People's Spring
68.5K subscribers
38.9K photos
675 videos
2 files
705 links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မ​ဒေးကျွန်းသို့ တရုတ်နိုင်ငံသား ၅၀၀ ခန့်ပါ​သောသင်္ဘောကို စစ်​ကောင်စီကလုံခြုံ​ရေးယူ ပို့​​ဆောင်ပေး

နန်းနောင့်နောင့်/People's Spring

တရုတ်စီမံကိန်းများရှိသည့် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းသို့ တရုတ်နိုင်ငံသား ၅‌၀၀ခန့်ပါသည့်သင်္ဘောကို စစ်ကောင်
စီတပ်၏ ရေတပ်သင်္ဘောသုံးစီးက လုံခြုံရေးယူ​ပေး၍ ရောက်ရှိလာကြောင်းဒေသခံများကပြောသည်။

"တရုတ်ကနေ ရေကြောင်းအတိုင်း သူတို့သင်္ဘောနဲ့သူတို့လာတာ။ နေဗီ(​ရေတပ်သင်္ဘော)က သုံးစီးက လုံခြုံရေးယူပေးပြီးဝင်လာတာ" ဟု ကျောက်ဖြူမြို့မှဒေသခံတဦးကပြော
သည်။

အဆိုပါတရုတ်နိုင်ငံသားများသည် ဧပြီလ ၂၈ရက်က ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတို့အားလာရောက်ပို့ဆောင်သည့်သင်္ဘောသည် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ ရောက်ရှိလာသည့် တရုတ်နိုင်ငံသားများနှင့်ပတ်သက်၍ မဒေးကျွန်းဒေသခံများကိုယ်တိုင် ရှင်းရှင်းလင်းလင်းမသိရှိကြရသေးပေ။ ထို့အပြင် အဆိုပါအကြောင်းအရာကို မပြောရဲကြောင်းမဒေးကျွန်းဒေသခံအချို့ကပြောသည်။

" ဒီအကြောင်းကို ကျနော်တို့မပြောရဲပါ။ နားလည်ပေးပါ" ဟု မဒေးကျွန်းဒေသခံတစ်ဦးကပြောသည်။

ကျောက်ဖြူမြို့တွင် တရုတ်အစိုးရကရင်းနှီးမြှုပ်နှံထားသည့်ကျောက်ဖြူ စီးပွားရေးဇုန်၊​ကျောက်ဖြူ​ရေနက်ဆိပ်ကမ်း၊တရုတ်ပိုက်လိုင်း စီမံကိန်းများရှိ‌နေသည်။ အဆိုပါစီမံကိန်း၌ တရုတ်နိုင်ငံသားအများအပြားလည်းလာရောက်လုပ်ကိုင်နေသည်။

စီမံကိန်းသဘောတူစာချုပ်ကို သမ္မတဟောင်းဦးသိန်းစိန်လက်ထက်တွင် တရုတ်ဘက်က ၈၅ ရာခိုင်နှုန်း၊ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းဖြင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ​ရွေး​ကောက်ခံအရပ်သားအစိုးရ လက်ထက်တွင် တရုတ်ကုမ္ပဏီဘက်က ၇၀ ရာခိုင်နှုန်း၊ မြန်မာဘက်က ၃၀ ရာခိုင်နှုန်းဖြင့် ပြန်လည်ပြင်ဆင် ချုပ်ဆိုခဲ့သည်။ စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးနောက် ဒေသအများစု၌တိုက်ပွဲများဖြစ်ပွားနေသော်လည်း အဆိုပါစီမံကိန်းကို စစ်ကောင်စီနှင့်တရုတ်ကဆက်လက်လုပ်ကိုင်ခဲ့သည်။

အာရက္ခတပ်တော်က ၁၀၂၇ စစ်ဆင်ရေးဖြင့် စစ်ကောင်စီစခန်းများကိုတိုက်ခိုက်နေစဉ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ တွင်ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် နောက်
ဆက်တွဲစာချုပ်ကို တရုတ်နှင့် စစ်ကောင်စီ လက်
မှတ် ရေးထိုးခဲ့သည်။

လက်ရှိရောက်ရှိနေကြသည့် တရုတ်နိုင်ငံသားများသည် အဆိုပါ နောက်ဆက်တွဲ စာချုပ် သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ကျွမ်းကျင်လုပ်သားများအဖြင့် ရောက်ရှိလာခြင်းဟုသိရကြောင်း ကျောက်ဖြူမြို့ဒေသခံချို့ကပြောသည်။

