကိုပါ တစ်ချိန်တည်း ခံစားရမှာအသေအချာပါပဲ
WLGYT တုန်းက ပရိတ်သတ်တွေကို နူးညံ့တဲ့ ခင်ပွန်းတစ်ဦးအ​​ဖြစ် အစ အလယ် အဆုံး ဆွဲဆောင်ခဲ့တဲ့ သရုပ်ဆောင်ကောင်း Park Bo Gum က ဒီတစ်ခါလည်း ဘယ်လိုပုံစံနဲ့ ပရိတ်သတ်တွေကို ဆွဲဆောင်ဦးမလဲဆိုတာသိချင်ရင် ''Good boy'' kdrama series လေးကို BLSFLIX channel မှာ ကြည့်ရှုနိုင်ပါပြီနော်
52👍3
"Bussing Thailand" (2024)

https://t.me/blsflix_channel31

ဒီတစ်ခါမှာတော့ BLS Flix ပရိတ်သတ်ကြီးကို ထိုင်းနိုင်ငံတောင်ပိုင်းကိုခေါ်သွားပေးမဲ့  Show လေးတစ်ခု လာပါပြီနော်....💦

ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Boy Band တစ်ခုဖြစ်ပြီး အဖွဲဝင် 12 ယောက်ပါဝင်တဲ့ BUS ..

ငယ်ရွယ်ပြီး အားအင်အပြည့်နဲ့
ကောင်လေး12 ယောက်က တောင်ပိုင်းမှာ ဘယ်လိုလှုပ်ရှားမှုတွေလုပ်ကြမလဲ....🖤

Show တွေရဲ့ထုံးစံအတိုင်း Game ဆော့တာလည်းပါမယ်...💦

တောင်ပိုင်းရဲ့ ဒေသအစား အသောက်တွေကိုလည်း ဘယ်လိုမြည်းစမ်းကြည့်ကြမလဲ...💦

ပင်လယ်ကမ်းခြေကို အလည်အပတ်သွားရင်း ဘယ်လို လှုပ်ရှားမှုတွေလုပ်ကြမလဲ ....💦

Mambers လေးတွေရဲ့ တလွဲဟာသလုပ်မှုလေးတွေ... အပြိုင်အဆိုင် ငြင်းခုန်မှုတွေ... ချစ်စရာကောင်းတဲ့အပြုအမူလေးတွေကိုလည်း ကြည့်ရမှာပါနော်....🖤

နောက်ပြီး ထိုင်းနိုင်ငံတောင်ပိုင်းရဲ့ သဘာဝ အလှတရားကြီးကိုလည်း ခံစားကြည့်ရှုခွင့်ရမယ် .....🌱.

အပိုင်း 13 ပိုင်းတောင်ရှိမှာမို အဖွဲဝင် 12 ယောက်လုံးနဲ့အတူတူထိုင်းနိုင်ငံတောင်ပိုင်းကို သွားလိုက်ရအောင်နော်...💦
22🥰1
"Little Big World PondPhuwin" (2023)

https://t.me/blsflix_channel34

17 နှစ်သားလေးက 19 နှစ်သားလေးကို    ပါတနာအဖြစ်ရွေးချယ်ခဲ့တဲ့ PhuwinTang...🐼

"I Don't Like GhostShip" ဆိုတဲ့ Green Flag လေး P'Pond 🐻
တိုက Host အနေနဲ့ ပါဝင်ဆက်ပေးထားတဲ့ Show လေး🖤

P'Pond နဲ့ PhuPhu တိုကနေပြီးတော့ ထိုင်းနိုင်ငံရဲ့ တောတောင်ရေမြေ အလှတရားများတွေကို ပြသပေးသွားမှာပါ......

လှပတဲ့ ရူခင်းတွေ၊ အထင်ကရနေရာတွေ၊ စားသောက်ဆိုင်နေရာတွေနဲ့အတူတူ Activities  တွေကို အတူတူပါဝင်လှုပ်ရှားကြမှာပါ....

Guest တွေအနေနဲ့လည်း
Gemini, Fourth,
(Gemfot - သူငယ်ဂျင်းအတွဲ)
🌻

Jong Archen, Dunk Natachai (JongDunk - ညီအစ်ကိုအတွဲ) 🌵
တိုလည်း လာရောက်ပြီး ပါဝင်ပေးဦးမှာမို...

ရေမြေတောတောင်သဘာဝအလှအပတွေနဲ့အတူတူ သူငယ်ဂျင်း ညီအစ်ကိုအတွဲတွေရဲ့ သဲသဲကဲကဲ နဲ့ အသည်းယားစရာ Moments လေးတွေကိုလည်း မြင်တွေ့ကြရဦးမှာမို....

BLSFlix Channel လေးမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...🎀
56👍2🥰2🍓1
SmartBoom Diary's (2025)

https://t.me/blsflix_channel24

ကဲ ထုခွန်တို့ရေ.... ပျားရည်ဇာတ်လမ်းလေးပြီးသွားတော့ လွမ်းနေကြတဲ့သူလေးတွေရှိကြလား...🍯

လွမ်းနေကြတဲ့ သူလေးတွေအတွက် SmartBoom's Diary လေးလာပါပြီနော်....

