Please open Telegram to view this post
VIEW IN TELEGRAM
❤10❤🔥4
ဝတ္ထုတို ၁၀၀
-ပီမိုးနင်း
"မြန်မာစာကို ရှေးရိုးအစဥ်အလာ ရေးသားနေကြရာမှ ဆရာပီမိုးနင်းသည် တိုတိုတုတ်တုတ်နှင့် လိုရင်းရောက်၍ စကားအသစ် ထွင်သင့်လျှင်လည်း အသစ်တီထွင်ပြီးလျှင် ခေတ်သစ်ရေးနည်း တစ်ဂိုဏ်းထူခဲ့သူ ဖြစ်လေသည်။🍀RO_Bookshelf
- ဆရာပီမိုးနင်း၏စာများသည် လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ဆယ်သုံးဆယ်၊ တစ်ခေတ်လွန်နှစ်ခေတ်လွန်ကရေးခဲ့သော စာများဖြစ်၏။
သို့သော် ရေးပုံရေးနည်း၊ယူဆပုံတို့မှာ ယခုတိုင်ပင် မရိုးသေး၊ ဆန်းသစ်ပျိုမြစ် အားကောင်းလျက်ပင် ရှိနေသေးသည်" (ဇေယျ) - "လွယ်လွယ်နှင့် ပေါ်ပေါ်လွင်လွင် ဖြစ်အောင် ရေးတတ်တဲ့ အတတ်ပညာကိုပိုင်တဲ့ ဆရာကြီးပီမိုးနင်းရဲ့ အရေးအသားတွေမှာ တမင်ဟန်လုပ်တဲ့သဘော ဘယ်တော့မျှ မတွေ့ရဘူး။
- သူ ရိုးရိုးရေးခဲ့တာတွေဟာ အမြဲဆန်းသစ်နေတယ်။ရေးဟန်တွေလည်း ရိုးမသွားဘူး။အကြာင်းအရာတွေကလည်း သဘာဝနဲ့ ကွာဟမသွားဘူးတည်ငြိမ်တယ်၊တည်မြဲတယ်။ တမင်လုပ်ထားတဲ့ ဟာသကွက်မျိုး မဟုတ်ဘဲ အလိုလိုဖြစ်တဲ့ ဟာသမျိုး၊ သရော်လှောင်ပြောင်တဲ့ ဟာသမျိုးကစပြီး ဟာသအရသာ မျိုးစုံဆရာကြီးရဲ့ စာထဲမှာတွေ့ကြပါလိမ့်မယ်" (လူထုဦးလှ)
❤🔥9❤5
Please open Telegram to view this post
VIEW IN TELEGRAM
❤🔥10❤5
ထက်မြတ်တဲ့မိန်းမ
-အက်ရှာ(Asher)
ဘဝမှာ
အောင်မြင်တဲ့ယောင်္ကျားတစ်ယောက်ကို
ရှာယူဖို့ထက်
တော်တဲ့ယောင်္ကျားတစ်ယောက်ကို
ရှာယူဖို့ထက်
ချမ်းသာတဲ့ယောင်္ကျားတစ်ယောက်ကို
ရှာယူဖို့ထက်
ကိုယ်ကိုယ်တိုင်
အောင်မြင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်
သိပ်တော်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်
ချမ်းသာတဲ့မိန်းမတစ်ယောက်ဖြစ်အောင်
ကြိုးစားပါ။
တစ်နေ့
ဘယ်သူ.ဘယ်ဝါရဲ့ဇနီးဆိုတာထက်
ကိုယ်ကိုယ်တိုင်ဘယ်သူပါလို့
ထုတ်ဖော်ပြောနိုင်တာက
ပိုလို့ဂုဏ်ယူစရာကောင်းပါတယ်။
လောကမှာ
ယောင်္ကျားတွေပြစ်ခါသွားလို့
ပြိုလဲသွားတဲ့မိန်းမတွေထဲမှာ
အရည်အချင်းရှိတဲ့မိန်းမတွေ...
