People's Spring
64.2K subscribers
64.9K photos
1.13K videos
7 files
2.82K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👏31😁15👍3
လူမိုက်ငမျိုးအဖွဲ့အား ဖမ်းဆီးခံရပြီးနောက် တွေ့ရစဉ်။(ဓာတ်ပုံ - စကစ)
👍31👏8
ဆားလင်းကြီးတွင် နိုင်ငံတကာအမျိုးသမီးနေ့ အထိမ်းအမှတ် လူထုဟောပြောပွဲ ပြုလုပ်

သုည/People's Spring

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် သပိတ်အင်အားစုများနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံတကာအမျိုးသမီးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဟောပြောပွဲကို ယနေ့ (မတ်လ ၇) က ပြုလုပ်ခဲ့သည်။

ယင်းဟောပြောပွဲတွင် သပိတ်ဦးဆောင်သူတို့က ဒေသခံပြည်သူလူထုအား ဂျန်ဒါအခြေပြုအကြမ်းဖက် ၊ ဥပဒေဆိုင်ရာများကို ရှင်းလင်းပြောပြပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် နိုင်ရာနေရာက ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။

အဆိုပါဟောပြောပွဲကို လက်ပံတောင်းတောင်ပင်မသပိတ် ၊ အမျိုးသမီး ၊ လူငယ်နှင့်ကလေးသူငယ်ရေးရာတာဝန်ခံ ၊ အမျိုးသမီးမဟာမိတ်အင်အားစု(WAB)နှင့် ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဓာတ်ပုံ - Women Alliance Burma
👍398🔥1
53👍10🔥2
လိုင်ဇာအနီးတဝိုက် KIA ထိုးစစ် စစ်ကောင်စီတပ်စခန်း ၄ခုထက်မနည်းကို သိမ်းယူထား

︎လိုင်ဇာမြို့၊ လိုင်စင်ဒေသနှင့် တိုက်ပွဲဖြစ်ရာနေရာများကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ဟန်နွေ၊ယောနသံ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီးနှင့် မြစ်ကြီးနား - ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို KIAနှင့် မဟာမိတ် ပူးပေါင်းတပ်က ယနေ့မနက် ၆နာရီမှ စတင်ထိုးစစ်ဆင်တိုက်ခိုက်​နေရာ စခန်း​လေးခုထက်မနည်းသိမ်းပိုက်ထားပြီးစစ်ကောင်စီက လေကြောင်းမှ တုံ့ပြန်တိုက်ခိုက်လျက်ရှိသည်။

“ဒီမနက် ၆နာရီကတည်းက မြစ်ကြီးနား ဗန်းမော် ကားလမ်းတကြောလုံးမှာ ရှိတဲ့ စကစ တပ်စခန်းတွေကို ကျနော်တို့ KIA ဘက်ကနေ ပူးပေါင်းအဖွဲ့တွေပေါ့ ဝင်တိုက်တဲ့ဖြစ်စဉ်တွေရှိပါတယ်။မြေပြင် သတင်းတွေက ပြည့်ပြည့်စုံစုံမရသေးဘူး။ တိုက်နေတုန်းပဲဖြစ်ပါတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲဖြစ်ပါတယ်” KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KIA၏ ယနေ့ မတ်လ ၇ ရက် ထိုးစစ်နှင့်ပတ်သက်ပြီး ရှင်းပြသည်။

တိုက်ပွဲများ ပြင်းထန်နေပြီး ယနေ့ နေ့လည်ပိုင်းအထိ စစ်ကောင်စီတပ်စခန်း ၄ခုထက်မနည်းကိုသိမ်းရထားသည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

“ရန်သူ့တပ်စန်း ၄ ခုကို သိမ်းလိုက်ပြီ။ နောက် ရန်သူ့တပ်စခန်း ၅ခုတော့ အပြင်းအထန်ထိုးစစ်ဆင်နေသေးတယ်။” ဟု ၎င်းက ပြောသည်။

မတ်လ ၇ ရက်မနက် ၆နာရီမှ ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်​မော်လမ်ပိုင်းရှိ မိုးမောက်နှင့် ဝိုင်းမော်မြို့နယ်ရှိ စစ်​ကောင်စီတပ်စခန်း ၁၂ ခုကို တစ်ချိန်တည်း KIAနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင် တိုက်ခိုက်​နေခြင်းဖြစ်ပြီးတိုက်ပွဲ ပြင်းထန်​ကြောင်း အခြားစစ်​ရေးသတင်းရင်းမြစ်တစ်ဦးကလည်းပြောသည်။

