ကနီမှာ စစ်တပ် ဗုံးကြဲလို့ လူငယ် ၁ဦး သေဆုံးပြီး ကလေးငယ် ၁ဦး ဒဏ်ရာရ
သြဂုတ် ၁၅၊ ၂၀၂၆။ ဇေအောင်/People's Spring
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူငယ် ၁ဦး သေဆုံးပြီး (၅)နှစ်သားကလေး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က သြဂုတ် ၁၄ ရက် ညနေပိုင်းက အာဏာသိမ်းစစ်တပ်ဟာ ကနီမြို့နယ် နွားခြံကုန်းကျေးရွာက ပြည်သူ့နေအိမ်တွေကို ဦးတည်ပြီး ပါရာမော်တာ ၂ စီး ၊ နတ်လာပို့တောင်ရွာက ပြည်သူ့နေအိမ်တွေကို ဦးတည်ပြီး ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် (၂၀) အရွယ် အမျိုးသား သေဆုံးပြီး ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကနီမြို့နယ်က တက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။
"လေကြောင်းတိုက်ခိုက်ခံရတဲ့ ၂ ရွာက တစ်အုပ်စုတည်းပဲ သိပ်မဝေးပါဘူး။ နမခကနေ တက်လာပြီး တိုက်ခိုက်သွားတာပါ"လို့ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။
နွားခြံကုန်းရွာနဲ့ နတ်လာပို့တောင်ကျေးရွာဟာ ယခင်ကလည်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ကြုံရပြီး ပြည်သူထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ကျေးရွာတွေမှာ ရေမကြီးပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကနီမြို့နယ်က ကျေးရွာတချို့မှာ ချင်းတွင်းမြစ်ရေတက်လို့ ကျေးရွာအချို့ ရေဝင်ရောက်ခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းက ရေကြီးနေတဲ့ ခင်ဦးမြို့နယ်အပါအဝင် ဒေသအချိူ့ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ရေဘေးရှောင်ပြည်သူတွေ ထိခိုက်မှု ရှိနေပါတယ်။

🤬22❤5😢3👎2👏1🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(သြဂုတ် ၁၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ဧရာဝတီတိုင်းမှာ ကြံ့ခိုင်မှုမကောင်းတဲ့ ရေကာတာ ၂ခု ထပ်တွေ့
လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာကျိုးလို့ မြို့နယ် ၅မြို့ထက်မနည်း ရေဘေးကြုံတွေ့နေချိန်မှာ ဧရာဝတီတိုင်းအတွင်း နောက်ထပ် ရေကာတာ ၂ခု ကြံ့ခိုင်မှုမကောင်းလို့ အရေးပေါ် ပိတ်ဆို့ကာရံနေရပါတယ်။ ဧရာဝတီမြစ်ကမ်းဘေးမြို့နယ်တွေဖြစ်တဲ့ မြန်အောင်မြို့နဲ့ ဇလွန်မြို့တို့မှာ ရေကာတာကြံ့ခိုင်မှု စိတ်မချရတဲ့အန္တရာယ်ကြုံနေတာလို့ ဒေသခံတွေက ပြောပါတယ်။ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်မြင့်တက်နေတဲ့ မြန်အောင်မြို့မှာ အမှတ်(၁)ရပ်ကွက်အနီးက အုတ်နံရံနဲ့ကာထားတဲ့ ရေကာတာက ရေအမြင့် ၁ပေခန့်သာ လိုတော့ပြီး အတွင်းပိုင်းကနေ သဲအိတ်တွေနဲ့ ကာရံနေရပါတယ်။ ဒါ့အပြင် ဇလွန်မြို့မှာလည်း ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်မြင့်တက်နေပြီး ညောင်ပင်သာရွာက ရေကာတာကို သဲအိတ်တွေနဲ့ ကာရံနေရတာဖြစ်ပါတယ်။ လေးမျက်နှာအပြင် နောက်တစ်နေရာကသာ ထပ်ပြီး တာကျိုးသွားရင် ဧရာဝတီတိုင်းကမလွယ်ကြောင်းနဲ့ အခုက တကယ့်ကို အရေးပေါ်အခြေအနေဖြစ်ကြောင်း ဇလွန်မြို့ခံတစ်ဦးက ပြောပါတယ်။ မြန်အောင်နဲ့ ဇလွန်ရေကာတာ ကျိုးပေါက်ခဲ့ပါက လက်ရှိရေဘေးကြုံနေတဲ့ မြို့နယ်တွေအပြင် အနီးပတ်ဝန်းကျင်မြို့တွေဖြစ်တဲ့ ဟင်္သာတ၊ ဓနုဖြူ၊ အင်္ဂပူ၊ကွင်းကောက်မြို့နယ်တွေလည်း ရေကြီးနစ်မြုပ်မယ့် အန္တရာယ်ရှိနေပါတယ်။ ဒီနေ့ ဩဂုတ် ၁၅ရက် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေဟာ လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း ဆိပ်သာ၊ မြန်အောင်နဲ့ ဇလွန်မြို့နယ်တွေမှာ စိုးရိမ်ရေမှတ်အထက်ကို ၉လက်မကနေ ၁ပေခွဲခန့်အထိ ကျော်လွန်နေပါတယ်။
◾️မြစ်ရေတက်ပြီး မိုးကြီးနေလို့ လေးမျက်နှာရေဘေး ပိုဆိုးလာ
လေးမျက်နှာမြို့နယ်မှာ ရေကာတာကျိုးပေါက်လို့ဖြစ်တဲ့ရေဘေးဟာ ဩဂုတ်ပထမလပတ်ထဲမှာ ရေအနည်းငယ်ပြန်ကျနေရာကနေ အခုရက်ပိုင်း တကျော့ပြန် ရေမြင့်တက်လာပြီး အခြေအနေပိုဆိုးရွားလာပါတယ်။ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေက ကျေးရွာတွေပါ ရေကြီးခဲ့ပါတယ်။ ဩဂုတ် ၃ရက်ကစပြီး ရေအနည်းငယ်ပြန်ကျနေတာကနေ ဒေသတွင်းမိုးကြီးမှုနဲ့ မြစ်ရေလည်း ပြန်တက်လာလို့ ဩဂုတ် ၁၃ရက်ကစပြီး ရေပြန်တက်လာတာပါ။ ရေအတက်ကြမ်းလာလို့ မူလကယ်ဆယ်ရေးစခန်းတွေမှာ နေလို့မရတော့တဲ့အတွက် လေးမျက်နှာ၊ ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲက ရေဘေးကယ်ဆယ်ရေးစခန်းအချို့ကို နေရာရွှေ့နေရတယ်လို့ သိရပါတယ်။
◾️စစ်ကိုင်းရေဘေး ရေပြန်ကျပေမယ့် ရိက္ခာနဲ့ ဆေးဝါးအကူအညီ လိုအပ်နေ
စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ ရေပြန်လည်ကျဆင်းနေပေမယ့် ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြောင်း ရေဘေးကူညီနေသူတွေက ပြောပါတယ်။ ရေဘေးဒဏ် အဆိုးဆုံးရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၁၃ မြို့နယ်မှာ ရေကြီးရေလျှံမှူတွေ ဖြစ်ပွားခဲ့ရာမှာ အခုရက်ပိုင်း ရေပြန်လည်ကျဆင်းလာပေမယ့် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေကြောင်း ရေဘေးကူညီနေသူတွေက ပြောပါတယ်။ ရေကြီးရေလျှံမှုကြောင့် လမ်းပိုင်းတွေလည်း ပျက်စီးသွားတာမို့ ရေဘေးကူညီမှုသွားတဲ့နေရာမှာ ကြန့်ကြာမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ ရေကြီးတဲ့ဒေသတွေဟာ စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ စစ်ကြောင်းထိုးမီးရှိူ့မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ခံခဲ့ရတဲ့ဒေသတွေ ဖြစ်ပါတယ်။ လက်ရှိ စစ်ကိုင်းတိုင်းက အဲဒီဒေသတွေမှာ ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိနေပါတယ်။
