People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
◾️မြန်မာ့အကျပ်အတည်း ပိုဆိုးရွားလာနေကြောင်း ကုလအထူးကိုယ်စားလှယ်ပြော

ကုလသမဂ္ဂအ​ထွေ​ထွေအတွင်း​ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က မြန်မာ့နိုင်ငံရေး၊ လူသားချင်း စာနာမှုနဲ့ လုံခြုံရေး အကျပ်အတည်းတွေဟာ ပိုမိုဆိုးရွားလာနေကြောင်းသတိပေး ပြောကြားသွားခဲ့ပါတယ်။ ဇွန်လ ၁၉ ရက်က ကုလသမဂ္ဂ လုံခြုံရေးညီလာခံရဲ့အလွတ်သဘောဆွေးနွေးမှု အစီအစဉ်တစ်ခုမှာ ကုလသမဂ္ဂအ​ထွေ​ထွေအတွင်း​ရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့က စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ မြန်မာနိုင်ငံ အခြေအနေတွေကို တင်ပြခဲ့ရာမှာ ကဏ္ဍပေါင်းစုံက တောက်လျှောက် အဆိုးဖက်ကို ဦးတည်ပြီး ဆုတ်ယုတ် ကျဆင်းလာနေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံဟာ အခုဆိုရင် ကမ္ဘာပေါ်မှာ ဆာလောင်မွတ်သိပ်မှုဘေးအပြင်းထန်ဆုံးကြုံနေရတဲ့(အငတ်​ဘေးကြုံ​နေရတဲ့)နိုင်ငံတွေ စာရင်းမှာ အဆင့် ၆ နေရာကို ရောက်နေတယ်လို့လည်း ဘစ်ရှော့က တင်ပြခဲ့ပါတယ်။ ပြည်တွင်းစစ်ကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ပြည်တွင်းပြည်ပမှာ ရွှေ့ပြောင်းနေရပြီး ပြည်တွင်း ရွှေ့ပြောင်းသူ ၃.၇ သန်းကျော်နဲ့ ပြည်ပကို တိမ်းရှောင်သွားသူ ၁.၆ သန်းလောက် ရှိတယ်လို့ သိရပါတယ်။

◾️စစ်တပ်က မန္တလေးတိုင်းမှာ လောင်းကစားနဲ့ ဖျော်ဖြေလုပ်ငန်းတွေ ခွင့်ပြုပြီး အမြတ်ထုတ်နေ

မန္တလေးတိုင်းအတွင်းက စစ်တပ်ပြန်လည်ထိန်းချုပ်ထားတဲ့ မြို့တွေမှာ လောင်းကစားဝိုင်းတွေနဲ့ ဖျော်ဖြေလုပ်ငန်းတွေ အများအပြားဖွင့်ပြီး လူငယ်တွေကို အကျင့်စာရိတ္တပျက်ပြားအောင် ဖန်တီးကာ အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင်ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၅ နှစ်လယ်ပိုင်းအထိ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ခဲ့တဲ့ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်း၊ မိုးကုတ်မြို့တွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း လောင်းကစားဝိုင်းတွေ၊ KTV အပါအဝင် ဖျော်ဖြေရေးလုပ်ငန်းအများအပြားကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖွင့်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးကုတ်မြို့မှာလည်း KTVနဲ့ လောင်းကစားလုပ်ငန်းတွေများပြားလာပြီး စစ်တပ်က လူငယ်တွေကို ပစ်မှတ်ထားပြီး ဖျက်ဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်တပ်က လူငယ်တွေကိုပစ်မှတ်ထား ဖျက်ဆီးနေသလို တစ်ဖက်မှာတော့ ပျူးစောထီးတွေအကူအညီနဲ့ ဒေသခံတွေကို စည်းရုံးရေးဆင်းနေတယ်လို့ သိရပါတယ်။
👍265🔥3😁2🥰1
👍322🔥1💩1
🤮25🔥2👍1👎1👏1🤬1
စစ်တပ်က သတင်းအစအနဖျောက်ထားလို့ ဒေါ်အောင်ဆန်းစုကြည်အသက်အန္တရာယ် ပြည်သူတွေ စိုးရိမ်နေကြရတာလို့ KIA တာဝန်ရှိသူပြော

