Review by BLSFLIX
27K subscribers
832 photos
773 links
Download Telegram
You Are the Apple of My Eye ( 2025 )

https://t.me/+J2lxg5j-yhM0ZGU1

2011 ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ထိုင်ဝမ် ရုပ်ရှင်ကို remake ပြုလုပ်ထားတဲ့ ရုပ်ရှင်ကားလေး ထွက်လာပါပြီ။ အချစ်ဦး ကျောင်းသား ဇာတ်လမ်းလေးတွေကို ကြည့်ရတာ စိတ်ဝင်စားကြတဲ့ သူတွေအတွက် TWICE အဖွဲ့ဝင် Dahyun နဲ့ မင်းသား Jinyoung တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်လေးကတော့ အကြိုက်တွေ့စေမှာ အသေချာပါပဲ။

ဂူဂျင်အူ (Jinyoung) က ပေါ့ပေါ့ပါးပါးပဲ နေပြီး စာကြိုးစားလည်း ဘဝကြီးကပြောင်းလဲသွားတာ မရှိဘူးဆိုတဲ့ အတွေးရှိတဲ့သူပါ။ အိုဆွန်းအာ (Dahyun) ကတော့ အရမ်းနာမည်ကြီးပြီး စာကြိုးစားတဲ့ အတန်းခေါင်ဆောင်ဖြစ်ပါတယ်။ အဲ့လို အစွန်းနှစ်ဖက်လို ဖြစ်နေတဲ့ သူတို့ နှစ်ယောက်က တစ်နေ့တော့ အကြောင်းတစ်ခုကြောင့် ခုံရှေ့နောက် ထိုင်ရဖို့ ဖြစ်လာပါတော့တယ်။ ဂူဂျင်အူတစ်ယောက် ဆွန်းအာနဲ့ အတူတူ ထိုင်ရင်းကနေ မလုပ်စဖူး စာလုပ်ဖြစ်ခဲ့အပြီးမှာတော့ ဆွန်းအာနဲ့ တဖြေးဖြေး နီးစပ်လာပါတော့တယ်။ ဂူဂျင်နဲ့ ဆွန်းအာက ပိုမိုနီးစပ်သွားမလား သူတို့နှစ်ယောက်ကြား ဘယ်လိုအချိုးအကွေ့တွေ ဖြစ်ဦးမလဲဆိုတာကတော့ ရင်ခုန်သွာ ဆက်လက် ကြည့်ရှုရမှာဖြစ်ပါတယ်။
25👍5
Bestie Tasty Season 2 (2025)

https://t.me/blsflix_channl3

ကဲ....ဒီတစ်ခါမှာတော့ ဟင်းချက်လေးသင်ရင်း ဘဝအမောတွေပြေစေနိုင်မဲ့ Bestie Tasty Season 2 တစ်ခါပြန်လာခဲ့ပါပြီ။ အမြဲ တကျက်ကျက် ဖြစ်နေတတ်ကြတဲ့ Tay နဲ့ New တိုနှစ်ယောက် ဒီတစ်ခေါက် Season မှာရော ဘယ်လို ထူးခြားတဲ့ဟင်းတွေကို ချက်ပြုတ်သွားကြမလဲ။

ဒီတစ်ခေါက် Season မှာရော ဘယ်သူက အနိုင်ရရှိတဲ့သူဖြစ်လာမလဲ။ Season 1 နဲ့မတူအောင် ဘယ်လိုဧည့်သည်တော်တွေက လာရောက်ချက်ပြုတ်သွားကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ပေးကြပါဦးနော။ဒီတစ်ခေါက် Season 2 မှာ ထူးထူးခြားခြားနဲ့ Polca fandom က ဘွားဘွားတွေရဲ့အသည်းစွဲ Pocasan လေးလည်းပါလာဦးမှာဆိုတော့ အတတ်ကလေးရဲ့ ချစ်စရာကောင်းမှုတွေကို မလွတ်တမ်းစောင့်ကြည့်ဖို BLSFLIX Channel ကနေစောင့်ကြည့်ပေးကြပါဦးနော်
❤‍🔥2722👍5
Shark : The Beginning

https://t.me/+tYjedvG7a_EyYTll

ဒီတစ်ခါ BLSFLix ချန်နယ်ကနေ တင်ဆက်ပေးသွားမဲ့ ဇာတ်ကားလေးကတော့ Korean Actionဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Shark: The Beginningဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ မကြာခင်မှာ Shark: The Storm ဇာတ်ကားလေးပါ ထွက်ရှိလာမလို့ ဒီကားလေးကို အရင်ကြည့်နှင့်ထားသင့်ပါတယ်နော်။

ဝူဆိုးလ်ဟာ ကျောင်းမှာ အပြင်းအထန်အနိုင်ကျင့်ခံရရင်း ကိုယ့်ကိုယ်ကို ပြန်ခုခံရာကနေ လက်လွန်သွားလို့ ထောင်ထဲရောက်သွားပါတော့တယ်။ ဒီလိုနဲ့ ထောင်ထဲ မျက်စိသူငယ် နားသူငယ်ဖြစ်ရာကနေ အမ်အမ်အေ လက်ဝှေ့သမားဟောင်းဒိုဟျွန်း( Wi ha joon)နဲ့တွေ့ဆုံရပါတယ်။ ဒီလိုနဲ့ ဒိုဟျွန်းက ကလဲ့စားဘယ်လိုချေရမလဲဆိုတာကို သင်ပြပေးရင်း သူတို့နှစ်ယောက် ရင်းနှီးလာပါတော့တယ်။

ဒါပေမဲ့ တကယ်တမ်း ‌ထောင်ထဲကထွက်တဲ့အခါ ဝူဆိုးလ်တစ်ယောက် သွေးကြွေးကိုပြန်ဆပ်နိုင်ပါ့မလား။ ထောင်ကြမ်းကြမ်းနဲ့ လက်တွေ့ဆန်ဆန် အချခန်းတွေချည်းပဲမလို့ လက်လွှတ်မခံဘဲ စောင့်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပါနော်။
28👍6
Eye Contact (2025)

https://t.me/blsflix_channel5

❃....❃....❃....❃....❃....❃

ချစ်စရာကောင်းပြီး မျက်မှန်လေးတပ်ထားတဲ့ ကောင်လေး  Nu .....