"ဒီမနက် ဗန်းမော်နဲ့ မြစ်ကြီးနားလမ်းပိုင်းက စစ်ကောင်စီစခန်း ဆယ်ခုထက်မနည်းဘူး။ အဲဒီနေရာတွေကိုတပြိုင်
နက်ဝင်တိုက်တယ်။ စခန်းသုံးခုရပြီ။ ခရာဘွမ်ရယ်၊ ဘွမ်ရယ်ဘွမ်ရယ်၊ အင်လုန်ခတံတားစခန်းရယ် ရပြီ" ဟုKIA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

KIAနှင့် မဟာမိတ် ပူးပေါင်းတပ်များ သိမ်းရသည့် တပ်စခန်းများမှာ အင်လုန်ခ၊ ဘွမ်ရယ်ဘွမ်၊ မလိ တပ်စခန်းများ ပါဝင်သည်ဟု အခြားKIA သတင်းရင်းမြစ်က ပြောပြသည်။

သတင်းရင်းမြစ်တစ်ဦးက ခရာဘွမ်စခန်းရသည်မှာ မသေချာ​သေးဟု​ပြော​သော်လည်း အခြားရင်းမြစ်တစ်ဦးကမူ
မနက်ပိုင်းကတည်းက ရဟတ်ယာဥ်ကွင်းပါ​သော ခါရာဘွမ်
စခန်းကိုသိမ်းပိုက်နိုင်ခဲ့​ကြောင်း​ပြောသည်။

မြေပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်
သူ့စစ်များ အများအပြားသေဆုံးကြောင့် ရုပ်သံမှတ်တမ်းအချို့ People's Spring က လက်ခံရရှိထားသည်။

ထိုအပြင်ယ‌နေ့နံနက် ၈နာရီခန့်က ဗန်းမော်လေယာဉ်ကွင်းအား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်ပြေးလမ်းပျက်စီးသွား၍ တိုက်​လေယာဥ်များဆင်းမရ​တော့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များက ​ပြောသည်။

စခန်းများတစ်ပြိုင်နက်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီသည် ယနေ့နေ့လည်ပိုင်းတွင် KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေကြောင်းပြီး အရပ်သားအချို့သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။

စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ရာ၌ တရုတ်လေပိုင်နက်ကို အသုံးပြုပြီး လိုင်ဇာကို ဗုံးကြဲတိုက်ခိုက်သလို ၊တရုတ်နိုင်ငံဘက်ခြမ်းသို့ပင်ဗုံးအချို့ကျ​ရောက်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

"စစ်တပ်ဂျက်ဖိုက်တာက တရုတ်ဘက်ကနေ ပတ်ဝင်ပြီး ပစ်တာ။ အရပ်သားနှစ်ဦးသေဆုံးတယ်လို့ သတင်းရထားပြီး အသေးစိတ်ကိုမသိရသေးဘူး"ဟု လိုင်ဇာဒေသခံတဦးကပြောသည်။

“လေယာဉ်က လိုင်ဇာမြို့မှာရော လိုင်စင်ရွာဘက်မှာရော တိုက်ပွဲဖြစ်တဲ့နေရာတွေမှာရော မြို့ထဲမှာရော လေယာဉ်ဗုံးချနေတာပဲ။” ဟု KIA သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ လေယာဉ်တစ်စီးကို ပစ်ချသည်ဆိုသည့် သတင်းများထွက်​ပေါ်​နေရာ ယင်းနှင့်ပတ်သက်ပြီး KIA သတင်းရင်းမြစ်က “လေယာဉ်ပစ်ချတယ်ဆိုတာမဟုတ်ဘူး။ လေယာဉ်က ဗုံးကြဲလိုက်တဲ့အချိန် မီးခိုးထွက်တာ။ အဲဒါကို ကျနော်တို့ဘက်က ပစ်လို့ ထိတယ်ဆိုပြီး ပြောနေကြတာ” ဟု ရှင်းပြသည်။

အခြားသတင်းရင်းမြစ်တစ်ဦးကမူ " ဒီ‌နေ့ မနက် ၇နာရီမှာမိုးမောက်ဖက် ရဟတ်ယာဉ်တစ်စီးကိုလည်းပစ်ထားတယ်ပြောတယ်။ ၉နာရီမှာ ခါရာဘွမ်စခန်းကို အပြီးသိမ်းလိုက်နိုင်ပြီတဲ့။ ရဟတ်ယာဉ်က ကိုယ့်ဘက်က ပစ်ချတာ" ဟု ယနေ့ နံနက်ပိုင်းရရှိသည့်သတင်းကို People's Spring သို့ ပြောသည်။