◾️ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ အမှုဆောင်အဖွဲ့ ဖွဲ့စည်း

👍11🔥4😢1🖕1
ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (iFEC)ရဲ့ အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကောင်စီက ဒီနေ့ ဩဂုတ် ၁၅ရက်မှာ ထုတ်ပြန်လိုက်ပြီး အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဒေါက်တာသိန်းလွင်က တာဝန်ယူထားကြောင်း အသိပေးပါတယ်။ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပညာရေးဝန်ကြီးဌာန၊ ချင်း၊ မွန်၊ တအာင်း၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပအိုဝ်း ပညာရေးအဖွဲ့အစည်းများ၊ ဆရာ၊ ကျောင်းသား၊ ပညာရေးလုပ်သား အဖွဲ့အစည်းများနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ကောင်စီကို ကဏ္ဍ (၆)ခုမှ အဖွဲ့အစည်း (၁၈) ဖွဲ့၊ ပညာရေးပညာရှင် (၂) ဦး ပါဝင်ဖွဲ့စည်းထားတာပါ။ ကောင်စီအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကို အကောင်အထည်ဖော်နေပြီး ပိုမိုထိရောက်၊ စနစ်တကျရှိတဲ့ အဟုန်တစ်ခုနဲ့ တိုးမြှင့် အကောင်အထည်ဖော်နိုင်ရေး ရည်ရွည်ကာ ဩဂုတ် ၁၁ရက်မှာ အဖွဲ့ဝင်များရဲ့ စုံညီအစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ကောင်စီအမှုဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်တာလို့ အသိပေးပါတယ်။ ဆက်လက်အကောင်အထည်ဖော်ဖို့ရှိတဲ့ ကောင်စီရဲ့လုပ်ငန်းများကို ဥက္ကဋ္ဌရဲ့ဦးဆောင်မှုနဲ့ စနစ်တကျဆောင်ရွက်ဖို့၊ ပြည်တွင်း၊ ပြည်ပ မိတ်ဖက် အဖွဲ့အစည်းများနဲ့ တရားဝင် ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်ဖို့၊ လိုအပ်တဲ့ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခြင်းတို့ကို လုပ်ထုံးလုပ်နည်းများနဲ့အညီ စနစ်တကျဆောင်ရွက်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အလုပ်အမှုဆောင် အဖွဲ့ကို ဖွဲ့စည်းလိုက်တာလို့လည်း ဆက်လက်အသိပေးပါတယ်။ ဒီလို ဖွဲ့စည်းရာမှာ ပညာရေးကဏ္ဍအတွင်းရှိ သက်ဆိုင်ရာအစုအဖွဲ့များ ပိုမိုစုံလင်စွာ ပါဝင်နိုင်ရေးကို ထည့်သွင်းစဉ်းစားဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
◾️KIAနဲ့ စစ်တပ် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ဗုံးကြဲနေ
ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်နဲ့ ရှမ်းမြောက်က မိုးမိတ်-မဘိမ်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ရွှေကူမြို့အပါအဝင် ကချင်ဒေသ လတ်တလော စစ်ရေးအခြေအနေတွေကို သတင်းရင်းမြစ်က အခုလို ရှင်းပြပေးတာပါ။ ရွှေကူမြို့စစ်မျက်နှာမှာ အာဏာသိမ်းစစ်တပ်က တနေ့ ၂ကြိမ်နှုန်းနဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ၅ရက်ဆက်ရှိပြီလို့ အသိပေးပါတယ်။ ရွှေကူမြို့ဒေသခံကလည်း မြို့ဟာ ပြည်သူတွေ ဆက်မနေသင့်တဲ့ အခြေအနေဖြစ်ပြီး မြို့အပြင်ပတ်လည်မှာလည်း တိုက်ပွဲတွေဖြစ်တာ လေကြောင်းတိုက်ခိုက်တာတွေ ရှိနေတယ်လို့ အသိပေးထားပါတယ်။ ဒါ့အပြင် ရွှေကူမြို့ရဲစခန်းတိုက်ခိုက်ခံရမှုမှာ အထိအခိုက်တွေရှိတယ်လို့လည်း ဆိုပါတယ်။
◾️ပေါက်နဲ့မြိုင်ဒေသမှာ စစ်ကြောင်းထိုးတဲ့စစ်ကြောင်း အကျအဆုံးများ
မကွေးတိုင်း၊ ပေါက်နဲ့မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်ကို တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က သေဆုံးထိခိုက်သူ ၅၀ ကျော်ရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းရရှိတယ်လို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီနေ့ သြဂုတ် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။ အင်အား၅၀၀ ၀န်းကျင်နဲ့ ပခုက္ကူခရိုင်အတွင်းကို မေလကစတင်ပြီး လတ်တလောအထိ စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကို ‘အညာတမာ’ စစ်ဆင်ရေးစုဖွဲ့မှုနဲ့ စနစ်တကျစုဖွဲ့ကာခုခံတိုက်ခိုက်နေတယ်လို့ ဩဂုတ် ၁၅ရက်မှာ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်ကထုတ်ပြန်တာပါ။ အဲဒီစစ်ကြောင်းနဲ့ အကြိမ် ၃၀ ထက်မနည်း ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်တပ်က အနည်းဆုံး ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကာ အများအပြားထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
◾️ဆောမြို့နယ်တိုက်ပွဲဖြစ်စဉ် PDF ထုတ်ပြန်
မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်က ဂန့်ဂေါခရိုင်စစ်ဌာနက ဇူလိုင် ၂၉ ရက်ကနေ ဩဂုတ် ၁ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ဆောမြို့တွင်းကနေ လောင်းရှည်မြို့ဘက်ကို စစ်ကူထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ဟန့်တား တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်စစ်ကြောင်း အထိနာပြီး ရှေ့မတိုးနိုင်ဘဲ လန်ကျသွားခဲ့တဲ့အပြင် ခမရ (၅၇၃) တပ်ရင်းက တပ်သား နေမင်းထွန်းကို အရှင်ဖမ်းဆီးရမိခဲ့ပြီး MA1 သေနတ် ၁လက် ကျည်ခဲယမ်းတွေ သိမ်းရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ဆင်ရေး ဆောင်ရွက်နေမှုကာလအတွင်း စစ်ကောင်စီတပ်သားတွေ ဘက်ပြောင်းခိုလှုံလာပြီး ကောင်းစွာ ထိန်းသိမ်းထားရှိကာ နေရပ်ပြန်လိုသူတွေကို မိသားစုဝင်တွေနဲ့ချိတ်ဆက် လွှဲပြောင်းပို့ဆောင်ပေးနေတယ်လို့လည်း အသိပေးပါတယ်။