ကျောက်ဖြူမြို့ပေါ်တွင် လတ်တ‌ လော၌တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မြို့နယ်အတွင်းကျေးရွာအချို့၌ စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်း ဒေသခံများကပြောသည်။ ပြီးခဲသည့်မတ်လ၁၀ရက်နေ့ကကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းရွာကို စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးသည်။ထိုအပြင် စစ်ကောင်စီသည် ကျောက်
ဖြူမြို့နယ်အတွင်း ရေလမ်းကြောင်းများကို ဖြတ်သန်းသွားလာခြင်းမပြုရန်နှင့်ရေလုပ်ငန်းမလုပ်ကိုင်ရန် ဒေသန္တရအမိန့်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှစ၍ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွား​နေ​သော်လည်း တရုတ်​ရေနံပိုက်လိုင်းအပါအဝင် တရုတ်စီမံကိန်းများ အနီးတွင်မူ တိုက်ပွဲဖြစ်ပွား​လေ့မရှိ​သည်ကို​တွေ့ရသည်။

ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူမြို့အပါအဝင် စစ်ကောင်စီထိန်းချုပ်ရာနယ်မြေများ၌ ပိတ်မိနေသော ပြည်သူများ လွတ်မြောက်နယ်မြေသို့လာရောက်နေထိုင်ကြရန်နှင့်အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်ထားကြရန် AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဧပြီလ ၁၀ ရက်နေ့က ကျရောက်သော AA ၁၅ နှစ်မြောက် တပ်တော်နေ့အခမ်းအနားတွင် ပြောကြားထားသည်။ ထိုပြောကြားချက်နောက်ပိုင်း ကျောက်ဖြူနှင့်စစ်တွေမြို့မှဒေသခံများ အခြားမြိုများသို့တိမ်းရှောင်မှုများရှိနေကြောင်းသိရသည်။ ဒေသတွင်း၌စစ်ရေးမငြိမ်မသက်ဖြစ်နေစဉ် စစ်ကောင်စီနှင့်တရုတ်တို့က က စီမံကိန်းများကို ဆက်လက် အကောင်
အထည်ဖော်နေခြင်းဖြစ်သည်။
မဒေးကျွန်းရှိ တရုတ်စီမံကိန်း အချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-Getty Image
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မေလ ၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဖားကန့် ဆိုင်းတောင်ပစ်ခတ်မှု အရပ်သားတစ်ဦးသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မှာ ဒီနေ့ ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ မနေ့က ပစ်ခတ်မှုဖြစ်ပြီး ရဲတစ်ဦးဖမ်းဆီးခံရတဲ့ ဆိုင်းတောင်ရွာလယ်လမ်းမှာ ​ဒီနေ့ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့တာပါ။ စစ်ကောင်စီတပ်က ဒေသခံတွေကို ကာဗာယူထားပြီး ပစ်ခတ်မှုအတွင်း အရပ်သားနှစ်ဦးထိခိုက်ခဲ့ရာ တစ်ဦး သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ရွာလမ်းအားပိတ်ဆို့ထားပြီး ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေတာကြောင့် ဒေသခံများ နေအိမ်များအတွင်း ပုန်းအောင်းနေကြရပါတယ်။

◾️မ​ဒေးကျွန်းသို့ တရုတ်နိုင်ငံသား ၅၀၀ ခန့်ပါ​သောသင်္ဘောကို စစ်​ကောင်စီက လုံခြုံ​ရေးယူ ပို့​​ဆောင်ပေး

တရုတ်စီမံကိန်းများရှိတဲ့ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းသို့ တရုတ်နိုင်ငံသား ၅‌၀၀ခန့်ပါတဲ့ သင်္ဘောကို စစ်ကောင်စီတပ်ရဲ့ ရေတပ်သင်္ဘောသုံးစီးက လုံခြုံရေးယူ​ပေးကာ ရောက်ရှိလာတယ်လို့ ဒေသခံများကပြောပါတယ်။ တရုတ်ကနေ ရေကြောင်းအတိုင်း သူတို့သင်္ဘောနဲ့ သူတို့ လာတာဖြစ်ပြီး စစ်ကောင်စီ ရေတပ်က သင်္ဘောသုံးစီးဖြင့် လုံခြုံရေးယူပေးခဲ့တယ်လို့ ကျောက်ဖြူမြို့မှဒေသခံတဦးကပြောပါတယ်။ အဲဒီတရုတ်နိုင်ငံသားများဟာ ဧပြီ ၂၈ရက်က ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတို့အားလာရောက်ပို့ဆောင်ပေးတဲ့ သင်္ဘောမှာ ပြန်လည်ထွက်ခွါသွားပြီလို့ သိရပါတယ်။ ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားများနှင့်ပတ်သက်လို့ မဒေးကျွန်းဒေသခံများကိုယ်တိုင် ရှင်းရှင်းလင်းလင်းမသိရှိကြသေးပါဘူး။