ထက်မြတ်တဲ့မိန်းမတွေ....
ကိုယ့်တန်ဖိုးကို
ကောင်းကောင်းထိန်းသိမ်းတတ်တဲ့
မိန်းမတွေမပါဘူးနော်
@pwettyenn
Please open Telegram to view this post
VIEW IN TELEGRAM
❤🔥9❤5
မအိမ်ကံ
ရွှေအမြုတေမဂ္ဂဇင်းတွင် (၃၆)လတိုင်တိုင် အခန်းဆက်ဝတ္ထုရှည်အဖြစ် ရေးသားဖော်ပြခဲ့သော လုံးချင်းဝတ္ထုဖြစ်ပါသည်။
ယခုစာအုပ်တွင် မြန်မာမိန်းကလေးများ၏ ကိုယ်ကျင့်တရားနှင့် ရွာဓလေ့ ရပ်ဓလေ့ကို မြတ်နိုးလေးစား တန်ဖိုးထားတတ်သော စိတ်နှလုံး၊ မြန်မာကျေးတောသဘာဝများနှင့် ကျေးတောနေ တောသူတောင်သားများ၏ စိတ်နေသဘောထားကို ဖွဲ့နွဲ့ဖော်ပြထားပါသည်။
ဖက်စိမ်းကွမ်းတောင် (သို့မဟုတ်) မြဖက်ကွမ်းတောင် (သို့မဟုတ်) မြစိမ်းကွမ်းတောင်ဆိုသည့် ကွမ်းတောင်ကို ကိုင်ရသည့် မြန်မာမိန်းကလေးတို့တွင် ပြည့်စုံရသော အရည်အချင်းများသည် ရွာ့စံပြမိန်းကလေး (တစ်နည်း) ရွာ့ကျက်သရေဖြစ်ပါ၏။
ငှက်ပျောဖက်ရွက်ကွမ်းတောင်သည် ရွှေကွမ်းတောင်၊ ငွေကွမ်းတောင်၊ ကျောက်စီကွမ်းတောင်များထက် ပိုမို၍တန်ဖိုးထားခြင်းခံရသဖြင့် ဖက်စိမ်းကွမ်းတောင်ကိုင်ဘဝသည် ရှေးခေတ်မိန်းမပျိုများအဖို့ရာ တန်ဖိုးအားဖြင့် မက်စက်သော ကိုယ်ကျင့်တရား ဖြစ်ပါ၏။
ရပ်ရွာက ရွေးချယ်သည့် ကွမ်းတောင်ကိုင်ဆိုသော ဆုလာဘ်ကို တပ်မက်သလို အများက သတ်မှတ်ထားသော စည်းစံနှင့်အညီ ရိုးရိုးသားသား စင်စင်ကြယ်ကြယ် စောင့်စည်းခဲ့ကြသည်လည်း ချစ်စရာလူမှုဓလေ့ကောင်းဖြစ်၏။
Please open Telegram to view this post
VIEW IN TELEGRAM
❤🔥9❤5
"ဘီလူးရွာမှ ရတနာစိမ်း" သည် အမျိုးသားစာပေတစ်သက်တာဆုရ မြန်မာစာရေးဆရာကြီး လယ်တွင်းသား စောချစ် ရေးသားခဲ့သည့် လုံးချင်းဝတ္ထုရှည်တစ်အုပ် ဖြစ်သည်။
စာအုပ်ဆိုင်ရာ အချက်အလက်များစာရေးဆရာ - လယ်တွင်းသား စောချစ်
ထုတ်ဝေသည့် စာပေ - ချိုတေးသံစာပေ
ပထမအကြိမ် ထုတ်ဝေနှစ် - ၂၀၀၇ ခုနှစ်စာမျက်နှာ အရေအတွက် - ၄၃၈ မျက်နှာ
