“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(မေလ ၂၆ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ကန်ပက်လက်ဦးတည်တဲ့ စစ်တပ်စစ်ကြောင်း အထိနာပြီး ဆုတ်ခွာထွက်ပြေး
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ဆီဦးတည်နေတဲ့ စစ်တပ် စစ်ကြောင်း အထိနာပြီး ဆုတ်ခွာထွက်ပြေးနေရချိန်မှာ မတူပီမြို့နယ်ထဲကို စစ်တပ်က ဂျက်ဖိုက်တာ၊ Y12တွေနဲ့ တပြိုင်နက်ဗုံးကြဲခဲ့ပြီး ကျန်တဲ့မြို့နယ်တွေကိုလည်း ကင်းထောက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ မတူပီမြို့နယ်ထဲကို မေလ ၂၆ရက် မနက် ၁၀နာရီခန့်မှာ ဂျက်ဖိုက်တာ ၇ စီးနဲ့ ၁၅ ကြိမ်ခန့်၊ Y12 ဗုံးကြဲလေယာဥ်နဲ့ ၈ ကြိမ်ခန့် ဗုံးကြဲသွားတာလို့ ချင်းကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ယောဒေသကတဆင့် ချင်းပြည်နယ်ကန်ပက်လက်မြို့ကို မေလ ၁၆ ရက်ကစတင်ပြီး စစ်ကြောင်းထိုးဖို့ကြိုးစားခဲ့ပေမယ့် ချင်းတော်လှန်ရေးတပ်တွေနဲ့ မဟာမိတ်တပ်တွေကတိုက်ခိုက်လို့ ပြန်လည်ဆုတ်ခွာထွက်ပြေးနေရပါတယ်။ အဲဒီအချိန်မှာ ချင်းပြည်နယ်ထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်တပ်က ဗုံးကြဲလာတာဖြစ်ပါတယ်။ မတူပီမြို့ကို ဒီနေ့ဗုံးကြဲတဲ့ဖြစ်စဉ်မှာ မြေပြင်ထိခိုက်ပျက်စီးမှုမှုတွေကိုမသိရသေးဘူးလို့ ချင်းတော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
◾️မြိုင်က စစ်တပ်စစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး အထိနာ
မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာ၀န်ရှိသူက ပြောပါတယ်။ ဒီနေ့ မေလ ၂၆ရက်မှာ လင်းကတောစခန်းအခြေပြုပြီး အနီးနားကကျေးရွာတွေကို လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်စစ်ကြောင်းဟာ လင်းကတော စခန်းကနေ အနောက်ဘက် ပေါင်းတည်ရွာဘက် ထွက်လာတာကြောင့် ပကဖနဲ့ရော၊ တခြား အင်အားစုတွေနဲ့ရော ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ မြိုင်ပကဖ တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင်စစ်တပ်စစ်ကြောင်း ပြန်ဝင်အလာ လင်းကတော လမ်းဆုံမှာလည်း မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်တပ်စစ်ကြောင်းက ထိခိုက်သေဆုံးသူ ၁၅ ဦးရှိနိုင်တယ်လို့ မြိုင်ပကဖက ခန့်မှန်းပါတယ်။ လက်ရှိစစ်ရေးအရ ဒေသတွင်းနဲ့ ထိစပ်မြို့နယ်တွေအတွင်းမှာ စစ်ရေး ပြင်းထန်လာနိုင်လို့ ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
◾️နယ်စပ်မိုင်းပေါက်ကွဲမှု ARSA၊ ARA ၊ RSO အဖွဲ့တွေရဲ့လက်ချက်လို့ AA ထုတ်ပြန်
ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ARSA ၊ ARA၊ RSO စတဲ့အကြမ်းဖက်အဖွဲ့တွေ ထောင်ထားတဲ့ မိုင်း မေလ ၂၄ ရက်က ပေါက်ကွဲလို့ ဒေသခံသုံးဦးသေဆုံးပြီး အဲဒီ ပေါက်ကွဲမှုမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)နဲ့ လုံးဝမသက်ဆိုင်ကြောင်း ငြင်းဆိုထုတ်ပြန်ပါတယ်။ နယ်စပ်မှာ အကြမ်းဖက်မှုအမျိုးမျိုးပြုလုပ်နေတဲ့ အဖွဲ့တွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရအပါအဝင် နိုင်ငံတကာအကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်းလည်း ULAက ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ နတ်ကျောက်ဆရီမြို့နယ်မှာ မေလ၂၄ ရက် မနက် ၁၁ နာရီခန့်က မိုင်းပေါက်ကွဲပြီး တောင်ယာလုပ်ကိုင်နေတဲ့ ဒေသခံအပြစ်မဲ့ပြည်သူ (၃) ဦး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာ ဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဉ်အတွက် ဝမ်းနည်းရကြောင်းနဲ့ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ ပြည်သူတွေအနေနဲ့ တောတောင်ထဲနဲ့ လူပြတ်တဲ့နေရာတွေအပြင် ပုံမှန်သွားလာနေကြတဲ့နေရာတွေမှာ ARSA ၊ARA ၊RSO စတဲ့အကြမ်းဖက်အဖွဲ့တွေနဲ့ မိုင်းအန္တရာယ်ကိုအထူး သတိပြုသွားလာကြဖို့ သတိပေးထားပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတို့ နှစ်ဖက်အကြား သံတမန်ဆက်ဆံရေးများ တရားဝင်မရှိသေးပေမယ့် နယ်စပ်ဒေသနေ နှစ်ဖက်ပြည်သူတွေရဲ့လူမှုစီးပွား၊ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေအတွက် တိုးတက်မှု၊ နားလည်မှုရလဒ်တွေ ရရှိခါနီးမှာ အခုဖြစ်ရပ်အပေါ် မနာလို မရှုစိမ့်တဲ့ နိုင်ငံတကာရောက်အုပ်စုတွေက ULA/AA အပေါ် နိုင်ငံရေးလုပ်ကြံမှုတွေနဲ့ တိုက်ခိုက်ထိုးနှက်တဲ့လုပ်ရပ်များကို ပုံသဏ္ဌာန်မျိုးစုံဖြင့် ပြုလုပ်နေပြီး နှစ်ဖက်ဆက်ဆံရေးထိခိုက်ပျက်စီး သွားစေဖို့ ရည်ရွယ်လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။
◾️မြင်းခြံ-တောင်သာလမ်းပိုင်းတိုက်ခိုက်မှု ၁၁ဦး သေဆုံး

❤21👍4🥰2🤮1
မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာမှာ သေဆုံးပြီး နောက်ထပ် ၇ ဦး သေဆုံးခဲ့လို့ စုစုပေါင်း သေဆုံးသူ ၁၁ဦး ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ မေလ၂၄ရက် မနက်ပိုင်းက မြင်းခြံ-တောင်သာ လမ်းပိုင်း အသုံးပြုပြီး ရိက္ခာပို့ပြန်လာတဲ့ စစ်တပ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး အောင်ကြီး အပါအဝင် ၄ဦး ကနဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အောင်ကြီးဆိုသူဟာ ၂၀၂၅ အောက်တိုဘာက ပြစ်မှုလုပ်လို့ တော်လှန်ရေးဘက်က အချုပ်ချထားစဉ် ထောင်ဖောက်ထွက်ပြေးသွားပြီး စစ်တပ်ထံအညံ့ခံ ပူးပေါင်းခဲ့သူဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိထားသူတစ်ဦးက ပြောပါတယ်။ ဆေးရုံမှာ စစ်တပ်ဘက်က နောက်ထပ် ၇ဦး သေဆုံးလို့ စုစုပေါင်း သေဆုံးသူ ၁၁ဦးရှိတယ်လို့ ဇီးရိုးပျောက်ကြား-မြင်းခြံ(တပ်ရင်း-၇)ကလည်း ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်တပ်ဆီက လက်နက်ခဲယမ်းတွေနဲ့ အခြားစစ်အသုံးအဆောင်၊ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိကြောင်း မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းက ထပ်မံ အသိပေးပါတယ်။
◾️ရန်ကုန်မြို့ပေါ် အိမ်ရှေ့အိပ်နေတဲ့ လူငယ်တစ်ဦး ပေါ်တာဆွဲခံရ