◾️ကျင်ဒွေးမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ဟု ချင်းညီနောင်တရားဝင်ထုတ်ပြန်

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)များ စုပေါင်းဖွဲ့စည်းထားတဲ့ ချင်းညီနောင်က ထုတ်ပြန်ပါတယ်။ ကျင်ဒွေးမြို့စခန်းကို ဧပြီ ၂၉ရက် မနက်က စခန်းတစ်ခုလုံး သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့တယ်လို့ ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)CNC-Mindat ၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ(MTC/MDF) CDF-ကန်ပက်လက်၊ CDF-မတူပီ တပ်မဟာ(၁) တို့ စုပေါင်းထားတဲ့ ချင်းညီနောင်က ဓာတ်ပုံနှင့်အတူ ဖော်ပြခဲ့ပါတယ်။ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ဒီဇင်ဘာ ၂၂ရက်မှ စတင်ခဲ့ရာ ၄လကျော် ကြာမြင့်ခဲ့တာပါ။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု၊ တပ်ကူပေးမှု အကြိမ် ၃၂၃ ကြိမ်ရှိခဲ့တယ်လို့လည်း အသိပေးပါတယ်။

◾️ကရင်နီပြည်မှာ မြေမြှုပ်မိုင်းအန္တရာယ်ကြီးမားနေဟု IEC ထုတ်ပြန်

ကရင်နီပြည်နယ်ရှိ ရပ်ကွက်၊ကျေးရွာအများစုမှာ မြေမြှုပ်မိုင်းများအပါအဝင် အခြားမပေါက်ကွဲသေးသော ကြွင်းကျန်စစ်သုံးပစ္စည်းများ အန္တရာယ်ကြီးမားနေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းမှု အကျိုးဆက်များအနက် တစ်ခုဖြစ်တဲ့ မြေမြှုပ်မိုင်းများကြောင့် ကရင်နီပြည်အတွင်း အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးရမှုများမှာ သိသိသာသာ တိုးပွားလာသည်ကို တွေ့ရတယ်လို့ ဆိုပါတယ်။ မိုးဗြဲ၊ ဖယ်ခုံအပါအဝင် ကရင်နီပြည်နယ် ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်မြို့အစရှိတဲ့ တိုက်ပွဲ ဖြစ်ပွားရာ နေရာများမှာ စစ်ကောင်စီက မြေမြှုပ်မိုင်းနဲ့ တိုက်မိုင်းများစွာကို လူနေရပ်ကွက်များ၊ သာသနာရေးဆိိုင်ရာ အဆောက်အအုံများမှာ အသုံးပြုနေတယ်လို့ သိရပါတယ်။

◾️ချင်းတပ် CNFနဲ့ ချင်းညီနောင်တပ်များအကြား စစ်ရေးတင်းမာ

ချင်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF/CNA)နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၆ခုစုဖွဲ့ထားတဲ့ ချင်းညီနောင်တို့အကြား စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။ ချင်းညီနောင်အဖွဲ့ဝင် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ(MTC/MDF)နဲ့ CNF ဦးဆောင်တဲ့ CNA/CDF ပူးပေါင်းအဖွဲ့များအကြား အရင်ကတည်းက တိုက်ပွဲဖြစ်ပွားမှု အချို့ရှိခဲ့ပါတယ်။ CNF ဦးဆောင်တဲ့ ချင်းပြည်ကောင်စီရဲ့ အဖွဲ့ဝင် တပ်ဖွဲ့များက စစ်ရေးလှုပ်ရှားမှု စတင်နေတာ တွေ့ရတယ်လို့ ချင်းညီနောင်တပ်ဖွဲ့များက ဒီနေ့ ထုတ်ပြန်ပါတယ်။ CNF က စစ်ရေးဆက်တိုက်လှုပ်ရှားလာပြီး နယ်မြေကျူးကျော်တယ်လို့ ချင်းညီနောင်တပ်များက စွပ်စွဲပါတယ်။ အဲဒီလို့ လုပ်ဆောင်နေခြင်းဟာ ဒေသတွင်း ပဋိပက္ခကို ပိုမိုကြီးထွားစေပြီး အချင်းချင်း သွေးထွက်သံယိုမှုများကို ဦးတည်စေတယ်လို့ ချင်းညီနောင်က ထုတ်ပြန်ပါတယ်။ ချင်းညီနောင်တပ်ဖွဲ့များရဲ့ ပူးတွဲကြေညာချက်နဲ့ပတ်သက်လို့ CNF/CNA ရဲ့တုန့်ပြန်ချက်ကိုတော့ မသိိရသေးပါဘူး။