" သူအသက်ရှင်တာပဲ ဖြစ်ဖြစ် မရှင်တာပဲ ဖြစ်ဖြစ် ကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးလုပ်ရမယ့် အစီအစဉ်တွေ နိုင်ငံရေးနဲ့ ပတ်သက်လို့ကတော့ ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ ဆက်လုပ်ဖို့ လိုအပ်ပါတယ်" - ဗိုလ်မှူးကြီးနော်ဘူ

ဇွန် ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

ဇွန်လ ၁၉ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်မြောက် မွေးနေ့မှာ ပြည်တွင်း၊ ပြည်ပ ပြည်သူတွေ အဖွဲ့အစည်းတွေက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းတာ၊ အမြန်ဆုံးလွတ်မြောက်ဖို့ တောင်းဆိုဆန္ဒပြုတာ တွေ ပြုလုပ်ခဲ့တဲ့ အခြေအနေ၊ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ဖျောက်ဖျက်ထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရာ အခုလို ပြောကြားခဲ့တာပါ။

" ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့တော့ကျနော် ဘာမှ သတင်းအချက်အလက်တွေ မကြားသိရပါဘူး။ သူ့ကို ဖမ်းဆီးထားတဲ့ ၂၀၂၁ကနေ ဒီနေ့အထိကတော့ ဘာသတင်းအစအနမှ မကြားရတဲ့အတွက် သူ့ရဲ့ အသက်အန္တရာယ်ကိုတော့ ပြည်သူလူထု တော်တော်များများကတော့ စိုးရိမ်ကြတာကို ကြားသိရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးဘက်က ကြည့်မယ်ဆိုလို့ရှိရင်တော့ သူအသက်ရှင်တာပဲ ဖြစ်ဖြစ် မရှင်တာပဲ ဖြစ်ဖြစ် ကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးလုပ်ရမယ့် အစီအစဉ်တွေ နိုင်ငံရေးနဲ့ ပတ်သက်လို့ကတော့ ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ ဆက်လုပ်ဖို့ လိုအပ်ပါတယ်"လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို KIO/KIA နယ်မြေမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသူတွေ့ လုပ်ဆောင်ခဲ့တာ အရင်ကလည်း ရှိသလို ဒီနှစ်မွေးနေ့မှာလည်း ရှိပါတယ်။ လိုင်ဇာဒေသရှိ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်(KSCU) ရဲ့ ဆေးပညာသိပ္ပံတက္ကသိုလ်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်မြောက် မွေးနေ့ပွဲ ကျင်းပခဲ့ကြောင်း KSCU ဆေးပညာသိပ္ပံ တက္ကသိုလ် ရဲ့ ကျောင်းအုပ်ကြီး ဒေါက်တာခင်မောင်လွင်က မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြအသိပေးပါတယ်။

" အမေစုမွေးနေ့မှာ KSCU ရဲ့ ဆေးပညာသိပ္ပံတက္ကသိုလ်(SMS) ကလည်း တတပ်တအား သတိတရ ပါဝင်ဆင်နွှခဲ့ကြပါတယ်။ ဘယ်တော့မှ မမေ့ဘူး။ အမေစု ကျန်းမာပါစေ။ မတရား အနှောင်အဖွဲ မှ အမြန်ဆုံး လွတ်မြောက်ပါစေ"လို ဒေါက်တာခင်မောင်လွင်က ရေးသားကာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ အသက်ရှည်ပါစေလို ဆုတောင်းပေးထားပါတယ်။

KSCU ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ(KIO) တို ပူးပေါင်းဖွင့်လှစ်ခဲ့တဲ့ မြေပြင် တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ ကျင်းပတာ ဆုတောင်းပေးတာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်တာအပေါ် ကျေးဇူးတင်ကြောင်း သားဖြစ်သူကိုထိန်လင်းကလည်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာသိပုဂ္ဂိုလ်ကို စစ်အုပ်စုဖျောက်ဖျက်ထားဝံ့လို့ သောင်းချီတဲ့ စစ်အုပ်စုလက်ထဲက သောင်းနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အလွန်အန္တရာယ် ကြီးနေကြောင်းလည်း ကိုထိန်လင်းက ပြောပါတယ်။

" အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ အကျဉ်းကျခံ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အတွက် အသက်ထင်ရှားရှိမှု သက်သေကိုတောင် ထုတ်ပြဖို့ ငြင်းဆန်နေတဲ့ အတုအယောင်အစိုးရ ဖြစ်ပါတယ်။အာဏာသိမ်း အစိုးရကိုတရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုစရာ မလိုပါဘူး။ဒီ စစ်ကောင်စီဟာ ဘာပြစ်ဒဏ်မှ မခံရဘဲ ကျနော့်အမေလို ကမ္ဘာသိပုဂ္ဂိုလ် တယောက်ကိုတောင် လူမသိ သူမသိ ဖျောက်ဖျက်ထားဝံ့တယ်ဆိုရင် မြန်မာပြည်က သောင်းနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက်ဆိုရင် အလွန်အန္တရာယ် ကြီးပါတယ်” လို ကိုထိန်လင်းက ပြောကြားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ ဒီမိုကရေစီအတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့ကြသူတွေ ဖြစ်ပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် နိုင်ငံတကာရဲ့ စောင့်ကြည့်မှုဆိုတဲ့ အကာအကွယ်တံတိုင်းလည်း ပြိုလဲ ပျက်စီးသွားပြီဖြစ်တယ်လို ကိုထိန်လင်းက ပြောပါတယ်။

ဒါဟာ နိုင်ငံရေး ကိစ္စမဟုတ်ဘဲ အခြေခံလူသားချင်း စာနာမှုဆိုင်ရာ ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။

" မိမိတို ချစ်ရတဲ့သူ ဘယ်မှာ ရှိနေလဲ အသက်ရှင်သန်နေသေးရဲ့လားဆိုတာကို သိပိုင်ခွင့်ဟာ ဒီကမ္ဘာပေါ်က ဘယ်မိသားစုမှာမဆို ရှိရပါမယ်။ ဒါကို ဘယ်သူမှ ငြင်းပယ်လို မရပါဘူး။ သားတယောက်အနေနဲ့ ဒီမတရားမှုဟာ ကျနော့်ရဲ့ နှလုံးသားကို ကြေမွှစေပါတယ်။ ဒါပေမဲ့ ဘယ်လို မတရားမှုမျိုးကမှ ကျနော်တိုရဲ့ ချစ်ခြင်းမေတ္တာကို ပိတ်ပင်တားဆီးလို မရနိုင်ပါဘူး။” လိုလည်း ကိုထိန်လင်းက ပြောပါတယ်။

မိခင်ဖြစ်သူ အမြဲတမ်း အခိုင်အမာရပ်တည်ခဲ့တဲ့ အမှန်တရားကိုလည်း ဘယ်တော့မှ ဖျောက်ဖျက်လို မရဘူးလိုလည်း ပြောကြားခဲ့ပါတယ်။
👍4513🥰3😁3💩1🏆1
(ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်(KSCU) ရဲ့ ဆေးပညာသိပ္ပံတက္ကသိုလ်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်မြောက် မွေးနေ့ပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ - Khin Mg Lwin/ Fb)
36🥰6👍5😁1🍾1
42👍4🥰4❤‍🔥1🤮1💩1💯1
စစ်မှုထမ်းတပ်သားသစ် ၁ဦး သင်တန်းဆင်းပြီး ၁လအကြာ PDF ထံအလင်းဝင်

​ဇွန် ၂၁၊ ၂၀၂၆။ဟာနာဆန်/People's Spring

​မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၃၅) တပ်ရင်းကို ရောက်ရှိနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ဦးဟာ သင်တန်းဆင်းပြီး ၁လအကြာမှာ COBRA ONE Pakokku တပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

​အလင်းဝင်ရောက်လာသူဟာ ပေါက်ခေါင်းမြို့နယ်မှဖြစ်ပြီး စစ်မှုထမ်းဖို့အတင်းအကျပ် စေခိုင်းခံခဲ့ရသူ အသက်(၂၆)နှစ်အရွယ် တပ်သားသစ် ပေါ်ဦးဖြစ်ကြောင်း သိရပါတယ်။

