People's Spring
62.7K subscribers
66.5K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍271🔥1
👍19😢32👏2
ထိုင်းကိုခိုးဝင်လာတဲ့မြန်မာ​တွေကိုအ​ရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ်သတိပေး

-လီလီယန်/ People’s Spring

ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေနှင့်အညီ အရေးယူခံရမယ်လို့ ဝန်ကြီးချုပ် ဆာရက်သာ သာဗီဆင် က သတိပေးလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက လာမယ့်ဧပြီကစလို့ လူငယ်တွေ စစ်မှုမထမ်းမနေရအစီအစဥ်ကို စတင်အကောင်အထည်ဖော်မယ်လို့ ပြောကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံကို လာရောက်ဖို့ မြန်မာနိုင်ငံသားတွေ ဗီဇာလျှောက်ထားမှု သိသိသာသာမြင့်တက်လာတဲ့အပေါ် ဝန်ကြီးချုပ် ဆာရက်သာ က ပြောကြားခဲ့တာပါ။

“နိုင်ငံထဲကို တရားဝင်ဝင်ရောက်လာတယ်ဆိုရင် သူတို့(မြန်မာနိုင်ငံသားတွေ)ကို ကြိုဆိုပါတယ်။ ဒါပေမဲ့ တရားမဝင် ခိုးဝင်လာတယ်ဆိုရင် သူတို့ကို ဥပဒေနဲ့အညီ အရေးယူလုပ်ဆောင်ရပါလိမ့်မယ်။ ဒီအရေးနဲ့ပတ်သက်လို့ လုံခြုံရေးဌာနဆိုင်ရာတွေနဲ့ ကျွန်တော်ဆွေးနွေးပြီးပါပြီ” လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြောင့် ဒေသခံထိုင်းနိုင်ငံသားတွေ အလုပ်လက်မဲ့ဖြစ်လာနိုင်တဲ့ စိုးရိမ်မှုတွေအပေါ် ထိုင်းဝန်ကြီးချုပ်က ဖြေသိမ့်ခဲ့ရာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲဖို့အတွက် လက်ရှိမှာ မြန်မာနိုင်ငံသားတွေ ထိုင်းဘက်ကို ထွက်ပြေးလာကြတာ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်လက်မဲ့နှုန်းမှာ ၁ ရာခိုင်နှုန်းအောက်မှာ ရှိပြီး ထိုင်းဟာ အိမ်နီးချင်းနိုင်ငံတွေဆီကနေ အလုပ်သမားတွေ များစွာလိုအပ်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအလုပ်သမားတွေဟာ ထိုင်းနိုင်ငံအတွင်း သတ်မှတ်ထားတဲ့ လုပ်ငန်းစဥ်တွေအတိုင်း လိုက်နာဖို့ လိုအပ်တယ်လို့ ဝန်ကြီးချုပ် Thavisin က ပြောပါတယ်။

စစ်​ကောင်စီရဲ့ စစ်မှုမထမ်းမ​နေရဥပ​ဒေ​ကြောင့် မြန်မာ
နိုင်ငံက​နေထိုင်းကိုလာချင်သူ​တွေများလွန်းတာ​ကြောင်ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးမှာ ဗီဇာ​လျှောက်ထားသူ အလွန်များ လာတာ​ကြောင့် ပြည်ဝင်ခွင့်ဗီဇာ ​လျှောက်လွှာစီစစ်မှုကို တစ်ရက်မှာ ​ လူ ၄၀၀ ပဲလက်ခံမယ်လို့အရင်အပါတ်ကထုတ်ပြန်ခဲ့ပါတယ် ။တစ်ဖက်မှာလည်း အိမ်နီးချင်းထိုင်းနိုင်ငံကို နယ်စပ်က​နေ ခိုးဝင်တာ​​တွေများ​နေပြီး ဖမ်းဆီးအ​ရေးယူခံရတာ​တွေ ပိုများ​နေတယ်လို့ နယ်စပ်မှလာတဲ့သတင်း​တွေအရသိရပါတယ် ။

ကိုးကား - Bangkok Post
😢21👍10👎62🤬2🤷‍♂1
ထိုင်းကိုခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား​တွေကို ​​ဖေ​ဖော်ဝါရီ လလယ်ပိုင်းမှာထိုင်းစစ်တပ်ကဖမ်းဆီးထားစဥ်။ ဓါတ်ပုံ-The Nation
😢35👍7🔥2🤬2
"စီခမ်းကြီးစခန်း"ကို ဗျူဟာ​မြောက်တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်​ကြောင်း AA ထုတ်ပြန်