◾️စစ်အုပ်စုသာမက မည်သူ၊ မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဖော်ဆောင်မည်ဟု NUG ပြော
ပြည်သူလူထုအပေါ် မတရားမှု၊ ပြစ်မှုကျူးလွန်မှုများနှင့်ပတ်သက်လို့ အကြမ်းဖက်စစ်အုပ်စုသာမက မည်သူ၊ မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု(Transitional Justice)ကို ဖော်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူက ပြောပါတယ်။ တော်လှန်ရေးကာလမှာ ဖြစ်ပေါ်နေတဲ့ မတရားမှုများ၊ ပြစ်မှုကျူးလွန်မှုများနှင့်ပတ်သက်လို့ NUG ရဲ့ တရားရေးဝန်ကြီးဌာနက အမှုကိုင်တွယ်ဖြေရှင်းနေမှုများ ရှိသကဲ့သို့ တော်လှန်ရေးအလွန် အသွင်ကူးပြောင်းရေးကာလရောက်ပါကလည်း တရားမျှတမှုဖော်ဆောင်ရေးကို ဆက်လက်လုပ်ဆောင်မယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ အခုအချိန်ကတည်းက ကြားကာလတရားစီရင်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး အသွင်ကူးပြောင်းရေးကာလတရားမျှတမှု(Transitional Justice)အတွက်လည်း တရားဥပဒေစိုးမိုးရေးကိစ္စများအတွက် တရားရေးဝန်ကြီးဌာနမှ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများဆောက်ရွက်နေရုံသာမက အစိုးရအနေဖြင့်လည်း ပြင်ဆင်ဆောင်ရွက်နေတယ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ဖြည့်စွက်ရှင်းလင်းပါတယ်။

◾️SNAထိန်းချုပ်နယ်မြေများမှ ပြည်သူများကို လူမျိုးရေးသွေးထိုးကာ စစ်ကောင်စီ လူသစ်စုနေ

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့မှာ ခုခံစစ်ပြင်နေတဲ့ စစ်ကောင်စီတပ်က ရှမ်းနီလူမျိုးများကို လူမျိုးရေးအမုန်းစကားများဖြန့်ဝေကာ လူသစ်စုဆောင်းနေတယ်လို့ ဒေသခံများက ပြောပါတယ်။ ရှမ်းနီတပ်ဖွဲ့(SNA)လှုပ်ရှားတဲ့ ဗန်းမောက်မြို့ပေါ်မှာ ဒေသခံရှမ်းနီလူမျိုးများကို စစ်သားစုဆောင်းနေမှုကို စစ်ကောင်စီက ဧပြီလလယ်ပိုင်းက စတင်ပြုလုပ်နေခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီဟာ ဒီနှစ်ဆန်းကလည်း ဗန်းမောက်မြို့နှင့် ထိဆက်နေတဲ့ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရှမ်းနီတပ်ထိန်းချုပ်နယ်မြေများမှ ပြည်သူများကို စစ်သားစုဆောင်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ စုဆောင်းခံရသူများဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားသောတိုက်ပွဲများမှာ လက်နက်ချအညံ့ခံခဲ့ကြပါတယ်။

◾️မြိတ်နယ် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို PDF ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်စခန်းကို အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ မနက်အစောပိုင်းက တုံးဗျောကြီးကျေးရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်စခန်းကို ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များက အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ခန့်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အနီးကပ်ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ နှစ်ဦးပွဲချင်းပြီးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

