People's Spring
61.5K subscribers
68.4K photos
1.19K videos
7 files
2.97K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ-စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်
59👍15🥰2🤮2🔥1😁1
မြဝတီမြို့တွင် ​ပေါက်ကွဲသံအချို့ထွက်​ပေါ်

■စစ်​ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်​ရေးမှူး​သေနတ်ဖြင့်ပစ်ခံရ

ဇွန်-၄၊၂၀၂၅။ရဲခေါင်/People's Spring

မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့တွင်ယ​နေ့ည၌
ပေါက်ကွဲသံအချို့ကြားရကြောင်း ဒေသခံများ
က ပြောသည်။

ယနေ့(ဇွန်လ ၄ ရက်) ည ၉ နာရီခွဲခန့်ကစ၍ သုံးကြိမ်ထက်မနည်း ပေါက်ကွဲသံများကြားရခြင်းဟု ​ဒေသခံတဦးက​ပြောသည်။

"၉ နာရီခွဲလောက်က သုံးချက်လောက်ကြားရတာ။မဲကနယ်တိုးချဲ့ကွက်သစ်ထဲကျတယ်လို့ လော လောဆယ်သိရတယ်"ဟု မြဝတီမြို့ခံတစ်ဦးကပြောသည်။

မြဝတီမြို့မှစစ်​ရေးသတင်းရင်းမြစ်တဦးက မြဝတီမြို့ရှိစစ်​ကောင်စီ၏ ခလရ ၂၇၅ တပ်ရင်း ကပစ်ခတ်ခဲ့ခြင်းဟု လူမှုကွန်ယက်တွင်အသိပေး​ရေးသားထားသည်။မြဝတီမြို့ တွင် စစ်တပ်၏ ခလရ (၂၇၅)တပ်ရင်းသာကျန်ရှိ​တော့ပြီး မြဝတီမြို့​တောင်ဘက်ရှိ နယ်စပ်မှစစ်တပ်စခန်းများကို​တော်လှန်​ရေးတပ်များကဆက်တိုက်သိမ်းပိုက်​နေရာထိုင်းဘက်ထွက်​ပြေး​သောစစ်သားများမှာ ခလရ (၂၇၅)သို့​ရောက်​နေကြသည်​။ထိုင်းစစ်တပ်က မြဝတီမြို့မှတဆင့်ပြန်လွှဲရာ ခလရ (၂၇၅)တွင်စုမိ​နေပြီး ယခင်အင်အားဖြင့်ဆိုရင် အင်အားရာချီရှိ​နေ​ကြောင်း သိရသည်။

"မြစန္ဒီရွာဘက်ကို ၁၂၀ မမနဲ့ ပစ်တာ။အနှေးနဲ့
အမြန် ပြန်ဖြစ်ကြတော့မယ်ထင်တယ်"ဟု ၎င်းက ပြောသည်။

အခြား မြဝတီမြို့ခံနှစ်ဦးကလည်း ပေါက်ကွဲသံအချို့ကြားရသည်ဟု​ပြောသည်။

"လကုန်ရက်ကတော့ လက်နက်ကြီးနဲ့ ပစ်ကြတာ မှန်တယ်။အခုည ဖြစ်စဥ်ကတော့ မသိရသေးဘူး။ဘယ်နားမှာ ဖြစ်တာ မနက်မှ အ​သေးစိတ်ကြားရမယ်ထင်တယ်"ဟု မြဝတီ မြို့ခံတစ်ဦးက ပြော
သည်။

မေလ၃၁ရက်ညပိုင်းကလည်း ခလရ (၂၇၅)တပ်ရင်းကို တော်လှန်ရေးတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောထားသည်။

ထို့အပြင် ဇွန်လ ၄ ရက်နေ့လယ်ပိုင်းတွင် မြဝတီမြို့၏ စစ်ကောင်စီခန့် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးလှဝင်း ​သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားပြီဟု​ဒေသတွင်းသတင်းဌာနအချို့က​ပြောသည်။သို့​သော် မည်သူ ၊မည်သည့်အဖွဲ့အစည်းက​ပစ်ခတ်သည်ကိုမူမသိရ​သေး​ပေ။

