စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့တဲ့ ဆေးခန်းဟာ
ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာမှာရှိပြီး လက်ရှိမှာ တိုက်ပွဲနဲ့စစ်ရေးလှုပ်ရှားမှုတွေမရှိဘဲ စစ်ကောင်စီက စစ်ဆင်ရေးတစ်ခုလိုပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။ ဒီသတင်းကို ကြားရတဲ့အခါ သူ့သားလေးကို ဖက်ရင်း အံကြိတ်ငိုမိတယ်လို့ ယောနယ်သား ကိုနေမင်းကပြောပါတယ်။
ဒီလိုမတိုက်ခိုက်ခင်လအနည်းငယ်တုန်းက နွေကာ
လ ဒေသခံတွေရဲ့ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမဟုတ်လို့ ယောနယ်ကနေပြန်လာခဲ့ဖို့ မိတ်
ဆွေအချို့ကတိုက်တွန်းခဲ့ပါသေးတယ်လို့မချီတင်ကဲ့ပြောပါတယ်။
"သူ့လူနာတွေကို စိတ်မချလို့ ဆက်နေမယ်လို့ ပြောခဲ့တာ" လို့ ဒေါက်တာမြစိုးအောင်ရဲ့ မိတ်ဆွေဆ
ရာဝန်တစ်ဦးကပြောပါတယ်။
ဆရာဝန်ကလူနာကို စိတ်မချ၊လူနာကဆရာဝန်ကို စိတ်ပူကြရတဲ့ အကျပ်အတည်းကာလမှာ ဒေါက်
တာမြစိုးအောင်တို့ မိသားစုက ပေးဆပ်လိုခြင်းကြီးမားတဲ့ မေတ္တာရှင်မိသားစုပါလို့ ကိုနေမင်းကပြောပါတယ်။
CDM အာဇာနည်သူရဲကောင်းတွေအဖြစ် အသိ
အမှတ်ပြုအပ်ပြီး ကျန်ရစ်သူ မိသားစုတွေနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။တရားမျှတမှုကို ဆောင်ကျဉ်းသွားမယ်လို့လည်း ဆိုပါတယ်။
လက်ကျန်နွေရာသီနဲ့ လာမယ့်မိုးတွင်းမှာတော့ ယောနဲ့အညာတကြောမှာ အရင်၄နှစ်ကာလကလို ဒေါက်တာရတနာတို့မိသားစုကို တွေ့မြင်ရတော့ပါဘူး။ အဲ့ဒီအသိနဲ့ ခံစားချက်ဟာအရှိုက်တည့်တည့်ကိုလက်သီးပြင်းထိုးသလိုတဆစ်ဆစ်ကိုက်ခဲနာ
ကျင်နေရတော့မှာလို့ ယောနယ်သားတချို့က ပြောပါတယ်။
"လိုအပ်နေတဲ့နေရာမှာ ကျတော် ရှိနေမယ်။ အားမလျှော့ဘူးလို့ သူအမြဲပြောခဲ့တယ်။ဒေသခံတွေအစား အရမ်းနှမြောတယ်" လို့ ဒေါ်ရတီအုန်းက ပြောပါတယ်။ ။

👍33😢24❤6🔥2
ဒေါက်တာမြစိုးအောင် ၊ဇနီး အထက်တန်းသူနာပြု ဒေါ်ခိုင်နှင်းဝေ နဲ့ သားငယ် လေးတို့ရဲ့မိသားစု။ စစ်ကောင်စီက နှင်းခါးရွာက ဆေးခန်းကို ဗုံးကြဲတိုက်ခိုက်ပြီးနောက်အပျက်အစီးတွေကိုတွေ့ရစဥ်။ဓါတ်ပုံ-NUG ၊ပေးပို့
😢113❤6🔥5👍4
နှမ်းခါးရွာ CDM ဆရာဝန်မိသားစုသေဆုံးမှုအတွက် ဝမ်းနည်းခြင်း သပိတ်ပြုလုပ်
မတ်လ-၂၅၊၂၀၂၅။
ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဂန့်ဂေါမြို့နယ် နှမ်းခါးရွာတွင် မတ်လ ၂၂ ရက်က
စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲမှုကြောင့် CDM ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၏ တစ်မိသားစုလုံး အသက်ဆုံးရှူံးခဲ့ရသည့် ဖြစ်စဉ်အတွက် ဝမ်းနည်းခြင်း သပိတ်ကို မတ်လ ၂၄ရက်၌ ပြုလုပ်ခဲ့သည်။
