စင်းခန်းတံတား ပြန်ရယူဖို့နဲ့ ဗန်းမော်ကို စစ်ကူဖြည့်ဖို့ စစ်တပ်က ကြည်း၊ရေ၊လေ သုံးထိုးစစ်ဆင်နေဟု KIAပြော
▪️ရွှေကူတိုက်ပွဲ စစ်တပ်အရာရှိ အပါအဝင်သေဆုံးမှုရှိ
ဩဂုတ် ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စင်းခန်းတံတားကို ပြန်လည် ထိန်းချုပ်နိုင်ဖို့နဲ့ ဗန်းမော်မြို့ကို စစ်အင်အားလက်နက်ခဲယမ်းဖြည့်တင်းဖို့ ကြည်း၊ရေ၊လေ အသုံးပြုတိုက်ခိုက် ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
ဩဂုတ် ၂၉ရက်မှာ ရွှေကူမြို့ကနေ ဧရာ၀တီမြစ်ကြောင်းတလျှောက် စစ်ကြောင်းထိုးဆန် တက်လာတဲ့ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့ကြောင်းအသိပေးရာမှာ စစ်တပ်က လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းက စစ်ရေးလှုပ်ရှား တိုက်ခိုက်နေတဲ့ အခြေအနေကို ဖော်ပြခဲ့တာပါ။
မနေ့က စစ်သင်္ဘောတွေ တိုက်ခိုက်ခဲ့ရာ အထိအခိုက်ရှိမရှိ KIAက ဖော်ပြမထားပေမဲ့ စစ်သင်္ဘောတွေ ရွှေကူမြို့ဘက်ကို ပြန်ဆင်းသွားတယ်လို့ အသိပေးထားပါတယ်။
ကချင်သတင်းရင်းမြစ်အချို့ရဲ့ ပြောပြချက်အရတော့ ရှေ့ပြေးစစ်သင်္ဘော နှစ်စီးအနက် ၁စီးဟာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် မီးလောင်သွားသလို သေဆုံးထိခိုက်မှုလည်းရှိတယ်လို့ ဆိုပါတယ်။ အဲဒီသင်္ဘောကို ရွှေကူမြို့နယ် သင်္ဘောအင်းရွာရဲ့ အထက်ဘက် ကြက်တူရွေးနှုတ်သီး ရဲ့အောက် တနေရာမှာ တိုက်ခိုက်ခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ စစ်သင်္ဘောတွေကို Y12 လေယာဉ်များနဲ့ လုံခြုံရေးယူတာတွေ ဧရာ၀တီမြစ်ကြောင်းတလျှောက်မှာနေတဲ့ ရွာတွေကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာတွေဆက်တိုက်ပြုလုပ်နေတာကြောင့် KIOက ပြည်သူတွေ သတိနဲ့ တိမ်းရှောင်နေထိုင်ကြရန် သတိပေး နှိုးဆော်ထားကြောင်းလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
ဒါ့အပြင် KIA တပ်မဟာ(၁၁)နဲ့ တပ်မဟာ (၈)ဒေသအတွင်းဘက်ကို စစ်ကော်မရှင်ဘကက ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားနေလို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေကြောင်း အသိပေးပါတယ်။
ရွှေကူမြို့နယ်အတွင်း မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အရာရှိ အပါအဝင် သေဆုံးထိခိုက်မှု များပြားခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။
ဩဂုတ် ၂၉ရက်က စစ်သင်္ဘောတွေ တိုက်ခိုက်ရာမှာ စစ်တပ်က ၁၆ဦးလောက်သေဆုံးသလို မြေပြင်တိုက်ပွဲမှာလည်း အရာရှိ သေဆုံးမှုရှိတယ်လို့ ကချင်သတင်းရင်းမြစ်တစ်ဦးက အသိပေးထားပါတယ်။
မနေ့က မြေပြင်တိုက်ပွဲမှာ ဗိုလ်မှူးအဆင့် အရာရှိ ကျဆုံးခဲ့တာလို့ဆိုပါတယ်။ စစ်တပ်ဗိုလ်မှူးကျဆုံးတဲ့ တိုက်ပွဲဟာ ဧရာ၀တီမြစ်ဘေး ဇင်းဘုံရွာအနီး ဖြစ်တဲ့ တိုက်ပွဲမှာလို့ သတင်းရင်းမြစ်က ပြောပါတယ်။
မနေ့က ဇင်းဘုံကျေးရွာမှာ မနက်ပိုင်းတပိုင်းလုံးတိုက်ပွဲပြင်းထန်ခဲ့တာလို့ အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဧရာ၀တီမြစ်ကူးတံတား (စင်းခန်း)ဟာ မီးရထားလမ်းနဲ့ ကားလမ်းပါဝင်တဲ့ တံတားဖြစ်ပြီး စစ်ရေးအရအရေးပါတဲ့ အဲဒီတံတားကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ၂၀၂၄ မေလ ၇ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။
(၂၀၂၄ မေ ၇ ရက်က စင်းခန်းရွာသိမ်းပြီးနောက် ဧရာဝတီမြစ်ကူးတံတားပေါ်မှာ တွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-ကချင်တောင်တန်း)

👍40❤9👎1🥰1🤣1🖕1
ဗုဒ္ဓဘာသာမှာ ပဋာစာရီဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ခင်ပွန်း၊ သားနှစ်ယောက်နဲ့ မိဘတွေကို ဆုံးရှုံးခဲ့ရသူပါ။ ဆုံးရှုံးမှုတွေ တစ်ခုပြီးတစ်ခု ကြုံလာရတာကြောင့် သောကဒဏ်ကို မခံနိုင်တော့ဘဲ စိတ်လွတ်သွားခဲ့တယ်လို့ ဆိုပါတယ်။နောက်ဆုံးမှာတော့ မြတ်စွာဘုရား
ရဲ့ တရားတော်ကို နာယူခွင့်ရပြီး သောကကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ “ပဋာစာရီ” ဆိုတဲ့စကားကို သောကတွေများလွန်းပြီး စိတ်ထိခိုက် ကြေကွဲနေသူ တွေကို တင်စားပြီးသုံးလာကြပါတယ်။ ဒါပေမယ့် ဒီနေ့ မြန်မာပြည်မှာ ပဋာစာရီဆိုတာ တစ်
ယောက်တည်း မဟုတ်တော့ပါဘူး။
အသက်၂၄ နှစ်ပဲ ရှိသေးတဲ့သားတစ်ယောက်ကို စဉ်းစားကြည့်ပါ။ချောတယ်။ လူချစ်လူ