ထို​ကြောင့် စစ်​ကောင်စီတပ် ​ရဟတ်ယာဥ် (သို့မဟုတ်)တိုက်​လေယာဥ်ကို ပစ်ချသည်ဆို​သောသတင်း မှန် ၊မမှန်ကို People's Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

KIA၏ မတ်လ ၇ရက် စစ်ဆင်ရေးများနှင့်ပတ်သက်ပြီး အဖွဲ့ သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။
50👍28👎3🥰2👏2
KIAသည် ယခု စစ်ဆင်ရေးမတိုင်မီကလည်း ကချင်ပြည်
နယ် မံစီနှင့် ဖားကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးကို KIAက ၂၀၂၃ အောက်တိုဘာ ၁၈ရက်မှ စတင်၍ အရှိန်မြှင့်အောင်ရွက်ခဲ့ရာ ရှမ်းမြောက်နှင့် ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများ၊ မြို့အချို့ တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ကချင်ပြည်နယ် ဒေသအချို့တွင် KIA က မတိုက်ခိုက်ရဘဲ စစ်ကောင်စီတပ်စခန်းများ ရုတ်သိမ်းသွားသည်။ ယခု KIA၏ မတ်လ ၇ရက် စစ်ဆင်
ရေးသည် စစ်ကောင်စီ တပ်စခန်း နေရာအများအပြားကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်သည့် စစ်ဆင်ရေးဖြစ်ရာ တိုက်ပွဲအရှိန်မြှင့်တင် သည့် အခြေအနေလည်းဖြစ်သည်။
👍5914🔥2👏2
စစ်တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှိုစဥ် ၊ စစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင့်စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ ။ဓါတ်ပုံ- CJ ၊ EPA
👍9012👏4🥰3🔥2
ဟိုပုံးရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ပအိုဝ်းဝတ်စုံများဖြင့် စစ်ရေးလှုပ်ရှားနေဟု ဒေသခံပြော

"သေနတ်တော့ ကိုယ်စီပါတယ် အယောက်တိုင်း ပါတယ်။ လူထုတွေရဲ့ ကား အစီးသုံးဆယ်ကျော်လောက် သူတို့ ချောဆွဲပြီး တက်လာတာ”

ဝင်းမောင်/People’s Spring

ပအိုဝ်းဒေသ ဟိုပုံးရှိ စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တပ်သည် ပအိုဝ်းဝတ်စုံများ ဝတ်ဆင်ပြီး စစ်ရေးလှုပ်ရှားနေကြောင်း ပအိုဝ်းဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ဟိုပုံးမှ မိုင်းပွန်ဘက် သို့ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်းတပ်က မတ်လ ၇ရက်တွင် စစ်ရေးလှုပ်ရှားလာခြင်းဖြစ်သည်ဟု ဆိုသည်။

"အဲဒါက ကျနော်တို့ ဒီမနက်မှာ သတင်းရတယ်။ အဓိကက စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ဟိုပုံးကနေ မိုင်းပွန်ဘက်ကို တက်လာတယ်။ ပအိုဝ်းဝတ်စုံဝတ်ပြီး တက်လာတယ်။ ဝတ်စုံနဲ့ ခေါင်းပေါင်းလည်းပေါင်းထားတယ်။ သေနတ်တော့ ကိုယ်စီပါတယ် အယောက်တိုင်း ပါတယ်။ လူထုတွေရဲ့ ကား အစီးသုံးဆယ်ကျော်လောက် သူတို့ ချောဆွဲပြီး တက်လာတာ” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ထိုသို့ လူမျိုး တစ်မျိုး၏ အမျိုးသားဝတ်စုံ ဝတ်ပြီး စစ်တိုက်သည့် လုပ်ရပ်သည် အောက်တန်းကျသည့် လုပ်ရပ်ဖြစ်သည့်အပြင် လူမျိုးရေး ပဋိပက္ခဖန်တီးချင်သည့် ရည်ရွယ်ချက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"ဒါကြောင့် ဒီလိုမျိုးလုပ်တာကို ဒေသခံ အနေနဲ့ရော ပအိုဝ်းလူငယ်အနေနဲ့ရော ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။စစ်သားက စစ်တိုက်တယ်ဆိုတာ စစ်ဝတ်စုံဝတ်ရမှာပေါ့။ အခုက ဒီလိုလုပ်တယ်ဆိုတာ ပအိုဝ်းလူမျိုးတွေကို စော်ကားနေတဲ့လုပ်ရပ်တွေဖြစ်တယ်"ဟု ပအိုဝ်းဒေသခံက ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ဆီဆိုင်မြို့ကို ဇန်နဝါရီ လကုန်ပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပအိုဝ်းဒေသ၌ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုများလည်း နေ့စဉ်နီးပါးရှိနေသည်။ တိုက်ပွဲဖြစ်ပွားရာ နေရာများသာမက ပအိုဝ်းကျေးရွာများ၊ မြို့များကိုပါ စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေ၍ ဘာသာရေး အဆောက်အဦးများ အပါအဝင် နေအိမ်ပျက်စီးထိခိုက်မှုများ ရှိနေသည်။ ထို့ပြင် ဒေသခံ များ စစ်ရှောင်နေကြရသည်။

စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကလည်း ဆီဆိုင်မြို့ကို ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းနေ၍ PNLA နှင့် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး စစ်ကောင်စီတပ် အထိနာကာ တပ်ပြန်ဆုတ်သွားကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောထားသည်။
👍50🤬195
👍332🔥1
︎Breaking News

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်
ဦးရွှေမင်း ဝိုင်းမော်တိုက်ပွဲတွင်သေဆုံး

ဟန်နွေ/People's Spring

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းသည် ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲ၌ သေဆုံးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့် ပူးပေါင်းတပ်က ဝိုင်းမော်၊ မိုးမောက် ၊ လိုင်ဇာ ဒေသ စစ်ကောင်စီတပ်စန်း ၁၂နေရာထက်မနည်းကို ယနေ့မနက်တွင် ထိုးစစ်ဆင်ခဲ့ရာ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ဒေသ တိုက်ပွဲ၌ ဦးရွှေမင်းသေဆုံးခဲ့သည်ဟုဆိုသည်။

“ဒီမနက်၇နာရီခွဲခန့်အချိန်တွင်ဝိုင်းမော်ကနေရွှေညောင်ပင်ဘက်ကို 4 wheel ကားတစ်စီးဖြင့်ထွက်လာသည့်ပြည်သူ့
စစ်အဖွဲ့ကိုKIAတပ်ဖွဲ့များကြားဖြတ်တိုက်ခိုက်ခဲ့ရာကားပေါ်ပါလာတဲ့ပြည်သူ့စစ်တပ်ဖွဲ့အားလုံးသေဆုံးခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းလည်းသေဆုံးသွားကြောင်းသိရှိရ” ဟု ကချင် စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

သေဆုံးခဲ့သည့် ဦးရွှေမင်း ၏ ရုပ်အလောင်းကိုလည်း စစ်ရေးသတင်းရင်းမြစ်က ပြသသည်။

ဦးရွှေမင်းသေဆုံးမှုနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

လီဆူ(ဒူးလေး)ပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းသည် စစ်တပ်အာ
ဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပြည်သူ့စစ်ဖွဲ့စည်းကာ စစ်ကောင်စီနှင့် ပူးပေါင်း စစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်။ ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်သည် လီဆူးတစ်မျိုးသားလုံးကို ကိုယ်စားမပြုကြောင်း လီဆူလူမျိုးများက ဆန္ဒထုတ်ဖော် ကာ ကန့်ကွက်ထားသည့် အဖွဲ့ဖြစ်သည်။

KIA အနေဖြင့်လည်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့
စစ်များနှင့် နယ်ခြားစောင့်တပ်များကို ယခင်ကတည်းက သတိပေးထားသည်။

KIA၏ ယနေ့ စစ်ဆင်ရေးတွင် တပ်စခန်း ၄ခုထက်မနည်းကို သိမ်းပိုက်ရရှိထားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်​ကောင်စီကိုကူညီ​နေ​​သော ပြည်သူ့စစ်အဖွဲ့များမှ ခေါင်း​ဆောင် အား တော်လှန်​ရေးအဖွဲ့အများများကတိုက်ခိုက်၍ ​သေဆုံးမှု မှာ ဦး​ရွှေမင်းသာ် ပထမဆုံးဖြစ်လာသည်။
👍105👏27🥰18😁4🤩2🙏2
( ဦး​ရွှေမင်းကိုအခန်းအနားတစ်ခုတွင်တွေ့ခဲ့ရစဥ်နှင့် မတ်လ ၇ ရက်တွင်​သေဆုံးခဲ့​​သောဦး​ရွှေမင်း ရုပ်အ​လောင်း။
ဓါတ်ပုံ-CJ)
251👍140👏84😁30🤩21🥰5🙏3👻1
“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မတ်လ ၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