ရန်ကုန်မြို့ပေါ် ကြည့်မြင်တိုင်မြို့နယ်မှာ နေအိမ်ရှေ့အိပ်နေတဲ့ လူငယ်တစ်ဦး အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတာခံလိုက်ရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၂ ရက် ည ၁၂ နာရီကျော်မှာ ကြည့်မြင်တိုင်မြို့နယ် နေအိမ်ရှေ့ကားအနီးမှာ အိပ်နေတဲ့ လူငယ်အမျိုးသားတစ်ဦးကို အိမ်စီးကားနဲ့လာတဲ့ အမျိုးသားနှစ်ဦးက ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။ အဲဒီလို ပေါ်တာဆွဲဖမ်းဆီးသွားတာကို ကာယကံရှင်နဲ့ နီးစပ်သူက CCTV မှတ်တမ်းနဲ့တကွ လူမှုကွန်ရက်မှာ ရေးသားအသိပေးပါတယ်။ CCTV မှတ်တမ်းမှာ အပြည့်အဝမမြင်ရပေမယ့် လမ်းအတွင်း အိမ်စီးကား ဝင်လာပြီးနောက် ကားပေါ်က ဆင်းလာတဲ့ အမျိုးသားနှစ်ဦးကို တွေ့မြင်ရပါတယ်။ အဲဒီနောက် ကားပေါ်ကို ပြန်တက်သွားပြီး ကားဟာ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီပို့စ်အောက်မှာလည်း ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်တွေ မကြာခဏ ပေါ်တာဆွဲခံနေရကြောင်း မြို့ခံတွေက မှတ်ချက်ဝင်ရောက်ရေးသားထားတာကိုလည်း တွေ့ရပါတယ်။
◾️ကျောက်ထုမြို့ဆီဦးတည်တဲ့ စစ်တပ်စစ်ကြောင်း ကျေးရွာတချို့ကို မီးရှို့ဖျက်ဆီး
မကွေးတိုင်း၊ ကျောက်ထုမြို့ ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းရှေ့တိုးလာပြီး ကျေးရွာတချို့ကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ကျောက်ထု-ပေါက်လမ်းပိုင်းက တပြင်းကျေးရွာမှာ ရက်ရှည်တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းဟာ ဒီနေ့ မေလ ၂၆ ရက် မနက်ပိုင်းမှာ အိမ်ခြေ ၁၀၀ကျော်ရှိတဲ့ ရွာသာ ကျေးရွာကို မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။ ကျောက်ထုမြို့နဲ့ ခုနှစ်မိုင်၀န်းကျင်အကွာက တပြင်းကို ကျော်လာပြီး အကြည်ရွာ၊ နသိုး နဲ့ ရွာသာရွာတွေကို ရှေ့ ပြေးစစ်ကြောင်းတွေ ဖြန့်နေတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ရွာသာရွာကိုလည်း မီးရှို့နေပြီလို့ အဲဒီသတင်းရင်းမြစ်က ဆက်ပြောပါတယ်။ ပေါက်မြို့နယ်ကနေ အင်အား ၁,၅၀၀ နီးပါးနဲ့ ကျောက်ထုမြို့ကို ၀င်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ အပြင်းအထန်တိုက်ပွဲ ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။ စစ်ရှောင်ရင်း အမျိုးသားတွေ ဖမ်းဆီးခံရတာ ရှိသလို အမျိုးသမီးတချို့ဖမ်းဆီးခံရကာ အဓမ္မ ပြုကျင့်ခံရတာတွေ ရှိနေတယ်လို့ စစ်တပ်စစ်ကြောင်းတွေကို ကင်းထောက်နေသူတစ်ဦးက ပြောပါတယ်။
◾️မြင်းခြံမှာ စစ်တပ်နဲ့ ပျူတွေရဲ့ ရိက္ခာပို့ယာဥ် တိုက်ခိုက်ခံရ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်နဲ့ ပျူစောထီးတွေရဲ့ ရိက္ခာပို့တဲ့ကား တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ၂၄ရက် မနက် ၁၀နာရီခန့်မှာ စစ်တပ်က မြင်းခြံမြို့ရဲ့ အရှေ့တောင်ဘက် နန်းမြင့်တောင်အနီးက ပျူစောထီးစခန်းကို ကား၂စီးနဲ့ရိက္ခာပို့ထွက်လာချိန် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ စစ်တပ်က Double Cab ကား၊ Super Custom ကား ၂စီး၊အင်အား ၁၀ဦးလောက်နဲ့ ရိက္ခာပို့ဖို့ကြိုးစားတာဖြစ်ပြီး Double Cab ကား မိုင်းဆွဲပစ်ခတ်ခံရကာ ကားပေါ်ပါ ပျူနဲ့ စစ်သား ၅ဦး သေဆုံးပြီး သေနတ် ၄လက်ရရှိခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