ခင်ပေါတယ်။ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတယ်။ ဘဝရဲ့ ရှေ့လျှောက်ခရီးကလည်း အများကြီး ကျန်သေးတဲ့အရွယ်။ တစ်ညမှာ ကုမ္ပဏီက အဖွဲ့လိုက် စားသောက်ကြပြီးတဲ့နောက် ကုမ္ပဏီကားနဲ့ ဝန်ထမ်းမိန်းကလေးတစ်ယောက်ကို အိမ်လိုက်ပို့ခဲ့ပါတယ်။ အဲဒီနောက် သူ့အိမ်ကို ပြန်မရောက်လာတော့ဘူး။ ဖုန်းဆက်လို့ မရတော့တဲ့အခါ မိခင်က သားကို တစ်ညလုံး လိုက်ရှာခဲ့တယ်။ သားလေး ဘယ်မှာလဲ၊ ဘာဖြစ်နေလဲဆိုတာ မသိရသေးတဲ့အချိန်မှာ မျှော်လင့်ချက်ကတော့ရှိနေသေးမှာပါ။ နောက်ဆုံးမှာတော့ လမ်းဘေးတစ်နေရာမှာ သေဆုံးနေတဲ့ သားရဲ့အလောင်းကို တွေ့ခဲ့ရပါတယ်။
မိခင်တစ်ယောက်အနေနဲ့ အဲဒီညကို ဘယ်လိုဖြတ်သန်းခဲ့ရမလဲ။ သားလေး ရှင်သန်နေမယ်လို့ မျှော်လင့်ရင်း လိုက်ရှာခဲ့တဲ့ ခြေလှမ်းတိုင်းမှာ မျှော်လင့်ချက်ရှိခဲ့မှာပါ။ ဒါပေမယ့် နောက်ဆုံးမှာ တွေ့လိုက်ရတာက အသက်မရှိတော့တဲ့ သားရဲ့ခန္ဓာကိုယ်။
အဲဒီဖြစ်ရပ်က Facebook ပေါ်မှာ လူအများ ပြောဆိုခဲ့ကြတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မိခင်တစ်ယောက်အတွက်တော့ အဲဒါဟာ Facebook ပေါ်က သတင်းတစ်ပုဒ် မဟုတ်ပါဘူး။ သူ့ဘဝတစ်ခုလုံးပါ။
နောက်ထပ် မိခင်တစ်ယောက်ကို စဉ်းစားကြည့်ပါ။သားတစ်ယောက်က အသက် ၂၀ ကျော်မှာ လမ်းပေါ်မှာလုယက်ခံရပြီး အသက်ဆုံးရှုံးသွားတယ်။နောက်သားတစ်ယောက်ကတော့ ကားမတော်တဆမှုနဲ့ ဆုံးသွားတယ်။ ကျန်တဲ့သားတစ်ယောက်ကိုလည်း စစ်မှုထမ်းရမယ့် အခြေအနေကို စိုးရိမ်လို့ တစ်နေရာရာကို ပို့ထားရတယ်။ သားသမီးတွေကို ပြုစုပျိုးထောင်ပြီး အသက် ၇၀ ဝန်းကျင်အထိ ရောက်လာတဲ့ လင်မယားနှစ်ယောက်ဟာ အခုတော့ အိမ်မှာ နှစ်ယောက်တည်း ကျန်နေကြတယ်။ နှစ်ယောက်စလုံးက ကျန်းမာရေးမကောင်းကြပါဘူး။ လေဖြတ်ထားကြတယ်။ သူတို့ကို ပြုစုစောင့်ရှောက်ပေးနေကြတာက ကိုယ့်သားသမီးတွေ မဟုတ်တော့ဘူး။ အိမ်နီးချင်းတွေပါ။
https://www.ludunwayoo.com/opinion-mm/2026/08/28/166816/

LuduNwayOo
ပဋာစာရီတွေ မပေါ်တော့မယ့် အချိန် | LuduNwayOo
ဗုဒ္ဓဘာသာမှာ ပဋာစာရီဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ခင်ပွန်း၊ သားနှစ်ယောက်နဲ့ မိဘတွေကို ဆုံးရှုံးခဲ့ရသူပါ။ ဆုံးရှုံးမှုတွေ တစ်ခုပြီးတစ်ခု ကြုံလာရတာကြောင့် သောကဒဏ်ကို မခံနိုင်တော့ဘဲ စိတ်လွတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့…
👍22❤10😢8👎1🤮1🤣1
လားရှိုးမြို့မှာ စစ်တပ်က ကင်းထောက်လေယာဉ်ပျံသန်းမှု ခပ်စိပ်စိပ်လုပ်လာ
ဩဂုတ်−၃၀၊၂၀၂၆အိမ်သွင်/People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
သြဂုတ်တတိယပတ်ကစပြီး စစ်တပ်က ကင်းထောက်လေယာဉ်ပျံသန်းမှုတွေပိုများလာတာလို့ ဒေသခံတွေက ပြောပါတယ်။သြဂုတ်၂၈ရက်နဲ့ ၂၉ရက်မှာ စစ်တပ်ကင်းထောက်လေယာဉ် ၂စီး ၂ရက်ဆက် အနိမ့်ပျံသန်းမှုရှိခဲ့တယ်လို့ လားရှိုးမြို့ဒေသခံတွေက ပြောပါတယ်။
" ပုံမှန်အခြေနေတော့မဟုတ်ဘူး ဖြစ်နေတယ်။ နေရတာတော့ အမှန်တကယ် ကျီးလန့်စာစားပဲ။ ဒီရက်ထဲ ပိုသာတယ်။ စစ်တပ်က ကင်းလှည့် အင်အားပြတာတွေလည်းရှိတယ်"လို့ ၎င်းက ပြောပါတယ်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နဲ့ PDF ပါဝင်တဲ့ပူးပေါင်းတပ်တွေက ၂၀၂၄ ဩဂုတ်မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လားရှိုးမြို့ကို သိမ်းယူခဲ့ပြီး MNDAAက ထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမယ့် တရုတ်အစိုးရအကူအညီနဲ့ စစ်တပ်ကပြီးခဲ့တဲ့ ၂၀၂၅ ဧပြီမှာ ပြန်လည်တောင်းယူထားပါတယ်။
စစ်တပ်က မြို့ပေါ်ကိုသာထိန်းချုပ်ခွင့်ရထားပြီး ဘေးပတ်ဝန်းကျင်နေရာတွေကို MNDAAက ဆက်လက်ထိန်းချုပ်ထားပါတယ်။ စစ်တပ်နဲ့ MNDAA အကြိမ်ကြိမ်ညှိနှိုင်းနေ ပေမယ့် ပြေလည်မှုမရသေးပါဘူး။
စစ်တပ် ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း မြို့ပေါ်ကို ရှော့တိုက်ဒုန်းနဲ့ လေးကြိမ်တိုက်ခိုက်ခံထားရပါတယ်။
ဖေဖော်ဝါရီ ၇ရက်၊ဖေဖော်ဝါရီ ၁၁ရက်၊ဧပြီ ၂၃ရက်နဲ့ ဇူလိုင် ၉ရက်တွေမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ဇူလိုင် ၉ရက်က ဖြစ်စဉ်မှာ ရပ်ကွက်(၆)က အရပ်သားအမျိုးသမီး ၁ဦးသေဆုံးပြီး ရပ်ကွက်(၁၀)က ၁ဦး ဒဏ်ရာရသွားပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နန့်ဖက်ကာနဲ့မူဆယ်မြို့နယ်တွေမှာ ကင်းထောက်လေယာဉ်နဲ့ဂျက်ဖိုက်တာပျံသန်းမှုတွေ ရှိခဲ့ပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော်( KIA) ထိန်းချုပ်ထားတဲ့ နမ့်ဖက်ကာမြို့ကို သြဂုတ် ၁၄ရက်ညပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
