People's Spring
✔
59.4K subscribers
72.4K photos
1.29K videos
10 files
3.11K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဆားလင်းကြီးမြို့နယ်မှာလည်း လာမယ့် ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြဖို့ လက်ကမ်းစာစောင်ဖြန့်ဝေကာ နှိုးဆော်ခဲ့ပါတယ်။
နှင်းဆီလှုပ်ရှားမှုရဲ့ ဆောင်ပုဒ်အတိုင်း "အမေစု နဲ့ အတူ ဆက်လက်တိုက်ပွဲ ဝင်ကြ"၊ "အမေစု နဲ့တကွ နိုင်ငံရေးအကျဥ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်"၊ "အဓမ္မစစ်မှုထမ်း ဥပဒေ ချက်ချင်းဖျက်"၊ "ဦးဝင်းမြင့် သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်" စတဲ့ လူထုရဲ့ သတင်းစကား (၃) ရပ်ကို ပေးပို့ဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
👏18👍7🔥2🤣1
👍21🔥2😱1🤬1🤣1
❤24👍7🔥2🥰2👏2🤮1
မြိုင် ၊မြဇီးတောရွာကို စစ်တပ်မီးရှို့ရာ ဘုန်း
ကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီး

ဇွန်-၁၇၊၂၀၂၆။ဟာနာဆန်/People's Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်
ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မြဇီးတောကျေးရွာကို စစ်တပ်စစ်ကြောင်းက ဇွန်လ ၁၆ရက် ညပိုင်းမှာ ဝင်ရောက်ညအိပ်တပ်စွဲခဲ့ပြီးနောက်၊ ဒီကနေ့ ဇွန်လ ၁၇ ရက် မနက် ၇ နာရီ ၅၀ မိနစ်ခန့်မှာ ကျေးရွာအတွင်းရှိ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မီးရှို့မှုကြောင့် ရွာဦးဘုန်းကြီးကျောင်းရှိ ဇရပ် ၂ ဆောင်၊ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့တဲ့အပြင် ဖောကား ၁ စီး၊ မြေတူးစက် (ခွေးတူဝက်တူ) ၁ စီး၊ လယ်ထွန်စက် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီးနဲ့ မော်တော်ဆိုင်
ကယ် ၁၇ စီး၊ အိမ်သုံးပရိဘောဂမျိုးစုံနဲ့ စားနပ်ရိက္ခာ အမြောက်အမြား မီးလောင်ပျက်စီးဆုံးရှူံးခဲ့ကြောင်း We Love Myaing အဖွဲ့က အသိပေးပါတယ်။

"လယ်ယာသုံးစက်ပစ္စည်းတွေကိုပါ တမင်ကို ရှို့သွားတာပါ။အဲဒီစစ်ကြောင်းက တစ်ကြောင်းက မြေရင့်ရွာ၊ တစ်ကြောင်းက နှမ်းဆီကန်တောတိုက် ရောက်နေတယ်။ မြဇီးတောမှာလည်း ကျန်ဦးမယ်ထင်တယ်"လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်က တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

ဇွန်လ ၁၄ ရက်ကတည်းက စစ်တပ်က ပခုက္ကူတပ်မ (၁၀၁)ကတဆင့် ကမ္မမြို့ကနေ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးလာတဲ့ စစ်
ကြောင်းတွေကြောင့် မြိုင်နယ်တောင်ပိုင်းက ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း သတင်းရရှပါတယ်။
🤬28❤5👎3👏1😡1
မြဇီးတောရွာ စစ်တပ်မီးဝင်ရှို့သွားပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ- We Love Myaing
😢22😡8👍3🔥2👎1🥰1👏1😱1🤬1
ရွှေကူမြို့ထဲ လက်နက်ကြီးကျပြီး
အရပ်သား ၄ ဦး သေဆုံး

ဇွန်-၁၇၊၂၀၂၆။စိုင်းနောင်/People's Spring

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်
ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။။

