People's Spring
61.7K subscribers
68.2K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်​ကောင်စီတပ်ကအင်အားအများအပြားဖြင့်
မိုးဗြဲမြို့ကိုထပ်မံထိုးစစ်ဆင်

ဇွန်-၇၊၂၀၂၅။ရဲခေါင်/People's Spring

ကရင်နီ​တော်လှန်​ရေးတပ်ပေါင်းစုများထိန်းချုပ်ထားသည့် ရှမ်းတောင် နှင့် ကရင်နီပြည်နယ် အစပ်ရှိ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က အင်အားအများအပြားသုံး၍ ယနေ့ (ဇွန်လ ၇ ရက်) တွင် ထိုးစစ်ဆင်လာသည်။

ယခုနှစ်စပိုင်းကစ၍ မိုးဗြဲ မြို့ကိုပြန်သိမ်းပိုက်ထိန်းချုပ်ရန် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ငါးကြိမ်ထက်မနည်း ထိုးစစ်ဆင်ခဲ့ပြီး မ​အောင်မြင်ဘဲ အကြိမ်ကြိမ်​နောက်ဆုတ်သွားခဲ့ရပြီး ယခုအကြိမ်ထိုးစစ်သည်လည်းပြင်းထန်သည်ဟု မြေပြင်ရဲဘော် အချို့က ဆိုသည်။ ကရင်နီတပ်​ပေါင်းစုက မိုးဗြဲမြို့ကို ၂၀၂၃ နိုဝင်ဘာ ၁၁ ရ်တွင်စတင်သည့် တစ်​လေးလုံးစစ်ဆင်​ရေးတွင်သိမ်းပိုက်ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။

"အင်းအားတော်တော်များတယ်။ရှိသမျှအားသုံးပြီး တက်လာတဲ့ပုံစံမျိုး။ဒီလောက်ပဲ ပြောနိုင်သေးတယ် "ဟု မိုးဗြဲမြို့တွင်ခုခံကာကွယ်နေသည့် ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လက်ရှိစစ်ရေးအခြေအနေကြောင့် ရှမ်း-ကရင်နီနယ်ဒေသရှိ မိုးဗြဲတွင် တော်လှန်ရေးတပ်ပေါင်းစုများသည် မိုးဗြဲလမ်းမကြီးကို ဖြတ်သန်းခွင့်အချိန်ကာလအကန့်အသတ်မရှိပိတ်ထားမည်ဖြစ်​ကြောင်း ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းက ဇွန်လ ၇ ရက်ညပိုင်းတွင် ထုတ်ပြန်သည်။

ထို့ကြောင့်ဖယ်ခုံအင်းအရှေ့ခြမ်းရှိ ဒေသခံပြည် သူလူထုများ ၊ စစ်ဘေးရှောင်ပြည်သူများအနေ
ဖြင့် မိုးဗြဲလမ်းမကြီးအား ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် ဆက်စပ်သတိပေးသည်။

ကာကွယ်ရေးတပ်များမှ လုံခြုံရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပူးပေါင်းပါဝင်ပေးရန် ပါ မေတ္တာရပ်ခံထားသည်။

"စကစ ဘက်က အပြင်းအထန်ထိုးစစ်ဆင်နေတာ ဟုတ်တယ်"ဟု ရှမ်းတောင်စစ်ဒေသခွဲ၊ဗျူဟာ အမှတ် ၁ တာဝန်ရှိသူက လူထုနွေဦးသို့ ဇွန် ၇ ရက်ည ၁၁ နာရီတွင်အတည်ပြုသည်။

စစ်ကောင်စီသည် ကရင်နီပြည်သို့ ဝင်ပေါက်ဖြစ်သော မိုးဗြဲမြို့ကို ပြန်လည်ရရှိရေးအတွက် အဓမ္မစု​ဆောင်းထား​သောစစ်သားသစ်များနှင့် PNO ပြည်သူ့စစ်များစွာ အသုံးပြု၍ အပြင်းအထန်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

