People's Spring
✔
59.4K subscribers
72.4K photos
1.28K videos
10 files
3.11K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကျောက်တော်မြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ ၁၂ ဦး သေဆုံး

▪️ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

ဇွန် ၁၇၊ ၂၀၂၆။ ခိုင်မြတ်/ People's Spring

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ ဂျက်ဖိုက်တာ ၅ စီးနဲ့ ၁နာရီနီးပါးကြာ ဗုံးပတ်ကြဲ တိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအ၀င် အရပ်သား ၁၂ ဦး သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ဇွန်လ ၁၇ ရက် ညနေ ၂ နာရီ ၅၀ မိနစ်ဝန်းကျင်ကနေ ၃ နာရီ ၄၅ မိနစ်၀န်းကျင်အထိ မြို့ရှိ လမ်းမတော်၊ ပိုက်သည်၊ ရွာမရပ်ကွက်တို့နဲ့ ဂစ္ဆပနဒီတံတားအောက်ခြေတလျှောက်တို့ကို ဗုံးအလုံးရေ ၁၀ ကျော် ကြဲချခဲ့တာပါ။

"အခုထိ သိရတာ သေတာ ၁၂ယောက်၊ ဒဏ်ရာရတာ ၂၀နီးပါးရှိပြီ၊ အသေအပျောက်များတော့ အရေအတွက် အတိအကျမသိသေးဘူး။ အထိအခိုက် တော်တော်များတယ်"လို့ ကျောက်တော်မြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပိုက်သည်ရပ်ကွက်ရှိ ဈေးဆိုင်တွေ၊ ကုန်တွေရှိတဲ့ ယာယီဈေးနဲ့ လူနေရပ်ကွက်တွေကို ဗုံးကြဲခဲ့တာဖြစ်ပြီး အရပ်သားပြည်သူတွေ သေဆုံးရတဲ့အပြင် ဆိုင်ခန်းနဲ့ လူနေအိမ်တွေ မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

"ခေါင်းထက်မှာ ဘယ်နှစ်စီးမှန်းမသိဘူး ပတ်လိုက် ကြဲလိုက် ကြဲချသွားတာ။ ကြောက်တာ ငိုတောင်ငိုကြတယ်၊ အခုလောက် ကြောက်ဖို့ကောင်းတာ မကြုံဖူးသေးဘူး။ ဆိုင်က အလုပ်သမားတွေ သေသွားတယ်။ ဒဏ်ရာရတာလည်း မနည်းဘူး၊ ခြေပြတ်သူပြတ်၊ ပေါင်ထိသူထိနဲ့" လို့ ပိုက်သည်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်တလောမှာ ဗုံးကြဲလို့ မီးလောင်သွားတဲ့ နေအိမ်၊ ဆိုင်ခန်းတွေကို မီးငြှိမ်းသတ်နေပြီး အသေအပျောက်တွေကိုလည်း ကောက်ယူ၊ ပြုစုနေတယ်လို့ သိရပါတယ်။

"လမ်းမတော်ရပ်ကွက်က မြစ်ဟိုဘက်မှာဆိုတော့ သေချာမသိရသေးဘူး။ တမြို့လုံးကို ကြဲသွားတာဆိုတော့ အသေအပျောက်မရှိရင်တောင် နှစ်ဆယ်၊ သုံးဆယ် ရှိမယ်ထင်တယ်"လို့ ကျောက်တော်မြို့မှာ နေထိုင်တဲ့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်ကလည်း ဂွမြို့နယ်က ကျိန္တလီမြို့ ၊ရမ္မာကျွန်းကျေးရွာကို ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂ဦး သေဆုံးပြီး ကလေးငယ်အပါအ၀င် ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ဟာ တိုက်ပွဲတွေအတွင်း အထိနာတိုင်း အခုလိုမျိုး အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်လေ့ရှိပြီး ဒါဟာ စစ်ရာဇ၀တ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်တယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ပြောထားပါတယ်။

ရခိုင်ပြည်နယ်မှာ အခုရက်နောက်ပိုင်း ဂျက်တိုက်လေယာဉ် သုံးစီး (သုံးစီးအထက်)နဲ့ ကင်းထောက်လေ ယာဉ်တွေ တပြိုင်တည်းသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ပြင်းပြင်းထန်ထန် လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။
🤬25👎10😭3😡3❤2👏1
🤬15❤7👎7👍5😡4😢3👏1
👎17🤬15😡3❤1👏1
(ကျောက်တော်မြို့ကို စစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓါတ်ပုံ - Wai Hun Aung Facebook)
🔥19👎10😡7👏1
ပြည်ပနိုင်ငံ ၆ နိုင်ငံမှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်

ဇွန်-၁၇၊၂၀၂၆။သတိုး/People's Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရပြုလုပ်တဲ့ နှင်းဆီလှုပ်ရှားမှုကို ပြည်ပနိုင်ငံ ၆ နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့အ‌ကြောင်း People Movement Platform - Myanmar က စုစည်းဖော်ပြထားပါတယ်။

ဂျပန်၊ ဂျာမနီ၊ သြစတေးလျ၊ လန်ဒန် ၊ နယ်သာလန် နဲ့ ယူအေအီး နိုင်ငံတွေမှာ ပြည်ပရောက်မြန်မာတွေက နှင်းဆီပန်းတွေနဲ့ လှုပ်ရှားမှုတွေပြုလုပ်တဲ့ မှတ်တမ်းတွေကို ဖော်ပြထားတာပါ။

နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်အပါအဝင် လွတ်မြောက်ဒေ‌သတွေမှာ ပြီးခဲ့တဲ့ရက်ကတည်းက ဆက်တိုက်လုပ်ဆောင်နေကြတာပါ။

နှင်းဆီလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတာပါ။

ဒီလှုပ်ရှားမှုမှာပါဝင်လိုသူတွေအနေနဲ့ ဇွန်လ ၁၉ ရက်မှာ နှင်းဆီပန်း(သို့မဟုတ်) ပန်းတစ်မျိုးမျိုးကို ဘုရားတင်တာ ၊ ပန်ဆင်တာ၊ အချင်းချင်းမျှဝေတာတွေပြုလုပ်ကြဖို့ ၊ အွန်လိုင်းကမ်ပိန်းအနေနဲ့ ပန်းဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ မျှဝေတာ နဲ့ မြေပြင်လှုပ်ရှားမှုတွေအနေနဲ့လည်း နှင်းဆီပန်းတွေကိုင်ဆောင်ပြီးပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

နှင်းဆီလှုပ်ရှားမှုတွေက စစ်တပ်ရဲ့ မတရားဖမ်း‌ဆီးမှုတွေကြုံရနိုင်တာကြောင့် ကိုယ်နေထိုင်တဲ့ဒေသရဲ့ လုံခြုံရေး အခြေအနေအပေါ်ကိုမူတည်ပြီး ပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

အဲဒီလှုပ်ရှားမှုက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ဖို့ ၊ စစ်တပ်က အဓမ္မပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်သိမ်းဖို့ နဲ့ လူထုအားလုံးအတွက် ဦးဝင်းမြင့်က သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အသိအမှတ်ပြုထားကြောင်းပြသချင်တာလို့ အသိပေးထားပါတယ်။


ပြည်တွင်း၊ ပြည်ပမှာပြုလုပ်တဲ့ နှင်းဆီလှုပ်ရှားမှုတွေကို People Movement Platform - Myanmar ဆီ ပေးပို့နိုင်တယ်လို့လည်း အသိပေးထားပါတယ်။
❤38👍5🥰3💩1🤣1
❤51👍3🥰2🤣2💩1👌1