၎င်းဟာ ဇွန်လ ၁၈ ရက်မှာ COBRA ONE Pakokku တပ်ဖွဲ့ထံ ချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"သူက အလုပ်ကအပြန် ပေါ်တာဆွဲခံလိုက်ရတာ။ ရကသ-၂ရဲမွန်သင်တန်းကျောင်းဆင်း။ အပတ်စဉ်(၂၃)ကပါ။ သင်တန်းဆင်းပြီးတော့ ပခုက္ကူအပို့ခံရတာ။"လို့ COBRA ONE Pakokku တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စစ်မှုထမ်း အပတ်စဥ် (၂၃)ဟာ ပြီးခဲ့တဲ့ မေလကမှ သင်တန်းဆင်းထား​တာဖြစ်ပါတယ်။ စစ်တပ်ဟာ လက်ရှိ စစ်မှုထမ်းအပတ်စဥ် (၂၅)ကို စတင်နေပြီး မကြာမီ အပတ်စဥ် (၂၆)အတွက် လူဆွဲပွဲတွေ ပြုလုပ်ဦးမှာဖြစ်ပါတယ်။

စစ်တပ်ဟာ လူငယ်တွေကို အတင်းအကျပ် ပေါ်တာဆွဲ ဖမ်းဆီးတာ၊ စစ်သင်တန်းတွေ ပေးတာတွေ ပြုလုပ်နေပြီး၊ သင်တန်းဆင်းပါက အာရက္ခတပ်တော် (AA) ရှိရာ စစ်မျက်နှာပြင်နယ်မြေတွေကို အတင်းအကျပ် စေလွှတ်နေတယ်လို့ COBRA ONE တပ်ဖွဲ့က ဆိုပါတယ်။

​ဒါကြောင့် စစ်တပ်အတွင်းကနေ အမှန်တကယ် လွတ်မြောက်လိုတဲ့ တပ်သားသစ်တွေအနေနဲ့ COBRA ONE တပ်ဖွဲ့ထံ ဆက်သွယ်နိုင်ကြောင်းနဲ့ လက်နက်ခဲယမ်းများ ယူဆောင်လာနိုင်ပါက ထိုက်တန်တဲ ဆုငွေချီးမြှင့်ပေးသွားမယ်လို့ ၎င်းတပ်ဖွဲ့က အသိပေးထားပါတယ်။
👍34👏84🥰4💩1🤣1
(အလင်းဝင် စစ်မှုထမ်းတပ်သားသစ်အား တွေ့ရစဥ်။ ဓါတ်ပုံ-Cobra One)
👍43👏11🥰41💩1🤣1
မင်းတပ်မြို့ကို စစ်တပ်က အကြိမ် ၃၀နီးပါး လေကြောင်းတိုက်ခိုက်
▪️ဖျက်အားပြင်း ဗုံးတွေအပါအဝင် ဗုံးအလုံး ၆၀ ကျော်ကြဲချ
ဇွန် ၂၁၊ ၂၀၂၆။ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ဇွန်လ ၂၀ရက် ညနေပိုင်းကစပြီး လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ညပိုင်းအထိ ၂၈ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ပါတယ်။
ချင်းတော်လှန်ရေးတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ်မြို့ကို စစ်တပ်က ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ တိုက်လေယာဉ်၊ Y12 လေယာဉ်တွေ အသုံးပြု တိုက်ခိုက်ခဲ့တာပါ။
စစ်တပ်ဟာ ဇွန်လ ၂၀ရက်ည သန်းခေါင်မှာ မင်းတပ်မြို့အနီးနေရာတွေကို ပေါက်ကွဲအားပြင်းဗုံးတွေအသုံးပြုပြီး ၈ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။ ဗုံးအလုံးရေ ၁၆လုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။
ဒါ့အပြင် မနေ့ည ၈နာရီ ၄၀မိနစ် လောက်ကစပြီး နာရီဝက်ကျော်အတွင်း မင်းတပ်မြို့ အရှေ့ခြမ်းကို စစ်တပ်က Y12 လေယာဉ်နဲ့ ဗုံးအလုံးရေ ၃၀ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ၂လုံးတွဲ ဗုံး နဲ့ ၁၅ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဒေသခံက အသိပေးပါတယ်။
ညနေပိုင်းမှာလည်း စစ်တပ်ဟာ မင်းတပ်မြို့နယ်အရှေ့ခြမ်းကို ဗုံးကြဲခဲ့သလို Y12 နဲ့လည်း ၅ကြိမ် ဗုံး ၁၅လုံး ကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။
ဒါကြောင့် စစ်တပ်ဟာ ဇွန် ၂၀ရက် နေ့လည် ၃နာရီခွဲကနေ ညသန်းခေါင်အထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂၈ကြိမ်ပြုလုပ်ခဲ့ရာ ဖျက်အားပြင်း ဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၆၀ ကျော်ကြဲ တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။
စစ်တပ်ဟာ ဇွန်လ ၂၀ရက် မနက်ပိုင်းနဲ့ နေ့လည်ပိုင်းမှာလည်း မင်းတပ်နဲ့ ဆက်စပ်နေတဲ့ ကန်ပက်လက်မြို့နယ်ကိုလည်း လေကြောင်းဗုံးကြဲခဲ့ပါသေးတယ်။
စစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) သိမ်းပိုက်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက် ပြန်ရဖို့ မေလက စတင်ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က နေ့တိုင်းနီးပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
😡22🤬5👎32👏1💩1
(၂၀၂၆ ဇွန်လ ၁၉ရက်က မင်းတပ်မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Hkl-Mindat)
🔥18🤬15👎3👍2👏1🎉1🖕1
■​ဆောင်းပါး