◾️မေလနှောင်းပိုင်း ဒေသ ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ NUG သတိပေး

👍18🤮4❤2🔥1
ဘင်္ဂလားပင်လယ်အော်မှာ မေလနှောင်းပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ မေလ ၂၈ နဲ့ ၂၉ ရက်တွေမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး မြန်မာ့ကမ်းရိုးတန်းဒေသတွေနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ အနောက်တောင် မုတ်သုံလေ အားအလွန်ကောင်းနေတယ်လို့ သတိပေးထားပါတယ်။ မေလကုန်အထိ မြန်မာနိုင်ငံဒေသအများစုမှာ မိုးရွာနိုင်ပြီး ပဲခူးတိုင်းအရှေ့ပိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ချင်းပြည်နယ်၊ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ NUG က ဆိုပါတယ်။ နိုင်ငံတကာ မိုးလေဝသလေ့လာရေးကွန်ပြူတာမော်ဒယ်တွေဖြစ်တဲ့ ECMWF နဲ့ CONတို့ရဲ့ ဇွန်လ ၂ ရက်အထိ ခန့်မှန်းချက်မှာလည်း မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေဖြစ်တဲ့ တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
◾️မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းဖို့ ဧရာ၀တီမြစ်ဘေးမှာ ဆန္ဒထုတ်ဖော်
အာဏာသိမ်းစစ်တပ်က မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာကို အပြီးဖျက်သိမ်းဖို့ မြစ်ကြီးနားဒေသခံလူငယ်တွေက မေလ ၂၅ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဧရာ၀တီမြစ်ထာ၀ရ စီးဆင်းပါစေလို့ လူငယ်တွေက ဆန္ဒပြုခဲ့ကြပြီး မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ အဲဒီဆန္ဒထုတ်ဖော်မှုကို ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ထုတ်ပြန်ပါတယ်။ ဒီမြစ်ဆုံစီမံကိန်းဖျက်သိမ်းပေးဖို့ မြစ်ဆုံစီမံကိန်း မလိုမရှိဆိုတဲ့ ဒီကမ်ပိန်းလေးကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာ၀တီ မြစ်ကမ်းနဘေးမှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ KHRW ဒါရိုက်တာ မဆိုင်းမိုင်က ပြောပါတယ်။ မြစ်ဆုံရေကာတာစီမံကိန်း ကန့်ကွက်တဲ့ ဆန္ဒထုတ်ဖော်မှုတွေမှာ လူထုတွေ ပါဝင်မှုက များစွာ အရေးကြီးတယ်လို့လည်း သူက နှိုးဆော်ပါတယ်။ မကြိုက်တာကို မကြိုက်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ဆက်လက် ဖော်ထုတ်သွားဖို့ လိုအပ်ပြီး ဧရာဝတီမြစ်ကြောင်းတလျှောက်က ပြည်သူတွေလည်း မြစ်ဆုံစီမံကိန်းအကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတာတွေကို ကန့်ကွက်ဆန္ဒပြဖို့ မဆိုင်းမိုင်က ဖိတ်ခေါ်ပါတယ်။
◾️ထိုင်းရောက်မြန်မာတွေက တစ်နှစ်ကို ဘတ်၂၂၁ ဘီလီယံလောက် သုံးစွဲနေ
ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ တစ်နှစ် ငွေကြေးသုံးစွဲမှုဟာ ဘတ်ငွေ ၂၂၁ ဘီလီယံလောက်ထိ များပြားနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။ စီးပွားရေး အကြံပေးဌာန Happiosက ထုတ်ပြန်တဲ့ စစ်တမ်းမှာ အဲဒီလို မြန်မာနိုင်ငံသားတွေရဲ့ များပြားတဲ့ ငွေကြေး သုံးစွဲမှုဟာ လျင်လျင်မြန်မြန် တိုးတက်လာနေပေမယ့် အာရုံစိုက်မှုတွေကနေ ကင်းလွတ်နေတတ်တဲ့ ဘတ် ၂၂၁ ဘီလီယံတန် ငွေလုံးငွေရင်း အရင်းအမြစ်တစ်ခု ဖြစ်လာနေတယ်လို့ သုံးသပ်ပြထားပါတယ်။ စစ်တမ်းရဲ့အဆိုအရ ထိုင်းမှာ မြန်မာနိုင်ငံသား ၄ သန်းကျော်လောက်ရှိနေပြီး သူတို့ရဲ့ငွေကြေးရှာဖွေ စုဆောင်းမှု လုပ်ခ စုစုပေါင်း ၆၅ ရာခိုင်နှုန်းကို ထိုင်းမှာပဲ ပြန်လည် အသုံးပြုနေဖွယ်ရှိကြောင်း ဖော်ပြထားပါတယ်။ ဒါဟာ ထိုင်းရောက် မြန်မာအများစုကို ဝင်ငွေနည်း အခြေခံ လုပ်သားတွေအဖြစ် သတ်မှတ်ထားတဲ့ ပုံရိပ်နဲ့ ဆန့်ကျင်စွာပဲ အားကောင်းတဲ့ ဝယ်ယူနိုင်အားကို ညွှန်ပြနေခြင်း ဖြစ်တယ်လို့ Happiosက ဆိုပါတယ်။

👍26❤2🤮2
■ဆောင်းပါး
စစ်အာဏာသိမ်းမှုကြောင့် ပျောက်ကွယ်သွားတဲ့
အညာ ၁၂ ပွဲ ဈေး
-ဝသန်/People's Spring
လူထုဒေါ်အမာရဲ့ ၁၂ပွဲဈေးသည်ဆိုတဲ့ စာအုပ်ဟာ စာဖတ်သူ တွေအကြား နာမည်ကြီးလှပါတယ်။
အညာသီဟ တောဘုရားပွဲကစလို့ အညာ ဒေသရဲ့ ရိုးရာပွဲ ဈေး တွေ အကြောင်း ရေးထားတာဟာ ကိုယ်တိုင်ပွဲ ဈေး ရောက်သွားသလို ခံစားရပြီး အညာ မြေ ဗုဒ္ဓရိုးရာ ဘုရားပွဲ တွေရဲ့ ရိုးရာကိုလည်း ခံစားရ စေပါတယ်။
ဒီလို ရိုးရာပွဲ တွေ ဟာခေတ်အဆက်ဆက်ရှိခဲ့ပေမယ့်သာသနာပြုမင်းလို့ ကင်ပွန်းတက်လာတဲ့ အာဏာလုခေါင်းဆောင် မင်းအောင်လှိုင် လက်
ထက်မှာ အားလုံး ပျောက်ကွယ်ခဲ့ပါပြီ။
ပြီးခဲ့တဲ့ ကဆုန်လပြည့် ညောင် ရေသွန်းပွဲ နေ့ဟာ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အ ရှေ့ခြမ်းမှာ မြို့နယ်သုံးခုက ပြည်သူတွေ ပါဝင်ဆင်နွှဲတဲ့ ရိုးရာ ဘုရားပွဲတခုရှိပါတယ်။အဲတာကတော့ စစ်တပ်
စစ်ကြောင်းတွေ ကြားထဲမှာရှိ နေတဲ့ သစ္စာရဘုရားပွဲပါ။
တရွာတပုဒ်ဆန်းဆိုသလို ဒီနယ်တ ကြောမှာ နေ
ထိုင်ကြတဲ့ ပြည်သူ တွေဟာ ဝက်လက်နယ်၊စဉ့်ကူးနယ် ကျွန်းပေါ် ဒေသနဲ့ မတ္တရာမြို့နယ်အစပ်တို့ကို ဘုရားနယ်နိမိတ်လို့ သတ်မှတ်ကြပါတယ်။
ဒီနယ် မြေမှာ လုပ်ကိုင်စား သောက်ကြတဲ့ တောင်
သူတွေဟာဘုရားရဲ့မြေပေါ် မှာလုပ်ကိုင်စား သောက်နေကြတာလို့မှတ်ယူပြီး ဒီဘုရားပွဲ နေ့မှာ မုန့်ဆီကြော်နဲ့ ဘုရား လောင်းလှူကြပြီး တောင်ယာထွက် ပဲ တွေနဲ့ ဘုရားရင်ပြင်တခုလုံးကိုကြဲကာ ပူဇော်ကြပါတယ်။
"ဒီနယ် မြေကဘုရားရဲ့နယ် မြေ။တောင်သူတွေက ဘုရား မြေ ပေါ်အငှားလုပ်ကိုင်ကြသူတွေ။ဘုရားပွဲမှာ ပဲတွေကို ဂျိုးစာ၊ငှက်စာ ကြဲတယ်ခေါ်တာပေါ့။အဲ့လိုကြဲပြီး ငှက်က လေး တွေစားရ အောင်လုပ်တာ။အဲတာက နောက်နှစ်ဆိုကိုယ့်ယာခင်းအထွက်တိုးေစတယ်" လို့ အသက်၆၅အရွယ်တောင်သူ အမျိုးသားတဦးက ရှင်းပြပါတယ်။
ဒီဘုရားပွဲကို လာတဲ့သူတွေ ဟာကိုယ်သဘောကျတဲ့သူ တွေ့ရင် ပဲတွေ နဲ့ ပစ်ပေါက်ကာ ပိုးပမ်းကြပါတယ်။ဘုရားရင်ပြင်က နေတောင်ရိုးတခုလုံးကဘုရားတွေကို ဖူးတဲ့လမ်းတ လျှောက်လုံး သင်္ကြန်
ရေ ပက်သလို ပဲတွေကြဲနေကြတာပါ။
အပြန်ကျရင်လည်း ဒီလိုအများသူငှာကြဲချထားတဲ့ ပဲ တွေ မြေပေါ်ကြ နေတဲ့အထဲက လက်တစုပ် လောက်ပြန်ကောက်ယူလာကြပြီး မျိုးစေ့ လှောင်ထားတဲ့ ပဲတွေထဲ ထည့်ရင်ပဲပိုးမကျဘူးဆိုတဲ့ အယူကလည်း ရှိပြန်ပါသေးတယ်။
