People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မြန်မာစစ်တပ်ရဲ့လူသားမျိုးနွယ်အပေါ် ကျူး
လွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်စပ်ပြီး Telenor စစ်ဆေးခံနေရ

■Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံ
ထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

စက်တင်ဘာ-၅၊၂၀၂၆။People's Spring

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးတဲ့နောက် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာအားပေးအားမြှောက် ပါဝင်ပတ်သက်ခဲ့သလား ဆိုတာနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစုကြီး Telenorကို စုံစမ်း စစ်ဆေးနေကြောင်း နော်ဝေးရဲတပ်ဖွဲ့ကပြောပါတယ်။

နော်ဝေးအခြေစိုက်Telenorကုမ္ပဏီဟာ မြန်
မာနိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေး စျေးကွက်မှာ ပါဝင်ခဲ့ဖူးပေမယ့် ၂၀၂၁ ခုနှစ် စစ်အာ
ဏာသိမ်းမှု အပြီးမှာတော့ မြန်မာလုပ်ငန်းခွဲ ရှယ်ယာတွေကို ရောင်းချပြီး မြန်မာနိုင်ငံကနေထွက်ခွာသွားပါတယ်။

ဒါပေမဲ့အာဏာသိမ်းမှုနောက်ပိုင်းမြန်မာစစ်
တပ်က လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ Telenorက အားပေးကူညီခဲ့သလားဆိုတဲ့ သံသယ အခြေအနေတွေအတွက် အခုအခါ နော်ဝေး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတာပါ။အဓိက သံသယရှိတဲ့ အချက်တွေထဲမှာတော့ ပိတ်ဆို့အရေးယူမှုဆိုင်ရာဥပဒေတွေကိုပါTelenorကချိုးဖောက်
ခဲ့သလားဆိုတာမျိုးတွေလည်းပါဝင်ပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ အော့စလိုမြို့တော်မှာ ရှိနေတဲ့ Telenor ဌာနချုပ်ကို ရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေး ရှာဖွေခဲ့ပါတယ်။မြန်မာစစ်တပ်ကအရပ်သား ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ အချိန်မှာ Telenorရဲ့ မြန်မာ လုပ်ငန်းခွဲဟာသုံးစွဲသူတွေဆီကရရှိထားတဲ့ အချက်
အလက်တွေကို စစ်တပ် အာဏာပိုင်တွေဆီ အကြိမ်ကြိမ် လွှဲပြောင်းပေးခဲ့တယ်လို့ နော်ဝေး ရဲတပ်ဖွဲ့က ပြောပါတယ်။

Telenorကတော့ စုံစမ်းစစ်ဆေးရေး အရာရှိတွေနဲ့အနီးကပ်ပူးပေါင်းပြီးအခြေအနေတွေကိုရှင်းရှင်းလင်းလင်းဖြစ်လာအောင် အစွမ်း
ကုန် ကူညီမယ်လို့ ပြောပါတယ်။ Reuters သတင်းဌာနက ဆက်သွယ် မေးမြန်းတဲ့ အခါမှာတော့ Telenorက “စစ်အာဏာသိမ်းမှုဟာ မြန်မာပြည်သူတွေအတွက် ကြေကွဲနာကျင်စရာပါ။အဲဒီအချိန်တုန်းကTelenorဟာလည်း ကောင်းမွန်တဲ့ရွေးချယ်စရာတစ်ခုခုရှာမတွေ့နိုင်လောက်အောင်အကျပ်အတည်းထဲရောက်
ခဲ့ပါတယ်”လို့ တုံ့ပြန် မှတ်ချက်ပေးခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊မတ်လမှာတော့Telenorဟာမြန်
မာလုပ်ငန်းခွဲ ရှယ်ယာအားလုံးကို ရောင်းချပြီး မြန်မာမိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှု စျေးကွက်ကိုအပြီးတိုင်ကျောခိုင်းသွားခဲ့ပါတယ်။

အာဏာသိမ်းအပြီး မြန်မာနိုင်ငံမှာရှိနေခဲ့တဲ့ ကာလအတောအတွင်းစစ်တပ်ရဲ့အမိန့်နဲ့ ညွှန်ကြားချက်တွေကို မလိုက်နာဘူးဆိုရင် ကုမ္ပဏီ ဝန်ထမ်းတွေ ဖမ်းဆီးထောင်ချခံရတာ၊ နှိပ်စက်ခံရတာ၊ သေဒဏ်စီရင် ချမှတ်ခံရတာတွေထိ ဖြစ်နိုင်ခြေ ခြိမ်းခြောက်မှုတွေ ကြုံတွေ့ခဲ့ကြောင်း၊ ကုမ္ပဏီ အနေနဲ့ ရွေးချယ်စရာ ဘာမှမရှိတော့ဘူးလို့ လက်ခံခဲ့ရပြီး ဝန်ထမ်းတွေရဲ့ အသက်နဲ့လည်း အရင်းအနှီးလုပ်ပြီး အရဲမကိုးရဲခဲ့ကြောင်း Telenorက ဆိုပါတယ်။