KNU ဦိးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက၂၀၂၄ ဧပြီလဆန်းပိုင်းင မြဝတီမြို့နယ် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ခမရ(၃၅၅)၊ ခမရ(၃၅၆)၊ ခမရ (၃၅၇) အပါအဝင် သင်္ဃန်းညီနောင်ဗျူဟာကို တိုက် ခိုက်သိမ်းပိုက်ခဲ့သည်။မြဝတီမြို့အဝင်ရှိိ ခလရ(၂၇၅)ကိုပါ ခတ္တသိမ်းပိုက်ခဲ့သည်။

သို့သော် စစ်ကောင်စီ၏ထောင်ချောက်အတွင်းမကျရန် မြဝတီမြို့မှ ယာယီဆုတ်ခွာခဲ့ကြောင်း ယမန်နှစ်ဧပြီလနောက်ဆုံးပတ်တွင်KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာနီးက ရှင်းလင်းထား
သည်။ ကရင်နယ် ခြားစောင့်တပ် BGF အကူအညီဖြင့် ခလရ ၂၇၅ ၌ စစ်ကောင်စီက ပြန်လည်တပ်စွဲ နိုင်ခဲ့သည်။

မြဝတီမြို့​တောင်ဘက်ပိုင်းရှိ မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်မှဘလယ်ဒို၊ ကနဲလေး၊ ရွှေအေးမြိုင် ၊ ဘုရင့်နောင်၊ မော်ခီးနှင့် သေ့ဘောဘိုးစသော စစ်ကောင်စီစခန်းများကို KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များကဆက်တိုက်သိမ်းပိုက်လျှက်ရှိသည်။
58👍35🥰3
မြဝတီမြို့ နှင့်အနီးဝန်းကျင်ကို Google Earth တွင်​တွေ့ရပုံ
39👍22🥰3
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဖားကန့်လာတဲ့ စစ်တပ်ရဟတ်ယာဉ်နဲ့ KIA ပူးပေါင်းတပ် အပြန်အလှန်ပစ်ခတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့အခြေစိုက် စစ်ကောင်စီတပ်ကို လူလာခေါ်တဲ့ စစ်တပ်ရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ပစ်ခတ်ခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဒီနေ့ နေ့ခင်းပိုင်းက ဖားကန့် တပ်မကုန်းကို ရဟတ်ယာဉ် တစ်စီး ဆင်းသက်သက်ဖို့ အခြား ရဟတ်ယာဉ် တစ်စီးက ပတ်ပတ်လည်ကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဟတ်ယာဥ်တွေကို KIA ပူးပေါင်းတပ်ကလည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်က ရဟတ်ယာဥ်နဲ့ လူလာခေါ်တဲ့ အခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီး တပ်မ(၃၃) တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)သို့ လာရောက်ခေါ်ဆောင်တာဖြစ်တယ်လို့ ကချင်ရင်းမြစ်အချို့က ဆိုပါတယ်။

◾️နတ်ရေကန်ဗျူဟာ ဆက်သွယ်ရေးတာဝါတိုင်စခန်းကို AAသိမ်းယူ

မကွေးတိုင်း၊ ငဖဲမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကြားရှိ ရိုးမလမ်းဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပေါ်မှ စစ်​ကောင်စီရဲ့ နတ်ရေကန်ဗျူဟာကုန်းအနီးရှိ ဆက်သွယ်ရေးတာဝါတိုင်စခန်းကို အာရက္ခတပ်တော်(AA)က သိမ်းယူလိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ မေလဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ငြိမ်သက်ခဲ့စဥ် စစ်တပ်က အင်အားတိုးခဲ့ပြီးနောက် မေလကုန်ပိုင်းမှာ စစ်ကြောင်းပြန်ထိုးခဲ့တာကြောင့် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် AA နဲ့ မဟာမိတ်များက ဆက်သွယ်ရေးတာဝါတိုင်စခန်းကို မနေ့ မနက်အစောပိုင်းမှာ သိမ်းယူနိုင်တာလို့ တော်လှန်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ မကွေးတိုင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များကို ထိုးစစ်ဆင်သိမ်းပိုက်မှာစိုး၍ ခံစစ်ပြင်ထားတဲ့ နတ်ရေကန် ဗျူဟာကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