ဇွန်လ ၁၇ ရက် ညနေ သုံးနာရီခွဲခန့်မှာ ရွှေကူမြို့၊ အမှတ်(၁)ခုံခမ်းရပ်ကွက်နဲ့ ၁၉လမ်းပေါ်ကို လက်နက်ကြီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။

"ဖြစ်စဉ်နှစ်ခုစလုံးမှာထိခိုက်တာက ၅
ယောက်။ကလေးတစ်ယောက်ကဒဏ်ရာရပြီး ဆေးရုံပို့လိုက်ရတယ်။လေးဦးကသေဆုံးတယ်။ကလေးရဲ့အမေလားအဒေါ်လားမသိဘူးပါတယ်"လို့ ရွှေကူမြို့ပေါ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဟာ စစ်
တပ်နဲ့ KIA ဘယ်ဘက်ကပစ်တယ်ဆိုတာအ
တိအကျမသိရသေးဘူးလို့ မြို့ခံအချို့ကပြောပါတယ်။

"စစ်တပ်ကလည်းမကြာခဏလှမ်းပစ်နေတာပဲ။KIAကလည်းရှော့တိုက်ဒုန်းနဲ့ပစ်တယ်။ အ
ခုက ဘယ်ဘက်ကပစ်မှန်းကိုမသိဘူး။အရင်ကမရှောင်ဘဲနေကြတဲ့သူတချို့မနေရဲတော့လို့ ရွာဘက်ကိုဆင်းကုန်တယ်"လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ရွှေကူမှာမြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်
မတော်(KIA)ကဇွန်လ ၈ရက်နေ့မှာသတိ
ပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ​ပေမယ့် စစ်တပ်ကမြို့ကိုပိတ်ဆို့ပြီး အရပ်သားတွေကိုထွက်ခွင့်မပေးခဲ့ဘူးလို့ မြို့ခံတွေကပြောပါတယ်။

KIAက သတိပေးပြီး နောက်ပိုင်း ရွှေကူမြို့ ၄ လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ငါးဘတ်ကြီးရွာတွေဘက်မှာ ဇွန်လ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာ အရပ်သား ရှစ်ဦးထက်မနည်းကို စစ်ကောင်စီကာဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မြို့ခံအချို့ကပြောပါတယ်။

တိုက်ပွဲတွေဟာ မြို့ရဲ့အပြင်ဘက်ကျေးရွာတွေမှာဖြစ်နေပြီး ဇွန် ၁၇ ရက်မှာလက်နက်
ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားတွေသေဆုံးမှုဟာ ရွှေကူမြို့ပေါ်မှာ ဇွန်လ ၈ရက်နေ့နောက်ပိုင်းပထမဆုံးကြုံတွေ့တာဖြစ်ပါတယ်။ပေါက်ကွဲမှုဟာ KIA က ရှော့တိုက်ဒုန်းနဲ့ပစ်တာလို့ စစ်ကောင်စီဝါဒဖြန့်ချိရေးစာမျက် နှာတွေကရေးသားနေကြပါတယ်။ဒါ​ပေမယ့်ရွှေကူမြို့ထဲမှာ တပ်စွဲထားတဲ့စစ်တပ်စစ်ကြောင်းက ဇွန် ၁၇ ရက်ညနေပိုင်းမှာမြို့အပြင်ဘက်ကို လက်နက်ကြီးနဲ့အချက်ပေါင်းများစွာပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် - ရွှေကူ KPDF ကတော့ ဒီနေ့ညနေပိုင်းထုတ်ပြန်တာမှာ စစ်ကောင်စီတပ်ဟာရွှေကူမြို့နယ်ထဲကိုအင်အားအများအပြားဖြည့်တင်းနေသ
လို KIA နဲ့ KPDFဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ပုံမှားရိုက်တာတွေလုပ်နေ​လို့ သတိ ထားကြဖို့သတိပေးထားပါတယ်။
🤬28👎3❤2🔥1👏1😡1
ရွှေကူမြို့နယ် စီတာရွာရှိ တိုက်နယ်ဆေးရုံကို စစ်တပ်ကဇွန်လ ၄ ရက် နံနက် ၈ နာရီခွဲ ​ကျော်မှာဂျက်ဖိုက်တာနဲ့ ဗုံးကြဲပြီး​​နောက်အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ
😢34😡7🖕4😁3👎2😱2👏1🤮1
တပ်ကြပ်ကြီးအပါအဝင် စစ်ကောင်စီတပ်သား ၄ဦး လက်နက်နဲ့ CDF စီးယင်းထံ အလင်းဝင်

