People's Spring
62.8K subscribers
66.4K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မန္တလေးကျောက်ဝိုင်း အသံတိတ်သပိတ်ပါဝင်ပြီးနောက် စစ်ကောင်စီက စည်းကမ်းချက် ၂၀ကျော် ထပ်ထုတ်

▪️မလိုက်နာပါက ဆိုင်ခန်းသိမ်း၊ဖမ်းဆီးမည်ဟု ခြိမ်းခြောက်

အင်ကြင်း/People's Spring

မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းရှိ ဆိုင်ခန်းများ အသံတိတ်သပိတ် ပါဝင်ပြီးနောက် စည်းကမ်းချက် အချက် ၂၀ကျော်ထပ်ထုတ်ကာ မလိုက်နာပါက ဆိုင်ခန်းသိမ်းထောင်ချမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်သည်။

ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းမှု (၃)နှစ်ပြည့် အသံတိတ်သပိတ်တွင် မဟာအောင်မြေကျောက်ဝိုင်းမှ ဆိုင်ခန်းများ ပိတ်သိမ်းထားမှုကြောင့် ရက်နှစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၄ ရက်တွင် အချက် ၂၃ ချက်ပါ စည်းကမ်းချက်များအား ထုတ်ပြန်ခဲ့သည်။

ထို ၂၃ ချက်အနက် စစ်ကောင်စီနှင့် စည်ပင်မှ ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေများ၊ အမိန့် ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ၎င်းတို့ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင်ပါဝင်ခြင်း၊ ၎င်းတို့က အကြမ်းဖက်ဟု သတ်မှတ် ထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း အစရှိသည်များ ပြုလုပ်ပါက ဆိုင်ခန်းသိမ်းပြီး အရေးယူခြင်းခံရမည်ဟု ခြိမ်းခြောက်ထားကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်နေသူများက ပြောသည်။

ထို့အပြင် အသံတိတ်သပိတ်ကဲ့သို့ ဆန္ဒပြမှုများမပြုလုပ်ရန်အတွက် ဆိုင်ခန်းအား ခွင့်ပြုချက်မရဘဲ မပိတ်ရန်နှင့် တစ်လထက်ပို၍ အလွတ်မထားရန် စစ်ကောင်စီက သတိပေးထားသည်။

အခြား စည်းကမ်းချက်များမှာလည်း အကြောင်းပြချက်် မယ်မယ်ရရမရှိဘဲ ထုတ်ပြန်ခြင်းသာဖြစ်ကြောင်း ကျောက်ဝိုင်းအတွင်း အလုပ်လုပ်နေသူများက ပြောသည်။

"ကျောက်ကလွဲပြီး ဘာမှလုပ်စားလို့ မရအောင်
လျှပ်စစ်မီးကလွဲပြီး အခြားမီးမမွှေးရ၊ မသုံးရ အမိုးအဖီမထုတ်ရ၊ ထပ်ခိုး မလုပ်ရ၊ ကျောက်ကလွဲပြီး ဘာမှ မရောင်းမဝယ်ရ အကြောင်းပြချက်မရှိပိတ်မထားရ အစုံပါပဲ စိတ်ပျက်တယ်။"ဟု ကျောက်ဝိုင်းအတွင်း အလုပ်လုပ်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါ စည်းကမ်းချက်များ လိုက်နာပါမည်ဟု ဆိုင်ခန်းရှင်များက ဝန်ခံကတိလက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်က မန္တလေးကျောက်ဝိုင်းရှိ ဆိုင်များ ပိတ်ထား၍ ဆိုင်ခန်း၉၀ ပိတ်သိမ်းမည်ဟု စစ်တပ်လော်ဘီများက သတင်းလွှင့်ခဲ့ပြီးနောက် နှစ်ပတ်အကြာတွင် ယခုစည်းကမ်းချက်များ ထုတ်ကာ စစ်ကောင်စီက ခြိမ်းခြောက် ခဲ့ခြင်းဖြစ်သည်။
👍21🤬12🖕9
မဟာအောင်မြေကျောက်ဝိုင်းအတွင်း စစ်ဆေးနေသော စစ်ကောင်စီ၏ စည်ပင်ဝန်ထမ်းများအား တွေ့ရစဥ်။ (ဓာတ်ပုံ-စကစ)
👍16🤮9🖕4💩3
🖕22👍11💩5
ဟိုပုံးမြို့နယ်တိုက်ပွဲအတွင်းစစ်ကောင်စီနှင့်PNOပြည်သူ့စစ်
ငါးဦးသေဆုံး၊လက်နက် ၄ လက်ရ

