မုံရွာထောင်ကနေနိုင်ကျဥ်းတွေအပါအဝင် အ
ကျဥ်းသား နှစ်ရာဝန်းကျင်ထောင်ပြောင်းရွှေ့ခံရ
ဇွန်- ၁၂၊ ၂၀၂၅။ဇေအောင်/People's Spring
မုံရွာအကျဥ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသားများအပါအဝင်အကျဥ်းသားနှစ်ရာခန့်ကိုမန္တလေး၊ မကွေးနဲ့ မြင်းခြံထောင်တွေကိုပို့ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ၁၂ရက်မနက် ၅နာရီကျော်ခန့်က အနောက်
မြောက်တိုင်းစစ်ဌာနချုပ်( နမခ)ကနေ သံပြားကာကား (၂)စီး၊ အိမ်စီးကား(၃)စီး၊ ဆယ့်နှစ်ဘီးကား (၆)စီးနဲ့ မုံရွာထောင်က နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူတွေအပါအဝင် အကျဉ်းသား နှစ်ရာခန့်ကို ထောင်ပြောင်းဖို့ လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ PPNMကဖော်ပြပါတယ်။
အဲဒီအကျဥ်းသားတွေကိုမန္တလေးအိုးဘိုအကျဉ်း
ထောင်၊မြင်းခြံထောင်နဲ့မကွေးထောင်တွေကို ပို့ဆောင်မယ်လို့ စုံစမ်းသိရှိထားကြောင်း PPNMက ဆိုပါတယ်။
ထောင်ပြောင်းဖို့ ခေါ်ဆောင်သွားသူတွေထဲမှာ လူ
ထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်လည်း ပါဝင်ကြောင်း နိုင်ငံရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။
မုံရွာအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေကို အရင်ကလည်း မန္တလေးထောင်သို့ပို့ပြီး ရိုက်နှက်နှိပ်စက်ပြီးနောက် မြင်းခြံအကျဥ်းထောင်သို့ ထပ်ပို့လေ့ရှိကြောင်း၊အခုလည်း မန္တလေးထောင်သို့ ရွှေ့လိုက်တဲ့အတွက် စိုးရိမ်နေရကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။
"ကျနော်တို့ရဲ့ရဲဘော်တွေဖိနှိပ်နှိပ်စက်ခံရမှာ တော်
တော်လေးကို စိုးရိမ်ပါတယ်။ အဲဒါကြောင့် ပြည်
သူလူထုအနေနဲ့ ထောင်ထဲကသတင်းတွေကို အမြဲမပြတ်နားစွင့်ပေးနေကြဖို့။ မဟုတ်တာလုပ်လို့ရှိရင် ဖိနှိပ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဘက်က ရပ်တည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။"လို့ ကိုရှင်းသန့်က တောင်းဆိုပါတယ်။
PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက "အဓိကကတော့ မုံရွာအနေအထားဟာ လုံခြုံရေးအားဖြင့် စိုးရိမ်ရတဲ့အနေအထားကို ချဥ်းကပ်လာတယ်လို့ မြင်တယ်။ အလယ်ပိုင်းတိုင်းမှာ ကျွန်တော်တို့ တော်လှန်ရေးတပ်အင်အားတွေ တိုက်ရည်ခိုက်ရည် ကောင်းမွန်လာတဲ့အခါမျိုးမှာ လုံခြုံရေးအရ စိတ်မချလို့သော်လည်းကောင်း၊ နယ်မြေအခြေအနေလုံခြုံရေးအားဖြင့်သော်လည်း
