ပြည်ပနိုင်ငံ ၆ နိုင်ငံမှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်
ဇွန်-၁၇၊၂၀၂၆။သတိုး/People's Spring
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရပြုလုပ်တဲ့ နှင်းဆီလှုပ်ရှားမှုကို ပြည်ပနိုင်ငံ ၆ နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့အကြောင်း People Movement Platform - Myanmar က စုစည်းဖော်ပြထားပါတယ်။
ဂျပန်၊ ဂျာမနီ၊ သြစတေးလျ၊ လန်ဒန် ၊ နယ်သာလန် နဲ့ ယူအေအီး နိုင်ငံတွေမှာ ပြည်ပရောက်မြန်မာတွေက နှင်းဆီပန်းတွေနဲ့ လှုပ်ရှားမှုတွေပြုလုပ်တဲ့ မှတ်တမ်းတွေကို ဖော်ပြထားတာပါ။
နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်အပါအဝင် လွတ်မြောက်ဒေသတွေမှာ ပြီးခဲ့တဲ့ရက်ကတည်းက ဆက်တိုက်လုပ်ဆောင်နေကြတာပါ။
နှင်းဆီလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတာပါ။
ဒီလှုပ်ရှားမှုမှာပါဝင်လိုသူတွေအနေနဲ့ ဇွန်လ ၁၉ ရက်မှာ နှင်းဆီပန်း(သို့မဟုတ်) ပန်းတစ်မျိုးမျိုးကို ဘုရားတင်တာ ၊ ပန်ဆင်တာ၊ အချင်းချင်းမျှဝေတာတွေပြုလုပ်ကြဖို့ ၊ အွန်လိုင်းကမ်ပိန်းအနေနဲ့ ပန်းဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ မျှဝေတာ နဲ့ မြေပြင်လှုပ်ရှားမှုတွေအနေနဲ့လည်း နှင်းဆီပန်းတွေကိုင်ဆောင်ပြီးပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
နှင်းဆီလှုပ်ရှားမှုတွေက စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုတွေကြုံရနိုင်တာကြောင့် ကိုယ်နေထိုင်တဲ့ဒေသရဲ့ လုံခြုံရေး အခြေအနေအပေါ်ကိုမူတည်ပြီး ပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။
အဲဒီလှုပ်ရှားမှုက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ဖို့ ၊ စစ်တပ်က အဓမ္မပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်သိမ်းဖို့ နဲ့ လူထုအားလုံးအတွက် ဦးဝင်းမြင့်က သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အသိအမှတ်ပြုထားကြောင်းပြသချင်တာလို့ အသိပေးထားပါတယ်။
ပြည်တွင်း၊ ပြည်ပမှာပြုလုပ်တဲ့ နှင်းဆီလှုပ်ရှားမှုတွေကို People Movement Platform - Myanmar ဆီ ပေးပို့နိုင်တယ်လို့လည်း အသိပေးထားပါတယ်။

❤38👍5🥰3💩1🤣1
■ဆောင်းပါး
၄ ကြိမ်တိုင် ထွက်ပြေးခဲ့ရသူ
ဇေအောင်/People's Spring
ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။
နှစ်ရှည်လများ အဆက်အသွယ်ပြတ်နေတဲ့ အဖေနဲ့အမေကို တွေ့ချင်လွန်းလို့၊ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုချင်လွန်းလို့ အားခဲပြီး ပြန်
လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းရဲ့ အိမ်အပြန်လမ်းဟာ အောင်မင်္ဂလာကားဂိတ်မှာတင် စစ်ကောင်စီရဲ့ မတရားအဓမ္မ ပေါ်တာဆွဲတာကို ခံလိုက်ရပါတော့တယ်။