◾️သေဘောဘိုး စခန်းကနေ လက်နက်ခဲယမ်း အများအပြား KNU သိမ်းဆည်းရမိ

ထိုင်း - မြန်မာ နယ်စပ်မျဉ်းအနီးက သေဘောဘိုးတပ်စခန်း ကို သိမ်းယူရာမှာ ၁၂၀ မမ လက်နက်ကြီး အပါအဝင် အခြာသော လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိတယ်လို့ KNU တပ်မဟာ (၆) လက်အောက်ခံ ကော်ဘရာစစ်ကြောင်းက ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်လာပါတယ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်​တောင်ဘက် ထိုင်း-မြန်မာနယ်စပ်ရှိ သေဘောဘိုးစခန်းကို KNU တပ်မဟာ (၆) ကဦးဆောင်ပြီး PDF တပ်တွေက မနေ့ ညနေပိုင်းမှာ သိမ်းယူလိုက်တာပါ။ စခန်းသိမ်းဖို့ တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ရာမှာ ဂျက်တိုက်လေယာဉ် ၊ အပေါ့စား ထောက်ပို့လေယာဉ် တွေသုံးခဲ့တယ်လို့ ကော်ဘရာ စစ်ကြောင်း (၂) က အသိပေးပါတယ်။ KNU သတင်းရင်းမြစ်တစ်ဦးက သေဘောဘိုးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ဦး သေဆုံးပြီး ၇၂ဦးလက်နက်ချခဲ့တယ်လို့ ပြောပါတယ်။ လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော်ကို KNU က မောင်းထုတ်လိုက်တယ်လို့ ကရင်သတင်းရင်းမြစ်က ဆိုပါတယ်။

◾️ရန်ကုန်မြို့နေ လူ ၁၀ ​ဦးမှာ လေး​ဦးကျော် ဆင်းရဲနွမ်းပါးနေတယ်လို့ UNDP ထုတ်ပြန်

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့နေ လူ ၁၀ ဦးမှာ လေး ဦးကျော် ဆင်းရဲနွမ်းပါးနေတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP)က မနေ့က စစ်တမ်းထုတ်ပြန်ပါတယ်။ UNDP က ထုတ်ပြန်တဲ့ ရန်ကုန်မြို့ပြဆင်းရဲမှု စစ်တမ်း အရ လွန်ခဲ့တဲ့ ၇နှစ်က ရန်ကုန်မြို့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကသာ ဆင်းရဲနေသူတွေ ဖြစ်ပြီး ၂၀၂၃ ခုနှစ် အရောက်မှာ​တော့ ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ​ဖော်ပြထားပါတယ်။ ဒါ​ဟာ ရှစ် နှစ် အတွင်းမှာ ဆင်းရဲနွမ်းပါးမှုနှုန်း သုံးဆ​ကျော်​ တိုးလာတာလည်းဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ စုစုပေါင်းမြို့ပြ လူဦးရေက ခန့်မှန်းခြေ ၆ ဒသမ၂ သန်းရှိရာမှာ ၂ ဒသမ ၇ သန်းခန့်က ဆင်းရဲတွင်းနက်နေရတယ်လို့ UNDP က ဆိုပါတယ်။ စစ်တပ်အာဏာမသိမ်းခင်က တစ်နေ့ကို ဟင်းနှစ်ခွက် ချက်ပြုတ်စားသောက်နိုင်တဲ့အခြေအနေကနေ လက်ရှိမှာ ဟင်းတစ်ခွက်ကိုတောင် မနက် ၊ ည ကျန်အောင် စီမံစားသောက်နေရတယ်လို့ ရန်ကုန်မြို့နေ အိမ်ရှင်မတစ်ဦးက စီးပွားရေးကျပ်တည်းမှုအခြေအနေကို ပြောပါတယ်။