လက်ရှိ နော်ဝေးရဲတပ်ဖွဲ့က စစ်ဆေးမှုတွေကတော့ မြန်မာ လုပ်ငန်းခွဲကို ရောင်းချချိန်မှာ ပိတ်ဆို့တားမြစ်ထားတဲ့စောင့်ကြည့်ထောက်
လှမ်းမှုဆိုင်ရာ နည်းပညာ ပစ္စည်းတွေကို Telenorက လွှဲပြောင်းပေးခဲ့တယ်ဆိုတဲ့စွပ်စွဲ
ချက်အပေါ်အခြေပြုထားတာ ဖြစ်ပါတယ်။ အဲဒီ အရောင်းအဝယ်အတွက် Telenorဟာ နော်ဝေး နိုင်ငံခြားရေး ဝန်ကြီးဌာနဆီက ခွင့်
ပြုချက်ကိုရယူခဲ့ခြင်းမရှိတာကြောင့် ရဲတပ်ဖွဲ့က အရေးယူ တုံ့ပြန်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်နေခဲ့ချိန် အတောအတွင်းနော်ဝေးနဲ့ နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်ခဲ့တဲ့ Telenorကို နော်ဝေးရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စတင်ဖို့ ဆုံး
ဖြတ်လိုက်တဲ့အပေါ် ကြိုဆိုကြောင်း မြန်မာ့အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Justice for Myanmarရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး
မရတနာမောင်က​ပြောပါတယ်။

Justice for Myanmarဟာ International Commission of Jurists (ICJ)နဲ့ ပူးပေါင်းပြီး အဲဒီစွပ်စွဲချက်ကို နော်ဝေး စုံစမ်းစစ်ဆေးရေး အရာရှိတွေဆီ တင်ပြခဲ့တာ ဖြစ်ပါတယ်။ Spywareလို အချက်အလက်ဆိုင်ရာ အန္တ
ရာယ်ရှိတဲ့ နည်းပညာမျိုးကို Telenorက အာ
ဏာသိမ်း စစ်တပ်ဆီ မျှဝေခဲ့ကြောင်းကို ICJ
နဲ့ Justice for Myanmarတို့က ပူးပေါင်းပြုစုပြီး နော်ဝေး တရားဥပဒေ စိုးမိုးရေး အဖွဲ့အ
စည်းတွေဆီပေးပို့တဲ့ဖိုင်ထဲမှာအကျယ်တဝင့် ရှင်းပြထားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ Telenorရဲ့ လုပ်ဆောင်ခဲ့တာတွေ၊ မြန်မာနိုင်ငံကနေ ထွက်ခွာချိန်မှာ မြန်မာပြည်သူတွေ ထိခိုက်နစ်နာအောင် ဆုံးဖြတ်ခဲ့တာတွေအတွက်တာဝန်ယူမှု၊တာဝန်ခံမှုရှိလာစေဖို့မျှော်လင့်ကြောင်းJustice for Myanmar
က ပြောပါတယ်။

ကိုးကား-Reuters
👍45👏96🤣2🥴1
👏38🥴32🔥2🖕2👍1
ဗေဒင်ဟောပြီး၂လုံးဂဏန်းရောင်းတဲ့ဗိုလ်မှူး
ကပစ(၁၆)အနီးတိုက်ပွဲမှာသေဆုံး

စက်တင်ဘာ-၁၅၊၁၀၂၆။ဇော်ရမ်း/People's Spring

ဗေဒင်ဟောပြီးနှစ်လုံးထီဂဏန်း​တွေ​ရောင်းပေးနေတဲ့ဗိုလ်မှူးတစ်ဦးဟာပဲခူးတိုင်း၊ ပန်း‌
တောင်းမြို့က ကပစ(၁၆)အနီး တိုက်ပွဲမှာ အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေတိုက်ခိုက်လို့ သေဆုံးသွားတယ်လို့ စစ်တပ်သတင်းမြစ်ကပြောပါတယ်။

အာဏာသိမ်းစစ်တပ်အသိုင်းဝိုင်းမှာ ဗေဒင်ဆရာဝေကမ္ဘာစိုးလို့လူသိများတဲ့ ဗိုလ်မှူးဝေကမ္ဘာစိုးဟာစက်တင်ဘာလ၁၅ရက်မနက်ပိုင်းမှာ စနိုက်ဘာထိပြီးသေဆုံးတာလို့ ၎င်းနဲ့အ
ဆက်အသွယ်ရှိတဲ့ ဗေဒင်ဆရာမတစ်ဦးကပြောပါတယ်။

"ကျမတို့လည်း ကြားကြားချင်းမယုံဘူး။ အ
လောင်းမြင်ရမှ ယုံတာ။ စနိုက်ဘာထိတယ်လို့ ကြားတာပဲ"လို့အထက်ပါဗေဒင်ဆရာမကပြောပါတယ်။

ဗိုလ်မှူးဝေကမ္ဘာစိုးဟာအသက်၃၆ နှစ်အရွယ်
ရှ်ိပြီးဝေကမ္ဘာစိုးအမည်နဲ့ ဖေ့ဘွတ်အကောင့် နှစ်ခုထက်မနည်းအသုံးပြုနေပါတယ်။