◾️လိုင်ဇာအနီးတဝိုက် KIA ထိုးစစ်ဆင်၊ စစ်ကောင်စီတပ်စခန်း လေးခုထက်မနည်းကို သိမ်းယူထား

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ် လိုင်ဇာအနီးနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို KIAနဲ့ မဟာမိတ်ပူးပေါင်းတပ်က ဒီနေ့ မနက်ကစလို့ စတင်ထိုးစစ်ဆင်တိုက်ခိုက်​နေရာ စခန်း​လေးခုထက်မနည်း သိမ်းပိုက်ထားပြီး စစ်ကောင်စီက လေကြောင်းမှ တုံ့ပြန်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ တိုက်ပွဲများ ပြင်းထန်နေပြီး ဒီနေ့ နေ့ခင်းပိုင်းအထိ စစ်ကောင်စီတပ်စခန်း လေးခုထက်မနည်းကို သိမ်းရထားတယ်လို့ KIA သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဆက်လက်ပြီး KIA ဟာ စစ်ကောင်စီတပ်စခန်း ၅ ခုကိုလည်း အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ KIAနဲ့ မဟာမိတ်ပူးပေါင်းတပ်များ သိမ်းရတဲ့ တပ်စခန်းများမှာ အင်လုန်ခ၊ ဘွမ်ရယ်ဘွမ်၊ မလိ တပ်စခန်းများ ပါဝင်တယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။ မြေပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ပြည်သူ့စစ်များ အများအပြားသေဆုံးတာတွေ့ရပြီး ပြည်သူများက KIA နဲ့ပူးပေါင်းတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးအောင်မြင်ပါစေကြောင်း အားပေးထောက်ခံ ဖော်ပြနေကြပါတယ်။

◾️ကျွန်းစုမြို့နယ် စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို PDF ပူးပေါင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် ဂျိုးတောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးများကို တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် စစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဂျိုးတောင်ကျေးရွာသို့ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ကို မတ်လ ၅ရက် မနက်ပိုင်းမှာ နှစ်ကြိမ်း သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ပထမတစ်ကြိမ်မှာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကာ တစ်ဦးပြင်းထန် ဒဏ်ရာရရှိသွားခဲ့ပြီး ဒုတိယအကြိမ်မှာတော့ စစ်ကောင်စီတပ်က ဒရုန်းနှစ်စင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကြောင်း(၂)တာဝန်ရှိသူက ပြောပါတယ်။

◾️၉ တန်း၊ ၁၀တန်းကျောင်းသား ၂၀၀ခန့်ကို စစ်ကောင်စီက ပြည်သူ့စစ်အထူးကွန်မန်ဒိုသင်တန်းပေးနေ

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနဲ့ ကလေးမြို့နယ် တောင်ပိုင်းရှိ ပျူ‌စောထီးကျေးရွာ ၁၂ရွာမှ ၉တန်းနဲ့ ၁၀တန်းကျောင်းသား ၂၀၀ခန့်ကို စစ်ကောင်စီက ပြည်သူ့စစ်အထူးကွန်မန်ဒိုသင်တန်းပေးနေတယ်လို့ သိရပါတ​ယ်။ စစ်ကောင်စီဟာ ဂန့်ဂေါမြို့ရှိ ပျူစောထီးရွာများဖြစ်တဲ့ ဟံသာဝတီ၊ ကုက္ကား၊ ရွှေမေတ္တာ၊ အရှေ့လယ်ကြီး၊ အနောက်လယ်ကြီး၊ ဝင်ဝနဲ့ မြောက်ခင်ရန်းကျေးရွာများနှင့်ဆက်စပ်နေသည့် ကလေးမြို့နယ်တောင်ပိုင်းရှိ ပျူစောထီးရွာ ငါးရွာမှ လူငယ်ကျောင်းသားများကို ဖေဖော်ဝါရီ ၂၉ရက်ကစလို့ ပြည်သူ့စစ်သင်တန်းပေးနေတာလို့ စုံစမ်း သိရှိရပါတယ်။ ဂန့်‌ဂေါမြို့နယ်မှ အထက်ပါပျူ‌စောထီးကျေးရွာခုနှစ်ရွာကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်း သေနတ် အလက် ၅၀၀ တပ်ဆပ်ပေးပြီး လက်နက်ခဲယမ်းအများအပြားလည်း ပို့ဆောင်ပေးထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