ကောင်း တွက်ဆပြီးမှ မုံရွာအကျဥ်းထောင်ထဲမှာ ထားလို့မရနိုင်လောက်တဲ့သူတွေ အထူးသဖြင့် တော်လှန်ရေး နိုင်ငံရေးက လူသိများတဲ့ ပုဂ္ဂိုလ်တွေကို ဦးတည်ချက်ထားပြီး တခြားအကျဥ်းထောင်ထဲမှာ လုံခြုံမယ် ငြိမ်းချမ်းမယ်လို့ ကနဦးယူဆထားတဲ့ အကျဥ်းထောင်တွေကို ပို့ဆောင်တယ်လို့ သုံးသပ်ပါတယ်။"လို့ ပြောပါတယ်။
ဒါ့အပြင်အိုးဘိုအကျဥ်းထောင်မှာလည်း ငလျင်ဒဏ်ကြောင့် အဆောက်အဦး ပျက်စီးတာတွေရှိခဲ့လို့ ရှိတဲ့အဆောက်အအုံမှာ အကျဥ်းသားတွေဟာ ကြပ်ညပ်စွာ နေထိုင်နေရကြောင်း၊ဒီလိုအနေအ
ထားမှာ အကျဥ်းသားတွေထပ်ပြောင်းရွှေ့တာဟာ စိုးရိမ်ရကြောင်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။

🤬25❤24😢6👎3👍2🤮1😡1
နောင်ချိုမြို့နယ်အတွင်းစစ်တပ်ထိုးစစ်ကြောင့် ပြည်သူတထောင်ကျော် ကျောက်မဲသို့ စစ်ဘေးရှောင်
ဇွန်-၁၂၊၂၀၂၅။ထားမြတ်/People’s Spring
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မ
တော်(TNLA) သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာ၍ ဒေသခံ တထောင်ကျော် ကျောက်မဲမြို့နယ်သို့ တိမ်းရှောင်နေရကြောင်း TNLAက ယနေ့ ထုတ်ပြန်သည်။
နောင်ချိုမြို့ဘက်သို့စစ်တပ်က ထိုးစစ်ဆင်သဖြင့်
ဧပြီ ၂၉ရက်မှ ဇွန်လ ၈ရက် အတွင်း နောင်ချိုမြို့မှပြည်သူ ၁၀၁၄ဦးသည် ကျောက်မဲမြို့ဘက်သို့ စစ်ရှောင်နေသည်ဟု TNLAကဖော်ပြသည်။စစ်ရှောင်များသည်တိလင်ပရိတ္တိစာသင်တိုက်၊ အဝေ
ရာပါသကျောင်း၊နောင်ပိန်(အ.ထ.က)ကျောင်း၊ ထန်းတပင်ကျေးရွာ၊ လုပ်ပါဟကျေးရွာများသို့ ရောက်ရှိခိုလှုံနေသည်ဟုသိရသည်။
အဆိုပါစစ်ရှောင်များသည်နောင်ချိုမြို့နယ်ရှိ ရပ်
ကွက်နှင့်ကျေးရွာ ၃၀ကျော်မှ ပြည်သူများ ဖြစ်
သည်ဟု အသိပေးသည်။ကျောက်မဲသို့တိမ်းရှောင်
လာသူများသည် နောင်ချိုမြို့နယ်တောင်ရပ်ကွက်၊ ဘူတာရပ်ကွက်၊စျေးရပ်ကွက်၊ စျေးကုန်း၊ နောင်လင်၊ သရက်ကုန်း၊ ကန်ကြီး၊ ရေဖြူ၊ လောက်ဖန်း၊ ညောင်ပင်သာ၊ မဲပုတ်၊ နောင်ချိုကြီး၊ ရေမောင်းတန်း၊ ညောင်နီ၊ သုံးဆယ်၊ တောင်ရှည်၊ မျက်ချီးနု၊ သပြေရေ၊နားရှိး၊ ရွှေမုဠော၊ မန်မော်၊ အင်းဖို၊ တောင်လှ၊ တောင်ခမ်း၊ လက်ပံကုန်း၊ လွယ်ခေါ်၊ ပိန္နဲကုန်း၊ နောင်အော၊ ညဏ်တော၊ လုံခံ၊ နမ့်ဆောင်ဟူးနှင့် ပါဟတ်ကျေးရွာ တို့မှ ပြည်သူများဖြစ်
သည်ဟု အသိပေးထားသည်။
စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ် (၃)ဖွဲ၏ တဖက်သတ်အပစ်ခတ်ရပ်စဲရေးကာလကိုအခွင့်
ကောင်း ယူပြီး စစ်အင်အားတိုးချဲလာခြင်း၊ ထိုးစစ်ဆင်လာခြင်း၊တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်
နက်ကြီးပစ် ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲချခြင်း၊ အဆိပ်ငွေ့ဗုံးများ ကြဲချခြင်းနှင့်လေကြောင်းဖြင့် ဗုံးကြဲခြင်းစသည့်လုပ်ရပ်များ ပြုလုပ်လျှက်ရှိနေကြောင်း TNLAက ထုတ်ပြန်သည်။