︎စစ်တပ်နှင့်ပြည်သူ့စစ်အ​လောင်းများကို အမြဲပြန်လာမ​ကောက်၍ ​တော်လှန်​ရေးအဖွဲ့များကသဂြိုဟ်​ပေး​နေရ

ရွှေပြည်စိုး/People's Spring

ဟိုပုံးမြို့နယ်တွင် ယမန်နေ့ကတိုက်ပွဲအတွင်း စစ်ကောင်စီနှင့်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ ငါးဦးသေဆုံးပြီး သေနတ်လေးလက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)
​ပြော​ရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက​ပြောသည်။

​ဖေ​ဖော်ဝါရီ လ ၂၀ ရက်က ဟိုပုံးမြို့နယ် တနေရာ၌ လုံခြုံရေးဆိုင်ရာလှုပ်ရှားနေသည့် PNLAစစ်ကြောင်းကို စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့စစ်များက လာရောက်တိုက်ခိုက်သဖြင့် မနက် ၁၁နာရီမှ ညနေ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

PNLA ပြောရေးဆိုခွင့်ရှိသူက "ကျွန်​တော်တို့ရှင်းလင်းရေးလုပ်တဲ့အခါမှာအလောင်းငါးလောင်းကျန်ခဲ့တာတွေ့တယ်။သူတို့ကျဆုံးတာအ‌​သေးစိတ်ဘယ်လောက်လဲတော့မသိဘူး။ ဆွဲထုတ်သွားတဲ့ နေရာတွေတော့အများကြီးတွေ့တယ်။ သွေးတွေဘာတွေ ကျန်ခဲ့တာအများကြီးရှိတယ်။ အလောင်းသက်သက်ကျန်ခဲ့တာကငါးလောင်း၊ လက်နက်ကလေးလက်။ခဲယမ်းအချို့လည်းသိမ်းရတယ်" ဟု ပြောသည်။

ဆီဆိုင်မြို့နှင့် PNLA လှုပ်ရှားရာ နယ်​မြေများတွင် ​​ဇန်နဝါရီလ မှစတင်ဖြစ်ပွား​သောတိုက်ပွဲများတွင် စစ်​ကောင်စီတပ်နှင့်PNO ပြည်သူ့စစ် များ​သေဆုံးဒဏ်ရာရသူ တစ်ရာကျော်ရှိ​နေပြီဖြစ်​ကြောင်းသိရသည်။သို့​သော်စစ်တပ်နှင့်ညပြည်သူ့စစ်များမှာ ​သေဆုံးပြီးကျန်​သောအ​လောင်းများကို ပြန်လာ​ကောက်သည်မရှိ​သေး​ကြောင်း ခွန်ရိန်းယံက​ပြောသည်။ထို​ကြောင့် စွန့်ပစ်အ​လောင်းများကို​တော်လှန်​ရေးအဖွဲ့များကသာ ​မြေမြှပ်​ပေး​နေရ​ကြောင်း ၎င်းကဆက်​ပြောသည်။

စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ်များသည် မဲနယ်တောင်ဒေသနှင့် ဟိုပုံးမြို့ဘက်မှနေပြီး ထမ်းဆန်းဂူဒေသအနီးတဝိုက်ကိုလည်း လက်နက်ကြီးများဖြင့်ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း PNLAက ထုတ်ပြန်ထားသည်။ထိုနေရာများ
သည် PNLAတပ်ဖွဲ့ဝင်များ တည်ရှိသည့်နေရာမဟုတ်သလို့ တပ်စွဲထားခြင်းလည်းမရှိဟုသိရသည်။

တိုက်ပွဲများတွင် ​သေဆုံးဒဏ်ရာရသူများတယတွင် စစ်​ကောင်စီတပ်မှ များ​သော်လည်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များလည်းပါဝင်သည်။ လက်ရှိတိုက်ပွဲသည် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်သည့် တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီလက်အောက်
ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်စနစ်လက်
အောက်မှ ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန်လည်း PNLA က ထပ်မံတိုက်တွန်းထားသည်။