◾️ဘန်ကောက်မြို့ မေဒေးချီတက်ပွဲ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ချီတက်ခဲ့တဲ့ ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)မှာ မြန်မာ‌ရွှေ့ပြောင်းလုပ်သားများက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။ ဘန်ကောက်မြို့မှာ ထိုင်းနိုင်ငံဆိုင်ရာအလုပ်သမား သမဂ္ဂအဖွဲ့များဦးဆောင်ပြုလုပ်တဲ့ ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)ချီတက်တောင်းဆိုပွဲကို မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ခန့် ပါဝင်ခဲ့တယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်နေသူများက ဆိုပါတယ်။ ချီတက်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများက "အရေးတော်ပုံ အောင်ကိုအောင်ရမည်”လို့ ရေးသားထားတဲ့ ဗီနိုင်းကိုင်ဆောင်ကာ "အရေးတော်ပုံ အောင်ရမည်၊ စစ်အာဏာရှင်ဖြုတ်ကျရေး၊ ပြည်သူတွေကို ပြန်သတ်နေတာ မြန်မာစစ်တပ်" စတဲ့ ဟစ်ကြွေးကာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း ဆဲဆိုအော်ဟစ်ခဲ့ကြပါတယ်။ ဒါ့အပြင် "အရေးကြီးပြီ"သီချင်းကိုလည်း မြန်မာ‌ရွှေ့ပြောင်းလုပ်သားများက သီဆိုခဲ့ကြပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက အလုပ်သမားနေ့အထိမ်းအမှတ်အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းက အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ချီတက်ခဲ့ပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်မှာ သပိတ်အင်အားစုက မြို့နယ်ပကဖနဲ့ ပူးပေါင်းကာ ပြည်သူလူထုအား စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်ရုပ်ရှင်ပြသခြင်းကို လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးအင်အားစု အသီးသီးကလည်း ဒီနေ့ ကျရောက်တဲ့ မေလ ၁ ရက် အလုပ်သမားနေ့မှာ အလုပ်သမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
အလုပ်သမားနေ့တွင် အ​ခြေခံလုပ်သားများကို အခြေခံစား
သောက်ကုန်များ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း​မျှ​ဝေ

သတိုး/ People's Spring

မေလ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့တွင် စားဝတ်နေရေး ကျပ်တည်းနေသည့် လုပ်သားပြည်သူများကို အခြေခံစားသောက်ကုန်များ မျှဝေသည့် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌ ကိုပီတာကြီးကပြောသည်။

"လက်ရှိကာလတွင် အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော စား၊ဝတ်၊နေ၊ရေး ကြပ်တည်းမှုတွင်လည်း အလုပ်သမားထုကြီးသည် ခါးစည်းခံရလျှက်ရှိပါသည်။ ယခု နိုင်ငံ၏ ပကတိအခြေအနေတွင် ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများသည် လုပ်သားပြည်သူများနှင့်ကောင်းအတူ၊ဆိုးအတူ တသားတည်းမျှဝေခံစားနေကြပြီး၊ပြည်သူနှင့်အတူ တော်လှန်လျှက်ရှိပါသည်။ထိုသို့ ပြည်သူ
နှင့်အတူ တသားတည်းရှိနေကြောင်းကိုလည်း ပြသလိုသောရည်ရွယ်ချက်ဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စား၊ဝတ်၊နေ၊ရေး ကြပ်တည်း၍အမှန်တကယ်လိုအပ်လျှက်ရှိသော လုပ်သား
ပြည်သူများအားနိုင်သမျှ ဖေးမကူညီလျှက် “ပြည်သူအချင်း
ချင်း လက်တွဲကူ”ရင်းအရေးတော်ပုံအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်ကြရအောင်ပါခင်ဗျာ။" ဟု ၎င်းကပြောသည်။

ပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် ၊ ဆီ ၊ ကြက်ဥတို့ကို အဖွဲ့သားများကိုယ်တိုင် မြေပြင်သို့သွားရောက်ကာထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

အာဏာသိမ်းကာလစတင်ချိန်ကတည်းက ပါဝင်ခဲ့သည့် အလုပ်သမားများ၏ တော်လှန်မှုကို အလေးအနက်ဂုဏ်ပြုကြောင်း နှင့် ခေတ်အဆက်ဆက်တော်လှန်ရေးတိုင်းတွင် အလုပ်သမားများ၏ ပါဝင်မှူသည် အရေးပါသည့် အခန်းကဏ္ဍ၌ပါဝင်ကြောင်း ၎င်းကပြောသည်။