"နောင်ချို၊တောင်ခမ်းဘက်ကတော့ လက်ရှိအချိန်ထိ တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။ အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကတော့ လူထုတွေကတော့လုံခြုံရေးကိစ္စအထူးဂရုစိုက်ဖိုလိုပါတယ်။စစ်ရေးအရတော့ စိတ်ပူစရာမလိုဘူးပေါ့နော်။တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စစ်ရေးဗျူဟာအတိုင်းပဲဆောင်
ရွက်နေ တာဖြစ်ပါတယ်။”ဟုTNLAပြောရေးဆို
ခွင့် ရှိသူ လွေးယေဦးက ဇွန်လ ၅ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကိုလည်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲချခြင်း၊လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်ဟုလည်း TNLA က ထုတ် ပြန်သည်။ထိုသို့ လုပ်ဆောင်ခြင်းသည် အပြစ်မဲ့ပြည်သူလူထုများကို သေကြေပျက်
စီးစေလိုခြင်းနှင့် တအာင်းပြည်(TNLA သိမ်းပိုက်ထားသည့်နယ်မြေများ)အတွင်း မနေရဲအောင် ရည်
ရွယ်ချက်ရှိရှိ ဦးတည်ခြင်းဖြစ်ဟု ဖော်ပြသည်။
စစ်ကောင်စီတပ်တိုက်ခိုက်မှုများကြောင့် ပြည်သူ သေဆုံးထိခိုက်မှုများစွာ ရှိခဲ့ပြီးလူနေအိမ် ၊ ဘုန်း
ကြီးကျောင်းနှင့်စာသင်ကျောင်းများစွာ ပျက်စီးခဲ့ရသည်ဟု သိရသည်။
စစ်ကောင်စီသည်ငလျင်အကြောင်းပြပြီးအပစ်ရပ်စဲကြောင်း ကြေညာထားသော်လည်း TNLA နယ်မြေအပါအဝင်နိုင်ငံတဝန်းလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူများစွာ သေဆုံးထိခိုက်ခဲ့ရသည်။

😢39🤬12❤10👍3🔥3👎2😡2🤮1
KNUတပ်မဟာ(၄)ကမတိုက်ရသေးခင် နယ်စပ်ကငါးရံ့နီစစ်စခန်း ထိုင်းအကူအညီဖြင့် စခန်းစွန့်ခွာ
ဇွန်-၁၂၊၂၀၂၅။ထားမြတ်/People’s Spring
မြန်မာ-ထိုင်းနယ်စပ် ထီးခီးဒေသ ၌ ကျန်နေသည့်စစ်တပ်စခန်းများထဲမှတစ်ခုဖြစ်သော ငါးရံ့နီစစ်
တပ်စခန်းသည် ထိုင်းနိုင်ငံဘက်ခြမ်း၏ အကူ
အညီဖြင့် တပ်စခန်း စွန့်ခွာသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောကြားသည်။
နယ်စပ်စခန်းတခုဖြစ်သော ဘောဒီစစ်တပ်စခန်း
(ပွိုင့် ၂၅၅၆)ကို တပ်မဟာ(၄) ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်က ဇွန်လ ၁၀ရက် မနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ကျန်နေသည့် နယ်စပ်စခန်း တခုဖြစ်သော ငါးရံ့နီစစ်ကောင်စီစခန်းက ဇွန်လ ၁၂ရက်တွင် စခန်းစွန့်သွားခြင်းဖြစ်သည်ဟုဆိုသည်။
“လောလောဆယ်တော့ ကျနော်တို့ သိရတာက ကျနော်တို့ ဘောဒီစခန်းသိမ်းပြီး ဒီငါးရံ့နီက အစီ
အစဉ်ရှိတယ်။ ကျနော်တို့ မစခင်မှာ သူတို့က စခန်း စွန့်လွှတ်ပြီးတော့ တဖက်နိုင်ငံအကူအညီနဲ့သူတို့စွန့်လွှတ်ပြီး သူတို့ ထွက်သွားတာပေါ့နော်။” ဟု ပဒိုစောအယ်နားက ပြောသည်။