မသေဆုံးခင်ရက်အနည်းငယ်မှာလည်းဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ နှစ်လုံးထီဂဏန်းတွေ ရေးတင်ထားတာကိုတွေ့ရပါတယ်။ ဒါအပြင်တယ်လီဂရန်ဂရုဖွဲ့ထားပြီး တစ်ဦးကို တစ်ပတ် ၁၅,၀၀၀ ကျပ်ယူပြီး ဗေဒင်ဟောတာတွေ၊ နှစ်လုံးထီဂဏန်းပေးတာတွေလုပ်နေတယ်လို့ ၎င်းရဲ့မိတ်ဆွေတစ်ဦးကပြောပါတယ်။

မသေဆုံးခင်ရက်နည်းငယ်
"ခုမနက်ညီ အကို။တစ်ဘရိတ် ခွန်ဘရိတ် လာနိုင်။အဲတော့သုံးလေးရှစ်ကိုး။သုံညတစ် ငါးခြောက်" လို့ ၎င်းကလူမှုကွန်ရက်မှာ ဂဏန်း​တွေရေးသားထားတာကိုတွေ့ရပါတယ်။

ဗိုလ်မှူးဝေကမ္ဘာစိုးရဲ့ နာရေးကိုထောက်ပံ့ဖို့အတွက် စစ်တပ်အသိုင်းအဝိုင်းကြားမှာ ငွေ
ကြေးအလှူခံနေတာကိုလည်းတွေ့ရပါတယ်။

ယမ်းချက်ပြီး ဗုံးသီးတွေ အဓိကထုတ်တဲ့ အမှတ်(၁၆)ကာကွယ်ရေးပစ္စည်းစက်ရုံဟာ ပန်းတောင်းမြို့နဲ့ ၂၅မိုင်ခန့်အကွာမှာ ရှိတာပါ။ကပစ(၁၆)ကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ဦးတည်တိုက်ခိုက်ခဲ့တာပါ။စစ်‌ ကောင်စီက စကစ (၁၀) လက် အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၆၃၊ ၃၆၄၊ ၃၆၆၊၃၆၉တပ်တွေအပြင် စစ်မှု
ထမ်းသင်တန်းဆင်းတွေပို့ပြီး ခုခံခဲ့တာပါ။

ထိုးစစ်စတင်တဲ့ဇန်နဝါရီလထဲမှာပဲကပစ
(၁၆)ရဲ့ကာကင်း ၆၆၆ ပွိုင့်ကုန်းနဲ့ မေလထဲကတိုက်ပွဲတွေမှာ ပွိုင့် ၅၀၀ကုန်းရဲ့ကာကင်း
စခန်း အချို့ကိုသိမ်းယူခဲ့ပါတယ်။၆၆၆ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင်သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်းဖမ်းမိခဲ့ပါတယ်။ကပစ(၁၆)ကိုဦးတည်တဲ့တိုက်ပွဲတွေဟာအခု
ရက်ပိုင်းမှာ ပိုပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။


#ဝေကမ္ဘာစိုး #ဗေဒင်ဟောတဲ့ဗိုလ်မှူး​
#ကပစ၁၆အနီးတိုက်ပွဲ
#peoplesapring #ludunwaoo #ps
👏36🤣126👍3👎1🥰1🖕1
ကပစ(၁၆)အနီးတိုက်ပွဲမှာ AA နဲ့မဟာမိတ်တပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့်​သေဆုံးခဲ့တဲ့ ​​ဗေဒင်​ဟောပြီး နှစ်လုံးဂဏာန်း​ရောင်းတဲ့
ဗိုလ်မှူးဝေကမ္ဘာစိုး နဲ့ သူ့ရဲ့​ဖေစ်ဘွခ်မှာ ​ရေးသားထားမှု​တွေ ။ဓါတ်ပုံ-scree grab
🤣47👏5🖕3👻2👎1🥰1💩1
မန္တလေးမှာ နေအိမ်အတွင်း လင်မယား ၂ဦး သတ်ဖြတ်ခံရ

စက်တင်ဘာ ၁၅၊ ၂၀၂၆။ မေရီ/People's Spring

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းမှာ ချမ်းမြသာစည်မြို့နယ် ၁၁၁(A)လမ်း၊၆၈Aလမ်းနဲ့ ၆၈Bလမ်းကြားက နေအိမ်တစ်အိမ်မှာ လင်မယား ၂ဦး သတ်ဖြတ်ခံထားရတာကို တွေ့ရှိကြောင်း မန္တလေးမြေပြင်သတင်းတွေ ဖော်ပြနေတဲ့ MDY Revolution အဖွဲ့က အသိပေးပါတယ်။

"ဖြစ်တာကတော့ မနေ့ညကတည်းက ဖြစ်တာလို့ ကြားတယ်။ အိမ်ထဲဝင်ပြီး လင်မယားနှစ်ယောက် လုံး ဓါးနဲ့အထိုးခံရတာလို့ ကြားတယ်"လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဆိုပါလင်မယား ၂ဦး ဘာကြောင့် သတ်ဖြတ်ခံတယ်ဆိုတာတော့ မသိရသေးပါဘူး။ အခင်းဖြစ်ပွားရာနေရာကို စစ်တပ်လက်အောက်ခံ ရဲတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ရောက်လာပြီး အနီးဝန်းကျင်ရှိ လမ်းတွေကို ပိတ်ဆို့ကာ စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