ဒုတိယနှစ်ဆေးကျောင်းသားလေးဖြစ်ပြီး တက္ကသိုလ်မှာနာမည်ကြီးတဲ့လူချောကောင်လေး Sun .....

တစ်ရက် Sun ကားမောင်းလာရင်း Nu ကိုဝင်တိုက်မိပြီး ဒဏ်ရာရှိသွားပါတော့တယ်.....

မျက်မှန်အောက်က မျက်ဝန်းလေးနဲ့ အကြည့်ချင်းဆုံးသွားတဲ့အခါမှာတော့....

ဒုတိယနှစ်ဆေးကျောင်းသားလေးနဲ့ မျက်မှန်ဝိုင်းနဲ့ကောင်လေးတို ဘာတွေဆက်ဖြစ်သွားမလဲ.....

ချစ်စရာကောင်းတဲ့ Japan Novel လေးကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပြီး အပိုင်း - ပိုင်းလာမှာဖြစ်တဲ့အတွက်

BLSFlix Channel လေးမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါဥိးနော်....🌷
❤‍🔥7041👍15🍓6🥰3💯2🤷‍♂1🔥1
Shark 2: The Storm

https://t.me/+tYjedvG7a_EyYTll

– အသက်ရှင်ဖို့ သတ်ဖြတ်ရတဲ့ကမ္ဘာမှာ မင်းက ဘယ်သူလဲ?

(2025.05.15 )

အမှောင်ထဲမှာ တိတ်တိတ်လေး အသက်ရှင်နေသူ တစ်ယောက်...


Cha Woo-sol – အကျဉ်းထောင်ထဲက လွတ်လာသူ။
ပြစ်မှုမှတ်တမ်းတစ်ခုရှိတယ်။
ပြန်လည် ရှင်သန်ဖို့ MMA ထဲကို ဝင်လာ ခဲ့တယ်။

လက်နဲ့ပဲ ချုပ်ကိုင်ရတဲ့ ဘဝတစ်ခု...။

ဒါပေမယ့် – အမှောင်ထုက တိတ်တိတ်လေး ပြန်ရောက်လာတယ်။

Hyun Woo-yong – ဂိုဏ်းတစ်ခုလုံးကို လက်တစ်ဖက်တည်းနဲ့ ထိန်းချုပ်ထားနိုင််တဲ့ gangster ဘုရင်။

လူတစ်ယောက်ကို အာဏာနောက်ကွယ်ကနေ ဖိနှိမ်တတ်သူ။
သူ့ကစားပွဲထဲက လွတ်မြောက်ဖို့
ထွက်ပေါက်လုံးဝ မရှိဘူး

ရုပ်ဖျက်တယ်။
သက်တမ်းညှိတယ်။
ရှင်သန်မှုဆိုတာ တစ်ချက်ပေးပြီး တစ်ချက်ခံရတာပဲ။

MMA fighter တစ်ယောက်အနေနဲ့ အသက်ရှင်ဖို့ လုပ်နိုင်မလား? ဒါမှမဟုတ်... ကစားပွဲတစ်ခုထဲမှာ ပျောက်သွားမလား?

သူတကယ်ရင်ဆိုင်ရမယ့် ရန်သူက ဘယ်သူဖြစ်မလဲ Gangster တစ်ဦး... ဒါမှမဟုတ် ကိုယ့်ကိုယ်သူပဲလား?

ထောင်ကနေထွက်လာတာက လွတ်မြောက်ခြင်းလား... ဒုက္ခ တစ်ခုပဲ ပြန်ခုန်ဝင်သွားတာလား?
👍2621❤‍🔥3🤯1
Dear HongRang

https://t.me/+YFmmhMlhFN5hNzhl

Joseon ခေတ်တုန်းက နာမည်ကြီး
ကုန်သည်မိသားစုမှသားဖြစ်သူ Hong-rang ဟာ ၈ နှစ်အရွယ်မှာ ပျောက်သွားပါတယ်။
ဒါပေမဲ့ သူ့အစ်မ Jae-yi ကတော့ သူ့မောင်လေးကို ၁၂နှစ်ကြာ ရှာနေခဲ့ပါတယ်။ ၁၂ နှစ်အကြာမှာတော့ ပျောက်ဆုံးနေသူ ပြန်ရောက် လာတယ်။

ဒါပေမဲ့ သူဟာ တကယ် Hong-rang အစစ်လား?
အတိတ်မေ့သွား တာဟာ တကယ်အမှန်ပဲလား? ဒါမှမဟုတ်….....

ပြန်လာသူရဲ့လျှို့ဝှက်ချက်နောက်ကွယ်မှာ ရှိနေတဲ့အကြမ်းဖက်မှုတွေ၊ ချစ်ခြင်းနဲ့ သစ္စာအကြားမှာ မယုံနိုင်လောက်အောင် ကွဲပြားနေတဲ့ “အမှန်တရား” ဟာ ကြည့်ရှူသူတွေ ကို ဖမ်းစားသွားမှာပါ။

မနက်ဖြန်နဲ့ အတိတ်ကြားမှာ… မည်သူက Hong-rang အစစ် လဲ?

Lee Jae-wook နဲ့ Jo Bo-ah တို့၏ စွဲမက်ဖွယ် သရုပ်ဆောင်မှုတွေနဲ့ ပြီးပြည့်စုံနေမဲ့ “Dear Hongrang” ဇာတ်လမ်းတွဲကြီး ကို BLSflix နဲ့အတူ မလွတ်တမ်း စောင့်ကြည့်ကြရအောင်နော်
27👍5
The Ex-Morning (2025)

https://t.me/blsflix_sotustheseries

ညွှန်းစရာမလိုအောင် ပေါက်နေပြီးသားဆိုတော့
ဘယ်ကစညွှန်းရမယ် မသိတော့ပါဘူး။

BL လောကရဲ့ ခေါင်းကိုင်ဖခင်ကြီးတွေဖြစ်တဲ့
SingtoKrist ရဲ့ Legendary comback ကြီးဆိုပြီး စညွှန်းရမလား?

ရည်းစားဟောင်းဆို မူးလိုတောင်မရှူကောင်းတဲ့ခေတ်မှာ
ရည်းစားဟောင်းနဲ့ပြန်ဖုန်ထမဲ့ဇာတ်လမ်းလေးလို စညွှန်းရမလား?