ရဲလည်း ဆွဲမှာပဲ

ရွှေမြိုင်/People's Spring

မော်လမြိုင်မြို့၊ မွန်ပြည်နယ်လွှတ်တော်မှာ လုံခြုံရေးတာဝန်ကျနေတဲ့ ရဲတပ်သားလေး ဇော်ဝင်းထွန်းတစ်ယောက် ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီလောက်က သူ့တာဝန်ချိန်ပြီးပြီမို့ နဂါးမောက်စေတီကို ဘုရားဖူးဖို့ ရောက်လာခဲ့တယ်။ နဂါးမောက်စေတီက ဘုရားဖူးဧည့်သည်တွေ မပြတ် စည်ကားတဲ့ ဘုရားပါ။ ပြီးတော့ စတုဒီသာလည်း မကြာမကြာကျွေးတော့ လူကိုမပြတ်တာ။ သူသွားတဲ့အချိန်ကလည်း ညနေ လေးနာရီမို့ လင်းလင်း
ချင်းချင်းပဲ ရှိသေးတယ်။

ရဲတပ်သားဟာဘုရားရှိခိုးအပြီး စေတီအနီးမှာ တစ်ဦးတည်း ထိုင်နေတုန်း အသက် ၅၀ ကျော်နဲ့ ၄၀ ဝန်းကျင် ယောကျာ်းကြီး ၃ ဦး ရောက်လာတယ်။ ရဲတပ်သားလေးကို ခပ်မာမာနဲ့ "ငါတို့နဲ့ လိုက်ခဲ့"လို့ ခေါ်တယ်။ ရဲတပ်
သားလည်း သူကိုယ်တိုင်က လွှတ်တော်ကို လုံခြုံရေးတာဝန်ယူထားရသူ။ ပြီးတော့ သူများတွေကိုသာ မာရေကျောရေပြောဖူးတာ သူ့ကိုလာပြောတော့ ဘယ်ခံနိုင်မလဲ။

အနောက်ဘက်ဆီမှ စေတီကနဂါးလိုအမောက်ထောင်လာပြီး "ဟေ့ ငါကရဲကွ"လို့ ပြန်ပြောတယ်။ အဲဒီမှာ ယောကျာ်း ၃ ယောက်ထဲက တစ်ယောက်က "ဘာရဲလဲ ငါလည်း ဗိုလ်မှူးပဲ"ဆိုပြီး ရဲတပ်သားကို နားရင်း နှစ်ချက်ရိုက်သတဲ့။ အဲဒီနောက် အတင်းအဓမ္မ ဆွဲခေါ်တာနဲ့ ရဲတပ်သားလည်း ယက်ကန်
ယက်ကန်နဲ့ ပါသွားတယ်။