ငါးရံ့နီစခန်းကိုမသိမ်းရသေးမီစစ်ကောင်စီက ထိုင်း၏ စီစဉ်မှုဖြင့် ဆုတ်ခွာသွားရာ လက်နက်ခဲယမ်းများပါ ယူဆောင်သွားမည်ဖြစ်ကြောင်း ပဒိုစောအယ်နားက ပြောသည်။
“ထိုင်းက စီစဉ်ပေးပြီး ကယ်ထုတ်တာပေါ့။ ကားနဲ့လာပြီးတော့ပစ္စည်းရောလူရောသယ်သွားတာပေါ့” ဟု ပဒိုစောအယ်နားက ပြောသည်။
ကရင်သတင်းရင်းမြစ်တဦးကလည်း စစ်ကောင်စီတပ်ကငါးရံ့နီစခန်းကို စွန့်ခွာသွားကြောင်းသတင်း
အရ ရဲဘော်များက နယ်မြေရှင်းလင်းမှုပြု လုပ်ခဲ့သည်ဟုပြောသည်။
KNU တပ်မဟာ(၄)အနေဖြင့် ထီးထဗျူဟာ၊ ထီးခီးစခန်း၊ဘောဒီစခန်းများကို သိမ်းပိုက်ထားပြီး ငါးရံ့နီစခန်းမှ စစ်ကောင်စီတပ်များလည်း ဆုတ်ခွာသွား၍ ထားဝယ် -ထီးခီး အရှေ့ဘက်၌ မေတ္တာစခန်း၊ သုခစခန်း၊ ကျောက်မဲတောင်စခန်း တို့သာကျန်တော့ကြောင်းသိရသည်။
ထိုစခန်းသုံးခုတွင် မြန်မာ-ထိုင်းနယ်စပ်၌သုခစခန်း တခုသာ ကျန်တော့ကြောင်း ပဒိုစောအယ်နားက ရှင်းပြသည်။
KNU ပူးပေါင်းတပ်က ထီးထ၊ ထီးခီး၊ ဘောဒီ စခန်းများ သိမ်းပိုက်စဉ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့သည်။

🤣67❤16👍6😁4👏3
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာ-ထိုင်းနယ်စပ်ရှိ ဘောဒီစစ်တပ်စခန်း(ပွိုင့် ၂၅၅၆ )ကို KNLA ၊KNDO ၊PDFစသောပူးပေါင်းတပ်များက ဇွန် ၁၀ ရက်တွင်သိမ်းပိုက်ပြီးနောက်
တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက စခန်းသိမ်းတိုက်ပွဲအကြောင်းပြောပြစဥ်

👍82❤25🤣12🥰2
လုပ်ခလစာတိုးတောင်းသောဆန္ဒပြခေါင်းဆောင်များကို တရုတ်နိုင်ငံသားပိုင်အထည်ချုပ်စက်ရုံကရဲခေါ်ဖိအားပေး၍သတ်မှတ်နှုန်းယူရန်လက်ဗွေနှိပ်ခိုင်း
ဇွန်-၁၂၊၂၀၂၅။ရဲခေါင်/People's Spring
ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်တွင်လုပ်ခလစာတိုးတောင်းသည့်ဆန္ဒပြခေါင်းဆောင်းများကို တ
ရုတ်နိုင်ငံသားပိုင်အထည်ချုပ်ကုမ္ပဏီက ရဲခေါ်ဖမ်းဆီးပြီး ၎င်းတို့သတ်မှတ်နှုန်းအတိုင်းယူရန် ဖိအားပေး၍လက်ဗွေနှိပ်ခိုင်းခဲ့သည်။
တရုတ်နိုင်ငံသားပိုင် Runyang (Myanmar )
အထည်ချုပ်စက်ရုံတွင် လုပ်ခလစာတိုးမြှင့်ပေးရန်တောင်းဆိုသည့် လုပ်သားထုခေါင်းဆောင်ခြောက်ဦး ကို ညှိနှိုင်းမည်ဟုဆိုကာဇွန်လ ၁၂ရက်မွန်းလွဲ ၂ နာရီခန့်က ရွှေပြည်သာမြို့နယ်အလုပ်သမားရုံးသို့ခေါ်ဆောင်သွားခြင်းကြောင်း ဖြစ်စဥ်ကိုသိရှိသူများကပြောသည်။
"အများနည်းတူ တစ်ရက်လုပ်ခ ၁၃,၀၀၀ ကျပ်တောင်းတာ။သူတို့(စက်ရုံ)ကပေးတာ ၁၁,၀၀၀ ပဲပေးမယ်။ပြီးတော့ ဆန္ဒပြတဲ့ရက်တွေမှာ ငါးရက် ရှိတယ်။နှစ်ရက်ကို ၆,၈၀၀ ပဲပေးမယ်ဆိုလို့ ခေါင်း