တွေ့ရများတဲ့ လူငယ်ကျောင်းသားကားမျိုးမဟုတ်ဘဲ
BL လောကမှာ မရှိသလောက်ရှားတဲ့
သတင်းထောက်နဲ့ရှိးထုတ်လုပ်သူတိုအကြောင်းဆိုပြီးပဲ စညွှန်းရမလား?

ရှုပ်ပါတယ်ဗျာ
ဇာတ်ကားနာမည်လေးကပဲ စပြောကြရအောင်ပါ။

The Ex-Morning ကို နားလည်သလောက်ပြောရရင်
အချစ်ငှက်လေးတွေ တီတီတာတာ
မျှော်လင့်ချက်ရောင်ခြည်လေးတွေ ဝေဝေဖြာဖြာနဲ့
နှမြောဖိုကောင်းစွာ ကုန်လွန်သွားတဲ့"မနက်ခင်းတစ်ခု"ကို
ဆိုလိုထားဟန်တူပါတယ်။

နောက်ရက်နိုးတဲ့အခါ အဲဒီနေ့ကလိုမနက်ခင်းလေး
ပြန်ရနိုင်ပါ့မလားကတော့ စောင့်ကြည့်ကြရမှာပေါ့။

ထိုင်းနာမည်နဲ့ဆို ဇာတ်ကားနာမည်က
"ရည်းစားဟောင်းဆိုတာ မကြာခဏပြောင်းလဲတတ်တာကြောင့်" တဲ့။

နာမည်မှာကိုက အရိပ်အမြွက်ပါနေပါပြီ။
အချိုးမပြောင်းတော့မဲ့ ကိုယ့်ရည်းစားဟောင်းနဲ့တော့
ဒီတစ်သက် ပြန်ပေါင်းထုပ်ရဖို မမျှော်လင့်ကြပါနဲ့။

Synopsis - M2k
85👍7❤‍🔥5🥰2🤯1
Knock Out Series (2025)

https://t.me/blsflix_channel23

အင်တာဗျူးဖြေရင်း တဝက်တပျက်မှာ အဖေဆုံးကြောင်း သိလိုက်ရတဲ့ ကင်း - စုထားတဲ့ပိုက်ဆံလေးတွေနဲ့ အဖေ့ဈာပနာပွဲလုပ်ပြီးမကြာ အဖေအကြွေးရှင်တွေပါဆိုပြီး မိုက်ကြေးခွဲ လာတောင်းခြင်းခံလိုက်ပြီး မတတ်နိုင်တဲ့အဆုံး ဖဲ့ချ်ဆာ့လက်ဝှေ့ရုံမှာ နေဖိုဖြစ်လာတဲ့အခါ

ဖဲ့ချ်ဆာ့ လက်ဝှေ့ရုံမှာ “ကျားတွေကိုတောင် အနိုင်ယူနိုင်တဲ့ အမြောက်” လိုတောင် တင်စားခေါ်ခံရတဲ့ နာမည်ကြီး မွေထိုင်းလက်ဝှေ့ကစားသမား ထန် - ဘယ်လိုပဲ ဂုဏ်သတင်းကျော်ဇောနေပါစေ ဘယ်သူ့ကိုမှ အဖတ်မလုပ် ဖိတ်ခေါ်သမျှပွဲတိုင်းကို ငြင်းဆန်နေတဲ့ ထန်တယောက် ဘာကြောင့် ဒီလိုတွေလုပ်နေလဲဆိုတာတော့ ဘယ်သူကမှတော့ မသိခဲ့ပါဘူး

ကင်း တယောက် ထန် ဘာကြောင့် အဲလိုဖြစ်နေလဲဆိုတာ အဖြေရှာရင်း နှစ်ဦးသား ပိုရင်းနှီးပြီး တယောက်အပေါ် တယောက်ခံစားချက်ရှိလာကြတဲ့အခါ

ကင်း အဖေရဲ့သေဆုံးမှုက ရိုးရှင်းတဲ့သေဆုံးမှုတခုရော ဟုတ်ရဲ့လား
ထန် အေးစက်နေရတဲ့ အကြောင်းပြချက်ကရော ဘာကြောင့်များလဲ
အချစ်စစ်တိုမည်သည် မဖြောင့်ဖြူးသောလမ်းလိုဆိုကြသလိုပဲ ကင်းနဲ့ထန်တို ဘယ်လိုအန္တရာယ်မျိုးစုံကို ရင်ဆိုင်သွားရမှာလဲ


ဒီလို အချို အခါး အချစ် အလွမ်း မျိုးစုံနဲ့ ရသစုံစွာ ကြည့်ရှူရမယ့် Knock Out Series ဆိုတဲ့ ဇာတ်လမ်းကောင်းလေးကို မေလ ၁၆ ရက်နေ့စလို အပတ်စဉ် သောကြာနေ့တိုင်း BLSFlix က ဘာသာပြန်တင်ဆက်ပေးသွားမှာမို အတူတူစောင့်မျှော်ကြည့်ရှူလိုက်ရအောင်နော်
105👍11🤯4🔥2🥰1🤔1🍓1👾1
My Sweetheart Jom (2025)

https://t.me/+9QwV8xKhqTk3MjU9

(တစ်ချိန်က နာမည်ကြီးခဲ့တဲ့ Love By Chance ဇာတ်ကားထဲက မင်းသားဖြစ်တဲ့ P' Saint ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်တာမို့ သေချာပေါက် ကြည့်သင့်တဲ့ ကားလေးပါနော်)

မာဖီးယားသူဌေးသားရဲ့ ရည်းစားဖြစ်သူနဲ့ ငြိသွားပြီး ပြေးဖို့လိုအပ်တဲ့အခြေအနေတစ်ခု ဖြစ်လာတဲ့  Yothin(Yo) ......🍃

ဖခင်ဖြစ်သူက နိုင်ငံခြားကိုပြေးခိုင်းမဲ့အစား ခရိုင်အုပ်ချုပ်ရေးမှူး သူငယ်ချင်းရှိတဲ့ Bang Po ကျေးလက်ဒေသကို ပို့လိုက်ပါတဲ့အခါမှာတော့...🍃

ဒီလိုနဲ့ Yothin(Yo) တစ်ယောက် အုပ်ချုပ်ရေးမှူးရဲ့ မြေးဖြစ်သူ Jomkhwam(Jom) ရဲ့ တင်းတင်းကြပ်ကြပ်စောင့်ကြည့်မှုကို ခံရပါတော့တယ်...🍃

အချိန်တွေပြောင်းလဲလာတာနဲ့အမျှ နှစ်ယောက်သား ခံစားချက်တွေကရော ပြောင်းလဲလာပါ့မလား....