လက်ရှိ MNDAA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကိုလည်း ၂၀၂၅ ဇူလိုင် ၃၀ရက်မှာ စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၇ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်လိုပြီး တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့တွေကို ပြန်လည်တောင်းယူနေပါတယ်။
မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းပိုင်းမှာ နောင်ချို၊သီပေါ၊ လားရှိုး၊သန္နီ၊ကွတ်ခိုင်၊မူဆယ်မြို့တို့ပါဝင်ပါတယ်။ စစ်တပ်က နောင်ချို၊သီပေါနဲ့ လားရှိုးမြို့ကိုပဲ ထိန်းချုပ်ထားနိုင်ပြီး လားရှိုးမြို့ပတ်ဝန်းကျင်ကကျေးရွာတွေနဲ့သန္နီ၊ကွတ်ခိုင်မြို့ကို MNDAA၊နမ့်ဖက်ကာမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊မူဆယ်မြို့နယ်က နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့နဲ့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကိုမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားပါတယ်။
နယ်စပ်ကုန်သွယ်ရေးဟာ အစိုးရအချင်းချင်းဆောင်ရွက်ရတာဖြစ်လို့ ဘယ်ကြားခံ အဖွဲ့အစည်းမှ မလိုအပ်ဘူးလို့ ဇူလိုင် ၉ ရက်က ပြုလုပ်တဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာညှိနှိုင်းအစည်းအဝေးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ ကင်းထောက်လေယာဉ်နဲ့ဂျက်ဖိုက်တာပျံသန်းမှုတွေ ပိုများလာတာလို့ဒေသခံတွေက ပြောပါတယ်။
(၂၀၂၄ ဩဂုတ် ၁၃ ရက်က လားရှိုးလေဆိပ်မှာ လုံခြုံရေးယူထားတဲ့ MNDAA တပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ- The Kokang)

❤35👏7👎4🤬2👍1🔥1🎉1🤨1
ရခိုင်ရိုးမပေါ်တက်မယ့် မင်းတုန်းအနောက်ခြမ်းက စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခံရ
စစ်သုံ့ပန်း ၅ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းနဲ့ ရုပ်အလောင်းတချို့ သိမ်းရတယ်လို့ သရက်ခရိုင်ရင်း(၄) ပြော
ဩဂုတ်−၃၀၊၂၀၂၆။ဖိုးသား/People's Spring
ရခိုင်ရိုးမပေါ်တက်မယ့် မင်းတုန်းအနောက်ခြမ်းက စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သုံ့ပန်း ၅ ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းနဲ့ ရုပ်အလောင်းတချို့ သိမ်းဆည်းရရှိတယ်လို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က မတရားပေါ် တာဆွဲထားတဲ့ စစ်မှုထမ်းတပ်သား အများအပြားကို အသုံးချကာ သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်း ၎င်းတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းတွေခွဲကာ ဖြန့်ကျက်စစ်ကြောင်းထိုးလာမှုအပေါ် ဩဂုတ် ၂၉ ရက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ည ၇ နာရီ၀န်းကျင်မှာ မင်းတုန်းမြို့အနောက်ခြမ်း စစ်ကြောင်းထိုးရောက်ရှိနေတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်က အင်အား ၅၀ ၀န်းကျင်က ရိက္ခာရှာဖို့ထွက်လာချိန် တိုက်ခိုက်မှု ၁၀ မိနစ်နီးပါးဖြစ်ပွားခဲ့ပြီး စစ်တပ်ကအကျအဆုံးတွေနဲ့ ဆုတ်ခွာထွက်ပြေးခဲ့ရတယ်လို့ အသိပေးပါတယ်။
"ရိုးခြေတစ်လျှောက်မှာ စစ်ကြောင်းသုံးခုလောက် ဖြန့်ခွဲပြီးထိုးနေတယ်။နောက်ထပ်လည်း တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်"လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက မင်းတုန်းအနောက်ခြမ်း အခြေအနေအပေါ် ပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကြောင်းကို လိုက်လံရှင်းလင်းရာမှာ MA3 ၁ လက် နဲ့ ကျည်တွေအပြင် ဖုန်း ၁လုံး နဲ့စစ်တပ် ရုပ်အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က စစ်ရေးအသာစီးရယူဖို့အတွက် လေကြောင်း၊ လက်နက်ကြီး နဲ့ ဒရုန်းတွေကို အသုံးပြုတိုက်ခိုက်နေတဲ့ အပြင် စစ်မှုထမ်းတပ်သားသစ်(ပစ)တွေအသုံးပြုနေပေမယ့် လက်တွေ့စစ်မြေပြင်တွင် အမြဲအထိနာနေတယ်လို့ အသိပေးပါတယ်။
"ပစ တွေ အရမ်းများတယ်။စစ်တပ်က အသုံးချနေတာပေါ့။နေတိုင်းထွက်ပြေးလာတဲ့သူတွေရှိသလို ဖမ်းမိတဲ့သူတွေလည်းရှိတယ်"လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ထံက စွန့်ခွာထွက်ပြေးနေတဲ့ တပ်သားတွေလည်းရှိနေပြီး မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကြောင်းကထွက်ပြေးလာတဲ့ တပ်ကြပ်အဆင့် ၁ဦး ၊ ဒုတပ်ကြပ်အဆင့် ၂ဦး နဲ့ စစ်မှုထမ်း ၂ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို ပြန်သိမ်းဖို့ အနီးစပ်ဆုံးနေရာဖြစ်တဲ့ မင်းတုန်းမြို့နယ်အနောက်ဘက်ကနေတဆင့် အာဏာသိမ်းစစ်တပ်က ၀င်ရောက်ဖို့ ဒုတိယအကြိမ် အင်အားအလုံးအရင်းနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးစပ်ဆုံးနေရာတွေဆီ စစ်ကူအင်အား ၁,၅၀၀ ၀န်းကျင်ရောက်ရှိပြီး စစ်ကြောင်းထိုး တပ်ဖြန့်နေပါတယ်။