ဆောင်တွေက မလုပ်နိုင်ဘူးဆိုပြီဖြစ်ကြရင်းနဲ့ ရဲတွေပါလာတာ"ဟု Runyang (Myanmar ) အထည်ချုပ်မှ အလုပ်သမားတစ်ဦးက ဖြစ်စဥ်ကို လူထုနွေဦးသို့ ရှင်းပြသည်။
ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန် ရှိ Run yang (Myanmar )အထည်ချုပ်စက်ရုံကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်တွင်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ် သည်။
"လူပါးဝတာခံရတာ။လက်နက်ကိုင်ပြီးပါ ခြိမ်း
ခြောက်ခံရတယ်။အဆင်မပြေကြလို့ တောင်းဆိုကြတာပါ။အလုပ်သမားတွေရဲ့ကိုယ်စားလှယ်တွေဆို သူတို့ကို အတင်းအကြပ်ဖိအားတွေပေးတယ်ဆိုပြီး ညနေ ၆ နာရီခွဲလောက်က ပြန်လာတော့ ငိုကြတယ်"ဟု ဖြစ်စဥ်ကိုသိရှိသူက လူထုနွေဦးသို့ ပြောသည်။
ဇွန်လ ၆ ရက်ကစ၍ လုပ်သား ၃၀၀ ဝန်းကျင်ရှိ အဆိုပါ အထည်ချုပ်စက်ရုံ၌ လုပ်ခလစာနှင့်အချိန်ပိုကြေးတိုးပေးရန် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။နေ့ကြေး (တစ်ရက်လုပ်အားခ) ၁၃,၀၀၀ ကျပ် နှင့် အချိန်ပိုကြေး ၂,၅၀၀ ကျပ်ရရှိရန်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
"အရင်က ဒေးကြေး တစ်သောင်း၊အိုတီ ၁၈၀၀ ပေးတယ်။ဒါလည်း မှန်တာမဟုတ်ပါဘူး။အတိုက်
အခံလုပ်ပြီး မှန်အောင် မနည်းတောင်းရတယ်"
Runyang (Myanmar )မှ ဝန်ထမ်းတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏လက်နက်ကိုင်များခေါ်ယူပြီး အတင်းအကြပ်ဖိအားပေးခံရသည့်အခြေအနေကြောင့်စက်ရုံမှထွက်မည် လုပ်သားများရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
အထည်ချုပ်လုပ်သားများ၏ ပြောဆိုချက်အရ Runyang စက်ရုံသည် နိုင်ငံတကာအမှတ်တံ
ဆိပ် Tee ranova နှင့် Amisu အမှတ်တံဆိပ်အထည်များကို ချုပ်လုပ်နေခြင်းဖြစ်သည်။
ပြည်တွင်းကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်အတူ ကြပ်တည်း လာသည့် စားဝတ်နေရေးကြောင့် စက်ရုံ၊အလုပ်ရုံ လုပ် သားထု၏ လုပ်ခလစာတိုးမြှင့်ပေးရေး ဆန္ဒထုတ်ဖော်တောင်းဆိုမှုများဆက်တိုက်ရှိလာသည်။

😡63❤15🤬7👍5👎2😢2👏1
ထိုင်းမှာ မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိပ်စိပ်ဖြစ်လာ
ဇွန်-၁၂၊ ၂၀၂၅။ People's Spring
ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေ တရားမဝင်လာရောက်မှုနဲ့ တရားမဝင်အလုပ်လုပ်ကိုင်တာကြောင့် ထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခံရမှု ဖြစ်စဉ်တွေ အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ဒီကနေ့(ဇွန်လ ၁၂ရက်) မနက်ပိုင်းက ကန်ချန်နဘူရီခရိုင်အတွင်းမှာ တရားမဝင်လာရောက်တဲ့ မြန်မာလုပ်သား ၂၉ဦးကို တင်ဆောင်လာတဲ့ ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခဲ့ပါတယ်။