စာအုပ်၏ အဓိကအကြောင်းအရာကျေးလက်နောက်ခံ - ဆရာကြီး လယ်တွင်းသားစောချစ်၏ ထုံးစံအတိုင်း မြန်မာ့ကျေးလက်ဒေသ ယဉ်ကျေးမှုနှင့် လူနေမှုဘဝများကို အခြေခံ၍ ရေးသားထားသည်။
ပညာပေးနှင့် ရသ - ဆင်းရဲပင်ပန်းပြီး အဆင်မပြေမှုများရှိသည့် "ဘီလူးရွာ" ကဲ့သို့သော ဝေးလံခေါင်ဖျား အရပ်ဒေသမှ ရတနာကဲ့သို့ အဖိုးတန်လှသည့် စိတ်ထားရှိသူများ၊ သို့မဟုတ် ပညာတတ်လူငယ်များ၏ ကြိုးစားအားထုတ်မှုကို "ရတနာစိမ်း" အဖြစ် တင်စားဖော်ကျူးထားသည်။
လူမှုရေးရောင်ပြန်ဟပ်မှု - ကျေးလက်တောရွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍကို စာနာစိတ်ဖြစ်ဖွယ် ရသစုံလင်စွာ တင်ဆက်ထားသည်။
#crd
🍀RO_Bookshelf
စာအုပ်ဆိုင်ရာ အချက်အလက်များစာရေးဆရာ - လယ်တွင်းသား စောချစ်
ထုတ်ဝေသည့် စာပေ - ချိုတေးသံစာပေ
ပထမအကြိမ် ထုတ်ဝေနှစ် - ၂၀၀၇ ခုနှစ်စာမျက်နှာ အရေအတွက် - ၄၃၈ မျက်နှာ
စာအုပ်၏ အဓိကအကြောင်းအရာကျေးလက်နောက်ခံ - ဆရာကြီး လယ်တွင်းသားစောချစ်၏ ထုံးစံအတိုင်း မြန်မာ့ကျေးလက်ဒေသ ယဉ်ကျေးမှုနှင့် လူနေမှုဘဝများကို အခြေခံ၍ ရေးသားထားသည်။
ပညာပေးနှင့် ရသ - ဆင်းရဲပင်ပန်းပြီး အဆင်မပြေမှုများရှိသည့် "ဘီလူးရွာ" ကဲ့သို့သော ဝေးလံခေါင်ဖျား အရပ်ဒေသမှ ရတနာကဲ့သို့ အဖိုးတန်လှသည့် စိတ်ထားရှိသူများ၊ သို့မဟုတ် ပညာတတ်လူငယ်များ၏ ကြိုးစားအားထုတ်မှုကို "ရတနာစိမ်း" အဖြစ် တင်စားဖော်ကျူးထားသည်။
လူမှုရေးရောင်ပြန်ဟပ်မှု - ကျေးလက်တောရွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍကို စာနာစိတ်ဖြစ်ဖွယ် ရသစုံလင်စွာ တင်ဆက်ထားသည်။
#crd
🍀RO_Bookshelf
❤🔥11❤3
ရွှေတိုက်စိုး
ရွှေတိုက်စိုးကိုစဖတ်တော့ ပထမ စာပိုဒ်မှာ ဘယ်သူ့အကြောင်းမှန်းမသိသေးဘူး
တစ်ချို့စာကြောင်းတွေအရတော့ သူခိုးတစ်ယောက်အကြောင်းမှန်းလို့ ရိပ်မိခဲ့တယ်၊ တစ်ကယ်ကတော့ အားလုံးသိတဲ့သခိုးကြီး ငတက်ပြားအကြောင်းပါ။
ငတက်ပြားဖြစ်လာပုံရေးထားသည်ကလည်း တစ်ခါမှမကြားဘူးတဲ့ ငတက်ပြားရဲ့ အချစ်ဇာတ်လမ်းဆိုတော့ စိတ်ဝင်စားဖို့သိပ်ကောင်းတယ်။