"မိဘနှစ်ပါးလုပ်ကျွေးဖို့ပဲခေါင်းထဲမှာရှိတာ။ အဖေနဲ့အမေကို တွေ့ချင်လွန်းလို့ ပြန်လာခဲ့တာ။ အိမ်တောင်မရောက်ခဲ့ဘူး။ အဆက်အ
သွယ်မရတာလည်း ၇ နှစ် ၈ နှစ်လောက်ရှိပြီ"လို့ သူကပြောတယ်။
ကိုအောင်ငြိမ်းချမ်းကို ထောက်ကြံ့က ခမရ (၁၀၆)က ကားနဲ့ စစ်သားစုဆောင်းရေးတပ်ကို ပို့ဆောင်ခြင်းခံခဲ့ရပြီး စစ်မှုထမ်း အပတ်
စဉ် (၁) သင်တန်းကျောင်းကို ရောက်ရှိသွားခဲ့ပါတယ်။ စစ်တပ်ဟာ စစ်မှုထမ်းအပတ်စဉ် (၁) မှာ ဆန္ဒအလျောက် တက်ရောက်သူတွေများပါတယ်လို့ မုသားအပြည့်နဲ့ ဝါဒဖြန့်ခဲ့ပေမယ့် လက်တွေ့မြေပြင်မှာတော့ အပတ်စဥ် (၁)မှာကတည်းက ပေါ်တာဆွဲခံရသူတွေ ပါဝင်ခဲ့တာပါ။
သင်တန်းကျောင်းရောက်လို့ “သင်တန်းတက်ချင်လား” လို့ မေးမြန်းချိန်မှာ “မတက်ချင်ဘူး”လို့ ဖြေမိတဲ့ လူငယ်တွေကို ပါးတွေချည်း လှိမ့်ရိုက်တာ၊ ထိပ်တုံးခတ်တာ စတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်တယ်လို့ ကိုအောင်ငြိမ်းချမ်းက ပြောပြတယ်။
စိတ်နာကျည်းစရာ အကောင်းဆုံးကတော့ စားသောက်ရတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ အစာငတ်ခံ ဆန္ဒပြရင်လည်း ရိုက်
ပုတ်ပြီး အတင်းအဓမ္မကျွေးမွေးသလို၊ ကျွေးပြန်တော့လည်းထမင်းထဲကိုသဲတွေ၊ ကျောက်
ခဲတွေ ဖြူးပြီး လူမဆန်စွာ ကျွေးမွေးခဲ့တယ်လို့ ကိုအောင်ငြိမ်းချမ်းက နာကျင်စွာ ပြောပြပါတယ်။
ကိုအောင်ငြိမ်းချမ်းဟာ ဘဝမှာ သေနတ်ဆိုတာ တစ်ခါမှမမြင်ဖူးလို့ ကြောက်ရွံ့နေခဲ့ရသူပါ။ ဒါပေမဲ့ ဒီငရဲခန်းက လွတ်မြောက်ဖို့အတွက် ကိုအောင်ငြိမ်းချမ်းဟာ သင်တန်းကျောင်းမှာတင် (၃) ကြိမ်တိုင်တိုင် ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် (၃) ကြိမ်စလုံး ပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ သူက ပြောတယ်။
သူ့လိုပဲ မတရားဖမ်းဆီးခံထားရတဲ့ လူငယ်တွေဟာလည်း အသက်ဘေးကြားကနေ စွန့်စားထွက်ပြေးခဲ့ကြရာ အပတ်စဉ် (၁) မှာတင် လူပေါင်း ၂၂ ယောက် ထွက်ပြေးခဲ့ပြီး ၁၁ ယောက် ပြန်လည်ဖမ်းဆီးခံခဲ့ရပါတယ်။ ပြန်အဖမ်းခံရသူတွေကို အချုပ်တွေထောင်တွေထဲ ပို့တယ်လို့ သူကပြောတယ်။ ဒီလို ဖမ်းဆီးနှိပ်စက်ခံရပြီး မိဘတွေနဲ့ ပြန်မတွေ့ရတော့ဘူးဆိုတဲ့ စိတ်ဒဏ်ရာခဲ့ရတယ်လို့ သူကဆိုတယ်။
စစ်ကောင်စီတပ်ထဲမှာ အတင်းအဓမ္မ အမှု
ထမ်းခိုင်းစေခံရပြီး ရှေ့တန်းစစ်မျက်နှာပြင်သို့ ရောက်ရှိချိန်မှာတော့ လွတ်မြောက်ဖို့ အခွင့်အရေးကို သူအရဲစွန့် ရှာဖွေခဲ့ပါတယ်။ စစ်ကောင်စီစစ်ကြောင်းထိုးလို့ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခံနေရတဲ့ အခြေအနေကြားကနေ အသက်ကိုရင်းပြီး နောက်တန်းကို အသည်းအသန် ပြန်လည်ထွက်ပြေးခဲ့တယ်လို့ သူက ပြောပြတယ်။