◾️စစ်သားစုဆောင်းလို့ ပဲခူးနဲ့တနင်္သာတိုင်းက ဒေသခံအချို့ထွက်ပြေးနေရ

စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်က လူသစ်စုဆောင်းတာတွေရှိလာပြီးနောက် ပဲခူးနဲ့ တနင်္သာတိုင်း ကျေးရွာအချို့မှ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က မနေ့က ထုတ်ပြန်အသိပေးပါတယ်။ လူသစ်စုဆောင်းတာကို စစ်မှုထမ်းဥပဒေ မပြဌာန်းခင်တစ်လအလိုနဲ့ ဥပဒေအသက်သွင်းပြီး ရက်ပိုင်းအကြာမှာတင် တနင်္သာရီတိုင်း နဲ့ ပဲခူးတိုင်း တောင်ငူခရိုင်ထဲက တောင်ငူခရိုင် ၊ ထန်းတပင်မြို့နယ် ၊ ဒေးလိုမူနု ကျေးရွာအုပ်စုအတွင်း အိမ်ထောင်စု ၁၀ စု ကို ၁ဦးနှုန်း နဲ့ ၁၂၀ ဦးထိ စုဆောင်းပေးဖို့ အမိန့်ပေးတာမျိုးရှိခဲ့တယ်လို့ KHRG ကဆိုပါတယ်။
ဒါကြောင့် ဘုန်းကြီးကျောင်းမှာ စုဝေးမဲနှိုက်ပြီး မဲပေါက်တဲ့သူတွေကို စစ်ကားနဲ့ခေါ်ဆောင်သွားခဲ့တယ်လို့ KHRG က ပြောပါတယ်။ ဒေးလိုမူနု ကျေးရွာအုပ်စုထဲက ရွာတွေနဲ့အနီးအနားကရွာတွေက ရွာသားတွေဟာ စစ်မှုမထမ်းရဖို့အတွက် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

◾️ပုဏ္ဏားကျွန်းကို AA သိမ်းပိုက်ထိန်းချုပ်ပြီး ရက္ခိုင်ပြည်နယ်အခြေအနေ
👍708🔥4🥰3🤮1
ရက္ခိုင့်တပ်​တော်(AA)က ပုဏ္ဏားကျွန်း မြိုမှာ​နောက်ဆုံးကျန်တဲ့ စစ်​ကောင်စီရဲ့ ခမရ ၅၅၀ ကို မတ် ၄ ရက်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါကြောင့် ရက္ခိုင့်ပြည်နယ်မှာ AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​​တွေထဲ ပုဏ္ဏားကျွန်းမြို့ပါဝင်လာပြီး အခုဆိုရင် မြို့​ပေါင်း ၆ မြို့အထိရှိလာပါတယ်။ ​​ပေါက်​တော၊ မြောက်ဦး ၊​ကျောက်​တော် ၊မင်းပြား၊​မြေပုံ၊ ပုဏ္ဏားကျွန်း မြို့တို့ဖြစ်ပါတယ်။ ​တောင်ပြို လက်ဝဲ မြို့ကိုပါ ထည့်သွင်းတွက်ချက်ရင် မြို့​ပေါင်း ၇ မြို့ပါ။ဒါအပြင် ချင်းပြည်နယ်က ပလက်ဝမြို့၊ ဆမီးမြို့တို့ကိုပါ AA ကတိုက်ခိုက် သိမ်းပိုက်ထားပါတယ်။ ပုဏ္ဏားကျွန်းမြို့ဟာ ရခိုင်ပြည်နယ်မြို့​တော် စစ်​တွေမြို့နဲ့ မိုင် ၂၀ ​ကျော်ပဲကွာ​ဝေးတာ​ကြောင့် ပုဏ္ဏားကျွန်းမြို့ကို AA သိမ်းပိုက်နိုင်တာဟာ စစ်​တွေမြို့ အတွက် ကြီးမားတဲ့ ခြိမ်း​ခြောက်မှု ဖြစ်သလို ၊အခုဆိုရင် စစ်​တွေမြို့ ပတ်ပတ်လည်က မြို့​တွေအားလုးနီးပါးကို AA က သိမ်းပိုကိထိန်းချုပ်ထားပြီဖြစ်ပါတယ်။
👍63👏74🔥2🤮1
👍67🥰121🔥1