"အုပ်ချုပ်ရေးမှူးရဲ့မြေးနဲ့ မြို့ပြက သူဌေးသားလေး" တို့ရဲ့ကြားက သံယောဇဥ်နှောင်ကြိုးလေးတွေက ဘယ်လိုရစ်ပတ်သွားမလဲဆိုတာကို

ကျေးလက်နေပြည်သူတွေရဲ့ပုံစံတွေ၊ တောတောင်ရေမြေရဲ့ အလှတရားတွေနဲ့အတူတူ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးကို ကြည့်ရမှာဆိုတော့ BLSFlix Channel လေးမှာ လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...🎀
❤‍🔥5841👍11
Loy Kaew First Love (2025)

https://t.me/blsflix_channel3

ငယ်ငယ်ကတည်းက ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းနှစ်ဦး Loyနဲ့ Kaew....

အမေဖြစ်သူက အကြွေးတွေနစ်နေတဲ့ မြေကိုစွန့်ပြီး မြိုတော်ကို ထွက်သွားစေချင်ပေမဲ့ Loyကတော့ ရွာမှာပဲနေဖို စိတ်အားထက်သန်ခဲ့ပါတယ်။

ငွေကြေးမပြည့်စုံပေမဲ့ Loyဟာ အကပါရမီပါသူမို ဂုဏ်ယူဖွယ်အခမ်းအနားမှာ Kaewနဲ့အတူဖျော်ဖြေဖိုဖြစ်လာပါတယ်။

ထိုအခြေအနေတွေကြောင့် Loyအပေါ်မနာလိုမုန်းတီးနေတဲ့ အကြွေးရှင်ရဲ့သားရဲ့ ရန်စမှုတွေရှိလာတဲ့အခါ ဒီအခြေအနေတွေကို Loyဖြေရှင်းနိုင်မလား။ ကြာရှည်စွာ ရင်းနှီးလာသူ သူငယ်ချင်း ဘဝမှာ သူ့အပြင်ရင်းနှီးမှုမရှိရတဲ့Kaewနဲ့ရော သူငယ်ချင်းဆိုတဲ့စည်းကနေ ကျော်ဖြတ်နိုင်မလားဆိုတာကို ကျေးလက်လူနေမှုဘဝနဲ့ ပုံဖော်ထားတဲ့ တမူထူးတဲ့ ဒီဇာတ်လမ်းလေးကို ကျွန်တော်တို BLSFLIXမှာစောင့်မျှော်ကြည့်ရှူပေးပါဦး ။
64👍11🥰3🔥1
Thun Thai (2025)
"ထိုင်းနိုင်ငံမှ ဒေသခြောက်ခုအလှ"

https://t.me/blsflix_channel21

လူတိုင်းမှာ ဇာတ်လမ်းကိုယ်စီရှိခဲ့ကြဖူးမှာပါနော်...
စိတ်ကူးယဥ်ဆန်ပြီး ပျော်ရွှင်ခဲ့ရတဲ့ ဇာတ်လမ်း....🪴
ဝမ်းနည်းခဲ့ရပြီး ထပ်မတွေးချင်တော့လောက်အောင် နာကျင်ရတဲ့ ဇာတ်လမ်း...🍂
ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ နာကျင်မှု၊ ခံစားချက်များစွာကိုသယ်ပိုးထမ်းထားပြီး ဘဝကို ဆက်ရှင်သန်နေရကြတာပါပဲ....🌻


°•°•°•°•°•°•°•°•°•°•°•°

ဒီဇာတ်လမ်းထဲမှာတော့

ထိုင်းနိုင်ငံရဲ့ မတူညီကွဲပြားတဲ့ ဒေသခြောက်ခုရဲ့ ဇာတ်လမ်းလေး ခြောက်ပုဒ်.....

ထိုင်းနိုင်ငံ ရဲ့ မြောက်ပိုင်းဒေသ တောင်ပိုင်းဒေသ၊ အီဆန် ၊  အလယ်ပိုင်းဒေသ၊ အရှေ့ပိုင်းဒေသ နဲ့ အနောက်ပိုင်း ဒေသ တိုမှာရှိတဲ့ မတူညီတဲ့လူတွေနဲ့ မတူညီတဲ့ဇာတ်လမ်းများ....

မတူညီတဲ့ ဒေသတွေနဲ့ မတူညီတဲ့ ဇာတ်လမ်းလေးတွေ....🍂

ထိုင်းနိုင်ငံရဲ့ ဒေသခြောက်ခုအပြင် ဒေသအသီးသီးရဲ့ နေရာအလှလေးများ၊ ဒေသစကားသံလေးများနဲ့ မတူညီတဲ့ ဇာတ်ကောင်များရဲ့ သရုပ် ဆောင်မှုကို ကြည့်ရှုရမှာပါနော်.....

ဇာတ်လမ်းခြောက်ခုက ဘယ်လိုဇာတ်လမ်းလေးတွေဖြစ်မလဲဆိုတာကို BLSFlix Channel လေးမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...🎀
❤‍🔥19👍137💯1
I Love "A Lot Of" You (2025)

https://t.me/blsflix_notme

Sairung ဆိုတဲ့ ကောင်မလေးက လူတစ်ကိုယ်ထဲ စိတ်ငါးကိုယ်ခွဲနေတဲ့ ရောဂါ တစ်မျိုးကို ခံစားနေရတဲ့ အမျိုးသမီးလေး တစ်ယောက်ဖြစ်တယ်...

တစ်နေ့မှာ Sairung ရဲ့ အဖေက Sun ဆိုတဲ့ ကောင်လေးကို ငှားပြီး သူ့သမီးရဲ့ ငါးကိုယ်ခွဲနေတဲ့ Personality အမျိုးမျိုးကို အကုန်လုံးနဲ့ ချွစ်ကျွမ်းဝင်အောင်လုပ်ဖို့ တာဝန်ပေးလိုက်တယ်...