လမ်းခရီးတစ်လျှောက်လုံး စစ်ကောင်စီက ထောင်ထားတဲ့ မိုင်းအန္တရာယ်တွေကို ကျော်ဖြတ်ပြီး ရွှေကူမြို့မှာ တစ်ညဝင်အိပ်ကာ စက်လှေလေးတစ်စီးနဲ့ မြစ်ကြောင်းအတိုင်း စွန့်
စားမောင်းနှင်လာခဲ့ပြီးနောက် ကမ်းပေါ်တက်ကာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံသို့ အောင်မြင်စွာ ချိတ်ဆက်အလင်းဝင်နိုင်ခဲ့ပါတယ်။
“အလင်းဝင်တဲ့အချိန် အသက်ဘေးကလွတ်ပြီဆိုပြီးတော့ ပျော်တယ်။”လို့သူကပြောပြတယ်။
ကိုအောင်ငြိမ်းချမ်းဟာ အခုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ချိတ်ဆက်အ
လင်းဝင်လာခဲ့ပြီး စစ်ဗိုလ်ချုပ်တွေ စည်းစိမ်တည်မြဲရေးအတွက် အသေခံပေးရမယ့် ဘဝကနေ လွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။
နိုင်ငံတဝှမ်းက လူငယ်လူရွယ်တွေအနေနဲ့လည်း အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲခံရနိုင်တဲ့ အန္တရာယ်ကို သတိပြုဖို့၊ မိမိအခြေအ
နေကြောင့် ရှောင်တိမ်းမရလို့ ပါသွားခဲ့ရင်လည်း နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်အလင်းဝင်ဖို့၊ တူမီးနဲ့စခဲ့ပြီး ပြည်သူ့ပံ့ပိုးမှုအမြောက်အများနဲ့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်တွေကို စစ်ဗိုလ်ချုပ်တွေ အာဏာတည်မြဲရေးအတွက် ရူးရူးမိုက်မိုက်ခံမတိုက်ဖို့ ပြည်သူ့ကာကွယ်
ရေးတပ်မတော်က အကြံပြုပါတယ်။
စစ်ဗိုလ်ချုပ်တွေရဲ့ စည်းစိမ်အာဏာ တည်မြဲရေးအတွက် အဓမ္မစေခိုင်းခံရပြီး အသေခံပေးရမယ့် ဘဝကနေ လွတ်မြောက်သွားချိန်မှာတော့ ကိုအောင်ငြိမ်းချမ်းရဲ့ မျက်နှာမှာ အပြုံးတွေ ပြန်လည်ဆန်းသစ်လာခဲ့ပါပြီ။
စစ်တပ်အပေါ် နာကျည်းချက်အပြည့်ရှိနေတဲ့ ကိုအောင်ငြိမ်းချမ်းက နိုင်ငံတဝှမ်းက လူငယ်တွေကိုစစ်ကောင်စီရဲ့ ပေါ်တာဆွဲမတရားဖမ်းဆီးမယ့် အန္တရာယ်ကို အတတ်နိုင်ဆုံး သတိပြု ရှောင်ရှားကြဖို့နဲ့ သူ့လိုမျိုး ဒုက္ခမရောက်စေချင်ဘူးလို့သူကပြောတယ်။

🥰18❤9👍6🤮2🔥1🤣1
နောက်ဆုံးအနေနဲ့ နှစ်ပေါင်းများစွာ ကွဲကွာနေပြီး အခုထိ အဆက်အသွယ်မရသေးတဲ့ မိဘနှစ်ပါးကိုလည်း “အသက်ရှိသေးတယ်ဆိုတဲ့အကြောင်း၊ မကြာခင်ပြန်လာခဲ့မယ်"လို့ ကိုအောင်ငြိမ်းချမ်းက မျှော်လင့်ချက်အပြည့်နဲ့ ကတိစကား ပါးလိုက်ပါတယ်။ ။
👍28🤮2🤣1
ရွှေကူမြို့ထဲ လက်နက်ကြီးကျပြီး
အရပ်သား ၄ ဦး သေဆုံး
ဇွန်-၁၇၊၂၀၂၆။စိုင်းနောင်/People's Spring
ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်
ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။။
ဇွန်လ ၁၇ ရက် ညနေ သုံးနာရီခွဲခန့်မှာ ရွှေကူမြို့၊ အမှတ်(၁)ခုံခမ်းရပ်ကွက်နဲ့ ၁၉လမ်းပေါ်ကို လက်နက်ကြီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။