"အကြမ်းမဖက်အာဏာဖီဆန်ကြရင်း အကြမ်းဖက်သတ်ဖြတ်ခံရသူတွေ၊ တပါးသူရဲ့အသက်ကို ကယ်တင်ရင်း မိမိအသက်ကို ပေးဆပ်ခဲ့ကြရသူတွေအားလုံးရဲ့ ရဲစွမ်းသတ္တိနဲ့ပြတ်သားခိုင်မာတဲ့ စိတ်ဓါတ်၊ ခံယူချက်နဲ့ လုပ်ရပ်တွေအပေါ် CDM အားလုံးနဲ့ထပ်တူလေးစားဂုဏ်ယူပါကြောင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် နှမ်းခါးရွာဆေးပေးခန်းကို စစ်ကောင်စီက လေကြောင်းဖြင့် အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်အပေါ် ပြည်သူ
လူထုမှ နည်းလမ်းပေါင်းစုံနဲ့ ဝိုင်းဝန်းရှုတ်ချကြပါရန်" ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ တိုက်တွန်းထားသည်။
မတ်လ ၂၂ ရက်တွင် စစ်တပ်က ဂန့်ဂေါမြို့နယ်အတွင်းရှိ နှမ်းခါးရွာဆေးခန်း ကိုဗုံးကြဲသတ်ဖြတ်မှုကြောင့်ဒေါက်တာမြစိုးအောင်၊ ဇနီးသည် အထက်တန်းသူနာပြု လေးလသား ကိုယ်ဝန်ဆောင်ထားသောဒေါ်ခိုင်နှင်းဝေ ၊ အသက် ၅ နှစ်အရွယ်သားငယ် တို့ မိသားစု နှင့် နှင်းခါးရွာဆေးခန်းလာ လူနာနဲ့ လူနာစောင့် ပြည်သူ ၈ ဦး စုစုပေါင်း ၁၁ ဦးသေဆုံးခဲ့ပြီး ၊ ၆ ဦးဒဏ်ရာရခဲ့သည်။ သေဆုံးသူ များထဲတွင် ကလေးငယ် ၅ ဦးပါဝင်သည်။

😢68👍16❤2🥰2😁2🤮2💊1
ပခုက္ကူ - ရေစကြိုလမ်းပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် အထိနာဟု PDFပြော
မတ်-၂၅၊ ၂၀၂၅။ ရဲခေါင်/People's Spring
မကွေးတိုင်း၊ ပခုက္ကူ - ရေစကြိုလမ်းပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ရဲ ၁၀ဦးထက်မနည်း သေဆုံးကြောင်း Southern YSO PDF တာဝန်ရှိသူ ကိုအောင်မောင်းက လူထုနွေဦးသို့ပြောသည်။
အင်အား ၂၀ ကျော်ပါသည့် စစ်ကောင်စီ၏ ဂျန်ဘာ(ဒရုန်းဖျက်ကိရိယာ) တပ်ဆင်ထားသော သံပြားကာယာဉ်အား မတ်လ ၁၇ရက် ညနေပိုင်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု Southern YSO PDF က အသိပေးသည်။
အာပီဂျီ၊၄၀ မမ နှင့် ကျည်ငယ်တို့ကို အချိုးကျပစ်ခတ်ခဲ့ပြီး သံပြားကာယာဉ်အား စီးနင်းနိုင်ရန်ကြိုးပမ်းချိန်တွင် Southern YSO ၏ စစ်ကြောင်းမှူးမှာ လက်နက်ချို့ယွင်းပြီး ပြင်းထန်ဒဏ်ရာရှိခဲ့သည်ဟု ဆိုသည်။
"ဗျူဟာအရတော့ စစ်ကြောင်းမှူးထိတာနဲ့ ဒုစစ်ကြောင်း မှူးတက်ရမှာ ဗျူဟာအရမှန်ပေမယ့် မြောက်ဘက်မှာလည်း GTC ဂိတ်ရှိတယ်။မီတာ ၅၀၀ လောက်ပဲဝေးတယ်။တောင်ဘက်မှာလည်း ပန်းတိုင်ခြုံဂိတ်ရှိတယ်။အဲဒါလည်း မီတာ ၄၀၀ လောက်ပဲဝေးတယ်။မီတာ ၉၀၀ နဲ့ ၁၀၀၀ ကြားထဲမှာ ဝင်တိုက်ရတဲ့အခြေအနေ။စစ်ကြောင်းမှူးကလည်း အသက်အန္တ ရာယ်စိုးရိမ်ရလို့ နောက်ဆုတ်လိုက်တာပေါ့"ဟု ကိုအောင်မောင်းက တိုက်ပွဲ ဖြစ်စဥ်ကိုရှင်းပြသည်။