မနေ့ကလည်း မန္တလေးမြို့လယ်က ချမ်းအေးသာစံမြို့နယ်၊ ၈၁ လမ်း၊ ၂၆ လမ်းနဲ့ ၂၇ လမ်းကြား၊ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာ မြ၀တီဘဏ်နဲ့ မျက်နှာချင်းဆိုင်ဗလီ၀င်းအတွင်း ဒေသအခေါ် ရွေတိုက်ဝင်းထဲက နေအိမ်တစ်အိမ် ဓားပြတိုက်ခံရပြီး ရွှေနဲ့ငွေတွေပါသွားခဲ့ကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က ပြောပါတယ်။

မန္တလေးမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေစိုးမိုးမှုမရှိတော့ဘဲ ရွှေဆိုင်တွေ၊ ဘဏ်တွေကအစ မကြာခဏ ဓါးပြတိုက်ခံရတာတွေ၊ ဓါးပြတိုက်လူသတ်မှု လုယက်မှူတွေ မကြာခဏ ဖြစ်​ပွားနေကြောင်း မြို့ခံတွေဆီက သိရပါတယ်။
🔥20🤬154👍3🤣1
👍23🔥2🖕2
မြင်းမူမြို့နယ်ကတိုက်နယ်ပကဖ တာဝန်ခံစစ်အုပ်စုနဲ့ပေါင်းပြီး နောက်အခွန်ဂိတ်နေရာတွေကိုစစ်တပ်ဗုံးကြဲ

စက်တင်ဘာ၁၅-၂၀၂၆။ကတ်သရင်း/ People's Spring

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်
လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေး
ရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

ဂုံညင်းဆိပ်တိုက်နယ်ပကဖ တာဝန်ခံ မြတ်စိုးဟာ လောင်းကစားဝိုင်း၊တရားမဝင်လူပြန်ပေးဆွဲမှု၊လာဘ်စားမှု တွေကြောင့်တော်လှန်
ရေးတပ် တွေကအရေးယူဖို့ လုပ်ချိန်မှာ လက်
နက်၁၀ လက်ကျော် ၊ငွေသား၊ကားနဲ့ အတူ စက်တင်ဘာလ၁၃ ရက်နေ့ က ဇနီးဖြစ်သူနှင့်အတူ စစ်အုပ်စုထံပူး ပေါင်းသွားခဲ့တယ်လို့ ​​​တော်လှန်​ရေးတပ်​တွေက​ပြောပါတယ်။

၎င်းတို့နှစ်ဦးစစ်အုပ်စုနဲ့ ပူးပေါင်းပြီးတဲ့နောက်
မြင်းမူမြိုနယ်၊အ ရှေ့ မြောက်ခြမ်းက အခွန်ဂိတ်‌‌၃နေရာကို စစ်အုပ်စုက Gyrocopter ၃စီးနဲ့ စက်တင်ဘာလ၁၄ ရက်မှာသုံးကြိမ်တိုင်ဗုံးကြဲခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

"သူနဲ့ ဆက်စပ်နဲ့ နေရာ တွေပေါ့။ဒီနေရာတွေကိုပဲကြဲတာ။အခွန်ဂိတ်တွေနားကြတယ်။ကင်းထောက် Scout တွေဝဲပြီး လေကြောင်းကြဲနေတာ။ဒီနေ့တော့ ငြိမ်တယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်နယ်ပကဖ တာဝန်ခံ မြတ်စိုးက စစ်အုပ်စုနဲ့ ပူးပေါင်းသွားတာ ကြောင့်ဒေသခံ ကျေးရွာတွေဖြစ်တဲ့ ဂုံညင်းဆိပ်၊အင်းမ၊မူးမန္တလေး၊မကျီးကန်၊ကံပြား၊‌ ရွှေကျောင်းကန် စတဲ့ ကျေးရွာက ဒေသခံ တွေလည်း ကြောက်
လန့်ကာ ရှောင်တိမ်း နေကြတယ်လို့ သိရပါတယ်။

(​

#မြင်းမူတိုက်နယ်ပကဖတာဝန်ခံစစ်တပ်နဲ့ပေါင်း #Gyrocopter #ဗုံးကြဲ
#Peoplesspring #ludunwayoo
🤬37🔥63👎2👏2🤮2
တော်လှန်​ရေးအဖွဲ့​တွေရဲ့အခွန်​ကောက်တဲ့ဂိတ် ဗုံးကြဲခံရအပြီး​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့
🤬37🔥6👎2👏21
နေရာပေါင်းစုံမှာ တိုက်ပွဲ၀င်ဖို့ စုဖွဲ့မှုသင်တန်းပြီးပြီလို့ BLDF တပ် ထုတ်ပြန်

စက်တင်ဘာ-၁၅၊၂၀၂၆။ဖိုးသား/People's Spring

အညာအပြင် အခြားဒေသတွေမှာတိုက်ပွဲ၀င်ဖို့ စုဖွဲ့မှုသင်တန်းပြီးစီးပြီလို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စုဖွဲ့မှုသင်တန်းပြီးစီးတာကြောင်း သင်တန်းဆင်းပွဲကို မနေ့က(စက်တင်ဘာ ၁၄ ရက်) အညာဒေသ တနေရာမှာ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