ဒီဘုရားပွဲကို တရက်တည်းသာ ကျင်းပ ပေမယ့် မန္တလေးမြို့က နေ ကား တွေထွက်ပြီးသွားတဲ့ ဒေသခံ တွေရှိသလို မြို့နယ်သုံးခုက ပြည်သူ တွေလည်း ဘုရားဖူးရင် လာကြတာမို့ မုန့်ဈေးတန်း၊ပွဲ ဈေးတန်းနဲ့စည်ကားလှပါတယ်။
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကရှိမ်းမကားရွာတော့ ဘုရားပွဲ ဈေးကတစ်ပါတ်တိုင်ပြုလုပ်လေ့ ရှိပါတယ်။ရှိမ်းမကားရွာဆိုတာက နေ့တိုင်းမနက်ခင်းဈေးရှိပြီး အနီးနာက ကျေးရွာပေါင်း၃၀လောက်တောင်သူ တွေဟာဒီရွာကို အမှီပြုပြီး အရောင်း၊အဝယ်ပြုလုပ်ကြတာပါ။
မြန်မာလို ဝါ ခေါင်လဆိုရင် ရှိမ်းမကားဘုရားပွဲဈေး စပါပြီ။အဲဒီအချိန်ဆို အနယ်နယ်အရပ်ရပ်က ရောက်လာကြတဲ့ ဈေးသည် တွေက ရှိမ်းမကားတရွာလုံးအပြည့်ပါ။
ဒီရွာကို အမှီပြု အရောင်းဝယ်ပြုလုပ် နေကြတဲ့ စဉ့်ကူးမြို့နယ်၊မတ္တရာမြို့နယ်၊ဝက်လက်မြို့နယ် ကျေးရွာ တွေက တောင်သူ တွေဟာ ဒီဈေးပွဲကို လာကြပါတယ်။ဒေသခံ ဈေးဆိုင် တွေက ဝယ်နေကြ ဖောက်သည် တွေကို မုန့်နဲ့ ရေနွေးကြမ်းဧည့်ခံကြသလို တောင်သူ တွေက ကလေးငယ် တွေ ခေါ်ပြီး ပွဲဈေး တန်းလှည့်လည်ကြတာပါ။
အရုပ်သည်၊ဓား၊သေနတ်နဲ့ ပလက်စတစ်ရုပ်မျိုးစုံအသည် တွေကစလို့ အညာချည် စောင်၊တောင်သူသုံး ဓား၊ပေါက်တူး၊ပေါက်ပြား၊တောင်း၊ခါးမောက်စတဲ့ လယ်ယာသုံးပစ္စည်းအစုံအလင် တွေအထိပါပြီး ဒီအချိန်မှာ တောင်သူ တွေကတနှစ်စာ လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူ စုဆောင်းကြပါတယ်။
ဒီပွဲဈေးက ဈေးသည် တွေဟာ ရှိမ်းမကားပွဲဈေးပြီးရင် တော်သလင်းလမှာ ကျင်းပတဲ့ သစ်ဆိမ့်ရွာ ဘုရားပွဲကို ကူးကြပါတယ်။
သစ်ဆိမ့်ရွာဘုရားပွဲကလည်း တပုဒ်ဆန်းပါတယ်။အဲဒီပွဲဈေးဆိုရင် ဒီလို ၁၂ပွဲဈေးသည်တွေ တင်မဟုတ်ဘဲ ဒေသခံ တောင်သူ တွေကပါ ကိုယ့်လယ်ယာထွက်ပဲနဲ့ ကုန်ပစ္စည်း တွေကို တောင်း လေးနဲ့ ထိုင် ရောင်းကြပါတယ်။
အဲဒီပွဲမှာ၁၂ပွဲဈေးသည် တွေက ဒေသထွက် လယ်ယာကုန်ပစ္စည်းတွေကိုပြန်ဝယ်ကြ ပေါ့။
သနပ်ခါးပါးကွက်ကြား၊ခေါင်းပေါင်း တွေခမောက် တွေကြား အော်ဟစ် ရောင်းချ နေကြတဲ့ပွဲ ဈေး
သည် တွေရဲ့ အသံတွေ ဆူညံနေတဲ့ကာလ တွေပါ။
ဒီအသံ တွေတိတ်ဆိတ်သွားတာ အခုဆိုရင် ၅နှစ်တိုင်ခဲ့ပါပြီ။ရှိမ်းမကားရွာရဲစခန်းကို စစ်တပ်က တပ်စွဲထားပြီးဈေးတွေကိုပါ မီးရှို့ဖျက်ဆီးပစ်ခဲ့ပါတယ်။လက်ရှိအချိန်အထိလည်းဒေသခံတွေရှောင်
တိမ်းနေကြပြီး မကြာခဏ ကျေးရွာပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု တွေပြု
လုပ်နေတာပါ။
သစ်ဆိမ့်ရွာကိုတော့ ၂၀၂၁ခုနှစ်ကတည်းက ရဲစခန်းကိုပါ တော်လှန်ရေး တပ်တွေကသိမ်းယူခဲ့ပြီး ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က အကြိမ်
ကြိမ်ထိုးစစ်ဆင်ခဲ့တာပါ။
၂၀၂၂ခုနှစ်အတွင်းက သစ်ဆိမ့်ဘုရားပွဲကျင်းပရာ ရင်ပြင်မှာ ဒေသခံပြည်သူတွေကိုစစ်တပ်က ဖမ်း
ဆီးပြီး ကြိုးတုပ်ထားခဲ့ပါတယ်။အဲဒီနောက် အမျိုး
သားတွေကို ခေါ်သွားပြီး ရွာ မြောက်ဘက်မှာ ၇ဦးကို အရှင်လတ်လတ်မီးရှို့သတ်ခဲ့ပါတယ်။

❤19🔥4🤬4