အဲဒီ မြန်မာလုပ်သား ၂၉ဦးဟာ ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ဖို့ လာတဲ့သူတွေလို့ သိရပါတယ်။
"ထိုင်းသတင်းတွေမှာတော့ တစ်ဦးကို ဘတ် ခုနစ်သောင်းပေးပြီးလာကြတာလို့ ပြောတယ်"လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဇွန်လ ၁၁ရက်က ချွန်ဘူရီခရိုင်၊ ပတ္တရားနဲ့ ဘန်လမုန်မြို့နယ်တို့မှာလည်း စားသောက်ဆိုင်တွေ၊ စျေးဆိုင်တွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးရာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား အမျိုးသား ၈ဦးနဲ့ အမျိုးသား ၇ဦး စုစုပေါင်း ၁၅ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ဇွန်လ ၁၀ရက်ကလည်း အယုဒ္ဓယနယ်မြေက အဝေးပြေးလမ်းမမှာ ကားတစ်စီးပေါ် တရားမဝင်လိုက်ပါလာတဲ့ မြန်မာလုပ်သား ၅ဦးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခဲ့ပါသေးတယ်။
လတ်တလောမှာ ထိုင်းအာဏာပိုင်တွေက စစ်ဆေးမှုတွေ ပြုလုပ်နေလို့ မြန်မာလုပ်သားတွေအနေနဲ့ သတိထားနေထိုင်ဖို့ ကိုရဲမင်း(အေအေစီ)က သတိပေးထားပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ တရားမဝင်နေထိုင်သူတွေကို ပန်းရောင်ကတ်အဖြစ် အထောက်အထားပြုလုပ်ပေးဖို့အတွက် ပြီးခဲ့တဲ့ လပိုင်းတွေမှာ ဖမ်းဆီးစစ်ဆေးမှုတွေ နိုင်ငံတဝန်းစီမံချက်နဲ့ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ စီမံချက်အတွင်းမှာ မြန်မာတွေအများစုအပါအဝင် သိန်းနဲ့ချီ စစ်ဆေးခံရပါတယ်။
လက်ရှိမှာတော့ ထိုင်းအစိုးရက ပန်းရောင်ကတ်ကို လူအဟောင်းရော၊ အသစ်ပါ ပြုလုပ်ပေးထားပါတယ်။

👎29😢15❤8🔥2😡1
(မလေးရှားသွားမယ့် မြန်မာလုပ်သားတွေကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိစဉ်။ ဓာတ်ပုံ − Khaosod)
😢39👎10❤5🙏2
■ဘာသာပြန်ဆောင်းပါး
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ နဲ့ ဗြိတိသျှ စာကြည့်တိုက်မှူးပက်ထရစ်ရှာဟားဘတ်
-People's Spring
ကွယ်လွန်သူ အရှေ့တောင်အာရှ ရေးရာ ကျွမ်း
ကျင်သူ နဲ့ မြန်မာ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူဗြိတိန်အမျိုးသမီးကြီးပက်ထရစ်ရှာဟားဘတ်ရဲ့ အကြောင်းကို သမက်ဖြစ်သူ Gurdian သတင်းဌာန ဂျာနယ်လစ်ကအမှတ်တရ ရေးသားဖော်ပြခဲ့ပါတယ်။
ဂျာနယ်လစ် အဒမ်ရမ်းဆေးက ဟားဘတ် ဖြတ်