◾️စဉ့်ကူးမှာ စစ်တပ်အထိုင်စခန်းနီးရာကနေ ပြောင်းရွှေ့ဖို့ PDF ထုတ်ပြန်

❤14👍5🔥2🖕2
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်းရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRIဗျူဟာက ထုတ်ပြန်ထားပါတယ်။ ဧရာဝတီမြစ်ရဲ့ အရှေ့ဖက်ကမ်းဟာ စစ်တပ်လှုပ်ရှားသွားလာအုပ်ချုပ်ရာနယ်မြေ ဖြစ်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ စစ်ရေးလှုပ်ရှားမယ့် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခွင်းမယ့် နယ် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့ကြောင့် မြစ်အရှေ့ဖက်ကမ်း နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ထုတ်ပြန်တဲ့နေ့ကစပြီး စစ်မအေးခင်ကာလအထိ သို့မဟုတ် PDF က စစ်အေးကာလဖြစ်ကြောင်း ပြန်လည်ရွှေ့ပြောင်း နေထိုင်လို့ရပြီလို့ မထုတ်ပြန်ခင်အထိ လွတ်ကင်းရာ နေရာဆီ ပြောင်းရွှေ့ နေထိုင်ကြဖို့ ထုတ်ပြန်ပါတယ်။
◾️SCEF က စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ ထပ်မံတွေ့ဆုံ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၊ လွှတ်တော်တို့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ခဲ့ပြီး SCEF ရဲ့ စုဖွဲ့မှု မှာ ပါဝင်ဖို့ ကိစ္စတွေဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဩဂုတ် ၁၃ရက်က တွေ့ဆုံခဲ့တာဖြစ်ပြီး SCEF ရဲ့စုဖွဲ့မှု ၊ လုပ်ငန်းဆောင်ရွက်မှုမူဘောင် (Operational Framework) ၊ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ဖို့ ဖိတ်ခေါ်အဆိုပြုချက်တွေကို ရှင်းလင်းတင်ပြခဲ့ကြောင်း ဖော်ပြပါတယ်။ တွေ့ဆုံမှုမှာ SCEF အလှည့်ကျသဘာပတိ ခူဦးရယ်လ်၊ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဦးစိုးဦး၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေး တို့ ပါဝင်ခဲ့ပြီး ဆွေးနွေးရာမှာ အပြုသဘောဆွေးနွေးခဲ့သလို ကျန်နေတဲ့ အသေးစိတ် အချက်အလက်တွေကို တတိယအကြိမ် အစည်းအဝေးမှာ ဆက်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
◾️အာဆီယံအထူးကိုယ်စားလှယ်သစ်မလိုအပ်ဘူးလို့ စစ်တပ် ပြောဆိုမှု APHR ပယ်ချ
အာဆီယံက မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းပေးဖို့ အာဆီယံ နိုင်ငံတွေ ညှိနှိုင်းလက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ပါ အချက်တစ်ခုကို ပယ်ဖျက်ဖို့ မြန်မာစစ်တပ်ရဲ့ အားထုတ်မှု တစ်ခုဖြစ်တယ်လို့ APHR က ဆိုပါတယ်။ တစ်နည်းအားဖြင့် စစ်တပ်ကိုယ်တိုင် ဘယ်တုန်းကမှ မလိုက်နာခဲ့တဲ့ ဒေသတွင်း တာဝန်ယူ တာဝန်ခံမှုဆိုင်ရာ ပြဋ္ဌာန်းချက် တစ်ခုကို ပိတ်ပင်ဖို့ ကြိုးစားတဲ့ အဓိပ္ပါယ်လည်းဖြစ်ကြောင်း APHRက ဝေဖန်ခဲ့ပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေကို ဆိုးရွားလာစေပြီး လူသန်းပေါင်းများစွာကို ဆင်းရဲဒုက္ခ ကြုံစေတဲ့ စစ်တပ် အုပ်စိုးမှုဟာ မြန်မာပြည်သူတွေရဲ့ လိုလားချက် ဆန္ဒတွေကို ကိုယ်စားမပြုဘူးလို့ APHR ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားအောက်လွှတ်တော် အမတ် မာစီ ခရစ္စတီ ဘာရင်းစ်စ်က ပြောကြားခဲ့ပါတယ်။
◾️ကနီမှာ စစ်တပ် ဗုံးကြဲလို့ လူငယ် ၁ဦး သေဆုံးပြီး ကလေးငယ် ၁ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူငယ် ၁ဦး သေဆုံးပြီး (၅)နှစ်သားကလေး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က သြဂုတ် ၁၄ ရက် ညနေပိုင်းက အာဏာသိမ်းစစ်တပ်ဟာ ကနီမြို့နယ် နွားခြံကုန်းကျေးရွာက ပြည်သူ့နေအိမ်တွေကို ဦးတည်ပြီး ပါရာမော်တာ ၂ စီး ၊ နတ်လာပို့တောင်ရွာက ပြည်သူ့နေအိမ်တွေကို ဦးတည်ပြီး ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် (၂၀) အရွယ် အမျိုးသား သေဆုံးပြီး ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကနီမြို့နယ်က တက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။ နွားခြံကုန်းရွာနဲ့ နတ်လာပို့တောင်ကျေးရွာဟာ ယခင်ကလည်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ကြုံရပြီး ပြည်သူထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

🔥8❤6🖕3🙏1
ချင်းမိုင်အနီးက မယ်စရေတံခွန်တောင်ကျရေကြီးပြီး ခရီးသွားအချိုမျောပါ၊အချိန်မီကယ်တင်နိုင်လို့ ပွန်းပဲ့ဒဏ်ရာတွေရကာ ၁ဦးဆေးရုံရောက်
သြဂုတ်-၁၅၊၂၀၂၆။People's Spring
ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့ ၊မဲရင်ခရိုင်ထဲက
မယ်စရေတံခွန်မှာ ဒီနေ့ညနေပိုင်းမှာ ရုတ်
တရက်တောင်ကျရေကြီးတာကြောင့် ခရီး
သွားအချို့ရေထဲမျောပါခဲ့ပေမယ့် ရေတံခွန်
က ဥယာဥ်ဝန်ထမ်းတွေကအချိန်မိကယ်တင်
နိုင်ခဲ့ပါတယ် ။
သြဂုတ် ၁၅ ရက်၊ညနေ ၄ နာရီ ၂၀ မိနစ်လောက်မှာ ချင်းမိုင်မြို့ ရဲ့အနောက်မြောက်ဘက် မြို့လယ်ကနေ ကားနဲ့ မိနစ်သုံးဆယ်ခန့်သွားရတဲ့ မယ်စရေတံခွန်မှာ ရုတ်တရက်
တောင်ကျရေကြီးမှုဖြစ်ပွားခဲ့တာပါ။ရေတံခွန်ရေကြီးမှုကြောင့် ခရီးသွားအချို့တောင်ကျ ရေထဲမျောပါသွားတဲ့သဲထိတ်ရင်ဖို ရုပ်သံမှတ်တမ်းအချို့ လူမှုကွန်ယက်မှာဒီကနေ့ညပိုင်းပျံ့နှံ့လာပါတယ်။
ဒါပေမယ့် ဒွိုင်ဆူထက်ဖွေးအမျိုးသားဥယာဥ်ကထုတ်ပြန်တာမှာ ရုတ်တရင်တောင်ကျရေကြီးတာကိုရေတံခွန်မှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေက ချက်ချင်းသတိထားမိပြီး