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၁၁ရက် နေ့၊ကသစ်ဆိမ့် ရွာကို စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးထားတယ်လို့သိရပါတယ်။ဒီရွာက နေတဆင့် နယ် မြေစိုးမိုးမှုရဖို့ကြိုးစားနေပြီး တိုက်ပွဲ တွေလည်း ဆက်တိုက်ဖြစ် နေတယ်လို့ သိရပါတယ်။
ဝက်လက်နယ်အရှေ့ခြမ်းက ၁၂ပွဲဈေးပွဲလုပ်တဲ့ ရှိမ်းမကားနဲ့ သစ်ဆိမ့်ရွာ နှစ်ရွာကို စစ်တပ်က အ
ခြေချတပ်စွဲထားတာပါ။ဒါ့အပြင် ဒေသခံ တွေစု ပေါင်းဘုရားပွဲပြုလုပ်တဲ့ သစ္စာရ ဘုရားပွဲဟာ လည်းဒီရွာနှစ်ရွာကြားထဲမှာရှိနေတာပါ။
"ပွဲတွေလည်း မရှိတော့ဘူး။ရွာခံ တွေပြေးနေရတာလည်း ၄ နှစ်လောက်ရှိပြီ။ရွာကလည်း မီးရှို့ခံရ၊ဗုံးကြဲခံရနဲ့ ရွာပျက်ကြီးဖြစ်နေပြီ"လို့ ဒေသခံတဦးက ငြီးညူရင်းပြောလိုက်ပါတယ်။ ။

👍20😢5🔥4
ငယ်စဥ်ပညာသင်ခဲ့တဲ့ မလေးရှားကကျောင်းကို ၁၃ နှစ်အကြာမှာ သွားရောက်လည်ပတ်ခဲ့တဲ့ ဗန်
မေ-၂၆၊၂၀၂၆။သုည/People's Spring
UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်း
သား ဂျိုရှုအာဗန်ဟာ ငယ်စဥ်က ပညာသင်ခဲ့တဲ့
မလေးရှားနိုင်ငံက ချင်းဒုက္ခသည်များဆိုင်ရာ လူထုအခြေပြုကျောင်း (Chin Community Schools) ကို ၁၃ နှစ်အကြာ သွားရောက်
လည်ပတ်ခဲ့ပါတယ်။
ဗန် ငယ်ဘဝပညာသင်ခဲ့တဲ့ကျောင်းကိုဒီကနေ့
(မေလ ၂၆) မှာသွားရောက်ခဲ့တာဖြစ်ပြီး ကျောင်း
သားကလေးငယ်တွေနဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ခြင်း၊ လက်မှတ်ရေးထိုးခြင်းတို့ ပြုလုပ်ခဲ့ပြီး ကလေးငယ်တွေကလည်း ဗန့်ကို အားရဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။
ဂျိုရှုအာဗန်ဟာ (၂၀၁၁ ခုနှစ်) အသက် ၁၀ နှစ်သား အရွယ်မှာ မိသားစုနဲ့အတူ မလေးရှားနိုင်ငံကို စစ်ဘေးရှောင်ရင်း အဆိုပါ ချင်းဒုက္ခသည်များဆိုင်ရာ လူထုအခြေပြုကျောင်းကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဗန်ဟာ ယင်းကျောင်းမှာ ၂ နှစ်ခန့် ပညာသင်ကြားခဲ့ပြီးအသက် ၁၂ နှစ်အရွယ်(၂၀၁၃ ခုနှစ်)မှာတော့ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ကို ဒုက္ခသည်အစီအစဉ်နဲ့ ရွှေ့ပြောင်းအခြေချခွင့်ရခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့် UFC ချန်ပီယံဗန်ဟာ ငယ်စဥ်ပညာသင်ခဲ့တဲ့ကျောင်းကို ၁၃ နှစ်အကြာမှာ လာရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။
မေ ၂၅ရက်နေ့ကလည်း ဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီ
အစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ ယင်းတွေ့ဆုံပွဲ အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ICC Pudu Hall မှာ ည ၇ နာရီမှ ၁၀ နာရီအထိ ကျင်းပခဲ့တာဖြစ်ပြီး ပရိတ်သတ်တွေခန်းမပြည့်လျှံအောင် တက်ရောက်အားပေးကြတာ တွေ့ခဲ့ရပါတယ်။
မူလကမေလ၂၇ ရက်မှာကျင်းပမယ့် CRC-Chin Refugee Committeeအသင်းရဲ့(၂၅) နှစ်
မြောက် ငွေရတုအခမ်းအနားမှာ ပရိသတ်တွေ့ဆုံပွဲ ပြုလုပ်ဖို့ စီစဥ်ခဲ့ပေမယ့် ခန်းမအခြေအနေကြောင့် အားပေးလိုသူအားလုံး ဆန့်မှာမဟုတ်တဲ့အတွက် (Meet & Greet) အစီအစဉ်ကို ၂ရက်ကြိုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း CRC က ဖော်ပြခဲ့ပါတယ်။