သန်းခဲ့တဲ့ ဘဝဇာတ်ကြောင်းကို ဇွန်လ ၁၁ ရက်နေ့တုန်းက Guardian သတင်းစာမှာ ဖော်ပြခဲ့တာပါ။ ဟားဘတ်ဟာ ဧပြီလ ၁၆ ရက်နေ့တုန်းက အသက် ၈၁ နှစ် အရွယ်၊ အီဒင်ဘာ့ဂ်မြို့မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ဟားဘတ်ဟာလန်ဒန်မြို့ရဲ့ဗြိတိသျှစာကြည့်
တိုက်မှာအရှေ့တောင်အာရှရေးရာဌာနစာကြည့်
တိုက်မှူးအဖြစ် တာဝန်ယူခဲ့ဖူးပြီး ၁၉၉၃ ခုနှစ်ထုတ် The Life of Buddha အပါအဝင် မြန်မာ
နိုင်ငံနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ပြုစုရေး
သားခဲ့ပါတယ်။
သူပြုစုခဲ့တဲ့ မြန်မာစာပေ ကျမ်းပြုမှတ်တမ်းဟာ သက်ဆိုင်ရာ နယ်ပယ်မှာ ပညာရှင်တွေ အထူးပြု ကိုးကားရတဲ့ စာတမ်းတစ်ခု ဖြစ်ခဲ့ပြီး မြန်မာစာပေ လေ့လာဖို့ သမ္မာကျမ်းစာအဖြစ် ရည်ညွှန်းခံခဲ့ရပါတယ်။
သူ့ရဲ့ပညာရှင်ဘဝနဲ့ ဆက်စပ်ပြီးဟားဘတ်ဟာမြန်မာ့ ဒီမိုကရေစီရေးရုန်းကန်လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ခင်ပွန်းသည်မိုက်ကယ်အဲရစ်တို့ အောက်စ်ဖို့ဒ်မှာနေထိုင်ခဲ့ချိန်တုန်းက နှစ်ဦးစလုံးနဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။
ဟားဘတ်ဟာ မြန်မာကနေ ဗြိတိန်ဆီခိုလှုံရောက်ရှိလာသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အကူအညီတွေပေးခဲ့သလို ၁၉၈၉ ကနေ၂၀၁၇ ထိ အတော
အတွင်း ပညာရေး ပရဟိတ အသင်းတစ်ခုဖြစ်တဲ့ Prospect Burmaရဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာ
ဝန်ယူခဲ့ပါတယ်။
အခုအခါမှာတော့ အဲဒီအသင်းဟာ ဟားဘတ်ရဲ့ နာမည်ကို ဂုဏ်ပြုထည့်သွင်းတဲ့ပညာသင် ထောက်
ပံ့ရေး အစီအစဉ်တစ်ခု အကောင်အထည်ဖော်
ဖို့ ပြင်ဆင်နေပါတယ်။
လန်ဒန်မှာရှိတဲ့ မြန်မာကျောင်းသူကျောင်းသားတွေကြားမှာတော့ ဟားဘတ်ဟာ အန်တီပက်ဆိုတဲ့ ချစ်စနိုးနာမည်နဲ့ လူသိများပါတယ်။ သူဟာ လန်ဒန်မှာရှိတဲ့ အရှေ့တိုင်းနဲ့အာဖရိကရေးရာ လေ့
လာရေး (SAOS) တက္ကသိုလ်မှာ ရှိနေစဉ် အတော
အတွင်း မြန်မာစကားကိုလေ့လာသင်ယူခဲ့ပါတယ်။
နောက်တော့အမေရိကန်နိုင်ငံ၊မစ်ချီဂန်တက္ကသိုလ်
မှာ ပညာသွားသင်ရင်း ဗီယက်နမ်စစ်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။
၁၉၆၉ ခုနှစ်မှာတော့ဟားဘတ်ဟာ SAOSမှာ ဆုံဆည်းခဲ့တဲ့ မြန်မာနိုင်ငံသား ခင်ပွန်းသည် ဒေါက်
တာ ကျင်စွိနဲ့အတူ ရန်ကုန်မှာ ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ ရန်ကုန်မှာ နေထိုင်ခဲ့ချိန် အတောအတွင်း ကာလတွေမှာရော၊ နောက်ပိုင်းမှာ မြန်မာနိုင်ငံဆီ ထပ်မံ လာရောက်တဲ့ အလည်အပတ် ခရီးစဉ်တွေ အတောအတွင်းမှာပါ သူဟာ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုရဲ့ အထင်ကရ ပုဂ္ဂိုလ်တွေနဲ့ ခင်မင် ကျွမ်းဝင်လာခဲ့ပါတယ်။