Sirung ရဲ့ Personality တွေထဲက Manmok ကတော့ Sun ကို ခါးခါးသီးသီး ဖြစ်နေပြီး ဘယ်လို အလွဲတွေ ကြုံရမလဲ... ကျန် ၄ကိုယ်နဲ့ရော ဘယ်လို ရိုရိုချိုချိုလေးတွေ ဖန်တီးပြီး ကောင်မလေးရဲ့ နှလုံးသားကို အပိုင်သိမ်းမလဲဆိုတာကို....ဒီလို ချိုချိုခါးခါး အချစ်ဇာတ်လမ်းအသစ်လေးကို အပတ်စဉ် စနေနေ့တိုင်း BLSFLIX Channel မှာ ကြည့်ရှုနိုင်ပါပြီ။
56💔4🤯2👍1😡1
The Wedding Banquet (2025)

https://t.me/+BPdCV-rhcf5jMWM1
https://t.me/+vhHYAUmSAJ1kNDA1

ဒီတစ်ခါ BLSFLIXရဲ့ ကြည့်ရှုသူတွေကို A Wedding Banquet(1993)တရုတ်ကားလေးကိုမှ ပြန်ပြီးRemakeလုပ်ရိုက်ကူးထားတဲ့ နာမည်တူဇာတ်ကားလေးကို ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။

ပုံမှန်ဇာတ်အိမ်လေးကိုမှ ဒီတစ်ခါ Korean-American ရိုးရာနဲ့ကြည့်ရမှာပါ။ ထုံးစံအတိုင်း မင်နဲ့ခရစ် Gay စုံတွဲလေးက မွေးရပ်မြို့ကိုအလည်ပြန်ရင် အဘွားဖြစ်သူရဲ့စိတ်တိုင်းကျ မင်က မိန်းကလေးနဲ့ ကြိုက်‌နေတယ်‌ဆိုပြီး ဟန်ဆောင်ပြပါတယ်။ ဒါပေမဲ့ ကိစ္စတွေက လွန်လွန်ကျူးကျူးဖြစ်လာပြီး အဘွားဖြစ်သူကြောင့် မင်က အိန်ဂျလာဆိုတဲ့ထိုမိန်းကလေးနဲ့ပါ လက်ထပ်ဖို့ဖြစ်လာတဲ့အခါ။

ခရစ်မှာလည်း မဆုတ်သာမတိုးသာ ဘေးကနေကြည့်နေရတဲ့ဘ၀။ မင်ကလည်း အခုထက်ထိ အဘိုးအဘွားတွေကို မပွင့်လင်းနိုင်နဲ့။ သူတို့အထဲ အိန်ဂျလာကပါ ရောယောင်ပါရင်း Lgbtကိုမှ family typeဇာတ်ကားလေးမလို့ BLSFLixချန်နယ်မှာ လက်မလွှတ်တမ်းစောင့်ကြည့်လိုက်ကြရအောင်နော်။
👍164
Thun Thai "ထိုင်းနိုင်ငံမှ ဒေသခြောက်ခုအလှ"
Be Mine.. Be Yours (2025)

https://t.me/blsflix_channel21

ဓာတ်ပုံဆရာလေးတစ်ယောက်ဖြစ်တဲ့ ဂျန်ဝမ်ကပုလဲဆိုတဲ့ပလာတီသင်တဲ့ဆရာမလေး နဲ့လက်ထပ်ဖိုအတွက် အဆင်သင့်မဖြစ်သေးပေမယ့် ပွဲအတွက်ပြင်ဆင်နေတုန်းမှာပဲ နန်း ဆိုတဲ့ရွာလေးမှာ ဓာတ်ပုံဆရာအလုပ်ကိုရသွားပါတယ်.

သူအဲ့မှာသိတာဆိုလို မယ့်ဉီးဆင်း နဲ့ဝမ်ဖာ့ဆိုတဲ့ ရိုးရာထိုင်း(လူး)အကသင်တဲ့ ဆရာလေးရယ်ပဲရှိပါတယ်.

ဝမ်ဖာ့ကရိုးရာဓလေ့ကို ထိန်းသိမ်းဖို ပြင်ဆင်နေတဲ့သူလဲဖြစ်ပါတယ်. နွေးထွေးတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားမှာပဲ ဓာတ်ပုံဆရာလေးနဲ့ အကသင်တဲ့ဆရာလေးတိုကြား ချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာတဲ့အချိန် ပုလဲကလက်ထပ်ဖိုအတွက် အတင်းတိုက်တွန်းပါတော့တယ်.

ဝမ့်ဖာကတော့ ကယန်းပန်ပွဲတော်အတွက် ဂျန်ဝမ်ညီမလေးလင်မယားတိုနဲ့အတူ ရွာလူကြီးကို အတိုက်အခိုက်လုပ်ပြီး ပြင်ဆင်နေပါတော့တယ်
ဂျန်ဝမ်တစ်ယောက် ဘန်ကောက်ကိုပြန်ရောက်တဲ့ အချိန်မှာတော့ သူ့နှလုံးသားလေးက နန်းပြည်နယ်မှာပဲကျန်ခဲ့တယ်ဆိုတာသိလိုက်ရတဲ့အခါ ...

ဘာတွေဆက်ဖြစ်မလဲဆိုတာ BLSFlix Channel လေးမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်...🎀
34👍8😐1
ဆန်းကြယ်သောကံကြမ္မာ Season 1 (2025)

https://t.me/+Zee9enXcMAAyMDhl

🌸•°•°•°•°•🌸

ပြတ်တောက်သွားတဲ့ ဆက်ဆံရေးတစ်ခုက ပြန်ပြီးအသက်ဝင်လာနိုင်ပါ့မလား....

ပြန်ပြီးအသက်ဝင်လာရင်တောင်  ခံစားချက်တွေ၊ သံယောဇဥ်တွေ၊ နှောင်ဖွဲ့ တွယ်တာမှုတွေက အရင်ကလိုပဲ ဖြစ်တည်နေပါဦးမလား...