◾️ဖားကန့် ကျောက်စိမ်းလုပ်ကွက်ကို စစ်ကောင်စီတပ် မီးထပ်ရှို့
👍3514🤮1
မနေ့က ပြင်းထန််တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဖားကန်မြို့နယ် ၊ မှော်စီစာကျေးရွာ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အနီးရှိ အခြားလုပ်ကွက်တစ်ခုကို စစ်ကောင်စီတပ်က ဒီနေ့မှာ မီးရှို့ဖျက်ဆီးလိုက်ပြန်တယ်လို့ ဒေသခံဆီကသိရပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နေ့ခင်း ၁နာရီဝန်းကျင်မှာ မြဥယျာဥ်ကုမ္ပဏီအတွင်းကို ဝင်ရောက် မီးရှို့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတစ်ဦး အဝေးကကနေ ရိုက်ယူထားတဲ့ ရုပ်သံဖိုင်တစ်ခုမှာတော့ ကျောက်စိမ်းလုပ်ကွက်ထဲက မြေသယ်ကား ၂ စီးကို မီးရှို့လိုက်တာတွေ့ရပါတယ်။ ဒီနေ့ မီးရှို့တဲ့ နေရာအနီးက တင်အောင်ကြိုင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်မှာတော့ မနေ့ နေ့ခင်းပိုင်းက ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ပြီး လူသုံးဦး သေဆုံးကာ ဆယ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။ ဖားကန့်ဒေသကိုပြန်လည်စိုးမိုးနိုင်ဖို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာဖြစ်ပြီး KIA တပ်စွဲထားတဲ့ နေရာတွေကိုလည်း ဖယ်ရှားဖို့ ဖိအားပေးနေတယ်လို့ ကချင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

◾️အောင်ပန်းမြို့အနီး ဇောက်တိမ်ငလျင် လှုပ်ခတ်သွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့အနီးမှာ ဒီနေ့ မွန်းလွဲပိုင်း က မြေအနက် တစ်မိုင်ကျော်ကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၅အဆင့်ရှိ ငလျင် လှုပ်ခတ်သွားပါတယ်။ အဲဒီငလျင်ဟာ မွန်းလွဲပိုင်း ၁၂နာရီ ၄၆ မိနစ်ခန့်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ဇောက်တိမ် ငလျင်ဖြစ်တာကြောင့် ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ် မှာ ရစ်ချ်တာစကေး ၃ ကနေ ၄ပတ်ဝန်းကျင် အဆင့် ငလျင်တွေ မကြာခဏ လှုပ်နေပါတယ်။ မနေ့ညပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့အနီး မြေအောက်အနက် ၆မိုင်ကျော်ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၆ အဆင့် အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။

◾️ပျူ​ခေါင်း​ဆောင်အပါအဝင် လူ ၉ ဦး​​သေဆုံးခဲ့တဲ့ ပုဂံပစ်ခတ်မှု ထ​နောင်း​မြေစစ်​ကြောင်းနဲ့ စစ်​ကောင်စီ ပြောကြားချက်​တွေ ကွဲလွဲ​နေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်မှာ စစ်ကောင်စီလက်အောက်ခံ ပျူ​စောထီးခေါင်းဆောင် အပါအဝင် လူ ၉ ဦး​သေဆုံးခဲ့တဲ့ ပစ်​ခေတ်မှုနဲ့ ပတ်သက်ပြီး ပစ်ခတ်ခဲ့တဲ့ ထနောင်းမြေစစ်ကြောင်း နဲ့ စစ်​​ကောင်စီဘက်က​ပြောဆိုမှု​တွေ နှစ်ဘက်ကွဲလွဲ​နေပါတယ်။ ဇွန်လ (၁)ရက်က ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ဂန့်ဂါရွာက စစ်ကောင်စီလက်အောက်ခံ စစ်မှုထမ်းဟောင်း ပျူစောထီးခေါင်းဆောင် ဇော်ဇော်နဲ့ သူ့နောက်လိုက် ၈ ဦးတို့က ရပ်ကွက်ထိပ် ဇရပ်မှာ ဆက်ကြေးကောက်နေတုန်း ပစ်ခတ်တာလို့ ထ​နောင်း​မြေစစ်​ကြောင်းက ထုတ်ပြန်ပါတယ်။ ပစ်ခတ်မှုကြောင့် ပျူခေါင်းဆောင် ဇော်ဇော်အပါအဝင် သူ့ရဲ့​နောက်လိုက် ၈ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းက IO ကိုမူတူးက ပြောပါတယ်။ စစ်ကောင်စီကတော့ ဂန့်ဂါရပ်ကွက်မှာပဌာန်းပွဲလုပ်ဖို့ အတွက် ဓမ္မာရုံမှာ ရပ်မိ၊ရပ်ဖ ၁၅ဦးက အစည်းအဝေးလုပ် အလှူငွေကောက်ခံနေစဉ်မှာ NUG လက်​အောက်ခံ PDF တွေက ထော်လာဂျီနဲ့ လာရောက် ပစ်ခတ်ခဲ့တာလို့ ဝါဒဖြန့်နေပါတယ်။ ပစ်ခတ်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အပါအဝင် ရပ်မိ၊ရပ်ဖဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ အမျိုးသား ၉ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးအပါအဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်​ကောင်စီက ထုတ်ပြန်ထားပါတယ်။

◾️သေနတ်၊ ဓားတွေနဲ့ ဓာတ်ပုံကြောင့် ထိုင်းမှာ မြန်မာလူငယ်တစ်ဦး အဖမ်းခံရ

သေနတ်၊ ဓားတွေ ကိုင်ထားတဲ့ ဓာတ်ပုံတွေ Facebookပေါ် ရောက်လာရာက ထိုင်းနိုင်ငံမှာ မြန်မာလူငယ်တစ်ယောက် အဖမ်းခံခဲ့ရတယ်လို့ Phuket Newsက​ဖော်ပြပါတယ်။ အဲဒီလူငယ်နဲ့ အပေါင်းအသင်း တချို့က ပစ္စတို သေနတ်တစ်လက်၊ တောခုတ်ဓားတွေနဲ့ ဟန်ရေးပြနေတဲ့ ဓာတ်ပုံ ၃ ပုံဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့နောက် ရဲတွေက စုံစမ်းခဲ့တာ ဖြစ်ပါတယ်။ Facebookမှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ ဖူးခက်မြို့ရဲ့ချန်းတာလေကမ်းခြေတဝိုက်မှာ ဆယ်ကျော်သက်မြန်မာလူငယ်ဂိုဏ်းတစ်ဂိုဏ်းက သေနတ်တွေ၊ တောခုတ်ဓားတွေ ကိုင်ဆောင်ထားပြီး အဲဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေက စစ်ဆေးပေးဖို့ တောင်းဆိုကြောင်း ရေးသားထားတဲ့ စာသားကိုလည်း တွေ့ခဲ့ရပါတယ်။ ဓာတ်ပုံတွေအကြောင်း လူပြောများလာတဲ့နောက် ဇွန်လ ၂ ရက်မှာတော့ ချန်းတာလေ ရဲတပ်ဖွဲ့က ဓာတ်ပုံထဲက လူငယ်တစ်ဦးကို ဖမ်းဆီးရမိပြီလို့ အတည်ပြုခဲ့ပါတယ်။ ရဲတွေက နာမည် ထုတ်မကြေညာတဲ့ အဲဒီလူငယ်ကို သာလန်မှာရှိတဲ့ ဘန်ယား ဧရိယာထဲက အလုပ်သမား တန်းလျားတစ်ခုမှာ ရှာတွေ့ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

◾️စစ်ကောင်စီအပေါ် ထိရောက်စွာ အရေးယူပေးဖို့ နိုင်ငံတကာအလုပ်သမားညီလာခံ ILC ဆုံးဖြတ်ဟု NUG ထုတ်ပြန်
👍3410🤮2
စစ်ကောင်စီအပေါ် ထိရောက်စွာ အရေးယူပေးဖို့ နိုင်ငံတကာအလုပ်သမားညီလာခံမှ အစိုးရအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များက ဆုံးဖြတ်ချက်ချကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။ ဇွန်လ ၂ ရက်မှစ၍ ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ ၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားညီလာခံ( 113th ILC)ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဦးဆောင်တဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီအပေါ် အရေးယူမယ့် ဆုံးဖြတ်ချက်များကို ဒီလမှာ ပြုလုပ်မယ့် ILO ရဲ့အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ် အတည်ပြုမှာ ဖြစ်ပါတယ်။