အင်အား ၆၀၀ ထက်မနည်းသည့် စစ်ကောင်စီ၏ မိုးဗြဲ မြို့ စစ်ကြောင်းအပြင် မိုးဗြဲ-ကုန်းသာ နှင့် ဖယ်ခုံ- ညောင်ရွေမြို့နယ်တို့မှ စစ်ကောင်စီ၏ ဘက်ပေါင်းစုံထိုးစစ်ကို တော်လှန်ရေးအင်အားစုများ​ကလည်း ခုခံကာကွယ်နေခြင်းဖြစ်သည်။

ထုတ်ပြန်ထားသည့် စစ်ရေးအချက်အလက်များအရ ယခုနှစ် မိုးဗြဲ မြို့ တိုက်ပွဲများအတွင်း ကရင်
နီပူးပေါင်းတပ်မှ ရဲဘော် ၁၀ ဦးကျော်ကျဆုံးထားကာ စစ်ကောင်စီဘက်မှ သေဆုံး သူ ၆၀ ထက်မနည်းရှိပြီး ၎င်းတို့ထံမှ လက်နက် ၂၀ ခန့်ကို သိမ်းဆည်းရရှိထားသည်။

စစ်ကောင်စီအနေဖြင့်မိုးဗြဲမြို့ကိုပြန်လည်ရရှိပါက လွိုင်ကော်နှင့် မိုးဗြဲ မြို့ဆက်ထားသည့် လမ်းမကြီးကို ထိန်းချုပ်ကာ ရှမ်းပြည်တောင်ပိုင်း၎င်း၏ တပ်ကူများကို ကရင်နီပြည်နယ်အတွင်းသို့ အလွယ်တကူ စစ်ကူပို့နိုင်သည့်အခြေအနေရှိလာနိုင်မည်ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်များက သုံးသပ်ထားသည်။
👍439🥰4🔥3👎1👏1😱1
တစ်​လေးလုံးစစ်ဆင်​ရေးဖြင့် ​တော်လှန်​ရေးတပ်များက မိုးဗြဲမြို့ကိုသိမ်းပိုက်ခဲ့စဥ်။ဓါတ်ပုံ-KNDF
49👍15👏3🥰2🔥1😢1
စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူရေး စစ်ကိုင်းမှာ ဆန္ဒပြ

ဇွန်-၇၊၂၀၂၅။ သုည/People's Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၇)မှာစစ်အာဏာ
ရှင်ဆန့်ကျင်ရေးနဲ့ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူရေး သပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်အဖြစ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ရွာပေါင်းစုံသပိတ်ကော်မတီ၊ အားမာန်သစ်သပိတ်အင်အားစုနဲ့ တော်လှန်ပြည်သူတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းနဲ့ စစ်တပ်ရဲ့ မီး
ရှို့သတ်ဖြတ်မှုကြောင့် ကျဆုံးသွားသော အာဇာ
နည်သူရဲကောင်း ရဲဘော်(၁၀)ဦး ၃နှစ်နဲ့ ၆လပြည့် အလေးနီပြုခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း လူထုသပိတ်က ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ "Vote ILO Article 33 to save LIVES" စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
50👍15🤮1
ဓာတ်ပုံ -စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်
66👍17🔥3🥰3
၂၀၂၄ ခုနှစ် ဇန်နဝါရီမှာယူကရိန်းအစိုးရကစီမံကိန်းတစ်ခုကိုစတင်ခဲ့ပါတယ်။ I Want to Find (ကျွန်ုပ်ရှာဖွေချင်သည်) ဆိုတဲ့ပရောဂျက်ပဲဖြစ်ပါတယ်။

ယူကရိန်းစစ်တပ်ကဖမ်းမိတဲ့ စစ်အကျဉ်းသားတွေအရေးကို ပူးပေါင်းဆောင်ရွက်တဲ့ Coordination Headquarters for The Treatment of Prisoners of War ဌာနကဆောင်ရွက်တာဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ရှေ့တန်းမှာပျောက်ဆုံးသွားခဲ့ကြတဲ့ရုရှစစ်သားပေါင်းမြောက်များစွာကိုရှာဖွေ ချင်နေကြတဲ့သူတို့မိသားစုတွေကိုကူညီဖို့ပါပဲ။ ထူးခြားတာကတော့ ကျူးကျော်ခံရတဲ့နိုင်ငံက ကျူးကျော်သူစစ်သားတွေကိုသူတို့မိသားစုတွေနဲ့ပြန်ပေါင်းထုပ်နိုင်ဖို့ကြိုးပမ်းအားထုတ်တာပဲဖြစ်ပါ တယ်။

https://www.ludunwayoo.com/opinion-mm/2025/05/20/121514/
👍416😁2🥰1
ဧရာဝတီမြစ်ရေတက်လို့မန္တလေး- မိုးကုတ်ကားတွေ ဇက်ကူးလို့မရတာကြောင့် ပိတ်မိနေ