စစ်တပ်က ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီး အောင်ဇော်မင်း ဦးစီးပြီး အင်အား ၁၀၀၀ ၀န်းကျင်နဲ့ ရခိုင်ရိုးမ ကို ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်ခဲ့ပါတယ်။
ဒါပေမယ့် ရိုးမပေါ်တက်တဲ့ တိုက်ပွဲတွေမှာ အသေများနေတာကြောင့် ရိုးခြေက ကျေးရွာတွေမှာဘဲ တပ်စွဲနေခဲ့ရပါတယ်။
အဲဒီအင်အားတွေက အောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်မြို့အခြေစိုက် အမှတ်( ၁၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ−၁၂ )ကို ပို့ဆောင်ပြီးနောက် ဩဂုတ် ၂၂ ရက်မှာ မင်းတုန်းမြို့ကို စတင် ၀င်ရောက်ခဲ့ပါတယ်။
မင်းတုန်းအနောက်ခြမ်းက ရခိုင်ရိုးခြေရွာတွေဖြစ်တဲ့ ပြောင်းကျေးရွာ၊ထန်းပင်ကုန်းကျေးရွာ၊ဖြူကန်ကျေး ရွာ၊ထိန်ကိုင်းနဲ့ တမာ ကျေးရွာတွေမှာ စစ်တပ်က တပ်စွဲထားပါတယ်။

👍31❤11👏4🥰2🤮1💩1🤣1🖕1
ထားဝယ် မောင်မယ်ရှောင်ရွာအနီးတိုက်ပွဲ စစ်တပ် ၁၂ဦးသေ၊ လက်နက် ၈ လက်ရဟု KNU ထုတ်ပြန်
ဩဂုတ် ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
ဩဂုတ် ၂၉ရက်မနက်က စစ်ကောင်စီတပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၄)နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ် အထိနာခဲ့တာလို့ ဆိုပါတယ်။
စစ်ဆင်ရေးကို KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၂) တပ်ခွဲ(၅), တပ်ရင်း(၁၀) တပ်ခွဲ(၄) နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)တို့ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ က ဖော်ဆောင်ခဲ့တာပါ။
DNLAကလည်း အဲဒီ တိုက်ပွဲသတင်းကို မနေ့က ထုတ်ပြန်ထားရာ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ထားဝယ်ရေနက်ဆိပ်ကမ်းနယ်မြေ လုံခြုံရေးအကြောင်းပြ စစ်ကြောင်းထိုးလာတာကို ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။
ဒါ့အပြင် စစ်ရေးအချိန်မြှင့်တင်နေချိန်ဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူ့ရင်ခွင်ခိုလှုံဖို့၊ပြည်သူတွေစစ်ရေး သတိရှိဖို့၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာတွေ လိုက်နာကျင့်ကြံဖို့ DNLAက တိုက်တွန်းထားပါတယ်။
KNLA တပ်မဟာ(၄) လက်အောက်ခံတပ်တွေဟာ ဩဂုတ် ၂၄ရက်ကလည်း မြိတ်မြို့နယ် တုံးဗျောရွာအတွင်း တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့ပါတယ်။
(ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်ထံက သိမ်းရတဲ့ လက်နက် ၈လက်၊ ဓာတ်ပုံ − KNU - Mergui-Tavoy District)

❤29👍10🥰2👏2👎1🤣1🖕1
ရန်ကုန်မှာ မြန်မာဖူဆယ်ကလပ်က လူငယ်ကစားသမား ၂ဦး ပျောက်ဆုံးနေ
သြဂုတ် ၃၀၊၂၀၂၆။သုည/People's Spring
ဘောလုံးအဖွဲ့ချုပ်ကကျင်းပတဲ့ MFF Futsal League မှာ ကစားနေတဲ့ Gold Dream FC အသင်းက လူငယ်ကစားသမား ၂ဦး သုဝဏ္ဏဖူဆယ်ကွင်းကနေ မြောက်ဒဂုံအဆောင်ကို ပြန်ရာမှ ၁၀ ရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း အသင်းက သြဂုတ် ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပျောက်ဆုံးနေတဲ့ ကစားသမား ၂ဦးဟာ MFF Futsal League (1) မှာ ကစားနေတဲ့ အသက် ၂၁ နှစ်အရွယ် သီဟအောင်နဲ့ MFF U19 Youth Futsal League မှာ ကစားနေတဲ့ အသက် ၁၈ နှစ်အရွယ် စွမ်းထက်ကျော်တို့ ဖြစ်ကြပါတယ်။
၎င်းတို့ နှစ်ဦးဟာ သြဂုတ် ၁၉ ရက်က နေ့လည် ၃ နာရီမှာ Royal Noka FC အသင်းနဲ့ ယှဥ်ပြိုင်ကစားပြီး သုဝဏ္ဏဘောလုံးကွင်းကနေ အတူပြန်လာရာ မြောက်ဒဂုံ (၅၀)ကွေ့ရောက်တဲ့အထိ အဆက်အသွယ်ရခဲ့ပေမယ့် နောက်ပိုင်း သြဂုတ် ၂၉ ရက်အထိ ၁၀ ရက်ကြာ အဆက်အသွယ်ပြတ်နေတယ်လို့ အသင်းက ဖော်ပြခဲ့ပါတယ်။
"ကလေးနှစ်ယောက်က အဲ့နေ့မနက်က ယူ၁၉ ဖူဆယ်ပွဲ ကစားပြီးတော့ သုဂဏ္ဏကနေ မြောက်ဒဂုံအဆောင်ကို YBS နဲ့ ပြန်ကြတာပါ။ မြောက်ဒဂုံ (၅၀) ကွေ့နားအထိ အသင်းနဲ့ ဖုန်းအဆက်အသွယ်ရသေးတယ်။ အဲ့နောက်ပိုင်းမှ ဖုန်းပါဆက်မရဘူး ဖြစ်တာပါ။ အချိန်ကလဲ အရမ်းမိုးမချုပ်သေးလောက်ဘူး ၅ နာရီကျော်လောက်ပဲ ရှိဦးမယ်" လို့ အသင်းနဲ့ သက်ဆိုင်သူတစ်ဦးက ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ လူငယ်ကစားသမား ၂ဦးကို အစွမ်းကုန်ကြိုးစားရှာဖွေခြင်း၊ သက်ဆိုင်ရာသို့ လူပျောက်အမှုဖွင့်တိုင်ကြားခြင်းနဲ့ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေကို တိုင်ကြားထားကြောင်း Gold Dream FC အသင်းက ဆိုပါတယ်။