ဂျိုရှုအာဗန်ဟာ လူငယ်တွေအတွက် စိတ်အား
တက်ကြွစေမယ့် အားပေးစကားတွေ ပြောကြားခဲ့သလို ဖြူဖြူကျော်သိန်းကလည်း "ကြယ်"သီချင်းအပါအဝသ် သီချင်းတွေသီဆိုဖျော်ဖြေခဲ့ပါတယ်။
UFCဖလိုင်းဝိတ်တန်းချန်ပီယံဂျိုရှုအာဗန်ဟာ မလေးရှား ခရီးစဉ်အပြင် ထိုင်းနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ကိုလည်း သွားရောက်မှာ ဖြစ်တယ်လို့ MMA သတင်းတင်ဆက်သူ The Ariel Helwani Show အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။ ချင်းတိုင်း
ရင်းသား ဗန်ဟာ အာရှမှာ ပထမဆုံး UFC ချန်ပီယံဖြစ်ပါတယ်။
မေလ ၃၀ ရက်မှာ မီဇိုရမ်ဒေသ အိုင်းဇော်မြို့မှာ ကျင်းပမယ့် MISMA Fight Night ပွဲမှာ UFC ဖလိုင်းဝိတ်ချန်ပီယံ ဂျိုရှုအာဗန်က အထူးဧည့်သည်အဖြစ် တက်ရောက်မယ် လို့ မီဇိုရမ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

❤52👍14🥰2🔥1👏1
"Tiktok သုံးစွဲတဲ့အခါ လုံခြုံရေး သတိရှိပါ"
‣ အကောင့်ကို Private လုပ်ထားပါ။ သင့်ကို Follow လုပ်ထားတဲ့သူတွေသာ သင့်ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
‣ သင့်အကောင့်ကို တခြားသူတွေဆီ Suggest မလုပ်အောင်ပိတ်ပါ။
သင့်ဖုန်း Contact list ထဲက မိတ်ဆွေတွေ သို့မဟုတ် Facebook သူငယ်ချင်းတွေဆီ သင့်အကောင့်ကို Tiktok က လိုက်ပြပေးနေတတ်ပါတယ်။ ဒါကို ပိတ်လို့ရပါတယ်။
‣ သင့်ဗီဒီယိုတွေကို သူများ Download ဆွဲလို့မရအောင်ပိတ်ပါ။
အကယ်၍ သင်က ဗီဒီယိုတွေကို လူအများကြည့်စေချင်ပေမယ့် လုံခြုံရေးလည်း စိတ်ပူတယ်ဆိုရင်တော့ Public အကောင့် ပဲထားပြီး Privacy Setting ထဲမှာ Comment ပေးနိုင်သူ ဒါမှမဟုတ် Message ပို့နိုင်သူတွေကို "Friends Only" ပြောင်းထားတာက ပိုပြီး မျှတတဲ့ နည်းလမ်းဖြစ်ပါလိမ့်မယ်။
‣ Interaction များကို ကန့်သတ်ပါ။
သူစိမ်းတွေ သင့်ကို Message ပို့တာ၊ သင့်ဗီဒီယိုကိုယူပြီး Duet/Stitch လုပ်တာတွေကို ပိတ်ထားနိုင်ပါတယ်။
Privacy အောက်က Comments, Mention and Tags, Direct Messages, Duet, Stitch စတဲ့အပိုင်းတွေမှာ "Everyone" အစား "Friends" သို့မဟုတ် "No one" လို့ ပြောင်းထားပါ။
‣ Active Status ကို ပိတ်ပါ။
သင် အွန်လိုင်းတက်နေတာကို သူငယ်ချင်းတွေ မသိစေချင်ရင် ပိတ်ထားလို့ရပါတယ်။
‣ Profile View ကို ပိတ်ပါ။
သင်က သူများ Profile ကို သွားကြည့်ရင် သူတို့သိသွားတတ်သလို၊ သင့်ကို ဘယ်သူလာကြည့်လဲဆိုတာကိုလည်း မြင်နေရတတ်ပါတယ်။ ဒါကို မလိုချင်ရင် ပိတ်ထားပါ။
‣ Ad Personalization ကို ပိတ်ပါ။
TikTok က သင့်ရဲ့ အပြုအမူတွေပေါ်မူတည်ပြီး ကြော်ငြာပြတာကို သဘောမကျရင် ပိတ်ထားနိုင်ပါတယ်။
တခုအကြံပြုချင်ပါသေးတယ်။ သင့်ရဲ့ Location (တည်နေရာ) ကိုလည်း TikTok က အမြဲမသိနေအောင် ဖုန်းရဲ့ System Setting ထဲမှာ TikTok အတွက် Location Access ကို "Never" သို့မဟုတ် "Ask Next Time" ပြောင်းထားဖို့ မမေ့ပါနဲ့။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #tiktok #တစ်တော့ #လုံခြုံရေး

👍26❤9🤮1