(ဒီဇာတ်လမ်းလေးကိုတော့ မရေရာမသေချာတဲ့ ဆက်ဆံရေးတွေရှိနေပြီး မျှော်လင့်ချက်တစ်ခုကို ဆုပ်ကိုင်ထားတဲ့သူတွေ ကြည့်သင့်ပါတယ်နော်... )

တိုကျိုခရီးထွက်ပြီးသွားတဲ့နောက်မှာ ခံစားချက်တွေပြောင်းလဲသွားတဲ့ သူနှစ်ယောက်... အချိန်တွေကြာလာတာနဲ့အမျှ အဖြေရှာမရတဲ့ မေးခွန်းတွေ နှလုံးသားထဲမှာ ရစ်ပတ်လာပါတယ်...

တစ်နှစ်ကြာပြီးတဲ့နောက်မှာ Shimane ပြည်နယ်ကို ပြောင်းခဲ့ပြီး ခရီးသွားဘလော့ဂါတစ်ယောက်ဖြစ်လာခဲ့တဲ့ P..

စိတ်ကူးယဥ်အိမ်မက်ထဲကအတိုင်း Idol တစ်ယောက်ဖြစ်လာပြီးတော့ Fanbase ကလည်း ကျယ်ပြန့်လာခဲ့တဲ့ Pan-Plai....

ဆောင်းရာသီလေးမှာ P ဆီ ပြန်လာဖို့ တိတ်တဆိတ် ဆုတောင်းနေခဲ့တဲ့အတိုင်း Pan ကဂျပန်ကိုရောက်လာတဲ့အခါမှာတော့...

ဒါပေမဲ့ Pan တစ်ယောက် ရက်စက်တတ်တဲ့ Manager နဲ့ ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့ Screen Partner နဲ့အတူရောက်ရှိလာခဲ့ပါတယ်...

ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့ Partner လေးနဲ့ ခရီသွားဘလော့ဂါလေးတို့နှစ်ယောက် ရဲ့ကြားမှာ Pan တစ်ယောက်ဘယ်လိုရွေးချယ်မလဲ...

အောင်မြင်မှုလား ချစ်ခြင်းမေတ္တာလား... Idol တွေကြားမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ရွေးချယ်မှုတွေကိုလည်း ကြည့်ရှုရမှာပါနော်....

ဒီဇာတ်လမ်းလေးကို BLS Flix Channel လေးမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်...🎀
63👍37🥰3🤔2
I Promise I Will Come Back (2025)

https://t.me/blsflix_official

စောင့်မျှော်နေရခြင်းကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြသလဲ?

အတိတ်ကနေ မရုန်းထွက်နိုင်ခြင်းလား?
အနာဂတ်သစ်တစ်ခုအတွက် ကုစားရေးဝင်နေချိန်မျိုးလား?

HIStory3: Make Our Days Count မှာပါခဲ့တဲ့ ထိုင်ဝမ်အမြွှာနှစ်ယောက်နဲ့
လက်ရှိပြသနေတဲ့ Ai no Kisetsu ကားထဲက တွန်တယ် တို့ပါဝင်ထားတာပါ။

မင်းသား တွန်တယ်ကိုယ်တိုင် ထုတ်လုပ်သူဒါရိုက်တာလုပ်ထားပြီး
ထိုင်းမြောက်ပိုင်း Phrae  နယ်မြို့လေးရဲ့
သမိုင်းကြောင်းတွေ တောတောင်ရေမြေသဘာဝတွေကို
အချစ်ဇာတ်လမ်းလှလှလေးနဲ့ ပုံဖော်ရိုက်ကူးထားတာပါ။

၃ မိနစ်စာ trailer မှာကြည့်ရသလောက်တော့
ထိုင်းနိုင်ငံကိုလာလည်တဲ့ Victor ဆိုတဲ့ကောင်လေးနဲ့
Phrae နယ်ခံ TK ဆိုတဲ့ ခရီးသွားလမ်းပြလေးတို့ရဲ့
လွမ်းဆွတ်တမ်းတဖွယ် အချစ်ဇာတ်လမ်းလေးပါ။

သူငယ်ချင်းအချစ်တွေ...တစ်ဖက်သတ်အချစ်တွေ...
ချစ်လျက်နဲ့ခွဲခွာရခြင်းတွေ...ဝေးလျက်နဲ့စောင့်မျှော်နေရခြင်းတွေ...

တော်တော်များများပြောကြပါတယ်
စောင့်မျှော်နေရခြင်းက ပင်ပန်းလွန်းပါတယ်တဲ့....
ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက
လူတွေအများကြီး စောင့်ခဲ့ကြရပါတယ်
စောင့်နေကြတုန်းပါပဲ ဆက်စောင့်သွားကြဦးမှာပါ...။

Synopsis - M2k
57👍12🥰2
In Search of the Missing Heart (2025)
"နှလုံးသား ရှာပုံတော်"

https://t.me/blsflix_connect

စားသောက်ဆိုင်တခုမှာတကိုယ်တော်သီချင်းသီဆိုခွင့်ရဖိုကြိုးစားနေတဲ့ကယောက်ဟာ သူငယ်ချင်းဖြစ်သူနမ့်ဖင့်အပေါ်မှာစိတ်ရင်းနဲ့မခင်မင်ပဲ နောက်ကွယ်မှာအမြဲအပုတ်ချအတင်းပြောနေခဲ့သူပါ။

နမ့်ဖင့်ကတော့ မသိရှာပဲကယောက်အပေါ် တကယ်စိတ်ရင်းနဲ့ခင်မင်ခဲ့ပါတယ်။စားပွဲထိုးဖင်းဟာလည်းဆိုင်မှာ သီချင်းဆိုရဖိုဟာသူ့အိမ်မက်တခုပါ။ဒီလိုနဲ့သူဌေးကလိုအပ်လာတော့ ဖင်းကိုဆိုင်မှာသီချင်းဆိုခွင့်ပေးလိုက်တဲ့နောက်မှာ ဖင်းဟာအဆိုလောကထဲရောက်လာပါတော့တယ်။