"ပြည်သူ့စစ်တွေအနေနဲ့ အခုတိုက်ပွဲက စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်နေတဲ့တိုက်ပွဲဖြစ်တယ်။ ဒီတိုက်ပွဲမှာကိုယ့်အနာဂတ်ကိုကိုယ် သတ်ဖြတ်နေသလိုမျိုးစစ်အာဏာရှင်ယန္တရားဘက်မှာ ပါဝင်တာတို့၊ စစ်အာဏာရှင်ဘက်မှာပါဝင်တိုက်ခိုက်နေတာတွေက ကိုယ့်လူမျိုးကို ကိုယ့်အနာဂတ်ကိုယ် ပြန်လည်သတ်ဖြတ်တာနဲ့တူတယ်။ ဒါကြောင့် ပြည်
သူ့စစ်တွေအနေနဲ့ အမျိုးသားရေးလွတ်မြောက်လမ်း
ကြောင်းပေါ် အမြန်ဆုံးကူးပြောင်းနိုင်ဖို့တိုက်တွန်းချင်တယ်။စစ်အာဏာရှင်ကိုအမြန်ဆုံးစွန့်ခွာကြဖို့တိုက်တွန်းချင်တယ်။ စစ်အာဏာရှင်ကကျွန်တော်တို့ကိုနှစ်ပေါင်းဘယ်လောက်အထိနှိပ်စက်ခဲ့တယ်ဆိုတာပြည်သူလူထုကအသိဆုံးဖြစ်တယ်" ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက တိုက်တွန်းသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေ
ဖြင့် နီးစပ်ရာPNLAတပ်ဖွဲ့များထံဆက်သွယ်ကာ လက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဟု အသိပေးထားသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်PNOကို​ကျောက်စိမ်းတူး​ဖော်​သော ပတ္တမြားနဂါးကုမ္ပဏီပိုင်ရှင်
ခရိုနီနေဝင်းထွန်းဆိုသူ ဦးဆောင်နေသည်။ နေဝင်းထွန်းသည် ပအိုဝ်းအချင်းချင်းမတိုက်ခိုက်ရေး PNLA ၏ ညှိနှိုင်းမှုကို လက်မခံဘဲ လာရောက်တိုက်ခိုက်‌​နေကြောင်း PLNA က ထုတ်ပြန်ထားသည်။
👍43👏14🔥1
ကျန်ခဲ့​သောစစ်သား၊ ပြည်သူ့စစ်အ​လောင်းအချို့ နှင့် PNLA သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းအချို့ ။ ဓါတ်ပုံ-PNLA
👍418👏2🔥1
တာချီလိတ်မြို့၌ ကားဗုံးပေါက်၊ လူတစ်ဦးဒဏ်ရာပြင်းထန်

ယောနသံ/People's Spring

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၌ ယမန်နေ့(ဖေဖော်ဝါရီ၂၀ရက်)ညက ကားဗုံးပေါက်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ည ၁၀နာရီခန့်က တာချီလိတ်မြို့  ဝိန်းကျောက်ရပ်ကွက်၊ ဗိုလ်ချုုပ်အောင်ဆန်းလမ်းမကြီးအနီး၊ ရွှေလင်းယုန် ဂေါက်ကွင်းအနီးတွင်ရပ်ထားသည့် Isuzu Double Capယာဉ်တစ်စီးအတွင်း ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

" ကားထဲကနေ ဗုံးထပေါက်တာ။ ဒဏ်ရာရတဲ့သူက ကားထဲကလူပဲ။ ပေါက်ကွဲချိန်မှာဘေးမှာ လူမရှိလို့ အများကြီးမထိတာ။ စခ( စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ) တွေကတော့ ကားထဲကလူကို ဆွဲဖမ်းမယ်ထင်တယ် "ဟု တာချီလိတ်မြို့ခံတစ်ဦးက ပြောသည်။

ကားအတွင်းမှ အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လတ်တလောတွင် တာချီလိတ်ဆေးရုံ၌ ကုသနေရသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသည် စစ်ကောင်စီတပ်စွဲထားသည့်နေရာနှင့်နီးသလို လောင်းကစားရုံများနှင့်လည်းနီးကြောင်း မြို့ခံများက ပြောသည်။
👍35🔥2😢1
👍37🔥2
ယမန်နေ့ညက ကားဗုံးပေါက်ကွဲပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ - CJ)
👍32🔥2
"ပညာရှင်တွေ ၊အလုပ်သမားတွေကို ခေါ်တဲ့နေရာမှာ နိုင်ငံရေးနောက်ခံ သန့်ရှင်းရင်အားလုံးခေါ်ပါတယ်"

MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းနဲ့ မေးမြန်းခန်း

ကိုးကန့်တပ်မတော်(MNDAA) အပါအဝင် ညီနောင်မဟာမတ် ၃ဖွဲ့ဟာ ကိုးကန့်ဒေသအပါအဝင် ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ကို ၂၀၂၃ ​အောက်တိုဘာ ၂၇ ရက်ကစပြီး​တော့ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၄ ဇန်နဝါရီ လဆန်းမှာပဲ ကိုးကန့်ဒေသ တစ်ခုလုံးကို MNDAAက ထိန်းချုပ်ထားနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်မှု​ကြောင့် ၂၀၂၄ ဇန်နဝါရီ ၁၀ ရက်မှာ ဟိုက်ဂင်သ​​ဘောတူညီချက်နဲ့ ရှမ်း​မြောက်မှာတိုက်ပွဲ​တွေရပ်နားခဲ့ပါတယ် ။အပစ်ရပ်ထားတဲ့ကာလမှာ MNDAA ဟာ ကိုးကန့်​ဒေသမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါတယ်။ ကိုးကန့်ဒေသပြန်လည်ထူထောင်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ကိုးကန့်တပ်မတော်
(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို People's Spring ကဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

︎ရန်ရန်/People’s Spring


မေး။ကိုးကန့်ဒေသ အလုပ်သမားတွေ ခေါ်ရာမှာ သူလျှိုတွေ အေးဂျင့်တွေ မပါလာဖို့ စိစစ်ဖို့ ထုတ်ပြန်ထားတာတွေ့ရတယ်။အဲဒီအပေါ်ရှင်းပြပေးပါလား။

ဖြေ။ကျနော်တို့က အလုပ်သမား အလုပ်အမှုဆောင် ကော်
မတီ ဖွဲ့မှာပေါ့နော်။ပြင်ပကလာတဲ့ အလုပ်သမား မှန်သမျှ အဲဒီ အလုပ်အမှုဆောင်ကော်မတီမှာ သွားပြီးတော့ အချက်
အလက်တွေ တင်ရမယ်။ သတင်းတွေ ပို့ရမယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေကိုလည်း အဲဒီကော်မတီမှာပဲ လုပ်သွားမှာ ဖြစ်တယ်။ အကယ်၍ လုပ်ငန်းပိုင်ရှင်တွေက အလုပ်သမားကို လိုချင်ရင်လည်း ဒီကော်မတီမှာ အလုပ်သမားကို လာပြီးတော့ ခေါ်လို့ရတာပေါ့။ အလုပ်အမှုဆောင်ကော်မတီက မခေါ်ချင်လည်းရတယ်။ မိမိကိုယ်ကိုယ် လမ်းကြောင်းရှိရင် မိမိ ကိုယ့်ဆန္ဒနဲ့ကိုယ် ခေါ်လို့ရတယ်။ ဒါပေမဲ့ ဒီခေါ်လာတဲ့သူက နိုင်ငံရေးနောက်ခံ မသန့်ရှင်းဘူး သို့မဟုတ် သူလျှိုတွေဖြစ်နေရင်တော့ ပိုင်ရှင်ကို ကျနော်တို့က အရေးယူမှာပေါ့။

မေး။ ဗမာလူမျိုးတွေ ကိုးကန့်ဒေသ ဝင်ရောက်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်နဲ့ ပတ်သတ်ပြီး မူဝါဒ ဘယ်ရှိရှိပါသလဲ။ဘာအသိပေးလိုပါသလဲ။

ဖြေ။ဗမာလူမျိုးအပေါ် မူဝါဒရယ်ဆိုတာ မရှိပါဘူး ကျနော်တို့က။ ပြင်ပကလာတဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံး မှန်သမျှကို ကျနော်တို့က အလုပ်အမှုဆောင်ကော်မတီကနေ တဆင့်ပဲလုပ်သွားမှာ ဖြစ်တယ်။ ဒီလူမျိုး ခွဲခြားပြီးတော့ ပြဌာန်းထားတဲ့ မူဝါဒဆိုတာ မရှိပါဘူးဗျ။