Age Gap (10) နှစ်တောင်ကွာတဲ့ P'Boom  နဲ့ N' Smart တို့ရဲ့ show အသစ်လေးကို ညွှန်းပေးပါ့မယ်နော်....

ပျားရည်သောက်လိုက်ရသလို ချိုချိုလေးခံစားရမဲ့ Show လေး..🍯

နှစ်ယောက်အတူတူ မုန့်တွေစားပြီး အပင်လေးတွေစိုက်ကြမယ်... ချစ်စရာကောင်းတဲ့ moments လေးတွေနဲ့အတူတူ....

N'Smart စလိုက်ရင် ပေါ်လာတဲ့ P'Boom ရဲ့ Natural Blush လေးတွေကိုလည်း ကြည့်ရမှာပါနော်

သရဲကြောက်တတ်တဲ့ N'Smart က ထွက်ပြေးရင်တောင် P'Boom ကို ဆွဲခေါ်ပြေးတာလေးတွေ...🍯

P'Boom က သရဲကြောက်တတ်တဲ့ N'Smart ရဲ့ရှေ့ကနေ ဘယ်လိုကာကွယ်ပေးမလဲဆိုတာလေးကို ကြည့်ရမှာဖြစ်တဲ့အတွက်...

ပျားရည်လေးကို လွမ်းနေတဲ့သူလေးတွေက BLSFlix Channel လေးကနေ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်....🍯
109❤‍🔥5👍5💔2🔥1😭1
စီးပွားရေး စိန်ခေါ်သံ (2025)

https://t.me/+ZDcsBPQzUqJmMzU1

ကဲ.. BLSFlix ပရိတ်သတ်ကြီးတို ရိုရိုချိုချို လေးတွေကြည့်ရတာ ပျင်းနေပြီလား

ဒီဇာတ်လမ်းလေးကို ကြည့်ဖိုအကြံပေးချင်ပါတယ်နော်...

ငယ်ရွယ်သူတွေက ဘယ်အချိန်ထိ လမ်းလွဲနေတတ်လဲ...
လမ်းပျောက်နေတတ်လဲ...


ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ကတော့ သူ့ရဲ့ လမ်းမပေါ်က အပေအတေဘဝကို စွန့်လွှတ်လိုက်တဲ့အခါမှာ ဘယ်လိုအခွင့်အလမ်း အသစ်တွေ ရောက်ရှိလာမလဲ...

အခွင့်အလမ်းတွေရှိလာတာနဲ့အမျှ
ဘယ်လိုစိန်ခေါ်မှုမျိုးတွေ ကြုံရလာနိုင်လဲ...

လူငယ်တစ်ဦးဖြစ်တဲ့အလျောက် ဘယ်လို အခက်အခဲတွေကြုံလာရနိုင်လဲ...

ဘယ်လိုအင်အားကြီးတဲ့လူတွေနဲ့ ရင်ဆိုင်ရမလဲ.. ဆိုတာတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမဲ့  ဒရမ်မာ လေးဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်....🖤
15
Denied Love (2025)

https://t.me/BLSFLIX_GL

အဖေဖြစ်သူရဲ့ အခြေအနေတစ်ခုကြောင့် ရောက်လာခဲ့တဲ့ သူမ....🍬

အမွေဆက်ခံခွင့်အတွက် Phraenarin တစ်ယောက် Khemkira ကို နှစ်နှစ်ကြာလက်ထပ်ရမဲ့အခြေအနေရောက်လာတဲ့အခါမှာတော့...🍬

မသိတဲ့ ကလေးတစ်ယောက်နဲ့ လက်ထပ်ရမဲ့အခြေအနေမှာ Phraenarin တစ်ယောက် ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်လာရမလဲ .....🍬

လက်ထပ်ရမဲ့ ကောင်မလေးကလည်း ဘယ်လိုတွေ ဖြားယောင်းသွေးဆောင်မလဲ....🍬

ကောင်မလေးရဲ့ နည်းလမ်းတွေက  Phraenarin အပေါ် အကျိုးသက်ရောက်မှုရှိလာပါ့မလား...🍬

"Khem က သူ့ရဲ့အိမ်စာတွေ(ဖြားယောင်းသွေးဆောင်မှု)ကို ကောင်းကောင်းမွန်မွန်းကြိုးစားပြီး လုပ်နေတာကို မင်းက ကျရှုးမသွားဘူးလား"

"မဖြစ်ဘူး! ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး... လုံးဝမဖြစ်နိုင်ဘူး.."