ယင်းလူငယ်ကစားသမား ၂ဦးမှာ စစ်တပ်ရဲ့ ပေါ်တာဆွဲခံရခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့နေ ပြည်သူအချို့က မှတ်ချက်ပြုပါတယ်။
"ရန်ကုန်က မလုံခြုံတော့ဘူး။ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ စတဲ့ ရပ်ကွက်အစွန်အဖျားတွေမှာ ပေါ်တာဆွဲခံရတာတွေ ခဏခဏကြုံရတယ်။ လိုက်ထုတ်လို့မီသေးရင် ပိုက်ဆံနဲ့ ထုတ်လို့ရတယ်။ မမီရင်တော့ စစ်တပ်ထဲ ပို့ပစ်တာပဲ။ ဒါ့ကြောင်လည်း လူငယ်အများစုက ပြည်ပနိုင်ငံတွေ ထွက်ဖို့ပဲ ကြိုးစားနေကြတာပါ" လို့ မြောက်ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ယင်းလူငယ်ကစားသမား ၂ဦးကို တွေ့ရှိသူ ၊၎င်းတို့နဲ့ ပက်သက်တဲ့ သတင်းအချက်အလက် ကြားသိခဲ့ပါက အသင်းကို အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးပါဖို့လည်း Gold Dream FC က မေတ္တာရပ်ခံထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ မြန်မာလိဂ်ကလပ် ချင်းလန်းအက်ဖ်စီက ကစားသမား Pa Lungဟာ တပတ်ကြာ အသင်းနဲ့ အဆက်အသွယ် ပြတ်တောက်ပြီး သြဂုတ် ၂၉ ရက်မှ ပြန်လည်ရှာတွေ့ခဲ့ကြောင်း ချင်းလန်းအသင်းက အသိပေးထားပါတယ်။
ချင်းလန်းအက်ဖ်စီက ကစားသမား Pa Lung ဟာလည်း စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားတာ ဖြစ်နိုင်ပြီး အသင်းက ပြန်လည်ခေါ်ထုတ်ခဲ့တာလို့ လူမှုကွန်ရက်သုံးစွဲသူတွေက ရေးသားနေကြပါတယ်။
ရန်ကုန်မြို့က မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း အရပ်ဝတ်နဲ့ လူတစ်စုက အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။ စစ်တပ်ကပေါ်တာဆွဲတာကို ပျူစောထီးတွေ၊လူမိုက်တွေ၊စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတွေ၊ရဲနဲ့စစ်သားတွေက အဓိကလုပ်နေကြတာဖြစ်ပါတယ်။ပေါ်တာဆွဲရသူ ၊စစ်မှုထမ်းစုဆောင်းရသူတွေကို ပြန်လည်ရောင်းချတဲ့ဈေးကွက်လည်းရှိနေပြီး ကျပ်သိန်းဆယ်ဂဏန်းကနေ၊သိန်းရာနဲ့ချီပြီးအထိ ရှိနေတယ်လို့စုံစမ်းသိရပါတယ် ။
အာဏာသိမ်းစစ်တပ်ဟာ ယခု ဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်
ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။
နိုင်ငံတစ်ဝန်းတိုက်ပွဲတွေမှာ စစ်တပ်က စစ်သားသစ်တွေကိုသာအဓိကအသုံးပြုနေပြီးသေဆုံဒဏ်ရာရသူ ၊ထွက်ပြေးသူ၊တော်လှန်ရေးတပ်တွေထံအလင်းဝင်သူတွေလည်းများနေပါတယ်။ဒါကြောင့်စစ်တပ်က အခုလပိုင်းအတွင်း စစ်သားသစ်စုဆောင်းတာ၊ပေါ်တာဆွဲတာတွေ စစ်တပ်ထိန်းချုပ်ဒေသတွေမှာ ပိုမိုပြုလုပ်နေပါတယ် ။ဒါကြောင့်တော်လှန်ရေးတပ်တွေ စစ်သားသစ်စုဆောင်းမခံရအောင် ၊ပေါ်တာဆွဲမခံရအောင်သတိပြုပြီး ပါးပါးနပ်နပ်နေထိုင်ကြဖို့ ပြည်သူတွေကိုတိုက်တွန်းထားပါတယ် ။
ဓာတ်ပုံ - Gold Dream FC

🔥19👍9❤5😁2🤮1🤣1
မန္တလေး မြို့နယ် ၂ ခုမှာ စစ်မှုထမ်းမဲနှိုက်နေတဲ့အပြင် ပေါ်တာလည်းဆွဲနေ
သြဂုတ် ၃၀၊ ၂၀၂၆။မေရီ/People's Spring
မန္တလေးမြို့က ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်တိုင်း စစ်မှုထမ်းခေါ်ဆောင်ဖို့ မဲနှိုက်နေတဲ့အပြင် ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ပြုလုပ်နေကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။
ချမ်းမြသာစည်မြို့နယ်နဲ့ အမရပူရမြို့နယ်တို့မှာ စစ်တပ်က စစ်မှုထမ်းဖို့အတွက် ရပ်ကွက်အလိုက် တစ်အိမ်တစ်ယောက်ခေါ်ယူ မဲနှိုက်ခိုင်းတာတွေ အတင်းအကျပ် ဆက်လက်လုပ်ဆောင်နေကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
မနေ့က ဩဂုတ် ၂၉ ရက် မနက် ၈ နာရီခွဲခန့်က ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း နဲ့ ၆၆ လမ်းထောင့်ရှိ ရွှေဘုန်းရောင်ဘုရားကို တစ်အိမ်လျှင် လူတစ်ဦးနှုန်း လာရောက်ကြဖို့ ပျူစောထီးတွေက ကားနဲ့ လှည့်လည်ကြေညာအော်ဟစ်ခေါ်ယူခဲ့ပြီး စစ်မှုထမ်းမဲနှိုက်ခိုင်းခဲ့ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အလားတူ အမရပူရမြို့နယ်အတွင်းရှိ ဒန်တပင်နဲ့ တိုးချဲ့မှန်တန်းရပ်တွေမှာလည်း မဲနှိုက်ခဲ့ကြပြီး ကျန်ရှိနေသေးတဲ့ မှန်တန်း၊ ဆည်တဲ၊ ဝါးတန်းနဲ့ မြေပဲတန်း စတဲ့ရပ်ကွက်တွေမှာလည်း ယခုလကုန်ရက်အတွင်း စစ်မှုထမ်းမဲနှိုက်ဖို့ ဆက်လုပ်သွားမယ်လို့ သိရကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် မန္တလးမြို့တွင်းလမ်းတွေနဲ့ ရပ်ကွက်တွေမှာလည်း နေ့ရောညပါ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆိုးရွားစွာ ပြုလုပ်နေကြောင်း သိရပါတယ်။
"လမ်းမှာနေပြီးတော့(အထိုင်ချပြီးတော့) ချနေတာပဲ။ ဆွဲနေကြတာ"လို့ Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