ထို့အပြင် တိုက်ပွဲဖြစ်စဥ်ထုတ်ပြန်မှု နောက်ကျရခြင်းမှာလည်း စစ်ကြောင်းမှူး၏ ကျန်းမာရေးကို အလေးထား ဆောင်ရွက်ရသည့် အခြေအနေကြောင့်ဟု သိရသည်။
"ပြန်ဆုတ်တာမှန်သွားတယ် ပြောရမယ်။လက်နက် သိမ်းရလိုက်တာမရတာထက် စစ်ကြောင်းမှူး အသက် ကို ကယ်တင်လိုက်နိုင်ခဲ့တယ်။ဝမ်းသာစရာတစ်ခုပါပဲ"ဟု Southern YSO PDF တာဝန်ရှိသူက ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း ပခုက္ကူအခြေစိုက် ခြေမြန်တပ်မဌာနချုပ်(၁၀၁)မှ တပ်ကြပ်ကြီးနိုင်လင်း၊ခလရ (၂၃၅)တပ်ရင်းမှ တပ်ကြပ်ကြီး နေဝင်း၊ခလရ (၂၅၉)တပ်ရင်းမှ တပ်သားနှစ်ဦးနှင့် မကွေးတိုင်းအခြေပြု ရဲ ၁၀ဦးထက်မနည်း သေဆုံးကြောင်းလည်း Southern YSO PDF က ယနေ့ (မတ်လ ၂၅ ရက်)တွင် ထုတ်ပြန်သည်။
သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။
နတ်မိကျောင်းစစ်ဆင်ရေးဖြင့် Southern YSO PDF ၊ ပြည်သူ့အားမာန် PDF ၊Yesagyo Revolutin Group (YRG)၊ ဒေါင်းညီနောင်၊ဒေါင်းစစ်သည်၊King Cobraနှင့် ရေစကြိုမြို့နယ် ပလဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဟု ဖော်ပြသည်။
ဖေဖော်ဝါရီ ၁၁ရက်ကလည်း ရေစကြိုမြို့နယ် ပခန်းမြို့မြောက်ဘက်တွင် စစ်ကောင်စီစစ်ကြောင်းကို နတ်မိကျောင်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ရာ MA 3သေနတ်တစ်လက်နှင့် MA 1 သေနတ် လေးလက် သိမ်းဆည်းရရှိခဲ့ကြောင်း Southern YSO PDF အသိပေးထားသည်။

👍70👏8❤3🥰2😁2
နွားထိုးကြီးနယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ မိသားစုဝင်သုံးဦး သေဆုံး
မတ် ၂၅၊ ၂၀၂၅။ ရှိန်း/People’s Spring
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မာန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ မိသားစုဝင်သုံးဦး သေဆုံးခဲ့တယ်လို့ နွားထိုးကြီးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မတ်လ၂၅ရက် ဒီနေ့ နေ့လည် ၁နာရီခွဲအချိန်မှာ မာန်လည်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲခဲ့တာဖြစ်ပြီး နေအိမ်ပေါ်ကျကာ ၉နှစ်အရွယ် မိန်းကလေးအပါအဝင် မိသားစုဝင်သုံးဦး သေဆုံးခဲ့တာလို့ သိရပါတယ်။
"မျက်နှာတွေက မပီတော့ဘူးဗျာ။ ရက်ရက်စက်စက်ပါ။ အိမ်လည်း စိစိညက်ညက်ကိုကြေလို့ပဲ"လို့ ရဲဘော်တစ်ဦးက ပြောပါတယ်။