"ဖြစ်စဉ်နှစ်ခုစလုံးမှာထိခိုက်တာက ၅
ယောက်။ကလေးတစ်ယောက်ကဒဏ်ရာရပြီး ဆေးရုံပို့လိုက်ရတယ်။လေးဦးကသေဆုံးတယ်။ကလေးရဲ့အမေလားအဒေါ်လားမသိဘူးပါတယ်"လို့ ရွှေကူမြို့ပေါ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဟာ စစ်
တပ်နဲ့ KIA ဘယ်ဘက်ကပစ်တယ်ဆိုတာအ
တိအကျမသိရသေးဘူးလို့ မြို့ခံအချို့ကပြောပါတယ်။
"စစ်တပ်ကလည်းမကြာခဏလှမ်းပစ်နေတာပဲ။KIAကလည်းရှော့တိုက်ဒုန်းနဲ့ပစ်တယ်။ အ
ခုက ဘယ်ဘက်ကပစ်မှန်းကိုမသိဘူး။အရင်ကမရှောင်ဘဲနေကြတဲ့သူတချို့မနေရဲတော့လို့ ရွာဘက်ကိုဆင်းကုန်တယ်"လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ရွှေကူမှာမြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်
မတော်(KIA)ကဇွန်လ ၈ရက်နေ့မှာသတိ
ပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်ကမြို့ကိုပိတ်ဆို့ပြီး အရပ်သားတွေကိုထွက်ခွင့်မပေးခဲ့ဘူးလို့ မြို့ခံတွေကပြောပါတယ်။
KIAက သတိပေးပြီး နောက်ပိုင်း ရွှေကူမြို့ ၄ လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ငါးဘတ်ကြီးရွာတွေဘက်မှာ ဇွန်လ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာ အရပ်သား ရှစ်ဦးထက်မနည်းကို စစ်ကောင်စီကာဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မြို့ခံအချို့ကပြောပါတယ်။
တိုက်ပွဲတွေဟာ မြို့ရဲ့အပြင်ဘက်ကျေးရွာတွေမှာဖြစ်နေပြီး ဇွန် ၁၇ ရက်မှာလက်နက်
ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားတွေသေဆုံးမှုဟာ ရွှေကူမြို့ပေါ်မှာ ဇွန်လ ၈ရက်နေ့နောက်ပိုင်းပထမဆုံးကြုံတွေ့တာဖြစ်ပါတယ်။ပေါက်ကွဲမှုဟာ KIA က ရှော့တိုက်ဒုန်းနဲ့ပစ်တာလို့ စစ်ကောင်စီဝါဒဖြန့်ချိရေးစာမျက် နှာတွေကရေးသားနေကြပါတယ်။ဒါပေမယ့်ရွှေကူမြို့ထဲမှာ တပ်စွဲထားတဲ့စစ်တပ်စစ်ကြောင်းက ဇွန် ၁၇ ရက်ညနေပိုင်းမှာမြို့အပြင်ဘက်ကို လက်နက်ကြီးနဲ့အချက်ပေါင်းများစွာပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် - ရွှေကူ KPDF ကတော့ ဒီနေ့ညနေပိုင်းထုတ်ပြန်တာမှာ စစ်ကောင်စီတပ်ဟာရွှေကူမြို့နယ်ထဲကိုအင်အားအများအပြားဖြည့်တင်းနေသ
လို KIA နဲ့ KPDFဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ပုံမှားရိုက်တာတွေလုပ်နေလို့ သတိ ထားကြဖို့သတိပေးထားပါတယ်။

👍17🤬14🔥3❤1👎1👏1😁1
တိုက်ပွဲမရှိတာဆက်ထိန်းဖို့၊အခြားလက်
နက်ကိုင်တပ်တွေနဲ့မပူးပေါင်းဖို့ SSPPကို
စစ်ကောင်စီပြော
ဇွန်-၁၇၊၂၀၂၆။ထားမြတ်/People’s Spring
လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိ
ခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်း
သိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ၁၂ရက်ကအာဏာသိမ်းစစ်တပ်နဲ့SSPP
ကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို SSPP က အသိပေးထုတ်ပြန်တာဖြစ်ပါတယ်။
SSPP/SSAဘက်ကဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်
ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်အုပ်စုက ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုဗိုလ်ချုပ်ကြီး မင်းနိုင် တို့ပါဝင်တဲ့ အဖွဲ့တို့ရဲ့ ဆွေးနွေးပွဲမှာ SSPPက နိုင်ငံရေး ပြဿနာ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ အပါအဝင် အချက် ၇ချက်ဆွေး
နွေးခဲ့တယ်လို့ ဆိုပါတယ်။
ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ပေါ်ထွန်းလာရေးကို ဦးတည်ဆောင်ရွက်နေကြောင်း SSPP ဘက်က ဆွေး
နွေးခဲ့သလို ယုံကြည်မှုထိခိုက်ခဲ့တဲ့ ဖြစ်စဉ်များ ထပ်မဖြစ်အောင်၊နှစ်ဖက်အကြားအ
ငြင်းပွားလာပါက ဆွေးနွေးညှိနှိုင်း မှုနဲ့ ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြောင်းထုတ်ပြန်ပါတယ်။
လက်ရှိထိတွေ့မှုမရှိသလို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု မရှိဟုလည်းစစ်တပ်ကို SSPPက ဆွေးနွေးခဲ့ပါတယ်။
စစ်တပ်ဘက်ကလည်း အချက် ၆ချက်ကို ဆွေးနွေးခဲ့ရာဒေသတည်ငြိမ်ရေး ၊ဖွံဖြိုးရေးတိုအတွက်ပူးပေါင်းဆောင်ရွက်ဖို့၊အခြားလက်နက်ကိုင်တပ်တွေနဲ့ မပူးပေါင်းဖို့၊ နှစ်
ဖက် သဘောတူစာချုပ်တွေကို လေးစားဖို့၊ ဇူလိုင်လမှာ ထပ်မံ တွေ့ဆုံဖို့ တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
အခြားလက်နက်ကိုင်တပ်တွေနဲ့ မပူးပေါင်းဖို့ ဆိုတဲ့စစ်အုပ်စုရဲ့ဆွေးနွေးချက်အပေါ် SSPP ရဲ့ သဘောထား မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။
SSPPနဲ့ အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲကြီးကြီးမားမားမရှိခဲ့ပေမယ့်SSPPနယ်မြေအ
တွင်းမှာမူးယစ်ဆေးဝါးချက်စက်ရုံတွေ ဖမ်းမိတာ၊ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ ဖမ်းမိတာ ရှိခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားပြီး အဲဒီလိုဖမ်းမိရာမှာSSPPတပ်ဖွဲ့ဝင်တွေ ပါ
ဝင်ကြောင်းဖော်ပြထားတာတွေရှိခဲ့ပါတယ်။
SSPP ဘက်ကတော့ စစ်တပ်ရဲ့ စွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး တုန့်ပြန်တဲ့ ကြေညာချက်တွေထုတ်ပြန်ခဲ့ရာ အခုနှစ် ဇန်နဝါရီလ SSPP ကြေညာချက်မှာတော့ တရားမဝင်လုပ်ငန်းတွေနဲ့ မပတ်သက်ဟု ငြင်းဆိုခဲ့သလို ၂၀၂၅ နှစ်ကုန်ပိုင်း ကြေညာချက်မှာလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမရှိရေး ကြပ်မတ်မယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီလက်
