စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ စစ်ကျွန်ပြုဥပဒေကို ငြင်းပယ်ကြဖို့၊ အဲဒီဥပဒေကြောင့် အကျပ်အတည်း ကြုံလာပါက လွတ်မြောက်နယ်မြေ တစ်ခုခုကို ထွက်ခဲ့ဖို့နဲ့ ဖြစ်နိုင်သမျှ တော်လှန်ရေးအတွက် အလုပ်အကျွေးပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကျွန်ပြုဥပဒေလို့ သုံးနှုန်းကာ ပြည်သူလူထုကို NUG ကာကွယ်ရေးဝန််ကြီးက တိုက်တွန်းလိုက်တာပါ။ နိုင်ငံ့တာဝန်ထမ်းဖို့ ၊ တော်လှန်ရေးအကျိုးပြုဖို့ ကျွမ်းကျင်ရာ လိမ္မာကြမယ့်သူတွေ အမြောက်အမြား လိုပါတယ်လို့ ကာကွယ်ရေးဝန်ကြီိးက ဆိုပါတယ်။ လက်ရှိအချိန် လူထုတော်လှန်ရေးရဲ့ အားသာချက်မှာ နိုင်ငံတနံတလျား လွတ်မြောက်နယ်မြေ အမြောက်အမြား ပေါ်ပေါက်နေတာဖြစ်တယ်လို့လည်း ဝန်ကြီးက ဆက်ပြောပါတယ်။
◾️လူငယ်များ စစ်နွံထဲ ဆွဲထည့်လာတဲ့ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ အစီအစဉ်မှ ရုန်းထွက်ဆန့်ကျင်ဖို့ KNU အတွင်းရေးမှူး (၂)တိုက်တွန်း
တရားမဝင်တဲ့ ဥပဒေများ အတင်းအဓမ္မ ထုတ်ပြန်ပြီး ပြည်သူများဒုက္ခရောက်အောင်၊ လူငယ်များကို စစ်ကျွန်၊ စစ်နွံထဲ ဆွဲသွင်းလာတဲ့ အစီအစဉ်မှ ရုန်းထကြရမှာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)အထွေထွေအတွင်းရေးမှူး(၂)ပဒိုစောလှထွန်းက တိုက်တွန်းလိုက်ပါတယ်။ စစ်ကောင်စီကို ဆန့်ကျင် တွန်းလှန်တိုက်ပွဲဝင်ကြဖို့လည်း ပြောပါတယ်။ ဆိုးသွမ်း၊ ညစ်ပတ်စုပ်ပဲ့ပြီး အရိုင်းအစိုင်းဖြစ်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းတစ်ယောက် သွားလုပ်မည်ဆိုပါက စစ်ကောင်စီ၊ စစ်အာဏာရှင်ရဲ့ သက်ဆိုးရှည်မှုကို ပံ့ပိုးကူညီရာ ရောက်စေမယ်လို့ KNU တာဝန်ရှိသူက ပြောပါတယ်။
◾️ထားဝယ်-ထီးခီးလမ်းမှာ စစ်ကောင်စီတပ်ထောက်ပို့ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်သား ၂၀ ဦးခန့် သေဆုံး
တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီးလမ်းမျာ စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့ များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောပါတယ်။ စစ်ကောင်စီ ယာဥ်တန်းမှာ ကား ၁၇ စီး၊ အင်အား ၃၀၀ခန့်ပါဝင်ပြီး ထားဝယ်-ထီးခီးလမ်းပိုင်းမှ ဝကုန်းရွာနဲ့ ကျောက်မဲတောင်ရွာကြားမှာ မနေ့က တနေကုန် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ကား ၆ စီး ပျက်စီးကာ သေဆုံးသူ ၂၀ဦးထက်မနည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
◾️မင်းပြားမြို့နယ်တိုက်ပွဲ ငါးရက်အတွင်း စစ်ကောင်စီတပ်စွဲရာ စခန်းနေရာ ၄ခုကို AA သိမ်းပိုက်
ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီရွာအနီးရှိ စစ်ကောင်စီရဲ့ အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီ ကာကင်းစခန်း ၃ခုနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၁ ခုတို့ကို သိမ်းယူနိုင်ပြီးဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ပါတယ်။ အဲဒီ တိုင်းဗဟို(၉) နေရာကို AAက ဖေဖော်ဝါရီ ၁၇ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာတိုက်ပွဲ ၅ရက်မြောက်နေ့ ၂၁ရက်အထိ စစ်ရေးရလဒ်ကို အသိပေးထုတ်ပြန်လာတာပါ။ ဒါ့အပြင် ရက္ခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များရှိ လက်နက်ချအညံ့မခံတဲ့ စစ်ကောင်စီရဲ့ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကိုလည်း AA က ဗျူဟာမြောက်တိုက်ပွဲများကို ဆက်လက်ဆင်နွှဲနေတယ်လို့ အသိပေးပါတယ်။
◾️မုန်းနဲ့ ရွှေကျင်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ထပ်မံသေဆုံး
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်က်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူများထပ်မံ သေဆုံးထိခိုက်မှု ထပ်မံ ဖြစ်ခဲ့ရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၇ရက်မှ ၂၁ရက်အထိ KNU ညောင်လေးပင်ခရိုင် ဆောထိ(ရွှေကျင်)နဲ့ မူး(မုန်း)မြို့နယ်များအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှု၊ အိုးအိမ် ပျက်စီးမှု အခြေအနေကို အသိပေးလာတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်များက ပြည်သူလူထုကို ပစ်မှတ်ထားပြီး ကျူးလွန်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုများနဲ့ လက်နက်ကြီး ပစ်ခတ်ခိုက်တိုက်ခိုက်မှုများကြောင့် ပြည်သူ တစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
◾️အရာတော်မြို့နယ်တိုက်ပွဲ နှစ်ဘက်ထိခိုက်မှုရှိ