မာန်လည်ရွာရဲ့အရှေ့ဘက်က တဲပေါ်ကို ဗုံးချသွားတာဖြစ်တယ်လို့ အဲဒီကာကွယ်ရေးရဲဘော်ကပြောပါတယ်။
စစ်ကောင်စီတပ်က နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တို့ကို အခုရက်ပိုင်းအတွင်း ဆက်တိုက် လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး မနေ့ မနက် အစောပိုင်းက တိုက်ခိုက်မှုမှာလည်း ရဲဘော်တစ်ဦးကျဆုံးခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၂၂ရက် ည ၁၂နာရီကျော်မှာလည်း တောင်သာမြို့နယ်နဲ့ကပ်လျက်က နွားထိုးကြီးမြို့နယ် လက်ဝဲ+မြင်းနီကျေးရွာကို ဂျက်ဖိုက်တာ၊ Mi-35 ရဟတ်ယာဥ်၊ စက်တပ်လေထီးတို့နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၂ဦး ဒဏ်ရာရပြီး နေအိမ် ၁၀လုံးကျော် မီးလောင်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

🤬55👍14❤5😡3
ပုဏ္ဏားကျွန်းမြို့နယ် ယနေ့ည လေကြောင်းတိုက်ခိုက်ခံရ၊ စစ်ရှောင်များအပါအဝင် ထိခိုက်မှုရှိ
မတ်-၂၅၊ ၂၀၂၅။ကဖေး/People's Spring
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို ယနေ့(မတ်လ၂၅ရက်) ည၇ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်များအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုများရှိကြောင်း သတင်းရရှိသည်။
" အောင်ဖြူပြင်ကို ပစ်သွားတာပါ။ မနက်ပိုင်းက လက်နက်ကြီးတွေပစ်ခဲ့ပြီး အခုညနေမှာလေကြောင်းကနေ လာပစ်တာပါ။ စစ်ဘေးရှောင်တွေနေတဲ့နေရာကို ထိတာလို့သိရတယ်။ ညဘက်ဆိုတော့ သွားလို့လာလို့ မရဖြစ်နေတယ်။ ထိခိုက်သေဆုံးတာတွေက ရှိတယ်"ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။
မတ်လ ၂၂ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာနှင့် ပေါက်တောမြို့နယ် သဲခုံကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း လူထိခိုက်မှုမရှိသော်လည်း အဆောက်အအုံအချို့ ပျက်စီးခဲ့သည်။
စစ်တွေမြို့အား သိမ်းယူရေး အာရက္ခတပ်တော်(AA)က ထိုးစစ်ဆက်လက်ပြင်းထန်နေပြီး မြို့အနီးဝန်းကျင်နေရာများကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ဖေဖော်ဝါရီ၂၀ရက်ကလည်း ပေါက်တောမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ကလေးငယ်နှစ်ဦးအပါအဝင် ၄ဦးသေဆုံးပြီး ၁၇ဦး ဒဏ်ရာရခဲ့သည်။
ထို့အပြင် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့ကြား ဝါဘိုကျေးရွာတွင်လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ပြောကြားထားသည်။

🤬56👍11😭6🔥3😡3❤1