◾️စစ်ကောင်စီက TNLA နယ်မြေကို ​မေလအတွင်း လက်နက်ကြီးနဲ့ ဗုံးအလုံး တထောင်ကျော်ကြဲချ

စစ်ကောင်စီက အပစ်ရပ်​ကြောင်း​ ကြေညာထား​ပေမယ့် မေလတစ်လအတွင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေတပ်မတော်(TNLA)နယ်​မြေကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ဦး သေဆုံးပြီး ၁၈ဦး ဒဏ်ရာရခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။ မေလအတွင်း စစ်ကောင်စီက TNLA နယ်မြေတွေဖြစ်တဲ့ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့ ၊ မိုင်းလုံနဲ့ မန်တုံမြို့နယ်တွေကို မကြာခဏဗုံးကြဲခဲ့တာပါ။ အဲဒီနယ်မြေတွေကို စစ်ကောင်စီက မေလအတွင်း လေကြောင်း တိုက်ခိုက်မှု ၂၆ကြိမ်၊ လက်နက်ကြီး (၇၇၆)လုံး၊ ဒရုန်းဖြင့် ဗုံး (၃၂၉)လုံး နဲ့ အဆိပ်ငွေ့ဗုံး (၁၁၄)လုံးတို့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက နောင်ချိုမြို့နယ်ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ မေလအတွင်း လေကြောင်း တိုက်ခိုက်မှု ၁၂ကြိမ်၊ လက်နက်ကြီး(၇၇၆)လုံး၊ ဒရုန်းကနေ ဗုံး (၃၂၉)လုံးနဲ့ အဆိပ်ငွေ့ဗုံး(၁၄၄)လုံး တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဖော်ပြပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ လူထုသပိတ်က ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ "Vote ILO Article 33 to save LIVES" စာသားကိုင်ဆောင်ကာ ဆန္ဒထုတ်
ဖော်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်ကျေးရွာတစ်ရွာမှာလည်း တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်သပိတ်စစ်ကြောင်းဟာ "တော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာလူထုမှတပါးအခြားမရှိ" ၊ "တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်" စာသားတွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
👍4111🥰5🤮2
44🤣2🔥1🥰1
47🤣3🔥1🥰1
နှစ်လအတွင်း စစ်ကောင်စီတပ်သား ၁၉ဦးကို စနိုက်ပါဖြင့် ချေမှုန်းနိုင်ခဲ့ဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ ထုတ်ပြန်

ဇွန်-၄၊ ၂၀၂၅။ ရဲခေါင်/People’s Spring

စစ်ကောင်စီတပ်သား ၁၉ဦးကို စနိုက်ပါဖြင့် နှစ်လအတွင်း ချေမှုန်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ ရင်ဆိုင်သည့် ရှေ့တန်းတိုက်ပွဲများ၌ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့က စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ စနိုက်ပါရဲဘော်များမှ ရန်သူ့စခန်းအနီးနားအထိ သွားရောက်ချေမှုန်းခဲ့မှုများလည်း ပါဝင်ခဲ့ကြောင်း အသိပေးသည်။

"ကယား(ကရင်နီပြည်နယ်)အတွင်းမှာပဲ။ အခုထိလည်း စစ်ဆိုင်ထားတဲ့အခြေအနေ ရှိပါတယ်"ဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့တာဝန်ရှိသူက စနိုက်ပါ ဖြင့်ချေမှုန်းခဲ့သည့်ဖြစ်စဥ်များကို ရှင်းပြသည်။

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၏ တိုက်ပွဲထုတ်ပြန်ချက်များအရ ကရင်နီနှင့်ရှမ်းတောင်တိုက်ပွဲများ၌ အခြားသောတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

အာဏာသိမ်းစစ်တပ်ကို တော်လှန်ရန် ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်တွင် အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်းလည်း သိရသည်။
69👍30🤣4🥰2
(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)
👍8234🥰5🔥2🤣2