သတိုးမင်းဖျားရဲ့ ရဲ့ရင့်ပုံ၊ မိဖုရား စောဥမ္မာကို ချစ်မြတ်နိုးပုံတွေကိုပါ အစစ်ဖတ်လို့ရပါတယ်။
❤🔥11❤4
Please open Telegram to view this post
VIEW IN TELEGRAM
❤🔥11❤5
“အမျိုးသမီးတစ်ယောက်ရဲ့ တန်ဖိုး"
-နေဗလ်
စာအုပ်နာမည်လေးအတိုင်း ဒီစာအုပ်လေးကို အမျိုးသမီးလေးတွေအတွက်ရည်ရွယ်ပြီး ရေးသားခဲ့တာပါ။
ကျွန်တော်ကတော့ အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုးကို သူ့ပတ်ဝန်းကျင်က သတ်မှတ်ပေးတာထက် သူကိုယ်တိုင်ကပဲ သတ်မှတ်ထားတာမျိုး ဖြစ်စေချင်တယ်။
မိန်းကလေးတစ်ယောက်ရဲ့ဘဝကို သူ့မိသားစုအတွက်ရှင်သန်နေရတာ ၊ပတ်ဝန်းကျင်ရဲ့စံသတ်မှတ်တွေကြား မလံတ်လပ်တာမျိုးထက် မိန်းကလေးတွေကို သူတို့ဘဝအတွက်သူတို့အရင်ရှင်သန်ရပ်တည်စေချင်တယ်။
အမျိုးသမီးတစ်ယောက်ဟာ ပန်းတစ်ပွင့်ဆိုရင် ဒီပန်းရဲ့ပွင့်လန်းခြင်း၊လှပခြင်း၊တည်မြဲခြင်း တွေဟာသူ့အတွက်သူပဲဖြစ်စေချင်တယ်။
ဒီစာအုပ်လေးက သုတစာပေအမျိုးအစားဖြစ်ပြီး
-မိမိကိုယ်ကိုယ်ချစ်တတ်ဖို့/တန်ဖိုးထားတတ်ဖို့
-ကိုယ့်တန်ဖိုးကို ရှာဖွေတတ်ဖို့
- မိမိကိုယ်ကိုယ်ယုံကြည်ချက်ရှိဖို့
- သန်မာစွာရှင်သန်တတ်ဖို့
-ကိုယ့်ဘဝမှာကိုယ့်ကိုယ်ကိုယ် ဦးစားပေးရှင်သန်တတ်ဖို့
ဦးစားပေးရေးသားထားပါတယ်။
ဒီစာအုပ်ဖတ်ပြီးရင် ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်သွားမှာမျိုးထက် ကိုယ့်ရဲ့ဘဝမှာ ဘာကို ဦးစားပေးပြီးရှင်သန်မလဲ၊ ကိုယ့်ရဲ့တန်ဖိုးကိုဘယ်လိုသတ်မှတ်မလဲ ဆိုတာတွေကို ပိုပြီး သိသွားမယ်လို့ ယုံကြည်ပါတယ် ။
Please open Telegram to view this post
VIEW IN TELEGRAM
❤17❤🔥7
exam ရှိလို့ဒီရက်ပိုင်းတော့
မတင်ဖြစ်သေးပါဘူး🟪
စာဖတ်သူများ အားလုံး ပျော်ရွှင်စရာသီတင်းကျွတ်လေးဖြစ်ကြပါစေနော်🔴
မတင်ဖြစ်သေးပါဘူး
စာဖတ်သူများ အားလုံး ပျော်ရွှင်စရာသီတင်းကျွတ်လေးဖြစ်ကြပါစေနော်
Please open Telegram to view this post
VIEW IN TELEGRAM
❤🔥4❤1