ဖင်းကနမ့်ဖင့်ဆိုတဲ့မိန်းကလေးကို သဘောကျနေပြီးမကြာခင်မှာပဲသူတိုနှစ်ယောက်အိမ်ထောင်ကျပြီးကိုယ်ဝန်လွယ်ထားရပါတော့တယ်။တဖက်မှာလည်း ကယောက်ဟာ အသုံးအဖြုန်းကြီးသူဖြစ်ပြီး သူဌေးကတော်ဖြစ်တဲ့သူ့အမအိမ်ကနေပိုက်ဆံခိုးလို ခဲအိုရဲ့မကြည်ဖြူတာကိုခံနေရသူပါ။တနေ့မှာကယောက်ရဲ့အမဖြစ်သူလင်မယားဟာတဦးတည်းသောသမီးကိုဆုံးသွားလို နာကျင်ခံစားနေရချိန် နောက်ထပ်မွေးဖိုကိုယ်ဝန်မဆောင်နိုင်တော့လို ကယောက်ကိုအငှါးကိုယ်ဝန်ဆောင်ပေးဖို အကူအညီတောင်းခဲ့ပါတယ်။

အစမှာတော့ ကယောက်ဟာ သူ့အမအတွက်အငှါးကိုယ်ဝန်ဆောင်ပေးဖိုငြင်းဆန်နေပေမယ့် မွေးပေးခအနေနဲ့ သူလိုချင်တာတွေရမှာဆိုတော့ နောက်ဆုံးမှာလက်ခံလိုက်ပါတယ်။ဒီလိုနဲ့ကယောက်နဲ့နမ့်ဖင့်တိုသူငယ်ချင်းနှစ်ယောက် ကိုယ်ဝန်ဆောင်ချိန်အတူတူဖြစ်ပြီး ကယောက်ကတော့ ခြံတခုမှာသားလေးအရင်မွေးခဲ့ပါတယ်။သူ့သားလေးဟာ ကျန်းမာရေးမကောင်းလို သေဆုံးခါနီးဖြစ်နေတော့ ဒီလိုသာဆိုရင်သူ့အမကိုကလေးအဖတ်မတင်ဘူးဆိုတဲ့အကြောင်းပြောပြလိုမဖြစ်ဘူးဆိုပြီး မဟုတ်တာတွေကြံစည်ပါတော့တယ်။ကယောက်ဟာ မီးဖွားခါနီးဖြစ်တဲ့နမ့်ဖင့်ကိုသူဒုက္ခရောက်နေလိုသူ့ဆီလာပါဆိုပြီး လိမ်ညာခေါ်ကာ နမ့်ဖင့်ကိုအတင်းဖမ်းပြီး ခွဲစိတ်ကာကလေးကိုလုယူခဲ့ပါတယ်။

ကယောက်ဟာနမ့်ဖင့်နဲ့သူ့ကလေးကိုလဲယူခဲ့တာပါ။ အဲ့ဒီတော့ ဘာတွေဆက်ဖြစ်ကြမှာလဲ ကယောက်မွေးတဲ့ကလေးကရောအသက်ရှင်မှာလား နမ့်ဖင့်တိုလင်မယားရောဘာဆက်ဖြစ်မှာလဲ ကလေးတွေရဲ့အနာဂတ်ကရောဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ပုံမှန်ကြည့်နေကြဇာတ်လမ်းတွေထဲကကွဲထွက်နေပြီးရသမျိုးစုံပေးတဲ့ဒီdramaဇာတ်ကားကောင်းလေးကို BLSFLIX channelလေးမှာစောင့်ကြည့်အားပေးကြပါဦးနော် ...
16👍4❤‍🔥1🥰1
Nine Puzzles (ကိုးမျိုးမဟေဠိ)

https://t.me/+iDA8pHE5SKcyZTZl

‎Nine Puzzle (2025) – Review

‎Jo I-na (Kim Da-mi) ဟာ အဖေတူအစ်ကို သတ်ဖြတ်ခံရတဲ့အမှုမှာ မျက်မြင်သက်သေဖြစ်ခဲ့သူတစ်ဦး။
‎နှစ်ပေါင်းများစွာအကြာတွင် သူမသည် စိတ်ဖော်ထုတ်သူတစ်ဦးအဖြစ် လူသတ်မှုအသစ်တစ်ခုကို စုံစမ်းဖော်ထုတ်နေစဉ်၊ မတော်တဆသူမကိုယ်သူပဲ ထပ်မံသံသယဝင်ခံရသောအခြေအနေတစ်ခုထဲကို ရောက်သွားသည်။

‎ စုံစမ်းရေးမှူး Kim Han-saem (Son Suk-ku) နှင့် ပူးတွဲအလုပ်လုပ်နေစဉ်တွင် အတိတ်နဲ့ပတ်သက်တဲ့ မဖြေရှင်းရသေးတဲ့ မေးခွန်းတွေရဲ့ အဖြေကို ရှာဖွေရင်း သူမရဲ့ကိုယ်တိုင် ကိုယ့်ဘဝနဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့သည်။


‎---

‎“Puzzle” ဆိုတဲ့ နာမည်အတိုင်းပဲ ဇာတ်လမ်းတစ်ခုလုံးဟာ မျက်စိလျင်လျင်ထားပြီး ဖြေရှင်းရမဲ့ ပဟေဠိတွေနဲ့ပြည့်နေတယ်။

‎အထူးသဖြင့် Kim Da-mi ရဲ့ စွဲမြဲစရာ သရုပ်ဆောင်မှုက စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကို ထိထိရောက်ရောက်ဖော်ပြထားလို့ တော်တော်ခံစားရပါတယ်။

‎Son Suk-ku ကတော့ သူ့အလုပ်မှာ တည်ကြည်ပြီး သံသယနဲ့ မြင်တွေ့နေရတဲ့ မျက်နှာဖုံးကို သေချာ ပုံဖော်ပြနိုင်ခဲ့ပါတယ်။ ဇာတ်ကောင်နှစ်ဦးကြားက ရင်တထိတ်ထိတ်နဲ့ စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ dynamic က ဇာတ်လမ်းကိုပိုမိုအလှဆင်ပေးသွားပါတယ်။

‎---

‎ကြည့်ပြီးရင်တော့… “သူမက သက်သေအဖြစ်ပါလား၊ လူသတ်သမားအဖြစ်ပါလား” ဆိုတာထက် “သူမရဲ့အမှန်တရားက ဘယ်မှာလဲ” ဆိုတာကိုပဲ ပိုစိတ်ဝင်စားသွားပါလိမ့်မယ်။
👍19🐳65
Moon And Dust (2025)

https://t.me/blsflix_ChineseTaiwaneseBL

"အစ်ကိုကကျွန်တော့်အတွက် လမင်းကြီး ကျွန်တော်ကတော့အစ်ကိုအတွက်ဖုန်မှုန့်လေးပေါ့

အနေနီးပေမယ့် လျှိဝှက်ချက်တွေရှိတုန်းပဲ

တချိုသောအရာတွေကို အစ်ကိုကိုကျောခိုင်းထားမှ ကျွန်တော်ပြောရဲတယ်"

ကော်ဖီဆိုင်လေးဖွင့်ထားပြီး အနေအေးတဲ့ကောင်လေး စုန်ချီ 🌕

အစ်ကိုအတွက်ဘာမဆိုလုပ်ရဲတဲ့ စုန်လီ⭐️

တဖြည်းဖြည်းနဲ့အစ်ကိုအပေါ်ထားတဲ့ခံစားချက်တွေကနက်ရှိင်းလာတဲ့အခါ....