မနေ့က သြဂုတ် ၂၉ ရက် ညနေပိုင်းနဲ့ ညပိုင်းတွေမှာ ချမ်းမြသာစည်၊ အမရပူရနဲ့ မဟာအောင်မြေမြို့နယ်တွေမှာ စစ်တပ်က အိမ်စီးကားတွေနဲ့ ပေါ်တာပတ်ဆွဲလို့ ၈ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်း Voice Of Mandalay အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မန္တလေးမြို့ပေါ်မှာ နေ့ရောညပါ စစ်မှုထမ်းခေါ်ဆောင်ဖို့ ပေါ်တာဆွဲဖမ်းဆီးမှုများပြားနေပြီး အရင်လို ငွေပေးရွေးဖို့လည်း မလွယ်ကူတော့ကြောင်း၊ အိမ်စီးကားတွေနဲ့ ပြန်ပေးဆွဲသလို ဖမ်းဆီးနေတာကြောင့် မြို့ခံတွေ အသွားအလာ ဆင်ခြင်နေရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အသက် ၃၀ ကျော်နဲ့ ၄၀ ကျော်အရွယ်တွေအထိ ပေါ်တာဆွဲဖမ်းဆီးခံနေရပြီး ဈေးဝယ်ထွက်ရင်း၊ ကွမ်း၊ဆေးလိပ်ဝယ်ရင်း ပျောက်ဆုံးမှုများရှိနေကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။
နယ်ကနေလာရောက်သူတွေ အထူးသဖြင့် စစ်ကိုင်းတိုင်းက လာရောက်သူတွေ အနေနဲ့ စကားပြောဆိုရာမှာ အထူးသတိထားဖို့ လိုအပ်ပြီး အငှားယာဥ်မောင်းတချို့ဟာ အာဏာသိမ်းစစ်တပ်နဲ့ချိတ်ဆက်ထားလို့ အငှားယာဥ်စီးရင် အထူးသတိပြုဖို့လိုအပ်နေကြောင်း ဒေသခံအချို့က သတိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခု ဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မန္တလေးတိုင်းက ဝမ်းတွင်း၊ ညောင်ဦး၊ ကျောက်ပန်းတောင်းနဲ့ ရန်ကုန်တိုင်းက မြို့နယ်တွေမှာလည်း ပေါ်တာဆွဲမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
(ပေါ်တာဆွဲရာမှာ ပါဝင်တဲ့ စစ်တပ် လက်သပ်မွေးထားတဲ့ မန္တလေးမြို့က ပျူစောထီး(ခ) ပြည်သူ့စစ်များအား တွေ့ရစဥ်။ ဓါတ်ပုံ − File Video)

🤬32❤7👎4🔥1👏1🤮1
■ဆောင်းပါးတို
စစ်ရှောင်ရင်း ကျန်နေခဲ့တဲ့ နွားကလေးတွေ သခင်နဲ့ ပြန်ဆုံ
ထွန်းညိုဦး/People's Spring
မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။
ပြီးခဲ့တဲ့သြဂုတ် ၁ ရက်ကမကွေးတိုင်း၊မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်း နွားကလေးနှစ်ကောင် ကျန်နေခဲ့တာတွေ့လို့ ပိုင်ရှင်အနေနဲ့ ဆက်သွယ်ပြီး လာယူလို့ရတဲ့အကြောင်း ဒေသခံတစ်ဦးက လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ စစ်ရှောင် နွားလေးနှစ်ကောင်ဟာ နွားသိုးလေးတွေ အထီးလေးနှစ်ကောင်ဖြစ်ပြီးအဖြူလေးတစ်ကောင်ကတော့ဂုတ်မှာအမှတ်ကြီးပါပါတယ်။
သြဂုတ် ၂၉ ရက်မှာတော့ နွားကလေးတွေရဲ့ ပိုင်ရှင်ဖြစ်သူဟာ ဆက်သွယ်ပြီး လာရောက်ခေါ်ယူခဲ့ပါတယ်။နွားပိုင်ရှင်ဟာသူ့နွားကလေးတွေကို ကောင်းကောင်းမွန်မွန် ပြန်တွေ့ရတဲ့အတွက် ဝမ်းသာနေခဲ့ပါတယ်။ "ကျွန်တော်လည်း ပျော်ပါတယ်။ ကျွန်တော်လည်း ဘာမှမကျန်ဘူး။ ဒါလေးနှစ်ကောင်ပဲကျန်တာ။ အိမ်ကမီးကလည်း အကုန်လုံး လောင်သွားတာ"လို့ ပြောပြခဲ့တယ်။
နွားကလေးတွေကို စောင့်ရှောက်ထားတဲ့ လူငယ်ကို နွားပိုင်ရှင်က သူတက်နိုင်သလောက် ငွေရှစ်သောင်း မုန့်ဖိုးပေးပေမယ့် လူငယ်ဟာ မယူခဲ့ပါဘူး။ စစ်ရှောင်နွားကလေးတွေ ပိုင်ရှင်နဲ့ ပြန်ဆုံတာကို စောင့်ရှောက်ပေးထားတဲ့လူငယ်ရော ရွာခံတွေပါ ဝမ်းသာအားရ ဖြစ်ခဲ့ကြပါတယ်။
သခင်ပြန်လာခေါ်တော့ နွားကလေးတွေဟာ သူ့သခင်နားကကို မခွာကြတော့ပါဘူး။ အမှန်တကယ်တော့ နွားပေါက်စအရွယ်လေးတွေဟာ အသိုက်အမြုံနဲ့ မိခင်၊ ဒါမှမဟုတ် မိမိတို့ အမြဲယဉ်ပါးနေကျ သခင်ရဲ့ အနံ့အသက်ကို အလွန်အမင်း မှတ်မိတတ်ကြတဲ့ သဘာဝရှိပါတယ်။နွားပေါက်လေးတွေဟာ သာမန်အချိန်များမှာတောင် အရွယ်ရောက်ပြီးသား နွားကြီးတွေထက်စာရင်လူနဲ့ပိုပြီးအူယားစရာကောင်းလောက်အောင် ကပ်တတ်ကြပြီး၊ အထူးသဖြင့်မိမိတို့ကို ကြင်နာယုယပေးဖူးသူ၊ အစာကျွေးမွေးဖူးသူတို့ရဲ့ အသံနဲ့ ကိုယ်အနံ့ကို လွယ်လွယ်နဲ့ မေ့မရတတ်ကြပါဘူး။
ယခုဖြစ်စဉ်မှာလည်း သခင်ပြန်လာခေါ်တော့ နွားကလေးတွေဟာ သူ့သခင်နားကကို လုံးဝမခွာကြတော့ဘဲ ကပ်နေခဲ့ကြတာဟာ ၎င်းတို့ရဲ့ မွေးရာပါသစ္စာရှိမှုကို ထင်ဟပ်ပြနေတာ ဖြစ်ပါတယ်။ ရွာခံတွေဟာ သခင်အနီးမှာပဲ ကပ်နေကြတဲ့ နွားကလေးတွေကို သနားကာ ကရုဏာသက်ခဲ့ကြရပါတယ်။နွားဖြူကလေးဆိုရင် ပိုင်ရှင်ရဲ့လက်ကို လျှာနဲ့ တသသယက်ကာ သူတို့ရဲ့ လွမ်းဆွတ်မှုကို ထုတ်ဖော်ပြသခဲ့ပါတယ်။
သြဂုတ်လဆန်းပိုင်းက ရေကြီးရေလျှံမှုကြောင့် စစ်ကိုင်းတိုင်းမှာဆိုရင် ဒေသခံတောင်သူတွေရဲ့ နွားတွေ အများအပြား ရေထဲမျောပါသွားတာတွေရှိတယ်။ သေဆုံးတဲ့ နွားတွေလည်း မနည်းလှဘူး။တောင်သူတွေဟာ ကိုယ့်နွားကလေး ပြန်ရှာဖို့ မြစ်ရိုးတလျှောက် ကောက်ကောက်ပါအောင် လိုက်ရှာခဲ့ကြတယ်။ တွေ့တာလည်း တွေ့။ မတွေ့တာလည်း မတွေ့ပေါ့။ တောင်သူတွေအတွက် နွားဆိုတာ တိရိစ္ဆာန်မဟုတ်။ ကိုယ့်မိသားစုဝင်လိုကို သဘောထားကြတာလေ။ စစ်ဘေးရှောင်ရင်လည်း ကိုယ့်နွားကလေး လက်နက်ကြီးဒဏ်မထိအောင်၊စစ်ကြောင်းကနေဖမ်းဆီးသတ်ဖြတ်မစားအောင် အပါ ခေါ်သွားခဲ့ကြရတာ။