ခရီးသွားတွေကို ရေထဲကနေ ချက်ချင်းတက်ကြဖို့ သတိပေး နှိုးဆော်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ တောင်ကျရေက ချက်ချင်းဆိုသလို အရှိန်နဲ့ ထိုးဆင်းလာတာကြောင့် ခရီး
သွားအချို့ ရေထဲက မတက်နိုင်ဘဲ ရေစီးနဲ့ မျောပါသွားတာ၊ရေတံခွန်ဘက်မှာပိတ်မိကျန်
ရစ်တာတွေ ဖြစ်ခဲ့တယ်လို့ဖော်ပြပါတယ်။
အမျိုးသားဥယျာဉ်ဝန်ထမ်းတွေကရေစီးနဲမျောသွားသူတွေကို ချက်ချင်း ဝင်ရောက်ကူညီခဲ့ကြလို့ ခရီးသွား အားလုံးကို ဘေးကင်းအောင်ကယ်ထုတ်နိုင်ခဲ့ပါတယ်။ရေထဲမျောပါသွားသူအများစုဟာ ပွန်းပဲ့ဒဏ်ရာတွေပဲရပြီး ရေတံခွန်ကနေ သူတို့အစီအစဥ်အ
တိုင်းပြန်သွားတယ်လို့ဆို့ပါတယ်။
ဒါပေမယ့်ရေစီးနဲ့ မျောပါသွားခဲ့တဲ့ ခရီးသွား တစ်ဦးကတော့ ထိခိုက်ဒဏ်ရာရခဲ့သလို ခေါင်းမူးနေတာကြောင့်ဆေးရုံဆီအမြန် ပို့ဆောင်ပေးခဲ့တယ်လို့ထုတ်ပြန်ပါတယ် ။ ထိခိုက်ဒဏ်ရာရတဲ့ခရီးသွားတွေဟာ ဘယ်နိုင်ငံသားတွေလဲဆိုတာကိုတော့မထုတ်ပြန်ပါဘူး ။
မယ်စရေတံခွန်ဟာ ချင်းမိုင်မှာ လူသိများတဲ့ရေတံခွန်တစ်ခုဖြစ်ပြီး မြန်မာခရီးသွားတွေလည်းသွားလေ့ရှိတဲ့ ရေတံခွန်ဖြစ်ပါတယ် ။ ချင်းမိုင်ခရိုင်မှာ မြန်မာနိုင်ငံသား တစ်သိန်းခွဲကနေ နှစ်သိန်းကျော်အထိ့ရှိနိုင်တယ်လို့ IOM နဲ့ သုတေသန အဖွဲ့အချို့ကခန့်မှန်းထားပါတယ်။
မိုးရာသီမှာရေတံခွန်ကို လာရောက်လည်ပတ်ကြမယ့် ခရီးသွားတွေအနေနဲ့ မိုးလေဝသအ
ခြေအနေကို ကြိုတင်စစ်ဆေးကြဖို့၊ သဘာဝဘေးအန္တရာယ်တွေကို သတိထားကြဖို့နဲ့ တာ
ဝန်ရှိသူတွေရဲ့သတိပေးချက်၊ညွှန်ကြားချက်
တွေကိုစနစ်တကျလိုက်နာကြဖို့ ဥယျာဉ်က
မေတ္တာရပ်ခံထားပါတယ်။
ထိုင်းနိုင်ငံမှာ မိုးရာသီကို အကြမ်းဖျင်း မေလလယ်ကနေ အောက်တိုဘာလအထိသတ်မှတ်ထားပြီ သြဂုတ်လ နဲ့ စက်တင်ဘရင်တောငာလဟာမိုးအများဆုံးလတွေဖြစ်ပါတယ်။ချင်းမိုင်အပါအဝင်ထိုင်းနိုင်ငံမြောက်ပိုင်းမှာ အခုရက်ပိုင်းအတွင်းမိုးကောင်းနေပါတယ်။ချင်းမိုင်မြို့အနီးဝန်းကျင်မှာ ရေတံခွန်တွေများစွာရှိပြီး မိုးရာသီမှာ မိုးသည်းထန်ရင် အခုလိုတောင်ကျရေကြီးတက်ပါတယ် ။
ဥယာဥ်ကတော့လာရောက်လည်ပတ်သူတွေကို ရေတံခွန်ရေတွေဟာ ချက်ချင်းတိုးလာရင် ၊ရေအရောင်ဟာ ရုတ်တရက်ကော်ဖီရောင်လိုနောက်ကျိလာရင် ၊မဲနက်လာရင် ဒါမှမဟုတ် ရေတံခွန်အပေါ်ပိုင်းက ပုံမှန်မဟုတ်ပဲကျယ်လောင်တဲ့အသံတွေ ကြားရရင် ရေထဲကနေ ကုန်းပေါ်ကိုအမြန်တက်ကြဖို့ သတိပေးဆိုင်း
ဘုတ်မှာရေးသားသတိပေးထားတာတွေ့ရပါတယ် ။အဲဒီလိုဖြစ်လာရင် ကိုယ်နဲ့အတူပါလာတဲ့ ပစ္စည်းတွေရေထဲမျောပါသွားလို့ လိုက်ဆယ်ယူတာမျိုးလည်းမလုပ်ရဘဲ ဘေးကင်းတဲ့ကုန်းပေါ်မှာပဲနေရမယ်လို့ အကြံပြုကြပါတယ် ။
ကိုးကား-Doi Suthep-Pui National Park

👍13😱7❤3🔥2😢1
ဓါတ်ပုံ-Doi Suthep-Pui National Park ၊Chinmai News in English
❤10👍8😢5🥰2😁1🙏1