👍31🤮2😁1
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အမှတ်(၃၆၉)အမြောက်တပ်ရင်းမှ လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ နှစ်ဘက်ထိခိုက်မှုရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။ မနေ့ မနက်ပိုင်းက အမတ(၃၆၉)တပ်မှ အရာတော်မြို့နယ်သို့သွားတဲ့ အင်အား(၅၀)ခန့်ပါ ခြေလျင်စစ်ကြောင်းကို တူးကန်ဘုရားကျောင်းအနီး ဒေသကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ မိနစ် ၃၀ ကြာတိုက်ပွဲမှာ ရဲတပ်ကြပ် စောမင်းဦးဆိုသူ သေဆုံးပြီး အရာရှိ နှစ်ဦး၊ တပ်သား နှစ်ဦးတို့လည်းး အရာတော်ဆေးရုံမှာ ထပ်မံ သေဆုံးခဲ့တယ်လို့ Danger Force LPDFအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒေသကာကွယ်ရေးအဖွဲ့များဘက်ကလည်း ရဲဘော်နှစ်ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
ရန်ကုန်မြို့ တစ်နေရာမှာ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်)က ဦးဆောင်ပြီး (၂၂၂၂၂) လူထုလှုပ်ရှားမှု (၃)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ "နိုင်ငံတော်တွင် သွေးစွန်းနေသည်" စာတန်းချိတ်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။
ကလေးမြို့နယ်မှာ သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းကာ (၂)ငါးလုံး လူထုသပိတ်လှုပ်ရှားမှု (၃)နှစ်ပြည့်အဖြစ် "လူထုအာဏာအသက်သွင်းကြ" စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆန္ဒပြခဲ့ကြပါတယ်။
ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာ သပိတ်ဦးဆောင်သူတို့က တော်လှန်ရုပ်ရှင်ပြသပွဲ ပြုလုပ်ခဲ့ပြီး မြို့နယ် ပ.က.ဖ နဲ့ ရပ်ကျေး ပ.က.ဖတို့မှ ပြည်သူလူထုအား တော်လှန်ရေးသပိတ်တရားတွေ ဟောပြောခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ "အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ" စာသားကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟစ်ကြွေးသံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။
ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာ စကြဝတေးမင်းကြီး သပိတ်အဖွဲ့ဝင်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် "စစ်ကျွန်ပြုမဲ့ စစ်မှုထမ်းဥပဒေကို တာဝန်အရငြင်းပယ်ကြ"စာတန်း(ဗီနိုင်း) ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

👍28❤1🤮1
AA ကပုဏ္ဏားကျွန်းမြို့မရဲစခန်းအား သိမ်းပိုက်
▪︎ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့ရှိစစ်စခန်းများရရှိရေး ဆက်လက်ထိုးစစ်ဆင်ဟု အသိ
ပေး
ရှိုင်း/People’s Spring
ရက္ခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ ၊ မြို့မရဲစခန်းအား ဖေဖော်ဝါရီ ၂၂ရက်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။
ချင်းပြည်နယ် ပလက်၀၊ ရက္ခိုင်ပြည်နယ် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ နှင့် ကျောက်တော်မြို့များအား တိုက်ခိုက်သိမ်းပိုက်ထားသည့် AAက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ပုဏ္ဍားကျွန်းရဲစခန်းကို ထပ်မံ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုအပြင် မင်းပြားမြို့ နယ်ရှိ ကမ်းနီရွာအနီးရှိ စစ်ကောင်စီတပ်၏ ကမ်းနီးလေ့ကျင့်ရေးသင်တန်းဖြစ်သော အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း ကို ရက္ခိုင့်တပ်တော်မှ ငါးရက်မြောက်ထိုးစစ်နေ့အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟုလည်းသိရသည်။
ယခု ထိုးစစ်ဆင်နေသည့် မြို့များရှိ လက်နက်ချအညံ့မခံသောစစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်တိုက်ပွဲများ ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း AAက ထပ်မံ အသိပေးသည်။
ရန်သူ့စခန်းတချို့အား အပြီးသတ်သိမ်းပိုက်ရယူရန်အတွက် ထိုးစစ်များကို ဆက်တိုက် ဆင်နွှဲလျက်ရှိကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီကလည်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့များ၌ရှိသော တပ်စခန်းများမှ လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများကို ယခင်ရက်များ နည်းတူ ပြုလုပ်နေခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ရမ်းဗြဲမြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ယခင်ရက်များအတိုင်း ဆက်လက်ပြုခဲ့ရာ ဖေဖော်
ဝါရီ ၂၂ရက် ညနေ (၅) နာရီပတ်ဝန်းကျင်တွင် ဂျက်တိုက်လေယာဉ်၊ Y12 လေယာဉ်များ ကို အသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များကို ဆက်လက် အကောင် အထည်ဖော်ရင်း စစ်ဆင်ရေးကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ရန်သူ၏ စစ်ရေးတုံ့ပြန်မှု နှင့် ခုခံစစ်အပေါ်မူတည်၍ မြှင့်တင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

❤33👍21👏2🙏2😁1