မြိုင်နယ်က သခင်နဲ့ ကွဲခဲ့ရတဲ့ စစ်ရှောင်နွားကလေး သူ့သခင် လာခေါ်လို့ အိမ်ပြန်ဖို့ စီစဉ်ကြတယ်။ သာမန်ဆိုရင် အဲဒီအရွယ်လေးတွေဟာ လမ်းခရီးမှာ ဆွဲရခက်တဲ့အရွယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ပိုင်ရှင်နဲ့ ပြန်ဆုံတွေ့ရတာကို ဝမ်းသာနေကြလို့ထင်ပါရဲ့။ ပြန်လိုက်သွားကြတဲ့အခါ အနီလေးက ရှေ့က ကော့ကော့နဲ့၊ အဖြူလေးက နောက်ကနေ တန်းစီပြီး သိမ်မွေ့စွာ လိုက်ပါသွားကြပါတော့တယ်။

👏22❤7👍7🥰1🤮1🤣1
■Breaking News
ရွှေကူမြို့အဝင်မှာ တိုက်ခိုက်တဲ့ စစ်တပ်သင်္ဘောကို KIA/KPDF ပူးပေါင်းတပ် သိမ်းပိုက်
သင်္ဘောစောင့်စစ်သားတွေ ထွက်ပြေး၊ ၁၀၇ မမ လက်နက်ကြီးကြောင့် သင်္ဘောရေဝင်နေ
ဩဂုတ် ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ရွှေကူမြို့နယ် ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီသင်္ဘောအုပ်စုမှ သင်္ဘော ၁စီးကို ဩဂုတ် ၂၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဩဂုတ် ၂၇ရက်က ကသာကနေ ရွှေကူမြို့ကို တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို ပူးပေါင်းတပ်က တိုက်ခိုက်စဉ် ထိခိုက်ခဲ့တဲ့ သင်္ဘောတွေထဲက စစ်သားတွေ ချန်ထားခဲ့ရတဲ့ စစ်သင်္ဘော ၁စီးကို ဩဂုတ် ၂၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
" ၂၇ရက်က ရွှေကူမရောက်ခင် ဘိုကုန်းနားမှာ ကျနော်တို့တိုက်ခိုက်လို့ ဝမ်းဗိုက်ကလည်းနည်းနည်းပေါက်သွားတာ။အဲဒီမှာ စက်ကလည်း ပျက်ရင်းနဲ့ အဲဒီမှာ ထားလိုက်တာ။ရန်သူတွေက အဲဒီမှာ တပ်စိပ်တစိပ်ချထားပြီးမှ စောင့်ထားခိုင်းတယ်။ အဲဒါကို မနေ့က ကျနော်တို့ ရွှေကူ KPDF တပ်ဖွဲ့တွေ ကို တာဝန်ပေးပြီးမှ ပြန်ပြီးမှ သွားချဉ်းကပ်တဲ့အခါ သင်္ဘောကို စောင့်နေတဲ့ တပ်စိပ်တစိပ်က ထွက်ပြေးသွားတယ်" လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က စစ်သင်္ဘော သိမ်းပိုက်ရရှိမှု အခြေအနေကို ရှင်းပြပါတယ်။
သင်္ဘောစောင့်စစ်ကောင်စီတပ်သားတွေဟာ ရွှေကူမြို့အခြေစိုက် ခမရ(၆၀၂) တပ်ရင်းက တပ်သားတွေလို့ ယူဆကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။
“အဲဒီအခါကျမှ မနေ့က ကျနော်တို့သင်္ဘောပေါ်တက်ပြီးမှရှင်းတာပါ။ ပစ္စည်းက တော့ ဘာမှ မရှိတော့ပါဘူး။ စက်ကလည်း ပျက်နေပါပြီ။နောက်ပြီးတော့ ကျနော်တို့ ၁၀၇ ဒဏ်ကြောင့် အဲဒီသင်္ဘောလည်း တဝက်လောက်က တော့ရေဝင်နေပါပြီ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အခြား ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း စစ်သင်္ဘောကို တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်စီးနင်းနိုင်မှု ရုပ်သံမှတ်တမ်းအချို့နဲ့ ဓာတ်ပုံအချို့ကို ပြသပါတယ်။
ကချင်ပြည်နယ်ကို အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်တပ်ရဲ့သင်္ဘောအုပ်စုဟာ ရွှေကူမြို့အဝင်မှာ သင်္ဘောတွေ တိုက်ခိုက်ခံရသလို ရွှေကူကနေ ဗန်းမော်မြို့ ကို ဆက်လက်ထွက်ခွာစဉ် ဩဂုတ် ၂၉ရက်ကလည်း သင်္ဘော ၁စီးတိုက်ခိုက်ခံရပြီး မီးလောင်ခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။
သင်္ဘောထိခိုက်ခဲ့တဲ့အပြင် စစ်တပ်က သေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့လည်း အသိပေးပါတယ်။
စစ်သင်္ဘောတိုက်ခိုက်ခံရပြီးနောက် ကျန်သင်္ဘောတွေ ရွှေကူမြို့ဘက် ပြန်လှည့်သွားပါတယ်။
လတ်တလော ရွှေကူမြို့နယ် မြေပြင်နဲ့ ရေပြင်တိုက်ပွဲတွေမှာ စစ်တပ်က အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားခဲ့ကြောင်းလည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
သီးခြားအတည်မပြုနိုင်ပေမဲ့ ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အဆင့်အရာရှိတွေပါသလို ခလရ(၁၂၀) တပ်ရင်းမှူးဟာ သေဆုံးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
KIA သတင်းပြန်ကြားရေးဌာနရဲ့ သတင်းဖော်ပြချက်အရ စစ်တပ်ဟာ ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့၊ ရွှေကူနဲ့ ဗန်းမော်ကြားက စင်းခန်းတံတားကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြည်း၊ရေ၊လေ ထိုးစစ်ဆင်နေတာလို့ အသိပေးထားပါတယ်။

👍38👏12❤10🤣2🥰1💩1🖕1
KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ကွယ်လွန်
ဩဂုတ်−၃၀၊၂၀၂၆။ဇော်၀င်း/People's Spring
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ အတွင်းရေးမှူးဦးအောင်ဆန်းမြင့် ကွယ်လွန်သွားတယ်လို့ ကရင်နီဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဦးအောင်ဆန်းမြင့်ဟာ ဒီကနေ့(ဩဂုတ် ၃၀ရက်) နေ့လယ် ၃ နာရီ၀န်းကျင်က ထိုင်းနိုင်ငံမှာ ကျောက်ကပ်ရောဂါဝေဒနာအတွက် ဆေးဝါးကုသနေစဉ် ကွယ်လွန်ခဲ့တာလို့ ဆိုပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၆၂)နှစ်အရွယ် ရှိပြီလို့ သိရပါတယ်။
"ဟုတ်ပါတယ်။ကွယ်လွန်သွားတာ"လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး ဦးဗညားက အတည်ပြုပါတယ်။
လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးအောင်ဆန်းမြင့်ရဲ့ ဈာပနကို ဘယ်မှာဆောင်ရွက်သွားမယ်ဆိုတာတော့ မသိရသေးပါဘူး။
ဦးအောင်ဆန်းမြင့်ဟာ ကရင်နီပြည်နယ်ရဲ့အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းတွေကို အုတ်မြစ်ချခဲ့သူတွေထဲက တစ်ဦးဖြစ်ပြီး ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှာ အတွင်းရေးမှူး (၂)အဖြစ် တာဝန်ယူဆောင်ရွက်နေပြီး ကရင်နီပြည်နယ်အတွင်းရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များတွင် အဓိကပါဝင်လှုပ်ရှားခဲ့ပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ တော်လှန်ရေးကာလမှာ ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေ ပူးပေါင်းဖို့ ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် ဟန်ချက်ညီညီ တိုက်ပွဲဝင်ဖို့နဲ့ နိုင်ငံရေးအရ ဦးဆောင်မှုတွေမှာလည်း ပါ၀င်သူ ဖြစ်ပါတယ်။

😢32👍9👎1👏1🤮1
၂၀၂၄ မှာတော့ ဆေးတင်သွင်းခွင့်ကို ပိုပြီး တင်းကြပ်လာပါတယ်။ ဒီနေရာမှာ အာဏာ
သိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံခြားငွေပြဿနာနဲ့ ဆေးပြတ်လပ်မှုကြားက ဆက်စပ်မှုကို ပိုပြီး ထင်ရှားစေတဲ့ ဖြစ်ရပ်တစ်ခု ရှိပါတယ်။ ၂၀၂၄ စက်တင်ဘာမှာ ဆေးဝါးတင်သွင်းသူတွေဟာဆေးတင်သွင်းခွင့်ရဖို့ ပြည်ပတင်ပို့မှုကနေ ရရှိထားတဲ့ နိုင်ငံခြားငွေရှိကြောင်း ပြသရမယ့် စည်းမျဉ်းအသစ် ထွက်လာပါတယ်။အဲဒီအချိန်မှာဆေးဝါးတင်သွင်းခွင့် ၇၁၆ ခု၊ ကုမ္ပဏီ ၁၁၆ ခု၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂ သန်းဖိုးရှိတဲ့ တင်သွင်းခွင့်ပြုချက်တွေကို ပယ်ဖျက်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
အဓိကအကြောင်းက ရိုးရိုးလေးပါ။ နိုင်ငံ
ခြားငွေ မလုံလောက်တော့ဘူး။ ဒါကြောင့် နိုင်ငံခြားငွေ ထွက်မသွားအောင် သွင်းကုန်တွေကို ထိန်းတယ်။သွင်းကုန်တွေကို ထိန်းတော့ ဆေးတင်သွင်းဖို့ ခက်လာတယ်။ ဆေးတင်သွင်းဖို့ ခက်တော့ ဆေးရရှိနိုင်မှု ကျဆင်းလာတယ်။ ဆေးရရှိနိုင်မှုကျတော့ဈေးတက်တယ်။ လူနာက ဆေးရုံမှာ ဆေးတစ်ပုလင်းကို လူငါးယောက်ပြည့်အောင် ထိုင်စောင့်ရတဲ့အထိ ဖြစ်လာတယ်။ဒီဟာကဆေးဝါးပြတ်
လပ်မှုရဲ့ အဆုံးပိုင်းမှာ မြင်ရတဲ့ ပုံရိပ်တစ်ခုပါ။ အာဏာသိမ်းမှုရဲ့ စီးပွားရေးအကျိုးဆက်ကို လူနာရဲ့ သွေးကြောထဲအထိ မြင်လာရပြီ။
ရင်နာစရာကောင်းလှတဲ့အမှန်တရားက အဖိုးတန်လှတဲ့ပြည်သူတွေရဲ့အသက်ကိုကယ်တင်ဖို့ အရည်အသွေးအဆင့်မီဆေးဝါးတွေတင်သွင်းဖို့အတွက် စစ်အုပ်စုမှာဒေါ်လာမရှိပေမယ့် ပြည်သူတွေကိုဗုံးကြဲသတ်ဖို့အတွက် လေယာဥ်ဆီ ၊တိုက်လေယာဥ်တွေ၊လက်နက်ခဲယမ်းတွေ ဝယ်ယူဖို့အတွက်ကြ စစ်တပ်ဆီမှာ ဒေါ်လာရှိနေတာပဲဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ လေ့လာချက်မှာတော့ ၂၀၂၃ ခုနှစ်က စစ်တမ်းကောက်ယူခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ထဲက ၉၀ ရာခိုင်နှုန်းကျော်က ပြီးခဲ့တဲ့ ခြောက်လအတွင်း အခြေခံလိုအပ်တဲ့ ဆေးဝါးတွေ ပြတ်လပ်မှုကို တွေ့ကြုံခဲ့ရတယ် လို့ ဖော်ပြထားပါတယ်။ ၈၈ ရာခိုင်နှုန်းကျော်ကလည်း ဆေးပြတ်လပ်မှုက လူနာကုသမှုအရည်အသွေးကိုထိခိုက်စေတယ်လို့ သဘောတူထားပါတယ်။ ဒါဟာ ဆေးဆိုင်တစ်ဆိုင်မှာ ဆေးတစ်မျိုး မရှိတာမျိုး မဟုတ်တော့ပါဘူး။ကျန်းမာရေးစနစ်တစ်ခုလုံးရဲ့ဆေးဝါးရရှိရေး လမ်းကြောင်းပြဿနာ ဖြစ်နေပြီဆိုတာပါပဲ။
https://youtu.be/UNVfWhHeioc?si=nAw2qKL9wed-KXl_

YouTube
စစ်အာဏာသိမ်းမှုက ကျန်းမာရေးစနစ်ကိုဘယ်လိုပြိုလဲစေသလဲ | People's Spring
■ဆောင်းပါး
စစ်အာဏာသိမ်းမှုက ကျန်းမာရေးစနစ်ကိုဘယ်လိုပြိုလဲစေသလဲ
-နောင်နောင်ရေးသားသည်။
ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး …

🔥14❤13👍5😁1😢1🤣1