ဇွန်၈၊၂၀၂၅။မေရီ/People's Spring

ဧရာဝတီမြစ်ရေတက်လို့မန္တလေး- မိုးကုတ်သွားတဲ့ယာဥ်တွေဇက်ကူးလို့မရတာကြောင့်ကားတွေပိတ်မိနေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

မတ္တရာနယ်ကိုဖြတ်သန်းရတဲ့မန္တလေး-မိုးကုတ်လမ်းပိုင်းနဲ့ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းဟာတိုက်
ပွဲတွေကြောင့် သွားလာလို့အဆင်မပြေတဲ့အတွက် မန္တလေးကနေ မိုးကုတ်သွားမယ်ဆိုရင် စစ်ကိုင်း၊ ရွှေဘိုဘက်ကနေ ဧရာဝတီမြစ်ကို ဇက်သင်္ဘောနဲ့ကူးပြီးမှ စဥ့်ကူးနယ်ကနေတဆင့်မိုးကုတ်ကိုခရီးဆက်နေရတာပါ။

အခုရက်ထဲမှာဧရာဝတီမြစ်ရေမြင့်တက်လာပြီးရေ
ပြင်ကျယ်လာတာကြောင့်ဇွန်လ (၇)ရက်နေ့ကစပြီးဇက်သင်္ဘောတွေနဲ့ဖြတ်သန်းဖို့အဆင်မပြေဖြစ်နေကြောင်းခရီးသွားတွေကပြောပါတယ်။

"မြစ်ရေတိုးလို့ဇက်တွေကကမ်းကပ်မရတဲ့အတွက်
မန်းလေး-မိုးကုတ်သွားမရသေးတာ။"လို့ ခရီးသွားတဦးက ပြောပါတယ်။

ဒါ့ကြောင့်ဧရာဝတီမြစ်တဘက်စီမှာမန္တလေး-မိုးကုတ်သွားလာကြမယ့်ယာဥ်တွေပိတ်မိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။တချို့ယာဥ်တွေက
တော့ မန္တလေး-ပြင်ဦးလွင်လမ်းကနေ သွားလာနေကြပြီးလုံခြုံရေးအရစိတ်မချရဘူးလို့လည်း ဒေသ
ခံတွေက ပြောပါတယ်။

မန္တလေး-မိုးကုတ်လမ်းတလျှောက်မှာ မတ္တရာနယ်မြောက်ခြမ်းကစပြီးစဥ့်ကူး၊ သပိတ်ကျင်း၊မိုးကုတ်
နယ်အထိ မန္တလေး PDF အပါအဝင်​တော်လှန်​ရေးတပ်တွေကထိန်းချုပ်ထားတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။

​မေလကုန်၊ဇွန်လဆန်းမှာ ကချင်ပြည်နယ်အပါအ
ဝင်မြန်မာနိုင်ငံအထက်ပိုင်း​ဒေသ​တွေမှာမိုးသည်း
ထန်စွာရွာသွန်းခဲ့ပြီး ​မေခ ၊မလိခမြစ်​တွေမှာ မြစ်​ရေကြီးခဲ့ပါတယ် ။
👍4210🔥3😢2🙏2
ဇွန်လဆန်းမှာ ဧရာဝတီမြစ်​ရေဟာ မြစ်ကြီးနားမြို့မှာ​​ရေကြီး​နေစဥ်။ဓါတ်ပုံ-CJ
🔥18😢16🙏32
တောင်ဒဂုံ တရားရုံးကို YAပစ်ခတ်တိုက်ခိုက်

ဇွန်-၈၊၂၀၂၅။သတိုး/People's Spring

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တရား
ရုံး၌ လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၄၀ မမ ဖြင့်တိုက်ခိုက်ခဲ့ကြောင်း Yangon
Army(YA) အဖွဲ့ တာဝန်ရှိသူကပြောသည်။