ဒေါက်တာကျင်စွိ နဲ့ ကွာရှင်းပြီး လန်ဒန်မှာ ပြန်
လည် အခြေချခဲ့ပြီးတဲ့နောက် ၁၉၇၀ ပြည့်လွန်နှစ်တွေမှာတော့ သူဟာဗြိတိသျှစာကြည့်တိုက်ကို ချိတ်ဆက်ပြီး စာကြည့်တိုက်မှူးအဖြစ် ၂၃ နှစ်ကြာ အလုပ်လုပ်ခဲ့ပါတယ်။ လန်ဒန်မှာအေရီရယ်လ် ဒိုင်ဂရီ နဲ့ တွေ့ဆုံပြီး ၁၉၈၄ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။
ဟားဘတ်ဟာ မြန်မာစာပြု သုတေသန လေ့လာမှုတွေနဲ့ ဒီမိုကရေစီရေးအားထုတ်မှုတွေအတွက် ၂၀၁၇ ခုနှစ်မှာ MBE သူကောင်းဘွဲ့ ချီးမြှင့်ဂုဏ်ပြုခြင်းခံခဲ့ရသလိုနောက်ထပ်တစ်နှစ်အကြာမှာတော့ နယ်သာလန်နိုင်ငံ အမ်စတာဒမ် မော်ကွန်းတိုက်ရဲ့ နိုင်ငံတကာ လူမှုသမိုင်းဌာနက သူ့ရဲ့ သုတေသန စာတမ်းတွေကို Patricia Herbert Collection on Burmaဆိုတဲ့ နာမည်နဲ့ မှတ်တမ်းတင် ထားရှိခဲ့ပါတယ်။
ဟားဘတ် ကွယ်လွန်ချိန်မှာ ခင်ပွန်းဖြစ်သူအပြင် သမီးတွေဖြစ်တဲ့ အိုလ်ဂါ၊ ခရစ္စတီ၊ ဂျူးလိယက်တို့အပြင် မြေး ၇ ဦး၊ မြစ် ၆ ဦး ကျန်နေခဲ့ပါတယ်။
ကိုးကား-Guardian

👍38❤20😢3🥰1🤮1
မိုးကောင်းပြီးကလောမြို့ပေါ်ရပ်ကွက်အချို့ရေကြီး
ဇွန်-၁၂၊၂၀၂၅။အိမ်သွင်/People's Spring
ရှမ်းပြည်နယ်၊တောင်ပိုင်း၌၃ရက်ဆက်မိုးကောင်းနေပြီး ယနေ့(ဇွန်လ၁၂ရက်)ည၌ကလောမြို့ပေါ်ရပ်ကွက်များတွင် ရေကြီးနစ်မြုပ်မှုစတင်ဖြစ်ပေါ်နေသည်။
ကလောမြို့၊ ရပ်ကွက်(၄)၊ရပ်ကွက်(၂)အတွင်း ရေစတင်ဝင်လာပြီး ယနေ့ညပိုင်း၌ ရေဆက်တက်နိုင်၍ မြေနိမ့်ပိုင်းရပ်ကွက်များ ရေဘေးသတိပြုကြရန်၊ ဘေးလွတ်ရာသို့ကြိုတင် တိမ်းရှောင်ကြရန် ဒေသခံအချင်းချင်းသတိပေးနေကြသည်။
"မိုးကလုံးဝမတိတ်ဘူး။ရေကတအိအိတက်လာနေပြီ။မြေနိမ့်ပိုင်းတွေ စမြုပ်ပြီ။ညနက်လေစိတ်ပူရလေပဲ"ဟုကလောမြို့ခံတဦးကပြောသည်။
ကလောမြို့သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်
တင်ဘာလာတွင်ရာဂီမုန်တိုင်းအရှိန်ကြောင့်မိုးကြီးပြီး ဆိုးရွားသည့်ရေဘေးနှင့်မြေပြိုမှုဘေး ရင်ဆိုင်
ခဲ့ရသည်။လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ တောင်ကြီး၊ ရွှေညောင်မြို့တို့တွင်လည်း ရေလွှမ်းမိုးမှု ကြုံတွေ့နေရသည်။
မုတ်သုန်လေအားကောင်းနေ၍ အလယ်ပိုင်းဒေသများအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့၌ ဇွန်လ ၁၅ ရက်အထိ မိုးကောင်းလာနိုင်ပြီး ရေဘေးနှင့်မြေပြိုမှု ဘေးသတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တ
ရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန-MOHADM
က သတ်ိပေးထားသည်။

👍26😢18❤8🙏3👎1🔥1😱1
ကလောမြို့ ရပ်ကွက်အချို့ ဇွန် ၁၂ ရက်ညကရေကြီးနေစဥ်။ ။ဓါတ်ပုံ-CJ
😢45👍6❤3🔥2🙏2👎1😱1