ကဲ.... ကြွေးကြော်ထားတဲ့သူကြီးတစ်ယောက် အိမ်စာပုံမှန်လုပ်တဲ့ ကောင်မလေးအပေါ်ကို တကယ်ပဲ ကျရှုးသွားမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ BLSFlix Channel လေးမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်..🖤
38❤‍🔥2👍2🔥2
One: High School Heroes

https://t.me/+267WPac0Ggo4NmE1

Weak Hero Class , Study Group တို့လို့ အထက်တန်းကျောင်းသား အက်ရှင် ဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် အက်ရှင် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Moving ထဲက Lee Jung Ha, Kim Do Wan တို့အပြင် နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ အထက်တန်း ကျောင်းသား အက်ရှင် ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

ဂင်အီဂယောင်းက တစ်ကျောင်းလုံး အဆင့်တစ်ရပြီး စာအရမ်းတော်တဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဂင်အီဂယောင်း တစ်ယောက် ကျောင်းအသစ်ကို ပြောင်းလာခဲ့ရင်း ကျောင်းတွင်း အကြမ်းဖက်တဲ့ အုပ်စုနဲ့ ပတ်သတ်မိခဲ့ပါတယ်။ ထိုအုပ်စုကို ပြန်လည်တိုက်ခိုက်ဖို့အတွက် ဂန်ယွန်းဂီနဲ့ ပူးပေါင်းပြီး ဘယ်လို ပညာပေးကြမလဲဆိုတာကို ရင်ခုန်စွာ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။

One High School Hero ဇာတ်လမ်းတွဲကို ဒီနေ့ လေးပိုင်း ထုတ်လွှင့်ခဲ့ပြီး ကျန်လေးပိုင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ နှစ်ပိုင်းဆီ ထုတ်လွှင့်မှာ ဖြစ်ပြီး စုစုပေါင်း ၈ ပိုင်း ပါဝင်မှာ ဖြစ်ပါတယ်။
88🍓4👍2
Oh My Ghost Clients

https://t.me/+mkLYUWAZlAo3YTI9

Hospital Playlistနဲ့ Crash Course in Romanceတို့လို နာမည်ကြီးဇာတ်ကားတွေထဲက အဓိကမင်းသားချောလေး Jung Kyung Hoရဲ့ ဇာတ်ကားသစ်လေးဖြစ်တဲ့ Oh My Ghost Clientsကားကို ဒီတစ်ခါ BLSFLIX ချန်နယ်ကနေပြီးတော့ ဘာသာပြန်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်မင်းသမီးလေးကလည်း Business Proposalထဲက ဒုတိယမင်းသမီးလေးဖြစ်တဲ့ Seol In Ahပါ။

No Mu Jin(Jung Kyung Ho)ဟာ အလုပ်သမားရှေ့နေတစ်ယောက်ဖြစ်ပြီး ဘယ်သူ့မျက်နှာမှမထောက် ငွေကိုသာ ရှေ့တန်းတင် ဦးစားပေတဲ့ ရှေ့နေတစ်ယောက်ပါ။ Na Hui Ju(Seol In Ah)ကတော့ ဦးနှောက်နဲ့ဖြေရှင်းရတဲ့ အမှုတွေနဲ့ ကြုံလာရင် No Mu Jinကို ဘေးကနေ အကုန်လုံးကူညီဖြေရှင်းပေးရတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်။ ပြီးတော့ Video Creatorတစ်ယောက်ဖြစ်တဲ့ လူချောလေး Ko Gyeon Uကလည်း သူတို့တွေနဲ့ တစ်မျိုးတစ်ဖုံဆက်စပ်နေတဲ့သူ။

ဒီလိုနဲ့ No Mu Jinက မတော်တဆမှုဖြစ်ပြီး သေခြင်းတရားနဲ့မျက်ဝါးထင်ထင်ရင်ဆိုင်လိုက်ရပါလေရော။ လူ့ဘ၀ကို ပြန်ပြီးတန်ဖိုးထားတက်လာရုံသာမက သူ့မှာသရဲတွေကိုပါ မြင်နိုင်လာတဲ့ အစွမ်းရှိလာတဲ့အခါ No Mu Jinက လူတွေအတွက်သာမကဘဲ မတရားခံလိုက်ရတဲ့ အလုပ်သမားသရဲတွေအတွက်ပါ အမှုတွေစတင်ပြီးလိုက်ရပါတော့တယ်။

သရဲမြင်ရသူရယ်၊ ဉာဏ်ကြီးရှင်မမရယ် ကိုလူချော‌ငယ်လေးရယ် သူတို့သုံးယောက်ပေါင်းပြီး မတရားခံရတဲ့ အလုပ်သမားတွေအတွက် အမှုတွေကိုဘယ်လိုဖြေရှင်းပေးကြမလဲ။ ဇာတ်ကားလေးက ဟာသနှောတယ်‌ဆိုပေမဲ့ တကယ့်အပြင်လောကမှာလည်းဖြစ်ပျက်နေတဲ့ အလုပ်သမားတွေ မတရားခံရ ခေါင်းပုံဖြတ်ခံနေရတဲ့ကိစ္စတွေကို ထင်ထင်ရှားရှားပြသထားတာမလို့ လုံး၀လက်လွှတ်မခံဘဲ BLSFLIXချန်နယ်မှာ စောင့်ကြည့်လိုက်ကြရအောင်နော်။
48👍4🥰2🤯1