"ထိခိုက်မှုရှိနိုင်တယ်။နှစ်လုံးပစ်တာနှစ်လုံးလုံး ရည်မှန်းချက်နေရာထိတယ်။" ဟု ၎င်းကပြော
သည်။

အဆိုပါတိုက်ခိုက်မှုကိုYangon Armyနှင့်အ
နောက်ပိုင်းခရိုင်ပကဖ တို့ ပူးပေါင်း၍ ဇွန် ၇ ရက် ည ၁၀ နာရီခွဲခန့်တွင် 79အဝေးပစ်လောင်ချာဖြင့် ၄၀မမ နှစ်လုံးပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယင်းတရားရုံး၌ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေး၊ငါးဦးခန့် အမြဲရှိကြောင်းသိရသည်။

Yangon Army အနေဖြင့် စစ်ကောင်စီနှင့်သက်
ဆိုင်သော ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

၎င်းတို့အဖွဲ့အနေဖြင့် ပြီးခဲ့သည့် မေ၂၉ ရက်က မှော်ဘီမြို့နယ် တပ်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှုး၏ ဆိုင်ခန်းများကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်။
52👍23👏2😁2👌2
တောင်ဒဂုံမြို့နယ် တရားရုံးကို​တွေ့ရစဥ်။
ဓါတ်ပုံ-CJ
37👍19👏5💩3🖕2😁1
ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က
ဘရာဇီးဖိုက်တာကို အလဲထိုးအနိုင်ရ

■UFCတွင်၈ပွဲယှဥ်ပြိုင်ထိုးသတ်ရာ၊၇ပွဲအနိုင်ရထား

ဇွန်-၈၊၂၀၂၅။ သုည/People's Spring

ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်သည် ပြိုင်ဘက် ဘရာဇီးဖိုက်တာကို တတိယအချီတွင် အလဲထိုး အနိုင်ရရှိခဲ့ပြီး UFC MMA ပြိုင်ပွဲတွင် (၇)ပွဲအထိ နိုင်ပွဲရယူနိုင်ခဲ့သည်။

ဇွန်လ ၈ ရက် နံနက်က အမေရိကန်နိုင်ငံတွင် ပြုလုပ်သည့် UFC 316 ပြိုင်ပွဲ Flyweight ဝိတ်တန်းပွဲစဥ်တွင် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ဘရာဇီးဖိုက်တာ ဘရူနိုဆေးလ်ဗားနှင့် ယှဥ်ပြိုင်ထိုးသတ်ခဲ့သည်။

ယင်းပွဲစဥ်တွင် ဂျိုရှုအာဗန်သည် ဘရူနိုဆေးလ်ဗား ဘယ်၊ ညာ လက်သီးချက််များ၊ ထောက်လက်သီးများဖြင့် ၃ ချီစလုံး အသာစီးထိုးသတ်နိုင်ခဲ့သည်။

တတိယအခြိီပွီးဆုံးခါနီး တစ်မိနစ်အလို၌ ဂျိုရှုအာဗန်က ဘရူနိုဆေးလ်ဗားကို အလဲထိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အဆိုပါပွဲစဥ်သည် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် အတွက် UFC MMA ပြိုင်ပွဲ (၈) ပွဲမြောက် ပွဲစဥ် ဖြစ်ပြီး (၇)ပွဲအထိ နိုင်ပွဲ ရယူနိုင်ခဲ့ကာ တစ်ပွဲသာ ရှုံးနိမ့်ထားသည်။

ဗန်သည် ချင်းတိုင်းရင်းသားဖြစ်ပြီး ငယ်စဥ်က
တည်းက အမေရိကန်နိုင်ငံသို့ မိသားစုနှင့် ပြောင်းရွေ့ရောက်ရှိခဲ့ကာ နေထိုင်သူဖြစ်သည်။

သိုင်းပေါင်စုံပြိုင်ပွဲများတွင် UFCမှာနာမည်အကြီး
ဆုံး ပြိုင်ပွဲ ဖြစ်ပြီး ဂျိုရှုအာဗန်သည် UFC ပြိုင်ပွဲတွင် ဝင်ပြိုင်သော ပထမဆုံး မြန်မာဖြစ်သည်။