"အညာဒေသအပြင် အခြားဒေသတွေမှာလည်း စစ်ရေးလှုပ်ရှားမှူတွေ လုပ်ဆောင်နိုင်ဖို့အတွက် ပြုလုပ်ရတာဖြစ်ပါတယ်။ ဒေသအသီးသီးမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်ပြီဆိုတာကို ပြည်သူတွေကိုလည်းအသိပေးပါတယ်"လို့ BLDF တာ၀န်ရှိသူက သင်တန်းဆင်းပွဲနဲ့ပတ်သက်လို့ လူထုနွေဦးကို ပြောပါတယ်။

"စုဖွဲ့၊ ပြင်ဆင်၊ တိုက်ပွဲ၀င်" ဆိုတဲ့အတိုင်း စုဖွဲ့ပြင်ဆင်တဲ့ရည်ရွယ်ချက်ဟာ တိုက်ပွဲဝင်သွားဖို့ရှိနေတယ်ဆိုတာကိုလည်း သူကထပ်လောင်း အသိပေးပါတယ်။

မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) က နေ ၂၀၂၄ ဇွန်လ ၂၇ ရက်မှာ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (Burma Liberation Democratic Front - BLDF)လို့ ပြောင်းလဲ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အခုနှစ် ပထမနှစ်ဝက်အတွင်းမှာပဲ စစ်ရေးလှုပ်ရှားမှုပေါင်း ၁၀ ကြိမ်ရှိခဲ့တယ်လို့ BLDF က အသိပေးထားပါတယ်။

အဲဒီထဲက ၂ကြိမ်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG၀ရဲ့ ကာကွယ်ရေး၀န်ကြီးဌာနနဲ့ မဟာမိတ်တွေထံ ရဲဘော်တွေပို့ပေးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

တခြား ၈ကြိမ်က တပ်ဖွဲ့အခြေစိုက်ရာဒေသတွေက စစ်ရေးလှုပ်ရှားမှုတွေဖြစ်ပြီး တိုက်ပွဲတွေမှာ ရဲဘော်၂ဦး ကျဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ BLDF က ဆိုပါတယ်။

မုံရွာ၊ပုလဲ၊ယင်းမာပင်၊မြင်းမူ နဲ့ ချောင်းဦးမြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က ထိခိုက်သေဆုံးသူ ရာဂဏန်း အထိရှိနိုင်ပြီး လက်နက် ၂လက် သိမ်းရရှိခဲ့တယ်လို့လည်း BLDF ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
39👏9🔥2👍1🥰1🤣1🖕1
ဓာတ်ပုံ - Burma Liberation Democratic Front - BLDF
47👍7🔥2🖕2🥰1👏1
မောင်တောမှာ ၂ နှစ်ကျော်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့သူကို ထောင် ၁၀ နှစ် ချ

စက်တင်ဘာ ၁၅၊ ၂၀၂၆။ ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်မှာ အောင်သုခရွာမှ မောင်ပေါက်စချေဟာ အိမ်နီးချင်းဖြစ်တဲ့ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်၊ အလောင်းဖျောက်ခဲ့တာဖြစ်ပြီး အဲဒီအမှုကို ငါးလဝန်းကျင်ကြာ စစ်ဆေးပြီးနောက် စက်တင်ဘာ ၄ ရက်မှာ အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

အဲဒီအမှုမှာ တရားလိုပြသက်သေ ၇ ဦးနဲ့ တရားခံဘက်က ခံပြသက်သေ ၄ ဦးတို့ကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ မောင်ပေါက်စချေဟာ သက်ငယ်မုဒိမ်းမှု၊ ပစ္စည်းလုယက်မှု၊ လူသတ်မှု၊ အလောင်းဖျောက်မှုတို့နဲ့ တရားစွဲ ဆိုခံခဲ့ရတာဖြစ်ပေမယ့် တရားရုံးကတော့ လူသတ်မှုနဲ့ မုဒိမ်းမှုတို့အတွက်သာ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုပြစ်မှုကျူးလွန်တဲ့ မောင်ပေါက်စချေဟာ အသက် ၁၆ သာရှိသေးပြီး အသက်မပြည့်သေးတာကြောင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပြဌာန်းချက်တွေအရ အရွယ်ရောက်ပြီးသူတွေအပေါ် ချမှတ်နိုင်တဲ့ ပြစ်ဒဏ်တွေအတိုင်း ချမှတ်နိုင်ခြင်းမရှိဘဲ ထောင်ဒဏ် ၁၀ နှစ်သာ ချမှတ်တာလို့ သိရပါတယ်။

အဓမ္မပြုကျင့်၊ သတ်ဖြတ်ပြီးနောက် အလောင်းဖျောက်ဖျက်ရာမှာ ကြံရာပါအဖြစ် ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ မိသားစုဝင်တွေပြောထားတဲ့ မောင်ပေါက်စချေရဲ့ မိခင်ကိုတော့ ရဲစခန်းကရော တရားရုံးကပါ ပြန်လွှတ်ပေးခဲ့ပါတယ်။

အမှုဖွင့်စမှာတော့ မောင်ပေါက်စချေနဲ့ သူ့မိခင်ဖြစ်သူတို့ကိုပါ ဖမ်းဆီးထားခဲ့ပေမယ့် တလကျော်အကြာမှာ မိခင်ဖြစ်သူကို ရဲက ပြန်လွှတ်ပေးခဲ့တာပါ။