ဇွန် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး နဲ့ ဒုတပ်ကြပ်ကြီး အပါအဝင် ရဲဘော် ၄ဦးဟာ ဇွန်လ ၁၇ရက်မှာ အလင်းဝင်လာတာလို့ ဆိုပါတယ်။

အလင်းဝင်လာသူတွေဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာလို့ ဆုငွေ ချီးမြှင့်ခဲ့ကြောင်း မှတ်တမ်းနဲ့အတူ ဖော်ပြထားပါတယ်။

ယူဆောင်လာတဲ့ လက်နက်ခဲယမ်းအရေအတွက် ဖော်ပြမထားပေမယ့် လက်နက်ငယ် ၂လက်နဲ့ စစ်သုံးပစ္စည်းအချို့ကို မှတ်တမ်းဓာတ်ပုံမှာ တွေ့ရပါတယ်။

အရင်ကလည်း CDF စီးယင်းထံ အလင်းဝင်တဲ့ စစ်ကောင်စီတပ်သားတွေရှိသလို ထပ်မံ အလင်းဝင်လိုသူတွေအနေနဲ့လည်း ဆက်သွယ်နိုင်ကြောင်း CDF စီးယင်း ဖိတ်ခေါ်ထားပါတယ်။

အလင်းဝင်ရောက်ဖို့ ဆက်သွယ်လာရင် ကြိုဆိုပေးတာ၊ သွားလိုတဲ့နေရာကို စီမံပေးတာ လုပ်ပေးမယ်လို့ အသိပေးထားပြီး လက်နဲ့ အလင်းဝင်လာရင်လည်း ဆုငွေပေးမယ်လို့ ကြေညာထားပါတယ်။ အရင်က အလင်းဝင်လာတဲ့ တီးတိန်မြို့က ရဲနဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်နဲ့ အလင်းဝင်လာရင် CDF စီးယင်း ကျပ်သိန်း ၁၀၀ ဆုငွေ ပေးအပ်ခဲ့တာ တွေ့ရပါတယ်။

သိုင်းငင်းကျေးရွာဟာ ကလေးမြို့ကနေ ဟားခါးနဲ့ တီးတိန်မြို့တွေ သွားရောက်ပါက လမ်းဆုံလမ်းခွဲ နေရာမှာ တည်ရှိတဲ့ ရွာလေးဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့တပ်မ(၇၇) လက်အောက်ခံ တပ်ရင်း(၁၀၁)က အထိုင်ချထားတာလို့ ဆိုပါတယ်။

အရင်က သိုင်းငင်းရွာကို ချင်းတော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတာဖြစ်သလို ကလေး -သိုင်းငင်း-တီးတိန်လမ်း၊ ကလေး-သိုင်းငင်း-ဖလမ်း-ဟားခါးလမ်းတွေကိုလည်းချင်းတော်လှန်ရေးတပ်တွေက စိုးမိုးထားတာဖြစ်ပါတယ်။

၂၀၂၅ နှစ်ကုန်ပိုင်းမှာ စစ်တပ်က ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်က နယ်မြေတွေ ပြန်ရဖို့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အခုနှစ် နွေကာလမှာ ချင်းတော်လှန်ရေးတပ်တွေက ဆုတ်ခွာပေးခဲ့ရတဲ့ နယ်မြေဒေသတွေဖြစ်ပါတယ်။
👍32❤6🤣2🥰1👏1💩1
(အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CDF- Siyin)
❤32👍18🤣2💩1😡1