ဗန်သည် ယခုနိုင်ပွဲကြောင့်UFC ဖလိုင်းဝိတ်တန်းတွင်အဆင့်သတ်မှတ်ချက် မြင့်လာမည်ဖြစ်သည်။
61👍21👌3🥰1🤮1
ဓာတ်ပုံ-UFC
75👍28👏3🥰1🤮1
စစ်အုပ်စုကို ILOရဲ့ Article 33အရ အရေးယူဖို့ဆုံးဖြတ်ချက်ချနိုင်ရေးပူးပေါင်းဆောင်ရွက်သူတွေကို ကျေးဇူးတင်ကြောင်း NUG ထုတ်ပြန်

■စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး များစွာအကျိုးသက်ရောက်စေတာကြောင့် ပြည်သူတွေရဲ့အောင်ပွဲလို့ ဖော်ပြ

ဇွန် ၈၊ ၂၀၂၅။ကိုဘီဂျီ/People's Spring

စစ်အုပ်စုကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးအဖွဲ့ (ILO)ရဲ့ Article 33အရ ထိရောက်စွာအ
ရေးယူဖို့ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးမှာ ပူးပေါင်းဆောင်ရွက်သူတွေကို အထူးကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီကနေ့
(ဇွန်လ ၈ရက်)မှာ ထုတ်ပြန်ပါတယ်။

Article 33 အရ အရေးယူမှုဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ ဝန်ကြီးဌာနနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သုံးပွင့်ဆိုင်အဖွဲ့ဝင် မြန်မာနိုင်ငံအလုပ် သမားတပ်ပေါင်းစု (Myanmar Labour Alliance – MLA) ၊ မြန်မာနိုင်ငံ အလုပ်ရှင်များအဖွဲ့ (Myanmar Employers Organization – MEO) ၊ မြန်မာ
နိုင်ငံ လုပ်ငန်းရှင်များ အဖွဲ့ချုပ် (Myanmar Employers Federation – MEF) ၊ စစ်အုပ်စုရဲ့ အခွင့်အရေးချိုးဖောက်ကျူးလွန်မှုအထောက်
အထားအချက်အလက်များ ကောက်ယူစုစည်းပေးပို့ရာမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးတဲ့ အဝေးရောက် ဧရာဝတီအသင်း (Overseas Irrawaddy Association – OIA)၊ Mondiaal FNV ၊ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များ ညီလာခံ တက်ရောက်နိုင်ရေးအပါအဝင် အဘက်ဘက်က ပံ့ပိုးကူညီပေးတဲ့ International Trade Union Confederation - ITUC, International Union of Food, Agricultural, Hotel, Restaurant, Catering, Tobacco and Allied Workers’ Association – IUF ၊ Building and Wood Workers’ International – BWI နဲ့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်များ၊ အလုပ်ရှင်အဖွဲ့အစည်းတွေနဲ့ မဲခွဲဆုံးဖြတ်ရန် မလိုအပ်အောင် မတရားမှုကို တော်လှန်ရာမှာ မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်ပေးခဲ့တဲ့ ILO အဖွဲ့ကြီးနဲ့ အဖွဲ့ဝင်နိုင်ငံတွေကို အမျိုးသားညီညွတ်ရေးအစိုး
ရ၊ အလုပ်သမားဝန်ကြီး ဌာနအနေအနဲ့ ထူးကျေး
ဇူးတင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NUG အ​နေနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန် ရေး၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေး၊ လူထုဆက်ဆံရေးစတဲ့ တော်လှန်စစ်မျက်နှာပေါင်းစုံကနေ တိုက်ပွဲဝင်လျက်ရှိရာအလုပ်သမားဝန်ကြီး
ဌာနအနေနဲ့နိုင်ငံရေးနဲ့ဘဏ္ဍာရေးကဏ္ဍမှာ အပြည်
ပြည်ဆိုင်ရာအလုပ်သမားရေးအဖွဲ့ (ILO) အပါ
အဝင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိတယ်လို့လည်း ဖော်
ပြထားပါတယ်။

ILOရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းအရ အလုပ်သမားဝန်
ကြီးဌာနဦးဆောင်တဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်
သမား သုံးပွင့်ဆိုင်အဖွဲ့ကို ဖွဲ့စည်းပြီး ILO ယန္တရားကတဆင့် အကြမ်းဖက်စစ်အုပ်စုကို အပြစ်ပေးအရေးယူရေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် ILOက စတင်အသိအမှတ်
ပြုမှုရရှိဖို့ အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်
လျက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

CDM ဝန်ထမ်းတွေအပါအဝင် အလုပ်သမားထုတစ်ရပ်လုံးအပေါ် အခြေခံအခွင့်အရေးချိုးဖောက်ခံရမှု အထောက်အထားတွေ ပြည့်စုံစွာ ရရှိအောင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းကြောင့် ၂၀၂၃ သြဂုတ်မှာ စစ်အုပ်စုက ချက်ချင်းလိုက်နာဆောင်ရွက်ရမယ့် တိုက်တွန်းချက်များပါဝင်တဲ့ COIရဲ့ အစီ
ရင်ခံစာကို ထုတ်ပြန်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုအနေနဲ့အဲဒီတိုက်တွန်းချက်တွေကိုမလိုက်နာတဲ့အပြင် ပိုမိုဆိုးဝါးတဲ့ ချိုးဖောက်မှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း သက်သေအ
ထောက်အထားအချက်အလက်တွေ၊ အထူးသဖြင့် စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှု၊ အရပ်သားပြည်သူအပေါ် နေ့စဉ် ဗုံးကြဲသတ်ဖြတ်မှု၊ ဖမ်းဆီး သတ်ဖြတ်မှု သက်သေအထောက်အထားတွေကို သုံးပွင့်ဆိုင်အဖွဲ့အနေနဲ့ ILO ထံ စဉ်ဆက်မပြတ် အစီရင်ခံတင်ပြခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

အဲဒီသက်သေအချက်အလက်တွေဟာ စစ်အုပ်စုကို အရေးယူရေး ဆုံးဖြတ်ချက် ချမှတ်ရာမှာ များစွာအထောက်အကူဖြစ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။

ILO ကArticle 33 အရအရေးယူမှုဆုံးဖြတ်ချက်
(Resolution)မှာ အဓိကအနေနဲ့ ILO အဖွဲ့ဝင်နိုင်ငံတွေအနေဖြင့် စစ်ကောင်စီနဲ့ ဆက်ဆံရေး၊ပူးပေါင်း
ဆောင်ရွက်မှုတွေကို ပြန်လည် သုံးသပ်ဖို့၊ ပြည်သူအပေါ် အခြေခံအခွင့်အရေးချိုးဖောက်မှုနဲ့ ဖိနှိပ်အကြမ်းဖက်မှုဖြစ်စေမယ့် စစ်ကောင်စီထံ လေ
ယာဉ်ဆီ၊ စစ်လက်နက်ပစ္စည်း၊ ငွေကြေးစီးဆင်မှုတွေ မပြုလုပ်ဖို့ စတဲ့ စစ်အုပ်စုအပေါ် တိုက်ရိုက်ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးနဲ့ဘဏ္ဍာရေးစစ်မျက်
နှာမှာစစ်အုပ်စုကို များစွာထိခိုက်စေမှာဖြစ်ပြီး တနည်းအားဖြင့် စစ်အာဏာရှင် စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် များစွာအကျိုးသက်ရောက်စေမှာဖြစ်တာကြောင့် ပြည်သူတွေရဲ့အောင်ပွဲတစ်
ရပ်လို့ ဖော်ပြပါတယ်။
👍6529👏3🤮2
စစ်အုပ်စုကို အခြေခံအလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် ILOရဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ စုရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၈၇)နဲ့ အဓမ္မအလုပ်ခိုင်း စေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၂၉)တွေကို ကျူးလွန်ချိုးဖောက်မှုတွေကြောင့် Article 33အရ အရေးယူဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာလို့ NUGရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
👍6919👏4🤮2
ILO က Article 33 ဖြင့်စစ်​ကောင်စီကိုအ​ရေးယူ​ပေး​ရေး ရန်ကုန်မြို့မှာ ဆန္ဒထုတ်​ဖော်​နေစဥ်။
👍8115👌2🤮1