-ဆန်​အောင်/People's Spring

ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ “စီခမ်းကြီးစခန်း” အား KIA ၊ AA နှင့် မိတ်ဖက်​တော်လှန်​​ရေးအဖွဲ့များ၏ ဗျူဟာ​မြောက်တိုက်ခိုက်မှု​ကြောင့် ယ​နေ့( ဖေဖော်ဝါရီလ ၁၉ ရက်) ညနေ (၅) နာရီ (၄၅) မိနစ်တွင် သိမ်းပိုက် ရရှိခဲ့​ကြောင်း ရက္ခိုင့်တပ်​တော်က အတည်ပြုထုတ်ပြန်သည်။

ကချင်လွတ်လပ်ရေးတပ်မတော်( KIA) နှင့် ရက္ခိုင့်တပ်တော် (AA)တို့အပါအဝင် ဒေသခံ မိတ်ဖက်တော်လှန်ရေးအဖွဲ့တို့ကဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၅) နာရီခန့်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သုံးရက်ခန့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး​နောက်သိမ်းပိုက်ရရှိ​ကြောင်းအသိ​ပေးသည်။


စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်ဟုသတ်မှတ်ထားသော စစ်စခန်းများထဲမှ တစ်ခုဖြစ်သည့် စီခမ်းကြီးစခန်းအားစစ်တပ်၏မရပ်မနား၊ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားကြားထဲမှ ​တော်လှန်​ရေးအဖွဲ့များက ခက်ခက်ခဲခဲ ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

စစ်​ကောင်စီတပ်က ရပ်ရွာများအတွင်းရှိ လူနေအိမ်များ၊ ဘုန်းကြီးကျောင်းများကို အကာအကွယ်ယူ၍ တိုက်ခိုက်ခဲ့သော်လည်း ​တော်လှန်​ရေးအဖွဲ့များ၏ ထိုးစစ်ကို ခုခံရန် အခွင့်မရခဲ့ဘဲ စခန်းလက်လွှတ်ခဲ့ရခြင်းဖြစ်သကဲ့သို့ ပူးပေါင်းတပ်ဖွဲ့၏ ဗျူဟာမြောက်ထိုးစစ်ကြောင့် စခန်းစွန့်လွှတ်ခဲ့ရခြင်းလည်းဖြစ်သည်ဟုဆိုသည်။

အဆိုပါအောင်ပွဲအတွင်း စစ်ကောင်စီထံမှ ရန်သူ့အလောင်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ပြီး တိုက်ပွဲအတွင်း အသက်ပေးဆပ်စွန်လွှတ်ခဲ့ရသော ​တော်လှန်​ရေးစစ်သည်တော်များနှင့် ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သော တပ်ဖွဲ့ဝင်များအားလုံးကို လေးနက်စွာဂုဏ်ပြုအပ်ပါသည်ဟု ရက္ခိုင်တပ်​တော်က​ဖော်ပြထားသည်။

​ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း
“စခ(ကျဆုံးနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု စာရင်း အသေးစိတ် မသိရသေးဘူး။ ဒီနေ့တိုက်လေယာဉ်မျိုးစုံနဲ့ ၃၇ကြိမ် ဗုံးလာကြဲတယ်။ (စီခမ်းကြီး)စခန်းက စခန်းအကြီး၊ အင်အားများတယ်။ “ ဟုပြောသည်။

စစ်ကောင်စီသည် စခန်းမကျ​စေရန် ဖေဖော်ဝါရီ ၁၈ရက်တွင် လေကြောင်း ပစ်ကူ ၂၆ကြိမ်ထက်မနည်း၊ ဖေဖော်ဝါရီ ၁၇ရက်တိုက်ပွဲတွင်လေကြောင်း ပစ်ကူ ၁၄ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့သည်ဟုသိရသည်။ထို့ကြောင့် တိုက်ပွဲသုံးရက်အတွင်း လေကြောင်း ပစ်ကူ အကြိမ် ၈၀ ခန့် အသုံးပြု ခုခံခဲ့သော်လည်း အရေးပါသည့် ဗျူဟာစခန်းကို ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စီခမ်းကြီးရွာရှိ ပြည်သူလူထုနေအိမ်များ၊စာသင်ကျောင်းများပျက်စီးခဲ့ရပြီး အရပ်သားသေဆုံးထိခိုက်မှုများလည်း ရှိသည်။ အနည်းဆုံး အရပ်သား ၆ဦးသေဆုံးပြီး ၃၀ကျော်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

KIAသည် မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ မံဝိန်းကြီးတပ်စခန်း၊ ကိုက်ထိပ် တပ်စခန်း တို့ကိုလည်း ဇန်နဝါရီလအတွင်းက တိုက်ခိုက်သိမ်းပိုက်ထား​သေးသည်။
👍378👏6😁1🎄1