အဲဒီလို ရဲက လွှတ်ပေးလိုက်တဲ့အတွက် အဓမ္မပြုကျင့်ခံရသူကလေးငယ်ရဲ့ မိသားစုဖြစ်တဲ့ တရားလိုဘက်က မကျေနပ်တာကြောင့် တရားရုံးမှာ ထပ်တိုးသက်သေ ၆ ဦး တင်သွင်းပြီး ထပ်မံစစ်ဆေးဖို့ တောင်းဆိုခဲ့ကာ ထပ်မံစစ်ဆေးရာမှာလည်း အလောင်းဖျောက်ကြောင်း ခိုင်လုံတဲ့အထောက်အထားမရှိလို့ဆိုကာ ထပ်လွှတ်ပေးခဲ့ပါတယ်။

“ကောင်လေးက အသက်မပြည့်သေးလို့ ပြစ်ဒဏ်အပြည့်မကျတာက နားလည်လို့ရသေးတယ်။ အလိုတူအလိုပါဖြစ်တဲ့ သူ့အမေကိုတော့ အရေးယူဖို့လိုတယ်”လို့ အဲဒီအမှုအကြောင်း သိထားပြီး မိသားစုနဲ့ နီးစပ်တဲ့ မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီလိုကျူးလွန်သူရဲ့မိခင်ကို ပြန်လွှတ်ပေးလိုက်တဲ့အပေါ် အဆင့်မြင့်တရားရေးဌာနကို ဆက်လက်တိုင်ကြားသွားမယ်လို့ တရားလိုမိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။ မောင်ပေါက်စချေနဲ့ မိခင်တို့ဟာ အဓမ္မပြုကျင့်၊ သတ်ဖြတ်ထားတဲ့ ကလေးငယ်ကို အိတ်နဲ့ထုတ်ပိုးကာ အလောင်းဖျောက်ခဲ့တာလို့ မိသားစုဝင်တွေက ဆိုထားပါတယ်။

အခုလို ထောင်ဒဏ် ၁၀ နှစ် ချမှတ်တဲ့အပေါ်မှာ ရခိုင်ဒေသခံလူငယ်အမျိုးသမီးတဦးက “အဓမ္မပြုကျင့်ခံရတဲ့ ကလေးက တအားလည်းငယ်သေးတယ်၊ ကြားရတာတောင် ရင်ထဲဆို့ပါတယ်။ တရားခံကို ထောင် ၁၀နှစ်ဆိုတာက ကျွန်မအနေနဲ့ ပြောရင်တော့ မကျေနပ်ဘူး ၊ဒီထက် ပိုကြီးတဲ့အပြစ်ပေးစေချင်တယ်၊ နောက်လူတွေလည်း မကျုးလွန်ရဲအောင်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်က ပုဏ္ဏားကျွန်းမြို့နယ်မှာ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့ အမှုမှာတော့ စစ်တွေ ခရိုင်တရားရုံးက ကျူးလွန်သူကို သေဒဏ်ချမှတ်ခဲ့ပြီး ပူးပေါင်းကြံစည်ခဲ့သူနှစ်ဦးကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် ကျောက်တော်မြို့နယ်အတွင်းက ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူကိုလည်း ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့ပါတယ်။
👍36🤬123🤣3🖕2🔥1👏1
👍22🖕32
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(စက်တင်ဘာ ၁၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️အာရှ-ပစိဖိတ်ဒေသ အလှည့်ကျဥက္ကဋ္ဌအဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလညီလာခံတက်ရောက်

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်က သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ လုပ်ဆောင်ချက်တွေဟာ တရားမဝင်ဘူးလို့ ထုတ်ပြန်အပြီး တစ်ရက်အကြာ မနေ့က တနင်္လာနေ့မှာ မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိတဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုကိုယ်စား သံအမတ်ကြီးက တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ နော်ဝေဘုရင် ပဉ္စမမြောက်ဟာရဲလ်ဒ် ကွယ်လွန် နတ်ရွာစံခြင်းအတွက် သူ့ကိုအောက်မေ့လွမ်းဆွတ်တဲ့ အခမ်းအနားကို မနေ့ မနက်ပိုင်းက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အခမ်းအနားကို (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ သဘာပတိက ဖွင့်လှစ်ပေးခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အမှုဆောင်ရုံး ထိပ်တန်းတာဝန်ရှိသူက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်စား တက်ရောက်ကာ အောက်မေ့ဖွယ်စကား ပြောကြားခဲ့ကြတယ်လို့ ဆိုပါတယ်။ အလားတူ ကုလသမဂ္ဂရှိ သက်ဆိုင်ရာ ဒေသအုပ်စုများရဲ့ အလှည့်ကျဥက္ကဋ္ဌများကလည်း ပါဝင်တက်ရောက်ကာ အမှတ်တရ အောက်မေ့ဖွယ်စကားများ ပြောကြားခဲ့ကြတယ်လို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