အောက်ခံမူးယစ်/ရဲတပ်ဖွဲမှ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နဲ့ အဖွဲဝင်အရာရှိများအပေါ် မူးယစ်ဆေးဝါးနဲ့ ပတ်
သက်မှု ရှိကြောင်း ထုတ်ပြန်မှုဟာ နိုင်ငံရေးဂုဏ်သိက္ခာကျစေလိုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ SSPPက တုန့်ပြန်ခဲ့ပါတယ်။
အခု တွေ့ဆုံပွဲမှာလည်း အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်မယ်ဆိုပြီး ဆွေးနွေးခဲ့တယ်လို့ အသိပေးထားပါတယ်။

😁23🤣7🔥3👏1
စစ်ကိုင်းဒေသမှာ နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းလှုံ့ဆော်
ဇွန်-၁၇၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီကနေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ သပိတ်ဦးဆောင်ကော်မတီနဲ့ ဘုတလင်မြို့နယ်သပိတ်အင်အားစုတို့ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နှင်းဆီလှုပ်ရှားမှုကို ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်နိုင်စေဖို့ နှင်းဆီလှုပ်ရှားမှု လက်ကမ်းစာစောင်တွေ ဝေငှပြီး တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
နှင်းဆီ လှုပ်ရှားမှုကို ဇွန်လ ၁၉ ရက်နေ့မှာ ပြည်တွင်း၊ ပြည်ပ ပြည်သူတစ်ရပ်လုံး မိမိ ဒေသနဲ့ လုံခြုံရေးအခြေအနေအလိုက် နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်ဖို့ ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီက လှုံ့ဆော်ခဲ့ပါတယ်။
နှင်းဆီပန်း (သို့) ရရှိနိုင်တဲ့ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန် ဝေငှခြင်း၊ ပန်ဆင်/ကိုင်ဆောင်ထားတဲ့ ပန်းဓာတ်ပုံတွေကို Social Media ပေါ်မှာ တင်ပြီး အွန်လိုင်းမှ ပါဝင်ခြင်း၊ မြေပြင်သပိတ်လှုပ်ရှားမှုမှာ နှင်းဆီပန်းတွေ ကိုင်ဆောင်ပြီး ပါဝင်ခြင်းတို့ လုပ်ဆောင်ဖို့ သပိတ်ကော်မတီဝင်တွေက တိုက်တွန်းခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း လာမယ့် ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြဖို့ လက်ကမ်းစာစောင်ဖြန့်ဝေကာ နှိုးဆော်ခဲ့ပါတယ်။
နှင်းဆီလှုပ်ရှားမှုရဲ့ ဆောင်ပုဒ်အတိုင်း "အမေစု နဲ့ အတူ ဆက်လက်တိုက်ပွဲ ဝင်ကြ"၊ "အမေစု နဲ့တကွ နိုင်ငံရေးအကျဥ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်"၊ "အဓမ္မစစ်မှုထမ်း ဥပဒေ ချက်ချင်းဖျက်"၊ "ဦးဝင်းမြင့် သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည်" စတဲ့ လူထုရဲ့ သတင်းစကား (၃) ရပ်ကို ပေးပို့ဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
နှင်းဆီလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတာပါ။

👍27❤9🥰3👏1🤮1🤣1