မေး။MNDAA တပ်ဖွဲ့ဝင်အချို့ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တဲ့ သတင်းတွေ တွေ့ရလို့ ဒါနဲ့ ပတ်သက်ပြီး ဘာပြောလိုပါသလဲ။

ဖြေ။ကျနော်တို့ MNDAA တပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတာ ကျနော်ကတော့ လုံး၀ မယုံဘူးဗျ။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ဒီတော်လှန်ရေးတလျှောက်
လုံးမှာ ရောက်တဲ့နေရာတိုင်း ကျနော်တို့ ပြည်သူလူထုရဲ့ ကြိုးတမျှင် အပ်တစ်ချောင်းကိုမှ ကျနော်တို့ ယူတာမရှိပါဘူး။ ကျနော်တို့ ရောက်တဲ့နေရာတိုင်း ရောက်တိုက်ရွာတိုင်း သွားပြီး စုံစမ်းကြည့်လို့ရပါတယ်။ ကျနော်တို့ ပစ္စည်းလုယက်တာတို့ ခိုးယူတာတို့ ဆိုတာ လုံး၀မရှိဘူး။ ကျနော်တို့ လိုချင်တဲ့ အရာတွေကို ကျနော်တို့က ပိုက်ဆံပေးပြီး ဝယ်တယ် အမြဲတမ်း။ ဒါကတော့ ကျနော်တို့ တော်လှန်ရေးတလျှောက်မှာ ဒီလိုပဲ လာခဲ့တာဖြစ်တယ်။ ကျနော်တို့က စည်းကမ်းကြီး သုံးရပ်နဲ့ မူဝါဒ ၈ရပ်ကို တစိုက်မတ်မတ်လိုက်နာဆောင်ရွက်ခဲ့တဲ့ စစ်မှန်တဲ့ ပြည်သူ့စစ်သားဖြစ်တယ်။

မေး။ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်နေတာ ဘယ်အဆင့်လောက်ရောက်ပြီလဲ။ပြန်လည်ထူထောင်ရေးကာလမှာ ကြုံနေရတဲ့ အခက်အခဲက ဘာတွေရှိနေပါသလဲ။

ဖြေ။ပြန်လည်ထူထောင်ရေးမှာတော့ အခက်အခဲတော့ရှိမှာပဲ။ အခုလမ်းကြောင်းတွေ ပိတ်နေတယ်။ ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေ မီးတွေ အကုန်လုံး ပြတ်တောက်ခံနေရတယ်။ ဒီလို အခြေအနေမျိုးမှာ ကျနော်တို့ ပြန်လည်ထူ
ထောင်နေရတယ်ဆိုတော့ အခက်အခဲ ပေါင်းစုံတော့ ရင်
ဆိုင်နေရပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်း ပြန်ကောင်းသွားမှာပါ။ ဒါကျနော်တို့လည်း တောက်လျှောက်ကြိုးစားနေပါတယ်။

မေး။ပြန်လည်ထူထောင်ရေးကာလမှာ လူသားအရင်းမြစ် လိုအပ်ချက်ရှိတဲ့အခါ တော်လှန်ရေးထဲကလူတွေကို ခေါ်ဖို့ရှိပါသလား။ အထူးသဖြင့် CDMတွေကို နေရာပေးဖို့ အလုပ်ပေးဖို့ရှိပါသလား။

ဖြေ။ပညာရှင်တွေ ၊အလုပ်သမားတွေကို ခေါ်တဲ့နေရာမှာ နိုင်ငံရေးနောက်ခံ သန့်ရှင်းရင်အားလုံးခေါ်ပါတယ်နော်။

မေး။ဟိုင်ဂင် သဘောတူညီချက်နဲ့ အပစ်ရပ်ထားတော့ တစ်ဖက်မှာလည်း ပြည်သူတွေကလည်း စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲအတွက် ညီနောင်သုံးဖွဲ့ကိုမျှော်လင့်နေတော့ ဒီအပေါ်ဘာပြောပေးလို့ရမလဲ။

​ဖြေ-ဟိုင်ဂင်သဘောတူညီချက်က ကျနော်လည်း ပြောစရာမရှိဘူး။ ကျနော်လည်း ကောင်းကောင်းမသိတာပါနော်။