◾️စစ်တပ်ရဲ့လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်စပ်ပြီး Telenor စစ်ဆေးခံနေရ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးတဲ့နောက် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာအားပေးအားမြှောက် ပါဝင်ပတ်သက်ခဲ့သလား ဆိုတာနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစုကြီး Telenorကို စုံစမ်း စစ်ဆေးနေကြောင်း နော်ဝေးရဲတပ်ဖွဲ့က ပြောပါတယ်။ နော်ဝေအခြေစိုက်Telenorကုမ္ပဏီဟာ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေး စျေးကွက်မှာ ပါဝင်ခဲ့ဖူးပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု အပြီးမှာတော့ မြန်မာလုပ်ငန်းခွဲ ရှယ်ယာတွေကို ရောင်းချပြီး မြန်မာနိုင်ငံကနေ ထွက်ခွာသွားပါတယ်။ ဒါပေမဲ့ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်က လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ Telenorက အားပေးကူညီခဲ့သလားဆိုတဲ့ သံသယ အခြေအနေတွေအတွက် အခုအခါ နော်ဝေ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတာပါ။ အဓိက သံသယရှိတဲ့ အချက်တွေထဲမှာတော့ ပိတ်ဆို့အရေးယူမှုဆိုင်ရာဥပဒေတွေကိုပါ Telenorက ချိုးဖောက်ခဲ့သလားဆိုတာမျိုးတွေလည်းပါဝင်ပါတယ်။ စက်တင်ဘာ ၁၅ ရက် ဒီနေ့မှာ အော့စလိုမြို့တော်မှာ ရှိနေတဲ့ Telenor ဌာနချုပ်ကို ရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေး ရှာဖွေခဲ့ပါတယ်။ မြန်မာစစ်တပ်က အရပ်သား ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့အချိန်မှာ Telenorရဲ့ မြန်မာလုပ်ငန်းခွဲဟာ သုံးစွဲသူတွေဆီက ရရှိထားတဲ့ အချက်အလက်တွေကို စစ်တပ် အာဏာပိုင်တွေဆီ အကြိမ်ကြိမ် လွှဲပြောင်းပေးခဲ့တယ်လို့ နော်ဝေ ရဲတပ်ဖွဲ့က ပြောပါတယ်။ Telenorကတော့ စုံစမ်းစစ်ဆေးရေး အရာရှိတွေနဲ့ အနီးကပ်ပူးပေါင်းပြီး အခြေအနေတွေကို ရှင်းရှင်းလင်းလင်းဖြစ်လာအောင် အစွမ်းကုန် ကူညီမယ်လို့ ပြောပါတယ်။

◾️ဗေဒင်ဟောပြီး၂လုံးဂဏန်းရောင်းတဲ့ ဗိုလ်မှူးကပစ(၁၆)အနီးတိုက်ပွဲမှာ သေဆုံး

ဗေဒင်ဟောပြီး နှစ်လုံးထီဂဏန်း​တွေ​ ရောင်းပေးနေတဲ့ ဗိုလ်မှူးတစ်ဦးဟာ ပဲခူးတိုင်း၊ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီး တိုက်ပွဲမှာ အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်လို့ သေဆုံးသွားတယ်လို့ စစ်တပ်သတင်းရင်းမြစ်က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်အသိုင်းဝိုင်းမှာ ဗေဒင်ဆရာဝေကမ္ဘာစိုးလို့လူသိများတဲ့ ဗိုလ်မှူးဝေကမ္ဘာစိုးဟာ စက်တင်ဘာ ၁၅ရက်မနက်ပိုင်းမှာ စနိုက်ဘာထိပြီး သေဆုံးတာလို့ သူနဲ့အဆက်အသွယ်ရှိတဲ့ ဗေဒင်ဆရာမတစ်ဦးက ပြောပါတယ်။ ဗိုလ်မှူးဝေကမ္ဘာစိုးဟာ အသက် ၃၆ နှစ်အရွယ်ရှ်ိပြီး ဝေကမ္ဘာစိုးအမည်နဲ့ ဖေ့ဘွတ်အကောင့် နှစ်ခုထက်မနည်း အသုံးပြုနေပါတယ်။ သူ မသေဆုံးခင်ရက်အနည်းငယ်မှာလည်း ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ နှစ်လုံးထီဂဏန်းတွေ ရေးတင်ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် တယ်လီဂရန်ဂရုဖွဲ့ထားပြီး တစ်ဦးကို တစ်ပတ် ၁၅,၀၀၀ ကျပ်ယူပြီး ဗေဒင်ဟောတာတွေ၊ နှစ်လုံးထီဂဏန်းပေးတာတွေ လုပ်နေတယ်လို့ သူ့ရဲ့မိတ်ဆွေတစ်ဦးက ပြောပါတယ်။

◾️လေးလကြာတဲ့အထိ ဖာပွန်ဆီ စစ်တပ်စစ်ကြောင်း မထိုးဖောက်နိုင်
👍203🤣2🖕1
ကရင်ပြည်နယ်၊ ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလ လေးလကျော်လာတဲ့အထိ ဖာပွန်ဆီ မရောက်နိုင်ဘဲ အထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ(၅) ဖာပွန်ခရိုင်က ထုတ်ပြန်ပါတယ်။ ကမမောင်းမြို့နဲ့ ဖာပွန်မြို့ဟာ ၅၆ မိုင်သာဝေးပြီး သာမာန်အခြေအနေမှာ ကားနဲ့ဆိုရင် နှစ်နာရီနီးပါးသာမောင်းရတာပါ။ အာဏာသိမ်းစစ်တပ်ဟာ လက်လွှတ်ထားရတဲ့ ဖာပွန်နယ်မြေကို ပြန်ရဖို့ ပြီးခဲ့တဲ့ မေလ ပထမပတ်ကစတင်ပြီး ကမမောင်းမြို့ကနေ ဖာပွန်ဆီ ဦးတည်ပြီး စစ်ကြောင်းထိုးခဲ့တာပါ။ လေးလကျော်ကြာချိန် အခုလ စက်တင်ဘာဒုတိယပတ်မှာတော့ ဖာပွန်ဆီမရောက်ဘဲ ကမမောင်း-ဖာပွန်လမ်းပိုင်းပေါ်က ဖားလုံကြီးရွာမှာ စစ်တပ်စစ်ကြောင်းရောက်ရှိနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