ဗိုလ်မှူးလို့သူကိုယ်သူ​ပြောသူက ဆိုင်ကယ်‌
မောင်းပြီး ရဲတပ်သားကို အလယ်ကထားတယ်။ နောက်တစ်ဦးကနောက်မှာထိုင်ပြီး ရဲတပ်သားကို ညှပ်ထားတယ်။ကျန်တဲ့တစ်ယောက်ကတော့ ဆိုင်ကယ်တစ်စီးနဲ့ လိုက်လာတယ်။ အဲဒီနောက် ရဲတပ်သားလေးကို မော်လမြိုင်ကနေ မိုင် ၅၀ ကျော် ဝေးတဲ့
ကျိုက္ခမီကို ခေါ်ဆောင်သွားပါတော့တယ်။

ည ၈ နာရီလောက်မှာ ကျိုက္ခမီကို ရောက်တယ်။ရေလုပ်သားပွဲစား မတင်ဇာလွင်ဆိုတဲ့သူရဲ့အိမ်ကိုရဲတပ်သားကိုခေါ်လာတယ်။ ပွဲ
စားအိမ်ရောက်တော့ ခေါ်လာတဲ့သူတွေ ပြောခိုင်းတဲ့အတိုင်းငွေ ၁၂ သိန်းကျပ် ကြိုတောင်းသတဲ့။ ပွဲစားမကလည်း မူမမှန်ဘူးဆို​ပြီး ကျိုက္ခမီရဲစခန်းသို့ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျိုက္ခမီက ရဲတွေလည်း ပွဲစားအိမ်လိုက်စစ်တော့ ရဲတပ်သားကို ခေါ်လာတဲ့ ၃ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အသက် ၅၁ နှစ်အရွယ် ဦးတင်သန်းဟာ အာဏာသိမ်းစစ်တပ်ရဲ့စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး(မော်လမြိုင်)က ဖြစ်နေတယ်။ သူ့တာဝန်က တပ်သား သစ်စုဆောင်းရေးတာဝန်(အကူ)တဲ့။ စိစစ်ရေးကတ်ပြားနဲ့ပါမိတာ။ ဗိုလ်မှူးတော့ မဟုတ်ဘူးပေါ့။ နောက်နှစ်ဦးကတော့ အသက် ၄၆ နှစ်အရွယ် ဦးတင်မင်းထွဋ်နဲ့ အသက် ၃၈ နှစ်အရွယ် ကိုဖြိုးကိုကိုတို့ဖြစ်တယ်လို့ သိရတယ်။

သူတို့စီးလာတဲ့ HONDA Click 125 ဆိုင်ကယ်တစ်စီး၊ HONDA Wave 110 ဆိုင်ကယ်တစ်စီးကိုပါ သိမ်းဆည်းရမိတယ်။လက်ရှိမှာ ၎င်းတို့ သုံးဦးကို အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မော်လမြိုင်)နဲ့ ပူးပေါင်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မော်လမြိုင်မှာ လူရောင်းစားသူတွေ အများအပြားရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမျိုးသမီးငယ်လေးတွေနဲ့ မြှူဆွယ် ခေါ်ယူတာ၊ အရက်ဘီယာတိုက်ပြီး ဆွယ်ယူခေါ်ယူတာတွေ အမျိုးမျိုး ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဥပဒေစိုးမိုးရေးကို တာဝန်ယူရမယ့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတောင် ခုလို ဖမ်းဆီးခံရပြီးရောင်း
စားခံရတဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံရေးအခြေအနေက အတော်ကို စိုးရိမ်စရာ ဖြစ်လာပါတယ်။

အဲဒီဖြစ်စဉ်မှာ ကာယကံရှင်ဟာ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်နေလို့သာ ရဲတပ်ဖွဲ့က အမြန်ဆုံးစုံစမ်းပေးလို့ ပြန်လည်လွတ်မြောက်လာတာဖြစ်ပြီး၊ သာမန်အရပ်သားပြည်သူတစ်ဦးသာဆိုပါက လွတ်မြောက်ဖို့ လမ်းစရှိတော့မှာမဟုတ်ဘူးလို့ ပြည်သူတွေက ဝေဖန်ပါတယ်။

"ရဲတောင်ပါတယ်ဆို သာမန်အရပ်သားဆိုပြောမနေနဲ့တော့။ ဘာသတင်းမှတောင်ကြားရမှာမဟုတ်ဘူး"လို့ ပြည်သူတစ်ဦးက မှတ်
ချက်ပြုပါတယ်။ ။
🤣3910👍4🔥1💩1