-ကျေးဇူးတင်ပါတယ်။
👍535🤮1
ပြန်လည်ထူ​​ထောင်​ရေးကာလကိုဖြတ်သန်း​နေပြီဖြစ်တဲ့ ကိုးကန့်​ဒေသ ။ဓါတ်ပုံ- The Kokang
👍50🔥1
တာဟန်းရပ်ကွက်အပါအဝင် ကလေးမြို့ရှိ စစ်ကောင်စီစခန်းများကို PDFများ တိုက်ခိုက်

စောနွေဦး/People's Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် ယနေ့နံနက် ၄နာရီကစတင်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း အဆိုပါမြို့ခံများက ပြောသည်။

ကလေးမြို့ပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဖွင့်ထားသည့် တာဟန်းရပ်ကွက်အပါအဝင် စက္ကန့်၊မြို့လှ၊ အင်ဒိုင်းကုန်း၊ ကံကြီးကျေးရွာများရှိ စစ်ကောင်စီစခန်းများကို ကာကွယ်ရေးအဖွဲ့များက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"တိုက်ပွဲတွေဖြစ်နေတုန်းပါပဲ။ အခြေအနေတွေက ထုတ်ပြန်ဖို့ ခဏစောင့်ပါဦး"ဟု အဆိုပါတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသော CDF-KKG ပြန်ကြားတာဝန်ခံက ပြောသည်။

ကလေးမြို့ပေါ်ရှိ စစ်ကောင်စီ စခန်းနှင့် ကလေးမြို့မြောက်ပိုင်း ကံကြီးကျေးရွာရှိ စစ်ကောင်စီစခန်းတို့ကို အဓိကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်စွဲထားသည့် ကံကြီးကျေးရွာစခန်းကို ကာကွယ်ရေးတပ်များက သိမ်းပိုက်နိုင်ပြီဖြစ်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါစခန်းသည် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချထားသည့်နေရာ ဖြစ်သည်။

တိုက်ခိုက်မှုကို ချင်းတော်လှန်ရေးတပ်များဖြစ် သည့် CDF-KKG၊ CNDFနှင့် ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် RKDF၊ ကလေးမြို့ခံကာကွယ်ရေးတပ်များနှင့် ကလေး(ပကဖ) များက!ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သားပြည်သူများထိခိုက်မှုများရှိသည်ဟုလည်း ကာကွယ်ရေးတပ်များက ပြောသည်။

"မနက်ကတည်းက သေနတ်သံတွေကော၊ လက်နက်ကြီးသံတွေကော ကြားနေရတယ်"ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီကတပ်က ကလေးမြို့အနီးအနားကို လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ် နေသည်ဟုလည်း ဒေသခံများက ပြောသည်။
👍46👏10🔥1
👍25🤬6💩4🖕4
၂၀၂၁ မတ်လအတွင်းက နာမည်ကျော် တာဟန်းရပ်ကွက်သပိတ်အား စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းနေစဥ်။(ဓာတ်ပုံ - CJ)
🤬30👍3😡3🔥2👏2🖕2😢1
KNUတပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီ ဗုံးကြဲ၍ အမျိုးသမီးတစ်ဦး သေဆုံး

မောင်မောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် အတွင်း စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် (၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၆ရက် နံနက်တွင် စစ်ကောင်စီ၏ အမြောက်တပ်(၃၁၅)တပ်ရင်းမှ ဒရုန်းဖြင့် ဗုံကြဲလာ၍ လို့ရှားရွာနေ အမျိုးသမီးတစ်ဦးမှာ ဦးခေါင်း ကျည်ထိဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ထို့ပြင် စစ်ကောင်စီ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် စံပြရွာမှအမျိုးသမီးတစ်ဦး ကျည်ထိ ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် ကွမ်းသီးပင်နှင့် ရာဘာပင်များ ပျက်စီးမှုများရှိခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပြည်သူနေ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း ၊ ရုန်းဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြသည်။

စစ်ကောင်စီသည် KNU နယ်မြေများ၌ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းများ မကြာခဏ ပြုလုပ်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိရာ ၂၀၂၃အတွင်း လက်နက်ကြီး၊လေကြောင်း တိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီ၏ လက်ချက်ကြောင့် KNUနယ်မြေရှိ အရပ်သား ၂၀၀ခန့် သေဆုံးခဲ့ရကြောင်း အသိပေးထားသည်။
😢24🤬9👍61🔥1👏1
🤬28👍4🔥1