◾️စစ်မှုထမ်းတပ်သားသစ်တွေ ယူနီဖောင်းချွတ် ထွက်ပြေးနေ

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူပို့မယ့် စစ်မှုထမ်းတပ်သားသစ်တွေဟာ ယူနီဖောင်းတွေချွတ်ပြီး ထွက်ပြေးနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေတဲ့ အင်အား ၃၀၀ ပါတဲ့ စစ်တပ်စစ်ကြောင်းက စစ်မှုထမ်းတပ်သား ၆ဦးထက်မနည်းဟာ လောင်းရှည်-တောင်ဘို့ကြီးရွာကြားမှာ ထွက်ပြေးခဲ့တာလို့ ဆိုပါတယ်။ မနေ့က လမ်းကြောင်း၀င်ရှင်းတော့ တပ်မ(၉၉) ဘတ်တံဆိပ်နဲ့ အ၀တ်အထည်တွေ တွေ့ရတာကြောင့် ယူနီဖောင်းပါချွတ်ပြီး ထွက်ပြေးကြတယ်လို့ ပြောလို့ရကြောင်း ဆောမြို့နယ် တော်လှန်ရေးတပ်တွေနဲ့နီးစပ်သူတစ်ဦးက ‌ပြောပါတယ်။ ဒါပေမဲ့ လက်ရှိစစ်တပ်စစ်ကြောင်းက လောင်းရှည်နဲ့ ဆောမြို့လမ်းပိုင်းပေါ်က သီးကုန်းကျေးရွာကနေ ဆောမြို့ကို တချို့၀င်ရောက်နေပြီလို့ သူက အသိပေးပါတယ်။

◾️စစ်မှန်တဲ့ လွတ်လပ်မှုအတွက်ကြိုးပမ်းဖို့ SCEF ခေါင်းဆောင်တွေ တိုက်တွန်း

စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေး ကြိုးပမ်းနေချိန်ဖြစ်လို့ ညီညွတ်စွာ ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ခေါင်းဆောင်တွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဒီနေ့ စက်တင်ဘာ ၁၅ရက်မှာ ကျင်းပတဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားမှာ SCEF ခေါင်းဆောင်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ SCEF အလှည့်ကျသဘာပတိ ခူဦးရယ်တို့က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ခေါင်းဆောင်တွေက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆောင်ရွက်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့ကြပါတယ်။ ဒီကနေ့ အားလုံး ဖြတ်သန်းချီတက်နေတဲ့ နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ တိုင်းသစ်ပြည်သစ်တည်ထောင်ဖို့အတွက် ကြိုးစားနေကြတဲ့ ရုန်းကန်မှုကြီးဖြစ်တယ်လို့လည်း ယာယီသမ္မတက ပြောပါတယ်။ အခုဆိုရင် SCEFလို့ ခေါ်တဲ့ တပ်ပေါင်းစုံ သဏ္ဍန်တော်လှန်ရေးတပ်ဦးတစ်ခုကို အတူတကွ ဖော်ဆောင်နေကြပြီး ဒါဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးအတွက်ဖြစ်တယ်လို့ အသိပေးပါတယ်။

◾️စစ်တပ်လေတပ်စခန်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ PDF၊ ပကဖ ပူးပေါင်းတပ်တွေကို NUG ယာယီသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးချုပ် ဂုဏ်ပြု

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦးလေတပ်စခန်းကို တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကပဖ)ပူးပေါင်းအဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလနဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က စက်တင်ဘာ ၁၄ရက်နေ့ရက်စွဲနဲ့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ပြည်သူလူထုအပေါ် လေကြောင်းကနေ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်နေတဲ့ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်ရှိ စစ်တပ်ရဲ့ ပင်မစစ်ဘက်သုံး လေတပ်စခန်းကို စက်တင်ဘာ (၁၀)ရက်မှာ PDF ပူးပေါင်းတပ်က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို ဒရုန်းစစ်ဆင်ရေး အောင်မြင်စွာ ဖော်ဆောင် တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် အသိအမှတ်ထား ဂုဏ်ပြုကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပြီးတော်လှန်ရေး ရဲဘော်များရဲ့ ညီညွတ်မှုကို အသိမှတ်ပြု မှတ်တမ်းတင်ကြောင်း ပါရှိပါတယ်။ ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်သူ မိသားစုဝင်များနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်းလည်း NUGက ဖော်ပြပါတယ်။

◾️မြင်းမူမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံစစ်အုပ်စုနဲ့ပေါင်းပြီးနောက် အခွန်ဂိတ်နေရာတွေကို စစ်တပ်ဗုံးကြဲ
👍194🤣2🖕1