နှစ်ယောက်သား အခက်အခဲတွေရင်ဆိုင်ရင်း ဘယ်လိုညှိယူကြမလဲ....

"Bad Dog" novel ကိုပြန်လည်ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပြီး အပိုင်း၆ပိုင်းလာမှာဖြစ်လို

BLSFlix Channel လေးမှာ အပတ်စဥ်သောကြာနေ့တိုင်း စောင့်မျှော်ကြည့်ရှုလိုရပါပြီ
❤‍🔥8735👍23🥰5💯3😘2😱1🤩1
Forget You Not [ခိုင်မြဲသောအချစ်တို့နဲ့]

https://t.me/BLSFLiX_Chinese03

ဒီတစ်ခါမှာတော့ နေ့စဉ်ဘ၀မှာ ပင်ပန်းနေကြတဲ့ ကြည့်ရှုသူတို့ရဲ့ ဘ၀တွေကို ထင်ဟပ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Forget You Notကို BLSFlixချန်နယ်ကနေပြီးတော့ ဘာသာပြန်ပြီး တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။

သက်လတ်ပိုင်းအရွယ်မိန်းက‌လေးတစ်ယောက်ဖြစ်တဲ့ Cheng Le Leဟာ ဝါသနာပါရာဟာသလူရွှင်တော်တစ်လှည့်လုပ်ရင်း စား၀တ်နေရေးအတွက် စတိုးဆိုင်တစ်ဆိုင်မှာ အချိန်ပိုင်းလုပ်နေရတဲ့သူတစ်ဦးပါ။ သူ့ဘ၀ဟာ သူလိုငါလိုသာမန်မျှသာဖြစ်ပြီး အခက်အခဲတွေများစွာကြုံတွေ့တာတောင် ကိုယ်တွေလို အိမ်မက်နောက်ကိုလိုက်နေသူတစ်ဦးပါ။

အိမ်မက်နောက်ကိုလိုက်ရင်း ပင်ပန်းမှုတွေရဲ့ကြားထဲမှာ နစ်မြုပ်နေရင်း Cheng Le Leဟာ ခင်ပွန်းဖြစ်သူ Zhang Kaiနဲ့ သူမရဲ့ဖခင်ဖြစ်တဲ့သူနဲ့ပါ အနေဝေးလာရတဲ့အခါ။ စိတ်ပင်ပန်းကိုယ်ပင်ပန်းတွေ ဖြစ်လာရတဲ့အခါ တကယ်တော့ ကိုယ်ချစ်ရသူတွေနဲ့သာရှိရင် ပင်ပန်းမှုတွေက ယူပစ်သလိုပျောက်သွားတတ်တာကို Le Leတစ်ယောက် မသိရှိသေးတာကို သိရှိအောင် ရှာဖွေ‌ရင်း သူမဘ၀မှာ အရေးကြီးဆုံးသောယောင်္ကျားနှစ်ယောက်နဲ့ သူမဘယ်လိုပျော်ရွှင်အောင် ရှင်သန်နေထိုင်မလဲဆိုတာကို ဇာတ်အိမ်ကောင်းကောင်း အေးအေးလေးနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားလေးမလို့ BLSFLixချန်နယ်မှာ လက်မလွှတ်တမ်းစောင့်ကြည့်လိုက်ကြရအောင်နော်။
9
My Stupid Cupid (2025)
"မြှားနတ်မောင် မှန်အောင်ပစ်သော်လည်း"


https://t.me/bmverse_achitkwanraat

‎ လူပျိူကြီးတွေဖြစ်ကြတဲ့ "Mee" နဲ့ "Muek" တိုညီအကိုဟာ အချစ်ရေးကိုစိတ်မဝင်စားကြပါဘူး။ အကိုဖြစ်သူ "Mee" ဟာအတိတ်ကအချစ်ကြောင့် စိတ်နာရပြီး "Muek" ကတော့ Single ဘဝနဲ့ အထီးကျန်ပေမဲ့ လွှတ်လွှတ်လပ်လပ်နေတတ်တဲ့အပျိူပါ။ သူတိုကဘယ်မိန်းမကိုမှစိတ်မဝင်စားကြဘူး။သူတိုနှစ်‌ယောက်ဟာ ဘာသံယောဇဉ် ဘာဆက်နွယ်ရေးမှမရှိကြပါ။

‎ တစ်နေ့မှာတော့ မြှားနတ်မောင်ကသူတိုနှစ်ယောက်ကို သူတိုဖူးစာဖြစ်ကြတဲ့ စွာတေးလန်ညီအမနှစ်ယောက်ဖြစ်တဲ့ "Namphueng" နဲ့ "Pladao" တိုကိုဆုံတွေ့စေတယ်။ "Namphueng" သည် အကိုဖြစ်သူ "Mee" ကိုတိတ်တခိုးကြိုက်ပြီး "Pladao" က "Muek" ရဲ့နှလုံးသားကိုအနိုင်ရယူဖိုကြိုးစားပါတော့တယ်။

‎ ဒီစွာတေးလန်ညီအမနှစ်ယောက်က အချစ်ကိုစိတ်မဝင်စားကြတဲ့ ညီအကိုနှစ်ယောက်ရဲ့နှလုံးသားကို အနိုင်ယူနိုင်ပြီး သူတိုနှစ်ယောက်ကို အပျိူကြီးဘဝမှလွှတ်မြောက်အောင် လုပ်ပေးနိုင်မလားဆိုတာကို BLSFLIX တိုနဲ့အတူတူ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါ။
👍95❤‍🔥3🥰2💯2🔥1